← Chapters

ရဲရင့်သော အောင်မြင်မှု (၁)

Vol. 7 Ch. 102

ရဲရင့်သော အောင်မြင်မှု (၁)

Vol. 7 Ch. 102

သူ့တိုးတက်မှုကြောင့် အံအားသင့်နေရာမှ ပြန်လည်အသိဝင်လာသောအခါ လင်းရှန်

သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ရှေ့မှ လူနှစ်ယောက်ကို ကြည့်လိုက်သည်။

သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသောသူက မျက်လုံးဟောက်ပက်နဲ့ ဖြူဖျော့နေသည့် အမျိုးသား ဖြစ်သည်။ သူ့အသံက အဆိပ်ရှိတဲ့မြွေတစ်ကောင်လို အေးစက်နေသည်။

သူ့ဘေးမှာ မတ်တပ်ရပ်နေတဲ့လူက အသက်သုံးဆယ်ကျော်လောက်ရှိတဲ့ လူတစ်ယောက်ပင်။ သူ့မှာ ရာသီဥတုဒဏ်ခံတဲ့ မျက်နှာနဲ့ မုတ်ဆိတ်မွေးတွေရှိပြီး သူ့ခါးမှာ ဓားရှည်တစ်ချောင်းရှိသည်။

သူသည် အနက်ရောင်အကြေးခွံ့ စပါးကြီးမြွေ၏အလောင်းကို ဆက်လက်

ကြည့်နေခဲ့သည်။ လင်းရှန်ကို ပြန်ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာ အေးစက်တဲ့ အရိပ်အယောင်တွေ ရှိနေသည်။

"အရည်ပျော်ခြင်း…. မင်းက နေကိုးစင်း ဂိုဏ်းက လား”

လင်းရှန်က မဖြေဘဲ နှစ်ယောက်ကိုအေးအေးဆေးဆေး ကြည့်သည်။

ဒါကိုမြင်တော့ မှုန်ကုပ်ကုပ်နဲ့တစ်ယောက်က အော်ဟစ်လိုက်သည်။

"မင်းက နေကိုးစင်းဂိုဏ်းက ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် ၊ ငါ့စပါးအုံးကိုသတ်ခဲ့တဲ့အတွက် မင်းအသက်ကို ပေးဆပ်ရလိမ့်မယ်။ ဒီလထဲမှာ ဆေးရဲ့လိုအပ်တာတွေရဖို့အတွက် ငါ့ရဲ့ ခွဲတမ်းကလည်း မပြီးသေးဘူးဆိုတော့ ကွက်တိပဲ ၊ အရေအတွက်များများရဖို့ မင်းကိုသုံးရမယ်”

ထိုသို့ပြောပြီးနောက်တွင် မှုန်ကပ်ကုပ်နဲ့လူသည် ရှေ့သို့ တိုးလာသော်လည်း မုတ်ဆိတ်မွှေးနဲ့လူက တားလိုက်သည်။

"နေပါဦး။"

"ဘာလဲ? မင်းသူ့ကို ကူညီဖို့တော့ စဉ်းစားနေတာတော့ မဟုတ်ဘူး မလား"

မုန်ကုပ်ကုပ်နဲ့လူသည် ရုတ်တရက် ခေါင်းကိုလှည့်ကာ မုတ်ဆိတ်မွှေးနဲ့ကို အေးစက်စွာ ကြည့်နေ၏။

မုတ်ဆိတ်မွှေးနဲ့လူက လုံးဝ ဂရုမစိုက်ဘဲ လင်းရှန်နောက်ကို ညွှန်ပြလိုက်သည်။

"ဟိုမှာကြည့်။"

မှုန်ကုပ်ကုပ်နဲ့လူသည် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူက ရုတ်တရက် ထိတ်လန့်သွားသည်။ နောက်တော့ သူပျော်သွားလေ၏

"ဒါက ရွှေရောင်သဲတိမ်တိုက်ပဲ”

မှုန်ကုပ်ကုပ်နဲ့လူက ရယ်လိုက်သည်။

"တကယ်တော့ ဒီဂူထဲမှာ ရွှေရောက်သဲတိမ်တိုက် သတ္တုကြောတွေ ရှိနေတာပဲ။ ငါ အရမ်းကံကောင်းတယ်”

