← Chapters

အမှားအယွင်း

Vol. 73 Ch. 1018

အမှားအယွင်း

Vol. 73 Ch. 1018

ဝမ်ဝေ့က ခုံရုံးထဲရှိ ပလ္လင်ပေါ်တွင် ထိုင်နေရင်း သူ့ရှေ့ရှိ ပိတ်ကားချပ်ကို ကြည့်နေလေသည်။ သူက သူ့ကိုယ်ပွားနှင့် လက်သီးသူတော်စင် ဧကရာဇ်ကြားက စကားဝိုင်းကို မြင်လိုက်ရ၏။ သိပ်မကြာခင် တိုက်ပွဲက စတင်လာခဲ့၍ သူက အာရုံစိုက်ထားလိုက်သည်။ အဖွဲ့က ပြင်ဆင်ကာ ရောက်လာမှန်း သိသာလှ၏။ တခြား၈ယောက်က လက်သီးသူတော်စင် ဧကရာဇ်၏ စွမ်းအားကို ကောင်းချီးပေးမည့် အစီအရင်တစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။

ရလဒ်အနေဖြင့် ထိုသူ၏ စွမ်းအားက မဟာတာအိုအရင်းအမြစ် ၅၀ရာခိုင်နှုန်း ရောက်လုနီးပါးဖြစ်သွားကာ ကိုယ်ပွားကို အနည်းငယ် ချွေးပျံသွားစေသည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်က ဝင်ရောက်စွက်ဖက်ခဲ့၏။

ဟို့ဖုန်းဟွမ်က ဇာမဏီ စီးနင်းလျက် လေဟာနယ်တိုက်ပွဲကွင်းပြင်အတွင်း ပျံသန်းကာ ရောက်ရှိလာသည်။ သူမက တုံ့ဆိုင်းမနေဘဲ အဖွဲ့ကို တိုက်ခိုက်လိုက်၏။ သူတို့ကလည်း အသီးသီး တုံ့ပြန်လိုက်ကြသည်။

သူတို့က အစီအရင်ကို မချိုးဖောက်ခဲ့ဘဲ ထာဝရဦးသျှောင် တစ်ယောက်က သူ့စွမ်းအားအပြည့်ဖြင့် ပုံရိပ်ယောင်ကို ဖန်တီးခဲ့သည်။

ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်ပြီး ထိုပုံရိပ်ယောင်နှင့် ရင်ဆိုင်ခဲ့၏။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက် ရှုရှစ်ကလည်း တိုက်ပွဲကွင်းပြင်အတွင်း ပေါ်ထွက်လာပြီး ပုံရိပ်ယောင်နှစ်ခုနှင့် ရင်ဆိုင်ခဲ့သည်။ တစ်ယောက်က ထာဝရဦးသျှောင် ဖြစ်ကာ တစ်ယောက်ကမူ အတုအယောင် ထာဝရဧကရာဇ်တစ်ယောက် ဖြစ်၏။

“အဲဒါဆိုတော့ ဒီနှစ်ယောက်ပဲ ပေါ်လာတာပေါ့” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“အင်း အဓိပ္ပာယ်တော့ ရှိပါတယ်လေ။ သူတို့တွေက ဒီလူတွေရဲ့ တန်ကြေးကို သိထားကြတာပဲ။ ပြီးတော့ ဖုန်းဟွမ်က ဗုဒ္ဓဘာသာ ချဲ့ထွင်တဲ့အခါ အတော်လေးကို သတိကြီးကြီး ပြုမူတတ်တယ်။ သူက စတေးမှုကို လျှော့ချဖို့ ငါ့ခြေလှမ်းအတိုင်း လိုက်ချင်တာ ဖြစ်လောက်တယ်။

အောင်းရှန်ကတော့ သူ့နတ်ဆိုးမျိုးနွယ်ရဲ့ အခြေခံအုတ်မြစ်က တစ်ကမ္ဘာလုံးကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးဆိုတာကို သိနေလို့ သူ့ရဲ့ အကူးအပြောင်းကိုပဲ အာရုံစိုက်ထားခဲ့တာပဲ။ ဓားရေးစံအိမ်နဲ့ ပင်လယ်မျိုးနွယ်တို့ကတော့ ဘာလို့ မလှုပ်ရှားပါလိမ့်”

