ရွှေရောင်ကျီးကန်းကျမ်းစာ အစပြုသူအဆင့် (၂)
Vol. 7 Ch. 91
သို့သော် အတွင်းအခန်းသည် ဈေးပေါသည်ဟု မထင်ရပေ။ ယင်းအစား အလွန်သက်တောင့်သက်သာရှိပြီး စဉ်းစားပေးမှူက များပြားလှသည်။
"မိုက်တယ်”
လင်းရှန်၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ သူ့ရဲ့ နေထိုင်ရာနေရာကို နောက်ငါးနှစ်ကြာအောင်ထိ ကျေနပ်မိနေမည်ပင်။
သူ့ကို ပိုလို့တောင် ပျော်ရွှင်စေတာကတော့ သူဝင်ပြီးကတည်းက ဝိညာဉ်ရေးရာ အရောင်အဝါနဲ့ပြည့်နေသောလေကို ခံစားရခြင်းပင်။
ဝိညာဉ်ရေးရာ အရောင်အဝါအပြည့်နဲ့ ရေချိုးလိုက်ရတော့ လင်းရှန်ခန္ဓာကိုယ်အတွင်းပိုင်းသည် အာဟာရပြည့်နေသလို ခံစားခဲ့ရသည်။ သူ့တစ်ကိုယ်လုံး သန့်စင်သွားသလိုပင်။
သူက အခုထိ ကျင့်ကြံတာတောင် မလုပ်ရသေးပေ။
ထိုသို့သောပတ်ဝန်းကျင်တွင် ကျင့်ကြံပါက ကျင့်ကြံမှုအရှိန်က မည်မျှထိ ထိတ်လန့်ဖွယ်ကောင်းမည်ကို တွေးကြည့်နိုင်သည်။
"C-အဆင့် သင်ကြားရေးအခန်းရဲ့ အကျိုးသက်ရောက်မှုကကို အရမ်း ထိတ်လန့်စရာကောင်းနေပြီဆိုရင် B-အဆင့်ဒါမှမဟုတ် A-အဆင့် သင်ကြားရေးအခန်းမှာဆို ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်မလဲ။"
လင်းရှန်သည် စိတ်လှုပ်ရှားစွာ တွေးနေမိသည်။
ခဏအကြာတွင် သူသည် ပြန်လည်၍ ငြိမ်သက်သွားသည်။ ကျင့်ကြံခန်းကိုသွားကာ တင်ပျဉ်ခွေထိုင်လိုင်သည်။ သူသည် ရွှေရောင်ကျီးကန်းကျမ်းစာကို ထုတ်ယူကာ ကျင့်ကြံတော့သည်။
ရွှေရောင်ကျီးကန်းကျမ်းသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်သော်လည်း အလွန်ခက်ခဲခြင်းမရှိပေ။
အရိပ်ထက်တောင် ပိုရိုးရှင်းသည်။
လင်းရှန် နှင့် သူ၏ကိုယ်ပွားငါးကောင်က ၎င်းကို တစ်ချိန်တည်းတွင် နားလည်ခဲ့သည်။
သူ၏စွမ်းရည်များကို မြှင့်တင်ထားတာကြောင့် ရွှေရောင် ကျီးကန်း ကျမ်းဂန်ကို အစပြုသူအဆင့် ရောက်ရန် နေ့ဝက်သာ အချိန်ယူခဲ့ရသည်။
[အမည်-လင်းရှန်]
[စွမ်းရည်- ဘုရားသခင် မနာလိုမှု]
[အဆင့်-ကြာရှည်စွာအသက်ရှုခြင်း ၁ ၊ ၈၆%]
[ကျင့်ကြံနည်းစနစ်များ- ရွှေရောင်ကျီးကန်း ကျမ်းစာ(အစပြုသူ အဆင့် ၁%)၊နေမီးတောက်လက်ဝါး ( ပြီးပြည့်စုံခြင်း )၊ အရိပ် ( ပြီးပြည့်စုံခြင်း) ၊တိမ်တိုက်ကြားမှ နဂါးဟောက်သံ (ကျွမ်းကျင်အဆင့် ၂၈ %)၊အရည်ပျော်ခြင်း ( ကျွမ်းကျင်အဆင့် ၄%)၊သေခြင်းအတားအဆီး (ကျွမ်းကျင်အဆင့် ၂ %) တားမြစ်ထားသော ရွှေရောင်သံချပ်ကာ (အစပြုသူအဆင့် ၁၆%)]
