ကောက်ကျစ်သော ယုန်လေး(၁)
Vol. 7 Ch. 98
လင်းရှန်သည် ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်းပင် အာရုံစိုက်လိုက်သည်။
သူ့စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသော အချက်အလက်မှာ အရည်ပျော်ခြင်း၏ ထိုးထွင်းသိမြင်မှုနှင့် နားလည်မှုများအကြောင်း ဖြစ်သည်။
မျက်နှာပြင်ကိုကြည့်လိုက်တော့ အရည်ပျော်ခြင်းသည် "ကျွမ်းကျင်အဆင့် ၈၆% " ဖြစ်လာခဲ့သည်။
တခဏအတွင်းမှာပဲ ၎င်းသည် ၁၀% အပြည့်တိုးလာသည်။
"ကောင်းလိုက်တာ၊ အရမ်းကောင်းတယ်”
လင်းရှန်သည် ဝမ်းသာအားရ ဖြစ်နေသည်။
၎င်းသည် ကျင့်ကြံမှု ၁၀ % သာ တိုးတက်လာသော်လည်း သာလွန်ကောင်းမွန်သော ကိုယ်ခံပညာ စွမ်းရည်နဲ့ ကိုယ်ပွါးအတွက်ကမူ ကျင့်ကြံရန် အနည်းဆုံး သုံး၊ လေးရက်
လောက် အချိန်ယူရမည်ဖြစ်သည်။
သူသည် နတ်ဆိုးဝံပုလွေတစ်ကောင်ကိုသတ်ရုံနဲ့ ဒီသက်ရောက်မှုကို ခံစားရသည်။ သတ်ဖြတ်မှူကို အားပေးခြင်းသည် တကယ်ကို အစွမ်းထက်သည်။
“အစပျိုးတဲ့အရာက နည်းနေတာတော့ ဝမ်းနည်းစရာပဲ။ သူက တိုးတက်မှုအဆင့်မှ အလုပ်ဖြစ်တာဆိုတော့ ၂၅%လောက်တော့ဖြစ်သင့်တာပေါ့”
လင်းရှန်က ခေါင်းခါလိုက်သည်။ ဖြစ်နိုင်ခြေအတိအကျကို စမ်းသပ်ရန် နမူနာလေးခုကမလုံလောက်ပေ။
စာရင်းထဲကအတိုင်း သူသည် ဝိညာဉ်ရေးရာသားရဲများနောက်ကို ထပ်လိုက်ရန် လိုအပ်သည်။
သတ်ဖြတ်ခြင်းကိုအားပေးမှု၏အကျိုးသက်ရောက်မှုအောက်မှာတော့ ဝိညာဉ်သားရဲများကို အမဲလိုက်ရခြင်း၏ ငြီးငွေ့ဖွယ်ကောင်းပြီး ခက်ခဲသောလုပ်ငန်းစဉ်သည် သူ့ခွန်အားကိုတိုးစေသော ပျော်ရွှင်ဖွယ်အရာအဖြစ် ပြောင်းလဲသွားသည်။
လင်းရှန်သည် စိတ်အားထက်သန်မှု အပြည့်ရှိနေသည်။
အံ့အားသင့်စရာများ တွေ့ပြီးနောက်မှာတော့ သူသည် နတ်ဆိုးဝံပုလွေများကို ကြည့်လိုက်သည်။
အလောင်းတွေကို မြေကြီးပေါ်မှာ မထားခဲ့ဘဲ သူ့သိုလှောင်ကျောက်စိမ်းအိတ်ထဲကို ထည့်လိုက်သည်။
တိုးတက်မှု အစောပိုင်းအဆင့် နတ်ဆိုးဝံပုလွေသည် အလွန်အသုံးဝင်ဆဲဖြစ်သည်။
ဥပမာအားဖြင့် မာကျောတဲ့ အစွယ်တွေကို လက်နက် သန့်စင်ဖို့ အသုံးပြုနိုင်သည်။
