← Chapters

ဝိညာဉ်ရေးရာ သားရဲ ကျင့်ကြံနည်းစနစ် (၁)

Vol. 7 Ch. 95

ဝိညာဉ်ရေးရာ သားရဲ ကျင့်ကြံနည်းစနစ် (၁)

Vol. 7 Ch. 95

အိမ်အပြန်လမ်းတွင် လင်းရှန်သည် စစ်မှန်သော ကိုယ်ခံပညာဆိုင်သို့ သွားရောက်ပြီး အဆောင်များကို ဝယ်ခဲ့သည်။ ထို့နောက် သူသည် အိမ်သို့ ပြန်သွားခဲ့သည်။

သူသည် ကျောင်းသို့ ပြောင်းရွှေ့နေပြီဖြစ်သော်လည်း တိုက်ခန်းကို ပြန်အပ်တာမျိုးမလုပ်ပေ။

တစ်ဖက်တွင်မူ ကျောင်းအပြင်ဘက်တွင် နေရန် နေရာတစ်ခု လိုချင်ခဲ့တာကြောင့် ဖြစ်သည်။

တခြား တစ်ဖက်ကကျ အိုင်ကို နေစရာ နေရာပေးရအုံးမည်။

နိုင်ယန်းကျောင်းမှ တပည့်များအား ဝိညာဉ်ရေးရာသားရဲများ ယူဆောင်လာခြင်းကို တားမြစ်ထားခြင်း မရှိသော်လည်း သားရဲများကို သားရဲသိုလှောင်အိတ်ကဲ့သို့သော သေတ္တာများတွင် သိမ်းဆည်းထားရမည်ဖြစ်သည်။ လွတ်လွတ်လပ်လပ် သွားလာခွင့် မပေးပေ။

အိုက် ပုံစံအရ သူမသည် ထိုပုံစံအတိုင်း ရက်အနည်းငယ်ကြာအောင် နေနိုင်သော်လည်း အချိန်အကြာကြီးတော့ မနေနိုင်လောက်ပေ။

"ငါ့မှာသာ ပိုက်ဆံများများရှိရင် ငါ့ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်ပစ်မယ်။ ဒီလိုနည်းနဲ့ ဆို ငါထပ်ပြီး အိမ်ငှားနေစရာ မလိုတော့ဘူး။"

လင်းရှန်က သူ့ဘာသာ တွေးနေမိသည်။

အိမ်ပြန်ရောက်တော့ အိုက်က ထုံးစံအတိုင်း ဆိုဖာပေါ်မှာ အိပ်နေသည်။ ကော်ဖီ စားပွဲပေါ်တွင် ကြောင်စာ စည်သွပ်ဗူးအလွတ် အနည်းငယ်သာ ရှိသည်။

လင်းရှန် ဆိုဖာဆီသို့ သွားသည့်တိုင် အိုင်က သူ့ကို သတိမထားမိသေးဘဲ အိပ်ပျော်နေသေးသည်။

"ဘယ်လောက်တောင် တုံးလိုက်တဲ့ ကြောင်လဲ ။ သူခိုးတစ်ယောက်သာ ဝင်လာရင် သူတော့ အဖမ်းခံရပြီး စျေးကွက်မှာ ရောင်းစားခံရအုံးမှာ “

လင်းရှန်သည် အိုက်၏ ဂုတ်ကို ဆွဲကိုင်ကာ ဆိုဖာပေါ်မှ မလိုက်သည်။

ထိုမှပင် အိုက်က ဖျက်ကနဲ့ မျက်လုံးပွင့်လာသည်။ လင်းရှန်ကို မြင်လိုက်တာနဲ့ ချက်ချင်း တတွတ်တွတ်ပြောသည်။

"ငါ အိပ်မက်မက်နေပြန်ပြီလား..."

