ရဲရင့်သော အောင်မြင်မှု (၂)
Vol. 7 Ch. 103
ဘုန်း ဘုန်း ဘုန်း
ရှုပ်ယှက်ခတ်နေသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ယွမ်လီဖေ၏ဓားသည် လျှင်မြန်ပြီး ရပ်တန့်မသွားသော်လည်း ယခုအခါ ၎င်း၏ အဆိုးဆုံးအခြေအနေကို ကြုံတွေ့ခဲ့ရပြီဖြစ်သည်။
ဓားသွားနဲ့ မည်မျှပင် ခုတ်ထစ်နေပါစေ၊ လင်းရှန်ကို ဖုံးလွှမ်းနေသော ရွှေရောင်
အလင်းတန်းများ မီးပွင့်တာက လွဲရင် ၎င်းသည် သူ့အား ထိခိုက်အောင် မလုပ်နိုင်ပေ။
ယွမ်လီဖေသည် ဤမျှ တုန်လှုပ်ချောက်ချားဖွယ်ရာ တိုက်ပွဲကို တစ်ခါမျှ မတိုက်ခဲ့ဖူးပေ။ သူက ဒေါသအရမ်းထွက်လာပြီး မျက်နှာက မည်းမှောင်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် သွားများကို အံကြိတ်ကာ စိတ်ကို ထိန်းထားလိုက်သည်။
ထိုအခြေအနေတွင် သူ၏ဝိညာဉ်ရေးရာအနှစ်သာရကုန်တဲ့အထိ ဤကလေးကို ရိုက်
နှက်ပြီး ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှုနည်းစနစ်ကို သုံးလို့ မရနိုင်တော့ပေ။
တင်းလမ့်က ဘေးမှ စောင့်ကြည့်နေပြီး သူသည်လည်း တိုက်ပွဲများစွာကိုလည်း ကြုံဖူးသည်။
ထို့ကြောင့် ယွမ်လီဖေ၏ အစီအစဉ်ကို လျင်မြန်စွာမြင်လာပြီး သူက ခေါင်းညိတ်လိုက်သည်။
"ဒီကလေးက နည်းနည်းတော့ ထူးဆန်းတယ်။ သူ့ကိုယ်ခံပညာက သူ့အရွယ်နဲ့ဆို အတော် အားကောင်းလွန်းတယ်။ ယွမ်လီဖေရဲ့ လျင်မြန်တဲ့ဓားတောင် နှိမ်နင်းခံခဲ့ရတယ်”
ကံကောင်းထောက်မစွာပဲ ယွမ်လီဖေ၏ ကျင့်ကြံမှုသည် ဤကလေးထက် အဆင့်များစွာ မြင့်မားသည်။ ဒီလိုမှ မဟုတ်ရင် ဘယ်သူနိုင်မလဲဆိုတာ ပြောရခက်သည်။
" ယွမ်လီဖေက ကြာရှည်စွာအသက်ရှုခြင်း ဆဋ္ဌမအဆင့် ကျွမ်းကျင်သူပဲ”
"ဒီကလေးက ကြာရှည်စွာအသက်ရှုခြင်း ဒုတိယအဆင့်ပဲ”
"အဆင့် လေးဆင့် ကွာခြားတဲ့အတွက် ယွမ်လီဖေးက ကောင်လေးကို သတ်ဖို့ ဘာပြဿနာမှ မရှိလောက်ဘူး"
ဒါပေမဲ့ကြိုးစားအားထုတ်မှု နည်းနည်းတော့ လိုအပ်သည်။
တစ်ဖက်မှာတော့ လင်းရှန်က အနည်းငယ် ဝမ်းနည်းသွားသည်။
အခုပဲ ရန်သူရဲ့ ပေါ့လျော့မှုကို အခွင့်ကောင်းယူကာ သူတို့ထဲက တစ်ယောက်ယောက်ကို အရင်သတ်ဖို့ စိတ်ကူးရှိခဲ့သည်။
