သေမျိုးများ၏ အနုပညာ မျှခြေညီဗျူဟာ
Vol. 73 Ch. 1014
ယုယန်က တရားထိုင်နေရင်း အဆောင်ကို လက်ခံရရှိလိုက်သည်။
“အချိန်ကျပြီ” သူမက ရေရွတ်လိုက်၏။ သူမက အခန်းအတွင်းမှ ထွက်လာကာ အခမ်းအနားကို စတင် လုပ်ဆောင်လိုက်သည်။ ပထမဦးစွာ ရေသေချာချိုးပြီး ဝတ်ရုံကို အဖြူရောင်အဖြစ် လဲလှယ်ဝတ်ဆင်လိုက်သည်။ သူမက မိဘများအတွက် အမွေးတိုင်ကို ပူဇော်ပသခဲ့ပြီးသည့်နောက်တွင် ယုမျိုးနွယ် တောင်၏ အနောက်ဘက်တွင်ရှိသည့် ဗိမာန်တစ်ခုအတွင်း ရောက်ရှိလာသည်။
ထိုဗိမာန်က ထူးဆန်းလှ၏။ ထိုအရာက အင်မတန် သေးငယ်ကာ ကြီးကျယ်ခမ်းနားခြင်းမျိုး မရှိပေ။ ထို့အပြင် ထိုအရာက ကျောက်တုံး သို့မဟုတ် ကျောက်စိမ်းဖြင့် ထွင်းထုထားသည့် မော်ကွန်းများ ပါဝင်နေသည်။
သူမ၏ လက်တစ်ချက်အဝှေ့တွင် ဗိမာန်က ကောင်းကင်အထက် ရောက်ရှိလာသည်။
“အထက်မှ မိုးနှင့်မြေ ကျွန်မ ယုယန်က ကမ္ဘာကြီးဆီ ငြိမ်းချမ်းမှု၊ စည်ပင်ကြွယ်ဝမှုနဲ့ မျှခြေညီမှုကို ဆောင်ကျဉ်းဖို့အတွက် အနုပညာနှင့် အတတ်ပညာ သေမျိုးတာအိုကို ဖန်တီးခဲ့ပါတယ်”
ယုယန်၏ စကားများက ပျံ့နှံ့သွားခြင်း မရှိပေ။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ကောင်းကင်အထက် ဧရာမမျက်လုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး အင်အားစုများကို အလန့်တကြား ဖြစ်သွားစေသည်။
နောက်ဆုံးတွင် သူမ၏ အသံက နေရာအနှံ့ ပျံ့နှံ့သွားပြီး သေမျိုးများပင် အာရုံစိုက်လာလေ၏။
ယုယန်က ခေတ္တမျှ စိတ်လှုပ်ရှားနေမိသည်။ ကံကောင်းစွာဖြင့် သူမက အမူအရာ သိပ်ပြီး ပြောင်းလဲခြင်း မရှိပေ။
ထို့ကြောင့် သူမက အခမ်းအနားကို ပြဿနာမရှိ ဆက်လက် လုပ်ဆောင်လိုက်၏။ ဗိမာန်ရှိ ပထမမော်ကွန်းက တောက်ပလာကာ ကောင်းကင်အထက် ပုံရိပ်တစ်ခု ထွက်ပေါ်လာစေသည်။
သမားတော်တစ်ယောက်က ရွာငယ်လေးထဲ လူငယ်များကို ကုသပြီး နောက်နေရာသို့ ကူးသန်းသွားလာကာ သူ တတ်နိုင်သမျှ လူများကို ကူညီဖို့ရာ ဆုံးဖြတ်ထားလေသည်။
သူ ရောက်ရှိလာပြီးသည့်နောက်တွင် ရွာတစ်ရွာလုံးက သတ်ဖြတ်ခံထားရသည်ကို မြင်လိုက်ရ၏။ တရားခံက ဒဏ်ရာရ ကျင့်ကြံသူတစ်ဦးဖြစ်ပြီး နောက်ဆုံးသော သားကောင်ကို သတ်လိုက်လေသည်။ ထိုအရာက သွေးနည်းစနစ်ကို အသုံးပြုကာ ကုစားဖို့အတွက် ဖြစ်နေနိုင်သည်။
