← Chapters

အဓိကဖြစ်ရပ်ကြီးနှစ်ခု

Vol. 73 Ch. 1022

အဓိကဖြစ်ရပ်ကြီးနှစ်ခု

Vol. 73 Ch. 1022

ဝမ်ဝေ့က အောင်းရှန် စောင့်ဆိုင်းနေသည့် ပလ္လင်အခန်းအတွင်း လျှောက်လှမ်းလာသည်။ သူ့မျက်နှာက ဖြူဖျော့နေဆဲ ဖြစ်သော်လည်း ယခင်တစ်ခေါက် တွေ့ဆုံသည်ထက် အခြေအနေ ပိုမိုကောင်းမွန်လာပြီ ဖြစ်၏။

ဝမ်ဝေ့က ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။

“ဒီလိုမျိုး အလျင်စလို ဘာလို့များ လာတွေ့ရတာလဲ”

“ကျုပ် လူတွေက ကိစ္စတစ်ခုကို အမှားလုပ်ခဲ့လို့ လာရောက်တောင်းပန်တာပါ” အောင်းရှန်က လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်သည်။

ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ကာ ရေရွတ်လိုက်၏။

“ငါ သိပြီ”

“အဲ့ကောင်လေးက ဘယ်မှာလဲ”

အောင်းရှန်က လက်ဝှေ့လိုက်သည့်အချိန် ဖမ်းဆီးထားသည့် ဝမ်မျိုးနွယ်ဝင်က အခန်းအလယ်တွင် ပေါ်ထွက်လာခဲ့သည်။ ထိုလူငယ်လေးက အောင်းရှန်ကို မီးကင်ပစ်ချင်သည့် အကြည့်မျိုးနှင့် ကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့ထံ ဦးညွှတ်လိုက်၏။

“မျိုးနွယ်ခေါင်းဆောင်”

“မင်းနာမည်က ဘယ်သူလဲ”’

“ကျွန်တော်က ဝမ်ရှစ်ရုန်ပါ”

“ရှစ်ရုန်လား။ ဂုဏ်ကျက်သရေရှိတဲ့ စာသင်သားလား။ အင်း နာမည်ကောင်းပဲ”

“ခေါင်းဆောင်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်” ဝမ်ရှစ်ရုန်က သူ့စိတ်ခံစားချက်များကို ထိန်းချုပ်ပြီး ပြန်ဖြေလိုက်သည်။ ဝမ်မျိုးနွယ်ဝင်တိုင်းက ခေါင်းဆောင်၏ ဒဏ္ဍာရီလာ ဇာတ်ကြောင်းနှင့် အောင်မြင်မှုများအကြောင်းကို သိထားကြသည်။ ထိုအရာတွင် ခေါင်းဆောင်နှင့် ဧကရာဇ်ဖြစ်သူ ဘိုးဘေးချီယွမ်နှင့် လက်ရှိကောင်းကင်ဧကရာဇ်ကြား မည်သူက ပိုကောင်းလဲဟု စကားရည်လုပွဲများပင် ရှိခဲ့သည်။

ရှစ်ရုန်အတွက် ကောင်းကင်ဧကရာဇ်က ပိုကောင်းကြောင်း စကားရည်လုဖို့ မလိုပေ။ သို့သော်လည်း မျိုးနွယ်ရှိ လူများက ရှေးရိုးဆန်လောက်အောင် ဘိုးဘေးကို မျက်ကန်းသဖွယ် ကိုးကွယ်ကြသည်မှာ အသားကျနေကြပြီ ဖြစ်၏။

သူက မျိုးနွယ်ဆီ ပြန်ရောက်ပြီးသည့်နောက်တွင် ထိုသူများအား သူ ခေါင်းဆောင်နှင့် တွေ့ခဲ့သည့်အကြောင်း၊ ထိုသူက သူ့နာမည်ကို ချီးကျူးခဲ့သည့်အကြောင်းများသာ ပြောခဲ့ပါက မည်သည့်လုပ်ပိုင်ခွင့်များ ရှိလာမည်ကိုပင် သိထားသည်။