ဝံပုလွေအသားလည်းရှိသေးသည်။၎င်းသည် နိုင်ယန်းကျောင်း၏ စားသောက်ခန်းတွင်
ရောင်းချသော တောက်ပသော ဝင်ပေါက်အဆင့် ဝိညာဉ်သားရဲအသားနှင့်မယှဉ်နိုင်
သော်လည်း ၎င်းသည် ဝိညာဉ်ရေးရာသားရဲအသားဖြစ်နေဆဲဖြစ်သည်။၎င်းသည် အချို့သောဝိညာဉ်သားရဲအသားကောင်းများကို တုပထားသည့်အတိုင်း ကောင်းမွန်လှသည်။
ထိုအသားကို မရောင်းရရင်တောင် သရေစာအဖြစ် စားလို့ရသည်။
သို့သော် ဝံပုလွေအသားသည် အဲ့လောက်အရသာမကောင်းနိုင်ပေ။
နတ်ဆိုးဝံပုလွေအလောင်းကို ထုပ်ပိုးပြီးနောက် လင်းရှန်သည် ရှေ့သို့ ဆက်သွားခဲ့သည်။
နဂါးချောက်နက်တောင်တန်း၏ နက်နဲသော နေရာများတွင် မရေမတွက်နိုင်သော ဝိညာဉ်ရေးသားရဲများ ရှိသည်။ တောင်တန်းအပြင်ဘက်ပိုင်းမှ သားရဲများကို ကျင့်ကြံသူများက အဆက်မပြတ် သတ်ဖြတ်ခဲ့သော်လည်း တောင်တန်း၏ အနက်ပိုင်းမှ ခုန်ထွက်လာသော ဝိညာဉ်ရေးရာသားရဲများလည်း ရှိနေသည်။
လင်းရှန် မြင်ရသလောက်တော့ ဝိညာဉ်သားရဲ အရေအတွက်သည် ယခင်ကထက် ပိုများလာပုံရသည်။
ဤနောက်ကွယ်တွင် နတ်ဆိုးမျိုးနွယ်တစ်ခုရှိနေနိုင်လား။
မကြာခင်မှာပဲ လင်းရှန်က နောက်ထပ် နတ်ဆိုး ဝံပုလွေ ၃ ကောင်နဲ့ တွေ့ခဲ့သည်။
၎င်းကိုသတ်ဖြတ်လိုက်ပေမဲ့ သတ်ဖြတ်ခြင်းကို အားပေးမှု၏ အကျိုးသက်ရောက်မှုက ရှိမလာပေ။
လင်းရှန်က စိတ်ဓာတ်မကျဘဲ သူ့ခရီးကို ဆက်ခဲ့သည်။
တောင်ကို ဖြတ်ကျော်ပြီးချိန်မှာတော့ နတ်ဆိုးဝံပုလွေ ဆယ်ကောင်ထက်မနည်းကို သတ်ပစ်ခဲ့သည်။
သတ်ခြင်းခြင်းကို အားပေးမှု၏ အကျိုးသက်ရောက်မှုသည် တစ်ကြိမ်သာ ဖြစ်ပေါ်ခဲ့သည်။
လင်းရှန် အနည်းငယ်စိတ်ပျက်မိသော်လည်း၊ပြန်တွေးကြည့်တော့ သတ်ခြင်းခြင်းကို အားပေးမှု၏ အကျိုးသက်ရောက်မှုသည် အလွန်ပြင်းထန်သည်။ ၎င်းကို စတင်ရရှိသည့် ၁၀ % ထက်နည်းနေသော်လည်း ဒါက လုံလောက်နေပြီဖြစ်သည်။
သူသည် ဝိညာဉ်ရေးရာ သားရဲများကို သတ်ရန်သာ လိုတော့သည် ။
ငြိမ်သက်သွားပြီးနောက် လင်းရှန်က အိုက်ကို ဆင့်ခေါ်လိုက်သည် ။
