အခန်း (၇၁၅)
Vol. 52 Ch. 715
ဟန်မူယဲ့၏ လက်ဝါးပေါ်တွင်ရှိသော ရွှေရောင်အင်းကွက်သည် အလင်းလွှာကို ပျက်စီးသွားစေသည်။ သူက ကိုးထပ်ဓားစံအိမ်ကို ထိလိုက်သည်။
ဓားအလင်းများက တောက်ပလာကြသည်။ ဟန်မူယဲ့၏ပုံရိပ်က ဓားအလင်းများ၏ကြားတွင် နစ်မြုပ်သွားသည်။
မရေမတွက်နိုင်သော ဓားများသည် သူ့ဆီသို့ ပြေးဝင်လာကြသည်။
သူက တုံ့ဆိုင်းမနေဘဲ ကျောပေါ်တွင်ရှိသော ဓားရှည်ကို ထုတ်ယူသည်။ သူက ဓားနှစ်လက်ကို ကိုင်ထားပြီး လှုပ်ရှားလိုက်သည်။ ဓားအရိပ်များသည် ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားပြီး တိုးဝင်လာသော ဓားအလင်းများကို တားဆီးလိုက်ကြသည်။
သူက သုံးပေပတ်ဝန်းကျင်တွင် ပြိုင်ဘက်ကင်းသည်။
ဓားနှစ်လက်သည် အလင်းစက်ကွင်းအဖြစ် ပြောင်းလဲသွားသည်။ ဓားအလင်းများသည် သူနှင့် သုံးပေအကွာသို့ ဝင်ရောက်မလာနိုင်ကြပေ။
ထိုအချိန်တွင် ဟန်မူယဲ့၏ မျက်လုံးများက တောက်ပလာကြသည်။
ဓားစံအိမ်တွင် ကျန်ရစ်ခဲ့သော မရေမတွက်နိုင်သည့် ပိုင်ရှင်ဟောင်းများ၏ ဓားဆန္ဒသည် ရှေးခေတ်တွင် လောကကို လွှမ်းမိုးခဲ့သော ဓားနည်းစနစ်များပင် ဖြစ်ကြသည်။
ယခုအချိန်တွင် သူက မရေမတွက်နိုင်သော ရှေးခေတ်ဓားကျင့်ကြံသူများနှင့် တိုက်ခိုက်နေသည်ဟု ထင်ရသည်။ ဓားအလင်းများ၏ကြားတွင် သူက ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပေးခဲ့သော ရှေးခေတ်ဓားနည်းစနစ်များကို နားလည်နိုင်ခဲ့သည်။
လောကတွင်ရှိသော ဓားနည်းစနစ်များအားလုံးသည် ကိုယ်ပိုင်မူလရင်းမြစ်ကို ပိုင်ဆိုင်ထားကြသည်။
ဟန်မူယဲ့က ဓားနည်းစနစ်များကို နားလည်လေ ဓားတာအိုကို ပိုမိုလွတ်လပ်စွာ အသုံးချနိုင်လေ ဖြစ်သည်။
“ထန် ထန် ထန် ....”
ပြန့်ကျဲသွားသော ဓားအလင်းများသည် ဓားစံအိမ်နှင့် ထိတွေ့သွားကြသည်။ ဓားစံအိမ်က ဖြည်းဖြည်းချင်း တောက်ပလာသည်။
အဝေးတစ်နေရာတွင် ရတနာများကို ရှာဖွေနေသော တာအိုဆရာတယန်က မျက်လုံးပြူးသွားသည်။ သူက ဓားစံအိမ်၏ ဓားအလင်းများနှင့် တိုက်ခိုက်နေသော ဟန်မူယဲ့ကို လှမ်းကြည့်သည်။
“သူက ဓားရူးတစ်ယောက်ပဲ ....”
