အခန်း (၇၁၇)
Vol. 52 Ch. 717
အာကာသထဲတွင် ချီစွမ်းအင်အလင်းတစ်ခုကို မြင်ရသည်။
အဆုံးတွင် ဟန်မူယဲ့ပစ်လိုက်သော ရတနာများသည် ကျွမ်းကျင်သူများ၏ စိတ်အာရုံကို ဆွဲဆောင်လိုက်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်၏ အထက်တွင်ရှိသော ကျင့်ကြံသူများက ပျံသန်းလာကြသည်။
ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားသည်။
သူသည် ကျောက်တုံးများ၏ရှေ့တွင် ပြန်ပေါ်လာခဲ့သည်။
ကျောက်တုံးကိုမှီ၍ ပင့်သက်ရှိုက်နေရသော ကျောက်ကျန့်ဟယ်က တစ်ကိုယ်လုံးတောင့်တင်းသွားပြီး လှည့်ကြည့်သည်။ သူက ဟန်မူယဲ့ကို မြင်လိုက်ရသည်။
ထိုအချိန်တွင် မဖော်ပြနိုင်လောက်သော ခံစားချက်များသည် သူ့မျက်လုံးထဲမှ ပေါ်ထွက်လာကြသည်။
စိတ်လှုပ်ရှားခြင်း၊ ဒေါသထွက်ခြင်း၊ အံ့အားသင့်ခြင်း၊ ငေးမောခြင်း ....
“မတွေ့ရတာ ကြာပြီ”
ဟန်မူယဲ့က ပေါ့ပါးစွာပြောသည်။
“မင်း၊ မင်း ....”
ကျောက်ကျန့်ဟယ်၏မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။ အဆုံးတွင် သူက ခါးသီးစွာပြုံးလိုက်ပြီး သက်ပြင်းချသည်။
“ငါက မင်းကြောင့် ခံစားခဲ့ရတယ် ....”
သူ့အသံတွင် အဆုံးမရှိသော ဝမ်းနည်းမှုများနှင့် ပြည့်နေသည်။
သူက နတ်ဘုရားဧကရာဇ်၏ဓားကို ရလိုက်သောအချိန်တွင် မျက်နှာမဲ့စစ်သည်တော်များနှင့် ကျွမ်းကျင်သူများ၏ လိုက်လံဖမ်းဆီးခြင်းကို နှစ်ပေါင်းလေးဆယ်ကြာအောင် ခံစားခဲ့ရသည်။
နှစ်ပေါင်းလေးဆယ် ....
နှစ်ပေါင်းလေးဆယ် ကြာသွားခဲ့သည်။
သူ့နှလုံးသားထဲတွင်ရှိသော မာနကြောင့်သာ မဟုတ်လျှင် သူ အရိပ်နတ်ဘုရားဘုရင်က နတ်ဘုရားဧကရာဇ်၏ဓားကို စွန့်ပစ်ခဲ့လိမ့်မည်။
သို့သော် သူက နတ်ဘုရားဘုရင်တစ်ပါး ဖြစ်နေသည်။ သူက ထိုကိစ္စမျိုးကို မလုပ်နိုင်ပေ။
ထို့အပြင် နတ်ဘုရားဧကရာဇ်၏ဓားသည် အခွင့်အရေးတစ်ခု ဖြစ်သောကြောင့် သူက လက်မလျော့နိုင်ပေ။
“အကြီးအကဲက နတ်ဘုရားဧကရာဇ်ရဲ့ဓားကို ဆယ်စုနှစ်ချီအောင် ထိန်းချုပ်ထားခဲ့တယ်။ တစ်ခုခု ရနေပြီလား”
ဟန်မူဘဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် အနည်းငယ်စုတ်ပြတ်နေသော ကျောက်ကျန့်ဟယ်ကို ကြည့်သည်။
“အကြီးအကဲက နောက်ထပ်ဓားတစ်ပိုင်းကို ရသွားရင် လောကမှာ ပြိုင်ဘက်ကင်းဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်”
သူက တည်ငြိမ်စွာ ဆက်ပြောသည်။
‘ပြိုင်ဘက်ကင်းတဲ့လား’
‘ပေါက်ကရတွေပဲ’
ကျောက်ကျန့်ဟယ်က နှလုံးသားထဲတွင် ဆဲရေးလိုက်သည်။
ထိုဓားကျိုးသည် အကျိုးအမြတ်မပေးဘဲ ဒုက္ခများကိုသာ ပေးခဲ့သည်။
