← Chapters

မဟာအမှောင်ထု

Vol. 73 Ch. 1015

မဟာအမှောင်ထု

Vol. 73 Ch. 1015

အဆုံးသတ်ကောင်းကင်ဘုံ

ကာဒီနယ်များက အစည်းအဝေးအခန်းအတွင်း ပေါ်ထွက်လာကာ အစည်းအဝေးဆင့်ခေါ်သည့်သူအား ကြည့်လိုက်ကြသည်။

“အချိန် … ဒီတစ်ခေါက် ဘာကိစ္စလဲ” ကံကြမ္မာက စိုးရိမ်မှုကို ဖုံးကွယ်ထားခြင်းမရှိ မေးလိုက်၏။

“အချိန်စက်ဝန်းက ထပ်ပြီးတော့ ပြောင်းလဲသွားပြန်ပြီ” ကြောင်မျိုးနွယ်ဝင် သတ္တဝါက အလေးအနက် ပြန်ဖြေလိုက်သည်။ အချိန်မြစ်ကြောင်းကို ထိန်းချုပ်သူတစ်ယောက်အနေဖြင့် မြစ်ကြောင်းက မကြာခဏ ပြောင်းလဲခြင်းအပေါ် သဘောမကျပေ။

“ဒီလိုတရားဝင် အစည်းအဝေးခေါ်ရလောက်အောင် ဘယ်လောက်တောင် အပြောင်းအလဲက ကြီးမားလို့လဲ” ဟွင်သွမ်းက မေးလိုက်သည်။ လက်ရှိကပ်ဘေး၏ သက်ရောက်ခံရမှု အနည်းဆုံးသူတစ်ယောက်အနေဖြင့် သူမက အမြဲတမ်း တည်ငြိမ်နေလေ့ ရှိသည်။

“မဟာအမှောင်ထုလို့ ခေါ်တဲ့အရာ ထွက်ပေါ်လာပြီ” ကြောင်က ရှင်းပြလိုက်သည်။

“အဲဒီစွမ်းအားက စကြဝဠာရဲ့ မျှခြေကို သက်ရောက်မှုရှိဖို့ လုံလောက်တယ်”

“အမှောင်ထုလား။ ခဏ မင်း ပြောချင်တာက…” ကံကြမ္မာက အမူအရာပျက်ယွင်းလျက် မေးလိုက်သည်။

“သူမ ဖြစ်ဖို့ များတယ်”

“သူမက အလှပန်းအိုး မဟုတ်ဘူးလား။ အလွန်အကျွံ သူမက နည်းဗျူဟာရှင်ကောင်း တစ်ယောက်လောက်ပေါ့” သံသရာက မေးလိုက်၏။

“ဟုတ်တယ်။ သူက သူမကို အဆုံးစွန် ကာကွယ်ပေးထားတာ။ ငါတို့တွေ သူ့မိသားစုကို အသုံးချပြီး ရင်ဆိုင်မှာကို စိုးနေတာ” ကောင်းကင်က ခေါင်းညိတ်လိုက်သည်။

“အခု သူမက ငါတို့ရဲ့ တိုက်ပွဲအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့ ပြောနေတာလား။ ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ”

သူတို့က မေးလိုက်သည့် မေးခွန်း၏ အဖြေကို ရရှိလိုက်ကြသည်။ အချိန်စက်ဝန်းက ပြောင်းလဲသွားပြီ ဖြစ်၏။

“သူက မဟာမိတ်အသစ်တွေကို စုဆောင်းရင်းနဲ့ တစ်ရက်တစ်ခြား ပိုပြီးတော့ အားကောင်းလာပြီ” အရင်းအမြစ်ချီက သုံးသပ်လိုက်သည်။

“ငါတို့တွေက သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်ချင်မှ ဖြစ်လိမ့်မယ်”

“ငါတို့တွေက အမြှောက်စာ သက်သက်လို့ ပြောချင်နေတာလား” ကောင်းကင်က မျက်ထောင့်နီဖြင့် ပြောလိုက်သည်။

“မဟုတ်ဘူး။ အမြှောက်စာတော့ မဟုတ်ဘူး ဒါပေမဲ့ ဘုရင်လည်း မဟုတ်ဘူး။ စစ်သူကြီးလောက်ပဲ”