[ကိုယ်ပွားအရေအတွက်- ၅ (၁၀%)]
"မူလ အသက်ရှူခြင်း နည်းစနစ်ကို အစားထိုးလိုက်ပါပြီ။"
လင်းရှန် အနည်းငယ် အံ့အားသင့်သွားသည်။
ကံကောင်းထောက်မစွာပဲ ၎င်းသည် အခြားကဏ္ဍများကို မထိခိုက်စေပေ။ ငြိမ်သက်သွားပြီးနောက် လင်းရှန်သည် ကျင့်ကြံခြင်းမပြုမီ အဆီအနှစ်ဆေးကိုယူပြီး မျိုချလိုက်သည်။
ရွှေရောင်ကျီးကန်းကျမ်းကို ကျင့်ကြံပြီးနောက် နောက် သူ၏ ကျင့်ကြံမှုအရှိန်မှာ အမှန်တကယ်ပင် တိုးလာခဲ့သည်။ တစ်နာရီအတွင်းမှာပဲ အဆီအနှစ်ဆေး၏ ဆေးဘက်ဆိုင်ရာ စွမ်းအားသည်လည်း လုံး၀ ကြေညက်သွားသည်။
လင်းရှန်သည် ခဏတာ အနားယူပြီး ထပ်မံကျင့်ကြံဖို့ အဆီအနှစ်ဆေးလုံးကို ဆက်လက်သောက်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲကနေ ကိုယ်ပွါးငါးယောက်ကိုလည်း စတင်ကျင့်ကြံစေခဲ့သည်။
ကိုယ်ပွါးသုံးယောက်ကတော့ သန့်စင်သော ယန်ခန္ဓာကိုယ်၊ သာလွန် ကိုယ်ခံပညာနှင့် သတ်ဖြတ်ခြင်းကို အားပေးမှုတို့ကို ကျင့်ကြံရန် အာရုံစိုက်ထားသည်။
ဇွဲလုံ့လနှင့် ဘုရားသခင် မနာလိုမှုစွမ်းရည်ရှိသော ကိုယ်ပွါးနှစ်ယောက်သည် ရွှေရောင်
ကျီးကန်းကျမ်းစာကို ကျင့်ကြံရန် အာရုံစိုက်ခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သစ်သားအဆောက် အအုံသည် တိတ်ဆိတ်သွားသည်။
ကျင့်ကြံရေး အမှောင်ခန်းထဲမှာတော့
ယန်ကျင့်ရမ်က ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့မျက်လုံးများကို မှိတ်ထားပြီး သူ့ရင်ဘတ်မှ လျှို့ဝှက်ဆန်းကြယ်သော ပုံစံက ဖြည်းဖြည်းချင်း မြင့်တက်လာသည်။
မီတာအနည်းငယ်အကွာမှာတော့ ယန်ရှင်းသည် မြေပြင်ပေါ်တွင် ဒူးထောက်နေသည်။ သူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့နေပြီး မျက်နှာက ဖြူဖျော့ကာ တိတ်ဆိတ်နေသည်။
ကျင့်ကြံရေးအခန်းသည် တိတ်ဆိတ်နေသော်လည်း လေထုသည် လေးလံနေပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်ပေးနေသည်။
ခဏအကြာတွင် ယန်ရှင်း၏ ကျောပြင်သည် အေးစက်သော ချွေးများဖြင့် စိုရွှဲနေသည်။