သို့သော် ယွမ်လီဖေမှာ အကာအကွယ် အဆောင်ကဲ့သို့ တစ်စုံတစ်ခု ရှိနေပြီး လင်းရှန်၏ လုပ်ကြံမှုသည် စီစဉ်ထားသည့်အတိုင်း ဖြစ်မလာပေ။
အခု ရန်သူတွေက ထိတ်လန့်နေတော့ သူတို့ကို ဖမ်းဖို့ မဖြစ်နိုင်တော့ပေ။
ဓားကိုင်ထားသော မုတ်ဆိတ်မွှေးနဲ့ အမျိုးသားသည် အလွန်အစွမ်းထက်ပြီး သူ၏ဓားနည်းစနစ်သည် အလွန်ကောင်းမွန်လှသည်။
ဓားသွားနည်းစနစ်ကို တားမြစ်ထားသော ရွှေရောက်ချပ်ဝတ်တန်ဆာနဲ့ နှိမ်နင်းခဲ့ရပြီး သန့်စင်သော ယန်ခန္ဓာကိုယ်စွမ်းရည်ကို မြှင့်တင်ထားရသည်။
မဟုတ်ရင် လင်းရှန်မှာ အားနည်းချက်ရှိနေတာ ကြာပြီပင်။
ဒါတောင် သူ့ရဲ့ လက်ရှိအခြေအနေက အဆင်မပြေလှပေ။
တားမြစ်ထားသော ရွှေရောင် ချပ်ဝတ်တန်ဆာသည် အစွမ်းထက်သော်လည်း ၎င်းသည် ဝိညာဉ်ရေးအနှစ်သာရကို များစွာ ကုန်ဆုံးစေခဲ့သည်။ မဆုတ်မနစ် အကြာကြီးဆက်နေပါက နောက်ဆုံးတွင် သူရှုံးလိမ့်မည်ပင်။
"ငါ့ရဲ့ဝှက်ဖဲကို သုံးရမဲ့ပုံပဲ”
လင်းရှန်သည် ခြေလှမ်းအနည်းငယ်အကွာတွင်ရှိသော တင်းလမ့်ကို တစ်ချက်ကြည့်လိုက်သည်။
တင်းလမ့်နဲ့ ယွမ်လီဖေတို့ကြား စကားပြောဆိုမှုအရ တင်းလမ့်သည် ယွမ်လီဖေကဲ့သို့ အစွမ်းထက်သော ကျွမ်းကျင်သူဖြစ်ကြောင်း ခန့်မှန်းရန် မခက်ခဲပေ။
ကြာရှည်စွာအသက်ရှုခြင်း အလယ်အလတ်အဆင့် ကျွမ်းကျင်သူနှစ်ဦးနှင့် တိုက်ခိုက်ဖို့အတွက် ကြောင်ဗိုလ်ချုပ်ကို ဆင့်ခေါ်တာက အဆင်မပြေပေ။
ထိုအခြေအနေတွင် လင်းရှန်သည် သူ၏ကိုယ်ပွားများကိုသာ အသုံးပြုနိုင်သည်။
လင်းရှန်သည် လျင်မြန်စွာ စိတ်ဆုံးဖြတ်လိုက်သည်။
သူသည် ထိုအရာများကို ဆွဲထုတ်မည့်သူ မဟုတ်ပေ။ သူက ချက်ချင်း လက်ဖဝါးကို ဝှေ့ယမ်းပြီး ယွမ်လီဖေ နောက်ဆုတ်အောင် ဖိအားပေးလိုက်သည်။ ယွမ်လီဖေဆုတ်ခွါသွားသောချိန်တွင် အရိပ်တစ်ခုက လင်းရှန်ဆီမှရုတ်တရက် ခွဲထွက်လာပြီး အရိပ်အယောင်မပေါ်မီ သူနဲ့ ခြေလှမ်းအနည်းငယ် အကွာတွင်ဆင်းသက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အလားတူ "လင်းရှန်” သည် လှိုဏ်ဂူထဲတွင် ပေါ်လာသည်။
ဒါကိုမြင်တော့ ယွမ်လီဖေနဲ့ တင်းလမ့်က အံဩသွားသည်။
"ဒါဘာလဲ?"
