သတင်းစကား
Vol. 73 Ch. 1019
ကိုယ်ပွားက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် မီးတောက်များ ပါဝင်နေသည့် မီးပြင်းဖိုတစ်ခုကို ထုတ်ဖော်ကာ ထိုထာဝရဦးသျှောင်နှစ်ယောက်ကို ဝါးမျိုစေလိုက်သည်။ သူတို့က သူတို့ကို မီးလောင်တိုက်သွင်းပစ်ခြင်း မဟုတ်သလို နှိပ်စက်နေခြင်းလည်း မဟုတ်ပေ။ ထိုအစား သူက ကံကြမ္မာကောင်း မီးတောက်ကို အသုံးပြုကာ သူတို့ကို အရင်းအမြစ်အဖြစ် သန့်စင်လိုက်ခြင်း ဖြစ်သည်။
သူတို့၏ ဝိညာဉ်နှင့် အင်မော်တယ်ချီများကို အသန့်စင်ဆုံးပုံစံအဖြစ် သန့်စင်ပြီး တာအိုအခွင့်အလမ်းဂိုဏ်းအတွက် ထာဝရဦးသျှောင်တစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ သန့်စင်သည့် စွမ်းအား ရှိလာစေသည်။
မီးပြင်းဖိုထဲရှိ အဖြူရောင်နှင့် အပြာရောင်သတ္တုလုံး နှစ်လုံး ထွက်ပေါ်လာ၏။ အဖြူရောင်သတ္တုလုံးတွင် သန့်စင်သည့် စွမ်းအားပါဝင်စဉ် ဒုတိယသတ္တုလုံးကမူ သန့်စင်သည့် အင်မော်တယ်ချီ ပါဝင်နေသည်။
“အပြည့်အဝ မပြီးဆုံးသေးဘူး” ကိုယ်ပွားက မှတ်ချက်ပေးလိုက်သည်။
“ဒုတိယတစ်ခုက ကျန်တာကို အဆုံးသတ်ဖို့ပဲ။ ဒါကို အသုံးပြုမဲ့အစား အုတ်မြစ်အနေနဲ့ထားဖို့ ပြောလိုက်”
တာအိုအခွင့်အလမ်းဂိုဏ်းအနေဖြင့် လက်ရှိအခြေအနေတွင် နောက်ထပ်ထာဝရပုဂ္ဂိုလ် တစ်ယောက် ရှိခြင်းက ဉာဏ်မရှိရာကျပေသည်။ ထို့ကြောင့် ထိုပစ္စည်းနှစ်ခုကို အရေးပေါ်အဖြစ် ချန်ထားခဲ့ခြင်း ဖြစ်၏။
ကိုယ်ပွားက လက်ဝှေ့လိုက်သည့်အခါ သတ္တုလုံးများက ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူက မေးလိုက်၏။
“အခု ဘာဆက်လုပ်မှာလဲ”
“ငါ လိုချင်တာကို ပြောပြီးသားလေ” ဝမ်ဝေ့က မေးလိုက်သည်။
“ဘာလဲ။ မင်းက သနားနေတာလား”
သူက ကိုယ်ပွားကို စနောက်ရသည့် အကြောင်းအရင်းက ထိုသူသည် သူ့စရိုက်နှင့် အနည်းငယ် ကွဲပြား၍ ဖြစ်သည်။ သူ့အနေဖြင့် တည်ရှိမှု ထိခိုက်ခြင်း ရလဒ်ကြောင့် ဒဏ်ရာကို ကိုယ်ပွားအပေါ် သက်ရောက်မှု မရှိအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“သူတို့တွေကို အကောင်းဆုံးနည်းလမ်းနဲ့ပဲ သုံးစေချင်တာပါ”
ဝမ်ဝေ့က ချက်ချင်း ရှင်းမပြသေးဘဲ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။