ခဏအကြာတွင် ယန်ကျင့်ရမ်သည် ရှည်လျားသော အသက်ရှုသံကို ထုတ်လိုက်ပြီး ကျင့်ကြံနေရာမှ မျက်လုံးများကို ဖွင့်လိုက်သည်။
တခဏချင်းမှာပဲ အမှောင်ခန်းထဲမှာ လျှပ်စီးလက်လာသလို ဖြစ်တာကြောင့် ယန်ရှင်းက သူ့မျက်လုံးတွေကို မှိတ်ထားလိုက်သည်။
မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါတွင် အစ်ကိုဖြစ်သူ၏ လျစ်လျူရှုသော အကြည့်ကို တွေ့လိုက်ရသည်။
ယန်ရှင်းသည် ငယ်စဉ်ကတည်းက သူ့အစ်ကိုကြီးကို ရိုသေ လေးစားခဲ့သည်။
ယန်ကျင့်ရမ်က သူ့ကိုကြည့်သောအခါ တုန်လှုပ်နေလေသည်။
ယန်ကျင့်ရမ်က သက်ပြင်းတစ်ချက်ချပြီးဖြည်းညှင်းစွာပြောလိုက်သည်။
"ဒီရှုံးနိမ့်မှုအတွက် မင်းကို အပြစ်မတင်ပါဘူး။"
ယန်ရှင်း မျှော်လင့်ထားသလို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတာမျိုး ဖြစ်မလာပေ။ ယန်ရှင်းက သူ့အစ်ကိုပြောသည်ကို ကြားသောအခါ အနည်းငယ် ထိတ်လန့်သွားသည် ။
ခေါင်းကို မော့ပြီး အစ်ကို့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"မင်းရဲ့ စီစဉ်မှုတွေက လုံလောက်နေပါပြီ၊ ဒါပေမယ့် လင်းရှန်ရဲ့ ခွန်အားတွေ တိုးလာတာက လူတိုင်း ထင်ထားတာထက် ကျော်လွန်ပြီး အံ့အားသင့်စရာပါပဲ။ ဒီတစ်ခါလည်း မင်း ရှုံးတာပါပဲ”
"အစ်ကို..."
လက်သီးတွေကို တင်းတင်းဆုပ်ထားရင်း ယန်ရှင်းမျက်နှာက နီရဲနေသည်။
ယန်ကျင့်ရမ်၏ စကားကြောင့် သူ သက်သာရာရမိသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူသည် ဒေါသထွက်လာပြီး အရှက်ရသွားသည်။
သူ့အစ်ကိုကြီးက အမြဲတမ်း အဆင့်အတန်းမြင့်မြင့်နေပြီး တခြားသူတွေကို လွယ်လွယ်နဲ့ မချီးမွမ်းတတ်ပေ။ သို့သော်လည်း သူ့ရန်သူ လင်းရှန်ကြောင့် အံ့အားသင့်သွားခဲ့သည်။ ဒါဟာ တကယ့်ကို စိတ်ပျက်စရာပင်။
ယန်ရှင်း မျက်နှာက အကြိမ်ကြိမ် ပြောင်းလဲသွားသည်။ ယန်ရှင်းက အံကြိတ်ကာ ယန်ကျင့်ရမ်ကို ထပ်ပြီးကူညီခိုင်းဖို့ လုပ်နေတုန်းမှာပဲ ယန်ကျင့်ရမ်က အသံတိုးတိုးနဲ့ ပြောသည် "လင်းရှန်ကိစ္စက ဒီမှာ အဆုံးသတ်ပဲ"
"အစ်ကို”
ယန်ရှင်း အံ့သြသွားသည်။ သူပြောဖို့ ပါးစပ်ကိုဖွင့်ထားပေမယ့် ယန်ကျင့်ရမ်ရဲ့ အကြည့်စူးစူးတွေကို တွေ့လိုက်တဲ့အခါ သူ့စကားတွေကို မျိုချလိုက်သည်။
