မစ်ရှင်ရွေးချယ်ခြင်းနှင့် လေ့ကျင့်ခြင်း (၃)
Vol. 7 Ch. 94
တိုက်ပွဲမစ်ရှင် အများစုသည် မြို့ပြင်တွင် ဖြစ်သည်။
နဂါးမြို့တော်သည် နဂါးချောက်နက်တောင်တန်းနှင့် ကပ်လျက်ဖြစ်သည်။
မြို့တော်၏ မြောက်ဘက်နှင့် အရှေ့ဘက်ကိုအဆုံးမရှိသော ထိုတောင်တန်းများဖြင့် ဝန်းရံထားသောကြောင့် နဂါးမြို့တော်ဟု အမည်ပေးထားတာ ဖြစ်သည်။
ကျယ်ပြောလှသော ဤတောင်တန်းကြီးတွင် နတ်ဆိုးမျိုးနွယ်များစွာနှင့် မရေမတွက်နိုင်သော နတ်ဆိုးများရှိသည်။
ထို့ကြောင့် တိုက်ပွဲအမျိုးအစား၏ ပစ်မှတ်အများစုမှာ နဂါးချောက်နက် တောင်တန်းရှိ နတ်ဆိုးများကိုပင် ။
ကျန်အစိတ်အပိုင်းများ၏ ပစ်မှတ်များသည် နဂါးမြို့တော်၏အနောက်ဘက်ရှိ ရေကန်ကြီးများနှင့် အရှေ့ဘက်ရှိ ရွှံ့မြေများတွင်နေထိုင်သော နတ်ဆိုးများဖြစ်သည်။
လင်းရှန်၏ရွေးချယ်မှုသည် နဂါးချောက်နက်တောင်တန်းရှိ မစ်ရှင်များ ဖြစ်သည်။
အနောက်ဘက်ရှိ ရေကန်များ၊ ရွှံ့ညွန်များနှင့် မြို့အရှေ့ဘက်ရှိ တောကန္တာရများနှင့် နှိုင်းယှဉ်ပါက နဂါးချောက်နက်တောင်တန်းတွင် သဘာဝရတနာများ ပိုများနေမည်မှာ သေချာပါသည်။
အိုက်ကဲ့သို့သော ရတနာရှာဖွေသူ မုဆိုးတစ်ယောက်နဲ့ဆို လင်းရှန်သည် ၎င်းကို ကောင်းကောင်းအသုံးချနိုင်သည်။
"မျက်လုံးဖြူနတ်ဆိုးကျားတစ်ကောင်ကိုသတ်ဖို့ နဂါးချောက်နက်တောင်တန်းကိုသွားပါ။ သက်သေအဖြစ် ကျားရဲ့ကျောရိုးကို ပြန်ယူဖို့ လိုအပ်သည်”
လိုအပ်ချက်- ကြာရှည်စွာအသက်ရှုခြင်း အဆင့်။ ဆုလာဘ်- သာမန် အရည်အသွေးရမှတ် ၁ခု
"မီးတောင်ပေါ်၌ တွယ်ကပ်နေသော တောင်ဝိညာဉ်မျောက်များကို ဖယ်ရှားလိုက်ပါ။ သက်သေအနေနဲ့ တောင်ဝိညာဉ်မျောက်ခေါင်းဆောင်ရဲ့ ဦးခေါင်းကို ယူလာဖို့ လိုအပ်သည်။ လိုအပ်ချက်- ကြာရှည်စွာ အသက်ရှုခြင်း အဆင့်။ ဆုလာဘ်- သာမန်အရည်အသွေးရမှတ် ၃မှတ်
"မြှားတစ်ရာငှက်ကိုသတ်ရန် နဂါးချောက်နက်တောင်တန်းသို့သွားပါ။ သက်သေအဖြစ်နဲ့ ၎င်း၏ချွန်ထက်သောနှုတ်သီးများကို ရယူရန်လိုအပ်ပါသည်။ လိုအပ်ချက်- ကြာရှည်စွာ အသက်ရှုခြင်းအဆင့်။ ဆုလာဘ်- သာမန်အရည်အသွေး ရမှတ် ၁ ခု "
ခဏအကြာတွင် လင်းရှန်သည် မစ်ရှင်ငါးခုကို အမြန်ရွေးချယ်ပြီး ခန်းမအဝင်ပေါက်နားရှိ ကောင်တာဆီသို့ သစ်သားပြားများကိုင်ကာသွားခဲ့သည်။
ကောင်တာနောက်ကွယ်ကသူသည် နောက်ဆုံးအကြိမ် စာရင်းသွင်းတုန်းက မိန်းကလေးပင်။
လင်းရှန်ကိုတွေ့သောအခါ ကောင်မလေး၏ မျက်လုံးများ တောက်ပလာသည်။
အရင်ကတော့ သူမသည် လင်းရှန်ကို ဘယ်သူမှန်း မသိခဲ့ဘဲ သိပ်မရင်းနှီးတာကိုသာ သတိထားမိသည်။
လမ်းပြတိုက်ပွဲအကြောင်း သူမကြားမှ ထိုနေ့က သူတွေ့ခဲ့သောလူသည် ယခုနှစ်၏ တပည့်အသစ်ဖြစ်ကြောင်း သူမ သိလိုက်ရသည်။
ယခု လင်းရှန်ကို ပြန်တွေ့တော့ ကောင်မလေးက သူ့ကို ချက်ချင်း မှတ်မိသည်။
သူမက ပြုံးပြီး လင်းရှန်နဲ့ စကားစမြည်ပြောပြီး သူ့ကို စီနီယာ အကိုလင်းဟု ခေါ်သည်။
