← Chapters

နတ်ဆိုးကပ်ဘေး

Vol. 73 Ch. 1021

နတ်ဆိုးကပ်ဘေး

Vol. 73 Ch. 1021

“ဘယ်ဟုတ်ပါ့မလဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“သူတို့ကို ဖြည်းဖြည်းချင်း နှိပ်စက်ဖို့ ကြံထားတာ။ ပထမဦးဆုံး ဓားအရှင်က အဲဒီအဖြစ်အပျက်ကို သုံးပြီးတော့ တခြားကမ္ဘာတွေရဲ့ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တယ်ဆိုပြီးတော့ စွပ်စွဲအပြစ်တင်နိုင်တယ်။ သူတို့က အဲဒီကိစ္စကို ပြန်ပြီးတော့ ပြန်လည်ချေပမှာပဲ။ ဒါပေမဲ့ သူမရဲ့ ပြောဆိုမှုနဲ့ ငါ့စွမ်းအားအပေါ် ကြောက်ရွံ့မှုနဲ့ဆိုရင် အခြေအနေတွေကို ငြိမ်ကျသွားစေဖို့ လုပ်ပိုင်ခွင့်တချို့တော့ ပေးလာလိမ့်မယ်။

အခု ငါ လုပ်ဖို့လိုတာက သူတို့ရဲ့ ရာထူးတွေကြား ဖြည်းဖြည်းချင်း ဝင်ရောက်ပြီးတော့ ရန်ငြိုးမကိုင်စွဲတော့သလိုမျိုး ဟန်ဆောင်ပြီး များများ သင်ယူဖို့ပဲ။ သူတို့တွေက ငါ အားလုံးကို လက်လွှတ်လိုက်ပြီလို့ ယုံကြည်တဲ့အခါမှ ငါက သူတို့ကို တစ်ချက်တည်းနဲ့ အကုန်လုံးကို သိမ်းပိုက်လို့ရပြီ”

“ကျွန်မ နားလည်ပါပြီ” ဝမ်ကျူက ခေါင်းညိတ်လိုက်၏။ သူမက နောက်ထပ် ဘာဆက်လုပ်ရမလဲ သိလိုက်သည်။ သူမ လိုအပ်သည်က ဓားအရှင်ကို လူများထောက်ပံ့ပေးပြီး သူမ၏ ကျူးကျော်မှုတွင် ကူညီပေးဖို့သာ ဖြစ်သည်။

“ကောင်းပြီ။ ကံကြမ္မာ အရိပ်တပ်ဖွဲ့ဝင်တွေကရော ဘယ်လိုလဲ”

“အရမ်းကောင်းပါတယ်။ သခင်လေးရဲ့ ဝိညာဉ်ကွန်ယက်စွမ်းရည်ကို သုံးပြီးတော့ ဒိုင်မေးရှင်းအနိမ့်က အဖွဲ့သားတွေကို ဆင့်ခေါ်ထားတယ်။” ဝမ်ကျူက တင်ပြလိုက်သည်။

“တခြားအင်အားစုတွေကနေ ရှာမတွေ့သေးတဲ့ ပါရမီထူးကဲသူတွေကို ရှာဖို့လွယ်တယ်။ ပြီးတော့ အကြောင်းအရင်းတစ်ခုမဟုတ် တစ်ခုကြောင့် သူတို့ရဲ့ ဝိညာဉ်ကို ရောင်းချချင်တဲ့သူတွေလည်း ရှိတယ်။ ဒီလိုမျိုး ပါရမီရှင်တွေအများကြီး ဆင့်ခေါ်ပြီးတဲ့နောက်မှာ ကောင်းကင်အလိုဆန္ဒကမ္ဘာ့အသိုက်အဝန်း ၃ရာကျော်ကို ချဲ့ထွင်ပြီးသွားပါပြီ”

“အင်း မဆိုးဘူးပဲ။ ကောင်းကင်အလိုဆန္ဒကမ္ဘာတွေကို ကျူးကျော်တဲ့အခါ ပြဿနာရှိသေးလား”

“ကျွန်မတို့တွေ ထာဝရပုဂ္ဂိုလ် ရှိတဲ့ ကမ္ဘာမှာ ပြဿနာနည်းနည်းတော့ တွေ့ရပေမဲ့ ကျွန်မတို့ရဲ့ ချဉ်းကပ်မှုက အမြဲတမ်း သိုသိုသိပ်သိပ်ပဲ ဖြစ်ခဲ့တာဆိုတော့ အခုထိတော့ ပြဿနာကြီးကြီးမားမား မရှိသေးပါဘူး”