“ပင်လယ်မျိုးနွယ်က ဒီလိုလုပ်ပြီးတဲ့နောက်မှာ သူတို့က ဘယ်လိုပေါ်ထွက်လာရဲပါ့မလဲ” ဝမ်ကျူက ပြောလိုက်သည်။

“ကျွန်မ အမြင်တော့ ဉာဏ်နည်းတဲ့ အပြုအမူပဲ။ သူတို့ရဲ့ သစ္စာရှိမှုကို ပြဖို့ ချက်ချင်း ပေါ်ထွက်လာသင့်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ပါဝင်ပတ်သက်မှုကို ယုတ္တိရှိရှိ ငြင်းဆန်ဖို့ ပိုလွယ်ကူသွားလိမ့်မယ်လေ”

“တကယ်လို့ သူတို့ အဲ့လိုလုပ်ရင် ငါက သူတို့ကို ခွင့်လွှတ်ပေးကောင်း ခွင့်လွှတ်ပေးနိုင်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ဓားရေးစံအိမ်ကရော သူတို့က ဘာလို့မလှုပ်ရှားတာလို့ ထင်လဲ”

“သတိကြီးကြီးထားပြီးတော့ စိတ်ရှည်လက်ရှည် ချဉ်းကပ်မှုမျိုးလို့ ထင်ပါတယ်” ဝမ်ကျူက ပြောလိုက်သည်။

“အဲဒီလူတွေလိုမျိုး သူတို့က သခင်လေးက လူတွေကို မျှားခေါ်နေမှန်း သိပေမဲ့ သခင်လေးက ဒဏ်ရာရထားတယ်ဆိုတာကိုတော့ သိကြတယ်။ သခင်လေးရဲ့ စွမ်းအားမရှိဘဲ ကိစ္စတွေက ဘယ်လိုဖြစ်သွားမလဲဆိုတာကို မြင်ချင်နေကြတာ။ ပြီးတော့ သူတို့တွေက သူတို့ရဲ့ ထာဝရဦးသျှောင်ကို အန္တရာယ် မစွန့်စားစေလိုကြဘူး”

“သူတို့က ဒီလိုဝှက်ဖဲ ရှိထားတာတောင် ဒီလိုအချိန်အကြာကြီး ဖုံးကွယ်ထားကြတာ။ နားလည်လို့ ရပါတယ်လေ။ သူတို့ရဲ့ ချဉ်းကပ်မှုက အတော်လေးကို သတိကြီးကြီး ထားထားတာပဲ” ဝမ်ဝေ့က သဘောတူလိုက်သည်။

“တစ်ယောက်ယောက် လာနေပြီ” ဝမ်ကျူက ရုတ်တရက် ပြောလိုက်၍ ဝမ်ဝေ့က ပိတ်ကားချပ်မှ အကြည့်လွှဲကာ ကြည့်လိုက်သည်။

သူက အနီရောင်အရေပြားနှင့် ခပ်ထွားထွား ပုံရိပ်တစ်ခုက အခန်းအတွင်း ဝင်ရောက်လာသည်ကို မြင်လိုက်ရ၏။

“ကမ္ဘာဦးဖျက်ဆီးခြင်း … ခင်ဗျားအတွက် ဘာလုပ်ပေးရမလဲ” ဝမ်ဝေ့က တည်ငြိမ်စွာ မေးလိုက်သည်။

“ငါ သုံးသပ်တာ မှန်နေတာပဲ။ အပြင်ဘက်မှာ တိုက်ခိုက်နေတာက မင်းရဲ့ ကိုယ်ပွား။ တကယ့် ခန္ဓာကိုယ်က ဒဏ်ရာရပြီး အားနည်းနေတာပဲ”

“အဲဒါဆိုတော့”

“အဲဒါဆိုတော့ ဒါက ငါ့ရဲ့ အခွင့်အရေးပဲ”

“ကျုပ် တစ်ခါ ထပ်ပြောလိုက်မယ်။ ခင်ဗျား နောင်တရမဲ့အရာကို မလုပ်နဲ့”

“ငါ့ရဲ့ တာဝန်က ဘာပဲဖြစ်ဖြစ် ပြီးမြောက်တော့မှာပဲ။ မင်းက ရပ်တန့်ခဲ့တာ။ ငါက အဲဒီအချက်ကို လက်မခံနိုင်ဘူး” ကမ္ဘာဦးဖျက်ဆီးခြင်းက ပြောလိုက်သည်။