ဓားကျိုးသည် ထောင်ချောက်တစ်ခု ဖြစ်သည်။
ကျောက်ကျန့်ဟယ်က ထိုသို့တွေးလိုက်ပြီး မျက်နှာထားက အေးစက်သွားသည်။
“မင်းက ဘယ်သူလဲ”
“ဘာဖြစ်လို့ ငါ့ကို အကွက်ချခဲ့တာလဲ”
မဟာတာအို၏ စွမ်းအားများသည် သူ့ခန္ဓာကိုယ်ပေါ်တွင် စုစည်းလာကြသည်။ ဟန်မူယဲ့၏အဖြေက မှားယွင်းခဲ့မည်ဆိုလျှင် သူက ချက်ချင်းလှုပ်ရှားလိမ့်မည်။
သို့သော် သူက တခြားကျွမ်းကျင်သူများကို မဆွဲဆောင်ချင်သောကြောင့် စွမ်းအားများကို သိပ်မစုစည်းရဲပေ။
နတ်ဘုရားဘုရင်တစ်ပါးဖြစ်သော သူက ဤအခြေအနေအထိ နိမ့်ကျသွားခဲ့သည်။ အလွန်ပင် သနားစရာကောင်းသည်။
ဟန်မူယဲ့က စိတ်ထဲတွင် ရယ်လိုက်သော်လည်း အပြင်ဘက်တွင် တည်ငြိမ်နေသည်။
“အကြီးအကဲက ကျွန်တော့်နာမည်ကို ကြားဖူးမှာပါ။ ဟန်မူယဲ့တဲ့”
‘ဟန်မူယဲ့လား’
ကျောက်ကျန့်ဟယ်က မျက်ခုံးပင့်လိုက်သည်။
ကောင်းကင်စာရင်းတွင် အဆင့်ကိုးဖြစ်သော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဟန်မူယဲ့ ....
သူက နတ်ဘုရားဘုရင်တစ်ပါး ဖြစ်နေသော်လည်း တာအိုပြိုင်ပွဲတွင် အစွမ်းကုန်မသုံးနိုင်ဘဲ အမြဲ ထွက်ပြေးနေရသည်။ ထို့ကြောင့် သူက အဆင့် ၂၆တွင် ရှိနေသည်။
တာအိုပြိုင်ပွဲတွင် သူတော်စင်တစ်ပါး၏ စွမ်းအားကိုသာ အပြည့်အဝ ထုတ်သုံးနိုင်သည်။ သူက တိုက်ခိုက်မည်ဆိုလျှင်ပင် တခြားလူများထက် သာလွန်နေမည်မဟုတ်ပေ။
ကျောက်ကျန့်ဟယ်က အငွေ့အသက်များကို ပြန်လည်ထိန်းသိမ်းလိုက်သည်။
သူ့ကို အကွက်ချခဲ့သောလူသည် သူ့ထက်နာမည်ကြီးသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“မထူးဆန်းတော့ပါဘူး”
ကျောက်ကျန့်ဟယ်က နားလည်သွားပုံရသည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။
“အဲဒီတော့ မင်းပဲ”
“ဒီအကျိုးနည်းဓားနဲ့ ရတနာတိုက်ကို မင်းက ထုတ်သုံးခဲ့တာမဟုတ်လား”
သူ့ရှေ့တွင်ရှိသော လူသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန် ဖြစ်သည်။ သူက အရာအားလုံးကို ချက်ချင်း ချိတ်ဆက်ကြည့်နိုင်သည်။
သူက ရတနာအမျိုးမျိုးကို အသုံးပြုပြီး ကောင်းကင်ရင်းမြစ်ကမ္ဘာကို လှုံ့ဆော်ခဲ့သည်။ ထို့ကြောင့် အင်အားစုကြီးများက တာအိုပြိုင်ပွဲနယ်မြေသို့ ဝင်ရောက်လာကြသည်။
တာအိုပြိုင်ပွဲသည် ပိုမို၍ ဖရိုဖရဲဖြစ်လာသည်။
သို့သော် ဟန်မူယဲ့က ဆယ်စုနှစ်များစွာကြာအောင် ပုန်းကွယ်နေခဲ့သည်။
ထိုသို့ သည်းခံနိုင်စွမ်းနှင့် နောက်ကွယ်မှ တွက်ချက်မှုမျိုးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ကျောက်ကျန့်ဟယ်က ဟန်မူယဲ့ကို ထပ်ကြည့်လိုက်သောအခါတွင် သတိထားနေပုံပေါ်သည်။
