ဗလာခေတ်ကာလ၏ လျှို့ဝှက်ချက်များ
Vol. 73 Ch. 1020
“ချောက်နက်အကြောင်း ကြားဖူးလား”
ထုံရို့ပင်းက ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်ကာ “နည်းနည်းပဲသိတယ်။ အဲဒါက အဆုံးမဲ့လေဟာနယ်ထဲက တားမြစ်နယ်မြေတစ်ခုမလား”
သူမက ကြယ်တာရာသခင်တောင်တွင် မှတ်တမ်းတချို့ကို ဖတ်ခဲ့ဖူးသည်။ သို့သော်လည်း ထိုနေရာတွင် ကိန်းအောင်းနေသည့် လျှို့ဝှက်ချက်ကို ထုတ်ဖော်ထားခြင်း မရှိပေ။
“မင်း အဲဒီနေရာကို သွားပြီးတော့ အသုံးဝင်တဲ့ သတင်းအချက်အလက် ယူပေးဖို့ လိုတယ်” ဝမ်ဝေ့က လက်ကိုဝှေ့ပြီး သူမထံ ကျောက်စိမ်းအဆောင်တစ်ခုကို ပေးလိုက်သည်။
“ဒီအဆောင်က ငါ့ရဲ့ အထွတ်အထိပ်စွမ်းအားကို ပေးလိမ့်မယ်။ မဝင်ခင်မှာ သုံးပြီးတော့ အဲဒီချောက်နက်နဲ့ ပတ်သက်ပြီး အဖိုးတန်တဲ့ သတင်းအချက်အလက် ရအောင် လုပ်ခဲ့”
ထုံရို့ပင်းက အဆောင်ကို ကြည့်ကာ “ကျွန်မ ပြင်ဆင်ချိန်ရမလား”
“ဒါပေါ့။ ဒါပေမဲ့ အရမ်းကြီးမကြာစေနဲ့”
ထုံရို့ပင်းက ဦးညွှတ်ကာ ပျောက်ကွယ်သွားလေသည်။ သူမက လုပ်စရာအများကြီး ရှိနေလေ၏။ ပထမဦးစွာ ယခင် ဖြစ်ခဲ့သမျှအမှားကို ထပ်မံဖြစ်မလာစေရန် ကောင်းမွန်သည့် ကိုယ်ပွားတစ်ခုကို ပြုစုပျိုးထောင်ပေးရမည်။ ထိုဖြစ်စဉ်က တစ်နှစ်ကျော် ကြာမြင့်ခဲ့သည်။ သူမ ပြီးမြောက်သွားသည့်အခါ ကြယ်တာရာသားရဲကမ္ဘာဆီ ပြန်သွားခဲ့၏။
“ဘာဖြစ်နေတာလဲ” မူလိန်က သူမ၏ ထွက်ခွာသွားမှုကို အာရုံခံမိကာ ပုံရိပ်ယောင် စေလွှတ်၍ မေးလာခဲ့သည်။
ထုံရို့ပင်းက သက်ပြင်းချကာ အရာအားလုံးကို ရှင်းပြခဲ့၏။
“ဒီအချိန်မှာမှ ဘာလို့ ဉာဏ်မထက်ရတာလဲ” မူလိန်က ညည်းတွားလိုက်သည်။
“ငါတို့ ခုံရုံးထဲက ရာထူးတွေကို ပေးလို့ရတယ်လေ။ ဘာလို့ ဒီလို စွန့်စားနေမှာလဲ”
“မဟုတ်ဘူး။ သူ့ရဲ့လက်တံတွေကို ဒီကမ္ဘာထိ ပျံ့နှံ့ခွင့်မပြုနိုင်ဘူး” ထုံရို့ပင်းက ပြောလိုက်၍ မူလိန်က သက်ပြင်းသာချလိုက်သည်။
“ကိုယ် သီးသန့်ကျင့်ကြံတာ ပြီးတော့မှာ။ ကိုယ့်ကို စောင့်နေ။ ကိုယ် ထွက်ခဲ့မယ်”
“မလိုဘူး။ ဒါက ကျွန်မရဲ့ ကိစ္စဆိုတော့ ကျွန်မဘာသာ ကျွန်မ ဖြေရှင်းလိုက်မယ်”
ထုံရို့ပင်းက တုံ့ဆိုင်းခြင်းမရှိ ငြင်းဆန်လိုက်သည်။ သူမက ထိုအန္တရာယ်မျိုးထဲ သူ့ကို မဆွဲသွင်းလိုပေ။
“ပြီးတော့ ကိစ္စတွေက အဲ့လောက်ကြီး မဆိုးရွားပါဘူး”
