← Chapters

အာဏာရှင်ယင်

Vol. 15 Ch. 205

အာဏာရှင်ယင်

Vol. 15 Ch. 205

ယင်မှာ ငြိမ်သက်နေကာ သူ၏ အတွေးများက လျှို့ဝှက် ဆန်းကြယ်နေသည်။ မသိလိုက်ခင် အချိန်မှာပင် သူ လက်သီးများကို တင်းတင်း ဆုပ်လိုက်မိသည်။

“ကျုပ်တို့ရဲ့ ကြယ်တာရာ နယ်မြေကြီးမှာ မိစ္ဆာ ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး လူအများ သဘောတူထားတဲ့ အရာတွေ ရှိတယ်... မိစ္ဆာက ဘာလဲဆိုတာ ခင်ဗျား သိလား”

ဝေ့ဝူယင် ယင်ကို စိုက်ကြည့်လိုက်သည်။ သူ၏ ငွေရောင် မျက်ဝန်းများက လျှို့ဝှက် ဆန်းကြယ်သော အလင်းဖြင့် တဖျပ်ဖျပ် လက်နေကာ ယင်၏ အရိပ်မည်းများကို ရောင်ပြန်ဟပ်နေဟန် ရသည်။

ယင်က ခေါင်းကို မော့လိုက်ရာ ဝေ့ဝူယင်၏ မျက်လုံးများနှင့် ဆုံတွေ့သွားသည်။ သူ့စိတ်၊ ဝိညာဥ်နှင့် အတွေးတို့ဆီသို့ ဖိအားတစ်ခု ရုတ်ချည်း ကျဆင်းလာသလို သူ ခံစားလိုက်ရ၏။ တောက်ပသော အလင်းတန်းနှင့် အတူ ပတ်ဝန်းကျင်ရှိ အရာရာက ပြောင်းလဲသွားကာ အဖြူရောင် လောကထဲသို့ ယင် ရောက်ရှိသွားသည်။

ယင် လက်ဖဝါးတွေကို ငုံ့ကြည့်ရင်း လန့်ဖျန့်သွား၏။ ရှုံ့တွပြီး သေခြင်း၏ ခြေရာများကို သယ်ဆောင်ထားသည့် သူ့လက်တွေက နုပျိုမှု အပြည့်ဖြင့် ချောမွေ့ တောက်ပြောင်နေသည်။ သူ မျက်နှာကို ထိကြည့်လိုက်ရာ လက်များ ကဲ့သို့ပင် ချောမွေ့နေကြောင်း ခံစားလိုက်ရသည်။

“မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ...”

ယင်က မယုံကြည်နိုင်စွာ မေးလိုက်၏။ ထိုငွေရောင် မျက်လုံးများ ပိုင်ရှင်မှာ အတိတ်ကို ပြောင်းလဲ နိုင်သည်လော။ ဤနေရာက ဘယ်နေရာနည်း။ ပုံရိပ်ယောင် တစ်ခုလော။ သို့မဟုတ် သေခြင်းတရား၏ အခြားတစ်ဖက်ရှိ တမလွန် ဘဝလော။

"မိစ္ဆာက ဘာလဲ ဆိုတာ မင်းသိလား...”

ဝေ့ဝူယင် နောက်တစ်ကြိမ် ထပ်မေးလိုက်၏။ ယင်မှာ အေးခဲသွားသည်။ အသက် အနည်းငယ် ရှူလိုက်ပြီးနောက် သူက ပြန်ဖြေလိုက်သည်။

“ငါ...”

သူသည် သူ့မိသားစု တစ်ခုလုံး၏ သေခြင်းတရား အတွက် တာဝန်ရှိသူ ဖြစ်သည်။ ထိုကဲ့သို့ တွေးမိသည်နှင့် သူ့ဘေးနားရှိ အဖြူရောင် ပတ်ဝန်းကျင် တစ်ခုလုံးက လေပွေကဲ့သို့ လှည့်ပတ်ကာ အရောင်နှင့် ပုံသဏ္ဌာန်များ ပြောင်းလဲသွားသည်။

သေချာစွာ အကဲခတ်လိုက်သော အခိုက်၌ မှတ်ဉာဏ်ထဲသို့ ရောက်ရှိနေကြောင်း ယင်တွေ့လိုက်ရသည်။ ထိုထက်ပို၍ ရှင်းလင်းစွာ ဆိုရလျှင် အခိုက်အတန့်... သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲစေခဲ့သော အခိုက်အတန့်...