လင်းရှန်က ခေါင်းညိတ်လိုက်သည်။

"အိပ်မက်မက်ဖို့က စောလွန်းပါသေးတယ်”

အိုက်က အော်ချလိုက်သည်။ သူမ အိပ်မက်မမက်ဘူးဆိုတာ သိလိုက်ရတော့ မျက်လုံးတွေ ပြူးကျယ်သွားသည်။

"လင်းရှန် နင်ပြန်လာပြီပဲ”

"ဒီရက်ပိုင်း ဘယ်ရောက်နေတာလဲ၊ နင် အိမ်ပြန်လာတာမတွေ့ဘူး။

"စကားမစပ်၊ ငါ့ကြောင်စာ ကုန်ပြီ။ နင့်မှာ တစ်ခုခုရှိသေးလား။"

နိုးလာပြီးနောက် ကြောင်သည် ချက်ချင်းပင် စကားပြောပုံးလိုဖြစ်သွားကာ

စကားပြောတာ မနားတော့ပေ။

"ငါမင်းကို မပြောဘူးလား ။ ငါ ကျောင်းကို ခဏသွားရမယ်လို့”

လင်းရှန်က သူမကိုချလိုက်ပြီး ကြားဖြတ်ပြောလိုက်သည်။

"ငါ အိမ်မှာ မရှိတုန်း တစ်ခုခုဖြစ်သေးလား"

"မဖြစ်ပါဘူး၊ ငါကလွဲရင် အိမ်မှာ ဘယ်သူမှမရှိဘူး"

"အဲဒါကောင်းတယ်။" လင်းရှန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူက အိုက်ကို စိုက်ကြည့်ပြီး " နင့်ရဲ့ ကျင့်ကြံမှုက ရော ဘယ်လိုလဲ" ဟု ရုတ်တရက် မေးသည်။

ဒီအကြောင်းကိုပြောတော့ အိုက်က ချက်ချင်းထလာပြီး ဂုဏ်ယူစွာနဲ့ ခေါင်းကို မြှောက်လိုက်သည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းကပဲ ငါဖြတ်ကျော်သွားခဲ့တာ”

ဖြတ်ကျော်သွားပြန်တာလား

လင်းရှန်က အံ့သြစွာ မျက်ခုံးပင့်လိုက်သည်။

လင်းရှန် ကျောင်းမှာတုန်းက ကျင့်ကြံဖို့ အလုပ်များခဲ့နေခဲ့ပေမဲ့ ကျောင်းစာကြည့်တိုက်သို့ သွားရောက်ရန်တော့ အချိန်ရခဲ့သေးသည်။

နိုင်ယန်ကျောင်း စာကြည့်တိုက်၏ အရွယ်အစားနဲ့ အရည်အသွေးသည်

နဂါးမြို့တော်ရှိအကြီးဆုံး ပြည်သူ့စာကြည့်တိုက်ထက် သာလွန်သည်။

လင်းရှန်သည် စာကြည့်တိုက်တွင် ဝိညာဉ်ရေးရာသားရဲများ၏ ကျင့်ကြံနည်းစနစ် အချက်အလက်များအပါအဝင် ဗဟုသုတများစွာကို လေ့လာခဲ့သည်။

လူသားမျိုးနွယ်၏ အဆင့်သုံးဆင့်ကဲ့သို့ပင် လူသားပုံစံမရောက်မီ ဝိညာဉ်သားရဲများ၏ ကျင့်ကြံမှုစနစ်ကို အကြမ်းဖျင်းအားဖြင့် အဆင့်သုံးဆင့်ခွဲထားသည်။

ပထမအဆင့်မှာ ဝိညာဉ်နိုးကြားခြင်းအဆင့်ဖြစ်သည်။

နာမည်အတိုင်းပဲ ဤအဆင့်ရှိ ဝိညာဉ်သားရဲများသည် အာရုံခံစားမှု ရရှိရုံသာ ဖြစ်ပြီး ကျင့်ကြံမှုသည် ကနဦးအဆင့်တွင်သာ ရှိကြသည်။ ယေဘူယျအားဖြင့် သူတို့မှာ တိုက်ခိုက်ရေးအင်အား သိပ်မရှိပေ။