“ဘယ်လို လုပ်ရက်ရတာလဲ” သမားတော်က အော်ပြောလိုက်သည်။ ကျင့်ကြံသူက သူ့ကို မကျေမနပ်ကြည့်ပြီးသည့်နောက်တွင် သားကောင်စာရင်းတွင် သူ့ကို ထပ်ပေါင်းဖို့ ပြင်ဆင်လိုက်သည်။ သို့သော်လည်း ကိစ္စများက ထင်ထားသည့်အတိုင်း ဖြစ်မလာခဲ့ဘဲ သမားတော်က လက်ဝှေ့လိုက်သည့်အခါ ဧရာမ အပ်တစ်ချောင်းက သူ့နောက်တွင် ပေါ်ထွက်လာပြီး ကျင့်ကြံသူကို သေသည်အထိ ထိုးစိုက်သွားသည်။
အားလုံးက ထိုမြင်ကွင်းကို တုန်လှုပ်တကြီး ကြည့်နေကြလေသည်။ ထိုသမားတော်က သိုင်းပညာ သို့မဟုတ် ဝိညာဉ်စွမ်းအား မရှိထားသည့် သမာန်သေမျိုးတစ်ယောက်သာ ဖြစ်ကြောင်း ပြောနိုင်လေ၏။ ထိုစဉ် ကျင့်ကြံသူကမူ အံ့ဖွယ်ခန္ဓာအဆင့် ဖြစ်ပေသည်။
အားလုံးက အဖြစ်အပျက်ကို သိချင်နေကြ၏။ သို့သော် မည်သူကမှ သူတို့ကို ပြန်မဖြေနိုင်သေးပေ။ အခမ်းအနားက စတင်ကာစမျှသာ ဖြစ်၏။ ဝေဟင်အထက် ဒုတိယပုံရိပ် ထွက်ပေါ်လာ၏။ ဤတစ်ကြိမ် ပန်းပဲသမားတစ်ယောက်ကို ပြသထား၏။
နောက်ထပ် ကျင့်ကြံသူတစ်ယောက်က ယန်သွေးဖြင့် အားဖြည့်ဖို့ လိုအပ်သည့် လက်နက်တစ်ခုကို ဖန်တီးနေသည်။ သို့သော် သူက နတ်ဆိုးမျိုးနွယ်ကို အမဲလိုက်ရမည့်အစား သူတို့၏ တစ်ဘဝလုံးကို မီးတောက်ဝန်းကျင်တွင် ကုန်ဆုံးခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်ထဲ ယန်ဓာတ်အမြောက်အများ ရှိနေသည့် သေမျိုးပန်းပဲဆရာများကို ပစ်မှတ်ထားခဲ့သည်။
ဖမ်းဆီးခံထားရသည့် ထိုပန်းပဲဆရာများအနက် တစ်ဦးက အတော်လေးကို တည်ငြိမ်နေ၏။ သူက ရုန်းကန်ခြင်း မရှိသလို ညည်းတွားခြင်းလည်း မရှိဘဲ ငိုကြွေးခြင်းလည်း မရှိပေ။ သူက ဖမ်းဆီးထားသူနောက်မှ နာနာခံခံ လိုက်ပါလာသည်။ သို့သော်သူက ကျင့်ကြံသူ၏ မီးပြင်းဖို ရှိရာ ဂူဆီ ရောက်သည့်အခါ သူ့ခေါင်းအထက် ဧရာမတူတစ်လက် ထွက်ပေါ်လာပြီး ထိုသူကို အသားစိုင်ဖြစ်အောင် ချေမွပစ်ခဲ့သည်။
နောက်တစ်ဖန် ကမ္ဘာက ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။ ထိုသူက သာမန်သေမျိုးတစ်ယောက်သာ ဖြစ်ပြီး လက်နက်သန့်စင်သူကမူ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်၏။ တချို့သူများက အရိပ်အမြွက် သိနေကြစဉ် တခြားသူများကမူ လက်နက်ကြောင့်လား စဉ်းစားနေကြသည်။