“အဲဒါက သတင်းကောင်းပဲ။ ငါ့ရဲ့ စကားဝိုင်းအုပ်စုရော ဘယ်လိုဖြစ်သွားပြီလဲ” ဝမ်ဝေ့က ဝမ်ကျူအား သူ့ဝိညာဉ်ကွန်ယက်စွမ်းရည်ကို ချီးမြင့်ပြီးသည့်နောက်တွင် သူမအား ထိုအဖွဲ့ကို ကိုင်တွယ်ဖို့ အမိန့်ပေးထားခဲ့သည်။

“လုပ်ကြံသတ်ဖြတ်သူကို အစောင့်အကြပ်အနေနဲ့ ခေါ်ထားပါတယ်။ အရူးဘုရင်နဲ့ နတ်ဘုရားဖြစ်ချင်သူကတော့ လွတ်လပ်ခွင့်ကို လိုချင်ကြတာဆိုတော့ သူတို့ရဲ့ အကြွေးကြေပြီးတဲ့နောက်မှာ လွှတ်ထားလိုက်ပါတယ်။ ကျန်သူတွေကတော့ ခဲဖြူရောင်ခန်းမရဲ့ အဖွဲ့သားတွေ ဖြစ်ဖို့ ရွေးချယ်ခဲ့ကြပါတယ်”

ခဲဖြူရောင်ခန်းမက ကုန်သွယ်ရေးဗဟိုချက်အတွင်း တာအိုအခွင့်အလမ်းဂိုဏ်း၏ အကောင်းဆုံးစီးပွားရေးထဲမှ တစ်ခု ဖြစ်ကာ ကြေးစားများကို ခန့်အပ်ခြင်းနှင့် သတင်းအချက်အလက် ရောင်းချရေးကို အလေးထားသည်။

ဝိညာဉ်ကွန်ယက်နှင့် ကံကြမ္မာ အရိပ်တပ်ဖွဲ့ဝင်တို့ဖြင့် ထိုခန်းမက ထိုနယ်ပယ်တွင် အကောင်းဆုံးထဲမှတစ်ခု အလျင်အမြန် ဖြစ်လာခဲ့၏။ အကယ်၍ ဂိုဏ်းက ကုန်သွယ်ရေးဗဟိုချက်မှ တခြားအဖွဲ့သားများ၏ လျှို့ဝှက်ထိန်းချုပ်မှုကြောင့်နှင့် ဩဇာ မရှိသေးသည့်အချက်ကြောင့်သာ မဟုတ်လျှင် သတင်းအချက်အလက် ရောင်းချရေးနယ်ပယ်ကို လွှမ်းမိုးပြီးလောက်လေပြီ။

“အဲဒီနှစ်ယောက်ရဲ့ စရိုက်နဲ့ ရည်ရွယ်ချက်နဲ့ဆိုရင် သူတို့က အဲဒီလမ်းကို ရွေးမယ်ဆိုတာ အဓိပ္ပာယ်တော့ ရှိတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက သူ့လမ်းစဉ်သည် ထိုသူနှစ်ဦးနှင့် ထပ်တွေ့နိုင်မလား မသိသေးသော်လည်း သံသယတော့ ရှိမိသည်။ သို့သော်လည်း သူတို့အတွက် သူ ဖန်တီးထားသည့် ကျင့်စဉ်များဖြင့် သူတို့သည် ကတ်များကို မှန်မှန်ကန်ကန် ကစားနိုင်ပါက အောင်မြင်လာနိုင်သည်။ သူတို့ထဲက တစ်ယောက်က တာအိုကို သက်သေပြနိုင်လောက်၏။

“အခု အလုပ်ဆက်လုပ်လိုက်တော့” ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် ဝမ်ကျူက ဦးညွှတ်ကာ ထွက်ခွာသွားသည်။

နောက်ထပ်ဆယ်နှစ်တာ ကုန်ဆုံးသွားလေ၏။ ကမ္ဘာတွင် ကိစ္စကြီးကြီးမားမား အပြောင်းအလဲ ဖြစ်မလာခဲ့ပေ။

