← Chapters

အခန်း (၇၂၁)

Vol. 52 Ch. 721

အခန်း (၇၂၁)

Vol. 52 Ch. 721

ဓားအလင်းသည် နေတစ်စင်းနှင့် တူသည်။

ခုနစ်ထပ်ဓားစံအိမ်သည် သူ့နောက်တွင် ပေါ်လာခဲ့သည်။ မရေမတွက်နိုင်သော ဓားအလင်းများသည် လောင်ကျွမ်းနေသော နေလုံးများအဖြစ် ပြောင်းလဲသွားကြပြီး ကျွမ်းကျင်သူနှစ်ယောက်ကို ပြာချပစ်လိုက်သည်။

တိုက်ကွက်တစ်ခုကြောင့် ကောင်းကင်စာရင်း၏ နာမည်ကြီးကျွမ်းကျင်သူနှစ်ယောက်သည် အစွမ်းထုတ်မပြရသေးဘဲ သေဆုံးသွားရသည်။

ခုနစ်ထပ် ဓားစံအိမ် ....

တိုက်ကွက်တစ်ခုဖြင့် သူတော်စင်နှစ်ပါးကို သတ်ဖြတ်ခဲ့သည်။

ထိုအရာသည် ကောင်းကင်စာရင်း၏ အဆင့်ကိုးတွင်ရှိသော ဓားအင်မော်တယ်ဟန်မူယဲ့၏ အစစ်အမှန်စွမ်းအားပင် ဖြစ်သည်။

ချီစွမ်းအင်အလင်းသည် အလင်းတိုင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတော်စင်နှစ်ပါး၏ သေဆုံးမှုကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်နှင့်မြေကြီး၏ အားဖြည့်ပေးမှုကို ချိပ်ပိတ်ထားသော မိုင်သုံးထောင်ပတ်ဝန်းကျင်တွင် ခံစားကြည့်နိုင်သည်။

မှော်ရတနာနှစ်ခုသည် အဝေးသို့ ပျံသန်းသွားကြသည်။ ချီစွမ်းအင်အလင်းသည် နေရာအနှံ့သို့ ဖြာထွက်သွားသည်။

မိုင်သုံးထောင်ပတ်ဝန်းကျင်၌ ရှိနေကြသော လူတိုင်းက တိုက်ပွဲကို အာရုံခံမိလိုက်သည်။

“သူက ဓားတစ်ကွက်တည်းနဲ့ သူတော်စင်နှစ်ပါးကို သတ်ဖြတ်လိုက်တာလား။ သူက ဘယ်သူလဲ”

လူတစ်ယောက်က ထိတ်လန့်စွာ တီးတိုးပြောလိုက်ပြီး မသိစိတ်အလျောက် အငွေ့အသက်များကို ရုတ်သိမ်းလိုက်သည်။

“ညီလေးဟန်လား။ ဘယ်သူက သူ့ကို ရန်စနေတာလဲ”

ဟွမ်ခြောက်က မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းခါသည်။

ဓားအလင်းသည် အလွန်သန်မာသောကြောင့် သူ့အကူအညီကို လိုအပ်မည်မဟုတ်ပေ။

“အဲဒီကောင်က သန်မာတယ်ဆိုတာ ငါသိနေတယ်”

အဝေးတစ်နေရာတွင်ရှိသော ကျောက်ကျန့်ဟယ်က ရေရွတ်လိုက်သည်။ သူက တစ်ဖက်သို့လှည့်ပြီး ထွက်ပြေးသွားသည်။

စွန်းကျူးရှန့်နှင့် ပိုင်ယွီမင်၏ မျက်နှာထားများက အလွန်လေးနက်နေကြသည်။

သို့သော် သူတို့၏ မျက်နှာထားများက မတူညီကြပေ။

စွန်းကျိုးရှန့်သည် ယွီလင်တာအိုနန်းတော်မှ ဖြစ်သည်။ သူက ဂရုမစိုက်မိလျှင် သေဆုံးသွားလိမ့်မည်။ တစ်ဖက်တွင် ပိုင်ယွီမင်သည် ဓားစံအိမ်၏ တပည့်တစ်ယောက် ဖြစ်သည်။

