← Chapters

ရွှေရောင် သဲတိမ်တိုက်

Vol. 7 Ch. 100

ရွှေရောင် သဲတိမ်တိုက်

Vol. 7 Ch. 100

ရတနာ

ဝေါင်း

ကျားတစ်ကောင်၏ ဟိန်းသံသည် တောအုပ်အထက် ကောင်းကင်ယံ၌ တဟုန်ထိုး

ဟိန်းထွက်နေသည်။

တစ်ကီလိုမီတာ အကွာအဝေးအတွင်းမှ တိရစ္ဆာန်ငယ်လေးများအားလုံးက တောင်

ကြီး၏ အရှင်သခင်ကို အမျက်ထွက်အောင်လုပ်မိမှာစိုးသဖြင့် ကြောက်ရွံ့ထိတ်လန့်စွာ ပြေးနေကြသည်။

သို့သော် သူတို့မသိခဲ့ကြသည်မှာ တောထဲပြေးဝင်ခဲ့သော အရှင်သခင်ကြီးသည် ယခုအခါ စိတ်မကောင်းစရာ အခြေအနေဖြစ်နေပြီ ဆိုတာကိုပင်။

မျက်လုံးဖြူ ဝိညာဉ်ကျားကဲ့သို့ ဝိညာဉ်သားရဲတစ်ကောင်သည် ရန်သူများကို ၎င်းတို့၏ အစွယ်နှင့် ခြေသည်းများဖြင့် တိုက်ခိုက်နိုင်သည်။၎င်းသည် သူတို့တွင်ရှိသည့် အစွမ်းထက်ဆုံးလက်နက်လည်းဖြစ်သည်။ ၎င်းသည် ရာနှင့်ချီသော သန့်စင်ရေးလက်နက်ထက်တော့ မနိမ့်ကျပေ။

ယခင်က ကျားသည် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း ကိုယ်ခံပညာနည်းစနစ်များကို ကျင့်ကြံထားသော လူသား ကျင့်ကြံသူများနှင့် ကြုံတွေ့ခဲ့ဖူးသည်။ ၎င်းက ထိုတိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိပြီး သူ့လက်သည်းများက ထိုလူများကိုပင် ဒဏ်ရာရရှိစေနိုင်သည်။

သို့သော်လည်း သူ့ရှေ့မှလူက အနက်ရောင်သံတုံးထက်တောင် ပိုမာနေသည် ။

ခြေသည်း၊ လက်သည်းတွေနဲ့ ဘယ်လောက်ပဲ ကိုက်နေပါစေ ခန္ဓာကိုယ်ပေါ်က ရွှေရောင်အလင်းတန်းတွေကို မဖြတ်ကျော်နိုင်ပေ။

အချိန်အတော်ကြာ တိုက်ပြီးတဲ့နောက်မှာတော့ ကျားသည် ၎င်း၏ချွန်ထက်သော သွားများနှင့် ခြေသည်းများ ကိုက်ခဲလာသလိုပင် ခံစားခဲ့ရသည်။

လူနှင့် ကျားသည် ခဏတာမျှသာ တိုက်ခိုက်ရသေးသော်လည်း ကျားသည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။

တစ်ဖက်တွင် လင်းရှန်သည် ထိခိုက်မှုမရှိဘဲ ငြိမ်သက်နေဆဲဖြစ်သည်။

တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာဖြင့် လင်းရှန်သည် ဤတိုက်ပွဲတွင် ပြိုင်ဘက်ကင်းနေလေ၏။

သူ၏ဝိညာဉ်ရေးရာ အနှစ်သာရ မကုန်ဆုံးမီမှာပဲ ကျားသည် သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်တော့ပေ။

ကာကွယ်ရေးအတွက် စိတ်ပူစရာမလိုတာကြောင့် လင်းရှန်သည် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။

