ကောက်ကျစ်သော ယုန်လေး (၂)
Vol. 7 Ch. 99
ဆယ်မိနစ်အကြာတွင် အိုက်သည် နောက်ထပ်ရတနာတစ်ခုကို တွေ့ရှိခဲ့သည်။
ရေခဲတုံးအပိုင်းအစများ
၎င်းသည် နှစ်ပေါင်း ၅၀၀ကျော် သက်တမ်းရှိသည့် သစ်ပင်မှ ထုတ်ယူထားသော သစ်စေးသလင်းကျောက်ဖြစ်သည်။ ၎င်းသည် သကြားကဲ့သို့ မွမွလေးတွေဖြစ်ပြီး မွှေးကာ အေးမြသည်။ ၎င်းတွင် ဝိညာဉ်အနှစ်သာရ အတော်လေးပါဝင်ပြီး စိတ်တည်ငြိမ်စေသည့် အကျိုးသက်ရောက်မှုရှိသည်။ ၎င်းသည် အလွန် အဖိုးတန်သော အမွှေးအကြိုင်တစ်ခုဖြစ်သည်။
တောက်ပသော ဝင်ပေါက်အဆင့်မှ ကျင့်ကြံသူ အများအပြားသည် ၎င်းတို့ ကျင့်ကြံသောအခါ ထိုအပိုင်းအစများကို မီးထွန်းညှိကြသည်။အဲ့တာက ၎င်းတို့၏ စိတ်ကို ငြိမ်သက်စေပြီး ကျင့်ကြံမှု စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်သည်။
၅၀ဂရမ် ရေခဲအပိုင်းအစသည် အရည်အသွေးခန်းမတွင် အမှတ် ၅၀ တန်ဖိုးရှိသည်။
လင်းရှန် ရှာတွေ့ခဲ့သော အပိုင်းအစသည် အနည်းဆုံး ၃၅၀၊ ၄၀၀ ဂရမ်လောက်ရှိပြီး
အရည်အသွးအမှတ် ၃၀၀ကနေ ၄၀၀မှတ် အထိနဲ့ ညီမျှသည် ။
ဒါက သူတောင်ပေါ်ရောက်ကတည်းက ရရှိသမျှအရာတွေထဲတွင် အကြီးမားဆုံးသော အမြတ်အစွန်းဖြစ်သည်။
"ဘယ်လောက်တောင် မိုက်လိုက်လဲ”
လင်းရှန် အပြုံးသည် ပွင့်လင်းလာသည်။
လင်းရှန် ပျော်ရွှင်နေတဲ့အမူအရာကိုမြင်တော့ အိုက်က "ဒီပစ္စည်းက အရမ်းတန်ဖိုးကြီးလား? အစားအသောက် ဘယ်နှစ်ဗူးနဲ့ လဲလှယ်လို့ရလဲ?"
လင်းရှန်က ရယ်လိုက်ပြီး ပြန်ပြောခါနီးတွင် ထူးဆန်းသော အသံတစ်ခု ကြားလိုက်ရသည်။
လင်းရှန်သည် ချက်ချင်းပင် နိုးနိုးကြားကြာ အနေအထားတစ်ခုနဲ့ ဆူညံသံ၏ ဦးတည်ရာသို့ လှည့်ကြည့်လိုက်သည်။
နောက်တစက္ကန့်မှာတော့ အဖြူရောင် အကောင်ကြီးတစ်ကောင် သူ့ရှေ့က ချုံပုတ်ထဲက ပြေးထွက်လာသည်။
အနီးကပ်ကြည့်လိုက်တော့ ယုန်ဖြူတစ်ကောင်ပင်။
ယုန်သည် ဒဏ်ရာအပြင်းအထန်ရကာ သွေးများနဲ့ ဖုံးလွှမ်းနေသည်။ ၎င်း၏ခန္ဓာကိုယ်
ပေါ်တွင် ဒဏ်ရာများစွာရှိနေပြီး သားရဲတစ်ကောင်ကောင်၏ ခြေသည်းနဲ့ ကုတ်ခံထားရပုံပင်။ ဒါက တကယ်ကို လန့်စရာမြင်ကွင်း ဖြစ်သည်။
ယုန်ဖြူက ချုံပုတ် အပြင်မှာ လူတစ်ယောက်ရှိနေမယ်လို့ မျှော်လင့်မထားပေ။
ယုန်က ခဏလောက် ထိတ်လန့်သွားသည်။ သူက လင်းရှန်ကို မြင်တော့ လွတ်မြောက်
ချင်နေသည်။ သို့သော် ခြေလှမ်းအနည်းငယ်အကြာမှာပဲ မြေပြင်ပေါ်ကို ပြုတ်ကျသွားသည်။
သေသွားပြီလား?
