အခန်း (၇၂၆)
Vol. 52 Ch. 726
ချီစွမ်းအင်အလင်းက ဖျတ်ခနဲတောက်ပသွားပြီး ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ရေပြင်သည် ကြည်လင်နေပြီး ရေခဲစိုင်များက တောက်ပနေကြသည်။
ရေဝိညာဉ်နန်းတော်သည် နာမည်နှင့် အလွန်လိုက်ဖက်သည်။
“ဘုန်း”
သူပေါ်လာသောအချိန်တွင် အစိမ်းရောင်အလင်းတန်းတစ်ခုက သူ့ရင်ဘတ်ဆီသို့ ပြေးဝင်လာခဲ့သည်။
ထိုအလင်းတန်းသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး အစွမ်းကုန်သုံးထားပုံရသည်။
ကောင်းကင်အဆင့် ....
“ရွှပ် ....”
ဓားရှည်သည် ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ ဓားတစ်ချက်ကြောင့် ချီစွမ်းအင်အလင်တန်းသည် ကောင်းကင်အထိ ထိုးတက်သွားသည်။
ကောင်းကင်အဆင့် ကျင့်ကြံသူသည် ဓားတစ်ချက်ကြောင့် သေဆုံးသွားရသည်။
“ရဲတင်းလိုက်တာ”
“ငါ့ရဲ့ ရေဝိညာဉ်နန်းတော်မှာ လူသတ်ရဲတယ်ပေါ့”
“သေစမ်း”
မရေမတွက်နိုင်သော အေးစက်နေသည့်အော်ဟစ်သံများသည် ပေါ်ထွက်လာကြသည်။ သို့သော် တစ်ယောက်မှ ရှေ့တက်မလာကြပေ။
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်သည်။ သူ့ဓားရှည်သည် တုန်ခါနေသည်။
သလင်းကျောက်နှင့်တူညီသော မြေပြင်ပေါ်တွင် အေးစက်နေသောသွေးများကို မြင်နိုင်သည်။
သူက ဓားရှည်ကို မြေပြင်နှင့် ထိတွေ့လျက် ဆွဲယူသွားသည်။ ဓားသွားသည် မြေပြင်ပေါ်တွင် အက်ကွဲရာတစ်ခုကို ချန်ထားခဲ့သည်။
ဓားရှည်သည် နားအူလောက်သောအသံကို ပြုလုပ်နေသော်လည်း မည်သူမှ ဝင်မပြောရဲကြပေ။
နန်းတော်အဝတ်အစားနှင့် အမျိုးသမီးတစ်ယောက်သည် ရှေ့တွင် ပေါ်လာခဲ့သည်။ သူမက ဓားကိုင်ထားသော ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် မျက်မှောင်ကြုတ်သည်။
“ရှင်က ကျွန်မတို့ရဲ့ နန်းတော်သခင်မနဲ့ လာတွေ့တာဆိုရင် ကောင်းကောင်းပြုမူသင့်တယ်”
“အကြောင်းကိစ္စမရှိဘူးဆိုရင် ထွက်သွားပါတော့။ မဟုတ်ရင် ရေဝိညာဉ်နန်းတော်က ဂိုဏ်းသားတွေကို ထိခိုက်စေတဲ့အတွက် လက်စားချေရလိမ့်မယ်”
ရေဝိညာဉ်နန်းတော်၏ သခင်မသည် အားကောင်းသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူမက ချီလင်နှင့် ယှဉ်နိုင်သော ပြန့်ကျဲကြယ်ကျွန်း၏ မဟာကျင့်ကြံသူကြီးတစ်ဦး ဖြစ်သည်။
ချီလင်၏စကားအရ ရေဝိညာဉ်နန်းတော်သခင်မ၏ တိုက်ခိုက်နိုင်စွမ်းသည် အနည်းဆုံး တာအိုဘိုးဘေးအဆင့်တွင် ရှိနေသည်။
ထိုကျင့်ကြံဆင့်မျိုး မရှိလျှင် နန်းတော်သုံးခုတွင် ပါဝင်သော ရေဝိညာဉ်နန်းတော်ကို ခေါင်းဆောင်နိုင်မည် မဟုတ်ပေ။
“နန်းတော်သခင်မက အထင်လွဲနေတာထင်တယ်”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