ငယ်ရွယ် နုပျို‌သော ယင်သည် ကိုယ်ရံတော်များကို ခြံရံရင်း လမ်းမတစ်ခုထက်၌ လျှောက်နေခဲ့သည်။ ထိုအခိုက်၌ သူသည် အမြင့်မားဆုံးသော မောက်မာမှုနှင့် အတူ ပြိုင်ဘက်ကင်းကြောင်း၊ လောကကြီးကို အုပ်စိုးနိုင်ကြောင်း ခံစားနေရသည်။ ထိုစဉ်တွင်ပင် လူငယ် စုံတွဲ တစ်တွဲကို သူ မြင်တွေ့လိုက်ရသည်။ မိန်းကလေးမှာ အလွန် လှပလှ၏။

ယင်သည် မိန်းကလေးအား မြင်သည်နှင့် မောက်မာသော သခင်လေးတို့၏ ထုံးစံအတိုင်း လိုက်ရန် ကြိုးစားတော့သည်။ သူတို့က သူ့အား ရှောင်ရှားရန် ကြိုးစားခဲ့ပါသည်။ သို့သော်လည်း ထိုအရာကပင် ယင်၏ စိတ်အား ထက်သန်မှုကို ပိုမို နှိုးဆွ သကဲ့သို့ ဖြစ်ကာ အကြမ်းဖက်ရန် ကြိုးစား စေခဲ့တော့သည်။

လူငယ်သည် သူ၏ ချစ်သူကို ကာကွယ်ရန် အတွက် ပြန်လည် တိုက်ခိုက်ခဲ့သည်။  ကိုယ်ရံတော် အားလုံး သတ်ဖြတ်ခံခဲ့ရကာ ယင်တစ်ယောက်တည်းသာလျှင် လွတ်မြောက်ခဲ့သည်။ သူသည် မိသားစုထံသို့ ပြေးလွှားသွားကာ သူ့အတွက် လက်စားချေပေးရန် တောင်းဆိုခဲ့သည်။ ထိုကောင်မက အဘယ်ကြောင့် သူ့ကို ငြင်းရဲသနည်း။ ထိုအကောင်က အဘယ်ကြောင့် သူ့ကို ဆန့်ကျင်ရဲသနည်း။

ယင်၏ မိသားစုမှာ ဒေါသထွက်ကာ လူငယ်ကို အမဲလိုက်ရန် ကြိုးပမ်းတော့သည်။ ထိုနေ့မှ စ၍ နောက်ထပ်နှစ်နှစ် အတွင်း များစွာသော အရာများ ဖြစ်ပွား သွားခဲ့၏။ အလှည့်အပြောင်း အချိုးအကွေ့များစွာကို ဖြတ်ကျော်ပြီးနောက် လူငယ်သည် ယင်တို့၏ မိသားစုကို ရှင်းလင်းပစ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်လာခဲ့သည်။ သူသည် သားကောင်မှ မုဆိုး အဖြစ် ပြောင်းလဲကာ ပြန်လည် တိုက်စစ်ဆင်တော့သည်။

အဘိုးဖြစ်သူ၏ ရက်ရက်စက်စက် သေဆုံးမှု အပြီးတွင် ယင် ကမ္ဘာတစ်ခုလုံး ပြိုပျက်သွားသလို ခံစားလိုက်ရတော့သည်။ ဤကမ္ဘာတွင် သူ့လောက် သူရဲဘောကြောင်မည့်သူ ရှိလိမ့်မည် မထင်တော့။ သူ မျက်ရည် လည်ရွှဲဖြင့် ရှိုက်ကြီးတငင်ငင် ငိုကာ မြေပြင်ပေါ်တွင် ဒူးထောက်ရင်း လူငယ်ထံ အသက်ချမ်းသာ ပေးရန် တောင်းပန်ခဲ့သည်။