“ပြီးတော့ မင်းသာ ဒီကမ္ဘာမှာရှိနေရင် ပင်ကိုနတ်ဆိုးနတ်ဘုရားတွေအတွက် စည်ပင်ကြွယ်ဝဖို့ နေရာရှိလာမှာ မဟုတ်ဘူး”

“စည်ပင်ကြွယ်ဝဖို့တဲ့လား။ ဒါကို ရှေးခေတ်များ မှတ်နေလား” ဝမ်ဝေ့က သူ့လှောင်ပြောင်မှုကို ဖုံးကွယ်ထားခြင်းမရှိ မေးလိုက်သည်။

“ခင်ဗျားရဲ့ မျိုးနွယ်က ဒီကမ္ဘာကို ပြန်ရောက်လာတယ်ဆိုတာက ကျုပ်တို့ လူသားမျိုးနွယ်က ခွင့်ပြုခဲ့လို့ပဲ။ တကယ်လို့ ခင်ဗျားတို့နေရာမှာသာ နေမယ်ဆိုရင် သူ ရှိနိုင်သေးတယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ခင်ဗျားတို့ ဘိုးဘေးလိုမျိုး တူညီတဲ့ ကံကြမ္မာကို ခံစားသွားရလိမ့်မယ်”

“ငါတို့ရဲ့ နေရာမှာ နေရမှာတဲ့လား။ ငါတို့က ဒီကမ္ဘာရဲ့ သခင်ဖြစ်ခဲ့တာကွ” ကမ္ဘာဦးနတ်ဘုရားက အော်ပြောလိုက်သည်။

“အဓိကအချက်က ဖြစ်ခဲ့တယ်ဆိုတာလေ”

“ငါတို့တွေ ဘယ်လိုခံစားရတယ်ဆိုတာကို မင်း နားမလည်နိုင်ပါဘူး” ကမ္ဘာဦးနတ်ဘုရားက ပြောလိုက်သည်။

“မိုးမြေကနေ မွေးဖွားလာတဲ့ သက်ရှိတွေ အဖြစ် မှတ်ယူခဲ့ကြတယ်။ ဒါပေမဲ့ သူမက ငါတို့ကို မောင်းထုတ်ပြီးတော့ ငါတို့ရဲ့ တည်ရှိမှုကို စွန့်ပယ်ပြီး လူသားမျိုးနွယ်ကို ကမ္ဘာရဲ့ ဇာတ်လိုက်အဖြစ် ရွေးချယ်ခဲ့တယ်။ ဒီလိုသစ္စာဖောက်မှုမျိုးကို မင်း စဉ်းစားကြည့်လို့ရလို့လား။ ဒါက ဘယ်လောက်တောင် နာကျင်ပြီး ဝမ်းနည်းဖို့ကောင်းလိုက်လဲ။ ငါတို့တွေက လူသားတွေနဲ့ အေးအေးချမ်းချမ်း နေနိုင်မှာ မဟုတ်ဘူး။ နေလို့လဲ မရဘူး”

ဝမ်ဝေ့က ခေတ္တရပ်ကာ ပြောလိုက်သည်။

“ခင်ဗျားရဲ့ စကားတွေက ကျုပ်အမှားကို သဘောပေါက်သွားစေတာပဲ။ ပင်ကိုနတ်ဆိုးနတ်ဘုရားတွေရဲ့ မျိုးဆက်အသစ်က ခင်ဗျားလိုလူမျိုးကို လမ်းညွှန်မှုကို လိုအပ်မယ်လို့ ထင်နေခဲ့တာ။ ဒါပေမဲ့ မှားသွားခဲ့တယ်။ သူတို့တွေက အရင်ခေတ်ကာလက အတွေးအခေါ်တွေ မလိုအပ်ဘူး။ စတင်မှုအသစ်ပဲ လိုတယ်”

ကမ္ဘာဦးဖျက်ဆီးခြင်း၏ မျက်ဝန်းက အနီရောင် ပြောင်းလဲသွားသည်။ သူတို့ဘိုးဘေးများဆီမှ ဗဟုသုတမရှိဘဲ ပင်ကိုသက်ရှိများ၏ ခေတ်ကာလအသစ်ကို လွှမ်းမိုးဖို့ရာ လွယ်ကူလှသည်။ သူတို့က ကမ္ဘာ့သမိုင်းကြောင်းကို ဖတ်ရှုခဲ့လျှင်ပင် သူ့ဆီမှ သို့မဟုတ် သူတို့သွေးမျိုးဆက်မှ တွေ့ကြုံခံစားရခြင်းနှင့် တူညီမည် မဟုတ်ပေ။