“ငါက အသနားခံဖို့ ရောက်လာတာမဟုတ်ဘူး”
နန်းတော်ဝတ်စုံနှင့် အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က ဆက်ပြောသည်။
“မင်းမှာ ငါပြောမယ့်အကြောင်းအရာကို ဆုံးဖြတ်နိုင်တဲ့အခွင့်အရေး မရှိဘူး”
“ဘုန်း”
သူ့စကားအဆုံးတွင် စွမ်းအားလှိုင်းသည် ပေါက်ကွဲထွက်လာခဲ့သည်။ ရေခဲစွမ်းအားများသည် ဟန်မူယဲ့ကို တိုက်ရိုက် ဖိချလိုက်သည်။
အနည်းဆုံး တာအိုဘိုးဘေးအဆင့်တွင်ရှိသော မဟာကျင့်ကြံသူကြီးတစ်ယောက်က လှုပ်ရှားလိုက်ပြီး ပတ်ဝန်းကျင်ကို ချက်ချင်းအေးခဲသွားစေသည်။
ထိုအအေးဓာတ်သည် ခန္ဓာကိုယ်၏ သွေးချီနှင့် ချီစွမ်းအင်ကို အေးခဲနိုင်သည်။
မူလဝိညာဉ်နှင့် အခြေတည်ဝိညာဉ်ကလည်း ပျက်စီးသွားရလိမ့်မည်။
ဟန်မူယဲ့က ထိုအအေးဓာတ်ကို သတိထားမိပုံမပေါ်ပေ။ သူက လက်မြှောက်ပြီး ဓားဖြင့် ခုတ်ချသည်။
“ရွှပ် ....”
ရေဝိညာဉ်နန်းတော်သခင်မက မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်စွာ လက်မြှောက်သည်။ ပြတ်ရှရာတစ်ခုသည် သူမ၏ အင်္ကျီလက်တွင် ရှိနေသည်။
ထိုဓားချက်သည် အချိန်ကို ထိုးဖောက်၍ သူမက ပတ်ဝန်းကျင်ကို မအေးခဲနိုင်ခင် သူမ၏ အင်္ကျီလက်ကို ထိုးခွဲခဲ့သည်။
နတ်ဘုရားဘုရင်တစ်ပါးကပင် ထိုဓားချက်ကို ဂရုစိုက်ရလိမ့်မည်။
အအေးဓာတ်များက ပျောက်ကွယ်သွားကြသည်။ ရေဝိညာဉ်နန်းတော်သခင်မက ဟန်မူယဲ့ကို ကြောက်ရွံ့စွာကြည့်သည်။
ဟန်မူယဲ့၏ဓားက သူမ၏ အင်္ကျီလက်ကို ထိုးဖောက်နိုင်လျှင် သူမ၏ ခန္ဓာကိုယ်ကိုလည်း ထိုးဖောက်နိုင်သည်။
သူက အချိန်ကို ထိန်းချုပ်နိုင်သောကြောင့် သူ၏ တိုက်ခိုက်နိုင်စွမ်းသည် သူမ၏စိတ်ကူးထက် ပိုမိုမြင့်မားလိမ့်မည်။
အဆုံးမဲ့နတ်ဘုရားဘုရင်က သူ့ကို ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ဦးအဖြစ် ဆက်ဆံသည့်အတွက် အံ့အားသင့်ရန် မလိုတော့ပေ။
သူမက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်၍ တည်ငြိမ်စွာပြောသည်။
“ကျွန်မနောက်က လိုက်ခဲ့ပါ”
ဟန်မူယဲ့က ဓားကို သိမ်းလိုက်ပြီး ခန်းဆောင်ထဲသို့ နန်းတော်သခင်မ၏နောက်မှ လိုက်သွားခဲ့သည်။
“ကျွန်မတို့ရဲ့ ရေဝိညာဉ်နန်းတော်ကို ဘာဖြစ်လို ရောက်လာတာလဲ”
နန်းတော်သခင်မက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
“ငါက ဝိညာဉ်သံချပ်ကာမိစ္ဆာတွေနဲ့ သဘောတူညီချက်တစ်ခု လုပ်ချင်တယ်”
ဟန်မူယဲ့၏ စကားကြောင့် နန်းတော်သခင်မ၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။
