ဝိညာဉ်ရေးရာ သားရဲ ကျင့်ကြံနည်းစနစ် (၂)
Vol. 7 Ch. 96
အိုက်သည် လင်းရှန်ထက် မြန်သည် ။
"တိုးတက်မှုအဆင့်ကို တကယ်ဖြတ်ကျော်ပြီးသွားပြီလား"
"တိုးတက်မှုအဆင့်?"
အိုက်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သေချာတာက သူမသည် ဝိညာဉ်ရေးရာသားရဲ၏ ကျင့်ကြံမှု အဆင့်များကို မသိခဲ့ပ။
လင်းရှန်က သူ့ကို စိတ်ရှည်ရှည်နဲ့ ရှင်းပြခဲ့သည်။
ဒါကိုကြားတော့ အိုက်က ရုတ်တရက် တစ်ခုခုကို သတိထားမိပြီး စိတ်လှုပ်ရှားနေပုံပေါ်သည်။
"ငါ့ရဲ့ လှည့်စားနိုင်မှုတွေကိုတော့ ပိုပြီး ကောင်းကောင်းထိန်းချုပ်လာနိုင်တယ်လို့ ခံစားမိတာ အံ့သြစရာမရှိပါဘူး။ ဒီတော့ ဒါက တိုးတက်မှု အဆင့်ပေါ့”
လင်းရှန်သည် ရုတ်တရက် စိတ်ဝင်စားလာပြီး ပြောလိုက်သည် "အိုက်၊ ငါ့ကိုရော လှည့်စားလို့ရလား”
"ဟင်?" အိုက်က အံ့သြသွားသည်။
"ငါပြောတဲ့အတိုင်းလုပ်၊ စိတ်မပူနဲ့။ အဆင်ပြေသွားမှာ။"
လင်းရှန်က အခိုင်အမာပြောလာသောကြောင့် အိုက်သည် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် လင်းရှန်၏ အမြင်အာရုံသည် ရုတ်တရက် ပြက်ပျက်သွားသည်။ ဧည့်ခန်းသည် ချက်ချင်း ပျောက်ကွယ်သွားပြီးအလင်းမှိန်ကာ ကျယ်ပြောသော နေရာတစ်ခု ဖြစ်သွားသည်။
ကျောက်တိုင်အရွယ်အစား ရှိသည့် ဆလင်ဒါပုံစံသတ္တုပစ္စည်းများက ထိုနေရာတွင် စုပုံနေသည်။
ထို ဆလင်ဒါသတ္တုပစ္စည်းများကို အမြင့် ၁၀၀နီးပါးရှိသော တိုင်များကဲ့သို့ တစ်ခုနဲ့တစ်ခုထပ်ထားသည်။ ထိုအရာတွေက လင်းရှန်ကို ဝင်္ကပါလို အလယ်မှာ ထားပြီး ဝိုင်းရံထားသည်။
လင်းရှန်သည် ပတ်ဝန်းကျင်ကို ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။
သူစိတ်ကူးယဉ်ခဲ့သော စိတ်ကူးနဲ့တော့ မတူပေ။
အနီးကပ်စစ်ဆေးပြီးနောက် လင်းရှန်သည် မျက်လုံးများကို လှည့်ပတ်ကစားလိုက်သည်။
ဆလင်ဒါသတ္ထုပစ္စည်းများသည် အကြိမ်ရေမရေမတွက်နိုင်အောင် ချဲ့ထွင်ထားသည့် ကြောင်စာဗူးများဖြစ်သည်။
"ဘယ်လောက်တောင် အစားကြီးလိုက်လဲ ..."