“အဲ့လောက်ကြီး မဆိုးရွားဘူးတဲ့လား။ ချောက်နက်က ဘယ်လောက်အန္တရာယ်များလဲဆိုတာ သိလား။ ဧကရာဇ်ထောင်ချီက အဲဒီအရာကို စည်းပိတ်ခဲ့ရတာ။ ဒါပေမဲ့ အဲ့က ထုတ်လွှတ်တဲ့ အရှိန်အဝါကတင် စည်းတံဆိပ်ကို ဆက်တိုက် တိုက်စားနေခဲ့တာ။ မျိုးဆက်တိုင်းသာ ပြန်လည်စည်းပိတ်တဲ့ ဖြစ်စဉ် မရှိရင် ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်မလဲဆိုတာကို ကောင်းကင်ဘုံပဲ သိလိမ့်မယ်”
ထုံရို့ပင်းက တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူ့မလက်ထဲမှ အဆောင်ကို ကြည့်လိုက်၏။
“အဲဒါက တကယ်ကို ကပ်ဘေးတစ်ခုပဲ။ ဒါပေမဲ့ အခွင့်အရေးတစ်ခုလည်း ဟုတ်တယ်”
ဝမ်ဝေ့နှင့် သက်ဆိုင်နေသည့် အရာများက အန္တရာယ်ကြီးသလို အခွင့်အရေးလည်း ဖြစ်ပေသည်။ သူမက ထိုအရာကို သိထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ထို့ကြောင့် သူက မည်မျှကြောက်ဖို့ကောင်းမှန်း သိနေရက်ဖြင့် ဝေးဝေးမနေနိုင်သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။
“ဒီအဆောင်နဲ့ ပြင်ဆင်မှုတချို့နဲ့ လုပ်မယ်ဆိုရင် အဆိုးဆုံးအခြေအနေက မပြီးမပြတ် အခြေအနေ ရောက်သွားရုံလောက်ပါပဲ”
မူလိန်၏ ပုံရိပ်ယောင်က သူမကို စိုက်ကြည့်လိုက်သည်။ သူမက ဆုံးဖြတ်ချက် မပြောင်းလဲကြောင်း သိနေ၏။
ထိုအကြည့်များက သူမ၏ ခေါင်းမာနေစဉ်အခါကို ပြန်လည်အမှတ်ရသွားစေသည်။ ထို့ကြောင့် သူက သက်ပြင်းချကာ ပြောလိုက်၏။
“မင်းကို အသက်ပြန်သွင်းဖို့ ပြင်ဆင်ပေးမယ်”
ထုံရို့ပင်းက ချောက်နက်ထဲ ချက်ချင်း မသွားသေးဘဲ ကုန်သွယ်ရေးဗဟိုချက်မှ ထိုအရာနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို စုစည်းခဲ့သည်။
နောက်ဆုံးတွင် သူမက အဆောင်ကို အသက်သွင်းကာ ဝင်ရောက်ခဲ့၏။
…………………………………………………………………
အသင်္ချေအင်ပါယာ၊ ကောင်းကင်ခုံရုံး
ဝမ်ဝေ့က အဆောင်၏ ပျောက်ကွယ်သွားမှုကို ခံစားမိ၍ မျက်လုံးဖွင့်လာသည်။ သူက စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေလေ၏။ သူက သီးသန့်ကျင့်ကြံရေး ပြန်လည်ဝင်ရောက်တော့မည့်ဆဲဆဲတွင် ဝမ်ကျူဆီမှ သတင်းကို လက်ခံရရှိလိုက်သည်။ ခဏအကြာတွင် သူမက အခန်းအတွင်း ရောက်ရှိလာ၏။
“ပြီးသွားပြီလား”
“ဟုတ်ကဲ့” သူမက ကမ္ဘာဦးဖျက်ဆီးခြင်း၏ မှတ်ဉာဏ်များကို ဝမ်ဝေ့ထံ ပေးလိုက်သည်။
