ကမ္ဘာကြီးအတွက် ရတု
Vol. 73 Ch. 1016
“ငါတို့ရဲ့ လှပတဲ့ မွေးရပ်မြေအတွက် ဒီရတုကို ရေးသားထားတယ်။ ကျေးဇူးပြုပြီး နားဆင်ခံစားပေးကြပါဦး”
ရှုရှစ်၏ ချိုမြိန်လှသည့် အသံက ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့သွားကာ ကုချင်း၏ တေးသံက လိုက်ပါလာသည်။ အစပိုင်းတွင် အသံက နှေးကွေးကာ ငြိမ်းအေးလှ၏။ သို့သော် ကိစ္စများက ချက်ချင်း ပြောင်းလဲလာခဲ့သည်။ သံဇဉ်က နားထောင်နေသည့် လူအားလုံးအတွက် အားကောင်းသည့် ပုံရိပ်ယောင်တစ်ခုကို ဖန်တီးလာခဲ့၏။
ထို့ကြောင့် သက်ရှိအားလုံးက ဇာတ်ကြောင်းတစ်ခု … ပြောရလျှင် သမိုင်းကြောင်း၏ ဆင့်ကဲပြောင်းလဲလာပုံကို တွေ့ကြုံခံစားလိုက်ရသည်။ သူတို့က ကမ္ဘာကြီး၏ အစောပိုင်းအခြေအနေဖြစ်သည့် အမှောင်ထု ပြည့်နှက်နေပြီး ဗလာနတ္ထိအခြေအနေကို တွေ့ကြုံခံစားခဲ့ရသည်။ နှစ်များစွာ ဆင့်ကဲပြောင်းလဲလာပြီးသည့်နောက်တွင် ပထမဦးဆုံးသက်ရှိ ဖြစ်တည်လာ၏။
ထိုသက်ရှိများက အားကောင်းကာ မြင့်မြတ်လှသည်။ အင်မော်တယ်အဖြစ် မွေးဖွားလာပြီး သူတို့က ကမ္ဘာကြီးထဲ စိတ်ကြိုက်သွားလာနိုင်ကြ၏။ သူတို့က စွမ်းအားကြီးကြသော်လည်း မိုးမြေ၏ စည်းမျဉ်းများကိုသာ နားလည်ရင်း အချိန်ကုန်ဆုံးကြသည့် အေးချမ်းကြသူများ ဖြစ်ကြသည်။
သူတို့၏ အဖွဲ့အစည်းက ဝါစဉ်သဘောကို ဆောင်ညွှန်းသော်လည်း သူတို့က တည့်တည့်ရှုရှုဖြစ်ကာ တိုက်ခိုက်ခဲသည်။
လူသားမျိုးနွယ်ဖြစ်သည့် မျိုးနွယ်အသစ် ပေါ်ထွက်မလာခင်အချိန်အထိ အရာအားလုံးက အဆင်ပြေချောမွေ့နေခဲ့၏။ ထိုအရာက စွမ်းအားမရှိဘဲ သက်တမ်းတိုတောင်းသည့် သေးနုတ်ဖွယ် မျိုးနွယ်တစ်ခုသာ ဖြစ်သည်။ သို့သော် သူတို့၏ ပေါ်ထွက်လာမှုက အရာအားလုံးကို ပြောင်းလဲပစ်ခဲ့၏။ အကြောင်းအရင်းမှာ ထိုသေးငယ်သည့် မျိုးနွယ်က ကမ္ဘာ၏ ဇာတ်လိုက်ဖြစ်ဖို့ ကံကြမ္မာဖန်လာခဲ့သည်။
လူသားမျိုးနွယ် မွေးဖွားလာပြီးသည့်နောက်တွင် သံဇဉ်ထဲ ထိုစဉ်အချိန်က ရုန်းကန်ရမှုများကို ပြသလာခဲ့၏။ အသင်္ချေအင်ပါယာကမ္ဘာသားများက သူတို့၏ ဘိုးဘေးများက ပထမဦးဆုံး မီးတောက်ကို ဖန်တီးခဲ့ခြင်း၊ တောရိုင်း သို့မဟုတ် ပင်လယ်ထဲ ပထမဦးဆုံး အမဲလိုက်ခဲ့ခြင်း၊ အဝတ်အစားများကို ပထမဦးဆုံး ပြုလုပ်ခဲ့ခြင်း၊ ပထမဦးဆုံး လယ်ထွန်ခဲ့ခြင်း၊ ပထမဦးဆုံး ဆေးပင်ဂုဏ်သတ္တိများကို ရှာဖွေတွေ့ရှိခဲ့ခြင်း၊ ပထမဦးဆုံး စကားကို ဖန်တီးခဲ့ခြင်းနှင့် မှတ်တမ်းတင်ခဲ့ခြင်း အစရှိသည်တို့ကို မြင်တွေ့လိုက်ရသည်။ ရှုရှစ်၏ သံစဉ်က သဘာဝကို ဆန့်ကျင်နေသည့် လူသားဇာတ်ကြောင်းကို ပြသနေခဲ့သည်။ ထိုဇာတ်လိုက်က သူတို့၏ ဘိုးဘေး ဖြစ်၏။