နောက်ထပ် ပုံရိပ်ကမူ လယ်သမားတစ်ယောက် ဖြစ်၏။ သူက လယ်ထွန်နေစဉ် တုန်ခါလှိုင်းတစ်ခုကို ခံစားမိလိုက်သည်။ သူက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည့်အခါ ကျင့်ကြံသူနှစ်ယောက်က ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ သူတို့လမ်းတွင် ရှိသမျှ အရာအားလုံး၊ လူအားလုံးကို သတ်ဖြတ်ထားသည်ကို မြင်လိုက်ရ၏။ သူ့မျက်နှာအထက် ဒေါသအရိပ်အယောင် ထွက်ပေါ်လာကာ သူ့လက်ကို ဝှေ့ပြီး ဧရာမတံစဉ်ကို ထုတ်ဖော်လိုက်သည်။ ထို့နောက် ထိုကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ဦးအား စည်းပိတ်ပစ်ခဲ့သည်။ ထိုမြင်ကွင်းက သူသည် သူတို့ကို မသတ်ခဲ့ဘဲ အနီးနားရှိတောင်တွင် စည်းပိတ်ခဲ့ကြောင်း ပြသနေလေသည်။
နောက်ပုံရိပ်ကမူ ပန်းချီဆရာတစ်ယောက် ဖြစ်၏။ သူက သူ့မြို့အကြောင်း လက်ရာမြောက် ပန်းချီကားတစ်ခုကို ဖန်တီးခဲ့သည်။ သို့သော် တစ်ရက်တွင် ကျင့်ကြံသူတစ်ဦးက ဖြတ်သန်းသွားစဉ် ထိုပန်းချီသည် မိုးမြေ၏ စည်းမျဉ်းများဖြင့် သဟဇာတဖြစ်နေကြောင်း သဘောပေါက်သွားခဲ့၏။ သူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်တွင် ရပ်တန့်နေသည့်အတွက် ဤသည်က သူ တိုးတက်ဖို့ရာအတွက် အခွင့်ကောင်းဟု တွေးခဲ့သည်။ ထို့ကြောင့် ပန်းချီဆရာအား သူ့ကို ရောင်းချဖို့ ပြောခဲ့၏။
ထိုသူက သူ့ဘဝ၏ အပြောင်မြောက်ဆုံး လက်ရာဖြစ်နေသည့်အတွက် ရောင်းချဖို့ရာ ငြင်းဆန်ခဲ့သည်။ အငြင်းခံရပြီးသည့်နောက်တွင် ကျင့်ကြံသူက ပန်းချီဆရာ၏ အသက်နှင့် မိသားစုကို ခြိမ်းခြောက်ကာ ပန်းချီကားကို တောင်းခဲ့သည်။ ထင်ထားသည့်အတိုင်း ဒုတိယငြင်းဆန်မှုအပြီးတွင် သူက အားသုံးခဲ့၏။
ပန်းချီဆရာက မြို့အရွယ်အစားရှိသည့် စုတ်တံတစ်ခုကို ဖန်တီးကာ ကျင့်ကြံသူတစ်ယောက်ကို အားစိုက်ထုတ်မှုမရှိဘဲ သတ်ပစ်နိုင်ခဲ့သည်။
ယုယန်က အချိန်မဖြုန်းဘဲ နောက်ထပ် မြင်ကွင်းကို ထုတ်ဖော်လိုက်သည်။ ဤတစ်ကြိမ်တွင် ကုချင်း တီးခတ်နေသည့် မိန်းမလှတစ်ဦး ဖြစ်၏။ ထိုဇာတ်ကြောင်းက သူမသည် အင်မော်တယ်များကို မျက်နှာပူသွားစေလောက်သည့် အလှတရားမျိုး ပိုင်ဆိုင်ထားကာ ထူးကဲသည့် တေးဂီတပညာရှင်တစ်ယောက် ဖြစ်ပေသည်။
ဖြတ်သန်းသွားသည့် သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်က သူမကို မြင်တွေ့ပြီး သူမကို အပိုင်လိုချင်လာသည်။ သူမက ငြင်းဆန်ပြီးသည့်နောက်တွင် သူက သူ့ပိုင်နက်ထဲ အတင်းဆွဲသွင်းခေါ်ခဲ့သည်။ သို့သော် သူမက ရွှေရောင်ကုချင်းကို ထုတ်ဖော်ကာ သူနှင့် လက်ရည်တူ တိုက်ခိုက်ခဲ့၏။ သုံးရက်တာ တိုက်ခိုက်ပြီးသည့်နောက်တွင် သူတော်စင်အဆင့် ကျင့်ကြံသူက ဒဏ်ရာအပြင်းအထန် ရလျက် ထွက်ပြေးသွားခဲ့သည်။