ကမ္ဘာဦးဖျက်ဆီးခြင်းက အကြောင်းအရင်းတချို့ကြောင့် ထူးကဲသည့် ကမ္ဘာဦးနတ်ဘုရား ဖြစ်ခဲ့သည်။ စစ်ပွဲအတွင်း ပင်ကို နတ်ဆိုးနတ်ဘုရားများက ဤစစ်ပွဲအတွင်း အနိုင်ရရှိရန် ဆင့်ကဲပြောင်းလဲဖို့ လိုအပ်ကြောင်း သဘောပေါက်သွားခဲ့ကြသည်။ သူတို့၏ အိုဟောင်းကာ ရှေးရိုးဆန်သည့် နည်းလမ်းများက မလုံလောက်ကြောင်း သိသွားကြ၏။
ထိုအတွေးက နတ်ဆိုးမျိုးနွယ်ကို ဖန်တီးသည့် ရလဒ် ဖြစ်လာခဲ့သည်။ သို့သော် ထိုလက်အောက်ခံ မျိုးနွယ်က သူတို့၏ မျိုးနွယ်ကို စွန့်ပစ်ကာ ကမ္ဘာများထဲ ကောင်းကင်အလိုဆန္ဒကို ရယူခဲ့ကြသည်။
ထိုအတွေးအခေါ်အတွက် နောက်ထပ်ဖန်တီးမှုတစ်ခုက ဆင့်ကဲပြောင်းလဲမှု စီမံကိန်း ဖြစ်သည်။ ပင်ကိုနတ်ဆိုးနတ်ဘုရားများက သူတို့၏ တင်းကြပ်သည့် ဝါစဉ်အဖွဲ့အစည်းသည် ဤစစ်ပွဲအတွင်း ဝန်ထုပ် ဖြစ်လာကြောင်း သိထားကြ၏။ အထူးသဖြင့် လူသားများ၏ များပြားလှသည့် လူဦးရေနှင့် အကန့်အသတ်မဲ့ ကြီးထွားနိုင်စွမ်းနှင့် ယှဉ်လာနိုင်သည့်အခါတွင် ဖြစ်သည်။
သူတို့က သူတို့၏ သွေးမျိုးဆက်ကို ဆင့်ကဲပြောင်းလဲဖို့ နည်းလမ်း ရှာဖွေခဲ့ကြသည်။ ထိုစီမံကိန်း၏ အောင်မြင်မှုက ကြယ်တစ်လုံးယွမ်ထီ အလားအလာရှိသည့် ပင်ကိုနတ်ဆိုးနတ်ဘုရားများကို မွေးဖွားခွင့်ပြုလာပြီး သူတို့ သွေးမျိုးဆက်၏ ကန့်သတ်ချက်ကို ချိုးဖောက်ကာ မြင့်မားသည့် အဆင့်ကို ရောက်ရှိနိုင်လိမ့်မည်။
ကမ္ဘာဦးဖျက်ဆီးခြင်းက ကြယ်၂လုံး အလားအလာဖြင့် မွေးဖွားခဲ့သော်လည်း သူ့ကန့်သတ်ချက်ကို ချိုးဖောက်ကာ ကြယ် ၆လုံးအထိ ရရှိနိုင်ခဲ့သည်။
သို့သော်လည်း ထိုအရာက သူ့ကို ထူးကဲနေအောင် လုပ်ထားသည့် အချက် မဟုတ်သေးပေ။ သူက အဆင့်ကို ချိုးဖောက်ကာ ကမ္ဘာဦး သို့မဟုတ် ရာထူးဟူသော ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့သည့် ပထမဦးဆုံး ကန့်သတ်ချက်ချိုးဖောက်သည့် သက်ရှိဖြစ်နေ၍ ဖြစ်သည်။
ကမ္ဘာဦးနတ်ဘုရားများ၏ အဖွဲ့အစည်းအရ ကမ္ဘာပေါ်တွင် ပထမဆုံး နတ်ဘုရားဖြစ်သည့် သူတို့ဘိုးဘေးများကသာ ကမ္ဘာဦးဟူသော နာမည်ကို အသုံးပြုနိုင်ကြသည်။
နောက်ဆုံးတွင် စည်းမျဉ်းက ပြောင်းလဲသွားပြီး ကမ္ဘာဦးခေတ်ကာ၏ အစောပိုင်းတွင် မွေးဖွားလာသည့် သူများအတွက် အရေးသာမှုတစ်ခုဖြစ်သည့် ကြယ်၆လုံး စွမ်းအားရှိသည့်သူတိုင်းအတွက် ပါဝင်လာခဲ့သည်။