စပါးအုံးမြွေသေဆုံးမှုကြောင့် ဖြစ်ပေါ်လာသော ဒေါသသည် အလိုလို ပျောက်ကွယ်သွားခဲ့သည်။

မှုန်ကုပ်ကုပ်နဲ့လူက ရယ်ပြီး ဝမ်းသာသွားသည်။

"ကလေးလေး၊ မင်းတော်တော်ကံကောင်းတာပဲ၊ မင်းကိုမသတ်ခင်မှာ ငါမင်းကို ညှဉ်းပန်းနှိပ်စက်မလို့ပဲ။ ဒါပေမယ့် အခုစိတ်ပြောင်းသွားပြီ။ မင်း ငါ့ကိုပေးတဲ့ ရွှေရောင်သဲတိမ်တိုက်သွေးကြောကြောင့် မင်းရဲ့အလောင်းကို ဒီအတိုင်းထားခဲ့ပေးမယ်”

"ခဏလေး ဒီ သဲတစ်ဝက်ကို ငါတို့ လိုချင်တယ်။" မုတ်ဆိတ်မွှေးနဲ့က ရုတ်တရက် ပြောလိုက်သည်။

မုတ်ဆိတ်မွှေးနဲ့လူကိုကြည့်ရင်း မှုန်ကုပ်ကုပ်နဲ့လူက စိတ်ရှုပ်နေသည်။ သူ့မျက်လုံးတွေက စက္ကန့်အနည်းငယ်ကြာတဲ့အထိ ပုတ်ခတ်ပုတ်

ခတ် ဖြစ်နေပြီး နောက်မှ ရုတ်တရက် ပြေလျော့သွားသည်။ သူက အပြုံးအတုနဲ့ပြောသည်။

"ငါတို့က အဲဒါကို အတူတူရှာတွေ့ခဲ့တာဆိုတော့ ငါတို့က အညီအမျှခွဲရမယ်၊ ဒါပေမယ့် ဒီကလေးကို မင်းနဲ့ထားခဲ့မယ်”

မုတ်ဆိတ်မွှေးနဲ့လူက သူ့ကို ငုံ့ကြည့်ကာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူက စကားတစ်ခွန်းမှ မပြောဘဲ ခါးက ဓားရှည်ကို ဆွဲထုတ်ပြီး လင်းရှန်ဘက်သို့ လျှောက်သွားသည်။

တင်းလမ့်က သူ့နောက်မှာ တစ်ခုခုလုပ်မှာကို သူ မကြောက်ပေ။

သူ့ကို တင်းလမ့်၏ အထက်အရာရှိများက ကိုယ်တိုင်ကိုယ်ကျ ခေါ်ယူခဲ့တာပင်။ တင်းလမ့် သည် ဘယ်လောက်ပင် ရဲရင့်နေပါစေ မုတ်ဆိတ်မွှေးနဲ့လူကို ထိခိုက်အောင် လုပ်မှာ မဟုတ်ပေ။

ဒါမှ မဟုတ် ဆယ်မီတာလောက် ရှည်တဲ့ ရွှေရောင်သဲတိမ်တိုက်ကြောက တင်းလမ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ရော မထိုက်တန်ဘူးလား

မုတ်ဆိတ်မွှေးနဲ့လူသည် ဂူအလယ်သို့ လျှောက်လာပြီး လင်းရှန်နဲ့ ငါးမီတာအကွာသို့ရောက်ချိန်တွင် ရုတ်တရက် ရှေ့သို့ ငုံ့သွားသည်။ နောက်တစ်စက္ကန့်တွင် သူသည် လျှပ်စီးလက်သလိုပင် ငါးမီတာကိုဖြတ်ကျော်ကာ လင်းရှန်၏ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

ငွေရောင်အလင်းတန်းသည် လင်းရှန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မုတ်ဆိတ်မွှေးနဲ့လူသည် လင်းရှန်၏မျက်ခုံး၊ လည်ချောင်း၊ နှလုံးနှင့် လည်ပင်းတို့ကို ဓားဖြင့်ထိုးလိုက်သည်။ သူ့အရှိန်က လျှပ်စီးလက်သလို မြန်နေတော့ ဘယ်သူမှ သူ့ကို အချိန်မီ မတွေ့နိုင်ပေ။

