မစ်ရှင်ရွေးချယ်ခြင်းနှင့် လေ့ကျင့်ခြင်း (၂)
Vol. 7 Ch. 93
" ညီလေးလင်း မတွေ့တာကြာပြီ။ မနေ့က ခုံမင်နဲ့တောင် မင်းအကြောင်းပြောနေတာ။ မင်းဘယ်လိုနေလဲ"
" အဲ့လိုသတိတရ ရှိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆရာထောင်နဲ့ စီနီယာခို ၊ ကျွန်တော်က ကျင့်ကြံရင်း အလုပ်များနေတာမလို့ အပြင်သိပ်မထွက်ဖြစ်ဘူး။"
လင်းရှန်က ပြုံးပြီး ခေါင်းညိတ် နှုတ်ဆက်သည်။
"ကောင်းတယ်။ မင်းက အရမ်းထူးချွန်တယ်။ကျင့်ကြံဖို့ အာရုံစိုက်သင့်တယ်။ မင်းရဲ့အနာဂတ်က အကန့်အသတ်မရှိ ဖြစ်လာမှာ”
ထောင်ကျုံးပေါင်သည် ထိုအရာအားလုံးကို ပြောသောအခါ တုံ့ဆိုင်းမနေပေ။ ထို့နောက် ပြုံးပြီး မေးသည် ။
" လင်း၊ မင်း ပြည်တွင်းရေးရာဌာနကိုဘာလို့ လာတာလဲ။ ငါ့အကူအညီလိုအပ်ရင် ပွင့်ပွင့်လင်းလင်း ပြောနော်”
"ဆရာထောင်ကို အလုပ်အပို ပေးစရာရှိလို့”
လင်းရှန်က သူ့သိချင်တာများကို ဖြည်းညှင်းစွာ မေးသည် " ဆရာထောင် အစွမ်းထက်ပြီး ဘေးထွက်ဆိုးကျိုးရှိတဲ့ ဆေးတွေလေ၊ တနည်းပြောရရင် မြွေသစ်ခွ ဒါမှမဟုတ် သွေးဆူမှုန့်လို ကျင့်ကြံခြင်းကို တိုးမြင့်ပေးနိုင်တဲ့ အထူးဆေးတွေကို ဒီမှာ ရနိုင်လား။"
ထောင်ကျုံးပေါင်က အံ့သြသွားသည်။ သူသည် တစ်ခုခုကို တွေးနေပုံရပြီး အလွန်ထူးဆန်းသော အမူအရာတစ်ခုရှိသည်။
" လင်း ဆရာစစ်က မင်းရဲ့ အရည်အချင်းကို လေးစားပြီး အသိအမှတ်ပြုထားတာ ။ မင်းသတ်မှတ်ထားတဲ့ အမိန့်ကို လိုက်နာပြီး မှန်မှန် ကျင့်ကြံနေသရွေ့ တစ်နေ့ မင်းက ကျင့်ကြံသူ သခင်တစ်ယောက် ဖြစ်လာမှာပါ။ မင်း ပြုတ်ကျသွားရင်တောင် တစ်နေ့မှာ အနှေးနဲ့အမြန်ဆိုသလို ပြန်တက်လာမှာပါ။ တကယ်ကို အဲ့လောက်ထိ စွန့်စားဖို့ မလိုပါဘူး..."