နားထောင်နေသူများက ထိုရှေးခေတ်အခါက ဆိုးရွားဖွယ် ပတ်ဝန်းကျင်ကို ခံစားမိကြပြီး လူသားမျိုးနွယ်၏ မသိနားလည်မှုကိုပါ ခံစားမိကာ ဗဟုသုတနှင့် ဖန်တီးဉာဏ်ကို ပိုလိုလားလာကြသည်။ သူတို့၏ ဘိုးဘေးက လူသားအဖွဲ့အစည်းကို တည်ထောင်ဖို့အတွက် မည်မျှစတေးခဲ့ကြောင်း မြင်တွေ့ခဲ့ရ၏။ ထိုအရာအားလုံးကို သီချင်းတစ်ပုဒ်မှ မြင်တွေ့ခဲ့ပြီးသည့်နောက်တွင် ဝိညာဉ်ထဲအထိ စွဲထင်ရစ်သွားသည်။
သို့သော် ကိစ္စများက မပြီးဆုံးသေးပေ။ အနှစ်ချုပ်အားဖြင့် အစမျှသာ ရှိသေး၏။ သံစဉ်က အနိမ့်အမြင့် ပြောင်းလဲသွားကာ နောက်ထပ် ရက်စက်မှုတစ်ခုကို ထုတ်ပြလာခဲ့သည်။ ထိုခေတ်အချိန်အခါကို အုပ်စိုးသူများက လူသားမျိုးနွယ်ကို မြင့်တက်ခွင့်ကို ခွင့်မပြုပေ။ သူတို့က လူသားမျိုးနွယ်ကို သုတ်သင်ဖို့ ရည်ရွယ်ချက်ဖြင့် အမြစ်ဖြတ်သုတ်သင်မှုကို စတင်ခဲ့ကြသည်။
လူသားမျိုးနွယ်က အသက်ရှင်ကျန်ခဲ့သည်မှာ ထိုသက်ရှိများထဲက တချို့က ပထမဦးဆုံး သတ်ဖြတ်ပြီးသည့်နောက်တွင် နှိပ်စက်ရသည်ကို သဘောကျလာ၍ ဖြစ်သည်။ ထို့ကြောင့် သူတို့က လူသားများအား သူတို့၏ ဖျော်ဖြေမှုအတွက် ကျွန်ပြုဖို့ ရွေးချယ်ခဲ့သည်။ တချို့ကြင်နာတတ်သူများကမူ လူများကို ထိုရက်စက်သည့် အပြုအမူများကို သဘောမတူဘဲ လူများကို ကယ်တင်ဖို့ ရွေးချယ်ခဲ့၏။
ထိုခေတ်ကာလက လူသားများအတွက် အမှောင်ထုကာလ ဖြစ်ခဲ့သည်။
သို့သော်လည်း သူတို့က ရှင်ကျန်ပြီး ဘယ်သောအခါမှ လက်မလျှော့ခဲ့ပေ။
ပင်ကိုနတ်ဆိုး နတ်ဘုရားများ၏ အပြုအမူက သူတို့၏ စိတ်ဝိညာဉ်ကို မဖျက်စီးနိုင်ရုံသာမက သူတို့ကြားထဲ အသိစိတ်ကို နိုးထလာစေခဲ့သည်။ သူတို့က ကျွန်ပြုမှုကို ရုန်းထွက်ပြီး ကမ္ဘာ၏ ထိပ်ဆုံးတွင် ရပ်တည်ဖို့ ရည်မှန်းချက်တစ်ခု ရှိလာခဲ့ကြ၏။
လူသားမျိုးနွယ်က ထိုအမှောင်ခေတ်ကာလအတွင်း နှစ်သိန်းပေါင်းများစွာ ကုန်ဆုံးခဲ့ရသည်။ နှစ်သန်းဂဏန်းပင် ရှိနိုင်၏။ သို့သော် ထိုအရာက ကိစ္စမရှိပေ။ သူတို့၏ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်က ဝေဝါးမသွားပေ။ သူတို့၏ တိုတောင်းလှသည့် သက်တမ်းက သူတို့ကို မတားဆီးနိုင်ပေ။ မျိုးနွယ်စုတိုင်းက သူတို့ငယ်ရွယ်စဉ်အခါကတည်းက လူငယ်များထံ အတွေးအခေါ်ကို ဖြန့်ဝေပေးပြီး တော်လှန်ရေးမီးတောက်ကို နှစ်သန်းချီကြာအောင် လှုံ့ဆော်ပေးနိုင်ခဲ့ကြသည်။
