ဝိညာဉ်ရေးရာ သားရဲ ကျင့်ကြံနည်းစနစ် (၃)
Vol. 7 Ch. 97
"ငါ ဒါပြီးလို့ ပြန်သွားရင် တောင်တက်နိုင်တဲ့ ဝိညာဉ်သားရဲတစ်ကောင်ကို ဝယ်ရမယ်။ အဲ့တာကို အရည်အသွေးခန်းမမှာ ရှာတွေ့နိုင်မယ်ထင်တယ်"
ကံကောင်းထောက်မစွာပဲ ခြေလျင်ခရီးသွားရတာ နည်းနည်းပင်ပန်းပေမယ့် လင်းရှန်သည် ကျိုးယန် အကြံပြုချက်ကို နားထောင်ပြီး အဆောင်တစ်ချို့ကို ကြိုဝယ်ထားခဲ့သည်။ အဲဒီအထဲမှာ ခရီးသွားလျှင် အသုံးပြုလို့ရသည့် လှုပ်ရှားမှုနတ်ဘုရားအဆောင် ပါတာကြောင့် သူတော်တော်လေး မြန်မြန် သွားနိုင်သည်။
နာရီဝက်မပြည့်မီတွင် လင်းရှန်သည် နဂါးချောက်နက် တောင်တန်း၏အစွန်အဖျားသို့ရောက်ရှိလာသည်။
"အနီးဆုံးက ဖီရွန်တောင်တန်းပဲ။ အဲ့မှာ တောင်ပေါ်မျောက်တွေကို အရင်ဖြေရှင်းရမယ်”
မြေပုံကိုစစ်ဆေးပြီးနောက် လင်းရှန်သည် ပထမဆုံးမှတ်တိုင်အတွက် ဦးတည်ရာကို အမြန်ဆုံးဖြတ်လိုက်သည်။
သူရွေးချယ်သည့် မစ်ရှင်အနည်းငယ်တွင် တောင်ပေါ်ရှိ မျောက်များကို ရှင်းပစ်ခြင်းအတွက် ဆုကြေးမှာ အမြင့်ဆုံးဖြစ်ပြီး သာမန် အရည်အသွေးရမှတ် သုံးခု အထိ မြင့်မားသည်။
အဘယ်ကြောင့်ဆိုသော် မစ်ရှင်ဖော်ပြချက်အရ ဖီရွှန်တောင်တွင် ဝိညာဉ်မျောက် ၃၀မှ ၄၀အထိရှိပြီး အများစုမှာ တိုးတက်မှု အစောပိုင်းအဆင့်တွင် ရှိသောကြောင့်ဖြစ်သည်။
သူတို့၏ခေါင်းဆောင်သည် အလယ်အလတ်အဆင့်တွင်ပင် ရှိလောက်သည်။
ပြောရလျှင် ကြာရှည်စွာအသက်ရှုခြင်း ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်တပည့်များ မဆိုထားနှင့်၊ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်ရှိသော တပည့်များပင်လျှင် ထိုကဲ့သို့သောမစ်ရှင်ကို လက်ခံဝံ့မည်မဟုတ်ပေ။
လင်းရှန်သာလျှင် ထိုကဲ့သို့သော မစ်ရှင်ကို လက်ခံရန် ယုံကြည်ချက်ရှိသည်။
သူ့ကိုယ်ပွါးတွေနဲ့ဆို သူတစ်ယောက်တည်းက လူခြောက်ယောက်နဲ့ ညီမျှသည်။ တောင်နှစ်တောင်ဖြတ်ပြီးတဲ့နောက်မှာတော့ ဖီရွန်တောင်ကို ရောက်လာသည်။
လင်းရှန်က အချိန်မဆိုင်းဘဲ တောင်ပေါ်ကို မော့ကြည့်ပြီး တက်လိုက်သည်။
နဂါးချောက်နက်တောင်တန်း၏အစွန်အဖျားတွင် ဝိညာဉ်ရေးရာသားရဲ အနည်းငယ်သာရှိသော်လည်း ၎င်းတို့ထဲမှ (၈၀)%ကျော်သည်
တိုးတက်မှုအဆင့်တွင် ရှိကြသည်။ ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူများအတွက်ပင် ၎င်းသည် အန္တရာယ်ရှိဆဲဖြစ်သည်။
ဤသည်မှာလည်း နဂါးချောက်နက်တောင်တန်းနှင့် ပတ်သက်သည့် တိုက်ပွဲမစ်
ရှင်ကို ကြာရှည်စွာအသက်ရှုခြင်းအဆင့် တပည့်မှသာ လုပ်ဆောင်ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