လင်းရှန် အံ့သြသွားသည်။
အနည်းငယ် တွေးပြီးနောက် လင်းရှန်သည် မြေကြီးထဲက ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး ဝိညာဉ်ရေးရာအနှစ်သာရကို
ထိုးထည့်ကာ ယုန်ဖြူဆီကို ပစ်လိုက်သည်။
ကျောက်တုံးသည် လေကို ထိုးဖောက်သွားပြီး ကျည်ဆန်ကဲ့သို့ပင် ယုန်ဖြူကို ထိမှန်သွားသည်။ သွေးထွက်သံယို အပေါက်တစ်ခု ပေါ်လာသော်လည်း ယုန်ဖြူက တုံ့ပြန်မှု လုံးဝမရှိခဲ့ပေ။
လင်းရှန်သည် သူ့လုံခြံရေးကို လျှော့မချသေးပေ။ သူသည် တားမြစ်ထားသော ရွှေရောင် ချပ်ဝတ်တန်ဆာကို တိတ်တဆိတ် အသက်သွင်းပြီး ယုန်ကို စောင့်ကြည့်ရန် ရှေ့သို့ လျှောက်သွားခဲ့သည်။ ခဏအကြာတွင် ယုန်ဖြူသည် အမှန်တကယ် သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။
ဘုန်း။
အိုက်သည် လင်းရှန်၏ ပုခုံးပေါ်မှ ခုန်ဆင်းကာ ယုန်ဖြူအနားသို့ ဆင်းလာခဲ့သည်။
"ရက်စက်လိုက်တာ ၊ ဘယ်ကောင်က ဒီလိုလုပ်တာလဲ"
"ခြေသည်းရာ နဲ့ ကျန်နေတဲ့ သားရဲ စွမ်းအင်တွေအရ ဒါက ကျား သို့မဟုတ် ကျားသစ်လို ကြမ်းတမ်းတဲ့သားရဲကနေ အသွင်ပြောင်းလာတဲ့ ဝိညာဉ်ရေးရာ သားရဲ ဖြစ်နိုင်တယ်”
လင်းရှန်သည် ယုန်ဖြူ၏အလောင်းကို လှန်ကြည့်ကာ စိတ်ရှုပ်သွားသည်။
ဤယုန်ဖြူသည် သာမန်တိရစ္ဆာန်နှင့် မတူပေ။
အမှန်တော့ သာမာန်တိရိစ္ဆာန်များသည် ဝိညာဉ်သားရဲ၏ခြေသည်းများမှ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ သို့သော် ဒီယုန်ဖြူသည် ပြင်းထန်သောဒဏ်ရာများ
ခံစားရပြီးနောက် လှုပ်ရှားနိုင်သေးသည်။
ရုတ်တရက် လင်းရှန်သည် ဝိညာဉ်သားရဲတစ်မျိုးကို တွေးပြီး သူ့သိုလှောင်ကျောက်စိမ်းပြားထဲမှ ဓားငယ်တစ်ချောင်းကို ထုတ်၍ ယုန်ဖြူ၏ဝမ်းဗိုက်ရှိ အမွေးကိုဖြတ်ကာ ရှာဖွေရန် အတွင်းထဲထိ နှိုက်လိုက်သည်။
"နင် ဘာလုပ်နေတာလဲ" အိုက်က စူးစူးရဲရဲမေးသည်။
"တစ်ခုခုကို စိစစ်မလို့”
လင်းရှန်က ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်သည်။ ရုတ်တရက် သူ့အမူအရာက ပြောင်းသွားပြီး လက်ဖဝါးကို ပြန်ထုတ်လိုက်သည်။
သူ့လက်ပေါ်တွင် သွေးစွန်းနေသော အတွင်းအင်္ဂါ နှစ်ခုရှိသည်။