ကမ္ဘာကြီးက ထိုမြင်ကွင်းများကို ကြည့်နေရင်း တိတ်ဆိတ်သွားကြ၏။ နောက်ထပ် တစ်ခုမူ လက်ရေးလှရေးသူက အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်၏။ ထို့နောက်တွင် အထွတ်အထိပ် ကျင့်ကြံသူငါးဦးကို စည်းပိတ်ခဲ့သည့် စစ်တုရင်ဝိဇ္ဇာတစ်ဦးအကြောင်း ဖြစ်သည်။ နောက်ဆုံးတွင် ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် ယှဉ်နိုင်ဖို့ စုတ်တံကို ပုံဖော်ခဲ့သည့် ပညာရှင်တစ်ဦး ဖြစ်၏။
ထိုပညာရှင်အပြီးတွင် ဗိမာန်က တခြားသူများ၏ ပုံရိပ်များလည်း ထုတ်ပြလာခဲ့ကာ ထိုအရာများက သေမျိုးအခြေပြု ကျွမ်းကျင်အတတ်ပညာများ ဖြစ်၏။ ထိုသေမျိုးများသည် ထိုစွမ်းအားအသစ်ကို အသုံးပြုကာ သူတို့၏ ကိုယ်ပိုင်အဖွဲ့အစည်းအတွက် တရားမျှတမှု ယူဆောင်ခဲ့ပုံကို ပြသထားသည်။ ထိုစွမ်းအားက ကျင့်ကြံသူများသာ ဦးတည်နေခြင်း မဟုတ်ကြောင်း ညွှန်ပြထားခဲ့၏။
နောက်ဆုံးတွင် အရာအားလုံးက အဆုံးသတ်သွားခဲ့ပြီး မြင်ကွင်းများ ထွက်ပေါ်လာခြင်း မရှိတော့ပေ။ ကောင်းကင်အထက် ရွှေရောင်သတ္တုလုံးတစ်ခုက နှစ်ပိုင်း ကွဲထွက်သွားသည်။ ၉၀ ရာခိုင်နှုန်းက ယုယန်၏ လက်အတွင်း ကျရောက်လာကာ ကျန်ရှိနေသည့် အရာက ကောင်းကင်ခုံရုံးဆီ ရောက်ရှိသွား၏။ ကောင်းကင်တာအို မျက်လုံးက ဗိမာန်နှင့်အတူ ပျောက်ကွယ်သွားလေသည်။ သိပ်မကြာခင် အမြင်ရုပ်လွှာများက ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
ယုယန်က ဝေဟင်အထက်မှ ပျောက်ကွယ်မသွားခင် ပြုံးလိုက်မိသည်။ ထိပ်တန်းအင်အားစုများက မိုးမြေထံ အပြောင်းအလဲတချို့ဖြစ်လာကြောင်း သိကာ အဖြေကို ရှာဖွေလိုက်ကြသည်။ သူတို့က ခန့်မှန်းချက်တချို့ရှိနေသော်လည်း အတည်ပြုမှု လိုအပ်နေလေ၏။
ထင်ထားသည့်အတိုင်း သိပ်မကြာခင် အသင်္ချေအင်ပါယာကမ္ဘာက နောက်ထပ် ဉာဏ်အလင်းပွင့်ဗိမာန် ရှိလာခဲ့သည်။ ထိုဗိမာန်၏ ရည်ရွယ်ချက်က ယုယန် ကြေညာထားသည့်အတိုင်း သေမျိုးများက သူတို့၏ အနုပညာ၊ အတတ်ပညာ သို့မဟုတ် ကျွမ်းကျင်အတတ်ပညာအပေါ်မှာ မူတည်၍ သူတို့၏ အောင်မြင်မှုများအလိုက် ထူးခြားသည့် တာအိုပုံရိပ်ယောင်ကို ဆင့်ခေါ်နိုင်စေရန် ဖြစ်သည်။
တာအိုပုံရိပ်ယောင်က သူတို့အား ကျင့်ကြံသူများဖြင့် ဖြေရှင်းနိုင်သည့် စွမ်းအားကို ချီးမြှင့်ပေးထားသည်။ ထိုအရာက ကျင့်ကြံသူများ၏ အကျိုးအကြောင်းမသင့် ပြုမူတတ်သည့် သဘာဝကို အတားအဆီး ဖြစ်စေသည်။ ကမ္ဘာကြီးက အံ့အားသင့်သွားကြပြီး လူတချို့က မပျော်ရွှင်ကြပေ။