“ကမ္ဘာကြီးက ငါ ကိုင်တွယ်ဖြေရှင်းတဲ့ ပုံစံကြောင့် ပညာရှိဝိဇ္ဇာလို့တောင် သတ်မှတ်ထားကြတာ။ ငါက ငါ့စွမ်းအားကို ကြွားလုံးထုတ်ပေမဲ့ မလိုအပ်သရွေ့ အသုံးမပြုဘူး။ ဒါပေမဲ့ လိုအပ်လာတဲ့အခါမှာ ရက်စက်နိုင်တယ်ဆိုတာကို ပြဖို့ လိုတယ်”
“အဲ့လိုဆိုတော့ ပင်လယ်က သတိပေးချက် တစ်ခုပေါ့”
“ဟုတ်တယ်”
ကိုယ်ပွားက လက်ဖျောက်တီးလိုက်စဉ် တစ်ကမ္ဘာလုံးက ပြောင်းလဲသွားခဲ့သည်။ ဖန်းလုံနှင့် ပင်လယ်ခြင်္သေ့မျိုးနွယ်ဝင်များအားလုံးက တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားကြ၍ ဤဖြစ်ရပ်ကို ကြည့်နေသည့် ပင်လယ်မျိုးနွယ်ဝင်တိုင်းက ကြက်သီးတဖြန်းဖြန်း ထလာကြသည်။
ထိုမျိုးနွယ်နှစ်ခု၏ အင်မော်တယ်အဆင့်နှင့် ဆန့်ကျင်ကျင့်ကြံသူများက နောက်ဆုံးမှ ပျောက်ကွယ်သွားကြသည်။ သူတို့က ကံကြမ္မာကို ကာကွယ်ဖို့ ကြိုးစားခဲ့ကြပြီး မျိုးနွယ်၏ အစီအရင်နှင့် အသုံးအဆောင်ပစ္စည်းများကိုပင် အသက်သွင်းခဲ့ကြသည်။ သို့သော်လည်း အသုံးမဝင်ခဲ့ပေ။ သူတို့၏ ကံကြမ္မာက ပိုမိုမြင့်မားသည့် စွမ်းအားကြောင့် သုတ်သင်ခံလိုက်ရ၍ သူတို့၏ ကြိုးပမ်းမှုအားလုံးက အကျုံးမဝင်ခဲ့ပေ။
ထို့ကြောင့် ပင်လယ်မျိုးနွယ်၏ အားအကောင်းဆုံး မျိုးနွယ်စုနှစ်ခုက ကမ္ဘာမှ ပျောက်ကွယ်သွားပြီး သမိုင်း ဖြစ်လာခဲ့သည်။
အဆိုးဆုံးအခြေအနေက ထိုဧကရာဇ်မျိုးနွယ်နှစ်ခုနှင့် အရင်းအမြစ် အားလုံးကလည်း သူတို့နှင့်အတူ ပျောက်ကွယ်သွားခြင်း ဖြစ်၏။ သူတို့က လူများစွာက သူတို့ဘယ်ရောက်သွားကြကြောင်း မှန်းဆနိုင်လေသည်။ ထိုလက်ဖျောက်တီးမှုအောက်တွင် သက်ရောက်ခံရသည်ကား ပင်လယ်မျိုးနွယ် သာမကပေ။ သတင်းစကားကို ဖြန့်ဝေဖို့ နယ်ရုပ်အနေဖြင့် အသုံးချခံရသည့် မိစ္ဆာကျင့်ကြံသူများအားလုံးလည်း ပျောက်ကွယ်သွားလေ၏။
သို့သော်လည်း ဝမ်ဝေ့က အင်အားစုများကို သုတ်သင်မပစ်ခဲ့ပေ။ မိစ္ဆာကျင့်ကြံသူများက အားနည်းနေပြီဖြစ်သည့်အတွက် ချောင်ပိတ်ခံထားရသည့်ခွေးကို သွားရိုက်နေဖို့ မလိုတော့ပေ။
ကမ္ဘာတစ်ဝှမ်း ဖန်းလုံနှင့် ပင်လယ်ခြင်္သေ့မျိုးနွယ် ဖြစ်ရပ်ကြောင့် သက်ပြင်းချသံများ ထွက်ပေါ်လာသည်။ သူတို့က ထိုရက်စက်သည့် သတ်ဖြတ်မှုနောက်ကွယ်မှ သတင်းစကားကို နားလည်လိုက်၏။ သံတမန်ရေးရာကို အသုံးပြုဖို့ လိုလာသည့် ကောင်းကင်ဧကရာဇ်သည် လိုအပ်လာသည့်အခါ ရက်စက်ကြောင်း နားလည်သွားခဲ့သည်။