“မင်းရဲ့ ဒဏ်ရာက ဘယ်လိုနေသေးလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“သိပ်မပြင်းထန်ပါဘူး” သူ့ခန္ဓာကိုယ်ပေါ်ရှိ ခြစ်ရာများက ပျောက်ကင်းသွားပြီဖြစ်ကာ ဒဏ်ရာဟူ၍ မရှိတော့ပေ။ သို့သော် သူက ထိုအချက်ကို ဝန်မခံနိုင်ပေ။

“မင်းကိုယ်မင်း ကယ်ဖို့ ငါတို့မျိုးနွယ်ရဲ့ နာမည်ကို မသုံးရတာလဲ”

ဝမ်မျိုးနွယ်က သူတို့၏ အဖွဲ့သားများအား လေ့ကျင့်သည့် ပုံစံအနေဖြင့် ကမ္ဘာ့အသီးသီးဆီ စတင်ပို့ဆောင်ထားခဲ့သည်။ ထိုသူများက တာအိုကာကွယ်သူကို လက်ခံရရှိမည် မဟုတ်သလို သူတို့ကိုယ်သူတို့သာ မှီခိုကြရလိမ့်မည်။ သို့သော်လည်း သူတို့က မျိုးနွယ်၏ အရေးပေါ်အနေဖြင့် မျိုးနွယ်၏ နာမည်နှင့် အာဏာကို အသုံးပြုနိုင်ကြသည်။ ထိုသို့ လုပ်ဆောင်ခြင်း၏ တစ်ခုတည်းသော ဆိုးကျိုးက အခြေအနေ ရှောင်လွှဲမရသရွေ့ နိမ့်ကျသည့် အကဲဖြတ်မှုမျိုးကို လက်ခံရရှိလိမ့်မည်။

“ကျွန်တော်က သုံးချင်ပါတယ်။ ဒါပေမဲ့ အဲဒီနတ်ဆိုးတွေက ပြောဖို့တောင် အခွင့်အရေး မပေးဘူးလေ” သူက အံကြိတ်ကာ ပြန်ဖြေလိုက်သည်။

“ကံကောင်းလို့ မင်းအဆင်ပြေနေတာပဲ” ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် အောင်းရှန်ကို ကြည့်လိုက်၏။

“ဒီကောင်လေးကို လျော်ကြေးပေးရင် ရပါပြီ။ ကိစ္စအားလုံး အဆင်ပြေသွားလိမ့်မယ်”

နဂါးက ထိုစကားများကို မယုံသည့်အတွက် နှလုံးခုန်တစ်ချက် မြန်လာမိသည်။ သူက တာအိုအခွင့်အလမ်းဂိုဏ်းသည် မည်သို့ ဖွဲ့စည်းထားကြောင်း သဘောပေါက်ပြီး သူတို့မျိုးနွယ်ဝင်က တခြားပါရမီရှင်၏ သတ်ဖြတ်မှု သို့မဟုတ် ဖမ်းဆီးခံရသည်ကိုပင် ဂရုစိုက်ကြမည် မဟုတ်ပေ။

သို့သော်လည်း ပိုမိုအားကောင်းသည့် ကျင့်ကြံသူများက သူတို့၏ ဤမျိုးနွယ်ဝင်များကို ဖမ်းဆီးသည့်အချက်ကို လက်ခံကြမည် မဟုတ်ပေ။ အထူးသဖြင့် သူတို့မျိုးနွယ်၏ သွေးမျိုးဆက်အတွက် ဖြစ်၏။

သူတို့သွေးမျိုးဆက်က အားကောင်းလာသည့် အချက်ကြောင့် ထိုအပြုအမူအတွက် တားမြစ်ချက်တစ်ခုလို ဖြစ်လာခဲ့သည်။ ကောင်းကင်ဧကရာဇ်က ထိုကိစ္စအသေးအဖွဲကို ဂရုစိုက်ကောင်း စိုက်မည် မဟုတ်သော်လည်း သူထွက်သွားပြီးသည့်နောက်တွင် မည်သို့ဖြစ်သွားမည်နည်း။

ဝမ်မျိုးနွယ်က ရန်ငြိုးထားလျှင် မည်သို့ဖြစ်မည်နည်း။

အကယ်၍ သူတို့က ဤဖြစ်ရပ်ကို အသုံးပြုကာ နောင်အနာဂတ်တွင် နတ်ဆိုးမျိုးနွယ်ကို တိုက်ခိုက်ခြင်း သို့မဟုတ် ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းတို့ လုပ်လာခဲ့လျှင် မည်သို့ဖြစ်မည်နည်း။