ဒါကိုမြင်လိုက်တဲ့အခါ တင်းလမ့် နှလုံးက ခုန်တက်သွားသည်။သူက ကြောက်ရွံ့နေသော်လည်း တစ်ချိန်တည်းမှာပင် အံ့သြသွားခဲ့သည်။

ယွမ်လီဖေသည် အန္တရာယ်ရှိသော နဂါးချောက်နက်တောင်တန်းမှာ နှစ်ပေါင်းများစွာ ရှင်သန်နိုင်ခဲ့ခြင်းက အံ့ဩစရာတော့ မဟုတ်ပေ။ သူ့ရဲ့ ခွန်အားကို လျှော့တွက်လို့မရပေ။

ဒီလို လျင်မြန်တဲ့ ဓားသွား လှုပ်ရှားမှုကြောင့် သူနဲ့သက်တူရွယ်တူထဲတွင် သူ့ပြိုင်ဘက် မရှိသလောက်ပင်။

တင်းလမ့်သည် လောဘကြောင့် ဘာမှမမြင်တော့ဘဲ ယွမ်လီဖေကို တိုက်ခိုက်ဖို့ တွေးနေခဲ့သည်။ ဒီလိုကနေ နောက်ဆုံးကျ သူအနိုင်ရသွားတာလည်း ဖြစ်နိုင်သည်။

တင်းလမ့်က ကြောက်လန့်တကြား တွေးနေချိန်မှာပဲ နောက်က အဖြစ်အပျက်က သူ့ကို ထိတ်လန့်သွားစေသည်။

ယွမ်လီဖေ၏ ဓားသွားလေးခုသည် သူ့ပြိုင်ဘက်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး နေရာတိုင်းတွင် နက်မှောင်သောရွှေရောင်မီးတောက်များ ပျံ့သွားသည်။ သို့သော် သူ၏ဓားရိုးထိပ်က ပြိုင်ဘက်၏ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ခဲ့ပေ။ သူ့ဓားသည် သားရေအပိုင်းအစကို ထိမှန်သွားသကဲ့သို့ မှိုင်းပြပြအသံများသာ ထွက်နေသည်။

ထိုမြင်ကွင်းက တင်းလမ့်ကို ထိတ်လန့်စေသည်။

ယွမ်လီဖေပင် ထိတ်လန့်စွာ အော်ဟစ် နေသည်။

"ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း ကိုယ်ခံပညာ”

ယွမ်လီဖေ မှိန်းနေချိန်တွင် လင်းရှန်က သူ့လက်ကို လှမ်းကိုင်ထားပြီးနေပြီ ဖြစ်သည်။

အရေးကြီးသောအခိုက်အတန့်တွင် ယွမ်လီဖေသည် သူ၏ဓားသွားနဲ့ တားဆီးဖို့ အချိန်ရှိသော်လည်း နောက်စက္ကန့်တွင် နားထဲသို့ ထိုးဖောက်ဝင်လာသော စူးစူးရှရှအသံတစ်ခုကို ကြားလိုက်ရသည်။ သူ့လက်ထဲက ထက်မြက်ပြီး မာကျောတဲ့ဓားက အလယ်ကနေ ဘောလုံးတစ်ခုလို လိမ်သွားပြီး ချက်ချင်းပဲ ပျက်စီးသွားသည်။

ယွမ်လီဖေ အံ့သြသွားသည်။ တစ်ခုခုမှားနေပြီဆိုတာ သူသိပြီး ချက်ချင်းပြန်ဆုတ်သွားချင်သည်။ သို့သော် လင်းရှန်သည် သူ့ထက်မြန်သည်။

တောက်လောင်နေသော စွမ်းအားရှိသည့်လက်ဖဝါးသည် လေထဲသို့ ဖြတ်သွားကာ သူ့ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

ဘုန်း

ယွမ်လီဖေ၏ ခန္ဓာကိုယ်မှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ တောက်ပသော အစိမ်းရောင်အလင်းတန်းတစ်ခုသည် လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာပြီး လင်းရှန်၏ လက်ဖဝါးကို အခိုင်အမာ ပိတ်ဆို့ထားသည်။