သူသည် နေမီးတောက်လက်ဝါးနဲ့ အရည်ပျော်ခြင်းကို အပြန်အလှန်အသုံးပြုခဲ့သည်။

ရံဖန်ရံခါတွင် သူသည် တိမ်တိုက်ကြားမှ နဂါးဟောက်သံကို အသုံးပြုပြီး ကျားကို ခံစားရအောင် လုပ်ခဲ့ပြန်သည်။ ၎င်းသည် ခေါင်းကို လုံးဝ မမြှောက်နိုင်တော့ပေ။

ကျားက ထွက်ပြေးချင်ပေမယ့် လှုပ်ရှားလိုက်တိုင်း လင်းရှန်က ပိတ်ဆို့ထားသည် ။

အရိပ်၏ ပြီးပြည့်စုံခြင်းအဆင့် အရှိန်က လင်းရှန်ကို ကျားကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားစေသည်။

ကျားသည် ရန်သူကို အနိုင်ယူ၍မရသလို လွတ်လည်း မလွတ်မြောက်နိုင်တော့တာကြောင့် အလွန်တရာ ဝမ်းနည်းကြေကွဲနေလေ၏ ။

ခုနစ်မိနစ်မှ ရှစ်မိနစ်လောက်ထိကြာသည့်ခါးသီးသောတိုက်ပွဲအပြီးမှာတော့ ကျားသည် ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားသည်။ ဝမ်းနည်းဖွယ်အသံနဲ့အတူ ခေါင်းကိုရိုက်ချခံလိုက်ရလေသည်။ ၎င်း၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည့် တောက်လောင်နေသော ဝိညာဉ်ရေးရာအနှစ်သာရသည် ၎င်း၏တက်ကြွမှုအားလုံးကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။

ဘုန်း

ကျား၏ လေးလံသော ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျကာ ဖုန်မှုန့်များ လွင့်ပျံသွားသည်။

လင်းရှန်သည် သူ့လက်ဖဝါးကို ဖြည်းညှင်းစွာ ချရင်း သက်ပြင်းချလိုက်သည်။

အတိအကျပြောရလျှင် ဤသည်မှာ ကြာရှည်စွာအသက်ရှုခြင်းအဆင့်သို့ တက်လှမ်းပြီးနောက် သူ၏ ပထမဆုံး စစ်မှန်သော တိုက်ပွဲ ဖြစ်သည်။

လမ်းပြတိုက်ပွဲများသည် လေ့ကျင့်ရုံမျှသာဖြစ်၏ ။ သူအရင်ကတွေ့ကြုံဖူးသော ဝိညာဉ်ရေးရာသားရဲများသည်လည်း အားနည်းလွန်းသောကြောင့် သူ၏ခွန်အားကို အပြည့်အဝ အသုံးမချနိုင်ခဲ့ပေ။

ကျားနှင့်တိုက်ပွဲသည်သာလျှင် သူ၏ပထမဆုံးရှင်သန်ခြင်းနှင့်သေခြင်းတိုက်ပွဲ ဖြစ်သည်။

၎င်းက လင်းရှန်ကို သူ့ကိုယ်ပိုင် ခွန်အားအဆင့်ကို ပိုမိုရှင်းလင်းစွာ နားလည်လာစေသည်။

သူသည် ကြာရှည်စွာအသက်ရှုခြင်း ဒုတိယအဆင့်တွင်သာ ရှိသော်လည်း အစွမ်းထက်သော ကိုယ်ခံပညာများနဲ့ဆို ကြာရှည်စွာအသက်ရှုခြင်း တတိယအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် လုံးဝမကြောက်တော့ပေ။

အကယ်၍ သာလွန်ကိုယ်ခံပညာ သို့မဟုတ် စစ်မှန်သော ယန်ခန္ဓာကိုယ်ကဲ့သို့သော အရည်အချင်းများကို ထည့်ပေါင်းမည်ဆိုပါကကြာရှည်စွာအသက်ရှုခြင်း စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့်မှ ပြိုင်ဘက်များကို အနိုင်ယူနိုင်မည်ဟုပင် ယုံကြည်သည်။