ထိုကိစ္စအားလုံးကို စဉ်းစားကာ အောင်းရှန်က နှစ်ဖက်လုံးအတွက် ကျေနပ်မှုမရှိဘဲ ထိုကိစ္စကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း သိလိုက်သည်။

သူ့လက်ထဲ သိုလှောင်လက်စွပ်တစ်ကွင်း ပေါ်ထွက်လာပြီး ထိုကောင်လေးကို ပေးလိုက်၏။

“ဒီသိုလှောင်လက်စွပ်ထဲမှာ သွေးမျိုးဆက် ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ ရှားပါးအရင်းအမြစ်တွေ အများကြီးပါတယ်။ ဒါကို ကျုပ်လူတွေ လုပ်ခဲ့တဲ့ ကိစ္စအတွက် လျော်ကြေးလို့ သဘောထားလိုက်ပါ”

ဝမ်ရှစ်ရုန်က ထိုလက်စွပ်ကို ချက်ချင်း လက်မခံသေးဘဲ ဝမ်ဝေ့ကို တစ်ချက်ကြည့်လိုက်သည်။ ဝမ်ဝေ့က ခေါင်းညိတ်ပြပြီးမှသာ လက်ခံလိုက်၏။

ထို့နောက် သူက ရိုရိုကျိုးကျိုးဦးညွှတ်ကာ ပလ္လင်အခန်းမှ ထွက်လာလိုက်သည်။ သူက ဘယ်အချိန်တွင် ထွက်ခွာရမည်။ ဘယ်အချိန်တွင် ရှေ့တိုးနောက်ဆုတ်ရမည်ကို ကောင်းကောင်း သိနေလေသည်။

ဝမ်ဝေ့က ထိုလူငယ်လေး ထွက်သွားသည်ကို ကြည့်နေရင်း ထိုကောင်လေးက မည်မျှဉာဏ်ကောင်းကြောင်း တိတ်တဆိတ် ချီးကျူးလိုက်မိသည်။

“အရှင် ဒါက ဒီကိစ္စကို အလွယ်တကူ ဖြေရှင်းပေးတဲ့အတွက် အရှင့်ကို ကျေးဇူးတင်တာပါ”

အောင်းရှန်က သူ့လက်ထဲတွင် စာလိပ်တစ်လိပ်ကို ကိုင်ဆောင်ပြီး ပေးလိုက်၏။

ထိုအရာက ဝမ်ဝေ့ထံ ရောက်ရှိသွားကာ သူက ခေါင်းစဉ်ကို ဖတ်ကြည့်လိုက်သည်။

ကုသိုလ်အကူးအပြောင်း နည်းလမ်း

“မင်းရဲ့ ရက်ရောမှုကို လက်ခံပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

အောင်းရှန်က အခန်းမှထွက်လာပြီးသည့်နောက်တွင် မြောက်ပိုင်းဆီ ပြန်သွားလိုက်သည်။

သူက ကျင့်ကြံရေးအခန်းအတွင်းသွားကာ အစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်သည်။

ဝုန်း ဝုန်း ဝုန်း

သူက နဂါးအော်သံများကို ထုတ်လွှတ်ရင်း နံရံများကို ဆက်တိုက် ထိုးခွင်းနေသည်။ သူက တုံးအမနေဘဲ အဖြေကို ထုတ်နိုင်ခဲ့၏။ တာအိုအခွင့်အလမ်းဂိုဏ်းကလွဲ၍ ထိပ်သီးဧကရာဇ်မျိုးနွယ် အများစုက သူ့အား ကုသိုလ်အကူးအပြောင်း နည်းလမ်းအတွက် ဆက်သွယ်ခဲ့ကြသည်။

ထို့ကြောင့် ထိုသည်မှာ မည်သည်ကို ဆိုလိုနေသနည်း။

သူတို့က ထိုဖြစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း သိထားကြပြီးသား ဖြစ်၏။ သူ့ကံကြမ္မာကို ဆုံးရှုံးပြီး ရုပ်သေးရုပ်တစ်ရုပ်လို ထိန်းချုပ်ခံရသည့် ခံစားချက်မျိုးက မစင် စားရသည်ထက်ပင် ပိုမိုဆိုးရွားနေသည်။