နဂါးချောက်နက်တောင်တန်း၏ အပြင်ဘက်ဆုံးအပိုင်းကို မရေတွက်နိုင်သော ဂိုဏ်းကြီး သုံးခု၏ ကျောင်းများမှ တပည့်များက အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ကြသည်။ ကျောက်တုံးတိုင်းကို လှန်လှောရှာကြပြီး အနည်းငယ် ရှားပါးပြီး အဖိုးတန်သော ဆေးဖက်ဝင်အပင်များကို ယူသွားခဲ့ကြသည်။ သူ့အတွက် တစ်ခုခု ရှာတွေ့ဖို့ မဖြစ်နိုင်ပေ။
ထို့ကြောင့် လင်းရှန်က အိုက်ကို အစကတည်းက မထုတ်ခဲ့တာပင်။
"ငါတို့ အတော်နက်တဲ့နေရာကို ရောက်နေပြီထင်တယ်။ ငါတို့ကံကောင်းရင် ကောင်းတဲ့အရာတစ်ခုကို ရှာတွေ့နိုင်လိမ့်မယ်”
လင်းရှန်သည် အိုက်၏ မေးစေ့ကို ပွတ်ကာ ပြုံးလိုက်သည်။
" အိုက် ရတနာရှာဖွေမှု စတင်တော့မယ်။ မင်း အလုပ်ကြိုးစားရတော့မယ်”
"သာမန်ကြောင်တစ်ကောင်လို ငါ့ကို မဆက်ဆံပါနဲ့”
အိုက်သည် လင်းရှန်၏ မေးစေ့ကို ပွတ်သပ်သည့် လုပ်ရပ်ကို ကန့်ကွက်ခဲ့သော်လည်း သူမ၏ ကျဉ်းမြောင်းသော မျက်လုံးများက ၎င်းကို နှစ်သက်ကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။
အချိန်အတော်ကြာ ကစားပြီးနောက် ရတနာများကို ရှာဖွေကြသည်။
အိုက်သည် လင်းရှန်ပခုံးပေါ်တက်ကာ ဘယ်ညာကြည့်နေသည်။ ခဏကြာတော့ လမ်းညွှန်ရန် သူမ၏ လက်သည်းဖောင်းဖောင်းလေးကို မြှောက်လိုက်သည်။
သူမက အံ့အားသင့်စရာကောင်းလောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ သိပ်မကြာခင်မှာပဲ သူက လင်းရှန်ကို သစ်ပင်ကြီးတစ်ပင်ရဲ့ ထောင့်တစ်နေရာကို ခေါ်ဆောင်သွားပြီး ပစ်မှတ်ကို တွေ့ရှိခဲ့သည်။
အဲ့တာက သုံးလက်မသာ မြင့်သော မြက်ပင်ဖြစ်ပြီး မြကဲ့သို့ စိမ်းလန်းနေသည်။
"ဒါက...သစ်သားဝိညာဉ်ပင်”
လင်းရှန် မျက်လုံးများက တောက်ပလာပြီး အပင်ကို ဂရုတစိုက် တူးနေသည်။
မစ်ရှင်ခန်းမတွင် သစ်သားဝိညာဉ် ဆေးဖက်ဝင်အပင်များ စုဆောင်းရန် မစ်ရှင်ကို သူမြင်ဖူးသည်။
လိုအပ်ချက်မှာ သက်တမ်း (၃၀) ထက်မနည်းသော သစ်သားဝိညာဉ်အပင် ငါးပင် ဖြစ်ပြီး ဆုကြေးမှာ အရည်အသွေးအမှတ် ၈၀ မှတ်ဖြစ်သည်။
ပြောရလျှင် သစ်သားဝိညာဉ်ပင်သည် အရည်အသွေးအမှတ် ၁၆မှတ်ပင်။
ရတနာရှာတာ စတင်ပြီး သိပ်မကြာခင်မှာဘဲ ကောင်းမွန်တာရလို့ လင်းရှန်က အလွန်ပျော်ရွှင်ခဲ့သည်။
ဒီကာလမှာတော့ လူနဲ့ကြောင်က တောင်တဝိုက်မှာ ရှာဖွေနေကြသည်။