လင်းရှန်သည် စကားမပြောနိုင်ပေ။ ခေါင်းယမ်းကာ ပတ်ဝန်ကျင်ကို စတင်ကြည့်ရှုလိုက်သည်။
ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးထားသော မြင်ကွင်းသည် အလွန်လက်တွေ့ကျကြောင်း သူ ဝန်ခံသည်။
သံဘူးများကို ထိလိုက်သောအခါ သတ္တု၏ ထူးခြားသော အေးမြမှုကို ခံစားရသည်။
လေထဲမှာရှိတဲ့ အသားတွေရဲ့ မွှေးရနံ့ကလည်း အမှန်တကယ်ပင်။
လင်းရှန်သည် ကီလိုမီတာအနည်းငယ်လောက်ပြေးရန် အရိပ်ကိုအသုံးပြုခဲ့တာတောင် ကြောင်စာ စည်သွပ်ဗူးဖြင့်ဖွဲ့စည်းထားသော ဝင်္ကပါထဲတွင် ရှိနေသေးပြီး အပြင်မထွက်နိုင်တော့ပေ။
ဒါကိုမြင်တော့ လင်းရှန်က သူ့ခြေလှမ်းကို ရပ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် ရုတ်တရက် ပါးစပ်ကိုဖွင့်ကာ ရှည်လျားသောဟောက်သံကို ထုတ်လိုက်သည်။
နဂါးဟောက်သံသည် ပြင်းထန်စွာ ပျံ့နှံ့သွားသော အသံလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုဟောက်သံ ဖြတ်သွားတိုင်း ပတ်ဝန်းကျင် ရှုခင်းသည် ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်တုံးပစ်ချလိုက်သကဲ့သို့ ချက်ချင်း တုန်ခါသွားသည် ။
ဒီမြင်ကွင်းကိုမြင်တော့ လင်းရှန်က အကြံတစ်ခုရသွားသည်။ သူသည် တိမ်တိုက်ကြားမှ နဂါးဟောက်သံကို ရပ်တန့်လိုက်သည်။
ထင်ယောင်ထင်မှား မြင်ကွင်း ပျက်ပြယ်သွားပါက ဝိညာဉ်သားရဲကိုယ်တိုင်က အချို့သော တုံ့ပြန်မှုကို ခံရပေလိမ့်မည်။ အိုက်ကို မထိခိုက်စေချင်ပေ။
"ကောင်းပြီ အိုက်။ မင်းရဲ့ ထင်ယောင်ထင်မှားမြင်ကွင်းကို အခုရပ်လိုက်လို့ ရပြီ"
ပတ်ဝန်းကျင် မြင်ကွင်းသည် ချက်ချင်းပင် ပုံပျက်ပန်းပျက် ဖြစ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ လင်းရှန်က ဧည့်ခန်းထဲပြန်ရောက်နေပြီဆိုတာ သိလိုက်ရသည်။
သို့သော် သူသည် ရွေ့လျားခြင်းမရှိဘဲ နေရာတွင် မတ်တပ်ရပ်နေဆဲဖြစ်ပြီး ယခင်က သူပြေးထွက်ခဲ့တာကလည်း အိပ်မက်တစ်ခုလိုပင်။
"ဒီ ထင်ယောင်ထင်မှား နည်းစနစ်က တကယ်ကို မှော်ဆန်တယ်”
လင်းရှန်သည် အံ့ဩလွန်းလို့ ပါးစပ် အဟောင်းသား ဖြစ်သွားပြီး အိုက်ကို သဘောကျစွာ ကြည့်လိုက်သည်။
သူ့ကောင်က တိုးတက်မှုအဆင့်ကို တကယ်ဖြတ်ကျော်သွားပုံရသည်။
မဟုတ်ပါက ဝိညာဉ်နိုးကြားခြင်းအဆင့် ဝိညာဉ်သားရဲ ပုံဖော်ထားသော လှည့်စားမှုနည်းစနစ်သည် သူကဲ့သို့ ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူအား ထောင်ချောက်ဆင်နိုင်မည်မဟုတ်ပေ။