နောက်ဆုံးမှာတော့ ကိုယ်ခံပညာစွမ်းရည်ကို ၅၀% မြှင့်တင်ပေးသည့် လုပ်ဆောင်ချက်သည် လည်း မယုံနိုင်လောက်အောင်ပင်။

လင်းရှန်ကို စိတ်ပျက်စေသည့် တစ်ခုတည်းသော အရာမှာ သတ်ဖြတ်မှုကို အားပေးခြင်း၏ အကျိုးသက်ရောက်မှုက အစပျိုးလာခြင်း မရှိခဲ့တာပင်။

လင်းရှန်သည် ခေါင်းယမ်းကာ ကျား၏အလောင်းကို သူ၏သိုလှောင်ကျောင်စိမ်းပြားထဲသို့ ထည့်လိုက်သည်။ သူပြန်တဲ့အခါ ကျား၏ကျောရိုးကို သက်သေအနေနဲ့ ယူရမှာမလို့ အလောင်းကို ဖြတ်ထုတ်ဖို့ လုပ်နေသည်။

"ဒီအတွက် ငါက သာမန်အရည်အသွေးရမှတ် တစ်မှတ်ရမှာ”

လင်းရှန်သည် သူ့လက်ကို ကျေနပ်စွာ ဆုပ်ကိုင်လိုက်သည်။

နဂါးချောက်နက်တောင်တန်းကို နေ့တစ်ဝက်လောက်ဝင်ပြီးတဲ့နောက်မှာတော့ သူသည် သာမန်အရည်အသွေး အမှတ်တစ်ခုနှင့် အရည်အသွေးအမှတ် ၅၀၀ကနေ ၆၀၀အထိကို ရရှိခဲ့ပြီးဖြစ်သည်။ ၎င်းသည် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။

ဒီတစ်ခါတော့ လင်းရှန်သည် နဂါးချောက်နက်တောင်တန်းမှာနေရန် လဝက်စာလောက် ရိက္ခာကို ယူလာခဲ့သည်။

လေ့ကျင့်ရေးပြီးလို့ သူပြန်သွားရင် နေသုံးစင်းအဆောင်ဓား (သို့မဟုတ်) အဆီအနှစ်

ဓားသွားလက်ချောင်းနဲ့ လဲလှယ်နိုင်မှာပင်။

အိုက်ပြန်ထွက်လာပြီးနောက် သူမသည် လင်းရှန်ကို ရှုပ်ယှက်ခတ်စွာ ကြည့်နေလေသည်။

"လင်းရှန် ဘာဖြစ်နေတာလဲ"

လင်းရှန်က သူမကို သားရဲသိုလှောင်အိတ်ထဲသို့ အမြန်ထည့်လိုက်သဖြင့် အိုက်က ဘာဖြစ်သွားသည်ကို မမြင်လိုက်ပေ။

"ဒါက ဝိညာဉ်ရေးရာသားရဲပါ။ ငါ ရှင်းပြီးပြီ။"

ဝိညာဉ်ရေးရာသားရဲကို ရှင်းလိုက်ကြောင်း ကြားမှ အိုက်စိတ်သက်သာရာရသွားပြီး ထပ်မမေးတော့ပေ။ ထို့နောက် အိုက်က လင်းရှန်း၏ ပခုံးပေါ်၌ တိတ်တဆိတ် လှဲနေလိုက်သည်။

လင်းရှန်သည် ဆက်လက်ရှာဖွေခဲ့သည်။ အချိန်တော်တော်ကြာကြာ လမ်းလျှောက်ပြီးတဲ့နောက်မှာတော့ မြေပြင်ပေါ်တွင် ခြေရာသေးသေးလေးကို လျင်မြန်စွာတွေ့ရှိခဲ့သည်။ ပုံသဏ္ဍာန်နှင့် အရွယ်အစားအရ ယုန်ဖြစ်နိုင်သောကြောင့် ခြေရာများကို လိုက်၍ ရှာဖွေခဲ့သည်။