"မှော်စွမ်းအားလား ? မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ ဒီကလေးက တောက်ပသော ဝင်ပေါက် အဆင့် မဟုတ်သေးဘူးလေ”
ယွမ်လီဖေနဲ့ တင်းလမ်က အံ့သြသွားသည်။
လင်းရှန်ရဲ့ အစွမ်းသတ္တိကို သူတို့မမြင်လိုက်ရရင် တောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံသူနဲ့ တကယ်တွေ့နေသည်ဟု ထင်မိမည်ပင်။
ဒါပေမယ့် ဒီကလေးက ဒီလို မဟုတ်ရင် သူ့ရှေ့က အဖြစ်အပျက်ကို ဘယ်လိုပြောရမလဲ။
ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူများတွင် မှော်စွမ်းအားနဲ့ သတ်နိုင်စွမ်းမရှိပေ။
"ကောင်လေး၊ ဒါက ဘယ်လိုမှော်ပညာမျိုးလဲ"
တင်းလမ့်သည် လင်းရှန်ကို ရဲရဲကြီး စိုက်ကြည့်နေသည်။ သူ့လက်ထဲတွင်လည်း ဓားရှည်တစ်ချောင်း ပေါ်လာသည်။
ဒီရုတ်တရက်ပြောင်းလဲမှုကိုမြင်တော့ သူက ကြွက်နဲ့ကစားနေတဲ့ ကြောင်တစ်ကောင်လို မမြင်နိုင်တော့ပေ။ ယင်းအစား သူသည် ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသလိုပင်။
မှော်စွမ်းအားများသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူတိုင်းအတွက် အလွန်အန္တရာယ်များသည်။
ဒီကလေးက အယောင်ဆောင်သူဖြစ်နိုင်ရင်တောင်မှ သူ့ကို သတိထား တိုက်ခိုက်တာကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
သူတို့အတွက် ကံမကောင်းတာက လင်းရှန်သည် ရန်သူအား သူ၏စွမ်းရည်များကို ရှင်းပြသည့် အလေ့အထမရှိခဲ့ပေ။ စကားတစ်ခွန်းမှ မပြောဘဲ သူသည် အခြားကိုယ်ပွားတစ်ခုကို ဆင့်ခေါ်ကာ ၎င်းတို့နှစ်ဦးကို တိုက်ခိုက်ဖို့အတွက် ချက်ချင်းထိန်းချုပ်ခဲ့သည်။
"နောက်တစ်ခုလား”
ယွမ်လီဖေနဲ့ တင်းလမ့်နှစ်ယောက်စလုံး အံ့အားသင့်ခဲ့ကြသော်လည်း လက်တွေ့တွင် စဉ်းစားရန် အချိန်များစွာ မရှိခဲ့ကြပေ။ ကိုယ်ပွားများ ချဉ်းကပ်လာသည်နှင့်အမျှ သူတို့နှစ်ဦးသည် ၎င်းတို့၏ အံ့အားသင့်မှုကိုသာ ဖိနှိပ်ပြီး တွန်းလှန်တိုက်ခိုက်ခဲ့ရသည်။
လင်းရှန်သည် သာလွန်ကိုယ်ခံပညာနှင့် သန့်စင်သောယန်ခန္ဓာကိုယ် စွမ်းရည်ရှိသည့် ကိုယ်ပွားနှစ်ခုကို ဆင့်ခေါ်ခဲ့သည်။
၎င်းတို့၏ စွမ်းရည်ကို မြှင့်တင်ထားခြင်းကြောင့် ကိုယ်ပွားနှစ်ခု၏ စစ်မှန်သော ခွန်အားသည် ကြာရှည်စွာအသက်ရှုခြင်း ပဉ္စမအဆင့်သို့ ရောက်လုနီးပါးဖြစ်သည်။
