အားလုံးကို သတ်ပစ် (၂)
Vol. 7 Ch. 105
လွတ်မြောက်ဖို့အတွက်လား
သူသာ လွတ်မြောက်ချင်ရင် နဂိုကတည်းကလုပ်ပြီးသားဖြစ်မှာပင်၊ သွေးပေါက်ကွဲခြင်း စွမ်းအားကိုသုံးဖို့ မလိုအပ်ပေ။
အပြန်အလှန် ဖျက်ဆီးဖို့လား
သူတို့အထဲက ဘယ်သူက လင်းရှန်အစစ်မှန်းတောင် မသိပေ။ အဲ့တော့သူ့ရန်သူကို ဘယ်လို ဆွဲချရမလဲ။
သူ့တွင် အောင်မြင်မှုနှုန်း ၁အချိုး ၆သာ ရှိသောကြောင့် လောင်းကြေးထပ်ဖို့ သတ္တိကို မစုဆောင်းနိုင်ပေ။
ဒါကိုတွေးရင်း တင်းလမ့်က တစ်ခုခုမှားနေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။
ဒီကလေးက သူ့ကို အမြန်အဆုံးသတ်နိုင်ပေမယ့် သူ့တိုက်ခိုက်မှုတွေက ဘာကြောင့် နှေးကွေးသွားပုံပေါ်တာလဲ။
တင်းလမ့်က ရုတ်တရက် အသိစိတ်ဝင်လာသည်။ ဒီကလေးက အချိန်တော်တော်ကြာ ရပ်တန့်နေခဲ့တာ သိသာသည်။ သွေးပေါက်ကွဲခြင်း၏ အကျိုးသက်ရောက်မှု ပျောက်
ကွယ်သွားတဲ့အထိ စောင့်ဆိုင်းချင်ခဲ့တာပင်။
သူတွေးတာမှန်သည်။
လင်းရှန်သည် ဤအကြံအစည်ကို အမှန်တကယ်ပင် စွဲလန်းနေသည်။
သူသည် တင်းလမ့်အား ခွန်အားအပြည့်ဖြင့် သတ်နိုင်သော်လည်း နောက်ဆုံး တန်ပြန်
တိုက်ခိုက်မှုက သူ့ကိုယ်ပွားကို သေဆုံးစေနိုင်သည်။
လင်းရှန်သည် ဤနေရာတွင် ကိုယ်ပွါးကို မဆုံးရှုံးချင်သောကြောင့် အချိန်အတော်ကြာအောင် ရပ်တန့်နေခဲ့သည်။
ရန်သူ၏ ကိုယ်ခံပညာ အကျိုးသက်ရောက်မှုများ ပျောက်ကွယ်သွားကာ ဘေးထွက်ဆိုးကျိုးများ ပြန်စလာသောအခါတွင် ဤလူကို အလွယ်တကူ တိုက်နိုင်သည် ။
ကံမကောင်းစွာပဲ တင်းလမ့် ဒါကို သဘောပေါက်တဲ့အချိန်က အရမ်းနောက်ကျသွားပြီပင်။
ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးအမှုန်အမွှားများ ပါးလာပုံက မမြင်ရသလောက်ပင် ဖြစ်နေသည်။
သူနောက်တစ်ကြိမ် ကိုယ်ပွါးနှစ်ကောင်ကို ခွဲထုတ်လိုက်တော့ တင်းလမ့်က ရုတ်တရက် တောင့်တင်းလာပြီး သူ့မျက်နှာမှာ အရောင်မှိန်သွားသည်။ သူ၏တက်ကြွမှု၊ စွမ်းအင်နှင့် စိတ်ဓာတ်တို့သည် လျင်မြန်သောနှုန်းဖြင့် သိသိသာသာ ကျဆင်းလာသည်။
သွေးပေါက်ကွဲခြင်းရဲ့ အကျိုးသက်ရောက်မှု ပျောက်သွားတာပင်။
နောက်ဆက်တွဲဆိုးကျိုးများ စတင်ပေါ်ပေါက်နေပြီဖြစ်သည်။
ဤအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး လင်းရှန်နှင့် သူ၏ကိုယ်ပွားငါးကောင်သည် တစ်ချိန်တည်းတွင် ပြင်းထန်သောတိုက်ခိုက်မှုကို စတင်ခဲ့သည်။