ဝိညာဉ်သံချပ်ကာမိစ္ဆာများသည် ဤလောကတွင် ခြေကုပ်ယူထားသော အင်အားစုကြီးတစ်ခု ဖြစ်သော်လည်း အများရှေ့တွင် ပေါ်ထွက်လာခဲ့လျှင် အန္တရာယ်များသည်။
ဤလောကတွင်ရှိသော ကျင့်ကြံသူများသည် ဝိညာဉ်သံချပ်ကာမိစ္ဆာများကို အမြင်မကြည်ကြပေ။
ဝိညာဉ်သံချပ်ကာမိစ္ဆာများက ဤလောကတွင်ရှိသော အရင်းအမြစ်များကို ယူဆောင်ပြီး နေရာတစ်ခုကို ရယူရန် တိုက်ခိုက်နေကြသည်။
“ဘယ်လိုမျိုးလဲ”
နန်းတော်သခင်မက ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပေါ့ပါးစွာ ပြောသည်။
“မင်းက သိပိုင်ခွင့်မရှိဘူးလို့ ငါပြောခဲ့တယ်လေ”
နန်းတော်သခင်မ၏ မျက်နှာထားက ရှုံ့တွသွားပြီး အရှိန်အဝါက ရှုပ်ထွေးလာသည်။
ပြင်းထန်သော စွမ်းအားများသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေကြသည်။
သို့သော် ဟန်မူယဲ့က တည်ငြိမ်စွာ ဆက်ရှိနေသည်။
ခဏအကြာတွင် သူမက နှာမှုတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
“ကျွန်မကို ဒီမှာ စောင့်နေ”
ထို့နောက် သူမက ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့က ခေါင်းမော့မကြည့်ဘဲ နေရာတွင် ရှိနေသည်။
အသက်ရှူကြိမ် တစ်ရာခန့် အကြာတွင် နန်းတော်သခင်မက ပြန်ရောက်လာသည်။ သူမက ရွှေရောင်ကြေးခွံတစ်ခုကို ကိုင်ထားသည်။
“ကလန်အကြီးအကဲက ရှင့်ကို ဖိတ်ခေါ်လိုက်တယ်”
သူမ၏ လက်ထဲတွင်ရှိသော ကြေးခွံက တောက်ပသွားပြီး ရွှေရောင်ဂိတ်တံခါးတစ်ခုကို ဖန်တီးသည်။
ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ ရွှေရောင်ဂိတ်တံခါးထဲသို့ ဝင်သွားသည်။
အလင်းတံခါး ပေါ်လာသောအခါ လှိုင်းတစ်ခုသည် အဆုံးမဲ့ပင်လယ်တွင် ပေါ်ထွက်လာပြီး ပြန်လည်ငြိမ်သက်သွားခဲ့သည်။
“ဒီကလေးက တကယ်ကို အားနေတာပဲ”
အဆုံးမဲ့နတ်ဘုရားဘုရင်က ရေရွတ်လိုက်ပြီး ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့က အလင်းတံခါးထဲမှ ထွက်လာသောအခါတွင် ဝိညာဉ်ဆေးပင်များ၊ သစ်ပင်များဖြင့် စိမ်းလန်းနေသော ပတ်ဝန်းကျင်ကို မြင်လိုက်ရသည်။
လှိုင်းတွန့်နေသော တောင်တန်းနှင့် စီးဆင်းနေသောစမ်းချောင်းကို ပိုင်ဆိုင်ထားသည့် တောင်ကြားတစ်ခု ဖြစ်သည်။
တဲအိမ်၏ရှေ့တွင် လူအိုကြီးတချို့သည် ကျားကစားခြင်း၊ ငါးမျှားခြင်းတို့ကို ပြုလုပ်နေပြီး သက်တောင့်သက်သာ ရှိနေကြသည်။
ဟန်မူယဲ့က သူတို့ဆီသို့ လျှောက်သွားသည်။
သူက လှုပ်ရှားလိုက်သောအချိန်တွင် စိမ်းလန်းသောပတ်ဝန်းကျင်က မြင့်မားသောရေလှိုင်းနှင့် တိမ်တိုက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရေလှိုင်းများက သူ့ဆီသို့ ကျဆင်းလာကြသည်။