တာအိုဆရာတယန်က ရေရွတ်လိုက်ပြီး ရတနာများကို ဆက်ကြည့်နေသည်။
တောက်ပနေသော ဓားအလင်းသည် သူ့မျက်လုံးကို ကန်းသွားစေနိုင်သည်။
သူ့သခင်၏ ဓားစွမ်းရည်သည် သူခန့်မှန်းနိုင်သော အဆင့်ထက် ကျော်လွန်နေသည်။
သူက ရတနာရှာဖွေခြင်းမှလွဲ၍ သူ့သခင်ကို ကူညီမပေးနိုင်တော့ပေ။
‘ဓားဘုရင်ယွမ်ထျန်းက ငါတို့ကို ပစ်သွားသလိုမျိုး ငါက ထပ်ပြီး စွန့်ပစ်ခံရတော့မှာလား’
တာအိုဆရာတယန်က အနည်းငယ်စိတ်ပျက်နေပြီး ရှေ့တွင်ရှိသော သစ်သားစင်ကို ကြည့်သည်။
အစိမ်းရောင်နှင့် အဝါရောင်အလင်းများသည် သစ်သားစင်ပေါ်တွင် တောက်ပနေကြသည်။
“ငါက ဒီရတနာကို သန့်စင်လိုက်မယ်ဆိုရင် မြေဓာတ်စွမ်းအားက မခန့်မှန်းနိုင်လောက်အောင် ပြောင်းလဲသွားလိမ့်မယ် ....”
တာအိုဆရာတယန်၏ မျက်လုံးများက တောက်ပသွားကြပြီး ထိုရတနာကိုယူရန် လက်ကို ဆန့်ထုတ်လိုက်သည်။
အဝေးတစ်နေရာရှိ စင်မြင့်ပေါ်တွင် ဓားစံအိမ်၏ ပထမထပ်သည် အပြည့်အဝ တောက်ပလာခဲ့သည်။
ဟန်မူယဲ့က ကိုးထပ်ဓားစံအိမ်ကို အနည်းငယ် ထိန်းချုပ်နိုင်ပြီဟု ခံစားရသည်။
ဓားစံအိမ်က သူနှင့် ပိုမိုရင်းနှီးလာသည်။
သူ့လက်ထဲတွင်ရှိသော ဓားအလင်းသည် ခုခံမှုနှင့် တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်နေသည်။
ဓားအရိပ်များသည် အလွန်တောက်ပနေပြီး ဓားချက်တိုင်းသည် ဓားစံအိမ်၏ တုံ့ပြန်မှုကို လှုံ့ဆော်ပေးသည်။
ဓားစံအိမ်၏ တောက်ပမှုသည် ပိုမိုလျင်မြန်လာခဲ့သည်။
အခြေခံဓားကွက်များဖြစ်သော ထိုးသွင်းခြင်းနှင့် ခုတ်ပိုင်းခြင်း။ ထို့နောက် ဓားဆန္ဒ၊ အချိန်နှင့်တည်နေရာ၏ ဓားချက်။ အဆုံးတွင် ဖျက်ဆီးခြင်းနှင့် တည်ဆောက်ခြင်း ....
ဓားစံအိမ်၏ ဒုတိယထပ်သည် တောက်ပလာခဲ့သည်။
တတိယထပ်သည်လည်း တောက်ပလာသည်။
....
အလင်းရောင်သည် ရှစ်ထပ်မြောက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
နောက်ထပ် တစ်လက်မခန့် ဆက်တိုးသွားခဲ့လျှင် ဓားစံအိမ်တစ်ခုလုံးသည် ကိုးထပ်မြောက်အထိ တောက်ပလာလိမ့်မည်။
သို့သော် ထိုအချိန်တွင် ဟန်မူယဲ့၏ ဓားနှစ်လက်သည် ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။
သူက သင်ယူထားသော ဓားနည်းစနစ်များအားလုံးကို အသုံးပြုခဲ့သည်။
သူက နီးစပ်သော်လည်း ဝေးကွာနေသော ကိုးထပ်ဓားစံအိမ်ကို ကြည့်လိုက်ပြီး မျက်လုံးများက တောက်ပလာကြသည်။
‘တခြားလူတွေက ကိုးထပ်မြောက်အထိ သန့်စင်နိုင်တယ်ဆိုရင် ငါ ဟန်မူယဲ့က ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ’
သူက ဓားကို မြှောက်လိုက်သည်။
‘ငါက ဒီလောကမှာရှိတဲ့ ဓားနည်းစနစ်တွေကို ပြီးပြည့်စုံတဲ့အထိ လေ့ကျင့်ပြီးပြီ။ ဒီလောကနဲ့ မသက်ဆိုင်တဲ့ ဓားနည်းစနစ်တွေဆိုရင် ဘယ်လိုဖြစ်သွားမလဲ’
ဟန်မူယဲ့က ဓားကိုင်ထားပြီး စက်ဝိုင်းသဏ္ဍာန် ဝှေ့ယမ်းလိုက်သည်။
“ရွှပ် ....”