" လင်းရှန်နဲ့ တိုက်ခိုက်ဖို့ မင်း ကျောင်းကို ဝင်လာတာ မဟုတ်ဘူး။ မင်းရဲ့ အဓိက ပန်းတိုင်က မင်းရဲ့ ခွန်အားကို မြှင့်တင်ဖို့ပဲ “
ယန်ကျင့်ရမ်သည် ယန်ရှင်းကို လျစ်လျူရှုသလို ကြည့်လိုက်သည်။ သူ့အင်္ကျီလက်ကို လှန်လိုက်တော့ လက်ရာမြောက်သော ကြွေပုလင်းတစ်ခုက ယန်ရှင်းရှေ့ ကြမ်းပြင်ပေါ်သို့ ပေါ့ပါးစွာ ကျရောက်လာသည်။
"အထဲမှာ အသက်ရှူစုဆောင်းခြင်းဆေး ရှိတယ်။ ယူသွား။"
ယန်ရှင်းက အံ့အားသင့်သွားသည်။ အသိပြန်ဝင်လာတော့ ကြွေပုလင်းကို တအံ့တဩ ကြည့်နေမိသည်။
အသက်ရှူစုဆောင်းခြင်းဆေးလုံးက ဘယ်လောက်တန်ဖိုးကြီးလိုက်လဲ။
အသက်ရှူစုဆောင်းခြင်းဆေးလုံးတစ်လုံးကပင် ချီအသွင်ပြောင်းခြင်း နဝမအဆင့် ကျင့်ကြံသူ၏ ပိတ်ဆို့နေမှုကို ဖြတ်ကျော်ပေးနိုင်ကာ ကြာရှည်စွာအသက်ရှုခြင်း အဆင့်သို့ တက်လှမ်းစေနိုင်မည့် ချီခံစားချက်ကိုမွေးဖွားပေးနိုင်သည်။ အဲ့တာက သူ့ကို အကြိမ်ပေါင်းများစွာ အားထုတ်ရမှုမှ သက်သာစေမည် ဖြစ်သည်။
ပို၍အရေးကြီးသည်မှာ ဘေးထွက်ဆိုးကျိုးမရှိပေ။
သူ့အခြေခံအုတ်မြစ် မတည်မငြိမ်ဖြစ်မှာကို စိတ်ပူနေစရာ မလိုပေ။
ကြီးမြတ်သောဂိုဏ်းကြီးငါးခုထဲက တစ်ခုဖြစ်တဲ့ ယန်မိသားစုတောင်မှ ဒီလိုဆေးပြားကို လွယ်လွယ်နဲ့ မရပေ။
ယန်မိသားစုတွင် တပည့်များစွာရှိပြီး ထူးချွန်ထက်မြက်သော မရေမတွက်နိုင်သည့် လူများက အသက်ရှူစုဆောင်းခြင်းဆေးလုံးကို မျက်စိကျနေကြသည်။
ယန်ကျင့်ရမ်သည် တောက်ပသော ဝင်ပေါက်အဆင့်သို့ ဖြတ်ကျော်ပြီးနောက် ဆေးကို ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး” ယန်ရှင်းက ကျေးဇူးတင်နေပုံရသည်။
"အရမ်းပျော်မနေနဲ့။ နောက်တစ်ဆင့်စိန်ခေါ်မှုမတိုင်ခင် ကြာရှည်စွာအသက်ရှုခြင်း အဆင့်ကို မတက်နိုင်ရင် မိသားစုအကြီးအကဲတွေတင်မဟုတ်ဘဲ အဖေလည်း လုံးဝစိတ်ပျက်သွားမှာ”
"စိတ်မပူပါနဲ့ အစ်ကို။ သုံးလတောင် ကြာမှာမဟုတ်ဘူး။ တစ်လအတွင်း ကြာရှည်စွာ အသက်ရှုခြင်း အဆင့်ကို တက်နိုင်မယ်လို့ ကတိပေးတယ်။"
ယန်ရှင်းက ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သည်။
အသက်ရှုစုဆောင်းခြင်းဆေးဖြင့် တစ်လအတွင်း ကြာရှည်စွာအသက်ရှုခြင်း အဆင့်ကို မဖြတ်ကျော်နိုင်ပါက သူသည် ကျင့်ကြံမှုကိုတောင် စွန့်လွှတ်နိုင်သည် ။