အံ့သြစရာကောင်းသည်မှာ အလွန်ပျော့ပျောင်းသော အတွင်းအင်္ဂါများသည် သတ္တုနဲ့ တိုက်မိသည့် အသံကဲ့သို့ ကြွပ်ရွနေသသော အသံထွက်လာတာပင်။
"ငါ့အထင်မှန်တယ်”
လင်းရှန်၏ မျက်လုံးများ တောက်ပလာသည်။
"ဒါက သာမန်ယုန်မဟုတ်ဘဲ ကောက်ကျစ်တဲ့ ယုန်တစ်ကောင်ပဲ”
“ကောက်ကျစ်တဲ့ ယုန်” အိုက်က မေးသည်။
"ဒါက ယုန်တွေနဲ့ အတော်ဆင်တူတဲ့ ဝိညာဉ်သားရဲ အမျိုးအစားပဲ။ အထီးတွေက အဝါရောင်ရှိပြီး အမတွေက အဖြူရောင်တွေ ။ သူတို့က ဆေးလုံးတွေ၊ ကျောက်တွေနဲ့ သတ္တုတွေကိုစားကြတာ။ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ အတွင်းင်္အဂါတွေက အနက်ရောင်သံထက် အရည်အသွေး ပိုကောင်းတဲ့ သတ္တုဖြစ်လာတယ်။ အဲ့တာတွေကို ဓားရှည်၊ ဓားတိုနဲ့ ထူးဆန်းတဲ့ လက်နက်တွေကို သန့်စင်ဖို့အတွက် အသုံးပြုနိုင်တယ်။ အဲ့တာက လက်နက်ရဲ့ ထက်မြက်မှုကို ပိုပြီး တိုးစေနိုင်တယ်လေ”
အိုက်က စိတ်ရှုပ်သွားသည်။
လင်းရှန်က သူ့လက်ထဲက အတွင်းအင်္ဂါတွေကို စိုက်ကြည့်နေသည်။
သူသည် နိုင်ယန်ကျောင်း၏စာကြည့်တိုက်တွင် ကောက်ကျစ်သော ယုန်နှင့်ပတ်သက်သောအချက်အလက်များကိုတွေ့ရှိခဲ့သည်။
အချက်အလက်များတွင် ဖော်ပြချက်များအရကောက်ကျစ်သော ယုန်လေး စားသုံးသော ကျောက်များနှင့် သတ္တုအရည်အသွေး မြင့်မားလေလေ၊ အတွင်းအင်္ဂါများ၏ အရောင်သည် အနက်ရောင်သို့ ပြောင်းလာလေလေဖြစ်ပြီး တန်ဖိုးကြီးလေဖြစ်သည်။
သူ့ရှေ့ရှိ ယုန်၏ အတွင်းအင်္ဂါများသည် လုံးဝအနက်ရောင်ဖြစ်ပြီး
အတော်ကောင်းမွန်တဲ့အရည်အသွေးရှိသည်။ ယုန်သည် အသက်ရှင်နေချိန်တွင် အဖိုးတန်ကျောက်များနှင့် သတ္တုအများအပြားကို စားခဲ့ကြောင်း ထင်ရှားသည်။
သူပြောတာမှန်တယ်ဆိုရင် ဒီယုန်ရဲ့ အသိုက်အနီးမှာ ရှားပါးတဲ့ သတ္တုကြောတစ်ခု ရှိရမည်။
လင်းရှန်က စိတ်လှုပ်ရှားလာသည်။
သေးငယ်သော သတ္တုကြောမျှင်တစ်ခုဖြစ်လျှင်ပင် အဖိုးမဖြတ်နိုင်သော ရှားပါးသတ္တုကြောတစ်ခုဖြစ်သည်။
သူ့မှာ သတ္တုတွင်းကို ရှာရန် အချိန်နှင့် ခွန်အားမရှိသော်လည်း ဂိုဏ်းကို သတင်းပို့ပါက ကြီးမားသော ဆုလာဘ်ကို ရရှိနိုင်သေးသည်။