တခြားအချိန်တွေဆိုရင်တော့ ထောင်ကျုံးပေါင်က ဒီကိစ္စကို သိပ်ပြီးမစဉ်းစားမိပေ။
သို့သော်လည်း လင်းရှန်၏မှတ်တမ်းသည် မကြာသေးမီကပင် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
အဝါရောင်အဆင့်တပည့်များစွာက သုံးလအတွင်း လင်းရှန်၏ အနက်ရောင်အဆင့်
တပည့်နေရာကို အစားထိုးမည်ဟု လူသိရှင်ကြား ကြေညာခဲ့သည်။
လင်းရှန်က ဖိအားကို မခံနိုင်တာဟု ထောင်ကျုံးပေါင်က ချက်ချင်းထင်လိုက်
သည်။ ထို့ကြောင့်သုံးလအကြာ အဆင့်စိန်ခေါ်မှုမှာ အနက်ရောင်အဆင့်တပည့်အဖြစ်
ဆက်လက်ရပ်တည်နိုင်ဖို့ သူ၏ခွန်အားကို တိုးမြင့်လာစေနိုင်မည့် ဖြတ်လမ်းကို အသုံးပြုလိုခဲ့သည်။
ထောင်ကျုံးပေါင်က တစ်ခုခုပြောချင်နေပုံရသော်လည်း တုံ့ဆိုင်းသွားသည်ကို မြင်လိုက်ရသဖြင့် လင်းရှန်က မှားသွားမှန်း သိလိုက်သည်။ " ဆရာထောင် ဒီအရာတွေကို ကျွန်တော်ဖို့ ရှာနေတာမဟုတ်ဘူး၊ အဲ့တာတွေကို တခြားမှာသုံးဖို့ လိုအပ်နေလို့ “ သူက အလျင်စလိုပြောခဲ့သည်။
သူလိမ်ခဲ့တာမဟုတ်ပေ။ အမှန်တော့ ထိုအရာများကို သူကိုယ်တိုင် မသုံးခဲ့ချေ။
လင်းရှန်၏ တောက်ပသော မျက်လုံးများနှင့် လေးနက်သော အမူအရာတို့ကို မြင်လိုက်ရတော့ ထောင်ကျုံးပေါင်သည် လင်းရှန်တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည်ဟု မထင်ခဲ့ပေ။
တွေးကြည့်လိုက်တော့ လင်းရှန်က ဒီလို စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူတစ်
ယောက် မဟုတ်ပေ။
သူ့အနာဂတ်ကို ဘာကြောင့် ဒီလို စွန့်စားရမှာလဲ ။
သူ့သံသယတွေ အားလုံး ပျောက်ကွယ်သွားတော့ ထောင်ကျုံးပေါင်က ပြုံးပြီး ခဏလောက် စဉ်းစားနေသည်။
“ဒီလိုအရာမျိုးတွေက ရှားရှားပါးပါးဆိုပေမယ့် ကျောင်းက
တပည့်တော်တော်များများက အပြင်မှာ လေ့ကျင့်ရေးဆင်းရင်း မတော်တဆ ရတာတွေ ရှိတယ်။ ဒါပေမယ့် ဈေးနှုန်းအချိုးအစားက မမြင့်တဲ့အတွက် ရောင်းရ
ခက်တယ်။ တစ်ယောက်ယောက်က လိုချင်တယ်ဆိုရင်တော့ တပည့်တွေက ကမ်းလှမ်းတာကို ငြင်းမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်.. ဒါပေမဲ့”
လင်းရှန်က နားလည်ပြီး ချက်ချင်းပဲ " ကျွန်တော် အဲဒါကို အရည်အသွေးအမှတ်နဲ့ ဝယ်မှာပါ”
