← Chapters

မင်းက ဘယ်သူလဲ

Vol. 15 Ch. 208

မင်းက ဘယ်သူလဲ

Vol. 15 Ch. 208

ပထမ တစ်ယောက်ကား ချန်းမျိုးနွယ်၏ ဘိုးဘေး ချန်းရှောင်ဝေ့ပင် ဖြစ်သည်။ သူမသည် အသက် နှစ်ဆယ်ကျော်ခန့်ဟု ထင်ရကာ အလွန် လှပသည်။ သူမ၏ တိုလျသာ အနက်ရောင် ဆံပင်များနှင့် ပိန်ပါး သွယ်လျသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူမ၏ နှုတ်ခမ်းထက်ရှိ အပြုံးက မိန်းမ အချို့တွင်သာ ရှိနိုင်သည့် ယုံကြည်မှု၊ မာနတရားတို့ဖြင့် စွဲထင်နေသည်။

အခြားတစ်ယောက်မှာမူ ယွင်တောက်ထျန်း ဖြစ်သည်။ သူသည် မြွေကဲ့သို့ ထက်ရှသည့် ရွှေရောင် မျက်လုံးများ၊ ရှည်လျားသည့် နှာတံနှင့် ချွန်သော မေးစေ့တို့ကို ပိုင်ဆိုင်ထားသည်။ သူသည် ရှို့ရန်မျိုးနွယ် တစ်ယောက် ဖြစ်ပြီး အစိမ်းရောင် အကြေးခွံ ခပ်ပါးပါးက သူ၏ ပါးထက်တွင် ရှိနေသည်။ သူသည် မြွေသွေးမျိုးဆက်မှ ဆင်းသက်လာသူ တစ်ယောက် ဖြစ်ပြီး သွေးတိုက်တန်မြို့၏ အကောင်းဆုံး အဂ္ဂိရတ် ပညာရှင်ဟု သတ်မှတ် ခံထားရသူ ဖြစ်သည်။

အန့်ကဲမှာ ထိုမျက်နှာပြောင်တိုက်နေသည့် သကောင့်သားကို ကြည့်ကာ ပြေး၍ပင် ပါးရိုက်ချင်လာခဲ့သည်။ သို့သော်လည်း ချန်းရှောင်ဝေ့က သူ့နံဘေးတွင် ရှိနေသည်။ သို့ဖြစ်ရာ ယခုအချိန်၌ သူ လုပ်နိုင်သမျှ အရာအားလုံးကား အဝေးမှ နေ၍ စူးစူးရဲရဲကြည့်ခြင်း တစ်ခုတည်းသာ ဖြစ်သည်။

ချန်းရှောင်ဝေ့နှင့် ယွင်တောက်ထျန်းတို့သည် ချန်းအကြီးအကဲများနှင့် လူငယ်မျိုးဆက်များကို ခြံရံရင်း အန့်ခဲတို့ထံသို့ တည့်တည့် လျှောက်လာခဲ့သည်။

“ရှင်လာမယ်တောင် ကျွန်မ ထင်မထားဘူး”

မျက်နှာချင်း ဆိုင်မိမိချင်းပင် ချန်းရှောင်ဝေ့က ခနဲ့လိုက်သည်။

“ဟမ့်... ဘာလို့ မလာရမှာလဲ... နင့်ကို ကြည့်ရတာ ကြောက်နေပုံ ရတယ်”

အန့်ခဲကလည်း အကြောမခံချေ။

သို့သော်လည်း ချန်းရှောင်ဝေ့မှာ ထိုအရာကို စိတ်ရှိဟန် မရချေ။ သူမက ပြုံးစိစိဖြင့် အန့်ကဲကို ဝိညာဥ်အာရုံသုံး၍ ဆက်သွယ်လိုက်သည်။

“ဒါတွေအားလုံးက ကျွန်မကို အရသာခံချင်တဲ့ ရှင့်ရဲ့ စိတ်ကြောင့် ဖြစ်လာတာနော်”