လင်းရှန်သည် သူ၏ပထမဆုံးလေ့ကျင့်ရေးခရီးစဉ်တွင် ဤမျှအကျိုးရှိသော
ရှာဖွေတွေ့ရှိမှုကို ရရှိမည်ဟု မမျှော်လင့်ခဲ့ပေ။
သို့သော် အပြောထက် အလုပ်က ပိုကောင်းသည် ။ လင်းရှန်သည် ယုန်၏ အတွင်းအင်္ဂါကို ချက်ချင်း ဖယ်ထုတ်လိုက်ပြီး ယုန်ထွက်လာခဲ့သည့် လမ်းကြောင်းအတိုင်း လိုက်လျှောက်ကာ ရှာဖွေရန် ပြင်ဆင်နေသည်။
သို့သော်လည်း ချုံပုတ်များအတွင်း ဖြတ်သွားစဉ်တွင် သူ၏ညာဘက်မှ နားအူမတတ် ဟိန်းသော အသံကို ကြားလိုက်ရသည်။ ချက်ချင်းပင် လေပြင်းများက သူရှိရာကို တိုက်ခတ်လာသည်။ ထိုလေပြင်းများက သူ့ကို တိုက်ခိုက်လာမဲ့ အဖြူရောင် စပါးအုံးမြွေကြီးကဲ့သို့ မွှေ့ယမ်းနေပြီး သစ်ရွက်အများအပြားကို ကြွေကျစေသည်။
လင်းရှန်က ဘာမှ ထွေထွေထူးထူးမစဉ်းစားဘဲ အိုက်ကို သားရဲ သိုလှောင်အိတ်ထဲသို့ အလျင်အမြန်ထည့်လိုက်ကာ ပါးစပ်ကိုဖွင့်ပြီး နဂါးဟောက်သံကို သုံးလိုက်သည်။
ပြင်းထန်သောလေနှင့် အသံလှိုင်းတို့သည်နေရာတွင် ပြင်းထန်စွာ တိုက်မိသွားကြသည်။ပေါက်ကွဲသံနှင့်အတူ နှစ်ခုလုံးပေါက်ကွဲထွက်သွားပြီး လေလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
"ဝေါင်း”
ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်သည် ဟိန်းဟောက်ပြီး လေလှိုင်းများထဲမှ ခုန်ဆင်းလာခဲ့သည်။ ၎င်းသည် လင်းရှန်နှင့် ခုနစ်မီတာမှ ရှစ်မီတာအကွာတွင် ရပ်သွားပြီး လင်းရှန်ကို စိုက်ကြည့်နေသည်။
ကြောက်စရာကောင်းတဲ့ ဧရာမကျားကြီးပင်။
ဧရာမကျားကြီးသည် မှင်ကဲ့သို့ နက်မှောင်နေသော်လည်း ၎င်း၏ မျက်လုံးများသည် လုံးဝအဖြူရောင်ပင် ။ ၎င်း၏မျက်လုံးများမှ အဖြူရောင်သည် ၎င်း၏ကိုယ်ပေါ်ရှိ အနက်ရောင်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာကြောင့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုလိုပင်”
"မျက်လုံးဖြူ ဝိညာဉ်ကျား”
လင်းရှန် နှလုံးက ခုန်တက်သွားသည်။
နဂါးချောက်နက်တောင်တန်းတွင် နတ်ဆိုးမျိုးနွယ်များစွာရှိကြပြီး ၎င်းတို့၏ အစွမ်းသတ္တိမှာ မတူညီကြပေ။သို့သော် ကျား၊ စပါးကြီးမြွေ၊ ဝက်ဝံ၊ မြေခွေးနဲ့ လင်းယုန်မျိုးနွယ်များသည် အသန်မာဆုံးဖြစ်ကြောင်း လူတိုင်း သိကြသည်။