ထောင်ကျုံးပေါင်၏ အပြုံးသည် ပွင့်လန်းလာသည်။
"ဒါဆို ဘာပြဿနာမှ မရှိပါဘူး။ စိတ်မပူပါနဲ့ လင်း၊ မင်းအတွက် မျှတတဲ့စျေး ဖြစ်စေရမယ်လို့ ကတိပေးတယ်။"
"ကျေးဇူးတင်ပါတယ် ဆရာထောင်”
သူတို့နှစ်ဦးသည် အရောင်းအ၀ယ် ဈေးကွာခြားမှုအကြောင်း မပြောခဲ့ကြပေ။
လင်းရှန်က ထောင်ကျုံးပေါင်ကို အကူအညီတောင်းတဲ့အတွက် သူ့ကို အခကြေးငွေအနည်းငယ်ပေးရမည်။
ထောင်ကျုံးပေါင်က အခြားသူများထံမှ ပစ္စည်းများကို မည်သည့်စျေးနှုန်းဖြင့် ဝယ်မည်ကို လင်းရှန်က ဂရုမစိုက်ပေ။ သူပေးခရမဲ့နောက်ဆုံးစျေးနှုန်းက သူ့မျှော်လင့်ထားတာထက် မကျော်လွန်သရွေ့တော့ အဆင်ပြေသည်။
ထို့အပြင် ထောင်ကျုံးပေါင်သည် အကျိုးအမြတ်အနည်းငယ်အတွက် သူ့ကို စော်ကားလောက်အောင် မိုက်မဲလိမ့်မည်ဟု သူမထင်ခဲ့ပေ။
အကယ်၍ ထောင်ကျုံးပေါင်သာ အမြင်မရှိနေပါက သူသည် ပြည်တွင်းရေးရာဌာန၏ တာဝန်ရှိသူရာထူးသို့ တက်လှမ်းနိုင်မည်မဟုတ်ပေ။
ပြည်တွင်းရေးရာဌာနမှ ထွက်သွားပြီးနောက် လင်းရှန်သည် သက်ပြင်းတစ်ချက်ချကာ ရွှင်မြူးနေပုံရသည်။
အဘိုးအိုဝူရှာပေးသည့် အဆီအနှစ် ဆေးရည်နှင့် အာနိသင်တူသော မှောင်ခိုလမ်းမှ ရှားပါးဆေးများနှင့် သစ်အုသစ်ဖုအများစုကို ကိုယ်ပွါး ၂ မှ စားသုံးခဲ့သည်။
အဘိုးအိုဝူ၏ ရှားပါးသော ဆေးများကို စုဆောင်းနိုင်မှုက တစ်ကြိမ်နဲ့ တစ်ကြိမ် နည်းပါးလာခဲ့သည်။
မှောင်ခိုလမ်းပေါ်၌ အလားတူရှားပါးသော အရွက်များနှင့် ဆေးပြားများ ပြတ်လတ်လာတာကြောင့် မကြာမီပင် ကုန်တော့ဖြစ်မည်ဟု မှန်းဆနိုင်သည်။
ထို့ကြောင့် လင်းရှန်သည် နိုင်ယန်းကျောင်းကို အာရုံစိုက်လာခဲ့သည်။
သို့သော် သူ့ကို စိတ်ပျက်သွားစေသည်မှာ အရည်အသွေးခန်းမ၏ လဲလှယ်မှုစာရင်းတွင် အလားတူပစ္စည်းများ မရှိခြင်းပင်ဖြစ်သည်။
တပည့်များစွာသည် ထိုသို့သော အရာများကို လဲလှယ်ကြမည်မဟုတ်ပေ။ ကျောင်းကလည်း တပည့်တွေကို ထိုအရာတွေလို ဖြတ်လမ်းနည်းတွေသုံးတာကို မမြင်ချင်တာကြောင့် ၎င်းတို့ကို စာရင်းထဲကနေ ဖယ်ထုတ်ပစ်လိုက်တာပင်။
ခိုမင်သည် ထောင်ကျုံးပေါင်ကို လင်းရှန်နှင့် မိတ်ဆက်ပေးခဲ့သည်။
ထိုအချိန်တွင် လင်းရှန်သည် အကြံတစ်ခုရလာခဲ့သည်။ ထောင်ကျုံးပေါင်ကို သူလိုတဲ့အရာကို လိုက်ရှာခိုင်းဖို့ပင်။