ခြင်္သေ့များ၊ ကျားများ၊ ဝံပုလွေများနှင့် ကျားသစ်များကဲ့သို့ ရက်စက်သော သားရဲများကတော့ ကိုယ်ကိုကိုယ် ကာကွယ်ရန် ၎င်းတို့၏ ချွန်ထက်သော ခြေသည်းများနှင့် သွားများကို အားကိုးနိုင်သည်။

သို့သော် ကြောင်ကဲ့သို့သော ဝိညာဉ်ရေးရာသားရဲများကတော့ ကျင့်ကြံသူတွေအတွက် အကူအညီ သိပ်မရပေ။

အိုက်၏ မျိုးရိုးကြောင့်သာ ညသွေးစက်များထံမှ လွတ်မြောက်ခဲ့တာပင်။

ဒါတောင်မှ လင်းရှန်အကူအညီကို မရခဲ့ဘူးဆိုရင် ဖမ်းမိမည့် ကံကြမ္မာက လွတ်မြောက်နိုင်မှာ မဟုတ်ပေ။

ထို့ကြောင့် ဝိညာဉ်နိုးကြားခြင်းအဆင့် ဝိညာဉ်သားရဲများသည် များသောအားဖြင့် ခြိမ်းခြောက်နိုင်သည့် အဆင့်တော့ မဟုတ်ပေ။

နဂါးမြို့တော်တွင် မွေးမြူခွင့်ရသော ဝိညာဉ်သားရဲ အများစုသည် ဤအဆင့်တွင် သာ ဖြစ်ကြသည်။

သို့သော် ဝိညာဉ်နိုးကြားခြင်းအဆင့်ကို ဖြတ်ကျော်ပြီးတဲ့နောက်မှာတော့ ဝိညာဉ်သားရဲများ၏ စွမ်းအားသည် ကြီးမားသောပြောင်းလဲမှုတစ်ခုလို ဖြစ်သွားမည်ပင်။

သာမန်လူများထက် ခွန်အားနှင့် အမြန်နှုန်းသာလွန်သော သားရဲတစ်ကောင်သည် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အံ့အားသင့်ဖွယ် အဆင့်အထိ မြှင့်တင်ပေးနိုင်မည်။

သူတို့၏ ခြေသည်းများနှင့် အစွယ်များသည် အလွန်ထက်မြက် မာကျောပြီး ကျောက်တုံးများနှင့် သစ်ပင်များကိုပင် အလွယ်တကူ ချိုးဖျက်နိုင်ကြသည်။

ကြောင်များနှင့် မြေခွေးများကဲ့သို့ ဝိညာဉ်ရေးရာသားရဲများမှာတော့ အစွမ်းထက်သော ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များ မရှိကြပေမဲ့ ၎င်းတို့၏ လှည့်စားနိုင်သော စွမ်းရည်များက တိုးတက်လာမည်ဖြစ်သည်။

ရှင်သန်နိုင်သောစွမ်းရည် ဒါမှမဟုတ် တိုက်ခိုက်ရေးစွမ်းရည်ဖြစ်နေပါစေ၊ ဝိညာဉ် နိုးကြားခြင်းအဆင့်တွင် ရှိနေသည့်အချိန်နဲ့တော့ နှိုင်းယှဉ်မရပေ။

ထို့အတွက်ကြောင့် ဤအဆင့်ကို တိုးတက်မှုအဆင့်ဟုလည်း ခေါ်သည်။

၎င်းသည် ပိုးအိမ်မှခွဲထွက်ပြီး လိပ်ပြာဖြစ်လာသည့် သားရဲကို ကိုယ်စားပြုသည်။ ၎င်းသည် တိုးတက်ပြီး အသွင်ပြောင်းဖို့ အချိန်ပင်။