ယန်ရှင်း၏ ကတိစကားကို ကြားသောအခါ ယန်ကျင့်ရမ်၏ အေးစက်ပြီး လေးနက်သော အမူအရာသည် အနည်းငယ် ပျော့ပျောင်းသွားသည်။
"မကြာသေးခင်ကမှ နဂါးချောက်နက် တောင်တန်းမှာရှိတဲ့ ကျားနတ်ဆိုးတွေက
တစ်ဖန်ပြန်မငြိမ်မသက်ဖြစ်လာတယ်။ တောင်တန်းအစွန်အဖျားမှာ ဝိညာဉ်သားရဲတွေ တစ်ကောင်ပြီး တစ်ကောင်ပေါ်လာပြီး အဓိကဂိုဏ်းကြီးသုံးခုက တပည့်တွေကို တိုက်ခိုက်နေတယ်။ နဂါးမြို့တော်နဲ့ ကျားနတ်ဆိုးမျိုးနွယ် အကြားမှာ သိပ်မကြာခင် တိုက်ပွဲဖြစ်နိုင်ချေရှိတယ်”
"လွန်ခဲ့တဲ့နှစ်တွေရဲ့ အတွေ့အကြုံအရအချိန်ကျလာတဲ့အခါ အဆင့်လေးဆင့်ရှိတဲ့ တပည့်တွေက ဝိညာဉ်သားရဲတွေကိုသတ်ပြီး တိုက်ပွဲမှာ ဂိုဏ်းကိုကူညီဖို့ နဂါးချောက်
နက်တောင်တန်းဆီ ဦးတည်သွားကြရတယ်။ အဲ့တာက အရည်အသွေးအမှတ်တွေ ရနိုင်တဲ့ အခွင့်အရေးမလို့ လက်လွတ်မခံနဲ့”
"ဒါကြောင့် မင်းရဲ့ ခွန်အားနဲ့ စိတ်တွေ အားလုံးကို ကျင့်ကြံမှုအပေါ် အကုန်စိုက်ထုတ်ပြီး မင်းရဲ့ ခွန်အားကို တတ်နိုင်သမျှ တိုးအောင်လုပ်ရမယ်”
"နားလည်ပါတယ် အစ်ကို”
ယန်ရှင်းအမူအရာက လေးနက်သွားပြီး ခေါင်းညိတ်ပြလိုက်သည် ။
"လင်းရှန်ကရော..."
ယန်ရှင်းသည် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"စစ်ယွမ်ဖေးက ခြွင်းချက်အနေနဲ့ လင်းရှန်ကို အနက်ရောင်အဆင့် တပည့်တစ်ဦးအဖြစ် ရာထူးတိုးပေးခဲ့တယ်။ သူက ကျောင်းရဲ့ သြဇာလွှမ်းမိုးမှုရှိတဲ့ မိသားစုတွေရဲ့ အာဏာကို ဖိနှိပ်ဖို့ လင်းရှန်ကို ပြုစုပျိုးထောင်ပေးချင်နေတာ။ ဒါပေမယ့် အဲ့တာက လင်းရှန်ကို အရမ်းအထင်ကြီးလွန်းနေတာပါ”
"ဖန်းရှင်းယွမ်နဲ့ ခွမ်းပေါင်တို့က အဝါရောင်အဆင့် တပည့်တွေကြားမှာ သာမန်ထက်သာလွန်နေရုံပါပဲ။ တကယ်က သူတို့ထက်အားကောင်းတဲ့ အဝါရောင်အဆင့် တပည့်တွေရှိတဲ့အပြင် တချို့က ကြာရှည်စွာအသက်ရှုခြင်း စတုတ္ထအဆင့်မှာတောင် ရှိနေပြီ”
"သုံးလနေလို့ အဆင့်စိန်ခေါ်မှုက ရောက်လာတဲ့အခါ လူတွေရဲ့ စိန်ခေါ်မှုတွေကို သူရင်ဆိုင်ရမှာပဲ။ သူ့ရဲ့ ခွန်အားနဲ့ အနက်ရောင်အဆင့်တပည့်အဖြစ် ဆက်ထိန်းထားနိုင်မလားဆိုတာ မသိရသေးပါဘူး။"
ယန်ကျင့်ရမ်က ရလဒ်ကို မသိကြောင်း ပြောခဲ့သော်လည်း သူ၏ လျစ်လျူရှုသောလေသံမှာ လင်းရှန်ကို အလွန်အမင်း အထင်မကြီးကြောင်း သိသာသည်။