စစ်ပွဲအတွင်း ထိုဂုဏ်ပုဒ်ကို ရယူဖို့ ကြယ် ၆လုံး စွမ်းအားရရှိသည့်သူများကို ခွင့်ပြုကာ စည်းမျဉ်းများပြောင်းလဲခဲ့သော်လည်း အာဏာပိုင်းအခြေအနေအရ လူများစွာအား ထိုဂုဏ်ပုဒ်ကို ရယူခြင်းမှ တားဆီးထားခဲ့သည်။ နမူနာအနေဖြင့် ကမ္ဘာဦးဖျက်ဆီးခြင်းသည် ကြယ်၆လုံးကို ရောက်ရှိဖို့ ပထမဦးဆုံးကန့်သတ်ချက်ချိုးဖောက်သူ မဟုတ်ခဲ့သော်လည်း ကမ္ဘာဦးနာမည်ကို ပထမဦးဆုံးရရှိခဲ့သူ ဖြစ်သည်။
ကမ္ဘာဦးဖျက်ဆီးခြင်း၏ မှတ်ဉာဏ်မှ ဝမ်ဝေ့သည် ပင်ကိုနတ်ဆိုးနတ်ဘုရားများ၏ အဖွဲ့အစည်းနှင့် စစ်ပွဲ၏ ရက်စက်မှုအကြောင်းကို သိခဲ့ရသည်။ သူက သူ သံသယရှိနေသည့် လျှို့ဝှက်ချက် တချို့ကို သင်ယူခဲ့ပြီး အတည်ပြုနိုင်ခဲ့သည်။
ပင်ကိုဟော်သဲ့စစ်ပွဲက ဒိုင်မေးရှင်းအနိမ့်တွင်သာ ဖြစ်ပွားခဲ့သည့်အရာ မဟုတ်ဘဲ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင်ပင် ဧရာမတိုက်ပွဲကြီးတစ်ခု အစပြုခဲ့သည်။ ဒိုင်မေးရှင်းအနိမ့်ရှိ နှစ်ဖက်လုံးက ဒိုင်မေးရှင်းအမြင့်မှ အကူအညီနှင့် အထောက်အပံ့များကို ယူကြရသည်။
ထို့အပြင် ဝမ်ဝေ့က အင်မော်တယ်အဆင့် ပုဂ္ဂိုလ်များဖြစ်သည့် မဟာဧကရာဇ် အများစုသည် အဘယ်ကြောင့် မတက်လှမ်းလဲ သိသွားရ၏။ ထိုအရာသည် ပတ်ဝန်းကျင်က သူတို့၏ ကျင့်ကြံရေးကို ထောက်ပံ့နေသည့် အချက်ကြောင့် မဟုတ်ပေ။
အဓိကအကြောင်းအရင်းကမူ ဒိုင်မေးရှင်းအမြင့်ရှိ တိုက်ပွဲသည် ပိုမိုကြမ်းတမ်းလွန်းပြီး မည်သူကမှ တက်လှမ်းသွားပြီး အမြှောက်စာ မဖြစ်လိုကြပေ။ သူတို့က ထိုတိုက်ပွဲကြီးအတွင်း အမြှောက်စာကလွဲ၍ ဘာမှဖြစ်မလာနိုင်ကြောင်း သိထားကြ၏။
သူတို့အတွက် ကံကောင်းသွားသည်က ဒိုင်မေးရှင်းအနိမ့်ရှိ တိုက်ပွဲသည် ဒိုင်မေးရှင်းအမြင့်အတွက်ပါ အရေးပါနေခဲ့သည်။ ထို့ကြောင့် သူတို့က အရင်းအမြစ်ပုံစံဖြင့် ထောက်ပံ့မှုကို ရရှိခဲ့ကြသည်။ ဟော်သဲ့အထွတ်အထိပ် ၁၂ယောက်က အားကောင်းသည့် အစီအရင်ကို အသုံးပြုကာ တစ်ဖက်လူကို ထိနှက်ချက် ပေးနိုင်ခဲ့သည်နှင့် သူတို့ကလည်း တိုက်ပွဲကို အနိုင်ရရှိကာ ဒိုင်မေးရှင်းအမြင့်၏ ချီကံကောင်းမှုနှင့် ကြမ္မာကို ကောင်းချီးပေးပြီး တိုက်ပွဲကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။
