← Chapters

အခန်း (၇၂၂)

Vol. 52 Ch. 722

အခန်း (၇၂၂)

Vol. 52 Ch. 722

ရတနာတိုက်၏ မိုင်သုံးထောင်ပတ်ဝန်းကျင်တွင်ရှိသော တခြားကျင့်ကြံသူများကလည်း ရတနာလဲလှယ်သောနေရာသို့ အပြေးရောက်လာကြသည်။

နတ်ဘုရားခုံရုံး၏ ရတနာတိုက်တွင် အပျက်အစီးများကပင် ရှားပါးပြီး အဖိုးတန်သည်။

လူအများအပြားက ကိုယ်ပိုင်စုဆောင်းမှုများကိုပင် ထုတ်ပြလိုက်ကြသည်။

ထို့ကြောင့် ချိပ်ပိတ်ထားသော မိုင်သုံးထောင်ပတ်ဝန်းကျင်သည် အရောင်းအဝယ်ပြုလုပ်ရန်အတွက် သီးသန့်နေရာတစ်ခု ဖြစ်လာသည်။

ဆယ်ရက်အကြာတွင် ဟန်မူယဲ့က ထွက်သွားခဲ့သည်။ သူက ထွက်မသွားခင် ရတနာတိုက်၏ မိုင်သုံးထောင်ပတ်ဝန်းကျင်သည် တာအိုပြိုင်ပွဲ၏ အရောင်းအဝယ်နေရာတစ်ခု ဖြစ်လာလိမ့်မည်ဟု ကြေညာခဲ့သည်။

ဤနေရာနှင့် မိုင်တစ်သောင်းအတွင်း၌ တိုက်ခိုက်ရဲသောလူများသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ဟန်မူယဲ့၏ရန်သူ ဖြစ်လာလိမ့်မည်။

တိုက်ခိုက်ရဲသောလူများ ရှိလာမည်လား သူမသိပေ။ ဟန်မူယဲ့က စကားအဆုံးတွင် ထွက်သွားခဲ့သည်။ ဈေးတစ်ခုလုံးက ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။

နောက်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သော ဟန်မူယဲ့၏ မျက်နှာပေါ်တွင် ခံစားချက်တချို့ ပေါ်လာသည်။

ပုရွက်ဆိတ်နှင့်တူသော ထိုကျင့်ကြံသူများသည် ကျင့်ကြံခြင်း၏ တိုးတက်မှုတစ်ခုချင်းစီအတွက် ပျော်ရွှင်နေကြပြီး ရတနာများအတွက် အသည်းအသန် တိုက်ခိုက်ခဲ့ရသည်။

သို့သော် ဤလောကသည် ပြိုကျသွားခဲ့လျှင် လူတိုင်းက သေဆုံးသွားလိမ့်မည်။ သူတို့က ထိုအကြောင်းကို မသိကြပေ။

နောက်ကွယ်တွင်ရှိနေသော မဟာပုဂ္ဂိုလ်ကြီးများသည် သူတို့၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို အတွေးတစ်ချက်ဖြင့် ဆုံးဖြတ်နိုင်ကြသည်။

သူတို့၏ ကျင့်ကြံခြင်း၊ ကြိုးစားအားထုတ်မှု၊ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းများသည် မဟာအင်အား၏ရှေ့တွင် အဓိပ္ပာယ်မဲ့သွားသည်။

တိုက်ခိုက်လိုစိတ်တစ်ခုသည် ဟန်မူယဲ့၏ နှလုံးသားထဲတွင် ပေါ်ထွက်လာသည်။

သူက ပုရွက်ဆိတ်တစ်ကောင် ဖြစ်သွားမည်မဟုတ်ပေ။

သူက ချိပ်ပိတ်ထားသောနယ်မြေမှ ထွက်လာပြီး မရပ်တန့်ဘဲ ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ဦးတည်လိုက်သည်။

သူက အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး အသက်ရှုကြိမ် တစ်ရာအတွင်း၌ မိုင်ထောင်ချီအကွာသို့ ရောက်သွားခဲ့သည်။

သို့သော် သူ၏ ဓားအလင်းသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သူ့ရှေ့တွင် ချီစွမ်းအင်အလင်းသည် အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့နောက် ချီစွမ်းအင်အလင်းများသည် သူ၏ အနောက်ဘက်၊ ဘယ်နှင့်ညာတွင်လည်း ပေါ်လာကြသည်။

“ဘုန်း”

တုန်ခါသံတစ်ခုသည် အာကာသထဲတွင် ပေါ်ထွက်လာသည်။

“ရွှမ်ကျိ၊ မင်းက ငါနဲ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာကို သစ္စာဖောက်ဖို့ စီစဉ်နေတာလား”

ဒေါသများနှင့် ရောယှက်နေသော အသံကို ကြားနိုင်သည်။

တန့်ဝူယို ....

