← Chapters

အခန်း (၇၂၇)

Vol. 52 Ch. 727

အခန်း (၇၂၇)

Vol. 52 Ch. 727

ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်သည် အင်မော်တယ်ကမ္ဘာမှ ရောက်လာခဲ့သည်။

“မင်းက ဘယ်သူလဲ”

အောင်းကျင်း၏မျက်နှာထားက ကြမ်းတမ်းသွားပြီး စွမ်းအားတစ်ခုကို ထုတ်လွှတ်၍ ဟန်မူယဲ့ကို ဖိချသည်။

သို့သော် ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော အင်မော်တယ်ချီက အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုအလင်းလွှာက အောင်းကျင်း၏ သွေးချီနှင့် ချီစွမ်းအင်ကို တားဆီးပေးထားသည်။

ဟန်မူယဲ့က နေရာတွင် တည်ငြိမ်စွာထိုင်နေသည်။

အောင်းကျင်း၏မျက်နှာထားက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားပြီး အဆုံးတွင် သွေးချီနှင့် ချီစွမ်းအင်ကို ရုတ်သိမ်းလိုက်ရသည်။

ဟန်မူယဲ့က ခေါင်းခါသည်။

ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်သည် အင်မော်တယ်ကမ္ဘာမှ ရောက်လာခဲ့သည်။ သူတို့က အင်မော်တယ်ကမ္ဘာ၏ အစွန်အဖျားတွင် နေထိုင်ကြသည်။ ရတနာတိုက်တွင်ရှိသော ကျိုးပန်းယွီ၏ မှတ်တမ်းထဲတွင် ထိုအကြောင်းကို မှတ်သားထားသည်။

နတ်ဘုရားခုံရုံး၏ နတ်ဘုရားဧကရာဇ်သည် ဝိညာဉ်သံချပ်ကာမိစ္ဆာများ၏ တိုးတက်မှုကို စောင့်ကြည့်ရန်အတွက် တာဝန်ယူထားသည်။

ဝိညာဉ်သံချပ်ကာမိစ္ဆာများသည် အင်မော်တယ်ကမ္ဘာ၏ သားရဲထိန်းချုပ်ခြင်းဂိုဏ်းမှ စမ်းသပ်မှုတစ်ခု ဖြစ်သည်ဟု ပြောသည်။

ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်၏ ဘိုးဘေးသည် အင်မော်တယ်ကမ္ဘာမှ အင်မော်တယ်သားရဲတစ်ကောင်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။

“အင်မော်တယ်ကမ္ဘာ ....”

အောင်းကျင်း၏မျက်နှာထားက လွမ်းဆွတ်နေပုံရသည်။

“ငါတို့က ပြန်သွားရင် ကျွန်ပြုခံရမယ်ဆိုတာ သိပေမဲ့ အသက်ရှင်ရတာ အချိန်ကြာလာလေ ပြန်သွားကြည့်ချင်လေပဲ”

အောင်းကျင်း၏မျက်နှာထားက တည်ငြိမ်သွားပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ငါတို့က ဘယ်လိုပူးပေါင်းမှာလဲ”

....

ဟန်မူယဲ့၏ပုံရိပ်က ပျောက်ကွယ်သွားသောအခါတွင် အောင်းကျင်း၏ ပြုံးနေသောမျက်နှာက လေးနက်သွားသည်။

“အစ်ကိုကြီး၊ ဒီကလေးပြောတာကို ဘယ်လောက်အထိ ယုံရလဲ”

အပြာရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ဝေခွဲမရသောမျက်နှာထားဖြင့် အောင်းကျင်း၏ဘေးတွင် ပေါ်လာသည်။

“ဟုတ်တယ်။ ငါတို့ကတောင် အင်မော်တယ်ကမ္ဘာရဲ့အကြောင်းကို သိပ်မသိဘူး။ သူက ဘယ်လိုလုပ်ပြီး အများကြီးသိနေတာလဲ”

နောက်ထပ်လူအိုကြီးတစ်ယောက်က တစ်ဖက်တွင် ပေါ်လာခဲ့သည်။

“ဟုတ်တယ်။ ငါက သူ့စကားကို မယုံဘူး။ ဒီလောကမှာ ဘယ်သူက အင်မော်တယ်ကမ္ဘာရဲ့အကြောင်းကို ကောင်းကောင်းသိနိုင်မှာလဲ”

မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးက ပြောလိုက်သည်။

အောင်းကျင်းက ခေါင်းခါလိုက်ပြီး မျက်လုံးများကို မှေးကျဉ်း၍ ပေါ့ပါးစွာ ပြောသည်။

“မဟုတ်ဘူး။ အင်မော်တယ်ကမ္ဘာကို နားလည်တဲ့လူတစ်ယောက် ရှိနေတယ်”

