မစ်ရှင်ရွေးချယ်ခြင်းနှင့် လေ့ကျင့်ခြင်း (၁)
Vol. 7 Ch. 92
ကျောင်းသားသစ်များ မှတ်ပုံတင်သည့်နေ့တွင် ဖြစ်ပျက်ခဲ့သောအရာက နိုင်ယန်းကျောင်းတစ်ခုလုံးကို ဟာရီကိန်းမုန်တိုင်းတစ်ခုလို လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
နိုင်ယန်းကျောင်းကို တည်ထောင်ပြီးကတည်းက လမ်းပြတိုက်ပွဲတွင် စီနီယာကျောင်းသားများက ကျောင်းသားသစ်များကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာပင်။
ကျောင်းသားသစ်က ကြာရှည်စွာအသက်ရှုခြင်းအဆင့် တပည့်နှစ်ယောက်ကို ဆက်တိုက်အနိုင်ယူခဲ့တာကလည်း ပထမဆုံးအကြိမ်ဖြစ်သည်။
ကျောင်းသားသစ်တစ်ဦးက ကျောင်းသို့ ဝင်ဝင်ချင်း အနက်ရောင်အဆင့် တပည့်ဖြစ်လာတာလည်း ပထမဦးဆုံးအကြိမ် ဖြစ်သည်။
လင်းရှန်သည် မကြုံစဖူး မှတ်တမ်းများစွာကို တစ်ပြိုင်နက်တည်း တင်နိုင်ခဲ့သည်။
ဩဇာကြီးမားသောမိသားစုမှ ဆင်းသက်လာသူ မဟုတ်သော ပထမဆုံး ထိပ်တန်းကျောင်းသားသစ်ဖြစ်တာကြောင့် လင်းရှန်သည် အလွန်ကျော်ကြားခဲ့သည်။
ယခု တိုက်ပွဲအပြီးတွင် သူ၏ ဂုဏ်သတင်းမှာ တဟုန်ထိုးတက်လာသည်။ သူသည် နိုင်
ယန်းကျောင်းတွင် သြဇာကြီးသူတစ်ဦး ဖြစ်လာခဲ့သည်။
သို့သော် တစ်ချိန်တည်းတွင် လူများစွာက လင်းရှန် အနက်ရောင်အဆင့် တပည့်တစ်ဦးအဖြစ် အဆင့်တိုးပေးခံရမှုကို မကျေမနပ်ဖြစ်ခဲ့ကြသည်။
စစ်ယွမ်ဖေးမှ အမိန့်မပေးခဲ့တာ မဟုတ်လျှင် တပည့်များကြားတွင် ရုန်းရင်းဆန်ခတ်ဖြစ်လာမည်ပင်။
မည်သူမျှ ပွင့်ပွင့်လင်းလင်း မကန့်ကွက်ဝံ့ကြသော်လည်း အဝါရောင်အဆင့် တပည့်များစွာသည် သုံးလအကြာတွင် လင်းရှန်ကို အဆင့်စိန်ခေါ်ရန် လျှို့ဝှက်စီစဉ်ထားပြီး ၎င်း၏ အနက်ရောင်အဆင့် တပည့်နေရာကို သိမ်းပိုက်ရန် ပြင်ဆင်နေကြသည်။
နောက်ဆုံးမှာတော့ ကျောင်းသားအသစ်တစ်ယောက်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ၊ သူက ကျောင်းသားသစ်ပင်ဖြစ်သည်။
လင်းရှန်သည် ကြာရှည်စွာအသက်ရှုခြင်း ပထမအဆင့်တွင်သာ ရှိသေးသည်။ ဒီလို လွယ်ကူတဲ့ ပစ်မှတ်ကို ချေမှုန်းဖို့လုပ်တာက အချိန်ဖြုန်းတာ မဟုတ်ပေ။
ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ ပျံ့နှံ့လာသည်နှင့်အမျှ လင်းရှန်က ပြင်ပလောကကို ဂရုမစိုက်ဘဲ ကျင့်ကြံမှုမှာသာ လုံးလုံးလျားလျား နစ်မြုပ်နေခဲ့သည်။
