← Chapters

မြေအောက်ဘုံအရှင်သခင်၏ စွမ်းအား

Vol. 53 Ch. 707

မြေအောက်ဘုံအရှင်သခင်၏ စွမ်းအား

Vol. 53 Ch. 707

ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်တို့ တစ်ယောက်ကိုတစ်ယောက် မျက်လုံးအပြူးသားနှင့် ကြည့်ရင်း ခေါင်းကိုက်လာကြသည်။

ချင်မူ့ကို စွမ်းအားထပ်ဖြည့်မပေးလျှင် မင်တုမှ မိစ္ဆာနတ်ဘုရားအုပ်အား ရင်ဆိုင်နိုင်မည်မဟုတ်။ လော့ယွင်ချွီသည် အကြီးအကျယ် ကြောက်လန့်သွား၍သာ မင်တုကောင်းကင်မုခ်ဝကို ဖွင့်ပြီး ကမ္ဘာလောကအသီးသီးမှ မိစ္ဆာနတ်ဘုရားများအား ဆင့်ခေါ်ကာ ချင်မူနှင့် တိုက်ခိုက်ခိုင်းခြင်းဖြစ်၏။

တိုင်းထွာမရအောင် အင်အားကြီးမားသော ကပ်ဘေးနတ်ဘုရားလည်း ရှိနေရာ ချင်မူ အခြေအနေမကောင်းပေ။

ယိုတုသား‌တော်ဆီမှ စွမ်းအားများစွာ ထပ်ပေးလိုက်လျှင်လည်း ချင်မူသည် သူတို့နှစ်ယောက်ပင် ကြောက်လန့်နေရမည့် မိစ္ဆာနတ်ဆိုးတစ်ကောင် စင်စစ် ဖြစ်သွားလိမ့်မည်။ ထိုအချိန် ရောက်လာပါက အရှုပ်ထုပ်ကို ရှင်းရန် ပို၍ပင် အခက်တွေ့မည်။

“ငါတို့....”

ကောင်းကင်နယ်စားမင်း ဆုံးဖြတ်မတတ် ဖြစ်နေတော့သည်။ “နည်းနည်းလောက် ထပ်စောင့်ကြည့်ကြမလား”

ချိဧကရာဇ် ခေါင်းညိတ်လိုက်၏။ “အေး နည်းနည်းလောက် ထပ်စောင့်ကြည့်ကြတာပေါ့... နည်းနည်းလောက်ပဲ...”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ မီးခဲတုံးအား တက်ခွထိုင်ထားရသကဲ့သို့ ငြိမ်ငြိမ်မနေနိုင်ကြပေ။ ကောင်းကင်နယ်စားမင်းက ချင်မူ၏တတိယမျက်လုံးနေရာမှ အပြင်အခြေအနေကို ချောင်းကြည့်နေသည်။ အတန်ကြာသည့်အခါ ချိဧကရာဇ်လည်း မနေနိုင်တော့ဘဲ သူ့ကို တွန်း၍ ချောင်းကြည့်လိုက်သည်။

နှစ်ယောက်သား သူ့လှည့်၊ ငါ့အလှည့် လုနေကြ၏။

အပြင်တွင်

ချင်မူ၊ ကပ်ဘေးနတ်ဘုရားနှင့် မိစ္ဆာနတ်ဘုရားများကား မာန်ဟုန်မြစ်၏ အထက်ကောင်းကင်အထိပင် တက်ရောက်တိုက်ခိုက်နေကြချေပြီ။ မင်တုမှ မိစ္ဆာနတ်ဘုရားများ ပြုံတိုးခုန်အုပ်လိုက်တုန်းက ချင်မူသည် ပါးစပ်ဟပြီး မိုးကြိုးလျှပ်စီးများ ထွေးထုတ်လိုက်၏။

ပြင်းထန်အားကောင်းသော မိုးကြိုးလျှပ်စီးတို့က တဝင်းဝင်း ပြိုးပြက်လင်းလက်ကာ မိစ္ဆာနတ်ဘုရားများကို အုပ်မိုးလွှမ်းခြုံသွားသည်။ မင်တုမိစ္ဆာနတ်ဘုရားများသည် အခြားကမ္ဘာများမှ မိစ္ဆာနတ်ဘုရားများနှင့် မတူပေ။ မင်တုက ယိုတု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့်အတွက် ယိုတုကဲ့သို့သော သဘာဝများ ရှိချေသည်။ မူလဝိညာဉ်များ သို့မဟုတ် ဝိညာဉ်များ စုဝေးရာ နေရာတစ်နေရာလည်း ဖြစ်သည်။