မျက်လုံးဖြူ ဝိညာဉ်ကျားသည် ကျားမျိုးနွယ်တွင် လူသိအများဆုံး ဝိညာဉ်ရေးရာသားရဲဖြစ်သည်။
ဤဝိညာဉ်သားရဲမျိုးသည် အရွယ်ရောက်လာသောအခါတွင် တိုးတက်မှုအဆင့် သားရဲ၏ စွမ်းရည်မျိုးရှိလာသည်။ ၎င်းတွင် သန်မာသောကိုယ်ခန္ဓာနှင့် ချွန်ထက်သောခြေသည်းများရှိရုံသာမက ပြေးလာသောအခါတွင်ပင်
ပြင်းထန်သောလေများကို သယ်ဆောင်လာနိုင်သည်။ တိုးတက်မှုအဆင့်တွင်ပင်
ဉာဏ်အလင်းအဆင့် ဝိညာဉ်သားရဲများကဲ့သို့ လေကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ ၎င်း၏မျိုးနွယ်သည် အလွန်အစွမ်းထက်သည်။
ယခုတစ်ကြိမ် လင်းရှန် လက်ခံခဲ့သော မစ်ရှင်အနည်းငယ်ထဲတွင် မျက်လုံးဖြူ ဝိညာဉ်ကျားတစ်ကောင်ကို သတ်ရန်ပါ ပါဝင်သည်။
လင်းရှန်သည် မျက်လုံးဖြူ ဝိညာဉ်ကျားကို ရှာဖွေဖို့ လုပ်သော်လည်း သားရဲသည် သူ့ဘာသာသူ ခုန်ထွက်လာမည်ဟု မျှော်လင့်မထားပေ။
ထိုအခိုက်တွင် မျက်လုံးဖြူဝိညာဉ်ကျား၏ ဦးခေါင်းသည် အနောက်ဘက်ရှိ ချုံပုတ်များကို ကြည့်နေသကဲ့သို့ အနည်းငယ်စောင်းနေသည်ကို လင်းရှန်က ရုတ်တရက် သတိပြုမိသည်။
လင်းရှန်က ကျားခြေသည်းတွေပေါ်မှာ စွန်းနေတဲ့သွေးတွေကိုမြင်ပြီး နှလုံးသားတွေ တုန်လှုပ်သွားကာ ချက်ချင်း သဘောပေါက်သွားသည်။
ကျားက ယုန်နောက်ကို လိုက်နေတာပင်။
ဒါကို သိသွားပြီးနောက် လင်းရှန်က မတုန်လှုပ်ဘဲ ဝမ်းသာသွားသည်။
မျက်လုံးဖြူ ဝိညာဉ်ကျားသည် သာမန်အရည်အသွေးအမှတ် ၁ခုတန်သည်။ သူ့တံခါးကို လာခေါက်သောကြောင့် သေချာပေါက် လွှတ်ပေးလို့ မဖြစ်ပေ။
ကျားကို သေချာကြည့်လိုက်ပြီး လင်းရှန်၏ မျက်လုံးများ တောက်ပလာသည်။
မျက်လုံးဖြူ ဝိညာဉ်ကျားများသည် ရက်စက်ကြမ်းကြုတ်သော သားရဲများဖြစ်သည်။ ၎င်းတို့သည် စွမ်းအားကြီးပြီး ဤတောင်ပေါ်တွင် လွှမ်းမိုးချုပ်ကိုင်နိုင်ကြသည်။ သူတို့က လူသားကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့ကြသည်။