ခုနစ်ထပ်ဓားစံအိမ်သည် ပိုင်ယွီမင်၏ဂိုဏ်းနှင့် သက်ဆိုင်သည်။

သူ့ရှေ့တွင်ရှိနေသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် ဓားစံအိမ်နှင့် ပတ်သတ်နေသည်။

ဓားစံအိမ်က ပျောက်ကွယ်သွားသည်။ ဟန်မူယဲ့၏ မျက်နှာထားက တည်ငြိမ်နေသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်သောအခါ အာကာသထဲတွင် ပြန့်ကျဲနေသော စွမ်းအင်များက ပျောက်ကွယ်သွားကြသည်။

သူက ဓားစံအိမ်ကို ထုတ်ဖော်လိုက်သောအချိန်နှင့် မတူတော့ပေ။

သို့‌သော် သူက တည်ငြိမ်လေ ကြောက်မက်ဖွယ်ကောင်းလေ ဖြစ်သည်။

ပိုင်ယွီမင်နှင့် စွန်းကျိုးရှန့်က ဟန်မူယဲ့၏ရှေ့တွင် အနည်းငယ် မသက်မသာ ဖြစ်နေကြသည်။

“မင်းတို့ရဲ့ရတနာတွေကို ပေး”

ဟန်မူယဲ့က ပြောသည်။

ပိုင်ယွီမင်က ကောင်းကင်ဝိညာဉ် အဆီအနှစ်အရည်ကို လက်နှစ်ဖက်ဖြင့် လျင်မြန်စွာထုတ်ယူပြီး ညင်သာစွာ တွန်းပို့လိုက်သည်။

စွန်းကျိုးရှန့်က အနည်းငယ်တုံ့ဆိုင်းနေပြီး ယန်နဂါးသလင်းကျောက်ကို ထုတ်ပေးသည်။

ဟန်မူယဲ့က ရတနာနှစ်ခုကို လှမ်းယူပြီး နေရာလဲ၍ ပစ်ပေးလိုက်သည်။

ပိုင်ယွီမင်နှင့် စွန်းကျိုးရှန့်က စိတ်ကူးယဉ်နေခဲ့ရသော ရတနာကို ရလိုက်သည်။ သူတို့က လက်သီးဆုပ်ထားပြီး ဟန်မူယဲ့ကို မော့ကြည့်သည်။

“မင်းတို့မသုံးနိုင်တဲ့ ရတနာတွေကို ရှာတွေ့လာရင် ငါ့ဆီ ယူခဲ့လို့ရတယ်။ ငါက အလဲအလှယ်လုပ်ပေးမယ်”

ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ပြောသည်။

သူတို့နှစ်ယောက်က ခေါင်းညိတ်လိုက်ပြီး ဦးညွတ်၍ ထွက်သွားကြသည်။

သူတို့က မိုင်တစ်ရာအကွာသို့ ရောက်လာသောအခါတွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်မိသည်။

“ကောင်းကင်စာရင်းရဲ့ အဆင့်ကိုး၊ တကယ်ကို အထင်ကြီးစရာပဲ ....”

စွန်းကျိုးရှန့်၏ မျက်လုံးများက လေးနက်နေပြီး တီးတိုးပြောသည်။

သူက ယခင်ဘဝတွင် မဟာပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်ခဲ့သည်။ သူ၏ ကျင့်ကြံဆင့်က အလွန်နက်နဲလှသည်။

သို့သော် ဟန်မူယဲ့နှင့် ရင်ဆိုင်လိုက်ရသောအချိန်တွင် သူက နှစ်ဘဝစာ ကျင့်ကြံခြင်းအတွေ့အကြုံများကို ပိုင်ဆိုင်ထားခဲ့သော်လည်း စွမ်းအားကင်းမဲ့နေသည်ဟု ခံစားလိုက်ရသည်။

ထိုလူမျိုးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

ပိုင်ယွီမင်ကလည်း ခေါင်းညိတ်ပြသည်။

ခုနစ်ထပ်ဓားစံအိမ်သည် အရာအားလုံးကို ရှင်းပြခဲ့သည်။

“သူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ စိတ်သဘောထားကောင်းတာကို ပြချင်တာလား”

ပိုင်ယွီမင်က မျက်မှောင်ကြုတ်သည်။

သူက ရတနာအမျိုးမျိုးကို လုယူရန် မကြိုးစားဘဲ အလဲအလှယ် လုပ်ချင်နေသည်။

‘လောကမှာ အဲဒီလိုမျိုး ‌ဖြောင့်မတ်ပြီး သဘေားထားကြီးတဲ့လူ ရှိလို့လား’

ကျင့်ကြံသူများအားလုံးသည် တစ်ကိုယ်ကောင်းဆန်ကြသည်။

ဟန်မူယဲ့၏ အပြုအမူသည် စံနှုန်းနှင့် ဆန့်ကျင်နေသည်။

ဟန်မူယဲ့က ရတနာကို တောင်းဆိုလာသောအခါတွင် သူတို့နှစ်ယောက်က လုယူသွားတော့မည်ဟု ထင်ခဲ့သည်။ သို့သော် ဟန်မူယဲ့က အလဲအလှယ်လုပ်ပေးရန် ကူညီခဲ့သည်။ သူတို့က လိုအပ်သောပစ္စည်းကို ရလာခဲ့သည်။

စွန်းကျိုးရှန့်က နှစ်ဘဝစာ ကျင့်ကြံခဲ့သည်။ သူက အတွေ့အကြုံပိုများပြီး လောက၏အကြောင်းကို ပိုသိသည်။

“သူက တာအိုပြိုင်ပွဲမှာ လွှမ်းမိုးနိုင်စွမ်း ပိုရှိချင်တာ ထင်တယ်”

စွန်းကျိုးရှန့်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး တီးတိုးပြောသည်။

“သူက ရတနာတိုက်နဲ့ နတ်ဘုရားဧကရာဇ်ရဲ့ဓားကို ထုတ်ယူပြီး ငါတို့ကို တာအိုပြိုင်ပွဲမှာ ဝင်ပါလာအောင် ဆွဲဆောင်ခဲ့တာ မဟုတ်လား”

ဟန်မူယဲ့၏အပြုအမူကို ကြည့်လိုက်လျှင် ရေရှည်အစီအစဉ်တစ်ခုကို ဖန်တီးထားပုံရသည်။

သို့သော် သူတို့က သူ၏ရည်မှန်းချက်ကို မသိကြပေ။ တာအိုပြိုင်ပွဲ၏ အနိုင်ပွဲမဟုတ်လျှင် တခြားတစ်ခု ဖြစ်နိုင်သည်။

သူတို့နှစ်ယောက်သည် ဂိုဏ်း၏ လက်ရွေးစင်တပည့်များ ဖြစ်ကြသော်လည်း ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ၏အတွေးကို မသိနိုင်ပေ။

လောကတစ်ခုကို စတေးပြီး အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဖွင့်လှစ်လိမ့်မည်ဟု မတွေးမိကြပေ။

“သွားကြစို့။ သူက ငါတို့ကို အလဲအလှယ် လုပ်စေချင်တယ်ဆိုတော့ သူဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးလိုက်မယ်”

စွန်းကျိုးရှန့်က လှည့်ထွက်သွားသည်။ သူက တီးတိုးပြောသည်။

“ငါ စွန်းကျိုးရှန့်က ဘယ်သူ့ဆီမှ အကြွေးတင်မခံဘူး”