သို့သော် မတူသည်မှာ ... ယိုတု၏ မိစ္ဆာသဘာဝနှင့် အမှောင်ထုမှ မွေးဖွားလာသော မိစ္ဆာနတ်ဘုရားများ မဟုတ်လျှင် မူလဝိညာဉ်များနှင့် ဝိညာဉ်များသည် ယိုတုတွင် ရုပ်ခန္ဓာအား မပိုင်ဆိုင်နိုင်ကြပေ။ မှန်သည်၊ ခြွင်းချက်အနေဖြင့် ကောင်းကင်နတ်ဘုံမှ ယိုတုသို့ လွှတ်ထားသော နတ်ဘုရားများ၌ ရုပ်ခန္ဓာရှိကြသည်။

မင်တုတွင်မူ နတ်ဘုရားအများစုသည် ရုပ်ခန္ဓာရှိကြ၏။ သို့သော် ထိုရုပ်ခန္ဓာမျိုးက ပုံမှန်အသွေးအသားရုပ်ခန္ဓာ မဟုတ်ဘဲ အရိုးစုများ ဖြစ်ကြသည်။

‌ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများ သေဆုံးလျှင် မင်တုသို့ ဆင်းသက်ကြရသည်။ ရုပ်ခန္ဓာ အကောင်းအတိုင်း ရှိသေးလျှင် မင်တုထံ ယူလာနိုင်၏။ သို့သော် ရုပ်ခန္ဓာမှာ ပုပ်သိုးဆွေးမြေ့သည့်ဘေးမှ မလွတ်နိုင်သည့်အတွက် အဆုံးသတ်တွင် အရိုးစုများသာ ကျန်ခဲ့ချေရာ မင်တုတွင် အရိုးစုနတ်ဘုရားများကိုသာ အများဆုံး တွေ့မြင်ရပေသည်။

အင်္ဂါအပြည့်အစုံရှိသော ရုပ်ခန္ဓာကိုယ်ဖြင့် နတ်ဘုရားတချို့လည်း ရှိသည်။ သို့ရာတွင် သူတို့သည် ကောင်းကင်နတ်ဘုံမှ စေလွှတ်ထားသော နတ်ဘုရားများ ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် ကောင်းကင်ယင်သားတော်၏ သွေးဆက်မျိုးနွယ် အဆင့်မြင့်သိုင်းပညာရှင်များ ဖြစ်ကြ၏။

ချင်မူ အစာမခြေဘဲ ထွေးထုတ်လိုက်သော မဟာမိုးကြိုးတိမ်တိုက်ငါးခုနှင့် မီးခေါင်းလောင်းကောင်းကင်လက်နက်များက မိစ္ဆာနတ်ဘုရားများကို စိစိညက်ညက် ကြေသွားစေသည်။ သို့သော် မိစ္ဆာနတ်ဘုရားတို့၏ မူလဝိညာဉ်များက ထိုအရိုးစများကို ပြန်ဆက်ပြီး ချင်မူ့ကို ဆက်လက်တိုက်ခိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ကပ်ဘေးနတ်ဘုရားက ဘေးအနားရှိ မိစ္ဆာနတ်ဘုရားများအား တွန်းဖယ်ကာ ချင်မူ့ဆီ တိုးဝင်လာသည်။

တွန်းဖယ်ခံလိုက်ရသော မိစ္ဆာနတ်ဘုရားများမှာ လေအလယ်၌ အစိတ်စိတ်အမြွှာမြွှာ ကျိုးကြေကုန်ကြသည်။

ကပ်ဘေးနတ်ဘုရား၏ သိုင်းစွမ်းအားက အင်အားအကြီးဆုံး ဖြစ်၍ ချင်မူ အစွမ်းကုန် တိုက်ခိုက်သော်လည်း အသာစီးယူနိုင်ရန် ခက်ခဲနေသည်။ ကပ်ဘေးနတ်ဘုရား အနားရောက်လာပါက ချင်မူ့အတွက် အန္တရာယ်များ၏။