ဒါဟာ သတင်းကောင်းပင်။ အနည်းဆုံးတော့ အိုက်က သူ့ဘာသာ ကာကွယ်ဖို့ လုံလောက်တဲ့ စွမ်းအားရှိနေပြီ
ကြာရှည်စွာအသက်ရှုခြင်း ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်ရှိ အခြားသော ကျင့်ကြံသူသည် ထိုထင်ယောင်ထင်မှားမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
သို့သော်လည်း အိုက်၏ လှည့်စားမှုသည် သူ့ကို ဖမ်းရန် အဓိက ရည်ရွယ်သောကြောင့် ဖြစ်သည်။
အကယ်၍ သူမသည် သူ၏ရန်သူကို လှည့်စားမှုနဲ့ တိုက်ခိုက်ရန် ကြိုးစားခဲ့မည်ဆိုလျှင် ချုပ်နှောင်မှု၏ သက်ရောက်မှုသည် ဤမျှလောက် အစွမ်းထက်မည် မဟုတ်ပေ။
လင်းရှန်၏ စိတ်ထဲတွင် တွေးနေသော်လည်း ၎င်းကို မပြောတော့ပေ။ အဲ့အစား သူက ပြုံးပြီး အိုက်ရဲ့ ခေါင်းကို ပုတ်လိုက်သည်။
"ကောင်းတယ်။ အဲဒါက တကယ်ကို အထင်ကြီးစရာပဲ။"
အိုက်က ဝမ်းသာအားရ ပြုံးလိုက်သည်။
ချီးမွမ်းစကားအနည်းငယ်ပြောပြီးနောက် လင်းရှန်က အလုပ်အကြောင်း ဆက်ပြောသည်။ “အိုက်၊ အဆင်သင့်ပြင်ထား။ နောက်ကျ ငါနဲ့အတူ မြို့ပြင်ထွက်ရမှာ”
"မြို့ပြင်လား? ဘာလို့လဲ..အဲဒါက အန္တရာယ်ရှိတယ်လို့ ဗိုလ်ချုပ်ပြောတာကို ငါကြားဖူရတယ်။"
"လေ့ကျင့်ရေးနဲ့ ရတနာအမဲလိုက်ဖို့လေ။ မင်းက သဘာဝဝိညာဉ်ရေးရာ အနှစ်သာရကို ခံစားနိုင်တဲ့သူမလား ။ သဘာဝရတနာတချို့ကို မင်းရှာတွေ့နိုင်တယ်။ ဒီလိုနည်းနဲ့ အဲ့တာတွေကို ဝိညာဉ်ဒင်္ဂါးတွေနဲ့ လဲပြီးရင် မင်းအတွက် ကြောင်စာစည်သွပ်ဘူးတွေအများကြီးဝယ်လို့ ရတယ်”
နောက်ဆုံးစကားကိုကြားတော့ အိုက်သည် သူမ၏စိတ်ထဲမှ သံသယအားလုံးကို ချက်ချင်းပစ်ချလိုက်ပြီး ဆန်ကို နှုတ်သီးနဲ့ဆိတ်နေသည့် ကြက်တစ်ကောင်လို ခေါင်းညိတ်နေသည်။
"ငါ နားလည်ပြီ။ ရတနာတွေရှာဖို့ ငါကြိုးစားမယ်”
စည်သွတ်ဘူးကြောင်အစာက အိုက်ရဲ့ရည်မှန်းချက်လို ဖြစ်နေတော့ သူက အလွန်
စိတ်အားထက်သန်နေသည်။ လင်းရှန်က သားရဲ သိုလှောင်အိတ်ထဲကို ဝင်ခိုင်းတဲ့အခါ သူမက ကျေကျေနပ်နပ်နဲ့ကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။
သားရဲသိုလှောင်အိတ်ကို သယ်ကာ လင်းရှန်သည် အိမ်မှ အလျင်အမြန် ထွက်ပြီး မြို့ပြင်ကို ပြေးထွက်သွားသည်။
နဂါးမြို့တော်ကို စတင်တည်ထောင်သောအခါက အဓိကဂိုဏ်းကြီးသုံးခုမှ