မှိန်ဖျော့နေသော ဓားအလင်းနှင့် အလွန်သာမန်ဆန်သော ဓားချက် ဖြစ်သည်။
သို့သော် ထိုဓားကွက်သည် ဤလောကနှင့် မသက်ဆိုင်ပေ။
ထိုဓားကွက်ကို နတ်ဘုရားဧကရာဇ်၏ဓားအား သွန်းလုပ်ခဲ့သောအချိန်တွင် ပန်းပဲပညာရှင်တစ်ယောက်က စမ်းသပ်သည့်အနေဖြင့် အသုံးပြုခဲ့သည်။
ထိုဓားကွက်သည် သာမန်ဆန်သော်လည်း အင်မော်တယ်ကမ္ဘာ၏ ဓားအငွေ့အသက်ကို သယ်ဆောင်ထားသည်။
ထိုဓားချက်ကြောင့် ဓားသွားသည် စီးဆင်းနေသောအလင်းရောင်ဖြင့် တောက်ပလာသည်။
ချီစွမ်းအင်နှင့် ဓားဆန္ဒကို အသုံးပြုခဲ့လျှင် ဓားအလင်း၏နောက်တွင် ဓားသွားက ဓားရာကို ချန်ထားခဲ့လိမ့်မည်။
သို့သော် အင်မော်တယ်ချီကို အသုံးပြုလိုက်လျှင် အင်မော်တယ်ချီက အရင်လှုပ်ရှားပြီး ဓားသွားက နောက်မှ လိုက်လာလိမ့်မည်။
ထိုနည်းလမ်းနှစ်မျိုးတွင် ပိုမိုကောင်းမွန်သော နည်းလမ်းကို ဆုံးဖြတ်ရန် ခက်ခဲသော်လည်း မတူညီသော ကျင့်ကြံခြင်းဖြစ်သည်။
“ရွှပ် ....”
အစိမ်းရောင် အင်မော်တယ်အလင်းသည် ဓားစံအိမ်၏ ရှစ်ထပ်မြောက်ကို ဝင်တိုက်သွားသည်။ ချီစွမ်းအင်အလင်းသည် လှုပ်ရှားသွားပြီး အစိမ်းရောင်သန်းလာသည်။
ကိုးထပ်ဓားစံအိမ်သည် တုန်ခါလာပြီး အလင်းတန်းများက သွယ်ယှက်နေကြသည်။ မရေမတွက်နိုင်သော အင်မော်တယ်ပုံရိပ်များသည် ပေါ်ထွက်လာကြသည်။
ဟန်မူယဲ့က လက်ညှိုးညွှန်ပြီး စိမ့်ထွက်လာသော အင်မော်တယ်ချီများကို သိမ်းဆည်းလိုက်သည်။
သူက ဓားကို အင်မော်တယ်ချီဖြင့် ထိန်းချုပ်ခဲ့သည်။
ဓားစံအိမ်၏ ကိုးထပ်မြောက်သည် အစိမ်းရောင်သန်းလာသည်။
ကိုးထပ်ဓားစံအိမ်သည် အင်မော်တယ်ကမ္ဘာ၏ အမွေအနှစ်တစ်ခု ဖြစ်သောကြောင့် အင်မော်တယ်ချီဖြင့် ထိန်းချုပ်သင့်သည်။