လူအိုကြီးများက ကြောင်အသွားပြီး အောင်းကျင်းကို လှည့်ကြည့်လိုက်ကြသည်။

အောင်းကျင်း၏မျက်နှာထားက တည်ငြိမ်နေပြီး ညင်သာစွာပြောလိုက်သည်။

“နတ်ဘုရားဧကရာဇ်”

“မဖြစ်နိုင်ဘူး။ နတ်ဘုရားဧကရာဇ်က ကျဆုံးသွားပြီပဲ ....”

စကားပြောလိုက်သောလူအိုကြီးက တုံ့ဆိုင်းနေသည်။

“ပြန်လည်မွေးဖွားခြင်း၊ ပူးကပ်ခြင်း၊ ကိုယ်ပွား၊ အကြွင်းအကျန်ဝိညာဉ် .... အားလုံး ဖြစ်နိုင်တယ် ....”

တခြားလူများ၏ မျက်နှာထားကလည်း လေးနက်နေသည်။

အောင်းကျင်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“သူက ဘယ်သူပဲဖြစ်ဖြစ် အလဲအလှယ်ကို ဆက်လုပ်လို့ရတယ်”

“ငါတို့က စတေးခြင်းစွမ်းအားကို အသုံးပြုပြီး ကလန်တစ်ခုလုံး အင်မော်တယ်ကမ္ဘာကို တက်သွားနိုင်တယ်”

“အဲဒီလူအိုကြီးတွေက တကယ်ပဲ စတေးမယ်ဆိုရင် ငါတို့က အင်မော်တယ်ကမ္ဘာကို ဝင်ရောက်နိုင်လိမ့်မယ်”

သူတို့အားလုံးက စိတ်လှုပ်ရှားနေသောမျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“အင်မော်တယ်ကမ္ဘာ”

သူတို့ အချိန်ကြာမြင့်စွာ မျှော်လင့်ခဲ့ရသော နေရာတစ်ခု ဖြစ်သည်။

ဟန်မူယဲ့က ရေဝိညာဉ်နန်းတော်မှ ပြန်ထွက်လာသောအခါတွင် နန်းတော်သခင်မနှင့် တခြားလူများက သူ့ကို အနည်းငယ် ကြောက်ရွံ့စွာ ကြည့်နေကြသည်။

ဝိညာဉ်သံချပ်ကာမိစ္ဆာများ၏ သွေးမျိုးဆက်စွမ်းအားသည် အလွန်တင်းကျပ်သည်။

ဟန်မူယဲ့က အကြီးအကဲများနှင့် သဘောတူညီချက်တစ်ခု လုပ်နိုင်သောကြောင့် သူတို့က လေးစားကြသည်။

ထိုတောင်ကြားသည် အဆုံးမဲ့ပင်လယ်တွင် မရှိပေ။ တည်နေရာတစ်ခုနှင့် ဆက်သွယ်ထားခြင်း ဖြစ်သည်။

ဝိညာဉ်သံချပ်ကာမိစ္ဆာများက အဆုံးမဲ့နတ်ဘုရားဘုရင်ကို ကြောက်ရွံ့နေကြပုံပေါ်သည်။

ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်သည် သန်မာသူများကို ပိုင်ဆိုင်ထားသော်လည်း အသန်မာဆုံးလူ မရှိပေ။

သူတို့က အားကောင်းသော မျိုးပွားနိုင်စွမ်းကို အားကိုးကြသည်။

ထို့ကြောင့် သူတို့က မျိုးနွယ်စု၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ဂရုမစိုက်ကြပေ။

ဟန်မူယဲ့က အဆုံးမဲ့ပင်လယ်သို့ ပြန်ရောက်လာသောအခါတွင် ပိုင်ကျီယုကို မတွေ့ရပေ။ သို့သော် အဆုံးမဲ့နတ်ဘုရားဘုရင်၏ ဖိတ်ကြားမှုကို လက်ခံလိုက်ရသည်။

ဟန်မူယဲ့က တော်ဝင်ရှုခင်းဓားဆိုင်နှင့် ခြောက်ထပ်စံအိမ်ကို နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး အဆုံးမဲ့ပင်လယ်ထဲသို့ ဆင်းသွားသည်။

အဆုံးမဲ့ပင်လယ်ကို ယခင်တစ်ခေါက်ကထက် ပိုမိုရှင်လင်းစွာ ခွဲခြားထားသည်။ အဆုံးမဲ့နတ်ဘုရားဘုရင်များ၏ ငရဲကြီးဆယ့်ရှစ်ထပ်သည် အလွန်ထိရောက်ပုံပေါ်သည်။