တချို့လူများက တိတ်ဆိတ်သွားစဉ် တချို့က ညည်းတွားနေကြသည်။ သူတို့က သက်ရှိများစွာအပေါ် လွှမ်းမိုးနိုင်သည့် တည်ရှိမှုဖြစ်လာသည်မှာ ကြာမြင့်လှပြီဖြစ်၍ ထိုအချက်ကို မည်သို့လက်ခံနိုင်မည်နည်း။

“ငါတို့တွေ စိတ်ကြီးဝင်နေလို့ အကျိုး မရှိဘူး” သံသရာက ပြောလိုက်သည်။

“အချိန်စက်ဝန်းက ပြောင်းလဲနိုင်တယ်ဆိုတာ သိထားတာပဲ။ ငါတို့တွေ မှန်ကန်တဲ့အချိန်မှာ သူ့ကို တားဆီးနိုင်သရွေ့ ငါတို့တွေ နောက်ဆုံးအနိုင်ရရှိတဲ့သူဖြစ်လာပြီးတော့ နဂိုအနေအထားကို ပြန်ပြုပြင်နိုင်မှာပါ”

“သူမ ပြောတာ မှန်တယ်” အချိန်က ထပ်ပြောလိုက်သည်။ အားလုံးက သူ့ကြောင်မျက်ဝန်းကို ကြည့်နေကြ၏။

“အဲဒီမဟာအမှောင်ထုက ကိန်းသေ မဟုတ်သေးဘူး။ တည်ရှိမှုက မတည်မငြိမ် ဖြစ်နေတုန်းပဲ။ ဆိုလိုတာက ငါတို့တွေ သူမ ပေါ်ထွက်လာတာကို တားဆီးလို့ ရတယ်”

အားလုံးက အာရုံစိုက်လိုက်ကြသည်။

“အဲဒါဆိုတော့ သူနဲ့ မကြာခင် တိုက်ခိုက်ရတော့မှာလား”

ကောင်းကင်က ပြောလိုက်သည်။ ထိုသူ့အနေဖြင့် မဟာအမှောင်ထုကို ပေါ်ထွက်လာခြင်းကို တားဆီးဖို့ သူတို့အား ခွင့်ပြုမည် မဟုတ်ကြောင်း သိထားလေသည်။

“အရမ်းကောင်းတယ်” ကောင်းကင်စီရင်သူက ပြောလိုက်၏။

သူတို့က ထိပ်တိုက်ရင်ဆိုင်မှုအများစုတွင် အခက်တွေ့လေ့ ရှိသော်လည်း သူတို့၏ အားနည်းချက်ကြောင့် မဟုတ်သလို တစ်ဖက်လူ၏ စွမ်းအားကြီးမားနေခြင်းကြောင့်လည်း မဟုတ်ပေ။ အဓိကအကြောင်းအရင်းက ထိုသူ၏ ဉာဏ်များမှုနှင့် ပုန်းအောင်းကာ ထင်မှတ်မထားသည့် အခြေအနေတွင် တိုက်ခိုက်တတ်၍ ဖြစ်သည်။ သူတို့သာ ထိပ်တိုက်ရင်ဆိုင်နိုင်ပါက သူ့ကို တိုက်ရိုက်ရင်ဆိုင်ပါက သူသည်လည်း သူ့ဘက်မှ မဟာမိတ်များနှင့်အတူ ထိခိုက်သွားနိုင်သည်။

“အစီအစဉ်ရှိထားလား”

“အင်း” အချိန်က ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ငါတို့တွေ အရင်ဆွေးနွေးဖို့ လိုတယ်။ မလှုပ်ရှားခင် သေချာစီစဉ်ထားရမယ်။ ဘာပြဿနာမှ ဖြစ်လာလို့ မရဘူး”

ထို့နောက် နတ်ဘုရားနှင့် တူသည်ဟူသော စကားလုံးကပင် သူတို့၏ စွမ်းအားကို စော်ကားရာရောက်သည့် ထိုသူ၆ယောက်က ဟွင်သွမ်းစကြဝဠာကို အခြေခံပြောင်းလဲပစ်စေနိုင်မည့် ဖြစ်ရပ်တစ်ခုကို စတင်စီစဉ်နေကြသည်။