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ နံပတ်တစ်ပုဂ္ဂိုလ်၊ ကောင်းကင်စာရင်း၏ အဆင့်နှစ် ....

ရွှမ်ကျိကလည်း အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ သူတော်စင်တစ်ပါးဖြစ်သည်။ သို့သော် သူ၏ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းသည် ကောင်းကင်စာရင်း၏ အဆင့်ငါးဆယ်တွင် ရှိနေသည်။

ကောင်းကင်စာရင်းသည် ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းကို အကဲဖြတ်သည်။ ရွှမ်ကျိ၏နောက်ကွယ်တွင်ရှိသော ဗုဒ္ဓဂိုဏ်းသည် မသန်မာပေ။ သူက သူတော်စင်တစ်ပါး ဖြစ်နေသော်လည်း သူတော်စင်တစ်ပါးနှင့် ထိုက်တန်သည့် တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်မထားပေ။

“တန့်ဝူယို၊ နတ်ဘုရားခုံရုံးရဲ့ ရတနာတိုက်က ငါတို့အတွက် အသုံးမဝင်ဘူး”

“အင်မော်တယ်ဝိညာဉ်ကမ္ဘာက မင်းရဲ့လက်ထဲမှာ ပျက်စီးသွားရလိမ့်မယ်”

ရွှမ်ကျိ၏အသံက အေးစက်နေသည်။

“ဘုန်း”

အာကာသထဲတွင် ကျယ်လောင်သောအသံကို ကြားနိုင်သည်။

ဟန်မူယဲ့က ဖြည်းဖြည်းချင်း အာရုံစိုက်ပြီး ရှေ့တွင်ရှိနေသော အလင်းလွှာကို ကြည့်သည်။

ထိုအရာသည် ထိပ်တန်းအဆင့် ကျင့်ကြံသူများ၏ ဝင်္ကပါအစီအရင် ဖြစ်သည်။

“ဒါက အသုံးမဝင်တော့တဲ့လူကို ကန်ထုတ်တာလား”

ဟန်မူယဲ့က ညင်သာစွာ ပြောသည်။

တန့်ဝူယိုက ရတနာတိုက်၏သတင်းကို ကိုင်ထားပြီး ကောင်းကင်စာရင်း၏ အဆင့်နှစ်တွင် ရှိနေခဲ့သည်။ သူက အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏သခင် ဖြစ်သည်။ သူ့ကို မည်သူမှ ရန်မစရဲကြပေ။

သို့သော် ရတနာတိုက်ကိုဖွင့်ပြီး ရတနာများကို သိမ်းဆည်းပြီးသောအခါတွင် တန့်ဝူယိုက ချက်ချင်း တိုက်ခိုက်ခံလိုက်ရသည်။

တစ်ဖက်တွင် ရတနာများကို လဲလှယ်ရန်အတွက် စောင့်ကြည့်ပေးနေသော ဟန်မူယဲ့ကို မည်သူမှ မတားဆီးခဲ့ကြပေ။

သို့သော် သူက အပြင်ဘက်သို့ ရောက်လာသောအချိန်တွင် တားဆီးခံလိုက်ရသည်။

သူက အသုံးမဝင်သောလူကို ကန်ထုတ်သည်ဟု ပြောခဲ့သော်လည်း လူတစ်ယောက်က အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ လွှမ်းမိုးမှုကို ဖယ်ထုတ်ရန် ကြံစည်နေသည်ဟု ပြောလျှင် ပိုမို တိကျလိမ့်မည်။

ယခင်က အပြင်လူများသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ရုန်းကန်မှုကို ဂရုမစိုက်ကြပေ။