အနုပညာနှင့် အတတ်ပညာတို့က သေမျိုးနှင့် ကျင့်ကြံရေးလောကအတွင်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေသည်။ သို့သော်လည်း မည်သူကမှ ရှုရှစ်၏ အောင်မြင်မှုကို ပုံတူမပွားနိုင်သေးပေ။

ကိုယ်ပွားက သူ စောင့်ဆိုင်းနေသည့် ဖြစ်ရပ်ကြီးနှစ်ခု ဖြစ်လာတော့မည်ဟု ပြောသည့်အတွက် ဝမ်ဝေ့က နိုးထလာရသည်။

သူ နိုးထလာသည်နှင့် သူ့အလုပ်များကို စစ်ဆေးကြည့်လိုက်သည်။ ဂိုဏ်းက တာအိုသင်္ချိုင်းမြေမှ စုဆောင်းထားသည့် ပါဝင်ပစ္စည်းများကို စုဆောင်းထားသန့်စင်ထားသော ဆေးလုံးတချို့က အဆင်သင့်ဖြစ်တော့မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် သူက ပျော်ရွှင်နေမိသည်။

အိပ်မက်လောကကလည်း အတော်လေး ချောမွေ့နေပြီး သူ့မိတ်ဆွေနှင့် မိသားစုဝင်များကလည်း သူတို့၏ စိတ်ကို လေ့ကျင့်ဖို့အတွက် ခရီးသွားခြင်း သို့မဟုတ် သီးသန့်ကျင့်ကြံခြင်းတို့ ဝင်ရောက်နေလေ့ရှိသည်။

သူက ဘာမှလုပ်စရာမရှိဘဲ စောင့်ဆိုင်းနေလိုက်၏။

……………………

အသင်္ချေအင်ပါယာကမ္ဘာ့အသိုက်အဝန်း၊ အမည်မသိ မဟာကမ္ဘာတစ်ခု

နတ်ဆိုးနှစ်ကောင်က အစီအရင်ရှေ့တွင် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေကြသည်။ တစ်ယောက်က လူသားအသွင်များရှိသော်လည်း မျက်လုံးအနီ ရှိနေသည်။ တခြားတစ်ယောက်ကမူ ဧရာမပင့်ကူတစ်ကောင် ဖြစ်၏။ သူတို့က စောင့်ဆိုင်းနေရင်း စိတ်လှုပ်ရှားနေကြဟန်ပေါ်သည်။

“မင်းရဲ့ လူသားအသွင်ကို မသုံးနိုင်ဘူးလား” အရူးမျက်လုံးက ပြောလိုက်သည်။

“မသုံးပါဘူး” ပင်ကိုက ပြန်ဖြေလိုက်၏။

“ခေါင်းဆောင်က ငါတို့တွေ နတ်ဆိုးပုံစံကို ချစ်မြတ်နိုးရမယ်လို့ ပြောခဲ့ဖူးတယ်လေ။ သူက လူသားအသွင်နဲ့ ကျင့်ကြံဖို့က လွယ်ကူတယ်ဆိုပေမဲ့ ငါတို့တွေက ကိုယ်ပိုင်ခန္ဓာနဲ့ သက်တောင့်သက်သာ ဖြစ်သင့်တယ်လို့ ပြောခဲ့ဖူးတယ်။ ငါက သူ့စကားအတိုင်း လိုက်နာနေတာပဲ”

အရူးမျက်လုံးက ညည်းတွားပြီးသည့်နောက်တွင် ခေါင်းဆောင်က သူ့နတ်ဆိုးပုံစံနှင့် နေခဲကြောင်း ပြောချင်သည်။ သို့သော်လည်း ထိုကိစ္စရပ်မျိုးကို ထည့်မပြောခဲ့ပေ။ ထိုသူနှစ်ဦးက တိတ်ဆိတ်သွားပြီး နာရီဝက်ကြာ စောင့်ဆိုင်းပြီးသည့်နောက်တွင် အစီအရင်က လင်းလက်သွားပြီး အနက်ဝတ် အမျိုးသမီးတစ်ဦးပေါ်ထွက်လာသည်။