လမ်းတစ်လျှောက်တွင် လင်းရှန်သည် အလွန်သတိထားနေသည်။ အကာအကွယ် အဆောင်နဲ့ ပျံသန်းခြင်းအဆောင်ကို ရင်ဘတ်ပေါ်တွင် ကပ်ထားပြီး ၎င်းတို့ကို အချိန်မရွေး အသက်သွင်းရန် အဆင်သင့်ပြင်ထားသည်။
သိပ်မကြာခင်မှာပဲ လင်းရှန်က သူ့သွားရာလမ်းမှာ စိမ့်ထွက်လာတဲ့ အနံ့အသက်ဆိုးကို ကောင်းကောင်း ခံစားမိသည်။
သူ့နှလုံးခုန်သံက ပိုမြန်သွားသည်။ သူက ချက်ချင်းရပ်ပြီး ပတ်ဝန်းကျင်ကို စောင့်
ကြည့်နေသည်။
နောက်အခိုက်အတန့်မှာတော့ သူ့ရှေ့က ရှဲရှဲဟူသော အသံကို ကြားလိုက်ရသည်။အနက်ရောင်အမွေးတွေနဲ့ ကျွဲအရွယ်အစားလောက် ရှိသော ဝံပုလွေကြီးလေးကောင်သည် သစ်ပင်နောက်ကွယ်မှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
သူတို့ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် လင်းရှန်၏လွတ်မြောက်ရာ လမ်းကြောင်းကို လေးဘက်လေးလံမှ ပိတ်ဆို့လိုက်ကြသည်။ ထို့နောက် သူတို့ ပါးစပ်ကိုဖွင့်လိုက်ပြီး ဟိန်းဟောက်သံများ ထွက်လာသည်။ သူတို့၏ အစွယ်များမှလည်း စေးကပ်သော တံတွေးများ ရွှဲလာပြီး အလွန်ရက်စက်ပုံပေါက်သည်။
"နတ်ဆိုးဝံပုလွေ..."
လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။
ဤနတ်ဆိုးဝံပုလွေလေးကောင်သည် တိုးတက်မှုအဆင့်တွင် ရှိနေသည်မှာ သိသာသည်။
တိုးတက်မှုအဆင့်ဝိညာဉ်သားရဲများသာ ဤကဲ့သို့ ထင်ရှားသော အသွင်အပြင်ကို ပြောင်းလဲနိုင်မည်ဖြစ်သည်။
လင်းရှန်က နတ်ဆိုးဝံပုလွေလေးကောင်ကို သေချာကြည့်လိုက်သောအခါ ၎င်းတို့ကလည်း လင်းရှန်းကို စောင့်ကြည့်နေခဲ့သည်။ လူသားကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုနှင့် လှောင်ပြောင်မှုတစ်ခုက သားရဲမျက်လုံးလေးစုံတွင် တောက်ပလာသည်။
သူတို့ရှေ့က ဒီလူသားကျင့်ကြံသူသည် မလွတ်မြောက်နိုင်တော့ဘဲ သူတို့ရဲ့ စားစရာဖြစ်လာမည်ဟု ရည်မှန်းထားပုံရသည်။
ထိပ်တိုက်ရင်ဆိုင်မှုက သိပ်မကြာလိုက်ပေ။ နတ်ဆိုးဝံပုလွေလေးကောင်က ရုတ်တရက်ဟိန်းဟောက်ပြီး လျှပ်စီးလို အရှိန်နဲ့ ရှေ့ကို ပြေးလာသည်။ သူတို့ရဲ့ အစွယ်တွေကို ဖြဲပြီး လင်းရှန်ကို ပြင်းပြင်းထန်ထန် ခုန်အုပ်ကြသည်။
တခြားသူသာဆိုရင် လမ်းကြောင်းအမျိုးမျိုးမှ နတ်ဆိုးဝံပုလွေလေးကောင် တိုက်ခိုက်လာခြင်းကို ပထမဆုံးတုံ့ပြန်မှုက ရှောင်တိမ်းတာပင် ဖြစ်လိမ့်မည်။
သို့သော်လည်း လင်းရှန်သည် မြေပြင်ပေါ်တွင် အမြစ်တွယ်နေကာ လုံးဝမရှောင်တိမ်းပေ။
အဲဒီအစား သူက သူ့လက်ကိုလှည့်ပြီး သူ့ရှေ့မှာ နတ်ဆိုးဝံပုလွေကို တားလိုက်သည်။
ဘုန်း
နတ်ဆိုးဝံပုလွေများ၏ အနှိုင်းမဲ့ချွန်ထက်သောအစွယ်များသည် လင်းရှန် ၏ပခုံး၊ ခါးနှင့် ပေါင်များကို ထိုးဖောက်နေသော်လည်း သက်ရောက်မှုမှာ သားရေကို ကိုက်နေသကဲ့သို့အသံ သဲသဲကွဲကွဲ မကြားရပေ။ ၎င်းတို့သည် လင်းရှန်ကို ထိခိုက်ပျက်စီးစေတာမျိုး မဖြစ်တဲ့အပြင် ကြီးမားသော ပြန်ကန်မှုကြောင့် ၎င်းတို့ပင် လှုပ်ခါသွားသည်။ အဲ့တာက သူတို့အစွယ်များကို နာကျင်စေပြီး ခေါင်းကိုပါ ခါယမ်းသွားစေသည်။