သူတို့က နတ်ဘုရားခုံရုံး၏ ရတနာတိုက်ကို စောင့်နေခဲ့ကြသည်။

ယခုအချိန်တွင် လက်ရွေးစင်ကျွမ်းကျင်သူများက ရတနာများကို ရရှိသွားခဲ့သည်။ သူတို့က တာအိုပြိုင်ပွဲကို စောင့်ကြည့်နေရန် ဆန္ဒမရှိတော့ပေ။ သူတို့ကလည်း ဝင်ပါချင်ကြသည်။

သူတို့က အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထိန်းချုပ်ပြီး အစွမ်းကုန်သုံး၍ တိုက်ခိုက်ခဲ့လျှင် တာအိုပြိုင်ပွဲ၏ အနိုင်ရသူအဖြစ် အကျိုးအမြတ်များကို ခံစားနိုင်လိမ့်မည်။

အစပိုင်းတွင် သူတို့က တာအိုပြိုင်ပွဲ၏အကြောင်းကို သိပ်မတွေးခဲ့သော်လည်း ရတနာတိုက်၏အခွင့်အရေးက ပြီးဆုံးသွားပြီဖြစ်သောကြောင့် တာအိုပြိုင်ပွဲ၏ အခွင့်အရေးကို အာရုံစိုက်မိကြသည်။

အကယ်၍ သူတို့က မလှုပ်ရှားခဲ့လျှင်လည်း အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာက လှုပ်ရှားလာကြလိမ့်မည်။

ရတနာများကို ရရှိထားသော ကျွမ်းကျင်သူများသည် လျင်မြန်စွာ တိုးတက်လာကြလိမ့်မည်။ သူတို့က အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ပစ်မှတ်များ ဖြစ်လာကြလိမ့်မည်။

ထိုကမ္ဘာနှစ်ခုနှင့် မပူးပေါင်းလျှင် လိုက်သတ်ခံရမည်။

သူတို့က ခြေတစ်လှမ်းစော၍ အခွင့်အရေးကို သိမ်းပိုက်လိုက်ရုံသာ ဖြစ်ကြသည်။

ဟန်မူယဲ့ကလည်း ထိုအတွေးမျိုးကို တွေးခဲ့သည်။

သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်ရောက်လျှင် စစ်တပ်ကို စုစည်း၍ အာကာသကို ရှင်းလင်းတော့မည်။

သူက အစ်ကိုခြောက်ပြောသော နည်းလမ်းကို အဆုံးစွန်အထိ ထုတ်မသုံးသော်လည်း အနည်းငယ် ထုတ်သုံးရမည်။

ဥပမာအနေဖြင့် တာအိုပြိုင်ပွဲ၏ အဆုံးသတ်တိုက်ပွဲအတွက် အင်အားစုဆောင်းရမည်။

“တိမ်တိုက်ဖြူဘုရားကျောင်း”

“အံ့ဖွယ်ဝိညာဉ်တာအိုဂိုဏ်း”

“ယွမ်မင်ဓားဂိုဏ်း”

“ချင်းလင်တာအိုဂိုဏ်း”

“မင်းတို့အားလုံးက အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ ဂိုဏ်းကြီးတွေပဲ။ ငါ ဟန်မူယဲ့ကို အတော်လေး အထင်ကြီးနေကြတာပဲ”

ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများနှင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

အလင်းလွှာ၏နောက်တွင် ပုံရိပ်များသည် တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။

“ဟန်မူယဲ့၊ ငါ့ရဲ့ ဂိုဏ်းတူအစ်ကို စုချီက မင်းရဲ့လက်ထဲမှာ သေဆုံးသွားခဲ့ရတယ်။ အခု အဲဒီအကြွေးကို တိမ်တိုက်ဖြူဘုရား‌ကျောင်းဆီ ပြန်ပေးရမယ်”

အဝါရောင်တာအိုဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ရှေ့တက်လာသည်။ သူ့ရှေ့တွင်ရှိသော အလင်းလွှာက တလက်လက်လှုပ်ရှားလာပြီး ပိတ်ဆို့ခံထားရသော ဟန်မူယဲ့ကို အေးခဲသွားစေချင်သည်။

သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော ဒါဇင်ချီနေသည့် ကျင့်ကြံသူများသည် သူ့နောက်တွင် ရှိနေကြသည်။

ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဖြစ်ပြီး ခေါင်းဆောင်ပိုင်းထဲမှ လူတစ်ယောက်လည်း ဖြစ်သည်။

သူက ဤနေရာတွင် သေသွားလျှင် သို့မဟုတ် အဖမ်းခံရလျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာက အလွန်အားလျော့သွားလိမ့်မည်။

“ရေခဲဝိညာဉ်ချိပ်ပိတ်ခြင်း ဝင်္ကပါလား”

“ငါ့ကို မသတ်ဘဲ ဖမ်းဆီးပြီး အကျိုးအမြတ်နဲ့ လဲလှယ်ချင်တာလား”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ပတ်ဝန်းကျင်တွင်ရှိသော အလင်းလွှာများကို ကြည့်သည်။

အသက်ရှင်နေသော ဟန်မူယဲ့သည် သေသွားသော ဟန်မူယဲ့ထက် အဖိုးတန်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အားနည်းသော်လည်း ယခင်က ရတနာတိုက်တစ်ခုကို ရရှိထားသောကြောင့် အလွန်ကြွယ်ဝသည်။

ဟန်မူယဲ့ကို ဖမ်းဆီးပြီး လုံလောက်သောအကျိုးအမြတ်များ သို့မဟုတ် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ထိန်းချုပ်ခွင့်ကို တောင်းဆိုလိုက်လျှင် အလွန်ကောင်းလိမ့်မည်။

“ဟုတ်တယ်။ အသက်ရှင်နေတဲ့ အမတ်ချုပ်ကြီးဟန်က လူသေထက် တန်ဖိုးရှိတာပေါ့”

ရှေ့တွင် လူတစ်ယောက်က ရယ်လိုက်သည်။

“ပြီးတော့ အမတ်ချုပ်ကြီးဟန်က ငါးမျှားတဲ့နေရာမှာ အတော်ဆုံးမဟုတ်လား။ အခု ငါးစာဖြစ်တော့မှာဆိုတော့ ဘယ်လိုခံစားရလဲ”

ပတ်ဝန်းကျင်တွင် ရယ်သံများကို ကြားနိုင်သည်။

ဟန်မူယဲ့ကို ငါးစာအဖြစ် အသုံးပြု၍ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အားကောင်းသော ကျင့်ကြံသူများကို ခေါ်ထုတ်မည်။

ဟန်မူယဲ့၏ အထောက်အထားကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာက သေချာပေါက် လာကယ်ကြလိမ့်မည်။

“ဘုန်း”

အဝေးတစ်နေရာတွင် တန့်ဝူယို၏တိုက်ပွဲသံကို ကြားနိုင်သည်။

ယခုအချိန်တွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ခေါင်းဆောင်ပိုင်းများသည် ဆက်တိုက်ဆိုသလိုပင် ဝိုင်းရံတိုက်ခိုက်ခံနေရသည်။

အာကာသထဲတွင် စောင့်ကြည့်နေကြသော တာအိုဘိုးဘေးများက နတ်အာရုံဖြင့် အာရုံစိုက်ထားကြသည်။

ဤတိုက်ပွဲတွင် ဟန်မူယဲ့ သို့မဟုတ် တန့်ဝူယို ကျဆုံးသွားခဲ့လျှင် တာအိုပြိုင်ပွဲ၏အခြေအနေသည် ပြောင်းလဲသွားလိမ့်မည်။

“တန့်ဝူယိုက ကောင်းကင်စာရင်းမှာ နာမည်ပဲရှိတယ်။ သူ့အတွက် ခက်ခဲလိမ့်မယ်”

လူတစ်ယောက်က နတ်အာရုံဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်။ ရွှမ်ကျိက သစ္စာဖောက်သွားပြီး သူတော်စင်နှစ်ပါးနဲ့ သူတော်စင်တစ်ဝက်အဆင့် ဆယ့်သုံးပါးက သူ့ကို ဝိုင်းရံတိုက်ခိုက်နေကြတယ်။ သူက အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်ရင်တောင် လွတ်မြောက်မှာမဟုတ်ဘူး”