ဝိညာဉ်သားရဲများ တိုက်ခိုက်လာတဲ့အခါကျ လင်းရှန်သည် အိုက်ကို သားရဲထည့်သိုအိတ်ထဲသို့ ခေတ္တထည့်ထားကာ သားရဲများကို ဖယ်ရှားပစ်ပြီးမှ ပြန်ထွက်လာခိုင်းသည်။
အချိန် နှစ်နာရီလောက် ကြာပြီးနောက်
လင်းရှန် သိုလှောင်ကျောက်စိမ်း အိတ်ထဲတွင် သစ်သားဝိညာဉ်ပင် သုံးခု၊ အနက်ရောင်အမြစ်နဲ့ ဆီးနှင်းပန်းနှစ်ခုတို့ ရှိနေသည်။
စုစုပေါင်းတန်ဖိုးမှာ အရည်အသွေးရမှတ် ၁၂၀ ခန့်ဖြစ်သည်။
အဆီအနှစ်ဆေး ပုလင်းသုံးလုံးအတွက် ဒီလောက်က လုံလောက်ပြီပင်။
လင်းရှန် ကျေနပ်သွားသည်။
အခြားသော ကြာရှည်စွာ အသက်ရှုခြင်းအဆင့် တပည့်များအနေနဲ့ တောင်ပေါ်သို့ သုံးရက်မှ လေးရက်ကြာ ဝင်ရောက်ပြီးရင်တောင် ဒီလောက် များများစားစား မရနိုင်ပေ။
ပြီးတော့ သူက နေ့တစ်ဝက်ပဲ အချိန်ကုန်သေးသည်။
ကွာခြားချက်က ကြီးလွန်းသည်။
အားလုံးက အိုက် ကျေးဇူးကြောင့်ပင်။
သူ့ပခုံးပေါ်ရှိ ဝိညာဉ်ရေးရာ အနှစ်သာရကို အာရုံခံနေသည့် အိုက်ကိုကြည့်ရင်း လင်းရှန်က သက်ပြင်း ချလိုက်သည်။
အိုက်ကို မွေးစားရန် ကြောင်ဗိုလ်ချုပ်၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်မှာ အမှန်ပင် လုပ်သင့်လုပ်ထိုက်သော ကိစ္စဖြစ်သည်။
အိုက်၏ ရတနာရှာဖွေနိုင်မှုနှင့်အတူ သူသည် အချိန်တိုအတွင်း အရည်အသွေးအမှတ်များစွာကို ရရှိပြီး ၎င်း၏ခွန်အားကို လျင်မြန်စွာတိုးစေဖို့အတွက် အရင်းအမြစ်များနှင့် လဲလှယ်နိုင်သည်။
ခဏလောက် သက်ပြင်းချပြီးနောက် လင်းသည် သူ၏ခံစားချက်များကို ထိန်းကာ ရတနာများကို ဆက်လက်ရှာဖွေခဲ့သည်။
ယခုတိုက်ပွဲမှာ သတ်ဖြတ်ခြင်းကို အားပေးမှု၏ အကျိုးသက်ရောက်မှုက
ပြန်ပြီး အစပျိုးခဲ့သည်။
ယခုတစ်ကြိမ်တွင် သူ၏ ကျင့်ကြံမှုတိုးတက်လာခဲ့သည်။
၎င်းသည် လင်းရှန် ကျင့်ကြံမှုကို ၆% တိုးစေပြီး သူသည် ကြာရှည်စွာ အသက်ရှုခြင်း ဒုတိယအဆင့် ၈၈% တွင် ရှိနေ သည်။
ဤနှုန်းဖြင့် သူသည် လေ့ကျင့်မှူပြီးရင် ကြာရှည်စွာအသက်ရှုခြင်း တတိယအဆင့်သို့ ဖြတ်ကျော်သွားနိုင်မည်ဖြစ်သည်။
ဒါကိုတွေးရင်း လင်းရှန်က ပိုလို့တောင် စိတ်လှုပ်ရှားလာခဲ့သည်။