သူတို့က ဝိဇ္ဇာ သို့မဟုတ် ဉာဏ်ပညာကြီးသည့် အုပ်ချုပ်သူဟူသော ဂုဏ်ပုဒ်နှင့် ရရှိလာသည့် ချီးကျူးမှု၊ ဂုဏ်ကျက်သရေတို့ဖြင့် ကောင်းကင်ဧကရာဇ်ကို ချည်နှောင်မထားနိုင်ကြောင်း နားလည်သွားကြ၏။ ဝမ်ဝေ့ကို အမှန်တကယ် သိထားသည့်သူများကမူ ထိုအတွေးကို နားလည်ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ အကြွင်းမဲ့ လွတ်လပ်ခွင့်ကို လိုချင်သူတစ်ယောက်အနေဖြင့် ထိုကျင့်ဝတ်များဖြင့် မည်သို့ချည်နှောင်ထား၍ ရမည်နည်း။
“ပြီးသွားပြီ” ကိုယ်ပွားက ပြောလိုက်၍ ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“အဲဒါဆိုရင် ဧည့်သည်တွေကို သွားပြီး စောင့်ကြတာပေါ့”
သူက အပြင်ဘက် ထွက်လာသည့်အခါ ခုံရုံး၏ ယုံကြည်မှု စွမ်းအားက သိသိသာသာ တိုးမြင့်လာကြောင်း မြင်တွေ့လိုက်ရသည်။
“ကြည့်ရတာ ကာကွယ်မှုအတွက် အကြောက်တရားနဲ့လိုအင်ဆန္ဒတို့က ယုံကြည်မှုစွမ်းအားကို စုစည်းဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်တဲ့ပုံပဲ”
လူများက ပြင်ပမှ အန္တရာယ်ကို ခံစားမိစဉ် သူတို့က ဝမ်ဝေ့နှင့် တခြားနတ်ဘုရားများထံ ပိုမိုဆုတောင်းလာကြသည်။
“တခြားအတွေးတွေ လျှောက်တွေးမနေနဲ့ဦး” ကိုယ်ပွားက ပြောလိုက်သည်။
“ငါ သိပါတယ်။ ယုံကြည်မှုကို စုဆောင်းဖို့ အကြောက်တရားကို သုံးတာက နည်းလမ်းကောင်း မဟုတ်ဘူးဆိုတာပေါ့။” သူက ပြောလိုက်သည်။
“ကောင်းပြီလေ။ အနည်းဆုံးတော့ ငါ့ကမ္ဘာဆီမှာတော့ မဟုတ်ဘူး”
သူက ဆက်လက် လျှောက်လှမ်းလာရင်း ခုံရုံး၏ တချို့နေရာများဆီ သွားရောက်ကြည့်ခဲ့သည်။ သူက ပုံစံကို ကြည့်သည့်အချိန်တိုင်း သူ့အမြင်ရှိမှုကို ချီးကျူးမိ၏။ သူက ပထမဧည့်သည် ရောက်ရှိလာဖို့ သိပ်ကြာကြာ မစောင့်လိုက်ရပေ။
“အရှင် ပင်လယ်မျိုးနွယ်အတွက် ကျေးဇူးပြုပြီး လွတ်လမ်း ချန်ထားပေးပါဦး”
ဝမ်ဝေ့က ဒူးထောက်နေသည့်သူအား ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ သူက ထျန်းရှယ်မျိုးနွယ်မှ ဖြစ်၏။
“ငါက သွေးဆာနေတာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီကိစ္စထဲမှာ ပါဝင်နေတဲ့ လူနှစ်ယောက်ကိုပဲ ပစ်မှတ်ထားခဲ့တာ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော်လည်း ကိုယ်စားလှယ်က ထမရပ်သေးပေ။
“ကျေးဇူးပြုပြီး ကျုပ်တို့ကို အခွင့်အရေး တစ်ခုပေးပါ”