ထိုအခွင့်အရေးကို အခွင့်ကောင်းယူပြီး ယွမ်လီဖေက ခုနစ်မီတာကနေ ရှစ်မီတာအကွာအဝေးထိကို လျှပ်စီးကြောင်းလို ဆုတ်သွားခဲ့သည်။

ယွမ်လီဖေသည် သူ့ရင်ဘတ်ပေါ်ရှိ ကွဲအက်နေသော ကျောက်စိမ်းဆွဲသီးကို ကိုင်ရင်း သူ့မျက်နှာသည် မုန်တိုင်းထန်နေသောကောင်းကင်တစ်ခုလို မှောင်မိုက်နေလေသည်။

အကယ်၍ လက်ဖဝါးကို ပိတ်ဆို့ထားသည့် ကျောက်စိမ်းဆွဲသီးကြောင့်သာ မဟုတ်ပါက သူသည် ဒဏ်ရာအပြင်းအထန်ရနိုင်သည် သို့မဟုတ် သေသွားလိမ့်မည်ပင်။

ယွမ်လီဖေသည် ကိုယ်ခံပညာလောကတွင် နှစ်အတော်ကြာနေခဲ့သော်လည်း နားနောက်တွင် စိုစွတ်နေသေးသည့် နို့စို့ကောင်၏လက်ချက်ကြောင့် အကြီးအကျယ်ဆုံးရှုံးခဲ့ရသည်။ သူသည် အလွန်အရှက်တကွဲ ဖြစ်ခဲ့ပြီး ခံစားနေရသည်။

"ကလေး၊ မင်းက ဘယ်မိသားစုကလဲ။"

ယွမ်လီဖေသည် လင်းရှန်ကို ဒေါသတကြီးမျက်နှာဖြင့် စိုက်ကြည့်နေသည်။

သူ့ရဲ့ ပေါ့ဆမှု ရှိခဲ့တယ်ဆိုလျှင်တောင် ဒီကလေးက သူ့ရဲ့ တိုက်ခိုက်မှု တော်တော်များများကနေ ဒဏ်ရာ မရရှိအောင် တောင့်ခံနိုင်ခဲ့သည်။ သူက ယွမ်လီဖေကိုတောင် ဒဏ်ရာပြင်းထန်စွာရလုနီးပါး ဖြစ်စေခဲ့သည် ။ ဒီခွန်အားက ဘယ်သူ့ကိုမဆို ထိတ်လန့်စေလောက်အောင်ပင်။

ငယ်ရွယ်စဉ်တွင် ထိုသို့သောခွန်အားရှိနေတာကြောင့် ကျင့်ကြံရေး မိသားစု (၁၈)ခု ၏ တပည့်သာဖြစ်ရမည်။

သူသည် မဟာမိသားစုသုံးစု သို့မဟုတ် မဟာဂိုဏ်းခွဲကြီးငါးခုမှ တိုက်ရိုက်ဆင်းသက်လာသူပင် ဖြစ်နိုင်ချေရှိသည်။

လင်းရှန်က ပြုံးလိုက်သည်။ " ဒါက ရိုင်းတယ်ထင်တယ်”

ယွမ်လီဖေသည် မျက်မှောင် ကြုတ်ထားသည်။

အေးစက်သော သတ်ဖြတ်ခြင်း ရည်ရွယ်ချက်တစ်ခုက တင်းလမ့်၏ မျက်လုံးထဲတွင် ပေါ်လာသည်။

နှစ်ယောက်စလုံးက ကိုယ့်ကိုကိုယ် အထင်ကြီးနေကြသည်။ တခြားတစ်ဖက်က ပါရမီရှင်ဖြစ်ရင်တောင်မှ နို့စို့ကလေးက လှောင်ပြောင်နေတာကို ဘယ်လိုလုပ် ခွင့်ပြုနိုင်ပါ့မည်နည်း။

အေးစက်သောအသက်ရှုသံနဲ့အတူ ယွမ်လီဖေသည် သူ့ကိုယ်သူ အရှက်ခွဲမခံနိုင်ပေ။

ယင်းအစား လင်းရှန်အား သူ၏ဓားဖြင့် တိုက်ခိုက်ခဲ့သည်။ အေးမြသော ဓားသွားအလင်းသည် ငွေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး လင်းရှန်ကို ဖုံးလွှမ်းသွားသည်။

All Chapters