အင်မော်တယ်အလင်းသည် ချည်မျှင်များအဖြစ် ပြောင်းလဲသွားပြီး အချင်းချင်းသွယ်ယှက်၍ ဓားစံအိမ်ပေါ်တွင် အင်မော်တယ်အင်းကွက်များကို ဖွဲ့စည်းလိုက်ကြသည်။
ထိုအင်းကွက်များသည် လက်နက်သန့်စင်သော အင်းကွက်များနှင့် ဆင်တူပြီး ရတနာတိုက်မှ ဝင်္ကပါ၏ အင်းကွက်များနှင့်လည်း ဆင်တူကြသည်။
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူက အင်မော်တယ်စွမ်းအင်ကို ဆက်တိုက်သွင်းပေးပြီး ဓားစံအိမ်၏ ပြောင်းလဲမှုကို အာရုံခံကြည့်နေသည်။
ကျင့်ကြံခြင်းလောကတွင် လက်နက်သန့်စင်ခြင်းနှင့် ဆေးလုံးသန့်စင်ခြင်းသည် ကျင့်ကြံခြင်းအတွက် အထောက်အကူတစ်ခုသာ ဖြစ်သည်။
သို့သော် သူ့ရှေ့တွင်ရှိနေသော ဓားစံအိမ်သည် မတူပေ။
အင်မော်တယ်ကမ္ဘာတွင် လက်နက်အမွေအနှစ်သည် အဓိကကျင့်ကြံခြင်းလမ်းစဉ်ဟု ပြောနိုင်သည်။
ဤဓားစံအိမ်သည် ဓားလမ်းစဉ်နှင့် ပေါင်းစပ်နေပြီး လက်နက်များ၏ အဓိကကျင့်ကြံခြင်းလမ်းစဉ် ဖြစ်သည်။ ဓားလမ်းစဉ်နှင့် လက်နက်လမ်းစဉ်ကို ပေါင်းစပ်ထားသည်။
လမ်းစဉ်နှစ်ခု၏ စွမ်းအားပြောင်းလဲမှုကို အခြေခံ၍ ဓားစံအိမ်အား ထိန်းချုပ်ရမည့်နည်းလမ်းကို ဆုံးဖြတ်နိုင်သည်။
ဓားစံအိမ်သည် ဓားများကို သိုလှောင်ထားပြီး ထိန်းချုပ်ရန်အတွက် ဖြစ်တည်လာခဲ့သည်။
ဤဓားစံအိမ်ကို ထိန်းချုပ်ရန်အတွက် ဓားတာအိုနှင့် လက်နက်တာအိုတွင် အထွတ်အထိပ်သို့ ရောက်နေရမည်။
ဓားစံအိမ်၏ အထပ်ကိုးထပ်သည် တောက်ပလာကြသည်။ ဟန်မူယဲ့က နှလုံးသားထဲတွင် ဖြစ်တည်လာသော ဓားစံအိမ်နှင့် ဆက်သွယ်မှုကို ခံစားမိသည်။
သွေးလက်နက် ....