လူသားမျိုးနွယ်၏ အခွင့်အရေးက မြင့်တက်လာ၏။ ဝမ်မျိုးနွယ်မှ လူငယ်လေးက ထိုသက်ရှိများကို လေ့လာကာ လူသားမျိုးနွယ်အတွက် ကျင့်ကြံရေးစနစ်ကို ဖန်တီးခဲ့သည်။ သူက သူ့လက်ရာကို ပြန့်ကျဲနေသော မျိုးနွယ်များထံ ဖြန့်ဝေခဲ့ပြီး အချိန်ဆွဲကာ သင့်တော်သည့် အချိန်ကောင်းကို စောင့်ဆိုင်းဖို့ ပြောခဲ့သည်။
သံစဉ်က ရုတ်တရက်ဆိုသလို အချိန်ကောင်းက ဘာလဲဟု ပြသလာခဲ့သည်။ တောင်ထိပ်အထက်တွင် လူငယ်လေးက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပြီး ကောင်းကင်အထက်မှ အရာတစ်ခုက သူ့ဆီ ဆင်းသက်လာသည်။ ထိုအရာက ကောင်းကင်အလိုဆန္ဒ ဖြစ်၏။ သူက ထိုအရာကို စုပ်ယူကာ တာအိုကို သက်သေပြခဲ့ပြီး ကမ္ဘာ၏ ပထမဦးဆုံးတရားဝင် မဟာဧကရာဇ်တစ်ယောက် ဖြစ်လာခဲ့သည်။
ထို့နောက် လူငယ်လေးက လူသားမျိုးနွယ်ကို ဦးဆောင်မည့် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ အစောပိုင်းခေတ်ကာလတွင် အမှောင်ထုနှင့် ဆိုးရွားမှုတို့ဖြင့်သာ ပြည့်နှက်နေခဲ့၏။ သူက တစ်ဦးတည်း တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်ခဲ့သည်။
သို့သော်လည်း သူ့နည်းလမ်းနှင့် သေချာဆွဲထားသော အကြံအစည်များ၊ မယိုင်လဲတတ်သည့် စိတ်ဓာတ်ခိုင်မာမှုနှင့် တခြားပါရမီရှိသူများဆီမှ အထောက်အပံ့များဖြင့် သူသည် လူသားမျိုးနွယ်ကို ကြီးထွားအောင် ဦးဆောင်နိုင်ခဲ့သည်။
ရှုရှစ်၏ သံစဉ်က မဟာဧကရာဇ်များစွာရှိသည့် စည်ပင်ကြွယ်ဝသည့် ခေတ်ကာလကို ပြသလာခဲ့၏။ နှမြောစရာကောင်းလှသည်က ထိုခေတ်ကာလသည် အေးချမ်းသည်နှင့် အလှမ်းကွာလွန်းလှသည်။
လူသားမျိုးနွယ်နှင့် ယခင်အုပ်စိုးသူများကြား ထိပ်တိုက်တွေ့ဆုံကာ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးဆီ ပျံ့နှံ့သွားခဲ့၏။ သံစဉ်က စစ်ပွဲအကြောင်း များစွာ မပြသခဲ့သော်လည်း မြင်ကွင်းကမူ မည်မျှဆိုးရွားကြောင်း ပြသခဲ့လေသည်။
ထိုအရာကို တွေ့ကြုံခံစားပြီးသည့်နောက်တွင် လူသားမျိုးနွယ်က လောက၏ သခင်ဖြစ်ကြသော်လည်း သူတို့၏ လူမှုအဖွဲ့အစည်းက ဘာမှမရှိတော့သည့်အတွက် အစမှ ပြန်လည်စတင်ရသည်။ ထိုခေတ်ကာလက ဖရိုဖရဲဖြစ်နေပြီး လူတစ်ဦးချင်းစီတွင် အာဏာဆုပ်ကိုင်ထားကြသည်။