…………………………………………………………………

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ ဒိုင်မေးရှင်းအနိမ့်၊ အသင်္ချေအင်ပါယာကမ္ဘာ၊ ကောင်းကင်ခုံရုံး

“နောက်ထပ် ရှေ့ဆက်ရမဲ့လမ်းက ဝေးသေးတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ချဲ့ထွင်မှုကို ဘယ်အချိန်စမှာလဲ” ယုယန်က မေးလိုက်၏။

“နောက်အစည်းအဝေးအတွင်းမှာ ဖြစ်ဖို့များတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“နေ့စွဲကို စဉ်းစားပြီးသွားပြီလား”

“ဟင့်အင်း အဲဒီမတိုင်ခင် ဖြေရှင်းရမဲ့ ကိစ္စတချို့ရှိနေသေးတယ်”

“မင်းရဲ့ ငါးမျှားတဲ့ အစီအစဉ်ကရော ဘယ်လိုလဲ။ မကြာခင် အကောင်အထည်ပေါ်တော့မှာလား”

“လူတော်တော်များများက ဉာဏ်အလင်းပွင့်ဗိမာန်နဲ့ ပတ်သက်ပြီးတော့ မကျေမနပ်ကြဘူး။ သူတို့ရဲ့ တုံးအအ အရာတွေလုပ်ဖို့ လှုံ့ဆော်မှု ဖြစ်သွားစေတယ်လေ။ ကျွန်တော် ရလဒ်ကို စောင့်ကြည့်ဖို့ပဲ လိုတော့တယ်”

“ကောင်းပြီလေ။ မင်း ဘာလုပ်လုပ် အမေက စိတ်ချတယ်။ ဒါပေမဲ့ တကယ်လို့ လိုအပ်တာရှိရင် ပြောနော်”

“ဟုတ်ကဲ့”

ယုယန်က သူ့ပါးပြင်ကို နမ်းရှိုက်ပြီးသည့်နောက်တွင် ထွက်ခွာသွားသည်။ တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူမက ကျင့်ကြံပြီး အားကောင်းအောင် လေ့ကျင့်ရဦးမည် ဖြစ်သည်။

ဝမ်ဝေ့က သူမ ထွက်သွားသည်ကို ကြည့်နေလိုက်ပြီးသည့်နောက်တွင် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။

သူက လှောင်ပြုံးပြုံးကာ ကုသရေးကို အာရုံစိုက်ဖို့ အခန်းအတွင်း ဝင်ရောက်သွားခဲ့သည်။ လုံလောက်သည့် ဆေးလုံးများဖြင့် ကုသိုလ်က အတော်လေး မြန်ဆန်လှသည်။

………………………………………………….

ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်

ရှုရှစ်က ကုချင်းကို တီးခတ်၍ သူတော်စင်တစ်ယောက်နှင့် ရင်ဆိုင်သည့် အမျိုးသမီး တေးဂီတပညာရှင်၏ ပုံရိပ်ကို မြင်တွေ့ပြီးကတည်းက ငေးမောတွေဝေနေမိသည်။ သူမ၏ စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာသော်လည်း မဖမ်းဆုပ်ရသေးခင် အလျင်အမြန် ပျောက်ကွယ်သွားခဲ့၏။

ကျောင်းတော်၏ အထက်ပိုင်းက သူမနှင့် တွေ့ဆုံဖို့ ရောက်လာကြသော်လည်း ဆန့်ကျင် ကျင့်ကြံသူတစ်ဦးက သူမအား မနှောင့်ယှက်ဖို့ ဖိအားပေးခဲ့သည်။

နောက်ဆုံးတွင် တစ်နာရီကြာမြင့်ပြီးသည့်နောက် သူမ၏ မျက်ဝန်းတွင် အကြည့်တစ်ချက် ဖြတ်ပြေးသွားကာ ရေရွတ်လိုက်၏။

“ငါ နားလည်သွားပြီ” သူမက ရေရွတ်လိုက်ပြီးသည့်နောက်တွင် ကျင့်ကြံရေးအခန်းအတွင်း ဝင်ရောက်ကာ သူမကို အစားထိုးဖို့ ယာယီကိုယ်ပွားကိုသာ ချန်ထားခဲ့သည်။