မဟုတ်သေးပေ။ လက်နက်သန့်စင်ခြင်း၏ တခြားနည်းစနစ်တစ်ခုဖြစ်သော နှလုံးသားသန့်စင်ခြင်း ဖြစ်သည်။
ကိုယ်ပိုင်သွေးကိုအသုံးပြု၍ ဓားကျင့်ကြံပြီး ဓားနှင့် အချင်းချင်း လိုက်ဖက်ညီမည်ဆိုလျှင် လောကတွင် ရှားပါးသောခွန်အားကို ထုတ်ဖော်နိုင်လိမ့်မည်။
“ဝီ”
ကိုးထပ်ဓားစံအိမ်သည် ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့၏နောက်တွင် ပေါ်လာသည်။
အပြင်လူများက ဓားစံအိမ်ကို မြင်ရမည်မဟုတ်ပေ။ ဓားစံအိမ်သည် ပုံရိပ်ယောင်အတွင်း၌သာ တည်ရှိနေသည်။
အထက်ဘုံသုံးပါး၏ ကိုးထပ်ဓားစံအိမ်ပိုင်ရှင်က နှလုံးသားသန့်စင်ခြင်းနည်းစနစ်ကို အသုံးပြု၍ ဓားစံအိမ်ကို မသန့်စင်ခဲ့ပေ။ ယခုအချိန်တွင် ဟန်မူယဲ့က ထိုအချက်ကို နားလည်သွားသည်။
ထိုသို့ သန့်စင်လိုက်မည်ဆိုလျှင် ဓားစံအိမ်၏တည်ရှိမှုကို ခံစားနိုင်တော့မည်မဟုတ်ပေ။
နှလုံးသားသန့်စင်ခြင်းနည်းစနစ် မရှိခဲ့လျှင် ဓားစံအိမ်၏ အစစ်အမှန်အမွေအနှစ်ကို ရနိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် အပြာရောင်အလင်းတစ်ခုသည် လက်ဝါးထဲတွင် ပေါ်လာသည်။
ထိုအလင်းသည် အသက်ဝင်နေပြီး ငါးတစ်ကောင်ကဲ့သို့ ကူးခပ်နေသော ဓားအလင်းများကို သိမ်းဆည်းထားသည်။
ထိုအရာသည် ဓားစံအိမ်၏ အမွေအနှစ် ဖြစ်သည်။ နည်းစနစ်က သိပ်မများသော်လည်း အင်မော်တယ်ကမ္ဘာ၏ ဓားပညာရပ်ပင် ဖြစ်သည်။
ဟန်မူယဲ့က စင်မြင့်ပေါ်တွင် ရပ်နေပြီး သံသယဝင်လာသည်။
အင်မော်တယ်ကမ္ဘာ၏ ဓာတ်စင်ကိုးပါးဂိုဏ်းတွင် သာမန်တပည့်များသည် ကိုးထပ်ဓားစံအိမ်ကို မပိုင်ဆိုင်ကြပေ။ ကိုးထပ်ဓားစံအိမ်သည် တိုက်ရိုက်တပည့်များ၏ ပိုင်ဆိုင်မှု ဖြစ်သည်။
ကိုးထပ်ဓားစံအိမ်၏ အမွေအနှစ်ကို ရရှိထားသော တပည့်များသည် တန်ဖိုးအထားခံရပြီး အင်မော်တယ်ဂိုဏ်း၏ အစစ်အမှန်တပည့်များ ဖြစ်လာကြလိမ့်မည်။
အင်မော်တယ်တက်လှမ်းစင်မြင့်သည် ကျင့်ကြံသူများကို အင်မော်တယ်ကမ္ဘာသို့ ခေါ်သွားနိုင်သည်။
သို့သော် သူက နတ်ဘုရားဧကရာဇ်၏ ဓားမှတစ်ဆင့် အင်မော်တယ်အသွင်ပြောင်းရေကန်တွင်ရှိသော ကျင့်ကြံသူများကို မြင်ခဲ့ရသည်။
လျှို့ဝှက်ချက်တချို့ ရှိနေလိမ့်မည်။
ထို့အပြင် အင်မော်တယ်တက်လှမ်းစင်မြင့်သည် တစ်လမ်းသွားဖြစ်ပြီး အင်မော်တယ်ကမ္ဘာ၏ အမွေအနှစ်များသည် အတုအယောင်ဖြစ်နေခဲ့လျှင် မဟာကျင့်ကြံသူကြီးများက ပြန်ဖွင့်ချင်မည်မဟုတ်ပေ။
သူတို့က အရူးများ မဟုတ်ကြပေ။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး စင်မြင့်ပေါ်မှ ဆင်းသွားသည်။