ထိုစဉ် ကမ္ဘာ၏ ယေဘုယျ စွမ်းအားက နိမ့်ကျလာခဲ့၏။ ကံကောင်းစွာဖြင့် ဝမ်မျိုးနွယ်မှ နောက်ထပ် သူရဲကောင်းတစ်ယောက် ပေါ်ထွက်လာကာ ကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးခဲ့သည်။ မူလဧကရာဇ်က တာအိုကို ဖြန့်ဝေပြီး အာဏာရှိသည့်သူများကို ဖိနှိပ်ကာ ကမ္ဘာကြီးထံ နောက်ထပ်အခွင့်အရေးတစ်ခု ပေးလာခဲ့ပြီး ကမ္ဘာကြီးထံ အင်မော်တယ်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ထိုသူတို့၏ လွှမ်းမိုးမှု သို့မဟုတ် ဝင်ရောက်စွက်ဖက်မှုကို လျှော့ချခဲ့သည်။
မူလဧကရာဇ်အပြီးတွင် ကမ္ဘာကြီးက နောက်ထပ်စည်ပင်ကြွယ်ဝမှု ခေတ်ကာလကို တွေ့ကြုံခဲ့ရ၏။ ဓားတာအိုက တိုက်ခိုက်ရေးအထွတ်အထိပ်တာအိုတစ်ခု ဖြစ်လာကာ ဘိုးဘေးတာအိုများကဲ့သို့ တခြားအမျိုးအစားများလည်း ပေါ်ထွက်လာကြသည်။ နောက်ဆုံးတွင် မူလကျင့်ကြံရေးစနစ်က ပြီးပြည့်စုံလာခဲ့၏။
ထို့နောက် လူသားမျိုးနွယ်က ရွှေရောင်လူဝံ အနေအထားဖြင့် နောက်ထပ် ကပ်ဘေးတစ်ခုကို တွေ့ကြုံခံစားခဲ့ရသည်။
ကံကောင်းစွာဖြင့် သူတို့က အတူတကွ ပေါင်းစည်းကာ အသက်ရှင်သန်ခဲ့သည်။
နောက်ထပ် ခေတ်ကာလကမူ လူသားမျိုးနွယ်က သူတို့၏ အပျက်အစီး ဦးတည်သွားသည့် အချိန်တစ်ခု ဖြစ်၏။ ဗုဒ္ဓဘာသာမြင့်တက်လာမှုနှင့် ယုံကြည်မှုစွမ်းအား အသုံးပြုမှုက လူသားများသည် ကမ္ဘာကြီး၏ လွှမ်းမိုးသည့် မျိုးနွယ်တစ်ခုဖြစ်လာပြီး ယှဉ်ပြိုင်သူ မရှိသည့် အနေအထားတွင် မည်မျှရက်စက်ကြောင်း ပြသခဲ့သည်။
သမိုင်းကြောင်းကို သိထားသည့်သူများစွာက ရှုရှစ်သည် ထိုအကြောင်းကို မဖုံးကွယ်ခဲ့သည့် အချက်ကို အံ့အားသင့်နေကြ၏။
ဗုဒ္ဓဘုန်းကြီးများနှင့် တခြားဧကရာဇ်မျိုးနွယ်များက ယုံကြည်မှုစွမ်းအားကို ရယူဖို့ အရာအားလုံး လုပ်ဆောင်ခဲ့ကြသည်။
ထို့နောက် နောက်ဆုံးရလဒ်က နောက်ထပ် လူသားမျိုးနွယ်၏ သူရဲကောင်းဖြစ်သည့် အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်၏ လက်ထဲတွင် အဆုံးသတ်သွားရသည်။