တိုက်ပွဲစတင်သည်နှင့် တပြိုင်နက် ယွမ်လီဖေနဲ့ တင်းလမ့်တို့က အပြန်အလှန် ထိုးနှက်ခဲ့ကြသည်။
လင်းရှန်သည် တင်းလမ့်ကို တစ်ချက်ကြည့်လိုက်သည်။
သူမျှော်လင့်ထားသလိုပင် တင်းလမ့်အင်အားက ယွမ်လီဖေထက် မနိမ့်ကျပေ။
သူတို့နှစ်ဦးစလုံးသည် ကြာရှည်စွာအသက်ရှုခြင်း ဆဋ္ဌမအဆင့်တွင်ရှိသော်လည်း တင်းလမ့်သည် ပြင်းထန်သောရေလှိုင်းဂိုဏ်းမှ မြစိမ်းရောင်ရေလှိုင်းဓားနှင့် ဆင်တူသော ဓားနည်းစနစ်ကို အသုံးပြုခဲ့သည်။ သို့သော် ၎င်းတွင် နောက်ထပ် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါတစ်ခုရှိနေသည်။
တိုက်ပွဲကို ခဏလောက်ကြည့်ရှုပြီးနောက် သူ့ကိုယ်ပွားက ရှုံးနိမ့်နိုင်သည့် အန္တရာယ်မရှိကြောင်း အတည်ပြုပြီး လင်းရှန်က ယွမ်လီဖေကို မဆိုင်းမတွဘဲ တိုက်ခိုက်လိုက်သည်။
သူ၏ သန့်စင်သော ယန်ခန္ဓာကိုယ် ကိုယ်ပွါးနှင့်ပူးပေါင်းကာ ရန်သူတစ်ဦးကို ဦးစွာဖယ်ရှားရန် ပြင်ဆင်ခဲ့သည်။
ယွမ်လီဖေ၏ အခြေအနေသည် ချက်ချင်းပင် ဆိုးရွားသွားခဲ့သည်။
ပြိုင်ဘက်နှစ်ဦးကို မည်မျှပင် ခက်ခက်ခဲခဲ တိုက်နေပါစေ ၊ သူတို့ဆီမှာ မထိုးဖောက်
နိုင်သော သံအခွံများရှိနေသည်။ သူတို့၏ အရည်ပျော်ခြင်းသည် ပြီးပြည့်စုံခြင်းသို့ရောက်ရှိလုနီးပါးပင်ဖြစ်ပြီး အလွန်ရက်စက်ကြမ်းကြုတ်သည်။
ခဏအကြာတွင် ယွမ်လီဖေသည် သူ၏ဓားရှည်သုံးလေးခုကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ သူ အရမ်းတုန်လှုပ်သွားပြီး အေးစက်နေတဲ့ ချွေးတွေ ထွက်လာသည်။
ဤအခိုက်အတန့်တွင် သူသည် အလွန်ဝမ်းနည်းနေသည်။ သူသည် မှော်လက်နက်အဆင့်ဓားကို ရရှိရန် ပိုကြိုးစားသင့်သည်။ ဤနည်းနဲ့ဆို သူသည် ယခုကဲ့သို့ ချုပ်တည်းနေစရာ မလိုတော့ပေ။
ခွမ်
သတ္တုလိမ်သံများနှင့်အတူ နားထဲကို ထိုးဖောက်လာသော အသံ ထွက်လာပြီး နောက်ထပ်ဓားရှည်ကြီး ပျက်စီးသွားသည်။
ယွမ်လီဖေသည် လင်းရှန်၏ လက်ဖဝါးရိုက်ချက်အား ပွတ်ကာသီကာ ရှောင်လွှဲရင်း မြေပြင်ပေါ်တွင် စိတ်မကောင်းစရာ အခြေအနေနဲ့ လူးလဲနေသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏သိုလှောင် ကျောက်စိမ်းပြားမှ နောက်ဆုံးအပိုလက်နက်ကို ထုတ်ယူခဲ့သည်။ သူ့ပါးစပ်ထဲတွင် ခါးသီးသော အရသာရှိနေသည်။
လှိုဏ်ဂူထဲကို စဝင်တုန်းကတော့ ဒီလောက်သနားစရာကောင်းတဲ့ အခြေအနေနဲ့ ပြီးဆုံးသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။
