← Chapters

အန့်မျိုးနွယ်

Vol. 15 Ch. 207

အန့်မျိုးနွယ်

Vol. 15 Ch. 207

အန့်ကဲ၏ ဒေါသတစ်ခုတည်းကြောင့် အန့်မျိုးနွယ်သည် ပိုင်ဆိုင်မှု တစ်ဝက်ခန့်ကို ပုံအောကာ အဂ္ဂိရတ် တိုက်ပွဲ တစ်ခု ဆင်နွှဲ ရတော့မည် ဖြစ်သည်။ များစွာသော မျိုးနွယ်ဝင်များမှာ အန့်ကဲကို စိတ်ထဲမှ ကျိန်ဆဲ မိကြသော်လည်း သူ့ခွန်အားကြောင့် အမြီးကုပ်၍သာ နေကြရ၏။

သို့သော်လည်း သူတို့ အနိုင်ရရှိရန်တော့ ယုံကြည်နေဆဲ ဖြစ်သည်။ တိုက်တန်မျိုးနွယ်စု လေးခုတွင် အန့်မျိုးနွယ်သည် အကောင်းဆုံးသော အဂ္ဂိရတ် ပညာရှင်များကို ပိုင်ဆိုင်ထားသည်။

သို့သော်လည်း လျှို့ဝှက် ဆန်းကြယ်စွာပင် သူတို့ မျိုးနွယ်မှ လက်သပ် မွေးမြူထားသည့် အဂ္ဂိရတ် ပညာရှင်များမှာ သရဲတစ္ဆေများ အလား တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားခဲ့သည်။ သူတို့ မည်သည့် နေရာများသို့ ရောက်ရှိသွားသနည်း။ ချန်းမျိုးနွယ်ကိုပင်...။ ချန်းမျိုးနွယ်သည် အန့်မျိုးနွယ်ကို ဝါးမျိုရန် အတွက် နှစ်ပေါင်းများစွာ အချိန်ယူကာ ထိုအစီအစဥ်ကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ထိုအခါတွင်မှ အန့်မျိုးနွယ်တို့မှာ သူတို့ မလွတ်မြောက်နိုင်သည့် ထောင်ချောက်တစ်ခုထဲ ကျဆင်းနေပြီ ဖြစ်ကြောင်း သဘောပေါက်တော့သည်။ ထို့အပြင် အန့်ကဲသည် ဝိညာဥ်ကျိန်ဆိုမှု ပြုထားသည်။ သူတို့ ထိုစိန်ခေါ်မှုကို ရှောင်လွှဲ၍ မရချေ။ သို့ဖြစ်ရာ သူတို့ လုပ်နိုင်သော အရာက တစ်ခုတည်းသာ ရှိတော့သည်။ အဂ္ဂိရတ် ပညာရှင် ရှာပုံတော် ထွက်ရန်ပင်။

ကံဆိုးစွာပင် သူတို့ ငှားယမ်းရန် ကြိုးပမ်းလိုက်သည့် အဂ္ဂိရတ် ပညာရှင်တိုင်းမှာ ဆိုးရွားစွာ သေဆုံး သွားကြသည်။ နောက်ဆုံး၌ မည်သည့် အဂ္ဂိရတ် ပညာရှင်ကမှ အန့်မျိုးနွယ်ကို လက်ခံ တွေ့ဆုံခြင်းပင် မပြုတော့။

သို့သော်လည်း အန့်ကဲသည် လွယ်လွယ်နှင့် လက်လျှော့တတ်သူ မဟုတ်ချေ။ အန့်မျိုးနွယ်စုဝင်များကို ရွှယ်တိုင်းပြည် တစ်ခုလုံးကို ဖြန့်ကျက်စေလွှတ်ကာ ကင်းထောက်စေခဲ့သည်။ သူတို့ထဲမှ တစ်ယောက် တစ်လေကတော့ အဂ္ဂိရတ် ပညာရှင် တစ်ဦးဦးကို ရှာဖွေတွေ့ကောင်း တွေ့နိုင်ပေသည်။