“အကြီးအကဲက ဘာတွေပြောနေတာလဲ”
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။
“အကြီးအကဲရဲ့ လက်ထဲမှာရှိနေတဲ့ နတ်ဘုရားဧကရာဇ်ရဲ့ဓားနဲ့ နတ်ဘုရားခုံရုံးရဲ့ ရတနာတိုက်တို့က လောကမှာ ရှားပါးတဲ့ အစစ်အမှန်ရတနာတွေပဲ”
“ဒီရတနာတွေက တိုက်ခိုက်ဖို့အတွက် ထိုက်တန်တယ်မဟုတ်လား”
အမှန်ပင်ဖြစ်သည်။
နတ်ဘုရားဧကရာဇ်၏ဓားနှင့် ရတနာတိုက်တွင်ရှိသော ရတနာတစ်ခုချင်းစီသည် အလွန်ဆွဲဆောင်မှုရှိသည်။
ထို့ကြောင့် ပိုမိုကြောက်မက်ဖွယ်ကောင်းသည်။
ကျောက်ကျန့်ဟယ်က မသိစိတ်အလျောက် နောက်သို့ ခြေတစ်လှမ်းဆုတ်မိသည်။
သူ့ရှေ့တွင်ရှိသော လူသည် ထောက်ချောက်ဆင်ထားရုံသာမက အစစ်အမှန်ရတနာများကိုလည်း ထုတ်ပေးနိုင်သည်။
ထိုသို့ ပြုလုပ်ရန်အတွက် မည်သည့် အကျင့်စရိုက်နှင့် ကြွယ်ဝမှုမျိုးကို ပိုင်ဆိုင်ရမည်နည်း။
သူက ရတနာတစ်ခုကို ထုတ်ပေးရလျှင် အချိန်ကြာမြင့်စွာ နာကျင်နေရလိမ့်မည်။
သူက အင်အားစုအမျိုးမျိုး၏ ကျွမ်းကျင်သူနှင့် လက်ရွေးစင်များကို မျှားခေါ်ရန်အတွက် ရတနာများကို ထုတ်မပေးနိုင်ချေ။
အထက်ဘုံသုံးပါးတွင်ရှိကြသော မဟာဂိုဏ်းကြီးများကပင် ထိုသို့ လုပ်မည်မဟုတ်ပေ။
ထိုအချက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ဟန်မူယဲ့က ကျောက်ကျန့်ဟယ်၏ အကြည့်ကို မြင်ရသောအခါတွင် ရယ်လိုက်ပြီး တီးတိုးပြောသည်။
“အကြီးအကဲက ဒီလိုအခွင့်အရေးမျိုး ရပြီးတာတောင် ကျွန်တော့်ကို ကျေးဇူးမတင်ဘူး။ ဝမ်းနည်းစရာပဲ”
ထို့နောက် သူက ရပ်တန့်လိုက်ပြီး ညင်သာစွာဆက်ပြောသည်။
“အကြီးအကဲက နတ်ဘုရားဧကရာဇ်ရဲ့ အမွေအနှစ်နဲ့ ဓားရဲ့ လျှို့ဝှက်ချက်ကို မသိနိုင်ရင် ဓားကျိုးကို အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး”
ကျောက်ကျန့်ဟယ်က တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
‘မင်းက ငါ့ကို လှောင်ပြောင်ဖို့ ရောက်လာတာမဟုတ်လား’
သူက ဓားကျိုးကို ရခဲ့ပြီး အမြဲတမ်း ထွက်ပြေးနေရသောကြောင့် ကျင့်ကြံရန် အချိန်မရှိခဲ့ပေ။ ဓား၏ လျှို့ဝှက်ချက်ကိုလည်း မရှာနိုင်ပေ။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ကျောက်ကျန့်ဟယ်က ရင်နာသွားသည်။
ယောင်္ကျားသားများက လွယ်လွယ်မျက်ရည်မကျသင့်ပေ။
“အကြီးအကဲက အမြဲတမ်း ထွက်ပြေးနေရတယ်လို့ ကြားမိတယ်။ အဲဒီတော့ ဓားကို မထိန်းချုပ်နိုင်သေးဘူး မဟုတ်လား”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။
“အကြီးအကဲက ကိုယ်ပိုင်နေရာတစ်ခုမရှိဘဲ လှုပ်ရှားမှုတွေက ထူးဆန်းနေတာ ဆိုးတာပဲ ....”