စွမ်းအားမြင့်ကျင့်ကြံသူများနှင့် အဓိပတိများသည် မြို့အတွက် အကာအကွယ်အခင်းအကျင်းကို အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ ထိုအရာကို အနှစ်တစ်ထောင်ကျော်ကြာအောင် လုပ်ဆောင်ခဲ့ကြရသည်။
ဤအခင်းအကျင်းသည် နဂါးမြို့တော်၏လုံခြုံရေးကို နှစ်ပေါင်းတစ်
ထောင်ကြာအောင် ကာကွယ်ပေးထားခဲ့တာ ဖြစ်သည်။
ပတ်ဝန်းကျင်မြို့များတွင် ဝိညာဉ်ရေးရာသားရဲများ ရံဖန်ရံခါ ထွက်ပေါ်လာသည့် ကောလဟာလများ ရှိသော်လည်း နဂါးမြို့တော်တွင်တော့ ထိုသို့သော အဖြစ်အပျက်များ တစ်ခါမှ မဖြစ်ဖူးပေ။
နဂါးချောက်နက်တောင်တန်းမှာရှိတဲ့ နတ်ဆိုးမျိုးနွယ်တွေတောင် နဂါးမြို့တော်နဲ့ ပဋိပက္ခအပြင်းထန်ဆုံးဖြစ်ချိန်တွင် ဒီမြို့ကို တိုက်ခိုက်ဖို့ သတ္တိမရှိကြပေ။ အများစုမှာ အနီးနားရှိ လက်အောက်ခံမြို့များကိုသာ နှောင့်ယှက်ရဲကြသည်။
နဂါးမြို့တော်အနေနဲ့ ငြိမ်သက်မှုနှင့် တည်ငြိမ်မှုကို အချိန်အတော်ကြာ ထိန်းသိမ်းထားနိုင်ခဲ့တာက ဤကြီးမားသောအခင်းကျင်း၏ ကျေးဇူးကြောင့်ဖြစ်သည်။
နဂါးမြို့တော်သည် အဝင်အထွက်နှင့် ပတ်သက်ပြီး တင်းကျပ်သော စည်းမျဉ်းများလည်း ရှိသည်။
နဂါးမြို့တော်ကို ဝင်ဖို့နဲ့ ထွက်ဖို့အတွက် အဓိက ဂိုဏ်းကြီး သုံးခုမှ ထုတ်ပေးသော တိုကင်တစ်ခုကို လူတိုင်းကိုင်ဆောင်ထားရသည်။
ထို့အပြင် မတူညီသောတိုကင်များတွင် မတူညီသောကန့်သတ်ချက်များရှိသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် တိုကင်ကို မှားယွင်းအသုံးပြုပါက အခင်းအကျင်း ထဲတွင် ပိတ်မိနေနိုင်သည်။ ထိုအခါ ဂိုဏ်းကြီးသုံးခု၏ အစောင့်အကြပ်များမှ စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးတာမျိုးတောင် လုပ်နိုင်သည်။
ကံကောင်းထောက်မစွာပဲ လင်းရှန်၏ မြို့ပြင်ခရီးသည် အလွန်ချောမွေ့ခဲ့သည်။
နာရီဝက်လောက်ကြာတော့ လင်းရှန်သည် နဂါးမြို့တော်အပြင်ဘက်ရှိ တောနက်ထဲမှာ ပေါ်လာသည်။
နဂါးချောက်နက် တောင်တန်းနဲ့ အနီးဆုံးဝင်ပေါက်သည် နဂါးမြို့တော်မှ မိုင်(၃၀) ကျော်ကွာဝေးသည်။ လင်းရှန်သည် စီးနိုင်သော ဝိညာဉ်ရေးရာ သားရဲများကို မမွေးမြူထားသောကြောင့် ခြေလျင်သာ သွားလာနိုင်သည်။
"ငါ တစ်နေ့ ဓားပေါ်မှာ ပျံသန်းနိုင်ရမယ်”
လင်းရှန်သည် စာမေးပွဲဖြေဆိုသည့်နေ့တွင် ကောင်းကင်ကိုဖြတ်၍ ပျံသန်းနေသော ဓားအလင်းအကြောင်းကို တွေးပြီး ရှေ့ဖြစ်လာမည်အရာကို စောင့်မျှော်နေမိသည်။
ကံမကောင်းစွာပဲ ကျင့်ကြံသူ သခင်အဆင့်သည် ဝေးကွာလွန်းသဖြင့် စဉ်းစားရုံသာ တတ်နိုင်သည်။