ကောင်းကင်ခုံရုံးက သူတို့ကို ထိန်းချုပ်ထားပြီးသားဖြစ်သည့်အတွက် ထိုသဘောတရားသည် မှန်ကန်နေကြောင်း သိ၍ တိတ်ဆိတ်လျက်သာ ကျန်ရှိနေသည်။
ထို့နောက် သေမျိုးများသည် သူတို့အဖွဲ့အစည်း တိုးတက်မှုမှတဆင့် အဆင့်နိမ့်ကျင့်ကြံသူများ၏ စွမ်းအားကို ရယူနိုင်ခဲ့ကြသည်။ ယခုအခါ သူတို့က ပိုမိုယှဉ်နိုင်သည့် နည်းလမ်းတစ်ခု ရှိလာကြ၏။
လူတချို့က ထိုအကြောင်းကို ညည်းတွားကာ ပြဿနာရှာချင်ကြသည်။ ပုံမှန်အားဖြင့် သူတို့သည် မလုပ်ရဲကြပေ။ သို့သော် ကောင်းကင်ဧကရာဇ်က ဒဏ်ရာရရှိထားသည့် လတ်တလော သတင်းများကြောင့် တချို့သူများကမူ တခြားသူများ၏ နယ်ရုပ်အဖြစ် အသုံးချခံလိုက်ရသည်။
ထိုစဉ် ထိပ်သီးဧကရာဇ် မျိုးနွယ်များက ဉာဏ်အလင်းပွင့်ဗိမာန်အကြောင်း သတင်းအချက်အလက်ကို ကောက်ချက်ချနေကြ၏။ သူတို့က စည်းမျဉ်းနှင့် အတားအဆီးများအကြောင်းကို သိချင်ကြသည်။ ထို့ကြောင့် သူတို့နည်းလမ်း အားလုံးကို အသုံးပြုကာ စည်းမျဉ်းနှင့် လုပ်ဆောင်ချက်များကို သုံးသပ်ခဲ့၏။
ပထမဦးစွာ ထိုအရာသည် သေမျိုးများအတွက်သာ ဖြစ်၏။ ခန္ဓာကိုယ်လေ့ကျင့်ရေးအဆင့်ရှိ ကျင့်ကြံသူပင် ထိုအရာကို အသုံးမပြုနိုင်ပေ။ ဒုတိယအနေဖြင့် ထိုအရာသည် သေမျိုးများ၏ သက်တမ်းကို တိုးမြှင့်ပေးမည် မဟုတ်ပေ။ သူတို့က နှစ်ရာချီအပြီးတွင် သေဆုံးရမည့် သေမျိုးများသာ ဖြစ်နေဆဲ ဖြစ်၏။
တတိယအနေဖြင့် ထိုစွမ်းအားသည် သေမျိုးတိုင်း အသုံးပြုနိုင်သည့် အရာ မဟုတ်ပေ။ ထိုအရာက သူတို့ထံ အန္တရာယ်ကျရောက်သည့်အခါ သို့မဟုတ် တရားမမျှတမှုကို မြင်သည့်အခါမျိုးတွင်သာ ရရှိလိမ့်မည်။ တခြားနည်းဖြင့် ပြောရလျှင် သူတို့က ထိုစွမ်းအားကို အကျိုးအမြတ် ရရှိဖို့ရာအတွက် အသုံးမပြုနိုင်ပေ။
လေးချက်မြောက်ကမူ အကုသိုလ်များသည့် သေမျိုးများက သူတို့၏ တာအိုပုံရိပ်ယောင်ကို ဖွဲ့စည်းနိုင်မည် မဟုတ်ပေ။
နောက်ဆုံးအနေဖြင့် သေမျိုးတိုင်းက အားကောင်းသည့် ကျင့်ကြံသူနှင့် ယှဉ်နိုင်သည့် ပုံရိပ်ယောင်ကို ဖွဲ့စည်းနိုင်ကြခြင်း မဟုတ်ပေ။ ထိုအရာက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်နှင့် လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ကြား ကွာဟချက်ရှိနေသလိုမျိုး ပုံရိပ်ယောင်ကြားတွင်လည်း အတူတူသာ ဖြစ်၏။