သို့တိုင်အောင် အရိုးများသည် အမှုန့်ကြေသွားသည်တိုင်အောင် ပြန်ဆက်နိုင်ကြသေးရာ အမှန်တကယ်ပင် ထူးဆန်းလှ၏။ မသေနိုင်သော နတ်ဘုရားစစ်တပ်အလားပင်။

လော့ယွင်ချွီက အခြေအနေကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေပြီး ချင်မူ့အား ဝိုင်းအုံထားသော နတ်ဘုရားများဆီ လှမ်းကြည့်နေသည်။ အရိုးစများ၊ အရိုးမှုန့်များက ကောင်းကင်ယံသို့ တဖွားဖွား ပျံ့လွင့်လျက်၊ မာန်ဟုန်မြစ်ထဲ တဖွဲဖွဲ ကျနေကြသော်လည်း အရိုးများသည် ပြန်လည်စုစည်းကာ တိုက်ခိုက်နိုင်ကြ၏။

မင်တု၏ မိစ္ဆာနတ်ဘုရားက လူသေများဖြစ်သောကြောင့် သေရမည်ကို မကြောက်ကြသလို၊ ဒဏ်ရာရမည်ကိုလည်း ဂရုမစိုက်ကြပေ။

တိုက်ပွဲကြောင့် မာန်ဟုန်မြစ်ရေစီးကြောင်းမှာ ပြတ်တောက်သွားပြီး အောက်ရှိ နဂါးသွေးကြော ပေါ်လွင်လာသည်။ နဂါးသွေးကြောသည် ယခုနှစ်များအတွင်း လျင်မြန်စွာ ကြီးထွားလာခဲ့သဖြင့် အရိုးများ၊ ခြေသည်းလက်သည်းများမှာ ပို၍ပင် ထင်ရှားလာ၏။

လရောင်အောက်တွင် မြစ်ရေလှိုင်းများ ကောင်းကင်ယံသို့ ရိုက်ခတ်နေသော မြင်ကွင်းမှာ အမှန်တကယ် လှပသည်။ မြစ်ရေတို့မှ လများ ဖွဲ့တည်လိုက်သကဲ့သို့ တောက်ပအေးမြသည့် လရောင်အား ရောင်ပြန်ဟပ်နေကြသည်။

လေထဲရှိ ရေလှိုင်းများ ပေါက်ကွဲပြီး အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသောအခါတွင်လည်း လှပခမ်းနားနေသည်။

ကြောက်စရာအကောင်းဆုံးက ကပ်ဘေးနတ်ဘုရားသာ ဖြစ်နေသေးသည်။ ရိုက်ချက်လေးတစ်ချက်တည်းဖြင့် သူ၏နတ်အားလှိုင်းသည် ရေစက်လုံးပေါင်းများစွာကို ထိုးဖောက်သွား၏။ နတ်ဘုရားတစ်ပါး၏ ကြီးမားလှသည့် အင်အားကြောင့် မြစ်ပြင်ထက်မှ မြောက်တက်လာသည့် ရေစက်လုံးတို့မှာ အသေးငယ်ဆုံး အမှုန့်လေးများအထိ ပြိုကွဲကုန်တော့သည်။

“ဒီအတိုင်း ဆက်သွားရင် ချင်ဖုန်းကျင့်ကို သတ်ဖို့ မခက်တော့ဘူး”

လော့ယွင်ချွီ စိတ်သက်သာရာရသွားသော်လည်း ထိုအခိုက်အတန့်မှာပဲ ကျောထဲ စိမ့်သွား၏။ သူ အလျင်အမြန် နောက်လှည့်ကြည့်လိုက်သည့်အခါ သူ့အနောက်ရှိ မင်တုကောင်းကင်မုခ်ဝ၏ အမှောင်ထုထဲမှ လူရိပ်တစ်ခု ပေါ်လာသည်။ လရောင်က လှပခံ့ညားသော မျက်နှာအပေါ် ဖြာကျနေသည်။

“ဆရာ”

လော့ယွင်ချွီ အံ့အားသင့်သွားပြီး ကောင်းကင်ယင်သားတော်ကို နှုတ်ဆက်ရန် ပြင်လိုက်စဉ် ကောင်းကင်ယင်သားတော်က နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်ကာ တိတ်တိတ်နေခိုင်း၏။ သူက ပြုံးလျက် ချင်မူ့ဆီသို့ လှမ်းကြည့်သည်။