အန့်ကဲ၏ မျက်နှက ရှက်ရွံ့မှု၊ ဒေါသတရားတို့ဖြင့် ထုံမွှမ်းသွားသည်။ ထိုစကားများကို ဝိညာဥ်အာရုံမှ တစ်ဆင့် သီးသန့်ပြောခဲ့၍ တော်သေးသည်။ ‌‌အော်ကြီးဟစ်ကျယ်သာ ပြောပါက ထိုမိန်းမနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ဆုံးဖြတ်မိမည်လားပင် သူ မပြောတတ်ချေ။

မှန်သည်။ အားလုံးက ချန်းရှောင်ဝေ့နှင့် တစ်ညတာ ကုန်ဆုံးလိုသည့် သူ့ဆန္ဒကြောင့် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သူ မိုင်းတွင်း တစ်ခုကို ပထမဆုံး လောင်းကြေးထပ်ခဲ့သည်။ သူ ရှုံးခဲ့သည်။ ရှုံးတော့ရော ဘာအရေးနည်း။ ထိုအရာက သာမန် မိုင်းတွင်းလေး တစ်ခုကို ဆုံးရှုံးလိုက်ရုံသာ ဖြစ်သည်။ အကယ်၍ သူနိုင်လျှင် စောင့်ကြိုနေမည်က ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက်နှင့် နှစ်ကိုယ့်တစ်စိတ် ကျင့်ကြံရမည့် အခွင့်အရေး...

သို့သော်လည်း သူ မသိခဲ့သည့် အရာကား ချန်း‌ရှောင်ဝေ့မှာ ထိုမက်လုံးကို အသုံးပြု၍ သူ ပိုင်ဆိုင်သမျှ အရာအားလုံးကို ယူဆောင်ရန် ကြိုးစားနေခဲ့ခြင်းပင်။

ဘုန်း...

အန့်ကဲမှာ တွေးရင်း ဒေါသထွက်လာ၏။ သူ ကြမ်းတမ်းစွာပင် ကြယ်တာရာ အင်အား တစ်ခုကို ထုတ်လွှတ်ရင်း ချန်းရှောင်ဝေ့ကို တိုက်ရိုက် ဖိအားပေးလိုက်သည်။ သို့သော် ချန်းရှောင်ဝေ့ကလည်း ခေသူ မဟုတ်။ အန့်ကဲထက် မဆိုသလောက်လေး အားနည်းသည့်တိုင် ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက်တော့ ဖြစ်နေသေးဆဲ ဖြစ်သည်။

ဘုန်း... ဘုန်း...

အရောင်အဝါများမှာ ပေါက်ကွဲထွက်ပေါ်လာ၏။ မြေပြင်သည် တသိမ့်သိမ့် တုန်သွားကာ လေမုန်တိုင်းများက အရိပ်မျက်နှာ ရှစ်ခုဆီ တရဟော တိုးဝင်သွားသည်။

“တော်လောက်ပြီ...”

ရုတ်တရက် အသံတစ်ခုက ထွက်ပေါ်လာ၏။ အန့်ကဲနှင့် ချန်းရှောင်ဝေ့တို့မှာ နာခံစွာပင် ရပ်တန့်ကာ နောက်သို့ ဆုတ်သွားကြသည်။ သူတို့၏ မျက်နှာများထက်၌ လေးစားမှုနှင့် ကြောက်ရွံ့မှုတို့က နေရာယူနေသည်။

သို့သော်လည်း အံ့အားသင့်စရာ ကောင်းသည်က အမိန့်ပေးလိုက်သည့် ပုဂ္ဂိုလ်မှာ ဤနေရာတွင် မရှိခြင်းပင် ဖြစ်သည်။ ဝေ့ဝူယင် ခေါင်းကို မော့ကာ ကောင်းကင်အား ကြည့်လိုက်သည်။ ထိုအသံပိုင်ရှင်မှာ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီး၏ စောင့်ရှောက်သူ ဖြစ်ကြောင်း သူ သိပေသည်။

ဝေ့ဝူယင် အချိန် ထပ်မဆွဲ‌တော့ပဲ စင်မြင့်ထက်သို့ ခုန်တက်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာပင် စင်မြင့်၏ အလယ်တည့်တည့် မျိုးနွယ်စု နှစ်ခု စုဝေးရာ နေရာသို့ လျှောက်သွားလိုက်တော့သည်။

“မင်းက ဘယ်သူလဲ...”