ရတနာလဲလှယ်ပေးသည့် အကြွေးတစ်ခုပင် မဟုတ်ပေ။ အကယ်၍ ဟန်မူယဲ့က သူတို့ကို သက်ညှာမပေးခဲ့လျှင် သူတို့နှစ်ယောက်က သေဆုံးသွားနိုင်သည်။

ပိုင်ယွီမင်က ခေါင်းညိတ်လိုက်ပြီး အဝေးသို့ ပျံသန်းသွားသည်။

နေ့ဝက်အကြာတွင် သူတို့က ပစ္စည်းကောင်းများကို ဟန်မူယဲ့ဆီသို့ ယူလာပေးခဲ့သည်။

ရတနာများသည် လေထုထဲတွင် လွင့်မျောနေကြပြီး ချီစွမ်းအင်အလင်းကို ထုတ်ပေးလျက် ကျင့်ကြံသူများကို ဆွဲဆောင်လိုက်သည်။

ရတနာများက ဆွဲဆောင်နိုင်သော်လည်း ဟန်မူယဲ့က ပွင့်လင်းစွာ ချပြထားသောကြောင့် မည်သူမှ ချဉ်းကပ်မလာရဲကြပေ။

နောက်တစ်နေ့တွင် ပိုင်ယွီမင်က ကျောက်စိမ်းပုလဲတစ်ခုကို ယူလာခဲ့သည်။

ထိုရတနာသည် မြေဓာတ်စွမ်းအားကို သယ်ဆောင်ထားပြီး ဝတ်ဆင်ထားသူ၏ မြေဓာတ်စွမ်းအားကို သိမ်မွေ့လာစေသည်။

ထိုရတနာနှင့်ဆိုလျှင် မဟာတာအို၏ ကိုယ်ပိုင်စွမ်းအားနှင့် ကောင်းကင်တာအို၏စွမ်းအားကို ပေါင်းစပ်ရာတွင် ပိုမိုလျင်မြန်လာလိမ့်မည်။

မဟာတာအိုကို နားလည်ပြီး မြေဓာတ်စွမ်းအားကို ကျင့်ကြံထားသောလူများအတွက် အဖိုးအတန်ဆုံး ရတနာတစ်ပါး ဖြစ်သည်။

ဝိညာဉ်ပုလဲသည် လေထုထဲတွင် တည်ငြိမ်စွာ လွင့်မျောနေသည်။ အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ဦးသည် ပေတစ်ထောင်အကွာတွင် ပေါ်လာခဲ့သည်။

“အမတ်ချုပ်ကြီးဟန်၊ ဒီဝိညာဉ်ပုလဲကို လဲလှယ်လို့ ရမလား”

ထိုကျင့်ကြံသူသည် မြေဓာတ်စွမ်းအားကို ထုတ်လွှတ်နေပြီး သူတော်စင်တစ်ဝက်အဆင့်သို့ ရောက်နေသည်။

“ကောင်းကင်စာရင်းရဲ့ အဆင့် ၁၃၇မှာ ရှိနေတဲ့ ယွီထျဲရှစ်ပဲ။ သူက မြေဓာတ်လမ်းစဉ်နဲ့ သူတော်စင်တစ်ဝက်အဆင့်ကို ရောက်နေတဲ့ မဟာကျင့်ကြံသူကြီးပဲ”

သိပ်မဝေးသောနေရာတွင် လူတစ်ယောက်က တီးတိုးပြောလိုက်သည်။

ထိုဝိညာဉ်ပုလဲသည် ယွီထျဲရှစ်အတွက် အလွန်အဖိုးတန်သည်။

ထိုပုလဲကို လဲလှယ်ရန်အတွက် ဟန်မူယဲ့၏ သဘောထားအပေါ်တွင် မူတည်နေသည်။

သူ၏ တောင်းဆိုချက်လည်း ရှိနေလိမ့်မည်။

ဟန်မူယဲ့က ရတနာများကို ထုတ်ပြပြီး ပွင့်လင်းစွာ ဆွဲဆောင်နေသည်။

ယွီထျဲရှစ်၏မေးခွန်းကို ကြားလိုက်ရသောအခါတွင် လူအများက နတ်အာရုံများကို ထုတ်လွှတ်၍ ဟန်မူယဲ့၏စကားကို စောင့်မျှော်နေကြသည်။