လော့ယွင်ချီ စိတ်ထဲမသက်မသာ ဖြစ်လာသည်။ ‘ဆရာကိုယ်တိုင် ဒီတိုက်ပွဲကို လာကြည့်နေပြီ... ယိုတုသားတော်က ဒီလောက် အရေးပါတာလား.... သူ အင်အားကြီးပေမယ့် သတင်းတွေပြောသလောက်လည်း အင်အားမကြီးပါဘူး... ဆရာ့ကို ဘယ်အရာက ဆွဲဆောင်လိုက်တာလဲ”

ကောင်းကင်ယင်သားတော်သည် နတ်ဘုရားပေါင်း‌ထောင်သောင်းချီနှင့် တိုက်ခိုက်နေသော ချင်မူ့အပေါ်မှ အကြည့်မခွာပေ။ သူ့မျက်ဝန်းများက ချင်မူ ရွေ့လျားသည့်အတိုင်း လိုက်ရွေ့နေသည်။

‘သူကိုး’

ကောင်းကင်ယင်သားတော် အတွေးထဲနစ်မျောသွားသည်။ ‘ယိုတုမှာ တွေ့ခဲ့တုန်းက တျန်းရှုရဲ့ တပည့် ထင်နေတာ... ဒီကောင်လေး ငါ့ကို အရူးလုပ်ခဲ့တာပဲ... အင်မတန် ပါးနပ်တယ်...’

မင်တု၏ မိစ္ဆာနတ်ဘုရားအားလုံးသည် လူသေများဖြစ်ကြပြီး ကောင်းကင်ယင်သားတော်က သက်ရှိနတ်ဘုရားတစ်ပါး ဖြစ်သည်။ လူသေတို့အနေဖြင့် မင်တုကောင်းကင်မုခ်ဝကို ဖြတ်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ဝင်နိုင်သော်လည်း သူကတော့ မဝင်နိုင်ပေ။

မင်တုသည် တစ်ခါတုန်းက ယိုတု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည့်အတွက် ယိုတုသဘာဝတချို့ ကိန်းဝပ်နေသော်လည်း ယိုတုအပြည့်အစုံမဟုတ်သေးပေ။ ထို့ကြောင့် လော့ယွင်ချွီတို့ ဆရာတူညီအစ်ကိုသုံးယောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ဝင်ချင်ခဲ့တုန်းက တောင်ကောင်းကင်ဇာမဏီနတ်မင်း ချီရှားယွီ၏ ဇာမဏီမီးငှက်သင်္ဘောနှင့် လိုက်စီးခဲ့ရခြင်း ဖြစ်သည်။

‘သူ့အခြေအနေက အင်အားအကြီးဆုံးအခြေအနေမှာ မဟုတ်ဘူး... ငါ့မင်တုကျောက်စိမ်းကြေးမုံက သူ့ကို ဖိနှိပ်ထားတာများလား’

ချင်ဖုန်းကျင့်၏ခန္ဓာကိုယ်တွင် ဝိညာဉ်နှစ်ခု ရှိမှန်း သူ မသိထား၍ သံသယဝင်နေ၏။

ထိုစဉ် မင်တုထဲမှ ကြည့်နေသော ကောင်းကင်ယင်သားတော်ဖြစ်စေ၊ ချင်စာလုံးမြေပြင်ထက်ရှိ ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်ဖြစ်စေ  ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ချင်မူသည် တောက်လျှောက် တိုက်ခိုက်နေခဲ့ပြီး တစ်ချက်မှ နောက်မတွန့်သွားပေ။ သူက ရုတ်တရက် အသက်ပြင်းပြင်း ရှူကာ မာန်ဟုန်မြစ်အပေါ်ရှိ လေထုကို စုပ်ယူလိုက်သည်။

လေလယ်တွင် ပျံဝဲနေသော အရိုးစုမိစ္ဆာနတ်ဘုရားအားလုံး အထိတ်တလန့်ဖြင့် ခန္ဓာကိုယ်ကို ထိန်းလိုက်ကြသည်။ သို့သော် ထူးဆန်းသော အားတစ်ရပ်က သူတို့ကိုယ်ထဲရှိ မူလဝိညာဉ်များအား ဆွဲငင်သွားလေသည်။