သံစဉ်က နောက်ထပ် ခေတ်ကာလတစ်ခုကို ပြသလာခဲ့၏။ ထိုအရာက ရှေးခေတ်ကာလထက်ပင် ပိုမိုကြမ်းတမ်းလှသည်။ အမျိုးအစားများစွာရှိပြီး ဂုဏ်ယူဖွယ် ပင်ကိုနတ်ဆိုးနတ်ဘုရားများစွာ ရှိသော်လည်း မိစ္ဆာမျိုးနွယ်က ဤသို့လူမျိုး မရှိပေ။ ရက်စက်မှုက သူတို့၏ ပင်ကိုစရိုက်ဖြစ်သလို စွမ်းအားကို ရယူဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။ ထို့ကြောင့် အသင်္ချေအင်ပါယာကမ္ဘာရှိ လူသားမျိုးနွယ် သို့မဟုတ် တခြားသက်ရှိများအပေါ် သူတို့၏ ဆက်ဆံမှုက ရက်စက်လွန်းလှသည်။
ကံကောင်းစွာဖြင့် အမျိုးသမီးတစ်ဦးက ထိုရက်စက်မှုခေတ်ကာလကို အဆုံးသတ်ပေးခဲ့သည်။ သူမက ကမ္ဘာပေါ်တွင် မြင်တွေ့ဖူးသမျှ အရာများနှင့် မတူဘဲ ပြိုင်ဘက်ကင်း ဧကရာဇ်တစ်ဦး ဖြစ်ခဲ့၏။
သူမ ပျောက်ဆုံးသွားပြီးသည့်နောက်တွင် ကမ္ဘာကြီးက ဆိုးရွားသည့် အချိန်ကာလကို ဖြတ်ကျော်ခဲ့ရသည်။ လူများစွာက ကြောက်ရွံ့နေကြပြီး ကာကွယ်မှုနည်းလမ်းအနေဖြင့် ရှေးကျသည့် နည်းလမ်းများကို အသုံးပြုလာခဲ့သည်။ ကမ္ဘာကြီးက ပြန်လည်ကောင်းမွန်ဖို့ အားယူနေရသည့် အချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် ကျင့်ကြံရေးက တုံ့ဆိုင်းသည့် ခေတ်ကာလကို ဝင်ရောက်သွားခဲ့၏။
နောက်ထပ် လူငယ်ပါရမီရှင် ပေါ်ထွက်လာဖို့ မျိုးဆက်ထောင်ချီ ကြာမြင့်ခဲ့သည်။ ထိုသူက ပညာရေးအကြောင်း ဖြန့်ဝေခဲ့သည်။ ထိုသဘောတရားအသစ်က အသင်္ချေအင်ပါယာကမ္ဘာကို ပြန်လည်ရှင်သန်လာစေပြီး ကျဆင်းနေသည့် ကံကြမ္မာမှ ကယ်တင်နိုင်ခဲ့သည်။
ခေတ်ကာလအသစ်က ငြိမ်းချမ်းကာ စည်ပင်ခဲ့ပြီး ရွေးချယ်ခံ လူသားသူရဲကောင်းတစ်ယောက်က သူ့လူများထံ သစ္စာမဖောက်ခင်အချိန်အထိသာ ဖြစ်၏။ ကမ္ဘာကြီးက နောက်ထပ် ကပ်ဘေးကို ရင်ဆိုင်ခဲ့ရပြီး ထိုအရူးများဖြင့် ဖြေရှင်းခဲ့ရသည်။ ပြန်လည်အားဖြည့်ဖို့ အချိန်အတော်ကြာ ကြာမြင့်ခဲ့၏။ ထိုသူ ပျောက်ဆုံးသွားပြီးသည့်နောက်တွင် သာမန်မျှသာဖြစ်၏။
သို့သော် ထိုခေတ်ကာလက ကောင်းကင်ဧကရာဇ်ကို မွေးဖွားပေးခဲ့သည်။ သံစဉ်က ကောင်းကင်ဧကရာဇ်၏ အောင်မြင်မှုများ၊ ကမ္ဘာ၏ ပြောင်းလဲပုံများဖြင့် အဆုံးသတ်သွားခဲ့သည်။ သံဇဉ် ရပ်တန့်သွားသည်နှင့် ကမ္ဘာတစ်ဝန်း ကြက်သီးထဖွယ် တိတ်ဆိတ်မှုသာ ကျန်ရှိနေကြသည်။ သူတို့က လူများစွာက ကုချင်း၏ သံစဉ်ထဲ နစ်မြောနေကြဆဲ ဖြစ်၏။
ကံကောင်းစွာဖြင့် ကောင်းကင်တာအို မျက်လုံး ပေါ်ထွက်လာမှုက ထိုသူများကို နိုးထသွားစေသည်။ ကောင်းကင်တာအိုမှ ကျောင်းတော်ထံ ရွှေရောင်သတ္တုလုံးတစ်ခု ကျဆင်းလာ၏။
…………………………………..