သူ့နောက်တွင်ရှိသော ကိုးထပ်ဓားစံအိမ်သည် ပျောက်ကွယ်သွားသည်။
ထိုအရာသည် နှလုံးသားသန့်စင်ခြင်းနည်းစနစ်၏ အားသာချက် ဖြစ်သည်။ တခြားလူများက ကိုးထပ်ဓားစံအိမ်၏ တည်ရှိမှုကို အာရုံမခံနိုင်ကြပေ။
နတ်ဘုရားရတနာနှင့် ယှဉ်နိုင်သော ကိုးထပ်ဓားစံအိမ်သည် ယခုအချိန်မှစ၍ သူ့နောက်သို့ လိုက်လာပြီး အကာအကွယ်ရတနာတစ်ပါး ဖြစ်လာလိမ့်မည်။
ကိုးထပ်ဓားစံအိမ်သည် သူ၏ ဓားတာအိုကျင့်ကြံခြင်းနှင့် ပိုမိုသင့်တော်ပြီး တိုက်ခိုက်နိုင်စွမ်းကို ကောင်းမွန်စွာ ထုတ်လွှတ်ပေးနိုင်သည်။
ကိုးထပ်ဓားစံအိမ်ထဲတွင် သိမ်းဆည်းထားသော ဓားများသည် လုံလောက်စွာ အဆင့်မြင့်နေလျှင် နတ်ဘုရားရတနာကိုပင် ချိုးဖျက်ပစ်နိုင်သည်။
ဟန်မူယဲ့က ရတနာဓားများကို ပိုင်ဆိုင်ထားသည်။
နောက်ပိုင်းတွင် ဓားကောင်းတချို့ကို ထပ်မံစုစည်းလိုက်လျှင် သူ၏ ကိုးထပ်ဓားစံအိမ်သည် မဟာပုဂ္ဂိုလ်ကြီးများကပင် ကြောက်ရွံ့ရသော ဖြစ်တည်မှုတစ်ခု ဖြစ်လာလိမ့်မည်။
သူက တာအိုဆရာတယန်ကဲ့သို့ ရတနာတိုက်ကို လိုက်ကြည့်ရန် စိတ်မဝင်စားပေ။
သူက အရေးတကြီးလိုအပ်သော ရတနာများနှင့် ကြိုက်နှစ်သက်သော ရတနာများကို ယူလိုက်ပြီး ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများကို လိုက်ရှာနေသည်။
နတ်ဘုရားခုံရုံး၏ ရတနာတိုက်ထဲတွင် များပြားလှသော ရတနာများကို သိမ်းဆည်းထားသည်။ သာမန်အတိုင်း လျှောက်ကြည့်နေလျှင်ပင် အချိန်ယူရလိမ့်မည်။
သူနှင့် တာအိုဆရာတယန်က ရတနာများအားလုံးကို သိမ်းဆည်းရန်အတွက် တစ်လကြာခဲ့သည်။
ဟန်မူယဲ့က ချက်ချင်းထွက်မသွားဘဲ ရက်တစ်ရာခန့် ဆက်လက်ကျင့်ကြံနေခဲ့သည်။
သူက ကိုးထပ်ဓားစံအိမ်ထဲတွင် အင်မော်တယ်ကမ္ဘာ၏ အမွေအနှစ်ကို သန့်စင်ခဲ့သည်။ ထို့နောက် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတစ်သိန်းကို အသုံးချ၍ အချိန်နှင့်တည်နေရာ၏ ဓားချက်ကို နားလည်ခဲ့သည်။
သူက ကျင့်ကြံရာမှ ပြန်ထွက်လာသောအခါတွင် အလွန်သန်မာသော အငွေ့အသက်ကို ထုတ်ပေးနေသည်။
သူ၏ ဓားကျင့်ကြံခြင်းသည် စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်နေသည်။ အချိန်နှင့် တည်နေရာစွမ်းအား၏ ဉာဏ်အလင်းသည် နတ်ဘုရားဘုရင်များထက် ကျော်လွန်သွားသည်။
သို့သော် တာအိုပြိုင်ပွဲကြောင့် သူ၏ ကျင့်ကြံဆင့်က ဖိနှိပ်ခံထားရသည်။ သူ၏ ဝိညာဉ်၊ ရုပ်ခန္ဓာနှင့် စိတ်အခြေအနေကလည်း ဓားကျင့်ကြံခြင်းနှင့် အမီမလိုက်နိုင်ကြတော့ပေ။