အရိုးစုမိစ္ဆာနတ်ဘုရားအားလုံး ကြောက်မက်ဖွယ်ရာအားလှိုင်းကို ခုခံကြသော်လည်း မိစ္ဆာနတ်ဘုရားတချို့၏ မူလဝိညာဉ်များ ထွက်သွားပြီဖြစ်သည်။ ထိုမူလဝိညာဉ်များမှာ ချင်မူ့ပါးစပ်ထဲသို့ ကူကယ်ရာမဲ့စွာ ရောက်သွားကြသည်။

အကြောက်တရားက သူတို့နှလုံးသားကို ဖြစ်ညစ်ထားသည်။ သေဆုံးပြီးကတည်းက ယခုလို ကြောက်စိတ်မျိုး သူတို့ မခံစားခဲ့ရဖူးပေ။

ဤကြောက်စိတ်သည် အဆင့်နိမ့်သတ္တဝါတစ်ကောင်၏ ရင်ထဲ၌ အလိုအလျောက် ဖြစ်တည်လာသော အဖိနှိပ်ခံ အကြောက်တရားဖြစ်၏။ ချင်မူက သူတို့ကို အမြုတေထဲမှပင် ကြောက်လန့်လာစေသည်။

ချင်မူ၏ကောင်းကင်နတ်သိုင်းက ကပ်ဘေးနတ်ဘုရားကိုလည်း စုပ်ယူနေသဖြင့် ကပ်ဘေးနတ်ဘုရားသည် မူလဝိညာဉ်နှင့် ဝိညာဉ် ဆွဲငင်မခံရအောင် အကောင်းဆုံး‌ တောင့်ခံနေ၏။

ကပ်ဘေးနတ်ဘုရား၏ ကျင့်စဉ်စွမ်းအားမှာ အလွန်တရာ အင်အားကြီးမားပေသည်။ ကျင့်စဉ်စွမ်းအင်တစ်ခုတည်းဖြင့် သူက ချင်မူနှင့် လော့ယွင်ချွီထက် သာသော်လည်း သူ၏မူလဝိညာဉ်ပင် တစ်ချက်တစ်ချက် ကိုယ်ထဲမှ ဆွဲထုတ်ခံနေရသည်။ သူ့မှာ ရှိသမျှ မှော်စွမ်းအင်အလုံးစုံ ထုတ်လွှတ်ကာ တောင့်ခံနေရသဖြင့် ချင်မူ့ကို မတိုက်ခိုက်နိုင်တော့ပေ။

‘ဒါက ယိုတုသားတော်ရဲ့ စွမ်းအားလား’ လော့ယွင်ချွီ ဆံပင်မွှေးများ ထောင်လာသည်။

သူ့မှာ ရုပ်ခန္ဓာသုံးစားမရတော့၍ မူလဝိညာဉ်ဖြင့် ရပ်နေခြင်းဖြစ်သည်။ လောလောဆယ်တွင် သူ၏မူလဝိညာဉ်လည်း ချင်မူ့ကို ရန်သူတော်ကြီးပမာ မှတ်ယူလျက် ဖော်ပြမတတ်အောင် ကြောက်လန့်နေသည်။

ချင်စာလုံးမြေပြင်ထဲရှိ ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်လည်း ထိတ်လန့်နေကြ၏။ ကောင်းကင်နယ်စားမင်း၏ ခပ်တိုးတိုး ‌ရေရွတ်လိုက်သည်။ “မြေအောက်ဘုံအရှင်သခင်ရဲ့ စွမ်းအား... ယိုတုစည်းမျဉ်းတွေနဲ့ မကန့်သတ်ထားတဲ့ မြေအောက်ဘုံအရှင်သခင်စွမ်းအားပဲ...”