ကျင့်ကြံမှုအဆင့်မြင့်လေ၊ အဆင့်နှစ်ဆင့်ကြား ကွာဟမှု ပိုများလေဖြစ်သည်။
ကြာရှည်စွာ အသက်ရှုခြင်း ဒုတိယအဆင့် ကျင့်ကြံသူ၏ စွမ်းရည်သည် ပထမအဆင့်ကို အနိုင်ရရန် လုံလောက်သည်။
နှစ်ဖက်ကြားရှိ ကိုယ်ခံပညာနည်းစနစ် ကွာခြားချက်က အလွန်မကြီးကျယ်ပါက တစ်စုံတစ်ယောက်သည် ၎င်းတို့၏ အဆင့်ထက်ကျော်လွန်သော တစ်စုံတစ်ယောက်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။
လင်းရှန်သည် ကိုယ်ခံပညာတွင် အလွန်ထက်မြက်သူဖြစ်သည်မှာ အမှန်ပင်။
ကြာရှည်စွာအသက်ရှုခြင်း ဒုတိယအဆင့်မှ ကိုယ်ခံပညာနည်းစနစ် အနည်းငယ်နိမ့်ကျသော တစ်စုံတစ်ဦးနှင့် ကြုံတွေ့ရပါက ၎င်း၏အဆင့်ထက် ကျော်လွန်သူတစ်ဦးကို တိုက်ခိုက်ဖို့က ပြဿနာမဖြစ်နိုင်ပေ။
သို့သော်လည်း အဝါရောင်အဆင့်ရှိ ထိပ်တန်းတပည့်အနည်းငယ်သည် ကိုယ်ခံပညာတွင်လည်း အလွန်ကျွမ်းကျင်ကြသည်။
လင်းရှန်သည် သူ့အဆင့်ထက်သာလွန်သော ထိုလူများကို အနိုင်ယူရန် အလွန်ခက်ခဲပေလိမ့်မည်။
လင်းရှန်က သူ့ထက် အဆင့်တစ်ဆင့်မြင့်တဲ့ ပြိုင်ဘက်ကို တကယ်အနိုင်ယူနိုင်ရင်တောင် သူ့ထက် အဆင့်နှစ်ဆင့် ဒါမှမဟုတ် သုံးဆင့်
လောက်မြင့်တဲ့ ပြိုင်ဘက်ကို အနိုင်ယူနိုင်ပါ့မလား။
လင်းရှန်သည် သုံးလအတွင်း ကြာရှည်စွာ အသက်ရှုခြင်း စတုတ္ထအဆင့်သို့ မကျော်နိုင်ခဲ့ပါက သူ၏ အနက်ရောင်အဆင့်တပည့်နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်မည့် အခွင့်အလမ်းမှာ အလွန်နည်းပါးလှသည်။
ဒါပေမယ့် သူဒီလိုလုပ်နိုင်ခဲ့ရင်တောင် အနက်ရောင်အဆင့်တပည့်နေရာကို ယူဖို့ကြိုးစားတဲ့ ကျောင်းသားအသစ်ထက်ပင် အခက်အခဲက ပိုများနေဦးမှာဖြစ်သည်။
ဒါကိုစဉ်းစားပြီးနောက် ယန်ရှင်းက သူ့စိတ်ကို ဆုံးဖြတ်ပြီး သူ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာသည်။
သူက ကြွေပုလင်းကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး စိတ်ထဲတွင် တိတ်တဆိတ် တွေးနေမိသည်။
တတ်နိုင်သမျှ ကြာရှည်စွာ အသက်ရှုခြင်းအဆင့်ကို ဖြတ်ကျော်ရမည်ပင်။
ထို့မှသာ သုံးလအကြာတွင် အဆင့်စိန်ခေါ်သူတိုင်းကို တုန်လှုပ်သွားစေပြီး သူ့ပိုင်သော ဘုန်းကျက်သရေကို ပြန်လည်ရယူနိုင်မည်ဖြစ်သည်။