သူ၏ ဓားကျင့်ကြံခြင်းက အလွန်သန်မာသော်လည်း ခွန်အားအပြည့် မထုတ်နိုင်ပေ။
သူ၏ တွက်ချက်မှုများအရ ယခုအချိန်တွင် တန့်ဝူယို၏ ရတနာတိုက်ကို ဖွင့်လှစ်တော့မည်ဖြစ်သည်။
ထိုရတနာတိုက်သည် ဤရတနာတိုက်နှင့် မတူပေ။ တိကျသော တည်နေရာနှင့် ဖွင့်လှစ်ရမည့်နည်းလမ်းကို ပိုင်ဆိုင်မထားပေ။ ထို့ကြောင့် တိုက်ပွဲက အလွန်ပြင်းထန်လိမ့်မည်။
အစပိုင်းတွင် ဟန်မူယဲ့က ထိုရတနာတိုက်၏တိုက်ပွဲကို အခွင့်ကောင်းယူ၍ ဤရတနာတိုက်ကို တိတ်ဆိတ်စွာ ဖွင့်နိုင်ရန် စီစဉ်ထားခဲ့သည်။
သို့သော် သူက ဤရတနာတိုက်ကို ချောမွေ့စွာဖွင့်ပြီး ရတနာများအားလုံးကို သိမ်းယူနိုင်ခဲ့သည်။ ထို့ကြောင့် တခြားရတနာတိုက်ကို သွားကြည့်သင့်သည်။
မှတ်တမ်းစာအုပ်အရ သူအသုံးပြုနိုင်သော ပစ္စည်းတချို့သည် ထိုရတနာတိုက်ထဲတွင် ရှိနေသည်။
ဥပမာအနေဖြင့် ခုနစ်ထပ်ဓားစံအိမ် ဖြစ်သည်။
တာအိုဆရာတယန်က ရတနာတိုက်ထဲမှ ထွက်လာပြီး အစိမ်းရောင်ကျောက်နံရံကို ဖြတ်ကျော်လာသည်အထိ အသိစိတ်လွတ်နေခဲ့သည်။
ဟန်မူယဲ့က သိန်းချီသောရတနာများကို စုဆောင်းနိုင်ခဲ့သည်။ သူက တာအိုဆရာတယန်ကိုလည်း ခွဲပေးခဲ့သည်။
တာအိုဆရာတယန်က ထိုသို့ပင် ဖြစ်သည်။ တောက်ပနေသော ရတနာပစ္စည်းများသည် သူ့ကို တစ်ချိန်လုံး အသိစိတ်လွတ်သွားစေသည်။
သူက ပစ္စည်းကောင်းအချို့ကို သိမ်းဆည်းထားနိုင်ခဲ့သည်။
“သခင်၊ နောက်ထပ်ရတနာတိုက်တစ်ခုကို ချက်ချင်းသွားတော့မှာလား။ ဒါမှမဟုတ် သခင်အသွင်ပြောင်းတာကို စောင့်ရအုံးမှာလား”
တာအိုဆရာတယန်က ရွှေရောင်တောက်နေသော ဝိညာဉ်ပုလဲတစ်လုံးကို ကိုင်ထားပြီး ညင်သာစွာ ပြောလိုက်သည်။
သူက စိတ်မရှည်နိုင်ဘဲ ဖြစ်နေသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ငါက နတ်ဘုရားသားရဲနဲ့ အပြည့်အဝပေါင်းစပ်နိုင်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်။ ရတနာတိုက်ကို အရင်သွားရအောင်”
သူက တာအိုပြိုင်ပွဲ၏ အပြင်ဘက်တွင် နတ်ဘုရားသားရဲအသွင်ပြောင်းခြင်းကို နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံနေခဲ့သည်။ သူ့ခွန်အားက အထွတ်အထိပ်နှင့် နီးကပ်နေသည်။
နောက်ဆုံးပေါင်းစပ်မှု ပြီးပြည့်စုံသွားလျှင် သူက လောကကို အုပ်စိုးခဲ့သော နတ်ဘုရားသားရဲပါ့ရှား၏ စွမ်းအားကို ကျော်လွန်နိုင်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ပါ့ရှားသည် ဟန်မူယဲ့၏ ပြိုင်ဘက်ကင်းဓားကျင့်ကြံခြင်းကို မပိုင်ဆိုင်ခဲ့ပေ။