သူက အဆုံးမဲ့နတ်ဘုရားဘုရင်နှင့် တွေ့လိုက်ရသောအခါတွင် သက်ဝင်လှုပ်ရှားနေသော စွမ်းအားများကို ခံစားမိသည်။

ထိုအရာသည် အချိန်တစ်ခုကြာသည်အထိ ဖိနှိပ်ထားရန် ခက်ခဲသော အဆင့်တက်မှုဖြစ်သည်။

အဆုံးမဲ့နတ်ဘုရားဘုရင်က ဖိနှိပ်ရန် တွေးမထားခြင်းလည်း ဖြစ်နိုင်သည်။

သူ၏ အဆင့်တက်ခြင်းသည် လွတ်မြောက်ချင်‌သော တခြားလူများအတွက် အမှတ်အသားတစ်ခု ဖြစ်လာလိမ့်မည်။ သူ့စွမ်းအားကို ဖိနှိပ်မထားလျှင် တခြားလူများက ပိုမိုရှင်းလင်းစွာ အာရုံခံနိုင်ကြလိမ့်မည်။

“မင်းက ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်ကို သွားတွေ့တာလား”

အဆုံးမဲ့နတ်ဘုရားဘုရင်က ဟန်မူယဲ့ကို မေးလိုက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

‘တာအိုပြိုင်ပွဲက မဟာစစ်ပွဲအဖြစ် ပြောင်းလဲသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

အဆုံးမဲ့နတ်ဘုရားဘုရင်က ခံစားချက်တချို့နှင့်အတူ ခေါင်းခါသည်။

“အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်ချင်တာလား။ ဒီကောင်တွေက ရူးနေကြတာပဲ”

အဆုံးမဲ့နတ်ဘုရားဘုရင်က လွတ်မြောက်ခြင်းလမ်းစဉ်ပေါ်သို့ ရောက်နေပြီဖြစ်သောကြောင့် အင်မော်တယ်တက်လှမ်းစင်မြင့်ကို စိတ်မဝင်စားပေ။

သို့သော် အဆင့်မတက်နိုင်သော တခြားလူများအတွက် အင်မော်တယ်တက်လှမ်းစင်မြင့်သည် အလွန်ဆွဲဆောင်နိုင်သည်။

အဆုံးမဲ့နတ်ဘုရားဘုရင်က အဆင့်တက်သွားသောကြောင့် အင်မော်တယ်တက်လှမ်းစင်မြင့်ကို မဖွင့်ချင်သော တခြားကျင့်ကြံသူကြီးများသည် ပိုမိုပြတ်သားလာကြလိမ့်မည်။

သို့သော် မည်သည့်အရာကိုမှ အသေအချာ မပြောနိုင်ပေ။

ဟန်မူယဲ့က ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်နှင့် ဆွေးနွေးခဲ့သောအကြောင်းကို မပြောခဲ့ပေ။

အဆုံးမဲ့နတ်ဘုရားဘုရင်ကလည်း မမေးပေ။

သူတို့က ငရဲကြီးဆယ့်ရှစ်ထပ်၏ တည်ဆောက်ပုံနှင့် ရာထူးအဆင့်အတန်းများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

အဆုံးမဲ့နတ်ဘုရားဘုရင်က တာအိုပြိုင်ပွဲတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ပူးပေါင်းမည်ဟု ကတိပေးခဲ့သည်။

အကယ်၍ အရာအားလုံးကို စတေးမည်ဆိုလျှင် သူကိုယ်တိုင်နှင့် ဟန်မူယဲ့ကို အကောင်းဆုံးကြိုးစား၍ ကယ်တင်ရုံသာ တတ်နိုင်မည်။

လောကတစ်ခုအား စတေးနိုင်သောလူကို အဆုံးမဲ့နတ်ဘုရားဘုရင်ကပင် လွယ်ကူစွာ ရင်မဆိုင်နိုင်ပေ။

ဟန်မူယဲ့အတွက် ထိုကတိသည် အကောင်းဆုံးရလဒ်ပင် ဖြစ်သည်။

သူက ခန်းဆောင်ထဲမှ ထွက်လာသောအခါတွင် တုန်ခါနေသောခြေလှမ်းများနှင့် ပိုင်ကျီယုကို မြင်လိုက်ရသည်။

“ဟားဟား၊ အစ်ကိုဟန်၊ အစ်ကိုဟန် ....”