သူတို့က ထွက်လာသည့်သူက ဒဏ္ဍရီလာ လင်းယုန်နက်ဖြစ်နေကြောင်း မြင်လိုက်ရသည့်အခါ နှလုံးခုန်မြန်လာကြသည်။ ထိုသူက ရက်စက်သည့် အပြစ်ပေးမှုကြောင့် ကျော်ကြားလေသည်။ ပင့်ကူက သူမကို နှောင့်ယှက်မိမည်ကို စိုးရိမ်ကာ လူသားအသွင် ချက်ချင်းပြောင်းလိုက်သည်။

“မင်းတို့နှစ်ယောက်က အထွတ်အထိပ် သွေးမျိုးဆက်ကို တွေ့တယ်လို့ ပြောတဲ့သူတွေလား”

“ဟုတ်ပါတယ်” အရူးမျက်လုံးက သူ့အပေါင်းအပါ၏ ကြောက်ရွံ့နေမှုကို မြင်သည့်အခါ ပြောလိုက်သည်။

“ဒီလိုကိစ္စမျိုးကို လိမ်ညာတဲ့ အကျိုးဆက်ကို သိတယ်မလား” သူမ၏ စကားများက ခြိမ်းခြောက်မှု မပါဝင်ဘဲ ရိုးရှင်းသော်လည်း တဲ့တိုးဆန်လှသည်။ သို့သော်လည်း သူတို့က ချက်ချင်းဆိုသလို ကြက်သီးတဖြန်းဖြန်း ထသွားကြ၏။

“ကျုပ်တို့ သိပါတယ်”

“ကောင်းပြီ။ ငါ့ကို လိုက်ပြ”

နှစ်ဦးသားက သူမကို အနီးရှိ အခန်းအတွင်း ခေါ်ဆောင်သွားသည်။ ထိုအခန်းထဲတွင် လူငယ်လေးတစ်ဦးကို ချည်နှောင်ထားလျက် ရှိ၏။

“သူက ဘာလို့ ဒီလောက်အခြေအနေ ဆိုးရွားနေရတာလဲ” လင်းယုန်နက်က မီးအိမ်နှင့်တူသည့် အသုံးအဆောင် ပစ္စည်းတစ်ခုကို ထုတ်ကာ မေးလိုက်သည်။ ထိုသူနှစ်ဦးက အချင်းချင်းကြည့်ပြီးသည့်နောက်တွင် အရူးမျက်လုံးကသာ ပြန်ဖြေလိုက်၏။

“သူက သူ ဘယ်သူလဲ သိလားနဲ့ မင်းတို့တွေ နောင်တရလိမ့်မယ်ဆိုပြီး ဆက်တိုက်အော်နေတာနဲ့ ငြိမ်အောင် နည်းနည်း ရိုက်ထားလိုက်တာပါ”

“သူ့ဇစ်မြစ်တဲ့လား…”

မီးအိမ်က ခရမ်းရွှေရောင်တောက်ပနေသည်ကို သိသည့်အခါ သူမ၏ မျက်ဝန်းက တောက်ပလာသည်။ သူမက ဤသို့ အားကောင်းကာ အလားအလာကောင်းသည့် သွေးမျိုးဆက်ကို တစ်ခါမှ မမြင်တွေ့ဖူးပေ။ ခဏအကြာ သူမက ကိုယ်ပိုင်အတွက် လိုချင်သွားမိ၏။ သို့သော်လည်း သူမက စိတ်စွမ်းအား မြင့်မားသူဖြစ်ပြီး မယိုင်လဲသည့် သစ္စာရှိမှုတို့ ရှိလေသည်။ သူမက တုံ့ဆိုင်းမနေဘဲ လက်ဝှေ့ကာ ထိုလူငယ်လေးအား သီးသန့်ဒိုင်မေးရှင်းအတွင်း ထည့်လိုက်ပြီး ထိုသူနှစ်ဦးကို လှည့်ကြည့်လိုက်သည်။

“မင်းတို့တွေ ကောင်းကောင်း လုပ်ခဲ့တယ်။ ခေါင်းဆောင်က ဆုချီးမြှင့်ပေးလိမ့်မယ်”

လင်းယုန်နက်က ထိုသူနှစ်ဦးကို နှုတ်ပိတ်သည့်အနေဖြင့် သတ်ပစ်ချင်မိသည်။ သို့သော်လည်း ခေါင်းဆောင်က မျိုးနွယ်ထဲ အပြောင်းအလဲကို စတင်လာပြီဖြစ်သည့်အတွက် သူမက တခြားနည်းလမ်းသာ ရွေးချယ်ခဲ့၏။