တဟုန်ထိုးတောက်လောင်နေသော ဝိညာဉ်ရေးရာအနှစ်သာရက ရုပ်လုံးပေါ်လာလုနီးပါးဖြစ်လာပြီး ဂူတစ်ခုလုံးကို အနီရောင်ဆေးဆိုးထားသည်။
"မဟုတ်ဘူး”
တင်းလမ့်၏ မျက်လုံးများ ပြူးကျယ်သွားပီုး သူ့မျက်နှာမှာ ထိတ်လန့်စရာများဖြင့် ပြည့်နှက်နေသည်။
နောက်တစက္ကန့်မှာ အရှိန်ပြင်းပြင်း လှိုင်းလုံးကြီးက သူ့ကို ရိုက်ချသွားသည် ။
ဘုန်း
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဂူကြီးသည် တုန်လှုပ်သွားပုံရပြီး မရေမတွက်နိုင်သော ကျောက်တုံးများ ပြိုကျလာသည်။
ကိုယ်ပွါးငါးကောင်သည်လည်း ချက်ချင်းပင် ကွယ်ပျောက်သွားသည်။ လင်းရှန်သည် သူ့လက်ကို ချလိုက်ပြီး လေးမီတာမှ ငါးမီတာအကွာသို့ ဆုတ်သွားသည်။
တင်းလမ့်သည် မြေပြင်ပေါ်တွင် အလောင်းအဖြစ် ပြောင်းလဲသွားပြီး သေဆုံးသွားခဲ့ပြီပင်။
လင်းရှန်သည် မြေပြင်ပေါ်ရှိ အလောင်းကို လျစ်လျူရှုကာ သူ့စိတ်ထဲတွင် ထွက်ပေါ်လာသော ဉာဏ်အလင်းကို ခံစားရန် အာရုံစိုက်ခဲ့သည်။
ယွမ်လီဖေနဲ့ တင်းလမ့်ကို သတ်လိုက်တဲ့အခိုက်အတန့်မှာ သတ်ဖြတ်ခြင်းကို အားပေးသည့် အကျိုးသက်ရောက်မှုက အစပျိုးလာသည်။
ပထမအကြိမ်တွင် အကျိုးသက်ရောက်မှုသည် သူ၏တားမြစ်ထားသောရွှေရောင် ချက်ဝတ်တန်ဆာကို ၁၂%အထိ တိုးလာစေသည်။
ဒုတိယ အကြိမ်တွင် ကျင့်ကြံမှု ၇ ရာခိုင်နှုန်း တိုးလာသည်။
ဤအချိန်တွင် လင်းရှန်၏ ကျင့်ကြံမှုအဆင့်သည် အဆင့် ၂၊ ၉၈%သို့ရောက်ရှိနေပြီဖြစ်သည်။ သူသည် အဆင့် (၃) ကိုဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
"မျှော်လင့်ထားသလိုပဲ၊ ငါ့ထက် ကျင့်ကြံမှုမြင့်တဲ့ သတ္တဝါတွေကို သတ်လိုက်ရင် စွမ်းအင်သက်ရောက်မှု ဖြစ်ပေါ်နိုင်ခြေက ပိုများတယ်”
ထို့နောက် လင်းရှန်က သက်ပြင်းချလိုက်သည်။
တောင်ပေါ်မှာ နေ့တစ်ဝက်လောက် တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ သတ်ဖြတ်ခြင်းကို အားပေးသည့် စွမ်းရည်၏ အကျိုးသက်ရောက်မှုကို အကြမ်းဖျင်း နားလည်လာခဲ့သည်။
ဥပမာအားဖြင့် ငှက်များ၊ တောင်ကြွက်များနှင့် မြွေများကဲ့သို့ သာမန်သတ္တဝါများကို မည်မျှပင်သတ်ပါစေ၊ သတ်ဖြတ်ခြင်းကို အားပေးသောစွမ်းရည်သက်ရောက်မှုကို ဖြစ်ပေါ်စေမည်မဟုတ်ပေ။