“ဒီနေ့ ငါက မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့တယ်ဆိုတာကို မင်းက သက်သေပြပေးလိုက်တာပဲ” ကမ္ဘာဦးဖျက်ဆီးခြင်းက အော်ပြောပြီး ရှေ့ကို တိုးလာသည်။

သို့သော်လည်း သူက မလှုပ်ရှားနိုင်ခင် အရိပ်များစွာက မြေကြီးမှ ထွက်လာကာ သူ့ကို ဖမ်းဆီးပြီး မျက်လုံးအရွယ် အနက်ရောင်စက်လုံးအသွင် ပြောင်းလဲပစ်ခဲ့သည်။

ဝမ်ဝေ့က ဝမ်ကျူကို ကြည့်လိုက်ပြီး ခေါင်းအသာယမ်းလိုက်၏။ အကယ်၍ ဝမ်ကျူသာ ရှိမနေလျှင်ပင် ခုံရုံးက သူ့ပိုင်နက်ဖြစ်သည့်အတွက် အစီအရင် ပြည့်နှက်နေသည့် ဤနေရာအတွင်း သူ့ကိုသတ်ဖို့ရာ လွယ်ကူမည် မဟုတ်ပေ။

“သူ့ကို ဘာလုပ်လိုက်ရမလဲ” သူမက မေးလိုက်သည်။

“သူ့ဝိညာဉ်ကို ရှာလိုက်။ ပြီးတော့ ရှေးခေတ်အချိန်တုန်းက သူ့ရဲ့ ဗဟုသုတတွေက တန်ဖိုးရှိလောက်တယ်။ အဲဒီနောက်တော့ သူ့ရဲ့ ခန္ဓာကိုယ်ကို အကြီးအကဲတန့်ဆီ ပို့ပြီး ဆေးလုံး လုပ်ခိုင်းလိုက်။ အဲဒါက ငါ့ခန္ဓာကိုယ်လေ့ကျင့်ရေးဖြစ်စဉ်မှာ အထောက်အကူ ဖြစ်လိမ့်မယ်”

“သခင်လေး သဘောအတိုင်းပါပဲ”

ဝမ်ဝေ့က ခေါင်းညိတ်ပြီး တိုက်ပွဲကို အာရုံစိုက်လိုက်သည်။

“နောက်ထပ်ဘယ်သူကမှ ငါးစာ မဟပ်ကြတော့ဘူးလား”

“တချို့စောင့်ကြည့်နေတဲ့ အကြည့်တွေကိုတော့ ခံစားမိတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဝင်ရောက်မစွက်ဖက်ကြဘူး ထင်တယ်”

“နှမြောစရာပဲ”

ထိုစကားများပြောပြီးသည့်နောက်တွင် တိုက်ပွဲက ပြောင်းလဲသွားခဲ့၏။ ရှုရှစ်က စတင် သီဆိုကာ သူမ၏ အရှိန်အဝါက သိသိသာသာ တိုးမြင့်လာသည်။ လက်တစ်ချက်အဝှေ့တွင် သူမက သူမနှင့် တိုက်ခိုက်နေသည့် ပုံရိပ်ယောင်နှစ်ခုကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီး အစီအရင်အတွင်းရှိ အတုအယောင် ထာဝရဧကရာဇ်ဆီ ပြေးသွားခဲ့သည်။ သူမက သူ့ကို စည်းပိတ်ပြီးသည့်နောက်တွင် လေဟာနယ်တိုက်ပွဲကွင်းပြင်မှ ထွက်ခွာလာလိုက်၏။

ဟို့ဖုန်းဟွမ်က အံ့အားသင့်သွားပြီးသည့်နောက် အလျင်အမြန် တုံ့ပြန်ခဲ့သည်။ သူမက လက်ရှိ အစီအရင် ဖရိုဖရဲ ဖြစ်နေသည့် အခွင့်ကောင်းကို အရယူကာ သူမ၏ ပုံရိပ်ယောင်များနှင့် ဖြေရှင်းပြီး ဒုတိယမြောက် ထာဝရဧကရာဇ်ကို ဖမ်းဆီးကာ ထွက်လာခဲ့သည်။