အရူးမျက်လုံးနှင့် ပင့်ကူတို့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

သတင်းကို အကြောင်းမကြားခင် သူတို့ကို နှုတ်ပိတ်ပစ်နိုင်ချေကို တွေးထားကြသည်။ ကံကောင်းစွာဖြင့် ခေါင်းဆောင်က သူတို့မျိုးနွယ်အပေါ် ပြောင်းလဲဖို့ ကြိုးပမ်းခြင်းက အောင်မြင်ခဲ့လေသည်။ သူတို့၏ ဘဝက ဆုလာဘ် ရရှိသည်နှင့် မည်မျှပင် ကွာခြားသွားမည်ဖြစ်ကြောင်း သိနေကြသည်။

လင်းယုန်နက်က အချိန်မဖြုန်းတော့ဘဲ အစီအရင်ကို အသုံးပြုကာ အသင်္ချေအင်ပါယာကမ္ဘာဆီ ပြန်လာခဲ့လိုက်သည်။ သူမက အိမ်ပြန်ရောက်သည်ကို မြင်သည့်အခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူ့ပထမဦးဆုံး အလိုလိုသိစိတ်က ခေါင်းဆောင်ဆီသွားကာ သူမ ရှာဖွေတွေ့ရှိထားမှုကို တင်ပြဖို့ ဖြစ်သည်။ သို့သော်လည်း သူမက တခြားတစ်ခုသာ ဆုံးဖြတ်လိုက်သည်။ သူမက ပုံမှန်အတိုင်း ဟန်ဆောင်ကာ ကိစ္စများကို တင်ပြဖို့ ဆုံးဖြတ်ခဲ့သည်။

သူတို့၏ တာဝန်က မလိုလားအပ်သည့်သူများကို နှောင့်ယှက်ပေးနိုင်သည့်အတွက် အင်မတန် လျှို့ဝှက်လွန်းလှသည်။ သူတို့၏ လျှို့ဝှက်တတ်သည့် သဘာဝကြောင့် သူတို့၏ ဇစ်မြစ်ပေါက်ကြားခြင်းမှ တားဆီးဖို့ ထူးကဲသည့် နည်းလမ်းများဖြင့် ဆောင်ရွက်ရသည်။ လင်းယုန်နက်က ခေါင်းဆောင်ဆီ အပြေးအလွှားသွားခြင်းက မြောက်ပိုင်းတွင် တစ်စုံတစ်ခုဖြစ်ပျက်နေပြီဖြစ်ကြောင်း အသိပေးလိုက်သလို ဖြစ်သွားမည်ကို သိနေသည်။

……………………………………………………

အောင်းရှန်၏ စံအိမ်အတွင်း

သူက ရုတ်တရက် မျက်လုံးပွင့်လာသည်။

“ ဘာဖြစ်နေတာလဲ။ ငါဘာလို့ ဒီလိုခံစားမိနေပါလိမ့်”

သူ့အပေါ် ခြိမ်းခြောက်နိုင်သည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် အခန်းအတွင်းမှ ထွက်လာခဲ့လိုက်၏။ သူက ကောင်းကင်ကို မော့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

သူ တစ်ယောက်တည်းသာ မြင်တွေ့နေရသည်က နတ်ဆိုးမျိုးနွယ်၏ ချီကံကောင်းမှုနဂါးသည် အနက်ရောင်အစက်အပြောက်များ ရှိနေသည်ကို တွေ့လိုက်ရသည်။

“ဒါက ကပ်ဘေးလက္ခဏာလား။ ဘာတွေဖြစ်နေတာလဲ”

သူက သွေးမျိုးဆက်တစ်ခုကို အသုံးပြုကာ သတင်းအချက်အလက်တစ်ခုကို ကောက်ချက်ချကြည့်လိုက်သည်။

သူ့အတွက် ကံကောင်းစွာဖြင့် သိပ်မကြာခင် အရင်းအမြစ်ကို တွေ့ရှိလိုက်ရ၏။

“လင်းယုန်နက်လား”