ဒီကလေးက ထူးဆန်းလွန်းသည်။
သူသည် ငယ်ရွယ်စဉ်တွင် အစွမ်းထက်ရုံသာမက ကိုယ်ပွါးများကို ဖန်တီးနိုင်သည့် ထူးဆန်းသော မှော်စွမ်းအားကိုလည်း နားလည်ခဲ့သည်။
နေကိုးစင်းဂိုဏ်းမှာ ဒီလိုအဖွဲ့ဝင် ဘယ်တုန်းကရှိတာလဲ။
ယွမ်လီဖေသည် တုန်လှုပ်သွားပြီး ထွက်ပြေးဖို့ စဉ်းစားနေသည်။
သမ္မာသတိသည် သတ္တိ၏ သာလွန်သော အစိတ်အပိုင်းဖြစ်သည်။ သူ့က ဒီနေရာကနေအရင်ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ၊ ရွှေရောင်သဲသတ္တုကြောက ထွက်မပြေးနိုင်ပေ။ နောက်ကျ သူသည် ရွှေရောင် သဲသတ္တုကြောကိုတူးရန် လူများကို ခေါ်လာလို့ ရသည်။
ထိုအချိန်ကျ ဒီကလေး ဒီမှာရှိနေရင် ဒီနေ့အတွက် ကလဲ့စားချေဖို့ အတူတူ ပေါင်းတိုက်လို့ရသေးသည်။
ယွမ်လီဖေသည် စိတ်ထဲမှ အကြံအစည်နဲ့အတူ လွတ်မြောက်ရန် နည်းလမ်းကို တွေးနေရင်း လင်းရှန်ဆီမှ တိုက်ခိုက်မှုများကို ခုခံကာကွယ်ခဲ့သည်။
တင်းလမ့်ကတော့ သူ့ဘာသာသူပင်။
လင်းရှန်သည် ယွမ်လီဖေ၏ မူမမှန်မှုကို စူးရှစွာ ခံစားလိုက်ရသည်။ အကျဉ်းချုံးလေ့လာပြီးနောက်တွင် ပြိုင်ဘက်၏ အစီအစဉ်ကို မြင်
လိုက်ရပြီး မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။
အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက် ယွမ်လီဖေသည် နောက်ဆုံးတွင် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး ပြင်းထန်သော ခုတ်ချက်ဖြင့် ကိုယ်ပွားကို ချေမှုန်းပစ်ခဲ့သည်။ ထို့နောက် လင်းရှန်ကို ရှောင်တိမ်းကာ လျှပ်စီးလိုပဲ လှိုဏ်ဂူ၏ ထွက်ပေါက်ဆီသို့ ပြေးသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ယွမ်လီဖေက ထွက်ပေါက် အစွန်းဆီကို ပြေးသွားသည်။
လမ်းကြောင်းပေါ်ရောက်သွားရင် အန္တရာယ်ကင်းမည်ပင်။ ယွမ်လီဖေ၏ မျက်နှာသည် ရွှင်မြူးလာသည်နှင့်အမျှ ရှင်းရှင်းလင်းလင်း ဟောက်သံကို ရုတ်တရက် ကြားလိုက်ရသည်။
အဲ့တာက နဂါးဟောက်သံကဲ့သို့ပင်။
နောက်စက္ကန့်တွင် အသံလှိုင်းကြီးတစ်ခု တိုးလာကာ ယွမ်လီဖေ၏ နောက်ကျောကို ဆူနာမီကဲ့သို့ ရိုက်ခတ်သွားသည်။
ဘုန်း
ယွမ်လီဖေသည် ထွက်ပေါက်ဘေးရှိ နံရံကို တိုက်မိသွားသည်။ သူ့ကိုယ်တွင်းအင်္ဂါများ
တွဲကျလာသလို ခံစားရသည်။ နှာခေါင်းနှင့် လည်ချောင်းတို့မှလည်း သွေးများ ထွက်ကျလာပြီး လေကိုတောင် နီရဲသွားစေသည်။