အချိန်က ရေကဲ့သို့ စီးဆင်းကာ ကုန်ဆုံးသွားပြီး နှစ်တစ်ရာခန့်က ဖြတ်ခနဲ ကုန်ဆုံးသွား၏။ ပုံမှန်အားဖြင့် ထိုအချိန်ကာလက သေမျိုးများ၏ သက်တမ်းအရ မျိုးဆက်ငါးခုစာပင် ရှိလောက်လေပြီ။ သို့သော် ယခုအခါ ကွဲပြားသွားပြီ ဖြစ်၏။ သေမျိုးများက အနည်းဆုံး နှစ်နှစ်ရာအထိ နေထိုင်နိုင်ကြသည်။

ယခင်နှစ်ရာချီအတွင်း ကမ္ဘာက အတော်လေး ငြိမ်းအေးနေဟန်ပေါ်သည်။ သေမျိုးများက အတတ်ပညာနှင့် အနုပညာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရင်း ကျင့်ကြံသူများက အိပ်မက်လောကကို အသုံးပြုကာ ဖြစ်နိုင်သမျှကို အကျိုးအမြတ်ရအောင် လုပ်နေကြသည်။ အားလုံးက အလျင်လိုနေကြဟန်ပေါ်သော်လည်း မည်သူကမှ နားမလည်ကြသလို အကြောင်းအရင်းကိုလည်း ရှင်းမပြနိုင်ပေ။ အားလုံးက တစ်စုံတစ်ခု ဖြစ်ပျက်လာတော့မည်ကို သိနေဟန်ပေါ်၏။

ဘန်း

ကမ္ဘာက အနည်းငယ် တုန်ခါသွားသည့်အတွက် အားလုံးက အလန့်တကြား ဖြစ်သွားကြသည်။

လူများက အိပ်မက်လောကမှ ထွက်ကာ သတင်းအချက်အလက်ကို ရှာဖွေလိုက်ကြ၏။ သူတို့က သူတို့စောင့်ဆိုင်းနေသည့်အရာ ရောက်ရှိလာပြီဖြစ်ကြောင်း သိလိုက်သော်လည်း ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားဟန်မပေါ်ပေ။ ထို့နောက် ကောင်းကင်အထက် အမြင်ရုပ်လွှာများစွာ ပေါ်ထွက်လာပြီး လူများကို ပိုမို စိတ်ရှုပ်ထွေးသွားစေသည်။

ဝမ်ဝေ့က ခုံရုံးအတွင်း မျက်လုံးဖွင့်လာကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့စွမ်းအားက ဒုတိယတန်းစားအဆင့်သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်၏။ ထိုအရာက အားနည်းနေဆဲဖြစ်သော်လည်း သူက အလျင်အမြန် ပြန်လည်ကောင်းမွန်လာသည်မှာ ကောင်းမွန်သည့် လက္ခဏာတစ်ခု ဖြစ်ပေသည်။

“ဘာဖြစ်သွားတာလဲ။ သူတို့က ငါးစာ ဟပ်သွားပြီလား”

“မဟုတ်ဘူး။ စောလွန်းသေးတယ်” ကိုယ်ပွားက ပြန်ဖြေလိုက်သည်။

“အဲဒါဆိုရင် ရုတ်ရုတ်သဲသဲက ဘာဖြစ်တာလဲ”

“ပထမပင်ကိုသက်ရှိ ပေါ်ထွက်လာပြီ”

သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် နေရာ၆ခုမှ ပုံရိပ်ယောင်များကို ပြသလိုက်သည်။ ဝမ်ဝေ့က ထိုနာမည်ကျော်သက်ရှိ ၃ ယောက်ကို ချက်ချင်းမှတ်မိလိုက်၏။ ဘိုးဘေးနဂါး၊ ဧကရီဇာမဏီနှင့် မူလချီလင်တို့ ဖြစ်ကြသည်။ တခြားသက်ရှိများက တိုက်တန်ဟု ခေါ်ဆိုနိုင်သည့် လူသားအသွင်မျိုးစိတ်များ ဖြစ်၏။