လူငယ်က သူ့ကို ရွေးချယ်စရာ တစ်ခု ပေးခဲ့ပါသည်။ ကျင့်ကြံခြင်း အခြေခံကို ဖျက်ဆီးရန် သို့မဟုတ် သေဆုံးရန်... ဟူ၍။

ယင် တစ်ချက်ပင် မစဉ်းစားပဲ ပထမ တစ်ခုကို ရွေးချယ်ခဲ့သည်။ ဒုက္ခတ တစ်ယောက် နီးပါး ဖြစ်သွားခဲ့သည့်တိုင် အနည်းဆုံးတော့ သူ အသက်ရှင်ခဲ့သည်။

ယင်သည် ထိုကြင်နာမှု အတွက် လူငယ်အား ကျေးဇူးတင်စကား ပြောကာ အကြိမ်ကြိမ် ဦးချခဲ့ဖူးသည်။ အနာဂတ်တွင် ကံဆိုးမှုများ စောင့်ကြိုနေလိမ့်မည်ဟု သူ မည်ကဲ့သို့ ထင်မိခဲ့မည်နည်း။

မိသားစု ထောက်တိုင်ကြီး ပြိုပျက် အပြီးတွင် ယင်၏ မိသားစုမှာ ရန်သူများ၏ အဖက်ဖက်မှ ထိုးနှက်ခြင်းကို စတင် ခံစားခဲ့ရဝောာ့သည်။ သူတို့သည် ယင်၏ မိသားစုဝင်များကို တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ခဲ့ကာ ပိုင်ဆိုင်မှုများကို တစ်ခုပြီး တစ်ခု ယူဆောင်သွားခဲ့သည်။ သို့သော်လည်း သူတို့က ယင်ကိုတော့ အသက်ချမ်းသာ ပေးခဲ့ပါသည်။ ကျင့်ကြံခြင်း လမ်းစဉ် ပျက်စီးပြီးသော လူတစ်ယောက်ကို မည်သူက အရေးတယူ ဆက်ဆံနေပါမည်နည်း။

ပတ်ဝန်းကျင်ရှိ မြင်ကွင်းများ အဆက်မပြတ် ပြောင်းလဲပြီး မကြာခင်မှာပင် ယင်သည် လက်ရှိ အချိန်သို့ ပြန်လည် ရောက်ရှိလာသည်။ အရပ်ရှည်ကာ ချောမောသည့် ဝေ့ဝူယင်၏ ပုံရိပ်တစ်ခုသာလျှင် သူရှေ့တွင် ကျန်ရှိ ပေဝောာ့သည်။

ထိုအခိုက်အတန့်၌ ယင်၏ မျက်နှာ တစ်ခုလုံးမှာ မျက်ရည်များနှင့် စိုရွှဲနေသည်။ သူသည် ငိုယိုရန် ဆန္ဒ မရှိသော်လည်း မျက်ရည်များက သူ့မျက်လုံးများမှ အဆုံး မရှိ စီးကျနေသည်။

"မိစ္ဆာက ဘာလဲ ဆိုတာ မင်းသိလား…"

ထိုစကားလုံးများက ဝေ့ဝူယင်ထံမှ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ ယင် နှုတ်ခမ်းကို ကိုက်လိုက်မိ၏။

သူ ကလေးငယ်များကို သတ်ဖြတ်ခဲ့သည်။ မြင်ကွင်းသည် နောက်တစ်ကြိမ် ပြောင်းလဲ သွားကာ မိဘမဲ့ ကလေး ဂေဟာ တစ်ခုသို့ ရောက်ရှိသွားသည်။ စောင့်ရှောက်သူများ၏ ပေါလျော့မှုကြောင့် ယင်သည် အတိုချုံးအစီအစဉ် ဖြင့်ပင် အထဲသို့ ခိုးဝင် နိုင်ခဲ့သည်။