ချိဧကရာဇ် အံ့အားသင့်သွားသည်။ ကောင်းကင်နယ်စားမင်း၏ ဆိုလိုရင်းကို သူ နားလည်သည်။ ချင်မူ ထုတ်လွှတ်နေသော စွမ်းအားသည် မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားနှင့် ဆင်သော်လည်း မတူညီသော စွမ်းအားဖြစ်၏။

မြေအောက်ဘုံအရှင်သခင်က သဘာဝအလျောက် မွေးဖွားလာသော နတ်ဘုရားတစ်ပါး ဖြစ်၍ မွေးဖွားလာကတည်းက ယိုတု၏စည်းမျဉ်းများကို လိုက်နာရသည်။ သူ့တွင် စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်သော စွမ်းအားရှိပါသော်လည်း စည်းမျဉ်းများအား သွေဖယ်မရပေ။

ယိုတုသားတော်ကမူ မြေအောက်ဘုံအရှင်သခင်နှင့် ဆင်တူသော စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ယိုတု၏ကန့်သတ်ချက်များဖြင့် နှောင်ဖွဲ့မခံထားရပေ။ သူ့စိတ်တိုင်းကျ စွမ်းအား ထုတ်လွှတ်နိုင်သည်။

ယင်းကြောင့်ပင် ယိုတု၏ အာဏာပိုင်များ ချင်မူ့ကို ကြောက်ကြပြီး လိုချင်နေကြခြင်းဖြစ်သည်။

ကောင်းကင်နယ်စားမင်း တိုးညှင်းစွာ ရေရွတ်မိသည်။ “ယိုတုရဲ့ စည်းမျဉ်းတွေနဲ့ ချုပ်ချယ်မခံထားရတဲ့ စွမ်းအားက လူတွေကို ကြောက်လန့်စေတဲ့ စွမ်းအားပဲ”

“ငါ ဒီစွမ်းအားကို လိုချင်တယ်” မင်တုကောင်းကင်မုခ်ဝထဲမှ ကောင်းကင်ယင်သားတော်၏ သက်ပြင်းချသံ ထွက်လာသည်။

“မြေအောက်ဘုံအရှင်သခင်ကို တစ်နည်းနည်းနဲ့ ကျော်တက်ချင်ခဲ့ပေမယ့် နည်းလမ်း ရှာမတွေ့ခဲ့ဘူး... မြေအောက်ဘုံအရှင်သခင်က သန်မာအားကောင်းလွန်းတယ်... ငါ ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံပြီးတာတောင် သူ့ကို ကျော်တက်ဖို့ နေနေသာ၊ ယှဉ်တောင် မယှဉ်နိုင်သေးဘူး.. အခုတော့ နည်းလမ်းက ငါ့မျက်စိရှေ့မှာ ရှိနေပြီ’

“ဒါကို ယူနိုင်ရင် ငါ မြေအောက်ဘုံအရှင်သခင်ကို အစားထိုးနိုင်လောက်တယ်...” သူက ခပ်တိုးတိုး ပြောနေသည်။

လော့ယွင်ချွီ အံ့ဩတုန်လှုပ်သွားပြီး ကောင်းကင်ယင်သားတော်၏ စကားကို မကြားချင်ယောင်ဆောင်လိုက်၏။

ကောင်းကင်ယင်သားတော်၏ စကားက ချောက်ချားစရာကောင်းလွန်းသည်။ မင်တုသည် ယိုတုဆီမှ ခွဲထွက်နိုင်ခဲ့သော်လည်း မြေအောက်ဘုံအရှင်သခင်ကို ဖယ်ရှား၍ အစားထိုးမည့်စကားက ထိတ်လန့်ဖွယ်ကောင်းလှသည်။ မြေအောက်ဘုံအရှင်သခင်က မည်ကဲ့သို့ ဖြစ်တည်မှုမျိုးပေနည်း။

မင်တုဖြစ်စေ၊ ဖုန်းတုဖြစ်စေ၊ အတိတ်တစ်ချိန်က တည်ရှိခဲ့သော အမှောင်မြို့တော်များ၊ အမှောင်နိုင်ငံများဖြစ်စေ.... အားလုံးသည် မြေအောက်ဘုံအရှင်သခင်၏ ချိုများမှ တည်ဆောက်ထားသော နေရာများဖြစ်ကြ၏။ သူ့ချိုအစလေးတစ်စကပင် ထိုမျှထူးဆန်းခမ်းနားသော သေဆုံးသူတို့၏ကမ္ဘာလောကများကို ဖန်ဆင်းပေးနိုင်လျှင် မြေအောက်ဘုံအရှင်သခင်၏ အစွမ်းအစများသည် မည်မျှကြောက်စရာကောင်းလိုက်ပေမည်နည်း။