သူက တည်ငြိမ်သောမျက်နှာထားဖြင့် ခေါင်းခါလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။
ရေလှိုင်းများက ပျောက်ကွယ်သွားကြသည်။ ပတ်ဝန်းကျင်သည် သစ်ပင်များဖြင့် စိမ်းလန်းနေဆဲ ဖြစ်သည်။
သူက ခြေတစ်လှမ်း ထပ်လှမ်းသည်။ သူ့ခြေထောက်က မြေပြင်နှင့်မထိခင် ဓားဆန္ဒက သူ့ခန္ဓာကိုယ်ပေါ်တွင် လှုပ်ရှားလာသည်။
သူက တိုက်ခိုက်ချင်သော မျက်လုံးတစ်စုံဖြင့် လှမ်းကြည့်သည်။
“ငါက စီးပွားရေးအကြောင်းပြောဖို့ ရောက်လာတာ။ ခင်ဗျားက ဆက်ပြီး အနှောင့်အယှက်ပေးနေမယ်ဆိုရင် ဓားကျင့်ကြံသူတစ်ယောက်အကြောင်း ပြပေးလိုက်မယ်”
သူ့စကားအဆုံးတွင် လူအိုကြီးများက ခေါင်းမော့ကြည့်လိုက်ကြသည်။
သူက ခြေချလိုက်သည်။ တိမ်တိုက်နှင့် လေပြေများသည် လှုပ်ရှားနေကြပြီး ပတ်ဝန်းကျင်က စိမ်းလန်းနေသည်။
ဟန်မူယဲ့က တဲအိမ်ဆီသို့ လျှောက်သွားပြီး တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ငါးထိုင်မျှားနေသော လူအိုကြီးကို ကြည့်သည်။
“သဘောတူညီချက်တစ်ခု လုပ်ရအောင်”
“ခင်ဗျားက အင်မော်တယ်ကမ္ဘာကို သွားမှာလား”
ဟန်မူယဲ့၏ စကားကြောင့် တဲအိမ်၊ ကျားကစားနေသော လူအိုကြီးများ၊ တောင်တန်းနှင့် စမ်းချောင်းသည် ပျောက်ကွယ်သွားကြသည်။
ငါးခေါင်းနှင့် လူသားခန္ဓာကိုယ်ရှိသော အနက်ရောင်ဝတ်စုံနှင့် ခါးကုန်းအဘိုးကြီးတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
ထိုလူအိုကြီးက နောက်သို့ လှည့်ကြည့်သည်။ သူ၏ မှုန်မှိုင်းနေသော မျက်လုံးများက ချီစွမ်းအင်အလင်းဖြင့် တောက်ပနေကြသည်။
“အင်မော်တယ်ကမ္ဘာလို့ ပြောလိုက်တာလား”
ဟန်မူယဲ့၏ မျက်နှာထားက တည်ငြိမ်နေသည်။
“ခင်ဗျားက အင်မော်တယ်ကမ္ဘာကို မသိဘူးလို့ လာမပြောနဲ့”
“အထက်ဘုံသုံးပါးရဲ့လူတွေက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်ဖို့ စတေးချင်နေတာကိုလည်း မသိဘူးလို့ မပြောနဲ့”
လူအိုကြီးက စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က ဆက်ပြောသည်။
“အဲဒီကိစ္စကို ဆွေးနွေးဖို့ ရောက်လာတာမဟုတ်ဘူး။ ခင်ဗျားက အင်မော်တယ်ကမ္ဘာကို သွားချင်ရင် ကျွန်တော့်စကားကို နားထောင်ရလိမ့်မယ်”
သူ့လက်ဝါးထဲတွင် အင်မော်တယ်ချီစွမ်းအင်သည် တောက်ပလာခဲ့သည်။
“အင်မော်တယ်ကမ္ဘာမှာ အင်မော်တယ်အသွင်ပြောင်းရေကန် ရှိတယ်။ အင်မော်တယ်ချီမရှိဘဲ အဲဒီကိုသွားရင် သေရလိမ့်မယ်”
ဟန်မူယဲ့၏ စကားတိုင်းသည် လူအိုကြီး၏ မျက်နှာထားကို ပြောင်းလဲသွားစေခဲ့သည်။
သူ၏ မှုန်မှိုင်းနေသော ငါးမျက်လုံးထဲတွင် ချီစွမ်းအင်အလင်းသည် ဖြတ်ပြေးသွားခဲ့သည်။
“ငါ့မှာ အင်မော်တယ်ချီ ရှိတယ် ....”