ကိုယ်ပွားက ခေါင်းအသာယမ်းလိုက်၏။ နောက်ဆုံးတွင် သူက စွမ်းအားကုန်သုံးကာ အဖွဲ့ကို ဖြေရှင်းလိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက စည်းပိတ်ထားသည့်သူများနှင့်အတူ ခုံရုံးအတွင်း ပြန်လည်ရောက်ရှိလာ၏။

“ဟမ်” ဝမ်ဝေ့က စည်းတံဆိပ်များကို ကိုင်ဆောင်ရင်း ရေရွတ်လိုက်သည်။

“လက်သီးသူတော်စင်ဧကရာဇ်က ဘယ်မှာလဲ”

“သူ့ကို စည်းပိတ်တုန်း ပျောက်ကွယ်သွားတယ်။ ကြည့်ရတာ သူက သူ့စွမ်းအား အကုန်လုံးနဲ့ ကောင်းမွန်စွာ ဖန်တီးထားတဲ့ ကိုယ်ပွားကို သုံးခဲ့တဲ့ပုံပဲ”

“စိတ်ဝင်စားစရာပဲ။ သူက ဘယ်ကောင်းကင်အလိုဆန္ဒ ကမ္ဘာကလဲဆိုတာ သိလိုက်ရလား”

“ဒါပေါ့”

“ကောင်းပြီလေ။ ကိုယ်တိုင် ကိုယ်ကျ တိုက်ခိုက်ဖို့ မျှော်လင့်နေမယ်” လက်သီးသူတော်စင်ဧကရာဇ်က ကမ္ဘာမြေမှ သူ့အကြိုက်ဆုံး ရုပ်ပြဇာတ်လမ်းတစ်ခုဖြစ်သည့် “သံမဏိလက်သီး” ကို အမှတ်ရသွားစေသည်။

“ဝမ်ကျူ နောက်အဆင့်က မင်းပဲ ဖြေရှင်းလိုက်တော့။ ကံကြမ္မာ အရိပ်တပ်ဖွဲ့ဝင်တွေကို အဲဒီလူတွေရဲ့ ကမ္ဘာဆီ ပို့ပြီးတော့ အုတ်မြစ် တည်ဆောက်လိုက်။ သတင်းအချက်အလက်ကို စုဆောင်းပြီးတော့ အနှောင့်အယှက်တွေကို ဖယ်ရှားထားလိုက်။ ငါတို့တွေ အဆုံးမဲ့ လေဟာနယ်ကို စတင်ချဲ့ထွင်တဲ့အခါ သူတို့ရဲ့ ကမ္ဘာထဲက ပထမဦးဆုံး စမ်းသပ်မှု ဖြစ်လာလိမ့်မယ်”

ချဲ့ထွင်ရေးက အလွန်တရာအရေးကြီးပြီး အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည့် ဉာဏ်အလင်းပွင့်ဗိမာန်ကို တည်ထောင်ပြီးသွားပြီ ဖြစ်၏။ ကောင်းကင်အလိုဆန္ဒကမ္ဘာ အသိုက်အဝန်းတစ်လျှောက် ချဲ့ထွင်ပြီးသည့်နောက်တွင် သူ့အမေက ကုသိုလ်အလုံအလောက် စုစည်းကာ တာအိုကို သက်သေပြနိုင်လိမ့်မည်။ သို့သော်လည်း ဒိုင်မေးရှင်းအနိမ့်တွင် ကမ္ဘာ့အသိုက်အဝန်း ၃၇၉၉သာ ကျန်ရှိပြီး ထိုနေရာများတွင် ဗိမာန်ကို ဖန်တီးသည့် ကုသိုလ်က ဝမ်ဝေ့အပိုင် ဖြစ်လာလိမ့်မည်။

သို့သော်လည်း ကမ္ဘာများ၏ ၉၉ ရာခိုင်နှုန်းက နယ်ခြားများ ကျူးကျော်လာသည့် အချက်ကို သဘောကျကြမည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ဝေ့က ခုခံမှုကို မျှော်လင့်ထားပြီးသား ဖြစ်၏။ သူက ဉာဏ်အလင်းပွင့်ဗိမာန်ကို ဖြန့်ဝေဖို့ စစ်မက်ဆိုင်ရာ ချဉ်းကပ်မှုကိုသာ အသုံးပြုဖို့ ပြင်ဆင်မထားပေ။ သူက အကျိုးအမြတ်ကို မျှဝေခြင်းဖြင့် စီးပွားရေး လုပ်ဆောင်ဖို့ပါ ရည်ရွယ်ထား၏။