‘မင်းကပဲ ကိုယ်ပိုင်နေရာတစ်ခု မရှိတာ။ မင်းရဲ့ လှုပ်ရှားမှုတွေကပဲ ထူးဆန်းနေတာ’
ကျောက်ကျန့်ဟယ်က မျက်လုံးပြူးသွားသည်။
ဟန်မူယဲ့က ညင်သာစွာချောင်းဟန့်လိုက်ပြီး ဆက်ပြောသည်။
“အကြီးအကဲကို လိုက်မရှာနိုင်ခဲ့ဘူးလို့ ပြောချင်တာပါ။ မဟုတ်ရင် ကျွန်တော်က ဓားရဲ့လျှို့ဝှက်ချက်ကို ပြောလိုက်ပြီ”
ဓား၏ လျှို့ဝှက်ချက် ....
ထိုအရာသည် ထောင်ချောက်တစ်ခု ဖြစ်နိုင်သည်။ သို့သော် သူက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ လက်နှစ်ဖက်က အနည်းငယ် တုန်ခါသွားကြသည်။
သူခံစားခဲ့ရသော ဖြစ်ရပ်ကို ဘုရားကသာ သိလိမ့်မည်။
“ဟန်လေး၊ ညီလေးဟန်။ ငါ့ကို အဲဒီအကြောင်း ပြောပြပါ”
ကျောက်ကျန့်ဟယ်က အပြုံးတစ်ခုကို ညှစ်ထုတ်သည်။
“အကြီးအကဲ၊ ဒီဓားက ချီစွမ်းအင်ကို ထိန်းချုပ်နိုင်တဲ့ ဓားပဲ။ လောကမှာရှိတဲ့ အရာအားလုံးကို ဖိနှိပ်နိုင်တယ်”
“နတ်ဘုရားဧကရာဇ်က ဒီဓားကို အသုံးပြုပြီး လောကကို လွှမ်းမိုးခဲ့တယ်။ သူနဲ့ ယှဉ်နိုင်တဲ့လူ မရှိခဲ့ဘူး”
ဟန်မူယဲ့က ကျောက်ကျန့်ဟယ်၏ ခါးတွင်ရှိသော ဓားကျိုးကို ညွှန်ပြလိုက်ပြီး ပြောသည်။
“အကြီးအကဲက အင်မော်တယ်ချီကိုသုံးပြီး ဓားကျိုးနဲ့ ဆက်သွယ်ကြည့်လို့ရတယ်။ ဒီဓားမှာ အသိစိတ်မရှိဘူး။ အဲဒါကြောင့် ဒီအတိုင်း သုံးလို့ရတယ်”
သူက လိမ်ညာနေခြင်းမဟုတ်ပေ။
ကျိုးပန်းယွီချန်ခဲ့သော မှတ်တမ်းများကြောင့် ဟန်မူယဲ့က နတ်ဘုရားဧကရာဇ်၏ဓားနှင့် ပတ်သတ်၍ အနည်းငယ် နားလည်ထားသည်။
ထိုဓားကို ရတနာတိုက်ထဲတွင် အချိန်တစ်ခုကြာသည်အထိ ထိန်းသိမ်းထားပြီး နတ်ဘုရားဧကရာဇ်က ထုတ်ယူသွားခဲ့သည်။
ထိုဓားကို အင်မော်တယ်ကမ္ဘာတွင် ဖန်တီးခဲ့သည်။ ထို့ကြောင့် သန့်စင်ခြင်းနည်းစနစ်က ကွဲပြားနေသည်။
နှလုံးသားသန့်စင်ခြင်း နည်းစနစ် ....