ချန်းရှောင်ဝေ့နှင့် အန့်ကဲတို့ နှစ်ယောက်စလုံးမှာ ရုတ်တရက် ပေါ်လာသည့် ဝေ့ဝူယင်ကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်ကြသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်ကို အာရုံခံ၍ မရသည့်တိုင် သူတို့၏ ဗီဇက ထိုအနက်ရောင် မျက်နှာဖုံးဝတ် ပုဂ္ဂိုလ်မှာ အန္တရာယ် ပေးနိုင်သူ တစ်ယောက် ဖြစ်ကြောင်း ပြောပြနေသည်။ ထို့အပြင် သူတပ်ထားသည့် မျက်နှာဖုံးမှာလည်း အလွန် ထူးဆန်းကာ ဝိညာဥ်အာရုံများကိုပင် မထိုးဖောက်နိုင်အောင် ပိတ်ဆို့ထားသည်။

“ကျုပ်က အဂ္ဂိရတ် တိုက်ပွဲကို ဝင်ပါဖို့ လာတဲ့သူပဲ... ခု စလို့ ရပြီလား...”

ဝေ့ဝူယင် ကွေ့ဝိုက်မနေတော့ပဲ တိုက်ရိုက်ပင်ဆိုလိုက်၏။ အန့်ကဲနှင့် ချန်းရှောင်ဝေ့တို့ ဘာမှ မပြောနိုင်ခင်မှာပင် ယွင်တောက်ထျန်းက ‌ရှေ့သို့ တက်လာသည်။

“မင်းက မင်းမျက်နှာကို ဝှက်ထားတာပဲ... ဘာလဲ... မင်းက တစ်ခုခုကို ကြောက်နေတာလား...”

သာမန် တိုက်ပွဲများတွင် ဖြစ်စေ၊ အဂ္ဂိရတ် တိုက်ပွဲများတွင် ဖြစ်စေ ပြိုင်ဆိုင်သူများသည် များသောအားဖြင့် ပွဲမစခင် တစ်ယောက်ကို တစ်ယောက် စကားစစ်ထိုးကြလေ့ ရှိသည်။ ထိုနည်းဖြင့် သူတို့သည် ရန်သူ၏ စိတ်ခွန်အားကို ရိုက်ချိုးကာ အားနည်းသွားအောင် ပြုမူကြသည်။

“အေး... မင်း ဒူးထောက် ရှိခိုးပြီး ငါ့ဆီမှာ တပည့်ခံဖို့ တောင်းပန်မှာ ကြောက်လို့ တပ်ထားတာ...”

“မင်း...”

ယွင်တောက်ထျန်း၏ မျက်နှာက အနည်းငယ် အကျည်းတန်သွားသည်။ သို့သော်လည်း ဝါရင့်တစ်ယောက် ပီပီ လျှင်မြန်စွာပင် သူ စိတ်ကို ပြန်ထိန်းနိုင်လိုက်သည်။

“ဘိုးဘေးအန့်... ကျုပ်တို့ စလို့ ရပြီလား...”

ဝေ့ဝူယင် ထိုကိစ္စကို ခပ်မြန်မြန် အပြီးဖြတ်လိုနေ၏။ အန့်ကဲက မျက်မှောင်ကြုတ်ရင်း အန်ပိုင်ရုဘက်သို့ လှည့်ကြည့်လိုက်သည်။

“နင်ပြောတဲ့ ပညာရှင်က သူလား...”