သူ့ကို အစားထိုးမည်ဆိုသည့် အတွေးမျိုး လော့ယွင်ချွီ မတွေးဝံ့ပေ။ သို့‌သော် ကောင်းကင်ယင်သား‌တော်ကတော့ တွေးရဲသည်။

“ငါ့မင်တုရဲ့ မိစ္ဆာနတ်ဘုရားတွေကို သူ စားနေတာ ခွင့်ပြုပေးလိုက်ရင် မင်တုမဟူရာနတ်မင်းဆိုတဲ့ ငါ့မျက်နှာ ဘယ်နားသွားထားရမလဲ”

ဧရာမဝဲကြီးတစ်ခု ကောင်းကင်ယင်သား‌တော်၏ အနောက်၌ ပေါ်လာပြီး ဝဲထဲတွင် ထူးဆန်းသော မျက်လုံးတစ်လုံး ပွင့်လာသည်။ မင်တုထဲမှ မျက်လုံးကြီးက အနက်ရောင်အလင်းတန်းတစ်တန်းအား ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ပစ်လွှတ်လိုက်၏။ အလင်းရောင်က မူလဝိညာဉ် ဆွဲထုတ်ခံခဲ့ရသည့် အရိုးစုမိစ္ဆာနတ်ဘုရားအပေါ် ကျရောက်သွားသည်။

ထိုမူလဝိညာဉ်များမှာ ချင်မူ့ဆွဲအားထဲမှ တမုဟုတ်ချင်း ရုန်းထွက်နိုင်သွားပြီး လော့ယွင်ချွီ၏ မင်တုကောင်းကင်မုခ်ဝဆီသို့ ပျံသန်းလာကြသည်။

ထိုအချိန်မှာပဲ ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးသည် တောက်ပလင်းလက်လာကာ လိပ်ပြာတောင်ပံသဏ္ဍာန် အလင်းရောင် လွှမ်းခြုံထားသော ဧရိယာက ကျယ်သထက် ကျယ်လာ၏။ မူလဝိညာဉ်များမှာ မင်တုထဲသို့ အချိန်မှီ ပြန်မဝင်နိုင်ခင် နောက်တစ်ကြိမ် ဖမ်းချုပ်ခံလိုက်ရပြီး ပြန်ဆွဲငင်ခံနေရသည်။

ကောင်းကင်ယင်သားတော် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်သွားသည်။ သူ့အနောက်ရှိ ဝဲကြီးက ကြီးသထက် ကြီးလာသလို၊ မျက်လုံးကြီးလည်း ဖြည်းဖြည်းချင်း ပွင့်လာသည်။ မျက်လုံး၏အလင်းရောင်သည် အနက်ရောင်မှ အဖြူရောင်လင်းလာ၏။

ဝဲထဲရှိ မျက်လုံးက ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးနှင့် တူသယောင်ရှိသော်လည်း မတူပေ။ ကောင်းကင်ယင်သားတော်၏ မျက်လုံးမှာ မြေအောက်ဘုံအရှင်သခင်၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးအား တုပထားသော ကောင်းကင်နတ်သိုင်းသာ ဖြစ်သည်။

သို့သော် ချင်မူ၏တတိယမျက်လုံးနှင့် ရင်ဆိုင်ရသည့်အခါ သူ၏ကောင်းကင်နတ်သိုင်းမှာ အားနည်းနေသည်။

ချင်မူက သူ၏ကောင်းကင်နတ်သိုင်းကို ဖိနှိပ်နေ၏။

“ယိုတုသားတော်ရဲ့ စွမ်းအားက အမှန်တကယ် ထူးခြားတာပဲ”

ကောင်းကင်ယင်သားတော် အံ့ဩဝမ်းသာစွာဖြင့် စိတ်လှုပ်ရှားလာတော့သည်။ “ငါ ဒီစွမ်းအားကို ယူနိုင်ရင် ယိုတုတစ်ခုလုံး ငါ့အပိုင် ဖြစ်လာလိမ့်မယ်... မြေအောက်ဘုံအရှင်သခင်ကိုလည်း ကြောက်စရာမလိုတော့ဘူး... ကောင်းကင်နတ်ဧကရာဇ်ကိုလည်း ကြောက်စရာမလိုတော့ဘူး... ပွင့်စမ်း”