ဒိုင်မေးရှင်းအမြင့် ပင်ကိုသက်ရှိများက ထိုရှုံးနိမ့်မှုကို အလွယ်တကူ လက်ခံကြမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က ကျန်ရှိနေသည့် အသက်ရှင်ကျန်သူများအတွက် နောက်ဆုတ်လိုက်ပြီး ပင်ကိုနတ်ဆိုးနတ်ဘုရားများ၏ ကံကောင်းမှုကို ပြန်လည်ဖွဲ့စည်းဖို့ နည်းလမ်းရှာဖို့ လူတချို့သာ ချန်ထားခဲ့သည်။
ကမ္ဘာဦးဖျက်ဆီးခြင်းက တစ်ဦးတည်းသောသူ မဟုတ်ပေ။ သူက အသင်္ချေအင်ပါယာကမ္ဘာတွင် တစ်ဦးတည်းသောသူ မကဘဲ ဤအလွှာတွင် ကျန်ရှိနေသည့် တစ်ဦးတည်းသောသူ ဖြစ်နေသည်။
သူတို့လူများ ထွက်သွားပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအမြင့်က လက်တုံ့ပြန်လာကြသည်။ သူတို့က ဒိုင်မေးရှင်းအနိမ့်၏ သမိုင်းကြောင်းကို တိုက်ခိုက်ပြီး မှတ်တမ်း ၉၉ ရာခိုင်နှုန်းကို ဖယ်ရှားကာ ကျင့်ကြံရေးအဖွဲ့အစည်းကို အစမှ ပြန်လည်စတင်အောင် ဖိအားပေးခဲ့သည်။ သူတို့က အသက်ရှင်နေသည့် ဧကရာဇ်များကို တက်လှမ်းအောင် ဖိအားပေးခဲ့ပြီး ကျင့်ကြံရေးအဖွဲ့အစည်း ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေးမပေးခဲ့ပေ။
ထို့ကြောင့် ဗလာခေတ်ကာလမတိုင်ခင် သတင်းအချက်အလက်ကို ထိန်းထားနိုင်သည့် ကမ္ဘာအနည်းငယ်က ကံကောင်းလွန်းလှသည်။
ဝမ်ဝေ့က မျက်လုံးဖွင့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ ထိုမှတ်ဉာဏ်များက အဖိုးတန်လွန်း၍ လျှို့ဝှက်ချက် အနည်းငယ်ပင် သင်ယူလိုက်ရသည်။ သူက အချိန်မြစ်ကြောင်းကို လေ့လာခြင်းမှတဆင့် အဘယ်ကြောင့် ဝေဝါးနေမှန်း နားလည်သွားခဲ့သည်။
အဲဒီခေတ်ကာလက မဟာဧကရာဇ်တွေ တော်တော်များများက အသက်မရှင်တော့ဘူးဆိုတာကိုတော့ နားလည်လို့ရပါတယ်…
သူက တွေးလိုက်သည်။ စစ်ပွဲအတွင်း အသက်ရှင်သန်ပြီးသည့်နောက်တွင် သူတို့က တက်လှမ်းဖို့ ဖိအားပေးခံရပြီး ပိုမိုဆိုးရွားသည့် တိုက်ပွဲအတွင်း ဆင်နွှဲခဲ့ရသည်။ စံပြ၊ တာအိုအုပ်ချုပ်သူ၊ ထာဝရဘုရင်နှင့် ကောင်းကင်ဧကရာဇ်များ ပြည့်နှက်နေသည့် စစ်ပွဲအတွင်း အသက်ရှင်သန်ဖို့က မည်မျှပင် ကံကောင်းဖို့ လိုကြောင်း သိထား၏။
အကယ်၍ စစ်ပွဲက ဟော်သဲ့သက်ရှိများသည် ပင်ကိုသက်ရှိများဖြင့် အမှန်တကယ် ရင်ဆိုင်နေရပါက မကောင်းဆိုးဝါး နတ်ဘုရားများသည်လည်း ပါဝင်ဆင်နွှဲလာနိုင်သည်။