သူ မျှော်လင့်ထားသည့် အတိုင်းပင် အန့်ပိုင်ရုနှင့် အန်ဖေးကျင်းတို့သည် သတင်းကောင်းနှင့် အတူ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူတို့သည် အလွန် အစွမ်းထက်သည့် ပညာရှင် တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး အဂ္ဂိရတ် တိုက်ပွဲ ဝင်ရန် ဖိတ်ခေါ်နိုင်ခဲ့သည်။ ထိုပညာရှင်မှာ အချိန်မီ သူတို့ထံ ရောက်ရှိ လာပေလိမ့်မည်။

“ငါတို့ဘက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင် တစ်ယောက် ရှိနေပြီ ငါတို့နိုင်မှာ သေချာတယ်”

အန့်ကဲက ယုံကြည်မှု ရှိသော လေသံဖြင့် ဆိုလိုက်၏။ သို့သော်လည်း အန့်မျိုးနွယ်ဝင်များမှာမူ ကြိတ်ကာ နှာခေါင်းရှုံ့နေကြသည်။ တစ်ခါမှ မတွေ့ဖူးသည့် လူတစ်‌ယောက်ကိုပင် ထိုအဘိုးကြီးက တကယ်ကြီး မျှော်လင့်ထားသည်လား။

ထိုအရာက မိသားစု တစ်ခုလုံး၏ ပိုင်ဆိုင်မှု ငါးဆယ် ရာခိုင်နှုန်း ဖြစ်သည်။ သူ့ကြောင့် ပိုင်ဆိုင်မှု နှစ်ဆယ် ရာခိုင်နှုန်းကို အစောတည်းက ဆုံးရှုံးပြီးသား ဖြစ်သည်။ စုစုပေါင်း ခုနစ်ဆယ် ရာခိုင်နှုန်း အထိ ဆုံးရှုံးသွားပါက အန့်မျိုးနွယ်မှာ အခြား တိုက်တန်မျိုးနွယ် သုံးခုကို ရင်ဘောင်တန်းရန် လွယ်ကူတော့မည် မဟုတ်ချေ။

ထိုအချိန်တွင် အန့်ကဲ၏ ဆက်သွယ်ရေး သလင်းကျောက်ထဲသို့ စာတစ်စောင် ဝင်လာခဲ့၏။

“နောက်နှစ်နာရီ ကြာရင် စတော့မယ်နော် ကဲလေး... ကျွန်မ အတွက် လက်ဆောင် တစ်သီတစ်ထွေးကြီး ပေးတဲ့ အတွက် ကျေးဇူး...”

ထိုစာအား ပို့လိုက်သူက ချန်းမျိုးနွယ်စု ခေါင်းဆောင်ပင် ဖြစ်လေတော့သည်။

...

သွေးတိုက်တန် ရင်ပြင်...

သွေးတိုက်တန် ရင်ပြင်ဆိုသည်မှာ မီတာ ငါးဆယ်ခန့် ကျယ်ဝန်းကာ နှစ်ပေခန့် မြင့်မားမည့် စင်မြင့် ကျောက်ဖျာ တစ်ခုနှင့် ၎င်းကို ဝန်းရံထားသည့် ဧရာမ ပွဲကြည့်စင်ကြီးများကို ခြုံငုံ၍ ခေါ်ဆိုခြင်း ဖြစ်သည်။

ပုံမှန်ဆိုလျှင် သွေးတိုက်တန် ရင်ပြင်သည် ခြောက်ကပ်နေလေ့ ရှိသော်လည်း ယနေ့တွင်မူ လူသူများဖြင့် စည်ကားနေသည်။ မျိုးနွယ်စုများ အကြားမှ တိုက်ပွဲများမှာ အလွန် ပြင်းထန်လေ့ ရှိပြီး သွေးတိုက်တန်မြို့တွင် ၎င်းတို့အား စိတ်မဝင်စားသူ ရှားပါးလှသည်။ အထူးသဖြင့် ယနေ့ စိန်ခေါ်မှုမှာ မျိုးနွယ် တစ်ခုလုံး၏ ပိုင်ဆိုင်မှု ငါးဆယ် ရာခိုင်နှုန်းကိုပင် လောင်းကြေးထားရာ ခါတိုင်းတိုက်ပွဲများထက်ပင် ပို၍ ပြိုင်ဆိုင်မှု ပြင်းထန်မှာ သေချာသည်။