သူ့အနောက်ရှိ ဝဲသည် ရှေ့သို့ ရွေ့လျားပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဆင်းသက်ကာ တတိယမျက်လုံး ဖြစ်လာ၏။

ကောင်းကင်ယ်သားတော် မှော်စွမ်းအင်ဖြင့် မျက်လုံးဖွင့်လိုက်သည့်အခါ မျက်လုံးက ချင်မူ၏တတိယမျက်လုံးအား တမုဟုတ်ချင်း ဖိနှိပ်နိုင်သွားသည်။ ထိုအခိုက်အတန့်တွင် ချင်မူ့နှုတ်မှ ယိုတုဘာသာစကားသည် အနိမ့်အမြင့်မှန်ကန်စွာ ထွက်လာ၏။

ကောင်းကင်ယင်သားတော်မှာ ဇဝေဇဝါ ဖြစ်သွားပြီး ဝိညာဉ်ရှာနေသော အားလှိုင်းတစ်လှိုင်း မင်တုထဲ ဝင်ရောက်လာသလို ခံစားလိုက်ရသည်။

‘ဝိညာဉ်လမ်းညွှန်.... သူ...’

သူ တွေးနေစဉ် ချင်မူ၏တတိယမျက်လုံးမှ အလင်းရောင်သည် လော့ယွင်ချွီကို ဖြတ်ကျော်၍ လော့ယွင်ချွီ၏ မင်တုကောင်းကင်မုခ်ဝထဲ ထိုးဖောက်ဝင်ရောက်လာ၏။ အလင်းတန်းက မင်တုအတွင်းသို့ တရှိန်ထိုး ဝင်လာပြီး သူ့အပေါ် ဖြာကျသွားသည်။

ကောင်းကင်ယင်သားတော်၏ မူလဝိညာဉ်မှာ ရုတ်တရက် ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံရတော့မည့်အလား ဖြစ်သွားတော့သည်။

‘ဝိညာဉ်လမ်းညွှန်ကို ဒီလိုလည်း သုံးလို့ရသေးတယ်လား”

ကောင်းကင်ယင်သားတော် တွေဝေသွားသည်။ ဝိညာဉ်လမ်းညွှန်သည် သေဆုံးသူတို့၏ ဝိညာဉ်ကို ပြန်ဆင့်ခေါ်ပြီး ဖုတ်‌ကောင်သွင်းရန် အသုံးပြုသော ကောင်းကင်နတ်သိုင်းတစ်ခုသာ ဖြစ်၏။ သို့သော် ချင်မူက သူ၏မူလဝိညာဉ်ကို မင်တုထဲမှ ဆွဲထုတ်ရန် တွေးနေသည်။

လောလောဆယ်တွင် ချင်မူ့၌ ယိုတုသားတော်၏ စွမ်းအား တစ်ရာခိုင်နှုန်းသာ ရှိသည့်အတွက် ‌ကောင်းကင်ယင်သားတော်၏ မူလဝိညာဉ်ကို မင်တုထဲမှ ဆွဲမထုတ်နိုင်ပေ။ သို့သော် သူ၏ကောင်းကင်နတ်သိုင်းအားလုံးက ကောင်းကင်ယင်သားတော်အား အံ့ဩတုန်လှုပ်စေပြီး အခက်တွေ့စေခဲ့သည်။

သူ၏မူလဝိညာဉ် ဝိညာဉ်လမ်းညွှန်မှတစ်ဆင့် ဆွဲထုတ်ခံရတော့မလို ဖြစ်သွားသောအခိုက်အတန့်တွင် ရုတ်တရက် အခြေအနေပြောင်းလဲသွားသည်။

အရက်နံ့မွှန်ထူနေသော ဆိတ်ချိုနှင့် နတ်ဘုရားတစ်ပါးက သူရသတ္တိအပြည့်ဖြင့် တဟားဟား ရယ်မောပြီး မင်တုကောင်းကင်မုခ်ဝထဲ တိုးဝင်လာကာ ကောင်းကင်ယင်သားတော်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ခုတ်ချလိုက်၏။

“မင်တုမဟူရာနတ်မင်း၊ မင့်အရက်အတွက် ငါ မင်းကို ကျေးဇူးလာတင်တာပါ”

၎

င

၎

၎

All Chapters