တင်ပျဉ်ခွေထိုင်နေသောဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး လက်ညှိုးညွှန်သည်။

ဝိညာဉ်ပုလဲသည် ယွီထျဲရှစ်၏ရှေ့သို့ ရောက်လာသည်။

“လုံလောက်တယ်လို့ထင်တဲ့ ရတနာကို ထုတ်ပေးလိုက်ပါ”

ဟန်မူယဲ့၏အသံက ပေါ့ပါးနေသော်လည်း မိုင်ထောင်ချီအထိ ပျံ့နှံ့သွားသည်။

“ဒါမှမဟုတ် ပိုင်ယွီမင်လိုအပ်နေတဲ့ ရတနာကို သွားမေးပြီး ကူရှာပေးလို့ရတယ်”

“ငါက မင်းတို့အားလုံး လိုအပ်နေတဲ့ရတနာကို ကူရှာပေးပြီး မျက်မြင်သက်သေ လုပ်နေတာပါပဲ”

ဟန်မူယဲ့၏ စကားအဆုံးတွင် လူအများအပြား ရောက်လာကြသည်။

“အမတ်ချုပ်ကြီးဟန်၊ ဒီကျောက်စိမ်းဆံပင်ကို လိုချင်ပါတယ်”

“အမတ်ချုပ်ကြီးဟန်၊ ဝိညာဉ်သုံးပါးကျောက်စိမ်းကို လိုချင်ပါတယ်”

“အမတ်ချုပ်ကြီးဟန်၊ ဒီရွှေပိုးမျှင်ရယ်၊ ငှက်မွေးဖြူရယ် ပြီးတော့ လေဓာတ်ရတနာကိုလည်း လဲလှယ်ချင်ပါတယ်”

....

ချက်ချင်းဆိုသလိုပင် အလွန်တောက်ပနေသော ရတနာများသည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်ထွက်လာကြသည်။

အကယ်၍ တခြားနေရာတွင်ဆိုလျှင် ထိုရတနာများကြောင့် အရူးအမူး တိုက်ခိုက်နေကြလိမ့်မည်။

သို့သော် ဟန်မူယဲ့၏ရှေ့တွင် မည်သူမှ မတိုက်ခိုက်ရဲကြပေ။

တိုက်ခိုက်ချင်လျှင် စွမ်းရည်ရှိရမည်။

အထက်ဘုံသုံးပါး၏ လက်ရွေးစင်ဖြစ်သော ပိုင်ယွီမင်နှင့် စွန်းကျိုးရှန့်သည် ဤနေရာသို့ လာရောက်၍ ရတနာများကို လဲလှယ်ခဲ့သည်။ သို့သော် မနေ့က သူတော်စင်တစ်ဝက်အဆင့် နှစ်ယောက်သည် ဓားတစ်ချက်ကြောင့် သေဆုံးသွားခဲ့သည်။

ကောင်းကင်စာရင်း၏ အဆင့်ကိုးသည် ဓားတစ်လက်ဖြင့် ဂုဏ်သတင်းကို တည်ဆောက်ထားသည်။

ကောင်းကင်စာရင်း၏ အဆင့်ကိုးကို စိန်ခေါ်ရန် ယုံကြည်ချက်ရှိလျှင် ကြိုးစားကြည့်နိုင်သည်။

သို့သော် ယခုအချိန်တွင် မည်သူမှ မလုပ်ရဲကြပေ။

တစ်ရက်အတွင်း၌ ဟန်မူယဲ့၏ နေရာတွင် လူအုပ်ကြီးတစ်ခု ဖြစ်လာသည်။

ထောင်ချီနေသော ရတနာများသည် လေထုထဲတွင် လွင့်မျောနေကြသည်။ ရတနာကို လိုအပ်သောလူများက ကိုယ်ပိုင်ရတနာဖြင့် လဲလှယ်၍ ယူသွားနိုင်သည်။