အမျိုးမျိုးသော လူများသည် ဆင်တူ ဝတ်စုံများကို ဝတ်ဆင်ကာ တက်ကြွစွာ အော်ဟစ် ဆူညံနေကြ၏။ အချို့က လက်ခေါက်မှုတ်နေကာ အချို့ကလည်း ချန်း သို့မဟုတ် အန့် ဟု ရေးသားထားသည့် အလံများကို ဝှေ့ယမ်း နေကြသည်။

ထိုအချိန်၌ ပုံရိပ်တစ်ခုသည်လည်း ရင်ပြင် တစ်နေရာတွင် ရှိနေခဲ့သည်။ သူ၏ ရှည်လျားသော အရပ်၊ ချောမောသော မျက်နှာနှင့် ငွေရောင် မျက်လုံးများမှာ လူအုပ်အကြားတွင် ထင်းခနဲ ဖြစ်နေ၏။ များစွာသော လူများမှာ သူ၏ ရုပ်ရည်သွင်ပြင်ကြောင့် နှစ်ခါ ပြန်မကြည့်ပဲ မနေနိုင်အောင် ဖြစ်နေခဲ့ကြသည်။

“အတော် လူတွေများနေတာပဲ... သူတို့ အားလုံးက အဂ္ဂိရတ် တိုက်ပွဲ ဆိုတာကို ကြည့်ဖို့ လာကြတာလား...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သို့သော်လည်း သူ၏စကားကို ဘေးနားရှိ လူငယ် တစ်ဦးက ကြားဖြစ်အောင် ကြားသွားသေးသည်။

“ဘာလဲ... ခင်ဗျား မသိတာလားဗျ... တကယ်ကြီးကို မသိတာလား... အံ့သြပါ့ဗျာ”

ထိုလူငယ်က အတော်လေး စကားများကာ ဝေ့ဝူယင် မ‌မေးသည့် မေးခွန်းများကို တရစပ် ဖြေရှင်းလေတော့သည်။ ဝေ့ဝူယင်မှာ လေတစ်စက်ပင် မကုန်ပဲ သူ သိချင်သမျှ အရာအားလုံးကို သိလာခဲ့ရတော့သည်။ အန့်မိသားစုနှင့် ချန်းမိသားစု ပြဿနာက အစ... ဤမြို့တော်ရှိ ထိပ်တန်း အဂ္ဂိရတ် ပညာရှင်များ အဆုံး...။

လူငယ်၏ ရှင်းပြမှု အပြီး၌ ဝေ့ဝူယင်သည် စိတ်ပျက်လက်ပျက် ဖြစ်သွာကာ အဂ္ဂိရတ် တိုက်ပွဲ ဆိုတာကြီးကို ဝင်ပြိုင်လိုစိတ်ပင် မရှိတော့ချေ။ သွေးတိုက်တန်မြို့တော်၏ အမြင့်မားဆုံးသော အဂ္ဂိရတ်သမားမှာ အဂ္ဂိရတ် အရှင် အဆင့် တွင်သာ ရှိပေသည်။

ဟုတ်သည်...။ အဆင့်ခြောက် အဂ္ဂိရတ် အရှင်မှ... အဂ္ဂိရတ် အရှင် စစ်...။

သေချာ ပြန်တွေးကြည့်တော့ ဝေ့ဝူယင် လက်ခံ၍ ရလာသည်။ အနန္တ ဧကရာဇ် ကြယ်တာရာ နယ်မြေ တစ်ခုလုံးတွင်ပင် အဂ္ဂိရတ် ဧကရာဇ်မှာ သုံးရာ မပြည့်ချေ။ အမျှော်လင့်ကြီး မျှော်လင့်ခဲ့သည့် သူ ကိုယ်တိုင်ကိုက မှားသွားခြင်း ဖြစ်သည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။