[အမည်-လင်းရှန်]
[စွမ်းရည် - ဘုရားသခင် မနာလိုမှု]
[အဆင့်-ကြာရှည်စွာ အသက်ရှုခြင်း ဒုတိယအဆင့်၊ ၈၂%]
[ကျင့်ကြံနည်းစနစ်များ- ရွှေရောင်ကျီးကန်း ကျမ်းစာ(ကျွမ်းကျင်အဆင့် ၅%)၊နေမီးတောက်လက်ဝါး ( ပြီးပြည့်စုံခြင်း )၊ အရိပ် ( ပြီးပြည့်စုံခြင်း) ၊တိမ်တိုက်ကြားမှ နဂါးဟောက်သံ (ကျွမ်းကျင်အဆင့် ၅၄ %)၊အရည်ပျော်ခြင်း ( ကျွမ်းကျင်အဆင့် ၇၆%)၊သေခြင်းအတားအဆီး (ကျွမ်းကျင်အဆင့် ၁၂ %) တားမြစ်ထားသော ရွှေရောင်သံချပ်ကာ (ကျွမ်းကျင်အဆင့် ၄၅%)]
[ကိုယ်ပွားအရေအတွက်- ၅ (၂၀%)]
ဆယ်ရက်ကြာ ကျင့်ကြံပြီးနောက် လင်းရှန်သည် ကြာရှည်စွာ အသက်ရှုခြင်း ဒုတိယအဆင့်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ရွှေကျီးကန်းကျမ်းစာကိုလည်း ကျွမ်းကျင် အဆင့်ထိမြှင့်တင်နိုင်ခဲ့သည်။
အခြားသော ကိုယ်ခံပညာများမှာလည်း အဆင့်အမျိုးမျိုးအထိ တိုးတက်လာခဲ့သည်။
တားမြစ်ထားသော ရွှေရောင်သံချပ်ကာသည် ထူးဆန်းသော အရိုးအရည်၏အကူအညီဖြင့် ကျွမ်းကျင်မှုအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။
ထို့အပြင် ကိုယ်ခံပညာ၏တိုးတက်မှုသည် ၅၀% နီးပါးသို့ ရောက်ရှိခဲ့သည်။
"အရိုးအရည်က တကယ်ကို အသုံးဝင်တာပဲ။ ကံမကောင်းစွာပဲ ငါ့မှာက ငါးစက်ပဲ ရှိတယ်”
"အရည်အသွေးခန်းမမှာ လဲလှယ်လို့ရမယ်ထင်တယ်"
အဆီအရည်သည် တစ်စက်လျှင် အရည်အသွေးရမှတ် ၂၀ ကုန်ကျကြောင်း လင်းရှန် မှတ်မိသွားသည်။
သူ့တွင် နောက်ထပ် အဆီအရည် အစက် ၂၀မှ ၃၀အထိရှိလျှင် တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာကို တစ်လအတွင်း ပြီးပြည့်စုံခြင်းရောက်အောင် ကျင့်ကြံနိုင်မည်ဟု သူခန့်မှန်းခဲ့သည်။
သို့သော် ထိုအကြောင်းကို စဉ်းစားပြီးနောက် လင်းရှန်သည် ဤအကြံအစည်ကို စွန့်လွှတ်လိုက်သည်။
လက်ရှိအချိန်တွင် အရည်အသွေးအမှတ်ကိုလိုအပ်နေသော ပစ္စည်း အများကြီးရှိသေးသည် ။ သူသည် ၎င်းတို့အား အရိးအရည်အတွက် လဲလှယ်ရန် အသုံးမပြုနိုင်ပေ။
နောက်ဆုံးအနေနဲ့ အရိုးအရည်မရှိရင်တောင် တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာသည် ပြီးပြည့်စုံခြင်းကို ရောက်နိုင်သေးသည်။ အချိန်တော့ ပိုယူရဦးမည်ပင်။