ဒီအခွင့်အရေးကို အသုံးချပြီး လင်းရှန်က နတ်ဆိုးဝံပုလွေတစ်ကောင်ရဲ့ ဦးခေါင်းကို သူ့လက်ဖဝါးနဲ့ ရိုက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် အူသံတစ်ခုထွက်ပေါ်လာပြီး နတ်ဆိုးဝံပုလွေသည် ဓာတ်လိုက်ခံရသကဲ့သို့ ပြင်းထန်စွာ တုန်လှုပ်သွားကာ ၎င်း၏ဦးခေါင်းသည် ကင်ထားသော အသားကဲ့သို့ လောင်ကျွမ်းနေသော အငွေ့အသက်များ ထွက်လာသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ့ခန္ဓာကိုယ်သည် ပျော့ခွေသွားသည်။
လင်းရှန်က သူ့လက်ကို လွှတ်လိုက်သောအခါ နတ်ဆိုးဝံပုလွေသည် ချက်ချင်း မြေပြင်ပေါ်သို့ လဲကျသွားပြီး သေဆုံးသွားသည်။
ကျန်ရှိသော နတ်ဆိုးဝံပုလွေ ၃ ကောင်သည်လည်း မမျှော်လင့်ထားသော မြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။
သူတို့ မတုံ့ပြန်ခင်မှာ လင်းရှန်က လှည့်ပြီး လျှပ်စီးလို အရှိန်နဲ့ အရည်ပျော်ခြင်းကို ထပ်မံအသုံးပြုပြီး နတ်ဆိုးဝံပုလွေတစ်ကောင်ကို သတ်ပစ်လိုက်သည်။
ဤအခိုက်အတန့်တွင် ကျန်နတ်ဆိုးဝံပုလွေနှစ်ကောင်သည် ကြောင်တောင်တောင်ဖြစ်သွားသည်။ သူတို့၏ သားရဲမျက်လုံးထဲမှာတော့ လင်းရှန်ကို ကြောက်စရာလူသားအဖြစ် မြင်လာသည်။
သူတို့ရှေ့မှ လူသား ကျင့်ကြံသူသည် သူတို့အရင်က တွေ့ဖူးတဲ့ လူသားတွေထက် အများကြီး ပိုသန်မာတယ်ဆိုတာ နားလည်သွားလေပြီ။
ကံမကောင်းစွာပဲ သူတို့နားလည်တာက အချိန်နှောင်းနေပြီဖြစ်သည်။ လင်းရှန်သည် သူ့သားကောင်ကို အလွတ်မပေးပေ။
တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာနဲ့ဆို လင်းရှန်သည် နတ်ဆိုးဝံပုလွေနှစ်ကောင်၏ တိုက်ခိုက်ခြင်းကို ဂရုစိုက်နေစရာ မလိုပေ။
တစ်ဖက်တွင် သူ၏ အရည်ပျော်ခြင်းသည် ရာနှင့်ချီ သန့်စင်ထားသော တိုက်ခိုက်ရေး လက်နက်ကိုပင် ဖျက်ဆီးပစ်နိုင်သည်။
လင်းရှန်က သူတို့ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းတွေကို ရိုက်ခဲ့ရင် သူတို့သေနိုင်တာ ဒါမှမဟုတ် ပြင်းထန်စွာ ဒဏ်ရာရသွားတာမျိုး ဖြစ်မည်ပင်။
စက္ကန့်အနည်းငယ်အတွင်းမှာပဲ ကျန်တဲ့ နတ်ဆိုးဝံပုလွေနှစ်ကောင်က သူတို့ရဲ့ အဖော်တွေနောက်ကို လိုက်သွားရသည်။
နောက်ဆုံးတော့ နတ်ဆိုးဝံပုလွေကို သတ်လိုက်သည့်အခိုက်တွင် လင်းရှန်သည်တစ်ခုခုကို နားလည်သွားသကဲ့သို့ အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင် တစ်စုံတစ်ခု တိုးဝင်လာပုံရသည်။
အဲ့တာကတော့ သတ်ဖြတ်မှုကို အားပေးခြင်း စွမ်းရည် အစပျိုးလာတာပင်။