“ငါက မျှခြေညီသဘောတရားကို ယုံကြည်တယ်။ အဲဒါကြောင့် မင်းတို့ရဲ့ နတ်ဘုရားရာထူးတွေကို ဖယ်ရှားမပစ်ခဲ့ဘူး။ ဒါပေမဲ့ မင်းတို့တွေ ဒီလိုအရင်းအမြစ်တွေ ပိုင်ဆိုင်ထားရက်နဲ့ ထာဝရပုဂ္ဂိုလ်တစ်ယောက် မရှိတဲ့ အန္တရာယ်ကိုတော့ နားလည်ထားသင့်တယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ကျုပ် ကျုပ် ကျုပ်တို့နားလည်ပါတယ်”
“ကောင်းပြီ။ ဒီလိုဆိုရင် သွားလို့ရပြီ” ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် ထွက်ခွာသွားသည်။
ကိုယ်စားလှယ်က ထရပ်ကာ ရိုရိုကျိုးကျိုး ဦးညွှတ်ပြီးသည့်နောက် ထွက်သွားသည်။ သူက ပြန်ရောက်လာပြီးသည့်နောက်တွင် ပင်လယ်မျိုးနွယ်မှ အထက်ပိုင်းများကို စုဝေးကာ အစည်းအဝေး ကျင်းပခဲ့သည်။ ထိုအစည်းအဝေးအတွက် သူတို့က မည်သည့်တန်ကြေးဖြစ်စေ ထာဝရဦးသျှောင် တစ်ယောက်ကို မြန်မြန်ဆန်ဆန် ပြုစုပျိုးထောင်ဖို့သာ ဖြစ်သည်။
………………………………………..
ကြယ်တာရာသားရဲကမ္ဘာ
ထုံရို့ပင်းက သီးသန့်ကျင့်ကြံနေစဉ်အတွင်း အဆောင်တစ်ခုကို လက်ခံရရှိလိုက်ရသည်။ သူမက မျက်မှောင်ကြုတ်လိုက်၏။ သို့သော် သူမ၏ လူများ က အရေးပေါ်ကိစ္စ မဟုတ်သရွေ့ ဆက်သွယ်မည် မဟုတ်ကြောင်း သိနေသည်။ သူမက အံ့ဖွယ်အသိစိတ်ဖြင့် ဖတ်ကြည့်လိုက်၏။
“ကျစ်” သူက ကျိန်ဆဲလိုက်ပြီးသည့်နောက်တွင် အဆောင်ကို အသက်သွင်းကာ အသင်္ချေအင်ပါယာကမ္ဘာဆီ ပြန်လည် ရောက်ရှိလာသည်။ သူမက အင်မော်တယ်၊ ဆန့်ကျင့်ကျင့်ကြံသူနှင့် မဟာအကြီးအကဲများ စုဝေးနေသည့် မြို့တော်အရှင် အခန်းအတွင်း ရောက်ရှိလာသည်။
ထုံရို့ပင်းက ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်လွှတ်လိုက်၍ အားလုံးက ဒူးထောက်လိုက်ကြရသည်။
“ရှင်တို့တွေ တုံးအနေလား”
သူမ၏ အော်သံက ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။ ကံကောင်းစွာဖြင့် အခန်းက စည်းပိတ်ထားသည့်အတွက် မည်သည့်အသံမှ ထွက်ပေါ်မလာခဲ့ပေ။
“မြို့အရှင် ကျု်ပတို့ တောင်းပန်ပါတယ်။ ကျုပ်တို့ အဖြစ်အပျက်ကို သဘောပေါက်သွားတဲ့အခါမှာ နောက်ကျလွန်းသွားခဲ့ပြီ”
ထုံရို့ပင်းက လက်သီးကျစ်ကျစ် ဆုပ်ထားရင်း သွေးများဖြင့် ထွက်လာသည်။ သူမက ထိုလူများ လုပ်ခဲ့သည့် တုံးအအအရာများကြောင့် စိတ်ခံစားချက်ကို ထိန်းချုပ်မှု ကင်းလွတ်လုနီးပါး ဖြစ်သွားရ၏။ ပို၍ဆိုးရွားသည်က သူမ၏ ကိုယ်ပွားသည် အချိန်မီ သတိမထားမိသလို မရပ်တန့်နိုင်ခဲ့ပေ။