ယွမ်လီဖေ လှည့်ထွက်သည့်အချိန်မှစပြီး လင်းရှန်က တိမ်တိုက်များကြားမှ နဂါးဟောက်သံကို အသုံးပြုသည့်အချိန်အထိ မျက်လုံးတစ်
မှိတ်အတွင်း အရာအားလုံး ဖြစ်ပျက်သွားခဲ့သည်။
ယွမ်လီဖေမြေပြင်ပေါ်သို့ လဲကျသွားမှ တင်းလမ့်က အဖြစ်အပျက်ကို သဘောပေါက်သွားသည် ။ သူက ဒေါသထွက်ပြီး တုန်လှုပ်သွားခဲ့သည်။
ယွမ်လီဖေက သူ့ကို ချန်ထားခဲ့တာကိုသိတော့ ဒေါသတကြီးဖြစ်သွားသည်။
လင်းရှန်သည် အသံလှိုင်းနည်းစနစ်ကို အမှန်တကယ် ကျင့်ကြံခဲ့ခြင်းကြောင့်လည်း ထိတ်လန့်သွားကြသည်။
ဒီကလေးက အစွမ်းထက်တဲ့ ကိုယ်ခံပညာ ဘယ်နှစ်ခုလောက် ကျွမ်းကျင်တာလဲ။
တင်းလမ့်သည် ထိတ်လန့်တုန်လှုပ်နေသေးသော်လည်း လင်းရှန်က ယွမ်လီဖေဘက်သို့ အမြန်ပြေးသွားခဲ့ပြီဖြစ်သည်။ သူသည် ခြေထောက်ကို မြှောက်လိုက်ပြီး မြေပြင်ပေါ်တွင် လဲနေသော ယွမ်လီဖေ၏လည်ချောင်းကို ကန်ထုတ်လိုက်သည်။
ကွဲအက်နေသည့်အသံတစ်ခုထွက်ပေါ်လာပြီး ယွမ်လီဖေ၏ မျက်လုံးများပြူးသွားကာ သူ့မျက်နှာသည် ခရမ်းရောင်ပြောင်းသွားသည်။
သူ တစ်ခုခု ပြောချင်သလိုလို တွန့်လိမ်နေပေမယ့် စကားမပြောခင်မှာ သူ့ခန္ဓာကိုယ်က ဓာတ်လိုက်ခံရသလို တုန်လှုပ်သွားသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် ပျော့သွားကာ လှုပ်ရှားမှု ရပ်တန့်သွားသည်။ သူ့မျက်နှာမှာ မယုံကြည်နိုင်မှုတွေနဲ့ စိတ်ပျက်အားငယ်မှုတွေ ပြည့်နှက်နေတုန်းပင်။
လင်းရှန်၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုသည့် အကြည့်များ ပေါ်လာသည်။
တကယ်တော့ ယွမ်လီဖေသာ သတ္တိနည်းပြီး မထွက်ပြေးရင် သူ ဒီလောက်မြန်မြန် ရှုံးနိမ့်မှာ မဟုတ်ပေ။
ရဲရင့်သူသည် ရှောင်လွှဲ၍မရသော ထိပ်တိုက် ရင်ဆိုင်မှုတွင် အမြဲအနိုင်ရတတ်သည်ဟူသော အဓိပ္ပါယ်ရှိသည်။
ယွမ်လီဖေနှင့် တိုက်ခိုက်ပြီးနောက် လင်းရှန်က တင်းလမ့်ကို လှည့်ကြည့်လိုက်သည်။
တင်းလမ်က လင်းရှန်၏ လျစ်လျူရှုသော အကြည့်နဲ့ ဆုံတွေ့သည့်အခိုက်တွင် သူ့နှလုံးက ပိုခုန်တက်သွားသည်။ သူသည် ကျောရိုးအောက်ထဲထိ အေးစက်သွားသလို ခံစားလိုက်ရပြီး ဦးရေပြား ထုံကျင်လာသည်။
ယွမ်လီဖေ သက်ရှိထင်ရှားရှိတုန်း သူတို့နှစ်ဦးပေါင်းတိုက်တောင် လင်းရှန်ကို မတိုက်
နိုင်တာ ၊ ယခုဆို လင်းရှန်ကို ပိုတောင် အနိုင်ယူနိုင်မည် မဟုတ်ပေ။
ဘယ်လိုပဲကြည့်ကြည့် အခြေအနေမကောင်းပေ။