ဝမ်ဝေ့က ထို၆ယောက်ကို မြင်ပြီးသည့်နောက်တွင် အံကြိတ်လိုက်မိသည်။

“ဒါက ငါတို့အတွက် သတင်းကောင်း မဟုတ်ဘူးပဲ” ကိုယ်ပွားက ပြောလိုက်သည်။ သူကလည်း သဘောတူ၏။ ထိုသက်ရှိ၆ယောက်က ကမ္ဘာကြီးဆီ ပြန်ရောက်လာမည့် ပင်ကိုနတ်ဆိုးနတ်ဘုရားများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ တစ်ဦးချင်းစီက ကြယ်၄လုံး ယွမ်ထီ ဖြစ်သော်လည်း သူတို့၏ အလားအလာက ကြယ်၆လုံးအထိ မြှင့်တင်နိုင်ပြီး ထာဝရအဆင့်နှင့် ယှဉ်နိုင်ကြောင်း ပြောနိုင်သည်။

သို့သော်လည်း မျှခြေညီစက်ယန္တရားက သူတို့အား အသက်ရှူဖို့ အခွင့်အလမ်း ပေးထားသည့်အတွက် အသင်္ချေအင်ပါယာကမ္ဘာက ရုတ်တရက် ထာဝရဧကရာဇ်အဆင့် ၆ယောက် ရှိလာမည်ဆိုလျှင် အခြေအနေက လွန်ကဲသွားလိမ့်မည်။

“သူတို့ကို စည်းပိတ်ထားပြီးတော့ ကြီးထွားမှုကို နှောင့်နှေးထားတာ ကောင်းလိမ့်မယ်” ကိုယ်ပွားက အကြံပေးလိုက်သည်။ ပင်ကိုနတ်ဆိုးနတ်ဘုရားများ၏ ရှင်သန်မှုက ဒိုင်မေးရှင်းအမြင့်ကိုပင် လွှမ်းမိုးနိုင်စွမ်းရှိသည့် ကိစ္စရပ်ကြီးဖြစ်သည်။ သို့သော်လည်း ယခုအခါ ပေါ်ထွက်လာဖို့ သင့်တော်သည့်အချိန်အခါ မဟုတ်ပေ။

“ငါ လှုပ်ရှားလိုက်ရင် ငါးစာကို ဟပ်မဲ့သူတွေကို သတိပေးသလို ဖြစ်သွားလိမ့်မယ်”

“တခြားသူတွေကို လုပ်ဖို့ အမိန့်ပို့လိုက်မယ်”

ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်၏။ ထိုသူများက တုံးအအအရာများ မလုပ်သေးဘဲ သူ၏ အုပ်စိုးမှုအပေါ် လေးစားသမှု ပြသနေသည့်အချက်ကြောင့် သူတို့ကို လှုပ်ရှားခိုင်းဖို့ရာ ပြဿနာမရှိပေ။ သူ့လက်တစ်ချက်အဝှေ့တွင် အဆောင်များက ကမ္ဘာ့နေရာအနှံ့အသီးသီးသို့ ပျံ့နှံ့သွား၏။

စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝေဟင်အထက် အားကောင်းသည့် အရှိန်အဝါများ ပေါ်ထွက်လာလေ၏။ ရှုရှစ်နေရာအစား ပထမတန်းစား ဆန့်ကျင်ကျင့်ကြံသူကို ကိုယ်စားလွှတ်ထားသည်မှ လွဲ၍ ပင်လယ်မျိုးနွယ်မှ နှစ်ယောက်အပါအဝင် အားလုံးက ပေါ်ထွက်လာကြသည်။

သူတို့က များများစားစားမပြောဘဲ သက်ဆိုင်ရာ နေရာများဆီ သွားကာ ထိုပင်ကိုနတ်ဆိုးနတ်ဘုရားများ၏ နေရာကို စည်းပိတ်ထားလိုက်သည်။ ထို့နောက် သူတို့က ဘာမှမဖြစ်သကဲ့သို့ ကျင့်ကြံရေးဆီ ပြန်လည်ဝင်ရောက်သွားကြ၏။ ဟို့ဖုန်းဟွမ်နှင့် အောင်းရှန်တို့က ထိုသက်ရှိများ၏ သွေးမျိုးဆက်ကို လောဘကြီးနေကြသော်လည်း တူညီစွာ ပြုမူခဲ့ကြသည်။