ငါ့အမှားပဲ။ ငါ ပိုပြီးကောင်းတဲ့ ကိုယ်ပွားကို ချန်ထားခဲ့သင့်တာ…
သူမက စိတ်ငြိမ်အောင် ထိန်းပြီးသည့်နောက်တွင် တွေးလိုက်သည်။ သူမက ကြယ်တာရာ သားရဲကမ္ဘာကို အာရုံစိုက်ထားလွန်းပြီး မွေးရပ်မြေကို လျစ်လျူရှုထားခဲ့မိသည်။
“ဘယ်သူက တာဝန်ရှိတာလဲ”
သူမက ထိုမေးခွန်းကို မေးပြီးသည့်နောက်တွင် အခန်းက တိတ်ဆိတ်သွားလေ၏။
ကံကောင်းစွာဖြင့် တစ်စုံတစ်ယောက်က ထုံရို့ပင်းသည် သောင်းကျန်းတော့မည်ကို မြင်တွေ့ပြီး အမှန်တရားကို ထုတ်ဖော်လာခဲ့သည်။
လူ၅ယောက်က ဆင့်ခေါ်ခံလိုက်ရပြီး ထုံရို့ပင်းက သူတို့ကို အမုန်းတရားကို ဖုံးကွယ်ထားခြင်းမရှိ ကြည့်လိုက်သည်။
“ကျွန်မရဲ့ ကိုယ်ပိုင်မျိုးနွယ်တောင်မှပဲ…”သူမက မှတ်ချက်ပေးလိုက်သည်။ သူမ၏ အသံတွင် စိတ်ပျက်နေမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
အဆောင်ဘိုးဘေးက မျိုးနွယ်များကို သဘောမကျပေ။ ထို့ကြောင့် သူက အနာဂတ်ဧကရာဇ်များအား မိသားစုများ ချန်ထားခြင်းကို တားထားသည်။ ထိုအစား မြို့တော်က အဆက်အနွယ်များ၊ ကျောင်းတော်၏ အတွေးအခေါ် သို့မဟုတ် အဆောင် ပြုလုပ်သည့် နည်းလမ်းများဖြင့် ဖွဲ့စည်းထားလေသည်။
တရားခံ ၅ယောက်အနက် အားနည်းဆုံးက ထာဝရဦးသျှောင်ဖြစ်ကာ အားအကြီးဆုံးက ပထမတန်းစား ဆန့်ကျင်ကျင့်ကြံသူ ဖြစ်သည်။ သို့သော်လည်း ထိပ်သီး ပထမတန်းစားအဆင့်တော့ မဟုတ်ပေ။
ထုံရို့ပင်းက ထိုသူများကို ကြည့်ကာ လက်ဝှေ့လိုက်၏။ အဖြူရောင်အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ၅ယောက်၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်က ကွယ်ပျောက်သွားကာ ဦးခေါင်း ၅ခုသာ ချန်ရစ်ခဲ့သည်။
“ကျွန်မ ဒီကိစ္စကို ရှင်းလိုက်မယ်” သူမက အေးစက်စက် ပြောပြီးသည့်နောက်တွင် ပျောက်ကွယ်သွားသည်။
……………………………………………………
ကောင်းကင်ခုံရုံး
ဝမ်ဝေ့က ရေကန်အနီး ငါးမျှားနေသည်။ ထိုနေရာက သူ့အကြိုက်ဆုံး နေရာတစ်ခု ဖြစ်လာခဲ့၏။
“မင်းကို စောင့်နေတာ” သူက ငါးမျှားတာကို မရပ်တန့်ဘဲ ပြောလိုက်သည်။
“ဖြစ်ပျက်အတွက် ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ မသိခဲ့ဘူး” ထုံရို့ပင်းက ၉၀ဒီဂရီ ဦးညွှတ်ကာ ပြောလိုက်သည်။
“ငါ သိပါတယ်။ အဲဒါကြောင့် မင်းကို ဖြေရှင်းဖို့ ချန်ထားခဲ့တာ။”
“ဒါက ကျွန်မရဲ့ ဖြေရှင်းချက်ပါပဲ။”