ထိုအတွေ့အကြုံအပြီးတွင် ဝမ်ဝေ့က သူ့ဘိုးဘေးဖြစ်သူ ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်သည် သမိုင်းကြောင်းက ပြောထားသလိုမျိုး မဆိုးရွားကြောင်း ယုံကြည်သွား၏။ ထိုသူက ချီယွင် တက်လှမ်းသွားသည့်အခါ စံပြ ဖြစ်နေလောက်လေပြီ။
စံပြတစ်ယောက်ကသာ သူ့နောက်ကို လိုက်ဖမ်းပါက ချီယွမ်တွင် အခွင့်အရေး ရလာမည် မဟုတ်ပေ။ အထူးသဖြင့် သူက ဒိုင်မေးရှင်းအမြင့်တွင် နောက်ခံ မရှိသေးသည့် အခြေအနေတွင် ဖြစ်၏။
“မင်း ကောင်းကောင်း လုပ်ခဲ့တယ်” ဝမ်ဝေ့က ဝမ်ကျူကို ပြောလိုက်၏။
“ကျွန်မ အကူအညီဖြစ်သရွေ့ ကျေနပ်ပါတယ်”
ဝမ်ဝေ့က ခေါင်းညိတ်ကာ “နောက်ထပ်ရှိသေးလား”
“ကုန်သွယ်ရေးဗဟိုချက်နဲ့ ပတ်သက်ပြီးတော့ သခင်လေးရဲ့ ရည်ရွယ်ချက်ကို သိချင်လို့ပါ”
“ငါက ဘာလို့ သူတို့ကို ချက်ချင်း မတိုက်ခိုက်သေးတာလဲလို့ မေးချင်နေတာလား”
“ဟုတ်ပါတယ်။ အဲဒါက သခင်လေးနဲ့ မတူဘူး” ဝမ်ကျူက ပြောလိုက်သည်။
“မင်းရဲ့ စကားတွေက ငါဘာလို့ မလုပ်ရသေးဘူးဆိုတာ ရှင်းပြပြီးသား ဖြစ်နေပြီလေ” ဝမ်ဝေ့က ပြောလိုက်သည်။
“လူတော်တော်များများက ငါက ဆုံးရှုံးမှုကို ခံစားရတာ မကြိုက်ဘူးဆိုတာကို သိကြတယ်။ အဲဒါကြောင့် ငါ့ရဲ့ နောက်တစ်လှမ်းက ဘာဖြစ်မလဲ သိသာတယ်”
ဝမ်ဝေ့က ပြုံးလိုက်၏။ ကံကြမ္မာ၏ အရှင်သခင်အနေဖြင့် သူက ထိုအရာ၏ သဏ္ဌာန်ပြမှုသည် တစ်ခါတစ်ရံ အလွန်ရိုးရှင်းကြောင်း နားလည်ထားသည်။ လူတစ်ယောက်၏ ကံကြမ္မာက သူတို့ဘဝအတွင်း ဖွံ့ဖြိုးလာသည့် လုပ်ဆောင်နေကြ ပုံစံများကို စုပေါင်းထားခြင်းသာ ဖြစ်၏။
အကယ်၍ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ကောင်းမွန်စွာ သိနေပါက သူတို့သည် သူ မည်သို့ ပြုမူမည် သို့မဟုတ် မည်သို့ ဆုံးဖြတ်ချက်ချမည်ကို ခန့်မှန်းကြည့်နိုင်လိမ့်မည်။
“သူတို့က တိုက်ခိုက်မှုအတွက် ပြင်ထားမှာကို စိုးရိမ်နေတာလား”
“သူတို့က ပြင်ဆင်ထားရင်တောင် ဘာမှကွာခြားသွားမှာ မဟုတ်ဘူး” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“ငါ ဂရုစိုက်တာက ကုန်သွယ်ရေးဗဟိုချက်ကို ထိန်းချုပ်ဖို့ ပိုပြီး ခက်ခဲသွားမှာကိုပဲ”
ကုန်သွယ်ရေးဗဟိုချက်က စီးပွားရေးဖြစ်ပြီး အတင်းအကြပ်အား သုံးခြင်းက အသုံးမဝင်ပေ။ ထို့အပြင် ဝမ်ဝေ့က လောဘကြီးပြီး သူ ထိန်းချုပ်သည့်အခါ ပြီးပြည့်စုံစွာ အကောင်းအတိုင်း လိုချင်မိသည်။
“အဲဒါဆိုတော့ သူတို့ကို ဒီတိုင်း လွှတ်ထားလိုက်မှာလား”