ထိုနည်းစနစ်သည် အင်မော်တယ်ကမ္ဘာတွင် လူကြိုက်များလိမ့်မည်။
သို့သော် ဟန်မူယဲ့က ဓားကို သန့်စင်ရန် အသုံးပြုရမည့် နည်းလမ်းကိုသာ ခန့်မှန်းနိုင်သည်။
နတ်ဘုရားဧကရာဇ်၏ ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ဖြစ်လိမ့်မည်။
သူ့တွင် မရှိပေ။
သို့သော် သူက ရတနာတိုက်နှင့် အင်မော်တယ်အင်းကွက်များကို ပိုင်ဆိုင်ထားသည်။
ကျောက်ကျန့်ဟယ်၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။ သို့သော် သူက မလှုပ်ရှားပေ။
“အကြီးအကဲမှာ အင်မော်တယ်ချီ မရှိဘူးလား”
ဟန်မူယဲ့က မေးလိုက်သည်။
ကျောက်ကျန့်ဟယ်က ရှက်သွားသည်။
သူက နတ်ဘုရားဘုရင်တစ်ပါး ဖြစ်သော်လည်း အင်မော်တယ်ချီကို စုစည်းမထားနိုင်သောကြောင့် အမှန်တကယ်ပင် ရှက်စရာကောင်းသည်။
သို့သော် သူ၏ နတ်ဘုရားဘုရင်စွမ်းအားသည် ထွက်ပြေးခြင်းနှင့် ပုန်းကွယ်ခြင်းအပေါ်တွင် အခြေခံထားသည်။ သူက တိုက်ခိုက်နိုင်စွမ်းတွင် တခြားနတ်ဘုရားဘုရင်များထက် အားနည်းသည်။
အင်မော်တယ်ချီအတွက် တိုက်ပွဲများဖြစ်ပေါ်လာခဲ့လျှင် သူက မသွားရဲပေ။
“အကြီးအကဲ၊ ကျွန်တော့်မှာ အင်မော်တယ်ချီတချို့ရှိတယ်။ ယူလိုက်ပါ”
ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် အစိမ်းရောင်ချီမျှင်တချို့ ပေါ်ထွက်လာကြသည်။
‘သူက လူကောင်းတစ်ယောက်ပဲ’
ကျောက်ကျန့်ဟယ်က အံ့အားသင့်သွားပြီး အင်မော်တယ်ချီကို ဖမ်းယူလိုက်သည်။ သူက စိတ်လှုပ်ရှားသွားသည်။
‘မဟုတ်သေးဘူး။ ဒီကလေးက သေချာပေါက် လူကောင်းတစ်ယောက် မဟုတ်ဘူး’
ကျောက်ကျန့်ဟယ်က ဟန်မူယဲ့ကို ကျေးဇူးမတင်တော့ပေ။
“အာ ထားလိုက်ပါတော့လေ။ ကျွန်တော့်မှာ အင်မော်တယ်တယ်ချီဝင်္ကပါ ရှိတယ်။ အကြီးအကဲက နတ်ဘုရားဧကရာဇ်ရဲ့ဓားကို ချက်ချင်းသုံးနိုင်အောင် လုပ်ပေးလိုက်ပါ့မယ်”
ဟန်မူယဲ့က လက်မြှောက်ပြီး ရတနာတိုက်၏ ဝင်္ကပါကို ထုတ်ယူသည်။
သူက ဝင်္ကပါ၏ အခြေခံဖြစ်သော အင်မော်တယ်အင်းကွက်များကို နားလည်ထားသည်။ ဤဝင်္ကပါသည် သူ့အတွက် တန်ဖိုးသိပ်မရှိပေ။
“အကြီးအကဲ၊ နောက်ကျရင် ကျွန်တော်တို့နဲ့ တစ်ဖက်တည်းမှာ ရပ်ရလိမ့်မယ်”
ဟန်မူယဲ့က ဝင်္ကပါကို ကိုင်ထားပြီး ပြောလိုက်သည်။