ဝမ်ဝေ့က မလှုပ်ရှားဘဲ အံ့ဖွယ်အသိစိတ်ဖြင့် ကြည့်လိုက်သည်။ ထုံရို့ပင်းက သူ့ကို ဦးခေါင်း ၅လုံးနှင့်အတူ ရွှေရောင်ကုသိုလ် ပမာဏအနည်းငယ် ပေးအပ်လာသည်။
“အမြဲတမ်း ဆုံးဖြတ်ချက် ပြတ်သားနေတာပဲ။ ဒါပေမဲ့ မလုံလောက်သေးဘူး”
ထုံရို့ပင်းက အံကြိတ်လိုက်မိသည်။ သူမက ကြယ်တာရာသားရဲကမ္ဘာတွင် အဆောင်လက်နက် ပြန်လည်ဖန်တီးခဲ့၍ ဤလက်ဆောင်မျိုးကို အသုံးပြုနိုင်ခြင်း ဖြစ်၏။ သို့သော်လည်း သူမက သီးသန့်ကျင့်ကြံရေးအတွက် အများစုကို စုပ်ယူထားပြီးသား ဖြစ်သည့်အတွက် များများစားစား မကျန်ရှိတော့ပေ။ ထို့အပြင် သူမက မြို့တော်၏ အကြီးမားဆုံး ရတနာကို ဝမ်ဝေ့ထံ ချေးငှားထားပြီးသားဖြစ်၏။
သူမ အသုံးပြုနိုင်သော တခြားသော အရင်းအမြစ်များအတွက်မူ ထိုမျှတန်ဖိုးမကြီးပေ။ သူမက အလားအလာကောင်းသည့် ဧကရာဇ်လက်နက်ကို ဖန်တီးလိုသည်။ ထို့ကြောင့် သူမက မြို့တော်၏ သိမ်းဆည်းထားသော ဧကရာဇ်အဆင့် သတ္တုများကို အသုံးပြုခဲ့ပြီး သူတို့၏ ပစ္စည်းများအတွက် နယ်ခြားဧကရာဇ် အသုံးအဆောင်ပစ္စည်းများကိုပင် ပြုပြင်ပစ်ခဲ့သည်။
သူမက ကြယ်တာရာသားရဲကမ္ဘာမှ အရင်းအမြစ်များကို သုံးလောက်အောင်အထိ တုံးအနေခြင်း မရှိပေ။ သူမနှင့် မူလိန်တို့ကြားတွင် သူတို့၏ အရင်းအမြစ်များက သေချာသည့် အနေအထားတစ်ခု ပိုင်းခြားထားကြောင်း ပြောစရာမလိုသည့် သဘောတူညီချက် ရှိထားသည်။
ထုံရို့ပင်း၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီး ဖြေရှင်းနည်းကို စဉ်းစားနေလေသည်။
နောက်ဆုံးတွင် သူမက တစ်စုံတစ်ခုကို တွေးမိသွား၏။
“ကျွန်မ ရှင့်အပေါ်ကို အကြွေးတင်သွားပြီ”
ဤကမ္ဘာတွင် ကတိစကားတစ်ခုထက် ဘယ်အရာမှ တန်ကြေးမဖြတ်နိုင်ပေ။ ထို့ကြောင့် သူမက အသုံးပြုလိုက်ခြင်း ဖြစ်၏။
နောက်ဆုံးတွင် သူက လုပ်လက်စ ရပ်ကာ လှည့်ကြည့်လာခဲ့သည်။
“အဲဒါက ဘာအဓိပ္ပာယ်လဲဆိုတာကို သိတယ်မလား”
“ကျွန်မ သိပါတယ်။ ဒါပေမဲ့ အဲ့လိုလုပ်ဖို့ပဲ ရွေးချယ်နေတုန်းပဲ” ထုံရို့ပင်းက ဝမ်ဝေ့၏ ခွင့်လွှတ်မှုကို ရယူဖို့က ကိစ္စတစ်ခု ဖြစ်သော်လည်း ပို၍အရေးကြီးသည်က သူမတို့ ယခင် တည်ဆောက်ထားသည့် ယုံကြည်မှုကို ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်နေလေသည်။
“ကောင်းပြီလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“ငါ လိုချင်တာရှိတယ်”