ပိုင်ကျီယု၏ စိတ်အားထက်သန်မှုကြောင့် ဟန်မူယဲ့က အံ့အားသင့်သွားခဲ့သည်။

သို့သော် ဟန်မူယဲ့က နားလည်သွားပြီး ပြုံးလိုက်သည်။

“ငါ့မှာ ဆေးပုလင်းတချို့ ကျန်သေးတယ်။ လိုချင်သေးလား”

ပိုင်ကျီယုက ကျေနပ်စွာရယ်သည်။

“ဘေးထွက်ဆိုးကျိုး အများဆုံးဟာကို လိုချင်တယ်။ ဘေးထွက်ဆိုးကျိုးများလေ ကောင်းလေပဲ”

ဟန်မူယဲ့က ‌ခေါင်းခါလိုက်ပြီး ရယ်မောလျက် ကျောက်စိမ်းပုလင်းတချို့ကို ပစ်ပေးသည်။

ယခုအချိန်တွင် ထိုဆေးလုံးများသည် သူ့အတွက် တန်ဖိုးမရှိတော့ပေ။

သူက ကျင့်ကြံခြင်းအတွက် ရတနာတိုက်၏ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများကိုသာ အသုံးပြုသည်။

ဟန်မူယဲ့က အဆုံးမဲ့ပင်လယ်မှ ထွက်လာပြီး တာအိုပြိုင်ပွဲသို့ ပြန်မသွားဘဲ့ပေ။

အစပိုင်းတွင် သူက နတ်ဘုရားသားရဲ၏ကိုယ်ပွားနှင့် ပေါင်းစပ်ပြီး ခွန်အားကို အဆုံးစွန်အထိ မြှင့်တင်မည်ဟု စီစဉ်ထားခဲ့သည်။

သို့‌သော် တာအိုပြိုင်ပွဲ၏ အခက်အခဲသည် အတွင်းပိုင်းမဟုတ်ဘဲ အပြင်ဘက်မှ ရောက်လာသည်။

သူက သန်မာနေလျှင်ပင် တာအိုပြိုင်ပွဲနယ်မြေကို ကယ်တင်နိုင်မည်မဟုတ်ပေ။

ပုရွက်ဆိတ်တစ်ကောင်သည် မည်မျှပင် သန်မာပါစေ ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။

သူ၏ အဓိကခန္ဓာကိုယ်က တံခါးပိတ်ကျင့်ကြံနေပြီး နတ်ဘုရားသားရဲကိုယ်ပွားက ဆည်ဆီသို့ ဦးတည်ခဲ့သည်။

သူက ဆည်သို့ တတိယအကြိမ် ရောက်လာသည်။

ပထမအကြိမ်တွင် သူက ဆည်ကို ဖြတ်သန်း၍ ရှေးတိမ်တိုက်စကြဝဠာသို့ သွားခဲ့သည်။ သူက ထူးဆန်းသော သားရဲများနှင့် ရင်ဆိုင်ခဲ့ပြီး သစ်သားနတ်ဘုရားနန်းတော်တွင် မြက်ရိတ်တံကို ရခဲ့သည်။

ဒုတိယအကြိမ်တွင် သူက ရှေးတိမ်တိုက်စကြဝဠာမှ ပြန်လာပြီး ဆည်ကို ဖြတ်သန်းခဲ့သည်။ သူက နတ်ဘုရားစစ်သူကြီးနှင့် အပြင်းအထန်တိုက်ခိုက်ပြီး ရတနာများကို ရရှိခဲ့သည်။ ထို့အပြင် မှတ်ဉာဏ်ပုံရိပ်များထဲမှ ပြန့်ကျဲသွားသော နတ်ဘုရားခုံရုံး၏ ရတနာတိုက်ကိုလည်း မြင်ခဲ့ရသည်။

နတ်ဘုရားခုံရုံး၏ ရတနာတိုက်သည် သူတိုးတက်လာရန် အခွင့်အရေးတစ်ခု ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူက ဆည်အတွင်းသို့ ပြန်ဝင်မည်။

“ဘုန်း”

သူက ဆည်ထဲသို့ ဝင်ရောက်ပြီး မိုင်သုံးထောင်အကွာသို့ ရောက်လာသောအခါတွင် ချိုတစ်ချောင်းနှင့် တောင်ပံတစ်စုံရှိသော နွားသိုးတစ်ကောင်က သူ့ကို ဝင်တိုက်လိုက်သည်။

ဆည်သည် ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားကို တားမြစ်ထားသည်။ ထို့ကြောင့် ထူးဆန်းသောပုံစံနှင့် သန်မာသောသားရဲများကို တွေ့နိုင်သည်။