အန်ပိုင်ရုက ခေါင်းညိတ်ပြ၏။ မျက်နှာဖုံးစွပ်ထားသည့်တိုင် ထိုအကြီးအကဲ၏ အရပ်အမောင်းနှင့် ခန္ဓာကိုယ် ပုံစံတို့ကို သူမ မှတ်မိပေသည်။

ရုတ်တရက် ချန်းရှောင်ဝေ့က ဝေ့ဝူယင်ကို ကြည့်ရင်း ပြောလိုက်၏။

“အဂ္ဂိရတ် တိုက်ပွဲက ပွင့်လင်းတဲ့ စိန်ခေါ်ပွဲ တစ်မျိုးပဲ... ရှင့်ရဲ့ အဆင့်အတန်းကို ကွယ်ဝှက်ထားစရာ မလိုဘူး... ကျွန်မတို့ ချန်းမျိုးနွယ်က ရှုံးရင် လက်စားချေတတ်တဲ့ အမျိုး မဟုတ်ဘူး”

သို့သော်လည်း ဝေ့ဝူယင်မှာ အဓိပ္ပာယ် မရှိသော စကားများကို ပြောဆိုခြင်းဖြင့် အချိန်မဖြုန်းလိုချေ။

“ကျုပ်က အန့်မျိုးနွယ်ကို ကိုယ်စားပြုပြီး အဂ္ဂိရတ် တိုက်ပွဲ ယှဥ်ပြိုင်ဖို့ ရောက်လာတယ်... အဓိကက ဒါပဲမလား... ကျုပ် ဘယ်လို ဝတ်စားတယ် ဆိုတာကို မေးခွန်းမထုတ်ပါနဲ့... စိတ်မရှိရင် ပြိုင်ပွဲကို စလို့ရပြီ မလား”

ဝေ့ဝူယင်ကို ကြည့်ရင်း မလွယ်ကူသည့် ခံစားချက် တစ်ခုကို ချန်းရှောင်ဝေ့ ခံစားလိုက်ရသည်။ သူမသည် ယခုအခိုက်အတန့်၌ အစီအစဥ်များကို နှစ်ရှည်လများ ခက်ခက်ခဲခဲ ချမှတ်ခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင် ထိုအစီအစဥ်များက ခြိမ်းခြောက်ခံနေရသည်။ ထိုအရာအားလုံး၏ နောက်ဆုံးအချိန်တွင် ရောက်ရှိလာသည့် ဤမျက်နှာဖုံးဝတ် ပုဂ္ဂိုလ်‌ကြောင့်ပင်။

ချန်းရှောင်ဝေ့က ယွင်တောက်ထျန်းဘက်သို့ လှည့်ကြည့်လိုက်ရာ ယုံကြည်မှု အပြည့်ဖြင့် ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရသည်။ အဂ္ဂိရတ် သခင်များထဲတွင် သူကား အတော်ဆုံး ဖြစ်သည်။ သူသည် အဂ္ဂိရတ် တိုက်ပွဲ ဆင်နွှဲရန် မည်သူ့ကိုမှ မကြောက်ချေ။

“ကောင်းပြီလေ...”

ချန်းရှောင်ဝေ့က စင်မြင့်ပေါ်မှ ဖြည်းညင်းစွာ အောက်သို့ ဆင်းသွားလိုက်သည်။ ဤနေရာ၌ ဆက်လက် နေခြင်းမှာ အဓိပ္ပာယ် ကင်းမဲ့လှသည်။ အကောင်းဆုံးက ပြိုင်ပွဲကို မြန်မြန် ယှဥ်ပြိုင်ခွင့် ပြုကာ ထွက်ပေါ်လာသည့် ရလဒ်အား ကြည့်ရှုရန် ဖြစ်သည်။

အလားတူပင် အန့်ကဲသည်လည်း သူ့လူများကို ခေါ်ယူ၍ ပွဲကြည့်စင် တစ်ခုဆီ ထွက်ခွာသွားသည်။

တစ်ခဏ အကြာ၌ ယွင်‌တောက်ထျန်းနှင့် ဝေ့ဝူယင်တို့ နှစ်ယောက်သာလျှင် စင်မြင့်ထက်၌ ကျန်ရစ်တော့သည်။ ယွင်တောက်ထျန်းက နှုတ်ခမ်းကို အနည်းငယ် သပ်ရင်း ပြောလိုက်၏။

“ငါတို့ လောင်းကြေး နည်းနည်းလောက် ထပ်လိုက်ကြရင် ဘယ်လိုလဲ...”