မကြာခင်မှာပင် သူသည် ပုခက်ထဲ၌ အိပ်ပျော်နေသည့် ချစ်စဖွယ် နှစ်လသား အရွယ် ကလေးလေးကို တွေ့လိုက်ရသည်။ ချီးသေးများဖြင့် ညစ်ပတ်နံစော်နေသည့် ထိုကလေးငယ်ကို အဖိုးထိုက်တန်သည့် ရတနာ တစ်ပါးကဲ့သို့ ရင်ခွင်တွင် ပိုက်ကာ ယင် ထွက်ပြေးခဲ့သည်။

ထိုညတွင်ပင် သူသည် မိစ္ဆာ နည်းလမ်းကို အသုံးပြုကာ ကလေးငယ်၏ အသွေးအသားများကို ဖောက်ယူခဲ့သည်။ စူစူးရှရှ ငိုယိုရင်း တဖြည်းဖြည်း ငြိမ်သက် သေဆုံးသွားသည့် ကလေးငယ်လေး၏ ပုံစံက ယနေ့တိုင် သူ့ကို ခြောက်လှန့်နေဆဲ ဖြစ်သည်။

တစ်ခဏချင်းပင် အဖြူရောင် လွှမ်းသော ကမ္ဘာသို့ သူ ပြန်လည် ရောက်ရှိ သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်က မထိန်းချုပ်နိုင်အောင် တုန်ရီနေကာ သွေးများဖြင့် စွန်းထင်နေသည့် လက်များက လျှင်မြန်စွာ အိုမင်း ရင့်ရော် လာသည်။ ယင်၏ နှုတ်ခမ်းတို့က တုန်ရီကာ နှာခေါင်းက ချဉ်စုတ်စုတ် အနံ့တစ်ခုကို ရနေခဲ့သည်။

ဝေ့ဝူယင်၏ ပုံရိပ်သည် သူ့ရှေ့တွင် တည်ရှိနေဆဲ ဖြစ်သည်။

"မိစ္ဆာက ဘာလဲ ဆိုတာ မင်းသိလား…"

"အား…"

ယင် စူးစူးဝါးဝါး အော်ဟစ်လိုက်မိ၏။ အံကို တင်းတင်းကြိတ်ရင်း သူ လက်သီးများကို တုန်ရီစွာ ဆုပ်လိုက်သည်။

"ငါသိပါပြီ… ငါက မိစ္ဆာကောင်ပါ… ငါက အပြစ်ပေး ခံရဖို့ ထိုက်တန်ပါတယ်… ဆိုးရွားတဲ့ သေခြင်းတရားနဲ့ ထိုက်တန်ပါတယ်"

သူ ရေကန်စပ်တွင် ဒူးထောက် ပြုတ်ကျ သွားသည်။ အတိတ်၏ မှတ်ဉာဏ်များက သူ့ စိတ်တစ်ခုလုံးကို သိမ်းပိုက် နေရာယူထားသည်။ ထိုနေ့များ အတွက် သူခံစားရသည့် အရာရာက မိစ္ဆာ ဆိုသော စကားလုံးပင်။

လောကသည် တဖန် ပြောင်းလဲသွားပြန်ကာ အရောင်များက ရောယှက်သွားသည်။ ယင် ရူးသွပ်နေသည့် မျောက်တစ်ကောင် အလား ပတ်ဝန်းကျင်ကို ကြောက်ရွံ့စွာ ကြည့်ရင်း အော်ဟစ်လိုင်၏။

"ရပ်ပါတော့… ငါ သိပါပြီ…"

သို့သော်လည်း သူ၏ စကားလုံးများက မြင်ကွင်း ပြောင်းလဲမှုကို မရပ်တန့် နိုင်ခဲ့ပါချေ။

မိုးစက်များက တပေါက်ပေါက် ကျဆင်းနေ၏။ မိန်းမငယ်လေး တစ်ဦး၏ ငိုယို တောင်းပန်သံများက ဆူညံအောင် ထွက်ပေါ် နေသည်။ သူမသည် မိုးရေများ လျှံနေသည့် မြေပြင်ထက်၌ လဲနေကာ အရပ်ရှည်ကာ သန်မာ ထွားကြိုင်းသည့် လူကြီး တစ်ယောက်က အပေါ်မှ တက်ဖိထားသည်။