‘ဒါပဲလား’
‘ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ ပူးပေါင်းဖို့က အရေးကြီးလို့လား’
ကျောက်ကျန့်ဟယ်က ခေါင်းညိတ်လိုက်ပြီး လေးနက်စွာပြောသည်။
“စိတ်မပူပါနဲ့ အမတ်ချုပ်ကြီးဟန်။ ငါတို့က ဒီအခက်အခဲကို ဖြေရှင်းနိုင်ရင် ငါက ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ တစ်ဖက်တည်းပါပဲ”
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ဝင်္ကပါကို ပစ်ပေးသည်။
ကျောက်ကျန့်ဟယ်က ဝင်္ကပါကို ကိုင်ထားပြီး စုဆောင်းထားသော အင်မော်တယ်ချီများကို ထည့်သွင်းလိုက်သည်။ သူ့ခါးတွင်ရှိနေသော ဓားကျိုးက ပျံသန်းထွက်သွားသည်။
“ဝီ”
ဓားကျိုးက တုန်ခါသွားသည်။ ကျောကျန့်ဟယ်၏ မျက်နှာထားက လျင်မြန်စွာ ပြောင်းလဲသွားသည်။
ဝင်္ကပါနှင့် အင်မော်တယ်ချီက နှလုံးသားသန့်စင်ခြင်း နည်းစနစ်ကို လှုံ့ဆော်ပေးသည်။ သူက ဓားကျိုးကို ယာယီ ထိန်းချုပ်နိုင်ခဲ့သည်။
ထိုအချိန်တွင် ကျောက်ကျန့်ဟယ်က ဓားကျိုး၏စွမ်းအားကို ခံစားလိုက်ရသည်။
အဝေးတစ်နေရာတွင် လျှောက်သွားနေသော မျက်နှာမဲ့စစ်သည်များက ရုတ်တရက် တုန်ခါလာပြီး ပျောက်ကွယ်သွားကြသည်။
အာကာသထဲတွင် အေးစက်သော နှာမှုတ်သံများနှင့် အော်ဟစ်သံကို ကြားနိုင်သည်။
ကျောက်ကျန့်ဟယ်က ပြုံးနေသော ဟန်မူယဲ့ကို ကြည့်သည်။
မျက်နှာမဲ့စစ်သည်များက ကျောက်ကျန့်ဟယ်၏ဘေးသို့ ရောက်လာကြသည်။
သို့သော် သူတို့က ကျောက်ကျန့်ဟယ်ကို ကျောပေးထားပြီး ဆေဘာဓားများဖြင့် အပြင်ဘက်သို့ ညွှန်ပြနေကြသည်။
“ဟမ့်၊ ငါ့ရဲ့ လျှို့ဝှက်စစ်သည်တော်တွေကို တစ်ယောက်ယောက်က ထိန်းချုပ်ချင်နေတာပဲ”
ကျောက်ကျန့်ဟယ်က အရာအားလုံးကို ချက်ချင်းနားလည်သွားသည်။
“ညီလေးဟန်၊ ငါသွားလိုက်အုံးမယ်”
ကျောက်ကျန့်ဟယ်က ဓားကျိုးကို ကိုင်ထားပြီး မျက်လုံးများက တောက်ပသွားကြသည်။
သူက အချိန်အတော်ကြာအောင် ထွက်ပြေးနေရပြီး ပြန်လည်တိုက်ခိုက်တော့မည်။
“သွားပါ အကြီးအကဲ”
ဟန်မူယဲ့က အပြုံးတစ်ခုနှင့် ပြောသည်။
“ဒါနဲ့ လူနည်းနည်းပဲသတ်တာ ပိုကောင်းလိမ့်မယ်လို့ ထင်မိတယ်။ တာအိုပြိုင်ပွဲမှာ အသုံးဝင်လာနိုင်တယ်လေ”
ဟန်မူယဲ့က ညင်သာစွာပြောသည်။