လူအိုကြီးက တီးတိုးပြောသည်။
“အင်မော်တယ်ကမ္ဘာရဲ့ ကျင့်ကြံခြင်းနည်းစနစ်နဲ့ အင်မော်တယ်ချီကို သန့်စင်မထားဘူးဆိုရင် အင်မော်တယ်ချီတချို့ ရှိနေတာနဲ့ပဲ အင်မော်တယ်အသွင်ပြောင်းရေကန်ကို ကျော်ဖြတ်နိုင်မယ်လို့ ထင်နေတာလား”
“ချီစွမ်းအင်ကို သန့်စင်ပြီး အင်မော်တယ်ချီပဲ ကျန်နေအောင် အချိန်ဘယ်လောက်ယူရမယ် ထင်လဲ”
ဟန်မူယဲ့၏အသံသည် ခွန်းတုံ့ပြန်ရန် ခက်ခဲသော ပြတ်သားမှုများဖြင့် ပြည့်နေသည်။
လူအိုကြီး၏ နှုတ်ခမ်းထောင့်က တွန့်သွားပြီး ဟန်မူယဲ့ကို မော့ကြည့်သည်။
ဟန်မူယဲ့က ဆက်မပြောတော့ပေ။
ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး တောင်ကြားထဲတွင်ရှိသော တဲအိမ်ဆီသို့ ပြန်ရောက်သွားသည်။ သို့သော် ကျားကစားနေသော လူအိုကြီးများက မရှိကြတော့ပေ။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်။ ဟားဟား၊ ထိုင်ပါ”
လူအိုကြီးက လက်မြှောက်လိုက်ပြီး ပြောသည်။
“ငါက ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်ရဲ့ အကြီးအကဲ အောင်းကျင်းပါ”
ဟန်မူယဲ့က ကျောက်သားထိုင်ခုံတွင် ထိုင်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ခင်ဗျားတို့ ဝိညာဉ်သံချပ်ကာမိစ္ဆာတွေ ဘယ်ကရောက်လာတာလဲ ဂရုမစိုက်ဘူး။ ခင်ဗျားတို့ နောက်ကွယ်မှာရှိနေတဲ့ အင်အားစုကိုလည်း မသိချင်ဘူး”
“ဒီတစ်ကြိမ်မှာ သက်ရှိတွေအားလုံးကို စတေးပြီး အင်မော်တယ်တက်လှမ်းစင်မြင့် ပွင့်လာရင် ခင်ဗျားကို အင်မော်တယ်ကမ္ဘာဆီ ရောက်သွားအောင် ကူညီပေးနိုင်တယ်”
သက်ရှိအားလုံးကို စတေးသည်။
သူက အင်မော်တယ်ကမ္ဘာသို့ ရောက်သွားလိမ့်မည်။
အောင်းကျင်း၏မျက်နှာထားက အေးစက်သွားပြီး မျက်မှောင်ကြုတ်လျက် ပြောသည်။
“သက်ရှိတွေကို စတေးရမှာလား။ အနည်းဆုံး သန်းဆယ်ချီနေတဲ့ သက်ရှိတွေကို လိုအပ်လိမ့်မယ်။ ငါတို့က ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်ရဲ့ စွမ်အားက ....”
သူ့စကားမဆုံးခင် ဟန်မူယဲ့က ဖြတ်ပြောလိုက်သည်။
“ခင်ဗျားတို့ ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်မှာ လူမရှိဘူးလို့ မပြောနဲ့”
“ခင်ဗျားတို့အကြောင်းကို မသိရင် ကျွန်တော်က ဒီကို ရောက်လာမှာမဟုတ်ဘူး”
အောင်းကျင်း၏ ထိတ်လန့်နေသောအကြည့်အောက်တွင် ဟန်မူယဲ့က ပြောလိုက်သည်။
“ခင်ဗျားတို့ ဝိညာဉ်သံချပ်ကာမိစ္ဆာတွေက အင်မော်တယ်ကမ္ဘာကို ပြန်သွားနိုင်ဖို့ တောင့်တနေကြတာမဟုတ်လား”