ထို့ကြောင့် တကယ့်အစစ်အမှန် ပါရမီထူးကဲသည့် သေမျိုးများ သို့မဟုတ် သူတို့၏ အနုပညာ သို့မဟုတ် အတတ်ပညာအပေါ် နှစ်များစွာ နစ်မြုပ်ထားသည့် သူများကသာ အားကောင်းသည့် တာအိုပုံရိပ်ယောင်များကို ဖန်တီးနိုင်ကြလိမ့်မည်။ ထိုစည်းမျဉ်းက လူများစွာကို စိတ်အေးသွားစေ၏။ သို့သော် ကမ္ဘာကြီးက ကျယ်ပြန့်လွန်းပြီး သေမျိုးလူဦးရေက များပြားလွန်းသည့်အတွက် ပါရမီရှင်မြောက်များစွာကို မွေးထုတ်ပေးနိုင်ကြောင်း သဘောပေါက်သွားကြသည်။
ထိုသူများက ကောင်းကင်ဧကရာဇ်သည် သေမျိုးအဖွဲ့အစည်းနှင့် အိပ်မက်လောက မြင့်တက်မှုကို အဘယ်ကြောင့် လိုချင်နေမှန်း သဘောပေါက်သွားကြ၏။ ယခု ပညာရေးနှင့် ဆက်သွယ်ရေးက ပညာရေးကို ရရှိလာပြီဖြစ်ကာ သေမျိုးများအနေဖြင့် အတတ်ပညာ သို့မဟုတ် အနုပညာတွင် အောင်မြင်မှုရရှိဖို့ရာအတွက် ပိုမိုလွယ်ကူလာသည်။
ထိုစည်းမျဉ်းများကို ကောက်ချက်ချပြီးသည့်နောက်တွင် ကမ္ဘာကြီးက သက်ပြင်းချလိုက်ကြ၏။ ကျင့်ကြံသူများက ကမ္ဘာ၏ အကြွင်းမဲ့အုပ်ချုပ်သူ မဟုတ်တော့ပေ။ ယခုမှစ၍ ပါရမီရှင်များနှင့် အင်မော်တယ်အဆင့် ပုဂ္ဂိုလ်များကသာ သူတို့၏ စိတ်တိုင်းကျ ပြုမူနိုင်လိမ့်မည်။ သို့သော်လည်း သူတို့အထက်တွင် ကောင်းကင်ခုံရုံး ရှိနေသေး၏။
သူတို့၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်က ပျောက်ကွယ်မသွားဘဲ ပိုမိုတိုးမြင့်လာသည်။ သူတို့သည် တာအိုကို သက်သေပြကာ အင်မော်တယ်အဆင့် ပုဂ္ဂိုလ် ဖြစ်လာဖို့က ဤကမ္ဘာတွင် တကယ့် အစစ်အမှန်ကို ခံစားရမည့်တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
………………………
ကောင်းကင်ခုံရုံး
ဝမ်ဝေ့က သူ့အမေကို အပြုံးဖြင့် စောင့်ဆိုင်းနေလေ၏။
“ဒီလောက်နှစ်တွေ ကြာပြီးတဲ့နောက်မှာ ဒီအဆင့်ထိ ရောက်ရှိသွားခဲ့ပြီ”
“ဟုတ်တယ်။ နောက်ထပ် ဆက်လျှောက်ရမဲ့ လမ်းအရှည်ကြီး ကျန်နေသေးတယ်”
ဉာဏ်အလင်းပွင့်ဗိမာန်က ကောင်းကင်အလိုဆန္ဒကို ဖွဲ့စည်းဖို့ရာအတွက် မလုံလောက်သေးပေ။ ကောင်းကင်တာအိုက ကျင့်ကြံသူများနှင့် သက်ဆိုင်သည့် အရာများအပေါ် ပို၍ အလေးထားထားသည်။ ဤဗိမာန်ကား ဗဟိုချက်အနေနှင့် သေမျိုးများကို ဦးတည်ထားသရွေ့ ကုသိုလ် လိုအပ်နေသေးခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ခုံရုံးကို အလွှာနိမ့်ဆီ ဖြန့်ဝေကာ နောက်ထပ်ကမ္ဘာများစွာတွင် ဗိမာန်ခွဲများ တည်ထောင်ပြီးသည်အထိ စောင့်ဆိုင်းဖို့ လိုအပ်သည်။