ကောင်းကင်ခုံရုံး
ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်ပြီး ထိုသီချင်းအကြောင်း စဉ်းစားနေသည်။ ထိုအရာက လူသားမျိုးနွယ်၏ လူရိုင်းခေတ်ကာလမှ လက်ရှိခေတ်ကာလအထိ သမိုင်းကြောင်း၏ အတွေ့အကြုံများကို ဖွဲ့နွဲ့ထားခြင်း ဖြစ်၏။
သူက သူ့ကုသနှုန်းပင် အနည်းငယ် တိုးမြင့်လာသလို ခံစားလိုက်ရသည်။
ကောင်းကင်တာအိုက ရှုရှစ်ကို ဆုလာဘ်ချီးမြင့်သည်ကို ကြည့်နေရင်း ထူးထူးဆန်းဆန်း ရေရွတ်လိုက်သည်။
“သူမက အသင်္ချေအင်ပါယာကမ္ဘာအတွက် ကိုယ်စားပြုသီချင်းကို ဖန်တီးခဲ့တာလား”
“အဲ့လိုဖြစ်ပုံပဲ”
“အခု ငါ နည်းနည်းအားကျသွားပြီးတော့ အဲဒါကို မတွေးခဲ့မိတာ ဒေါသထွက်နေတယ် ”
“ကုသိုလ်အတွက် အတွေးကောင်းတွေ အကုန်လုံး ရှိနေလို့ မရဘူးလေ”
“ဟုတ်တာပဲ” သူက တေးဂီတသမားတစ်ယောက် မဟုတ်သည့်အတွက် ထိုအတွေးမျိုး တစ်ခါမှ တွေးမိမည် မဟုတ်ပေ။
“ဒီသီချင်းက နောက်ထပ် အကျိုးကျေးဇူးတွေ ရှိသေးတယ်။ ဘာများလဲ”
“ကြည့်ကြည့်ရအောင်” ကိုယ်ပွားက ရေရွတ်လိုက်သည်။
“သူမကို မဟာတာအိုအရင်းအမြစ် ၂ ရာခိုင်နှုန်းတိုးမြှင့်ပေးနိုင်တဲ့ ထူးကဲတဲ့ အရင်းအမြစ်နည်းစနစ်တစ်ခုပဲ။ တကယ်လို့ သူမက အသင်္ချေအင်ပါယာကမ္ဘာမှာ တီးခတ်နိုင်မယ်ဆိုရင် ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်တယ်။ နောက်ဆုံးတော့ သူမက ကမ္ဘာကို ကပ်ဘေးကနေ ကယ်တင်မဲ့အပြုအမူဆိုရင် ၅ ရာခိုင်နှုန်းအထိတောင် တိုးမြှင့်နိုင်တယ်”
“အနည်းဆုံး ၅ ရာခိုင်နှုန်းတဲ့လား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“သူမ တစ်ယောက်ထဲ သုံးနိုင်တာလား”
“သူမ မတက်လှမ်းခင်အထိတော့ ဟုတ်တယ်။ အဲ့လိုဆိုရင်တောင် ကျောင်းတော်က ခွင့်ပြုချက်ပေးရဦးမှာလေ”
ဝမ်ဝေ့က သက်ပြင်းချလိုက်၏။
“ကျောင်းတော်က လူတွေက လင်းဖန် အစား ရှုရှစ်လိုလူမျိုးကို အစားထိုးနိုင်တာ တကယ်ကို ကံကောင်းတာပဲ။ သူက သူမလိုမျိုး ကောင်းအောင် လုပ်နိုင်ချင်မှ လုပ်နိုင်လိမ့်မယ်”
ကမ္ဘာအတွက် ကိုယ်စားပြုသီချင်းကို ဖန်တီးသည့် ကြမ္မာက သူတို့ကို ကောင်းချီးပေးမည်ဖြစ်ကာ ခေတ်ကာလတစ်ခု၏ စိတ်ဝိညာဉ် ဆုံးရှုံးမှုအပေါ် ကာမိစေလိမ့်မည်။
“ဧကရာဇ်ခုံက မင်းရဲ့ ဝမ်မျိုးနွယ်လိုမျိုး ထူးကဲတဲ့ ကြမ္မာနဲ့ မွေးဖွားလာတဲ့သူ ဖြစ်နိုင်တယ်” ကိုယ်ပွားက မှတ်ချက် ပေးလိုက်သည်။
“ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူက အဲ့လိုဆိုရင်တောင် ငါတို့အဆင့်ကို ရောက်ဖို့ အဝေးကြီး လိုနေသေးတယ်”