"မလုပ်ပါနဲ့ရှင်… တောင်းပန်ပါတယ်… ကျွန်မ… ကျွန်မ…"

ခေါင်းတစ်လုံးက လေထဲတွင် လွင့်ပျံသွားသည်။ သွေးများသည် တရဟော ပန်းထွက်လာကာ အလောင်းကောင်ကြီးက ဘေးသို့ ပြုတ်ကျသွားသည်။ မိန်းကလေးမှာ ထိန်းချုပ်မှု လွတ်သွားသည်နှင့် လဲကျနေရာမှ ကုန်းရုန်းကာ သွေးရူးသွေးတန်း ထွက်ပြေး သွားတော့သည်။

သူမ ဘယ်တော့မှ နောက်ကို ပြန်လှည့် မကြည့်ခဲ့တော့ချေ။

လောကသည် အဖြူရောင် လွင်ပြင် ဖြစ်သည် အထိ ပြောင်းလဲ သွားပြန်သည်။ ထို့နောက် ဆက်တိုက်ဆိုသလိုပင်  ပေးဆပ်မှုကို ရှာဖွေရန် သူ ရွက်လွင့်ခဲ့သည့် အတိတ် ဖြစ်ရပ်များဆီသို့ ပြန်လည် ရောက်ရှိသွားသည်။

နှစ်ပေါင်းရာချီ… ထိုထက် ပို၍ တိတိကျကျ ဆိုရလျှင် နှစ်ပေါင်း နှစ်ရာကျော်…

"မိစ္ဆာက ဘာလဲ မင်းသိလား…"

ဝေ့ဝူယင် အသံက နောက်တစ်ကြိမ် ထွက်ပေါ် လာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ယင်မှာ တိတ်ဆိတ်နေ၏။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများကို ကြည့်ရင်း သိပ် မသေချာ သလို သူခံစားနေရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ယင်သည် မူယင်း ပုံစံသို့ ပြန်လည် ပြောင်းလဲသွားသည်။ များစွာသော အရေးအကြောင်းများက သူ၏ ခန္ဓာကိုယ် အနှံ့တွင် ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ‌ရေကန်၊ ငါး၊ နေ၊ ကောင်းကင်... အားလုံးက သူ့မြင်ကွင်းရှေ့တွင် ပြန်‌ပေါ်လာသည်။

“အခြားလူတွေဟာ အခြား အမြင် တစ်မျိုးနဲ့ မြင်ကောင်း မြင်လိမ့်မယ်... ဒါပေမဲ့ မိစ္ဆာ အပေါ် ကျုပ် အမြင်နဲ့ ယုံကြည်မှုက ရိုးရှင်းတယ်... မိစ္ဆာတွေဟာ ရည်ရွယ်ချက် မရှိပဲ ပြုမူကြတယ်... မိစ္ဆာတွေဟာ ကိုယ်ပိုင် စိတ်ဝင်စားမှု၊ ပျော်ရွှင်မှုတို့ အတွက် ရက်စက်ကြတယ်.... နောက်ပြီး မိစ္ဆာတွေဟာ ဘာကိုမှ နောင်တ မရကြဘူး... သေခြင်းတရားကိုတောင်မှ‌ပေါ့”

“သူတို့ဟာ ယုတ်မာတယ်၊ စိတ်ခံစားမှုကင်းမဲ့ပြီး တစ်ကိုယ်ကောင်းဆန်တယ်... သူတို့ရဲ့ လုပ်ရပ်တွေကို မှားတယ်လို့တော့ ကျုပ် မပြောဘူး... ဒါပေမယ့် မမှန်ဘူးဆိုတာတော့ သေချာတယ်... အဲဒီအချက်ကို ကျုပ်တို့ အားလုံးရဲ့ နှလုံးသားတွေက သဘာဝ အတိုင်း လက်ခံထားတယ်... လက်မခံနိုင်တဲ့ လူတွေသာလျှင် ကျုပ်အမြင်အရ မိစ္ဆာပဲ”