တိုးတက်မှု အဆင့်အထက်သည် ဉာဏ်အလင်းရခြင်း အဆင့်ဖြစ်သည်။

ဤအဆင့်တွင် ဝိညာဉ်သားရဲများသည် လူသားအသွင်ဆောင်ရန် ခြေတစ်လှမ်းသာလိုတော့သည်။

ထိုအချိန်တွင် ဝိညာဉ်ရေးရာသားရဲသည် ၎င်းတို့၏ကိုယ်ခန္ဓာရှိ အမွေဆက်ခံသောသွေးကို နိုးထလာစေသည်။ ခွန်အားတွေ တိုးတက်လာချိန်မှာ ၎င်းတို့အမွေဆက်ခံတဲ့ သွေးအတိုင်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်အမျိုးမျိုးကိုလည်း နိုးကြားလာစေသည်။ သူတို့သည် ရေကိုထိန်းနိုင်သည်၊ မီးကိုဆင့်ခေါ်နိုင်သည်၊ မြေပြင်ကနေ ထွက်ပြေးနိုင်သည်၊ ထို့ပြင် လေကိုပင်စီးနိုင်သည်။

ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်အမျိုးမျိုးတောင် ရှိသည်။

အတိုချုပ်အားဖြင့် ဝိညာဉ်သားရဲများ၏ နိုးကြားမှု၊ တိုးတက်မှုနှင့် ဉာဏ်အလင်းရမှုအဆင့်များသည် လူသားကျင့်ကြံသူများ၏ ချီအသွင်ပြောင်းခြင်း၊ ကြာရှည်စွာအသက်ရှုခြင်း ၊ တောက်ပသော ဝင်ပေါက်အဆင့်များနဲ့ အကြမ်းဖျင်းအားဖြင့် တူသည်။

သားရဲများသည် လူအသွင်ကို အောင်မြင်စွာပြောင်းနိုင်သောအခါ ၎င်းတို့သည် ၎င်းတို့၏ ခန္ဓာကိုယ်၏ ကန့်သတ်ချက်များကို ကျော်လွှားနိုင်မည်ဖြစ်သည်။ လူသား ကျင့်ကြံသူသခင်များကဲ့သို့ပင် ၎င်းတို့သည် မသေမျိုး ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းနိုင်သော အရည်အချင်းများပင် ရှိသည်။

ဤအဆင့်၏ ဝိညာဉ်ရေးရာ သားရဲများကို ကျင့်ကြံသူများက

ဝိညာဉ်ရေးရာသားရဲများဟု မခေါ်တော့ဘဲ သားရဲသခင်ဟု ဆိုကြသည်။

မှတ်သားထိုက်သည့်အချက်မှာ ဝိညာဥ်သားရဲအဆင့်သုံးဆင့်၏ သတ်မှတ်မှုသည် လူသားကျင့်ကြံသူကဲ့သို့ အသေးစိတ်မဟုတ်ပေ။ အဆင့်တစ်ခုစီကို အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့်နှင့် နှောင်းပိုင်းအဆင့်ဟူ၍ အကြမ်းဖျင်းခွဲခြားထားသည်။

လင်းရှန် လေ့လာတွေ့ရှိချက်အရ အိုက်နဲ့စာချုပ်ချုပ်ဆိုသောအခါတွင် အိုက်သည်ဝိညာဉ်နိုးကြားရေးအဆင့်၏ အလယ်အလတ်အဆင့်တွင် ရှိနေလောက်သည်။

ဤအချိန်ကာလအတွင်း သူမသည် တစ်ကြိမ်ကျော်ဖြတ်ခဲ့တာကြောင့် ယခု ဝိညာဉ်နိုးကြားခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

အကယ်၍ သူမ ယခု ထပ်မံ ဖြတ်ကျော်ခဲ့လျှင် သူမသည် တိုးတက်မှုအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။

လင်းရှန် အနည်းငယ် အံ့သြသွားသည်။ နဂါးမြို့တော်တွင် ရှင်သန်ရန်ခက်ခဲသော ဤကြောင်ကဲ့သို့သော ဝိညာဉ်သားရဲမဆိုထားနဲ့၊ တိုးတက်မှုအဆင့် ဝိညာဉ်သားရဲကို မြင်တွေ့ရဖို့တောင် ရှားပါးသည်။

အမှန်ဆိုလျှင် အိုက်၏ ကျင့်ကြံမှု အရှိန်ကအံ့မခန်းပင်။

All Chapters