← Chapters

ကောင်းကင်ယင်သားတော်ကို အငိုက်ဖမ်းတိုက်ခိုက်ခြင်း

Vol. 53 Ch. 708

ကောင်းကင်ယင်သားတော်ကို အငိုက်ဖမ်းတိုက်ခိုက်ခြင်း

Vol. 53 Ch. 708

တော်ဝင်မုခ်ဝနတ်ဓားမက ကောင်းကင်ယင်သားတော်၏ မျက်နှာတည့်တည့်သို့ ခုတ်ချလိုက်သည်။ အချိန်က ချင်မူ ဝိညာဉ်လမ်းညွှန်ဖြင့် ကောင်းကင်ယင်သားတော်၏ ဝိညာဉ်ကို ဆွဲထုတ်လိုက်သော အချိန်နှင့် ကွက်တိပင်။

ကောင်းကင်ယင်သားတော်က တော်ဝင်မုခ်ဝနတ်ဓားမကို ထိပ်တိုက်ရင်ဆိုင်လိုက်၍ ဓားမကြောင့် တစ်ကိုယ်လုံး နှစ်ခြမ်းကွဲတော့မည့်အလား ဖြစ်သွားသည်။ တော်ဝင်မုခ်ဝနတ်ဓားမနှင့် ပတ်သက်ပြီး ကြောက်စရာအကောင်းဆုံးသည် မြေအောက်ဘုံအရှင်သခင်၏ဦးချိုကို ခုတ်ဖြတ်နိုင်သော စွမ်းအားသာမဟုတ်၊ မူလဝိညာဉ်ကို စုပ်ယူနိုင်သော အစွမ်းလည်း ပါ၏။

ဓားမကိုင်ဆောင်သူ တျန်းရှုပင်လျှင် သတိလက်လွတ်ဖြစ်ခဲ့၍ မူလဝိညာဉ် ဓားမထဲသို့ စုပ်ယူခံလိုက်ရကာ နှစ်ပေါင်း ခုနစ်သန်း၊ ရှစ်သန်းမျှ ပိတ်မိသွားခဲ့သည်။

ကောင်းကင်ယင်သားတော်မှာ ဓားနှင့် ထိမိလျှင်ချင်း တစ်ကမ္ဘာလုံး ချာချာလည်သွားသလို ခံစားလိုက်ရပြီး သူ၏မူလဝိညာဉ်က တော်ဝင်မုခ်ဝနတ်ဓားမထဲသို့ ကျရောက်သွား၏။

‘ငါ လှည့်စားခံလိုက်ရပြီ’

ကောင်းကင်ယင်သားတော်၏ မူလဝိညာဉ်က ဓားမကမ္ဘာထဲ ကျသွားလျှင်ချင်း ကောင်းကင်နတ်သိုင်း အလျင်အမြန် ထုတ်ဖော်ကာ ကောင်းကင်ထက်တွင် အမှောင်ပင်လယ်တစ်စင်း ဖွဲ့တည်လိုက်သည်။ ပင်လယ်၏အလယ်တွင် မင်တုကောင်းကင်မုခ်ဝ ထူမတ်နေပြီး ကောင်းကင်ယင်သားတော်က မုခ်ဝဆီ ပျံသန်းကာ မုခ်ဝအား ဖြတ်လိုက်သည်။ မုခ်ဝကို မဖြတ်ခင် သူသည် ယဉ်ကျေးရည်မွန်သော အသွင်အပြင်ရှိသည့် စာပေပညာရှင်တစ်ယောက် ဖြစ်သော်လည်း မုခ်ဝကို ဖြတ်ပြီးသည့်အခါ သူ၏ရုပ်သွင်ကား လုံးလုံးလျားလျား ပြောင်းလဲသွားကာ လှပသော အမျိုးသမီးတစ်ယောက် ဖြစ်လာ၏။

ထို့နောက် သူ့အရှေ့၌ ကောင်းကင်မုခ်ဝနောက်တစ်ခု ပေါ်လာပြီး မိန်းမလှအသွင် ပြောင်းသွားသည့် ကောင်းကင်ယင်သားတော်က မုခ်ဝကို ဖြတ်လိုက်သည်။

သူ့မူလဝိညာဉ်ဆီမှ ကောင်းကင်နတ်သိုင်း ထုတ်လွှတ်နေသော အမြန်နှုန်းသည် အင်မတန် မြန်ဆန်၏။ သူ့ခန္ဓာကိုယ်က လျှပ်စီးတန်းသဖွတ် တဖျတ်ဖျတ် ပေါ်လိုက်ပျောက်လိုက်ဖြင့် မုခ်ဝတစ်ခုပြီးတစ်ခု ဖြတ်ကျော်သွားလေသည်။ မြန်လွန်းသဖြင့် သာမန်မျက်စိဖြင့်ပင် မမြင်ရတော့ပေ။