အောင်းရှန်က တုံ့ဆိုင်းမနေဘဲ သူမကို တိတ်တဆိတ် ဆင့်ခေါ်လိုက်သည်။ သူက စောင့်ကြည့်နေသည့် မျက်ဝန်းအောက်မှ လျို့ဝှက်ထားရဖို့ အပိုကိစ္စတချို့ကိုပင် လုပ်ဆောင်ခဲ့ရသေး၏။

“ဘာတွေဖြစ်နေတာလဲ”

“ခေါင်းဆောင် အဲဒီသွေးမျိုးဆက်ကို အာရုံခံမိလား”

“ဘာကိုပြောတာလဲ”

လင်းယုန်နက်က စိတ်ရှုပ်ထွေးသွားပြီးသည့်နောက်တွင် ဖမ်းဆီးထားသည့် လူငယ်လေးကို ထုတ်ပြကာ အခြေအနေကို ရှင်းပြလိုက်သည်။ အောင်းရှန်က ထိုလူငယ်လေးကို ကြည့်လိုက်သည်နှင့် အမူအရာ ပျက်ယွင်းသွားလေ၏။

“ခေါင်းဆောင် တစ်ခုခုများ မှားလို့လား”

“ဒါက ဝမ်မျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်ပဲ”

လင်းယုန်နက်၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားလေသည်။ သူမက ငြင်းဆန်လိုသော်လည်း ထိုလူငယ်လေး၏ သွေးမျိုးဆက်က အင်မတန် အားကောင်းကာ မြင့်မြတ်နေရသည့် အကြောင်းအရင်းကို သဘောပေါက်သွားခဲ့၏။

သူမက ချက်ချင်းဆိုသလို ဒူးထောက်ကာ ပြောလိုက်၏။

“ခေါင်းဆောင် ကျွန်မ မသိခဲ့လို့ပါ”

အောင်းရှန်က သူ့စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ဘာမဆို ကြိုးပမ်းနေရသည်။ သူက သွေးမျိုးဆက် အမဲလိုက်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းရာတွင် လူများကို သေသေချာချာ ဂရုတစိုက် ရွေးချယ်ထားခဲ့၏။ သူက လင်းယုန်နက်အား ရာထူးမြင့်မြင့် ခန့်အပ်ပေးထားသည်မှာ သူမ၏ အကျင့်စရိုက်ကြောင့် ဖြစ်၏။

သို့သော် ဤကိစ္စက ဖြစ်လာခဲ့သည်။

“ခေါင်းဆောင် ကောင်းကင်ဧကရာဇ်ရဲ့ ဒေါသကို ဖြေဖျောက်ဖို့ ကျွန်မရဲ့ ဦးခေါင်းကို ဆက်သလိုက်လို့ ရပါတယ်”

“မလိုဘူး”

“ခေါင်းဆောင် အခု သက်ညှာနေရမဲ့အချိန် မဟုတ်ဘူး။ တကယ်လို့ ကျွန်မရဲ့ သေခြင်းတရားက နတ်ဆိုးမျိုးနွယ်ကို ကယ်တင်ပေးနိုင်တယ်ဆိုရင် ဘာမှတုံ့ဆိုင်းနေဖို့ မလိုပါဘူး”

သူမက ဧကရာဇ်တစ်ပိုင်းအဆင့်သာ ရှိသည့်အတွက် သူမ၏ သေဆုံးမှုက မျိုးနွယ်အပေါ် သက်ရောက်မှုအများကြီးရှိမည် မဟုတ်ပေ။

“မင်းက ခေါင်းဆောင်လား၊ ငါက ခေါင်းဆောင်လား” အောင်းရှန်က ခက်ထန်စွာ ပြောလိုက်သည်။

“ထွက်သွားတော့။ ငါ့ဘာသာငါ ကြည့်ပြီး ဖြေရှင်းလိုက်မယ်။ ဒီကိစ္စကို ဖြေရှင်းပြီးမှ မင်းရဲ့ အပြစ်ဒဏ် လာလိမ့်မယ်”

သူက သူမကို နှင်ထုတ်ပြီးသည့်နောက်တွင် တစ်ယောက်ထဲ စဉ်းစားလိုက်သည်။ အခြေအနေကို သုံးသပ်ပြီးသည့်နောက်တွင် သူက ကောင်းကင်ဧကရာဇ်နှင့် တွေ့ဆုံဖို့ ခုံရုံးဆီ ချက်ချင်း ထွက်သွားလိုက်၏။

All Chapters