“ခင်ဗျားရော ကျုပ်ရောက မိစ္ဆာ မဟုတ်ဘူး... ရည်ရွယ်ချက် တစ်ခုကြောင့် ခင်ဗျား ရက်စက်ခဲ့တယ်... ကိုယ်ကျိုးအတွက် နှလုံးသားရဲ့ ခံယူချက်ကို ဆန့်ကျင်ခဲ့တယ်... ခု အရာအားလုံးကို ခင်ဗျား ပြန်ပြီး နောင်တ ရနေတယ်”

ဝေ့ဝူယင်၏ စကားလုံးများက တည်ငြိမ်ကာ မိုးရာသီ မြစ်တစ်စင်း အလား အရှိန်အဟုန်နှင့် စီးဆင်းနေသည်။ ထိုအရာက ယင်၏ မျက်လုံးများကို ဆွဲဖွင့်ကာ ခြားနားသော အမြင်ကမ္ဘာ တစ်ခုဆီ ခေါ်ဆောင်သွားနေခဲ့သည်။

"ကျုပ် ခင်ဗျားကို ပေးဆပ်ဖို့ အခွင့်အရေးနဲ့ ကမ်းလှမ်းမယ်... အပြစ်မဲ့တဲ့ အသက်တွေကို ကယ်နိုင်မယ့် နေရာတစ်ခု... ဘယ်သူ့ အသက်ကိုမှ ခင်ဗျား သတ်စရာ မလိုပဲနဲ့ပေါ့လေ... နောက်ပြီး ကျုပ်တို့ နေထိုင်တဲ့ လောကကြီးကို မရေမတွက်နိုင်အောင် ပြောင်းလဲစေနိုင်မယ့်၊ ခင်ဗျား ဘယ်တုန်းကမှ ပုံမဖော်ခဲ့ဖူးတဲ့ အမွေအနှစ် တစ်ခု... ခင်ဗျား အလိုရှိမယ် ဆိုရင် အဲဒါက ခင်ဗျား အတွက်ပဲ”

ယင်၏ စိတ်ထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်သွားသည်။ သူ ဝေ့ဝူယင် ပြောခဲ့သည့် ပထမဆုံး ဝါကို ပြန်လည် သတိရလိုက်မိ၏။ ရုတ်တရက် ယင်သည် အရာရာ ပိတ်လှောင်ထားသည့် ရေကန်ထဲမှ ငါးတစ်ကောင် အလား ကိုယ့်ကိုယ်ကို ခံစားလိုက်ရသည်။ ပေးဆပ်ခြင်း ဆိုသည်က မည်သည်ကို ဆိုလိုမှန်း သူ မသိသလို လူငယ်လေး ပြောသမျှကို အဘယ်ကြောင့် ယုံကြည်နေမိမှန်းလည်း သူ မသိချေ။ သို့သော်လည်း မျက်လုံးများကို ဖွင့်ကြည့်လိုက်သော အခိုက်၌ မျှော်လင့်ချက် ရောင်နီ တစ်ခုကို သူ မြင်လိုက်ရသည်။

“မင်း ဘာလိုချင်လဲ...”

ယင်က ဖြည်းညင်းစွာ မေးလိုက်၏။ ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြုံးလိုက်သည်။

“ငါ့အရိပ် အနေနဲ့နေပေး... အဲဒီလို လုပ်နေသမျှ ကာလပတ်လုံး ပေးဆပ်ဖို့ အခွင့်အ‌ရေးကို မင်း ပိုင်ဆိုင်နေလိမ့်မယ်”

“သဘောတူတယ်...”

ထိုသဘောတူညီမှုကို နတ်ဆိုးတစ်ယောက် အနေဖြင့် လက်ခံခဲ့သလော သို့မဟုတ် သူတော်စင် တစ်ဦး အနေဖြင့် လက်ခံခဲ့လေသလော ယင် သူ့ကိုယ်သူ မသိခဲ့ပါချေ။

***

All Chapters