ဖြစ်နိုင်ခြေသည် သုညမဟုတ်သော်လည်း ဖြစ်နိုင်ချေအလွန်နည်းသည်။
အကောင်တစ်သောင်းကို သတ်ခဲ့ရင်တောင် ပင်ကိုယ်စွမ်းရည်ကို တစ်ကြိမ်မှ
မသက်ရောက်တာမျိုး ဖြစ်နိုင်သည်။
၎င်းကို အစပျိုးခဲ့လျှင်ပင် တိုးတက်မှုက သနားစရာကောင်းလောက်အောင် သေးငယ်နေပေလိမ့်မည်။
ပြီးတော့ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်က သူ့ထက်နိမ့်သည်။
ဥပမာအားဖြင့် ဝိညာဉ်သားရဲကိုသတ်ခြင်းကြောင့် အကျိုးသက်ရောက်မှုကို အစပျိုးနိုင်ခြေသည် တစ်ထောင်တွင် တစ်ခုခန့်သာဖြစ်သည်။
တိုးပွားမှုမှာလည်း အလွန်နည်းခဲ့သည်။
ရံဖန်ရံခါတွင် အကျိုးသက်ရောက်မှုသည် ၁%သို့မဟုတ် ၂ % တိုးလာနိုင်သည်။ အများစုကတော့ ၁% ထက်နည်းသည်။
ပြီးတော့ သူနဲ့ ကျင်ကြံမှုအဆင့် တူတာတွေလည်း ရှိသည်။
ဥပမာအားဖြင့် တိုးတက်မှုအဆင့် ဝိညာဉ်သားရဲကိုသတ်ခြင်းက အစပျိုးနိုင်ခြေ ၁%ကနေ ၂%အထိ ရှိသည် ။ တိုးမြှင့်လာသော အကွာအဝေးသည်လည်း အတော်အတန် များပြားခဲ့သည်။
အကျိုးသက်ရောက်မှုကို အမြင့်မားဆုံးဖြစ်နိုင်ချေမှာ သူ့ထက်သာလွန်သော ကျင့်ကြံမှုအဆင့်ရှိသည့် သတ္တဝါတစ်ကောင်ကို သတ်လိုက်တဲ့အခါတွင် ဖြစ်သည်။
ဥပမာအားဖြင့် မြေပြင်ပေါ်ရှိ လူနှစ်ဦးစလုံးသည် သတ်ဖြတ်ခြင်း စွမ်းရည်သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။
သတ်ဖြတ်သူအရေအတွက်က နည်းတဲ့အတွက် လောလောဆယ်မှာ အစပျိုးနိုင်ခြေအတိအကျ ကို မစမ်းသပ်နိုင်သေးပေ။
ပင်ကိုယ်စွမ်းရည်သက်ရောက်မှုကို စတင်ပြီးနောက် တိုးလာမှုသည် ပုံသေမဟုတ်ကြောင်း သိလာခဲ့ရသည်။
တခါတရံတွင် အဆင့်နိမ့်သတ္တဝါများကို သတ်ဖြတ်ခြင်းသည် စွမ်းရည်သက်ရောက်မှုကို ဖြစ်ပေါ်စေပြီး မြင့်မားသောအဆင့်ရှိ သတ္တဝါများကို သတ်ဖြတ်ခြင်းထက် တိုးလာနိုင်တာမျိုးလည်း ရှိသည်။
ဥပမာအားဖြင့် အနက်ရောင်အကြေးခွံ့ စပါးအုံးကို သတ်တာက တင်းလမ့်နဲ့ ယွမ်လီဖေကို သတ်စဉ်ကထက် တိုးတက်မှု ပိုမိုကြီးမားခဲ့သည်။
[အမည်-လင်းရှန်]
[စွမ်းရည်- သတ်ခြင်းခြင်းကို အားပေးသည်]
[အဆင့်-ကြာရှည်စွာ အသက်ရှုခြင်း ဒုတိယအဆင့်၊ ၉၈% ]
[ကျင့်ကြံနည်းစနစ်-ရွှေရောင်ကျီးကန်း ကျမ်းဂန် (ကျွမ်းကျင်မှုအဆင့် ၉%)၊နေမီးတောက်လက်ဝါး ( ပြီးပြည့်စုံခြင်းအဆင့်)
အရိပ်( ပြီးပြည့်စုံခြင်းအဆင့်)၊၊ အရည်ပျော်ခြင်း ( အထူးကျွမ်းကျင်အဆင့် ၁%)