“ထားလိုက်ပါလေ... စုမေ့နဲ့ ကျူးဟိုင်တို့က ခုထိ သူ့ကို မတွေ့ကြသေးဘူး... သူတို့ကို စောင့်ရမယ့် အတူတူ ဒီမှာ အချိန်ဝင်ဖြုန်းလိုက်တာ‌ပေါ့”

ဝေ့ဝူယင် ဟိုဟိုဒီဒီ ကြည့်ရင်း အဆောက်အဦ တစ်ခုထဲ၌ ထိုင်နေသည့် ပုံရိပ်တစ်ခုကို သတိထားမိသွားသည်။ သူမသည် လူသား တစ်ယောက်ဆိုသော်လည်း သူမ၏ တည်ရှိမှုကို ဖော်ပြရန် အတွက် မွန်မြတ်နူးညံ့သည် ဆိုသော စကားလုံးကို တွဲသုံးမှ ပိုသင့်တော် ပေလိမ့်မည်။

ရုတ်တရက် ဝေ့ဝူယင်မှာ အသက်ရှူပင် မှားသွားခဲ့၏။ ဖြောင့်စင်း ရှည်လျားစွာ ကျဆင်းနေသည့် ဆံကေသာများက ရေတံခွန် တစ်ခု အလား...။

မဖွဲ့မနွဲ့ ပြောရလျှင် သူမ၏ အပြာရောင် မျက်ဝန်းတစ်စုံနှင့် ရှည်လျား ကော့ညွှတ်သော မျက်တောင်ရှည်များ၏ ဒဏ္ဍာရီ ဆန်သည်။ ပြည့်ပြည့်ဖောင်းဖောင်း နှုတ်ခမ်းလေး နှစ်လွှာက အချိုမြိန်ဆုံး စတော်ဘယ်ရီသီး တစ်ခုလို အရာသာ ရှိကာ နူးညံ့ပုံပေါ်သည်။ မိုးမခ ကိုယ်လုံးလေးက လက်တစ်ဖက်ဖြင့်ပင် ဖက်၍ ရနိုင်ဟန် ရပြီး ရင်သားတို့က ဖူးကြွနေသည်။ အကွေ့အကောက်များကတော့ ပြောစရာပင် မလိုတော့...။

သူမမှာ တကယ့်ကို ပြည်တန်သည့် အလှတရား ဖြစ်သည်။ ဝေ့ဝူယင် တွေ့ဖူးဆုံဖူးသမျှ အလှပဂေးများတွင် ချင်ချူးမူနှင့် နာ့ရှင်းရီသာ သူမကို ယှဥ်နိုင်ပေလိမ့်မည်။

ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက ထိုမိန်းကလေး၏ နံဘေးတွင် ထိုင်နေသည့် အခြားလူများကို ကြည့်ရင်း အနည်းငယ် ကျဥ်းမြောင်းသွားသည်။ သူတို့သည် တော်ဝင် အဝတ်အစားများကို ဝတ်ဆင်ထားကာ ဧကရာဇ်နှင့် တစ်နည်းတစ်ဖုံး ဆက်စပ်နေဟန် ရသည်။

အနည်းငယ် ထပ်မ ကောက်ချက်ချပြီးနောက် ဝေ့ဝူယင်၏ နှုတ်ခမ်းထက်တွင် ယုံကြည်ချက် ရှိသော အပြုံး တစ်ခု ပေါ်လာခဲ့၏။ ထိုအချိန်တွင်ပင် ဧရာမ သားရဲကြီး တစ်ကောင် ရင်ပြင်၏ အထက် ကောင်းကင်တွင် ပျံသန်းလာကာ နေရောင်ကို ဖုံးကွယ်သွားသည်။

"ကြည့်စမ်း... အဲဒါ အန်မျိုးနွယ်ပဲ...”