သူ့ရှေ့မှ လူသားကျင့်ကြံသူသည် တိုက်ခိုက်ရန် အမှန်တကယ် သတ္တိရှိနေသည်ကို တွေ့လိုက်ရသဖြင့် ကျားသည် ချက်ချင်းပင် ဒေါသတကြီး ဟိန်းကာ ခုန်အုပ်ချလိုက်ပြီး လင်းရှန်၏ ခေါင်းကို ခြေသည်းများနဲ့ ကုတ်ခြစ်လိုက်သည်။
လင်းရှန်သည် မရှောင်တိမ်းပေ။ ကျား၏ ချွန်ထက်သောခြေသည်းများနဲ့
သူ့ရင်ဘတ်၊ ဝမ်းဗိုက်ကို အကုတ်ခံရင်း သူ့လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
သူ၏ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာသည် အစပြုသူအဆင့်မှာတောင် နေသုံးစင်းအဆောင်ဓားကဲ့သို့ မှော်လက်နက်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့သည်။ ယခုအခါ လင်းရှန်၏တားမြစ်ထားသောရွှေရောင် ချပ်ဝတ်တန်ဆာသည် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်း၏ခုခံမှုနိုင်မှာလည်း ယခင်ကထက် အကြိမ်ရည် ပိုမိုများပြားလာခဲ့သည်။
ကျား၏ခြေသည်းများသည် အနှိုင်းမဲ့ချွန်ထက်နေသော်လည်း ၎င်းတို့သည် နေသုံးစင်း အဆောင်ဓားထက်တော့ အဆပေါင်းများစွာ နိမ့်ကျဆဲဖြစ်သည်။
ကျားက အံ့ဩသွားသည်။
တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိလောက်တဲ့ လူသားကျင့်ကြံသူကို တစ်ခါမှ မတွေ့ဖူးပေ။
သူ အံ့ဩနေချိန်တွင် လင်းရှန်၏ လက်ဖဝါးက သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ဖိချလိုက်ပြီဖြစ်သည်။
ဘုန်း
အနီရောင်သံတုံးက အသားကို ဖိချလိုက်သလိုတောက်လောင်နေတဲ့ အသံ ထွက်ပေါ်လာသည်။
ကျားသည် နာနာကျင်ကျင် အော်ဟစ်ရင်း ကြောက်လန့်ပြီး နောက်သို့ ဆုတ်သွားသည်။ ၎င်း၏ ဦးခေါင်းမှာတော့ မီးလောင်ဒဏ်ရာများ ရှိနေပြီး မျက်လုံးတစ်ဖက်လည်း ပျက်စီးသွားခဲ့သည်။
လင်းရှန်က မျက်ခုံးပင့်လိုက်သည်။
ဤကျားသည် ယခင်က သူတွေ့ကြုံဖူးသော ဝိညာဉ်သားရဲများထက် များစွာ သန်မာသည်။ တိုးတက်မှု အလယ်အလတ် အဆင့်နှင့် မဝေးလှပေ။ သို့မဟုတ်ပါက အရည်ပျော်ခြင်း ကျွမ်းကျင်မှု အဆင့်၏ဒဏ်ကို ခံရပြီးနောက် မည်ကဲ့သို့ အော်ဟစ်နေနိုင်ပါအုံးမည်နည်း။
လင်းရှန်သည် ကျားနောက်ကိုလိုက်
ဖို့ ဆုံးဖြတ်လိုက်ပြီး လေပြင်းတိုက်သလိုပဲ ကျားဆီသို့ ပြေးသွားလိုက်သည်။