သို့သော် သူသည် တောတွင်း၌ ခြေရာခံခြင်းကို မသင်ယူခဲ့ပေ။

ထို့အပြင် လင်းရှန်သည် ဝိညာဉ်ရေးရာ တုံ့ပြန်မှုများကို အားကိုးနိုင်သည့် တောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံသူလည်း မဟုတ်ပေ။ ထို့ကြောင့် သိပ်မကြာခင်မှာပဲ လမ်းပျောက်သွားသည်။

လင်းရှန်က အိုက်ကို မေးဖို့ကလွဲပြီး ရွေးချယ်စရာမရှိပေ။

"သဘာဝ ဝိညာဉ်ရေးရာ အနှစ်သာရကို ခံစားမိသေးလား။"

အိုက်က ခဏလောက် အာရုံစိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းယမ်းလိုက်သည်။

လင်းရှန်သည် ငြီးငွေ့ဖွယ်နည်းလမ်းတစ်ခုကိုသာ အသုံးချနိုင်ခဲ့သည်။ နောက်ဆုံးတော့ ခြေရာ၏တည်နေရာကို စမှတ်အဖြစ်အသုံးပြုကာ အခြားလမ်းကြောင်းသုံးခုကို ရှာဖွေခဲ့သည်။

ဤနည်းလမ်းသည် အချိန်ကုန်သော်လည်း ယုန်၏ အသိုက်ကို ရှာဖွေရန် ဖြစ်နိုင်ခြေအရှိဆုံးနည်းလမ်းဖြစ်သည်။

ကောင်းကင်ကြီးက အဝါရောင်ပြောင်းလာချိန်တွင် လင်းရှန်သည် လမ်းကြောင်းနှစ်ခုကို စူးစမ်းပြီးပြီဖြစ်သည်။ ကံမကောင်းစွာပဲ သူဘာမှ ရှာမတွေ့ခဲ့ပေ။

"ဦးတည်ချက် တစ်ခုပဲကျန်တော့တယ်”

လင်းရှန်က အိုက်ကို တစ်ချက်ကြည့်လိုက်ပြီး "ငါ့ကို လမ်းပြပေး” ဟုပြောလိုက်သည် ။

နောက်ဆုံးတော့ ဒါက လင်းရှန်အတွက်သာမက သူမရဲ့ ကြောင်စာ စည်သွပ်ဗူးအတွက်ရောပါ ပါသည် ။

ဆယ်မိနစ်လောက်ကြာတော့ အိုက်က ရုတ်တရက် အသံထွက်လာသည်။

"ငါအနံ့ရပြီ”

သူမက ဘယ်ဘက်သို့ ညွှန်ပြလေသည်။

"ဟိုမှာ”

လင်းရှန်သည် ထ၍ အိုက်ညွှန်ပြသည့် လမ်းကြောင်းဆီသို့ ချက်ချင်း ပြေးသွားခဲ့သည်။

တောင်ပေါ် မှာ မီတာ ၄၀၀ မှ ၅၀၀ အကွာထိ ပြေးပြီးနောက် အိုက်သည် လင်းရှန်ကို မရပ်ခိုင်းဘဲ ဆက်ပြေးခိုင်းသည်။ သဘာဝ ဝိညာဉ်ရေးရာ အနှစ်သာရသည် ပိုမိုရှင်းလင်းလာပြီး ပိုအနံ့ရလာသည်ဟုသာ သူမကပြောခဲ့သည်။

လင်းရှန်က မတုန်လှုပ်သော်လည်း ဝမ်းသာသွားသည်။

ဝိညာဉ်ရေးရာအနှစ်သာရ ပိုကြွယ်ဝလေ၊ ဝိညာဉ်ရေးရာအနှစ်သာရ၏ အရင်းအမြစ်သည် ပို၍ အဖိုးတန်လေလေဖြစ်သည်။

နောက်ဆုံးတော့ လူနဲ့ကြောင်က ပြေးတာ ရပ်သွားသည်။

လင်းရှန် အပေါ်ကို လှမ်းကြည့်လိုက်တော့ စပျစ်နွယ်ပင်တွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်နံရံတစ်ခုကို တွေ့လိုက်ရသည်။

All Chapters