မိနစ်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် သူက စိတ်ငြိမ်သွား၏။ သူက သူ့ကံကြမ္မာကို ထိန်းချုပ်ဖို့ စွမ်းအား လိုအပ်နေသည်။ ထိုဖြစ်ရပ်က သူ့ကို ပိုမိုသဘောပေါက်စေခဲ့၏။

သူက ဘာမှမဖြစ်သကဲ့သို့ အခန်းအတွင်းမှ ထွက်လာကာ နတ်ဆိုးမျိုးနွယ်၏ ချီကံကောင်းမှု နဂါးကို ကြည့်လိုက်သည်။ ထိုအနက်ရောင် အစက်အပြောက်က မရှိတော့သည့်အတွက် အောင်းရှန်က သက်ပြင်းချလိုက်၏။

ဒါက အဆုံးမသတ်သေးဘူး…

အောင်းရှန်က တွေးလိုက်မိသည်။ သူက သွေးမျိုးဆက် အမဲလိုက်ရေးအင်အားစုကို ဝှက်ထားဖို့ လိုအပ်သည့် အရာများကို လုပ်ဆောင်ခဲ့၏။ သူက ခုံရုံးကို သွားရောက်ခဲ့သည့် ကိစ္စက လူအများ၏ စိတ်ဝင်စားမှုကို ရယူခဲ့နိုင်မှန်း သိပြီး ထိုသူများက စတင်စုံစမ်းကြမှန်းလည်း သိထားသည်။

သူ့အနေဖြင့် သူတို့ရှာဖွေတွေ့ရှိသည့် အမှန်တရားက သွေးမျိုးဆက် အမဲလိုက်အဖွဲ့အစား သူ့လူထဲမှ တစ်ယောက်သည် အလားအလာကောင်းသည့် သွေးမျိုးဆက်ကို ရှာတွေ့ပြီးသည့်နောက်တွင် သူ့ဆီ ဆက်သလိုခဲ့သည့် အချက်သာ ဖြစ်လိမ့်မည်။

နောက်ဆုံးတွင် သူက ထိုဖြစ်ရပ်အတွက် လူသုံးယောက်ကို အပြစ်ပေးရမည်။ သူက ထိုအမှားအယွင်းအတွက် သူတို့ကို သတ်မည် မဟုတ်သော်လည်း ပြစ်ဒဏ်မပေးဘဲ နေထိုင်ခွင့်ပေး၍ မရပေ။

………………………………………………………………………….

ကောင်းကင်ခုံရုံး

ဝမ်ဝေ့က ထိုနည်းလမ်းကို ဖတ်ရှုရင်း မိုးမြေ၏ စက်ယန္တရားအပေါ် အတွေးအမြင် နက်ရှိုင်းလာမိသည်။

ဆန့်ကျင်ကျင့်ကြံသူတွေက သူတို့ရဲ့ စွမ်းအားပေါ် မူတည်ပြီး ဧကရာဇ်လမ်းစဉ်ကို ကူးပြောင်းနိုင်တယ်ဆိုရင်တော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာလိမ့်မယ်…

သူက တွေးလိုက်မိသည်။ သို့သော်လည်း သူက ထိုကိစ္စသည် မဖြစ်နိုင်ကြောင်း သိထား၏။ ကောင်းကင်တာအို၏ ကဏ္ဍခွဲထားမှုအရ ကောင်းကင်နှင့် ကမ္ဘာဦးလမ်းစဉ်ကသာ ဧကရာဇ်လမ်းစဉ်နှင့် ယှဉ်နိုင်လေသည်။

ဒါက အပြည့်အဝ မဖြစ်နိုင်တာတော့ မဟုတ်သေးဘူး…

တခြားဟွင်သွမ်းကမ္ဘာတွေမှာ ဆိုရင်တော့ ဖြစ်နေနိုင်တယ်။ ကမ္ဘာရဲ့ စည်းမျဉ်းတွေက အဲဒီအကူးအပြောင်းအတွက် ခွင့်ပြုထားတာမျိုး ဖြစ်နေနိုင်တယ်…