ထို့အပြင် သူ၏ ကိုယ်ခံပညာအဆင့်ကို မြန်မြန် မြှင့်တင်ရန်အတွက် သတ်ဖြတ်ခြင်းကို အားပေးသော စွမ်းရည်ရှိသေးသည်။
“ကြာရှည်စွာအသက်ရှုခြင်း ဒုတိယအဆင့်ကို ဖြတ်ကျော်ပြီးတဲ့ နောက်မှာ အဆီအနှစ်ဆေးလုံးရဲ့ အကျိုးသက်ရောက်မှုက လျော့ကျသွားပြီ”
" အဆီအနှစ်ဆေးလုံးက ကျင့်ကြံမှုကို၂%သာပဲ တိုးစေနိုင်တော့တယ်။ ကြာရှည်စွာ အသက်ရှုခြင်း ပဉ္စမအဆင့်ကို မရောက်ခင်မှာပဲ ဆေးလုံးက အသုံးမဝင်လောက်တော့ဘူး”
လင်းရှန်က အရည်အသွေးခန်းမ တွင် သူတွေ့ဖူးသည့် နောက်ထပ်ဆေးပြားတစ်မျိုး ဖြစ်သည့် အခြေခံဆေးကို ပြန်သတိရမိသည်။
၎င်းသည် အဆီအနှစ်ဆေးထက် ပိုမိုထိရောက်သော အဖိုးတန်ဆေးဖြစ်ပြီး ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူများအတွက်လည်း ကျင့်ကြံမှုကို အထောက်အကူပြုစေသည်။
သို့သော် စျေးနှုန်းမှာလည်း အံ့သြစရာကောင်းလောက်အောင် မြင့်မားသည်။ အရည်အသွေးရမှတ် (၅၀)ကိုမှ ဆေးတစ်လုံးနဲ့သာ လဲလှယ်
နိုင်သည်။ ၎င်းသည် အဆီအနှစ်ဆေးထက် ဆယ်ဆ ပိုစျေးကြီးသည်။
သူ့ရဲ့ လက်ရှိ ပိုင်ဆိုင်မှုနဲ့ဆို အဲ့တာကို အချိန်တစ်ခုထိ မတတ်နိုင်သေးပေ။
ခေါင်းကို ခါယမ်းရင်း လင်းရှန်က ထလိုက်ပြီးသစ်သား အဆောက်အဦးမှ ထွက်ကာ သူ့ဗိုက်ကို အရင်ဖြည့်ဖို့ ပြင်ဆင်လိုက်သည်။
တပည့်များ စားရလွယ်ကူစေရန် နိုင်ယန်းကျောင်းတွင် ကန်တင်း အများအပြားရှိသည်။
အဲဒီထဲက တစ်ခုက သူ နေထိုင်ရာနဲ့ နီးသည်။
ကန်တင်းတွင် အစားအသောက်မျိုးစုံကို ရသည်။ အဲ့တာတွေက တကယ် အရသာရှိပြီး အခမဲ့တွေပင်။
ပုံမှန်အသားကို တပည့်များအား အခမဲ့ကျွေးမွေးသည်။
အဲဒါက သာမန်အသားကိုပင်။
ဝိညာဉ်သားရဲ အသားစားချင်ရင်တော့အရည်အသွေးအမှတ်နဲ့ ပေးရသည်။
တကယ်တော့ ကန်တင်းမှ နတ်ဆိုးသားရဲအသားတွေက စွမ်းအင် ပိုတောင် ပေးနိုင်သည်။ ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူများအတွက်တော့ ၎င်းသည် ထူးခြားသောအကျိုးသက်ရောက်မှုများရှိစေပြီး ဝိညာဉ်ရေးရာအနှစ်သာရကို အားကောင်းစေနိုင်သည်။
သို့သော် စျေးနှုန်းသည် တစ်ကီလိုလျှင်ပင် ဒါဇင် သို့မဟုတ် ရာနှင့်ချီသော အရည်အသွေးရမှတ်ကို ပေးရတာကြောင့် တပည့်များစွာကို ရပ်တန့်သွားစေသည်။