“ပွဲကတော့ စတော့မယ် ထင်တယ်ဟေ့”

လူအုပ်ကြီး၏ အသံများက စိတ်လှုပ်ရှားစွာ ထွက်ပေါ်လာခဲ့တော့သည်။ ဝေ့ဝူယင်မှာ လူအုပ်အကြား၌ ရပ်ရင်း ကိုယ်တိုင် စိတ်ဓာတ် တက်ကြွလာသလို ခံစားလိုက်ရသည်။ လူသားတို့၏ အသွေးအသားထဲတွင် စီးဆင်းနေသည့် ဗီဇကြောင့်လား မသိ...။ ထိုအရာက အတော်လေး ကူးစပ်လွယ်သည့် စိတ်ခံစားမှု ဖြစ်သည်။ ဝေ့ဝူယင်မှာ ထိုအတွေ့အကြုံနှင့် ခံစားချက် အသစ်ကို အနည်းငယ် သဘောကျသွား၏။

“အန့်မျိုးနွယ်က အရိပ်နက် သိမ်းငှက်ကြီးကို စီးလာကြတာပဲ... အဲဒီကောင်ကြီးက ကြယ်တာရာ အမြုတေ အဆင့်အောက်မှာ ပြိုင်ဘက်ကင်းတယ်လို့ ငါကြားဖူးတယ်ကွ... ဒါ့အပြင် အသွင် ကူးပြောင်းခြင်း ဖြစ်စဥ်ကို ကျော်ဖြတ်ပြီး ကြယ်အဆင့်သားရဲ ဖြစ်လာဖို့တောင် နီးကပ်နေပြီ တဲ့”

“ငါကြားသလောက်ဆိုရင် အန်မျိုးနွယ်က သူတို့ ပိုင်နက် နှစ်ဆယ် ရာခိုင်နှုန်းကို ရှုံးထားပြီးပြီ... အခု တိုက်ပွဲကို သူတို့ဘက်ကနေ ငါးဆယ် ရာနှုန်းတောင် ထပ်လောင်းထားတာ... ဒီတစ်ပွဲပါ ထပ်ရှုံးရင် သူတို့တော့ ခွေးဖြစ်ပြီပဲ”

"အန့်ပိုင်ရုလေး ပါလာလား မသိဘူး... သူလေးက ငါတို့ သွေးတိုက်တန်မြို့တော်ရဲ့ ထိပ်တန်း အလှမယ် ဆယ်ယောက်ထဲက တစ်ယောက်ပဲ... သူ ဘယ်လောက် လှလဲ ငါမြင်ချင်လိုက်တာ”

စကားဝိုင်းများက ပြန့်ကျဲနေကာ လူများမှာ အမျိုးမျိုးသော အကြောင်းအရာများကို ပြောဆိုနေကြသည်။ ဝေ့ဝူယင် ခေါင်းကို မော့၍ အပေါ်သို့ ကြည့်လိုက်ရာ တောင်ပံတွင် ငွေရောင် အစင်းများ ပါသည့် အနက်ရောင် သိမ်းငှက် တစ်ကောင်ကို မြင်တွေ့လိုက်ရသည်။ ၎င်းမှာ သိပ်မကြီးလှပဲ မီတာ လေးဆယ်ခန့်မျှသာ ရှိပေမည်။ သို့သော်လည်း ၎င်း၏ ကျောထက်တွင်မူ လူတစ်ခါခန့် နီးပါး လိုက်ပါလာကြပေသည်။

ထိုအရာက အန့်မျိုးနွယ်၏ ဟန်ထုတ်ပုံ ထုတ်နည်းလော။ ဝေ့ဝူယင် စိတ်ထဲမှ ကြိတ်ရယ်လိုက်မိသည်။ လူအများ ကောင်းကင်ရှိ သိမ်းငှက်ထံ အာရုံရောက်နေစဥ်တွင် သူ လက်တစ်ဖက်မှာ ရိပ်ခနဲ လှုပ်ရှားသွားကာ မျက်နှာထက်တွင် မျက်နှာဖုံးတစ်ခု ပေါ်လာသည်။ သေချာသတိထားမည် ဆိုပါက ထိုမျက်နှာဖုံးထက်တွင် “အာဏာရှင်များ” ဆိုသည့် အမှတ်အသား တစ်ခု ပါရှိသည်ကို တွေ့မြင်ရပေလိမ့်မည်။

ဂီး... ဂီး...