လူတစ်ယောက်က သဘောတူလိုက်သည်။

အခြေအနေသည် အလွန်ရှင်းလင်းသည်။

သူက ကောင်းကင်ရင်းမြစ်ကမ္ဘာ၏ အပြင်ဘက်တွင်ရှိသော ကမ္ဘာငယ်လေးတစ်ခု၏ ‌ခေါင်းဆောင်သာ ဖြစ်သည်။ အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဂိုဏ်းချုပ်များကပင် ထိုတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ကြမည်မဟုတ်ပေ။

ယခုအချိန်တွင် တန့်ဝူယိုက တောင့်ခံထားရုံသာ တတ်နိုင်သည်။

သူက အချိန်အတိုင်းအတာတစ်ခုအတွင်း အသတ်ခံရလိမ့်မည်။

“ဟန်မူယဲ့ကရော”

လူတစ်ယောက်က စပ်စုလိုစိတ်များနှင့်အတူ မေးသည်။

အချိန်အတော်ကြာသည်အထိ ထိုမေးခွန်းကို မဖြေကြပေ။

“တိမ်တိုက်ဖြူဘုရားကျောင်း၊ ရွှမ်လင်တာအိုဂိုဏ်းနဲ့ တခြားဂိုဏ်းကြီးတွေက ပူးပေါင်းထားကြတယ်။ ဟန်မူယဲ့ကို တိုက်ခိုက်နေတဲ့ ခွန်အားက တန့်ဝူယိုထက် ဆယ်ဆသာတယ်”

“ဟန်မူယဲ့က အဲဒီအခြေအနေကနေ လွတ်မြောက်နိုင်တယ်ဆိုရင် တကယ်ကို ရွေးချယ်ခံတစ်ယောက်လို့ပဲ ပြောရတော့မယ် ....”

လူတစ်ယောက်က တီးတိုးပြောသည်။

ဟန်မူယဲ့ထုတ်ပြထားသော ခွန်အားသည် အလွန်မသန်မာသော်လည်း အခွင့်အရေးအများအပြားကို ရရှိခဲ့သည်။

ထို့ကြောင့် တာအိုဘိုးဘေးများက လွယ်ကူစွာ ကောက်ချက်မချရဲကြပေ။

“ဝီ”

ဝင်္ကပါအလင်းလွှာသည် လှုပ်ရှားလာပြီး ဟန်မူယဲ့နှင့် ပေသုံးဆယ်အကွာတွင် ရေခဲနံရံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူတို့က ဟန်မူယဲ့ကို မသတ်ဘဲ ဖမ်းချင်သည်။

ဟန်မူယဲ့က ထူထဲသော ရေခဲနံရံကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းခါသည်။

သူက ထိုလူများကို အခွင့်အရေးတစ်ခု ပေးချင်ခဲ့သည်။

သူက ဤနေရာတွင် ပုန်းအောင်းနေပြီး ထိုလူများ၏ နောက်ကွယ်တွင်ရှိသော အင်အားကို စောင့်ကြည့်ချင်သည်။

သို့သော် ယခုအချိန်တွင် မလုပ်နိုင်တော့ပေ။

မိုင်ထောင်ချီအကွာတွင် သူတည်ဆောက်ခဲ့သော တာအိုနယ်မြေ၏ ဈေးကွက် ရှိနေသည်။

မိုင်တစ်သောင်းအတွင်း၌ တိုက်ခိုက်ရဲသောလူများသည် သူနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ရန်သူ ဖြစ်လာလိမ့်မည်ဟု ပြောခဲ့သည်။

ထိုလူများ၏အပြုအမူသည် သူ့ကို ပါးရိုက်လိုက်ခြင်းပင် ဖြစ်သည်။

ဟန်မူယဲ့က သတ်ဖြတ်လိုစိတ်များနှင့်အတူ ခုနစ်ထပ်ဓားစံအိမ်ကို ထုတ်ဖော်သည်။

ဓားစံအိမ်ပေါ်လာသောအချိန်တွင် လူတိုင်းက ကြောင်အသွားကြသည်။

တိုက်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများက နတ်အာရုံများကို နောက်ဆုတ်လိုက်ကြသည်။

ဟန်မူယဲ့က ဓားစံအိမ်မှဖြစ်သည်။ ထို့အပြင် ခုနစ်ထပ်ဓားစံအိမ်ကို ထိန်းချုပ်ထားသော မဟာဓားကျင့်ကြံသူ ဖြစ်သည်။

All Chapters