ကြာရှည်စွာ အသက်ရှုခြင်းအဆင့်ကိုဖြတ်ကျော်ပြီးတဲ့နောက်မှာတော့ သာမန်အသားဘယ်လောက်ပဲစားပါစေ ၊ လင်းရှန် ဗိုက်ကို ဖြည့်ပေးနိုင်ရုံတင်သာ။
သူ၏ ကျင့်ကြံမှု စွမ်းဆောင်ရည်ကို မြှင့်တင်လိုပါက အနည်းဆုံးတော့ ဝိညာဉ်သားရဲအသားကို စားရပေမည်။
ထို့ကြောင့် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် ဝိညာဉ်သားရဲအသားဝယ်
ဖို့အတွက် အရည်အသွေးအမှတ် များစွာကို သုံးစွဲခဲ့ရသည်။
၁၀ရက်အကြာတွင် လင်းရှန်၌ သာမန် အရည်အသွေး ရမှတ် ၃ခုသာ ကျန်တော့ပြီး သူ၏ အရည်အသွေးရမှတ်များသည် အတော်ကြာကတည်းက သုံးပြီးသွားပြီပင်။
"မစ်ရှင်တချို့ကို ငါလက်ခံရတော့မယ်။ မဟုတ်ရင် လက်ဗလာပဲ ကျန်တော့မယ်”
ညစာစားပြီးနောက် လင်းရှန်သည် အရည်အသွေးခန်းမသို့ မသွားချေ။ ယင်းအစား ပြည်တွင်းရေးရာဌာနသို့ အမြန်သွားခဲ့သည်။
သူပြည်တွင်းရေးရာဌာနထဲကို ဝင်လိုက်တာနဲ့ လူငယ်တစ်ယောက်နဲ့ ဝင်တိုက်မိသည်။
တစ်ဖက်က လင်းရှန်ကိုတွေ့တော့ အံ့ဩသွားသည်။ ထို့နောက် သူက လင်းရှန်ကို အံ့အားသင့်စွာကြည့်ကာ ကြိုဆိုလိုက်သည်။
"စီနီယာ အစ်ကိုလင်း၊ ပြည်တွင်းရေးရာဌာနကို ဘာလို့ လာတာလဲ။"
လင်းရှန်က အံ့အားသင့်သွားသည်။ " ကျွန်တော်က်ု သိတာလား?"
"သိတယ်လေ” လူငယ်က သူ့လက်တွေကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။ "စီနီယာအစ်ကိုကြီးလင်းက အခု ကျောင်းမှာထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်လေ။ ကျောင်းက လူတိုင်းက သိပါတယ်။ အကို့ကို ဘယ်သူက မသိပဲနေမလဲ။"
လင်းရှန်အနေနဲ့ သူ့ထက် အသက်ပိုကြီးသောသူက သူ့အား စီနီယာအစ်ကိုအဖြစ် လေးလေးစားစား ပြောဆိုခြင်းကို ခံရလေ့မရှိပေ။ သူသည် စကားစမြည်ပြောရင်း သူ့ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။
"ဆရာထောင်လား ။ သူအထဲမှာရှိနေတယ်ထင်တယ် ။ စီနီယာအစ်ကိုလင်း၊ ခဏစောင့်။ ဆရာထောင်ကို အခုပြောလိုက်မယ်”
ထိုစကားကို ပြောပြီးနောက် လူငယ်သည် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ သူ့နာမည်တောင် မပြောခဲ့ပေ။
လင်းရှန်က ရယ်လိုက်သည်။
ခဏအကြာတွင် ထောင်ကျုံးပေါင်သည် ခုနစ်မီတာမှ ရှစ်မီတာအကွာမှာရပ်နေပြီး လင်းရှန်ကို လက်ဝှေ့ပြကာ ပြုံးပြနေသည်။