ရတနာတစ်ခုသည် တန်ဖိုးမလုံလောက်လျှင် ရတနာနှစ်ခုကို ထားခဲ့ရမည်။

သို့သော် ထိုနည်းလမ်းကြောင့် တန်ဖိုးရှိသော ရတနာများကို ယူသွားကြပြီး တန်ဖိုးနည်းသော ရတနာများက ကျန်ရစ်ခဲ့ကြသည်။

သို့သော် ဟန်မူယဲ့က ဂရုမစိုက်ပေ။

သူက လိုအပ်သောရတနာအချို့ကို တိတ်ဆိတ်စွာယူထားသော်လည်း တခြားလှုပ်ရှားမှုများကို မပြုလုပ်ခဲ့ပေ။

ကျင့်ကြံသူများက လိုအပ်သောအရာကို ယူသွားကြပြီး မလိုအပ်သောအရာကို ချန်ထားခဲ့သည်။

လူအများအပြားက သီးသန့်လဲလှယ်မှုများကို ပြုလုပ်လာကြသည်။

“သူ .... သူက မသေသေးဘူးပဲ”

ဓားစံအိမ်ကို တိုက်ခိုက်ခဲ့သော ကျင့်ကြံသူရှစ်ယောက်ထဲမှ တစ်ယောက်သည် ဟန်မူယဲ့၏ရှေ့သို့ ရောက်လာပြီး အံ့အားသင့်သွားသည်။

အရိပ်နတ်ဘုရားဘုရင်က ဟန်မူယဲ့ကို သတ်သွားသည်ဟု ထင်ခဲ့သည်။ သို့သော် ဟန်မူယဲ့က ဤနေရာတွင် အလဲအလှယ်လုပ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“သေရမှာလား။ သူက ကောင်းကင်စာရင်းရဲ့ အဆင့်ကိုး၊ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်ပဲ။ မိုင်သုံးထောင်ပတ်ဝန်းကျင်မှာ သူ့ကို သတ်နိုင်တဲ့လူ ရှိမယ်ထင်လို့လား”

အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက်က တောက်ပနေသော ရတနာများကို မော့ကြည့်သည်။

“ဓာတ်စင်ငါးပါးကျောက်စိမ်းကို လဲလှယ်ဖို့အတွက် နောက်ထပ်ရတနာတစ်ခု လိုနေသေးတယ်”

တခြားကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။

သူ့စကားကြောင့် ဓားကျင့်ကြံသူ၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

သူက တချို့ရတနာများကို စိတ်ဝင်စားနေသည်။

သုံးရက်အကြာတွင် ဟန်မူယဲ့နှင့် ဆယ်မိုင်ပတ်ဝန်းကျင်သည် လူရှုပ်ထွေးနေသော ဈေးကွက်တစ်ခု ဖြစ်လာခဲ့သည်။

သူ့ရှေ့တွင်ရှိနေသော ရတနာများသည် သိသိသာသာ လျော့ကျသွားခဲ့သည်။

ခုနစ်ရက်အကြာတွင် ရတနာတစ်ရာခန့်သာ ကျန်တော့သည်။

ဈေးကွက်သည် မိုင်သုံးဆယ်အထိ ကျယ်ပြန့်လာသည်။

သို့သော် အစစ်အမှန်ရတနာနှင့် ကျွမ်းကျင်သူအများစုသည် မရှိကြတော့ပေ။

နတ်ဘုရားခုံရုံး၏ ရတနာတိုက်ကို အခြေခံအားဖြင့် ရှာဖွေပြီးခဲ့သည်။ ကျင့်ကြံသူအများစုသည် လိုအပ်သောရတနာများကို ရရှိပြီး ထွက်သွားကြသည်။

All Chapters