ယုံကြည်မှု အာရုံများက သူ၏ မျက်လုံးများတွင် စီးဆင်းနေသည်။ ထိုအခိုက်၌ သူသည် ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းဟု ထင်မှတ်နေပုံ ရသည်။

“လောင်းကြေး...”

ဝေ့ဝူယင် မျက်နှာဖုံးအောက်မှ မျက်မှောင်ကြုတ် လိုက်မိသည်။ ယွင်တောက်ထျန်း ကဲ့သို့ အဂ္ဂိရတ် သခင်လေး တစ်ယောက်ထံတွင် အဖိုးထိုက်တန်တာ ဘာရှိနိုင်မည်နည်း။

သို့သော်လည်း ယွင်တောက်ထျန်းကမူ ဝေ့ဝူယင် ကြောက်သွားသည်ဟု ထင်နေပုံ ရသည်။ သူက အနည်းငယ် ထပ်မံ ဖိအားပေးရန် ကြိုးစားလိုက်၏။

“မင်း မလောင်းရဲဘူးလား...”

ဝေ့ဝူယင်မှာ ထိုအရာက ကလေးဆန်သည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း ထိုလူက စိန်ခေါ်လာပြီ ဖြစ်ရာ သူ မည်ကဲ့သို့ ရှောင်လွှဲ၍ ရမည်နည်း။

“မင်းက ဘာကို လောင်းချင်တာလဲ...”

ယွင်တောက်ထျန်းမှာ ထောင်ချောက်ထဲသို့ ဝင်လာသည့် ကြွက်တစ်ကောင်ကို မြင်လိုက်ရသည့် အလား စိတ်ထဲမှ ကြိတ်ကာ ရယ်မောလိုက်မိသည်။ သို့သော်လည်း အပြင်ပန်းတွင်မူ သူက တည်ငြိမ်စွာပင် ပြုံးကာ ပြောလိုက်၏။

“အဆင့်ခြောက် အမတေ ဆေးလုံး တစ်ထောင်...”

သူ၏ စကားလုံးများကို ကြားလိုက်ရသည့် လူတိုင်းမှာ အသက်ရှူပင် မှားမတတ် ဖြစ်သွားခဲ့သည်။ အဆင့်ခြောက် အမတေ ဆေးလုံး တစ်ထောင်မှာ အမတေ ကျောက်တုံး တစ်သန်း သို့မဟုတ် ကြယ်တာရာ အမြုတေ ကျောက်တုံး တစ်တုံးနှင့်ပင် ညီမျှပေသည်။

ဝေ့ဝူယင်က ခေါင်းခါလိုက်၏။

“နည်းတယ်.... ငါတို့ ဒီလို ပြောင်းပြီး လောင်းကြေးထပ်ကြရင် ဘယ်လိုလဲ... ရှုံးတဲ့လူက မျက်လုံးတွေကို ဖောက်ထုတ်ပေးရမယ်”

ယွင်ထျန်းမှာ အေးခဲသွားကာ သူ၏ မျက်နှာထက်ရှိ အပြုံးက တစ်ပိုင်းတစ်စဖြင့် ရပ်တန့်သွားသည်။ သူသည် ဘာမှန်း ပြောရမှန်း မသိပဲ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေခဲ့သည်။

“လက်မခံရဲဘူးလား... ဒါဆိုလည်း ပြိုင်ပွဲကို စလိုက်ကြတာပေါ့”

ပြောပြီးသည်နှင့် ဝေ့ဝူင်က သူ့အတွက် သတ်မှတ်ပေးထားသည့် စင်မြင့်ထက်ရှိ နေရာသို့ လျှောက်သွား လိုက်တော့သည်။

***

All Chapters