ဝမ်ဝေ့က ဆက်တွေးလိုက်သည်။ ဟွင်သွမ်းစကြဝဠာက ကျယ်ပြန့်လွန်းပြီး တချို့ကိစ္စရပ်များက အကြွင်းမဲ့ မဟုတ်ပေ။

“ငါ ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ”

“အတိအကျ မသိသေးဘူး”

“မင်းတောင် တွက်ချက်မကြည့်နိုင်ဘူးလား”

“ဒီအချိန်လောက်ဆိုတာပဲ သိထားတာ။ ဒါပေမဲ့ ကျရှုံးနိုင်ချေလည်း ရှိတယ်”

“ငါ သိပြီ။ ဒီလိုဆိုရင် ခဏနားလိုက်ရအောင်။ ငါ ဒီနေရာမှာနေတာ အရမ်းကို ကြာလွန်းနေပြီ”

သူက သွင်ပြင်ကို ပြောင်းကာ ကမ္ဘာတစ်ဝှမ်းအပြောင်းအလဲများကို ကြည့်ရှုရင်း အစားအသောက် မြည်းစမ်းဖို့ ထွက်လာခဲ့လိုက်သည်။

ထိုအရာက တစ်လတာ ကြာမြင့်ခဲ့ပြီး ခုံရုံးသို့ ပြန်လာပြီး ၃ရက်မြောက်နေ့တွင် ဝူဟုန်၏ မျက်နှာလှလှလေးကို ရွှံ့စေးဖြင့် ပုံဖော်နေစဉ် အာကာပြင်က ရုတ်တရက် တွန့်လိမ်သွားကာ တစ်စုံတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

သူက ထိုအရာကို ဖမ်းယူလိုက်၏။

“ထုံရို့ပင်းလား”

သူမက မေ့လဲသွားပြီး ဒဏ်ရာအပြည့် ရလာလေသည်။ ထူးထူးဆန်းဆန်း အနက်ရောင် အငွေ့အသက်က သူမကို လွှမ်းခြုံထားလေ၏။

“သတိထား။ ဒီအရှိန်အဝါက အရမ်းကို တိုက်စားနိုင်တယ်” ကိုယ်ပွားက ပေါ်ထွက်လာကာ သတိပေးလိုက်သည်။ သူ့လက်တစ်ချက်အဝှေ့တွင် ခန္ဓာကိုယ်အား ပူဖောင်းနှင့် တူညီသည့် ကာကွယ်ရေးအလွှာတစ်ခု ထားရှိပေးလိုက်သည်။

“သူမရဲ့ တည်ရှိမှုက ငါ့လိုမျိုး ဒဏ်ရာရသွားပြီ” ဝမ်ဝေ့က ကွဲပြားချက်ကို သတိထားမိကာ ပြောလိုက်သည်။

“အမှန်ပဲ”

ကိုယ်ပွားက သူမကို စတင်ကုသပေးလိုက်သည်။ ပထမဦးစွာ အနက်ရောင်အရှိန်အဝါများကို စည်းပိတ်ပြီး ဖယ်ရှားပစ်လိုက်ရ၏။ သူက ခုခံမှုကို ခံစားမိသော်လည်း သူ့စွမ်းအားအပြည့်ကို ထုတ်သုံးဖို့ရာမှအပ ရွေးချယ်စရာ မရှိပေ။

“ဒီမှာ”

သူက စည်းပိတ်ထားသည့် အရှိန်အဝါကို ပင်မခန္ဓာကိုယ်ဆီ ပေးလိုက်သည်။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ထုံရို့ပင်း၏ ဖြူဖျော့နေသော မျက်နှာအထက် မျက်လုံးပွင့်လာလေသည်။

“ကျွန်မ ဘယ်ရောက်နေတာလဲ” သူမက ဘေးပတ်လည်ကို သတိထားမိကာ ပြောလိုက်သည်။

“အဲဒါဆိုတော့ ကျွန်မ အောင်အောင်မြင်မြင် လွတ်မြောက်လာတယ်လား”

“ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ဘာဖြစ်ခဲ့တာလဲ”