ရုတ်ရုတ်သဲသဲသူများက ကြေညာချက် သို့မဟုတ် သတင်းအချက်အလက် မရလိုက်ပေ။

“ကမ္ဘာဦးနတ်ဘုရားကို သွားပြီးတော့ ဖျောင်းဖျလိုက်ဦး” ဝမ်ဝေ့က ပြောလိုက်သည်။

“ငါ့ဒဏ်ရာတွေ အကြောင်းကြားကတည်းက သူက တင်းမာနေတာ။ ငါတို့ရဲ့ အပြုအမူတွေနဲ့ဆိုရင် ပိုဆိုးသွားလိမ့်မယ်။ သူ့ကို မလှုပ်ရှားစေချင်သေးဘူး”

“ကောင်းပြီလေ”

ဝမ်ဝေ့က သီးသန့်ကျင့်ကြံရေးဆီ ပြန်လည်ဝင်ရောက်သွားသည်။ သို့သော် ရှုရှစ်ကိုယ်စား ရောက်ရှိလာသည့် ဆန့်ကျင်ကျင့်ကြံသူက သူ့အား လာရောက်တွေ့ဆုံခဲ့သည်။ သူ့ရည်ရွယ်ချက်က ရိုးရှင်းလှပြီး ကျောင်းအုပ်က သီးသန့်ကျင့်ကြံရေး ဝင်ရောက်နေသည့်အတွက် ပေါ်ထွက်မလာနိုင်သည့် အကြောင်းကို လာရောက်တောင်းပန်ခြင်း ဖြစ်၏။

ဝမ်ဝေ့က အကြောင်းအရင်းကို နားလည်ကာ သူနှင့် ကျောင်းတော်အပေါ် ထိုအသေးအမွားကိစ္စအတွက် အပြစ်မတင်ပေ။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ကိုယ်ပွားက ပြန်ရောက်လာပြီး ကမ္ဘာဦးနတ်ဘုရားသည် သူ့မျိုးနွယ် စည်းပိတ်ခံလိုက်ရသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် တင်းမာနေသည့်အတွက် ဉာဏ်ရှိသည့် အပြုအမူတစ်ခုကို လှုပ်ရှားခဲ့ကြောင်း ပြောပြခဲ့သည်။

ဤသို့ဖြင့် နှစ်နှစ်ဆယ်ကုန်ဆုံးသွားပြီး ကမ္ဘာကြီး၏ ရင်တလှပ်လှပ် တင်းမာမှုကလည်း ဖြည်းဖြည်းချင်း နေ့စဉ်နှင့်အမျှ တိုးပွားလာသည်။

ကမ္ဘာ၏ အထက်ပိုင်းက ထိုတင်းမာမှုကို ကိစ္စကောင်းအဖြစ် မှတ်ယူထားကြသည့်အတွက် တိတ်ဆိတ်နေလျက်ဖြင့် သူတို့၏ တပည့်များနှင့် လက်အောက်ငယ်သားများအား ကြိုးကြိုးစားစား လေ့ကျင့်ဖို့သာ မှာကြားခဲ့သည်။

ထို့နောက် အားလုံးက အခြေအနေသည် ပေါက်ကွဲထွက်လာတော့မည် ဖြစ်ကြောင်း တွေးမိကြသည့်အခါ ကမ္ဘာတစ်ခုလုံးအနက် အသံတစ်သံ ပဲ့တင်ထွက်လာ၏။ ထိုအရာက ခေတ္တမျှသာ ကြာမြင့်ခဲ့သော်လည်း လူများစွာက ထိုအရာသည် ကုချင်းအသံဖြစ်ကြောင်း သတိထားမိကာ အသံလားရာ သို့မဟုတ် ဇစ်မြစ်ကို ချက်ချင်းရှာဖွေခဲ့ကြသည်။

နောက်ဆုံးတွင် အားလုံး၏ အကြည့်က ကျောင်းတော်ဆီ ကျရောက်လာ၏။

All Chapters