အဲဒါကြောင့် ဒီနေ့ပြည်တွင်းရေးရာဌာနကို ထွက်လာခဲ့တာပင်။
ထောင်ကျုံးပိုင်က လင်းရှန်ကို စိတ်မပျက်စေပေ။ ချက်ချင်းကူညီဖို့ သဘောတူခဲ့သည်။
နိုင်ယန်းကျောင်းမှ တပည့်များအား အရည်အသွေး အမှတ်များ လဲလှယ်ခြင်းမပြုရန် တားမြစ်ထားသည်။
မူဝါဒများ ချမှတ်ထားတာကြောင့် တန်ပြန်အရေးယူမှုများ ရှိခဲ့သည်။ အရည်အသွေးအမှတ်များကို လဲလှယ်၍မရသောကြောင့် တပည့်များသည် အရည်အသွေးရမှတ်များဖြင့် လဲလှယ်ထားသော ပစ္စည်းများကို ရောင်းဝယ်ကြသည်။
ကျောင်းသည် တပည့်များအား ပစ္စည်းလဲလှယ်ခြင်းမပြုရန် တားမြစ်ထားတာ မဟုတ်ပေ ။ ထို့ကြောင့် အရည်အသွေးအမှတ်များကိုပြောင်းလဲကာ အရောင်းအဝယ် ပြုလုပ်ခဲ့သည်။
"တတ်နိုင်သမျှ အရည်အသွေး အမှတ်တွေ အများကြီးရအောင် လုပ်ရမယ်”
ရှားပါးသော ဆေးဝါးများ သို့မဟုတ် ဆေးလုံးများကို ဝယ်လိုပါက လင်းရှန်၏ လက်ရှိ သာမန်အရည်အသွေးအမှတ် သုံးခုနဲ့တင်
မလုံလောက်ပေ။
ဒါကိုတွေးပြီး လင်းရှန်သည် အရည်အသွေးခန်းမဆီကို ချက်ချင်း ပြေးသွားသည်။
မစ်ရှင်ခန်းမသည် ပုံမှန်အတိုင်း သစ်သားပြားများဖြင့် ပြည့်နေပြန်သည်။
လင်းရှန်သည် သစ်သားပြားများကို အာရုံစိုက်ကာ ဂရုတစိုက် ရှာဖွေခဲ့သည်။
သူသည် ပထမဆုံး ထောက်လှမ်းရေး မစ်ရှင်များကို ဖယ်ရှားခဲ့သည်။
ဒီလိုမျိုး မစ်ရှင်ရဲ့ မရေရာမှုက အရမ်းကြီးမားသည်။ မမျှော်လင့်ထားတဲ့ အန္တရာယ်နဲ့ ကြုံခဲ့ရင် ငိုဖို့တောင် နောက်ကျသွားမည်ပင်။
ဒုတိယအနေနဲ့ တာဝန်အမျိုးအစားမစ်ရှင်ကိုလည်း လင်းရှန်မှ ပယ်ချခဲ့သည်။
ဒီလို မစ်ရှင်မျိုးအတွက် ဆုကြေးက နည်းပါးရုံသာမကဘဲ မစ်ရှင်တွေကလည်း အချိန်
အတော်ကြာသည် ။ ၎င်းသည် လုံခြုံသော်လည်း ပြန်ရချက် အချိုးမှာ အလွန်နည်းသည်။
ထိုမစ်ရှင်အမျိုးအစား နှစ်မျိုးကလွဲပြီး ကျန်တဲ့ မစ်ရှင်တွေက စုစည်းမှုနှင့် တိုက်ပွဲ အမျိုးအစားများဖြစ်သည်။
မစ်ရှင်ကို ကြိုတင် လွှဲပြောင်းပေးရန် မလိုအပ်ပေ။ သက်ဆိုင်ရာ သစ်သားပြားကို ယူပြီး မစ်ရှင်ကို တမ်းလွှဲပြောင်းပေးစရာမလိုဘဲ ပစ္စည်းရတဲ့အထိ စောင့်လို့ရသည်။
ထို့ကြောင့် လင်းရှန်၏ အာရုံစိုက်မှုသည် တိုက်ပွဲ မစ်ရှင်သာ ဖြစ်သည်။