ပေတစ်ရာရှည်လျားသော နွားသိုးသည် လွင့်စင်သွားခဲ့သည်။

“မာလိုက်တဲ့အရေပြားပဲ”

ဟန်မူယဲ့က နွားသိုးပျံကို ကြည့်လိုက်ပြီး ရေရွတ်သည်။

သူက ပျံသန်းလိုက်ပြီး ဆက်တိုက် ထိုးနှက်နေသည်။

ချက်ချင်းဆိုသလိုပင် နွားသိုးပျံက နောက်ဆုံးအချိန်သို့ ‌ရောက်သွားသည်။

အစိမ်းရောင် အင်မော်တယ်ချီအလင်းနှင့် မိုးကြိုးတစ်စင်းသည် ဟန်မူယဲ့၏ လက်ဝါးထဲတွင် ပေါ်လာသည်။ ထို့နောက် နွားသိုးပျံ၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။

“ရွှပ် ....”

နွားသိုးပျံက တစ်ကိုယ်လုံး တုန်ခါနေပြီး သွေးနီရောင်သန်းနေသော မျက်လုံးများက အနည်းငယ် ကြည်လင်လာသည်။

အင်မော်တယ်အလင်းနှင့် မိုးကြိုးလျှပ်စီးသည် လှုပ်ရှားနေကြသည်။ နွားသိုးပျံက နာကျင်စွာ ညည်းညူလိုက်ပြီး နာခံသော အရိပ်အယောင်ကို ပြသသည်။

ဟန်မူယဲ့က လက်လွှတ်လိုက်သောအခါတွင် နွားသိုးပျံက သူ့ရှေ့တွင် လိမ္မာစွာ ရပ်နေသည်။

ဟန်မူယဲ့က နွားသိုးပျံ၏ ကျောပေါ်သို့ တက်လိုက်သည်။

နွားသိုးပျံက ခြေလေးဖက်ကို လှုပ်ရှား၍ တောင်ပံဖြန့်လိုက်ပြီး ဥက္ကာခဲများနှင့် ပြည့်နှက်‌နေသော ဆည်ထဲတွင် ပြေးလွှားလိုက်သည်။

ဟန်မူယဲ့က နွားသိုးပျံကို စီးနင်းထားသောကြောင့် ပြဿနာများကို ရှောင်တိမ်းနိုင်ခဲ့သည်။

အနည်းဆုံး သားရဲများ၏ တိုက်ခိုက်မှုကို သိပ်မကြုံရတော့ပေ။

အသိစိတ်ကို ဆုံးရှုံးသွားပြီး သတ်ဖြတ်မှုကိုသာ နားလည်သော နတ်ဘုရားစစ်သူကြီးများကပင် သူ့ကို လာမရှာကြပေ။ နွားသိုးပျံကြောင့် သို့မဟုတ် သူက မလှုပ်ရှားဘဲ အငွေ့အသက်များကို မထုတ်ဖော်သောကြောင့် ဖြစ်နိုင်သည်။

နွားသိုးပျံက မိုင်ရှစ်သိန်းအထိ သုံးရက်ဆက်တိုက် ပျံသန်းခဲ့သည်။

“ဘုန်း”

ဓားချက်သည် ကျဆင်းလာပြီး ဟန်မူယဲ့၏ လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။

နွားသိုးပျံသည် အချိန်မီမရှောင်တိမ်းနိုင်ဘဲ တောင်ပံတစ်ဖက် ပြတ်သွားသည်။

ရှေးဆန်သောအငွေ့အသက်နှင့် အနက်ရောင်ချပ်ဝတ် စစ်သူကြီးတစ်ယောက်က ဓားရှည်ကို ကိုင်ထားပြီး ပေါ်လာခဲ့သည်။

ထိုစစ်သူကြီး၏ အနက်ရောင်ချပ်ဝတ်သည် ရှေးခေတ်နတ်ဘုရားခုံရုံး၏ တတိယအဆင့် စစ်သူကြီး ဖြစ်သည်။

တတိယအဆင့် နတ်ဘုရားစစ်သူကြီးများသည် စစ်သည်တစ်သန်းကို အမိန့်ပေးပြီး လောကကို လွှမ်းမိုးနိုင်စွမ်းရှိသည်။

“နတ်ဘုရားမြို့တော်မှာ ပျံသန်းနေတဲ့ သားရဲတွေက ခေါင်းဖြတ်ခံရမယ်”

နတ်ဘုရားစစ်သူကြီးက ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး ဓားမြှောက်၍ ခုတ်ချလိုက်ပြန်သည်။

All Chapters