ထုံရို့ပင်းက ပါးစပ်ဟပြီးသည့်နောက်တွင် ပြန်ပိတ်သွားသည်။ သူမက မျက်မှောင်အသာကြုတ်လိုက်၏။

“ဘာလို့လဲ”

“ကျွန်မရဲ့ မှတ်ဉာဏ်တွေက ဝေဝါးနေတယ်”

“မင်း ဘာမှမမြင်ခဲ့ရဘူးလား”

“မဟုတ်ဘူး။ ကျွန်မ တစ်ခုခုကို မြင်ခဲ့တာကို သိတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က အဲဒီဖြစ်ရပ်တွေကို ပြောင်းလဲလိုက်သလိုမျိုးပဲ”

သူမ၏ မျက်ဝန်းအထက် အကြောက်တရားများ ပေါ်ထွက်လာပြီး သူမလိုမျိုး ထာဝရဧကရာဇ်တစ်ယောက်ကို မည်သူကများ ထိုကိစ္စကို လုပ်ဆောင်နိုင်မည်နည်း။

ဝမ်ဝေ့ကလည်း အတွေးနက်နေမိသည်။ ထိုသတင်းအချက်အလက်က အင်မတန် အသုံးဝင်၏။

“မင်း ဘာတွေ မှတ်မိလဲ။ ဘာမှမချန်ခဲ့နဲ့”

ထုံရို့ပင်း၏ စိတ်က ဝေဝါးနေဆဲ ဖြစ်၏။ ထို့ကြောင့် သူမက အတွေးများကို စုစည်းကာ ပြောလိုက်သည်။

“ကျွန်မ ပထမဦးဆုံး ကုန်သွယ်ရေးဗဟိုချက်ကနေ ချောက်နက်အကြောင်း သတင်းအချက်အလက်တွေကို စုဆောင်းခဲ့တယ်။ သတင်းအချက်အလက် အများစုက အသုံးမဝင်ဘူး။ အဲဒီကို စူးစမ်းရှာဖွေဖို့ သွားတဲ့ သေဆုံးသွားတဲ့ မဟာဧကရာဇ်တွေအကြောင်းပဲ ပါတာ။ သတင်းအချက်အလက် တစ်ခုကတော့ အသုံးဝင်တယ်။

ဒါပေမဲ့ ချောက်နက်အကြောင်းကနေ လူတချို့ကို တိုက်စားပစ်နိုင်တဲ့ အရှိန်အဝါကို တချို့ကောင်းကင်အလိုဆန္ဒကမ္ဘာတွေမှာပါ ရှာတွေ့ရတယ်တဲ့”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက အရှေ့ပိုင်းကုန်းမြေထဲ တူညီသည့် ဂိုဏ်းငယ်လေးမျိုးနှင့် ရင်ဆိုင်ခဲ့ဖူးသည်။

“အဲဒီနောက်တော့ ကျွန်မက ဦးတည်ရာကို သွားပြီးတော့ ရှင့်ရဲ့ အဆောင်ကို ချက်ချင်း အသုံးပြုခဲ့တယ်” ထုံရို့ပင်းက ဆက်ပြောပြီး တစ်ချက် ကြည့်လိုက်သည်။

သူမက အိပ်မက်လောကနှင့် သူ့စွမ်းအားအစစ်အမှန်ကို တွေ့ကြုံမခံစားဖူးပါက ထိုအဆောင်ကို စွဲမက်မိလောက်သည်။

“ငါ့ကို အဲ့လိုမကြည့်နဲ့။ ငါက အိပ်မက်လောကထဲမှာ ရှိတဲ့ စွမ်းအားကို မပေးနိုင်ဘူး။ အဲဒါက ငါ့ရဲ့ ကိုယ်ပိုင် မဟုတ်ဘဲနဲ့ ယာယီမလို့ပဲ” ဝမ်ဝေ့က ဝန်ခံလိုက်သည်။

“ကျွန်မ သိပါပြီ”

ထုံရို့ပင်းက ဆက်ပြောလိုက်သည်။

“ကျွန်မအနေနဲ့ စည်းတံဆိပ်တွေအပေါ် သက်ရောက်မှု မရှိဘဲ ကျော်ဖြတ်ဖို့ အချိန်တစ်ခု ယူခဲ့ရတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို …”

All Chapters