အရိပ်နက် သိမ်းငှက်က ဝင့်ကြွားစွာ အော်ဟစ်ရင်း ဆင်းသက်လာ၏။ ၎င်း၏ အတောင်ပံ ခတ်မှုတွင် လေများက မုန်တိုင်းအလား တိုက်ခတ်ကာ ဖုန်မှုန့်များက လွင့်စဥ်သွားသည်။ သို့သော်လည်း အန့်ကဲသည် ထူးခြား ဆန်းပြားသော အရောင်အဝါများကို အစွမ်းကုန် ထုတ်လွှတ်ရင်း လူတိုင်း၏ အံ့သြမှုကို အရိပ်နက် သိမ်းငှက်ထံမှ လုယူလိုက်သည်။

“ကြယ်တာရာ အမြုတေ အဆင့်ဟေ့...”

မရေမတွက်နိုင်သော လူများ၏ အထင်ကြီးသော အကြည့်များ အောက်တွင်ပင် အန့်ကဲသည် နောက်လိုက် နောက်ပါများ ခြံရံကာ သိမ်းငှက်ပေါ်မှ ဆင်းလာခဲ့သည်။ သူက ချန်းမျိုးနွယ်ဝင်များ ရှိနေသည့် အဆောက်အဦကို လှမ်းကြည့်ရင်း အန့်ပိုင်ရုကို အံကြိတ်ကာ လှမ်းမေးလိုက်၏။

“အဲဒီ အဂ္ဂိရတ် ပညာရှင်က ရောက်လာမှာ သေချာတယ်နော်...”

သူ အန့်ပိုင်ရုထံမှ ထိုအကြီးအကဲ အကြောင်း အကုန် ပြန်ကြားပြီး ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်စွာ ရောက်ရှိလာခြင်းနှင့် နတ်မြင်းပျံ တစ်ကောင် ပိုင်ဆိုင်ထားခြင်းကို ထောက်ချင့်ပါက ထိုပညာရှင်မှာ ဟင်းလင်းပြင် ဂိတ်တံခါးကို ကျော်ဖြတ်လသည့် အနန္တဧကရာဇ်ဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဖြစ်နိုင်သည်။

အန့်ပိုင်ရုက အခိုင်အမာဖြင့် လှပသော ခေါင်းကလေးကို ညိတ်ပြလိုက်သည်။ သို့သော်လည်း စိုးရိမ်စိတ် ဝင်နေသည့် မျက်ဝန်းလေးများက ထိုယုံကြည်မှုကို သစ္စာဖောက်နေသည်။ ထိုချောမောသည့် အကြီးအကဲမှာ နောက်ပြောင်တတ်သူ တစ်ယောက် ဆိုပါက မည်ကဲ့သို့ ဖြစ်မည်နည်း။ အမျိုးမျိုး တွေးတောရင်း သူမ လွန်ခဲ့သည့် နှစ်ရက်လုံး အိပ်မရခဲ့ချေ။ အန့်မျိုးနွယ် တစ်ခုလုံး၏ ကံကြမ္မာက ထိုအကြီးအကဲပေါ်တွင် မူတည် နေခဲ့ပြီ ဖြစ်သည်။

ဝှစ်...

လေတိုးသံတစ်ခုနှင့် အတူ ချန်းမျိုးနွယ် ရောက်ရှိနေသည့် အဆောက်အအုံထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။ သူတို့အား လှမ်းကြည့်ရင်း အန့်ကဲ၏ မျက်လုံးများက ဒေါသ၊ မခံချင်စိတ်များနှင့် ပြည့်နှက်သွားတော့သည်။

***

All Chapters