တိမ်တိုက်ကြားမှ နဂါးဟောက်သံ (ကျွမ်းကျင်အဆင့် ၆၅%)၊တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ (ကျွမ်းကျင်အဆင့် ၆၂% ), သေခြင်းအတားအဆီး(ကျွမ်းကျင်အဆင့် ၁၂%)]
[ကိုယ်ပွားအရေအတွက်- ၅ (၂၂%)]
မျက်နှာပြင်ပေါ်က အချက်အလက်တွေကို ကြည့်ပြီး လင်းရှန်က ပြုံးလိုက်သည်။
တောင်ပေါ်ကို နေ့တစ်ဝက်လောက်ဝင်ပြီးတဲ့အခါ သူ့ရဲ့ ကျင့်ကြံမှုနဲ့ ကိုယ်ခံပညာအဆင့် တိုးတက်လာမှုက လေးရက်ကနေ ငါးရက်
အထိ ကျင့်ကြံလို့ရတဲ့ အကျိုးတွေနဲ့ နှိုင်းယှဉ်လို့ရသည်။
သတ်ဖြတ်ခြင်းကို အားပေးသည့်စွမ်းရည်သည် အမှန်တကယ်ပင် ခွန်အားကို လျင်မြန်စွာ တိုးပွားစေနိုင်သည့် လက်နက်တစ်ခုဖြစ်သည်။
တစ်ခုတည်းသောဒုက္ခမှာ ရန်သူကိုသတ်တိုင်း သတ်ဖြတ်ခြင်းကို အားပေးသည့်စွမ်းရည်ကိုပြောင်းထားရခြင်းဖြစ်သည်။
ဒါက တိုက်ပွဲကို မလွဲမသွေ ထိခိုက်စေသည်။
သတ်ဖြတ်ခြင်းကို အားပေးသည့် စွမ်းရည်၏ အကျိုးကျေးဇူးတွေနဲ့ ယှဉ်ရင် ဒီအဆင်မပြေမှုက လုံးဝလက်ခံနိုင်စရာပင်။
သူ့စိတ်တွေအေးဆေး ဖြစ်သွားတော့ လင်းရှန်က မြေပြင်ပေါ်ရှိ အလောင်းနှစ်လောင်းကို ကြည့်ကာ ၎င်းတို့ကို စတင်ရှာဖွေခဲ့သည်။
သူတို့ နှစ်ယောက်လုံးမှာ သိုလှောင်ပစ္စည်းတွေ ရှိသည်။ လင်းရှန်ကို အံ့အားသင့်သွားစေသည်မှာ တင်းလမ့်၏ သိုလှောင်ပစ္စည်းက အမှန်တကယ် သိုလှောင်အိတ်တစ်ခုဖြစ်နေတာပင်။
"ဒါက ငါ့အရှိန်ကို အဆင့်မြှင့်ဖို့ အချိန်ကောင်းပဲ၊ အရည်အသွေးခန်းမမှာ ဒါကို လဲလှယ်ဖို့ သေးငယ်တဲ့ သာမန်အရည်အသွေးအမှတ် သုံးခုကို သုံးစရာမလိုတော့ဘူး”
လင်းရှန်သည် ဝမ်းသာအားရနဲ့ သိုလှောင်အိတ်ကို အမြန်ဖွင့်လိုက်သည်။
သိုလှောင်ကျောက်စိမ်းပြားကဲ့သို့ပင်၊ သိုလှောင်အိတ်တွင် ကန့်သတ်ချက်များ မရှိပေ။ အဲ့တာကို မည်သူမဆိုဖွင့်နိုင်သည်။
အတွင်းပိုင်းနေရာသည် စတုရန်းမီတာ ၃၀၀ မှ ၄၀၀ ခန့် ကျယ်ဝန်းပြီး သိုလှောင်ကျောက်စိမ်းပြားထက် အဆပေါင်းများစွာ ကျယ်သည်။
လင်းရှန်သည် ၎င်းကို အမြန်စစ်ဆေးလိုက်သည်။ သိုလှောင်အိတ်ရှိ နေရာအများစုမှာ ပြည့်နေသည် ။ အများစုမှာ ရှင်သန်ရပ်တည်ဖို့ ထောက်ပံ့ရေး ပစ္စည်းများ ဖြစ်သည်။ ဒီခရီးစဉ်အတွက် တင်းလမ့်ရဲ့ ပြင်ဆင်မှု ဖြစ်နိုင်သလို ယွမ်လီဖေကို ပေးဖို့ စီစဉ်နေတာလည်း ဖြစ်နိုင်သည်။