လင်းရှန်သည် ချောမောလှပသော ကောင်မလေးနှင့် စကားစမြည်ပြောရင်း ပျော်ရွှင်နေခဲ့သည်။ မစ်ရှင်များကို စာရင်းသွင်းရင်း ပေါ့ပေါ့ပါးပါး စကားစမြည်ပြောခဲ့ကြသည်။
ထိုမှပင် သူသည် ကောင်မလေး၏ နာမည်ကိုကျောင်းယုမှန်း သိခဲ့သည် ။
"ရပြီ စီနီယာ အစ်ကိုလင်း၊ မစ်ရှင်တွေကို စာရင်းသွင်းပြီးပါပြီ။ မစ်ရှင်ပြီးရင်
သက်သေကို ဒီကိုပြန်ယူလာပြီး လွှဲနော်”
"ဒါက မြို့ကထွက်ဖို့ တိုကင်တစ်ခုပါ။ မစ်ရှင်တွေပြီးရင် ဒါကို ပြန်ပေးရမယ်။ လူတစ်ယောက်က ဒီတိုကင်နဲ့ မြို့ထဲကနေ ထွက်သွားနိုင်တယ်။ အချိန်ကန့်သတ်ချက်က တစ်လပဲ ရှိတယ်။ အဲဒီအချိန်ကို ကျော်လွန်ပြီးရင်တော့ တိုကင်က ပျောက်သွားလိမ့်မယ်။ အကယ်၍ မပြီးမြောက်သေးတဲ့ မစ်ရှင်တွေရှိနေရင် တိုကင်အသစ်တစ်ခုရဖို့ ကျွန်မဆီ လာလို့ရတယ် “
"ပြီးတော့ ဒါက နဂါးချောက်နက်တောင်တန်းရဲ့ မြေပုံပဲ။ မြို့ပြင်မှာ ပထမဆုံးအကြိမ် မစ်ရှင်ကို လက်ခံတဲ့ တပည့်တိုင်းက မြေပုံကို အခမဲ့ ရယူနိုင်တယ်။"
ကျောင်းယုက မြေပုံကို လွှဲပေးလိုက်သည် ။
၎င်းသည် နဂါးချောက်နက်တောင်တန်း၏ မြေမျက်နှာသွင်ပြင်ကို အသေးစိတ်ဖော်ပြပြီး အမျိုးမျိုးသော နတ်ဆိုးမျိုးနွယ်များနှင့် ဝိညာဉ်သားရဲများ၏ တည်နေရာနဲ့ ကျက်စားရာကိုလည်း အမှတ်အသားပြုလုပ်ပေးထားသည်။
တောင်တန်းရဲ့ အစွန်အဖျားကို ပိုနီးလေလေ အချက်အလက်တွေက ပိုအသေးစိတ်လေပင်။
လင်းရှန်က ဒါကိုမြင်တော့ အရမ်းပျော်သွားသည်။ နဂါးချောက်နက်တောင်တန်း၏ မြေပုံကို ဘယ်မှာဝယ်ရမလဲဆိုတာ သူ စိတ်ပူနေပေမယ့် ကျောင်းက သူ့ကို အခမဲ့ပေးတဲ့အထိ စဉ်းစားပေးမည်ဟု မျှော်လင့်မထားပေ။
"မြေပုံကို သုံးလတစ်ကြိမ် အဆင့်မြှင့်တယ်။ ပြီးရင်တော့ အရည်အသွေးအမှတ်တွေနဲ့ ဝယ်ရမယ်။"
ကျောင်းယုက သူ့ကို ထပ်ပြီး သတိပေးသည်။
"ပြီးတော့ ပျံသန်းခြင်းအဆောင်၊ ခန္ဓာကိုယ်ပေါ့ပေါးအဆောင်နဲ့ လမ်းပြအဆောင်တချို့ကို ဝယ်ဖို့ အကြံပေးချင်တယ်။ အဲဒါတွေက အပြင်မှာ အသုံးဝင်နိုင်တယ်လေ။"
"ကျေးဇူးတင်ပါတယ်”
လင်းရှန်က ပြုံးပြီး ကျောင်းယုကို ကျေးဇူးတင်လိုက်သည်။
အရည်အသွေးခန်းမမှထွက်လာပြီးနောက် အရည်အသွေးအမှတ် အနည်းငယ်ကို သုံးကာ သားရဲထည့်သိုအိတ် ကိုလဲလှယ်ရန်အတွက် လဲလှယ်ရေးခန်းမသို့
ပြန်သွားခဲ့သည်။
သားရဲထည့်သိုအိတ်သည် ဝိညာဉ်ရေးရာသားရဲများအတွက် ယာယီနေထိုင်ရာနေရာအဖြစ် ခတ္တအသုံးပြုနိုင်သည့် မှော်
အဆောင်တစ်ခုဖြစ်ပြီး ကျင့်ကြံသူများအတွက် ဝိညာဉ်သားရဲများကို သယ်ဆောင်ရာမှာ အဆင်ပြေစေသည်။
လင်းရှန်သည် ရတနာများကို ရှာဖွေရန် အိုက်ကို ခေါ်ဆောင်လာမည်ဆိုလျှင်
ဝိညာဉ်သားရဲအိတ် ရှိခြင်းသည် ပို၍ အဆင်ပြေစေမည်ပင်။
ကျောင်းယုပြောတဲ့ အဆောင်တွေကိုတော့ လင်းရှန်သည် စစ်မှန်သော ကိုယ်ခံပညာဆိုင်ကိုသွားပြီး ဝိညာဉ်ဒင်္ဂါးပြားတွေနဲ့ ဝယ်ဖို့စီစဉ်ထားတာကြောင့် သူ့ရဲ့ အရည်အသွေးအမှတ်တွေကို မဖြုန်းတီးပစ်ပေ။