သူက ထိုတိုက်ခိုက်သူများ၏ ကမ္ဘာများကို ရှေ့ပြေးပုံစံအဖြစ် အသုံးပြုကာ ထိုဗိမာန်ကို ဖြန့်ဝေခြင်းအပေါ် ခွင့်ပြုခြင်းအပေါ် အကျိုးကျေးဇူးကို ပြသလိုက်မည်။ လက်ခံဖို့ ရွေးချယ်ထားသည့်သူများနှင့် အကျိုးအမြတ်တချို့ကို ဝေမျှပြီး အေးချမ်းသည့် ပေါင်းစည်းမှုမျိုး လုပ်ဆောင်ရမည်။

သူက လိုအပ်လာပါက အလွှာကြားမှ စစ်ပွဲကိုပင် ပြင်ဆင်ထား၏။

“ကျွန်မ ချက်ချင်း လုပ်လိုက်ပါ့မယ်” ဝမ်ကျူက ပြောပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။ သူမက တစ်ခါမှ မတည်ရှိဖူးသကဲ့လား ဖြစ်သည်။

“ဒီမှာ ဘာဖြစ်သွားတာလဲ” ကိုယ်ပွားက တစ်စုံတစ်ခုကို အာရုံခံမိကာ မေးလိုက်သည်။

“ ငါ လုပ်ခဲ့တဲ့ အမှားသေးသေးလေးကို ပြန်ပြင်နေတာလေ” သူက ပြောလိုက်သည်။

“အဲဒီအကြောင်း မစိုးရိမ်ပါနဲ့။ အခု ရှင်းလင်းရေးကို စလိုက်ကြရအောင်”

“ကောင်းပြီလေ”

ကိုယ်ပွားက ပျောက်ကွယ်သွားလေ၏။ သိပ်မကြာခင် ကမ္ဘာက အနည်းငယ် တုန်ခါသွားသည်။ အထူးသဖြင့် ပင်လယ်ပြင်ထံ ဖြစ်၏။ အဖြစ်အပျက်ကို မှန်းဆမိသည့်သူများက တိတ်တဆိတ်သာ သက်ပြင်းချလိုက်၏။

ကိစ္စများ ပုံမှန်ပြန်ဖြစ်ပြီး ဆယ်မိနစ်ခန့်ပင် မကြာသေးခင် ဝမ်ဝေ့က သူ့ရှေ့တွင် ရှိနေသည့် လူနှစ်ဦးကို ကြည့်လိုက်သည်။ သူ့အကြည့်များက ရေခဲတမျှ အေးစက်နေ၏။

“ငါ မင်းတို့ကို အခွင့်အရေး ဘယ်လောက်ပေးရမှာလဲ။ ငါက သက်ညှာလွန်းနေတာလား”

“အရှင်”

“ခင်ဗျားတို့တွေ ဘာမှပြောစရာ မလိုဘူး။ ဘာပဲဖြစ်ဖြစ် ဒီအခန်းကနေ ထွက်သွားလို့ရမှာ မဟုတ်ဘူး။ ခင်ဗျားတို့ကို ဒီတွေ့ဆုံခွင့်ပေးလိုက်တာက ခင်ဗျားတို့ရဲ့ သက်ဆိုင်ရာမျိုးနွယ်အတွက် သက်ညှာပေးဖို့ ဖျောင်းဖျနိုင်မလားဆိုတာ သိချင်လို့ပဲ”

“အရှင်…”

ဝမ်ဝေ့က သူတို့ပြောသည်ကို ကြားသော်လည်း အားလုံးက ဆူညံသံများသာ ဖြစ်၏။ သူက ပင်လယ်မျိုးနွယ်တွင် စိတ်ရှည်နေခဲ့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ထိုသူများသည် ပျက်သုဉ်းခြင်းလမ်းစဉ်ကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ထားဟန်ပေါ်သည်။

“ ကောင်းပြီလေ။ မင်းတို့မျိုးနွယ်ကို ကယ်ဖို့ ဘာမှပြောစရာမရှိမှတော့ … လုပ်လိုက်တော့”

All Chapters