မင်တုကောင်းကင်မုခ်ဝကို တစ်ကြိမ် ဖြတ်လျှင် ဘဝတစ်ကြိမ် ပြန်ဝင်စားပြီး မူလဝိညာဉ်လည်း ပြောင်းလဲသွားလိမ့်မည်။ မျက်နှာ၊ လိင် သို့မဟုတ် မျိုးနွယ် ... မည်သည့်အရာဖြစ်စေ ယခင်နှင့် မတူတော့ဘဲ တခြားတစ်‌ယောက် ဖြစ်လာသည်။

အဆုံးမဲ့ ဘဝပြန်ဝင်စားခြင်းမှတစ်ဆင့် သူသည် အကြိမ်ပေါင်းထောင်ချီ ဘဝပြန်ဝင်စားနေပြီး ဖြစ်ပွားသောနှုန်းကလည်း အလွန်တရာ မြန်လှသည်။ မြန်လွန်းသဖြင့် တော်ဝင်မုခ်ဝနတ်ဓားမထဲရှိ ဝင်္ကပါများပင် လိုက်ပါမပြောင်းလဲနိုင်တော့ပေ။

တော်ဝင်မုခ်ဝနတ်ဓားမတွင် သေးသေးမွှားမွှား မဟုတ်သော အားနည်းချက်တစ်ချက် ရှိသည်။ အားနည်းချက်က သိကြားဗုဒ္ဓကျင့်စဉ်၏ ဟာကွက်မှ အရင်းခံသည်။

ချင်မူက သိကြားကျမ်းစာမှတစ်ဆင့် တော်ဝင်မုခ်ဝနတ်ဓားမမှ ထွက်ခွာရန် နည်းလမ်း ရှာတွေ့ခဲ့ပြီး ကောင်းကင်ယင်သားတော် အသုံးပြုနေသော နည်းလမ်းကမူ ဘဝပြန်ဝင်စားခြင်းဖြင့် မည်သူမည်ဝါဖြစ်သည်ကို ပြောင်းလဲနေခြင်းဖြစ်သည်။

သူ ဘဝပြောင်းလဲလိုက်သည့်အကြိမ်တိုင်း တော်ဝင်မုခ်ဝနတ်ဓားမမှာ ၎င်းအတွင်းရှိ ဝင်္ကပါတည်ဆောက်ပုံကို တစ်ကြိမ် ပြောင်းလဲညှိနှိုင်းရသည်။ တော်ဝင်မုခ်ဝနတ်ဓားမအတွက် ခိုင်ဧကရာဇ် ရေးဆွဲခဲ့သော ဝင်္ကပါအမှတ်အသားများသည်လည်း ဝင်္ကပါထဲ ဝင်လာခဲ့လူကို လိုက်ဖမ်း၍ သတ်ရန် အဆက်မပြတ် ပြောင်းလဲနေ၏။

ကောင်းကင်ယင်သားတော် ဘဝပြောင်းလဲနေသည်နှင့်အမျှ တော်ဝင်မုခ်ဝနတ်ဓားမလည်း ဝင်္ကပါကို ဆက်တိုက် လိုက်ပြောင်းလဲနေရသည်။ ဘဝပြန်ဝင်စားသည့်အမြန်နှုန်းက ဝင်္ကပါထက် မြန်သွားသည့်အခါ ကောင်းကင်ယင်သားတော်သည် ချင်မူ တစ်နှစ်အချိန်ယူ တွက်ခဲ့ရသော အားနည်းချက်ကို အလွယ်တကူ ရှာတွေ့သွား၏။

ကောင်းကင်ယင်သားတော်၏မျက်လုံးများ အရောင်တောက်သွားသည်။ သူ၏မူလဝိညာဉ် မုခ်ဝအပြင် ထွက်လိုက်သည့်အချိန်တွင် ဓားမအတွင်းထဲမှ လွတ်မြောက်သွားပြီဖြစ်သည်။ သူ ပြန်လည်လွတ်လပ်သွား၏။

အပြင်ရောက်သည့်အခါ သူ၏ရုပ်သွင်က မူလရုပ်သွင် ပြန်ပြောင်းသွားသည်။ သို့သော် သူ၏ရုပ်ခန္ဓာမှာတော့ တျန်းရှုကြောင့် နှစ်ခြမ်းကွဲသွားချေပြီ။

“ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားဖြစ်ပြီး ဒီလောက်ပဲလား”

တျန်းရှုက ကျယ်လောင်စွာ ရယ်ပြီး နတ်ဓားမအား ကောင်းကင်ယင်သားတော်၏ လည်ပင်းဆီ လွှဲလိုက်သည်။ “မင်းရဲ့အစွမ်းအစတွေက နတ်ကောင်းကင်ခန်းမအဆင့် ငါ့ထက် မြင့်မားတဲ့ပုံလည်း မပေါ်ပါလား”

ကောင်းကင်ယင်သားတော်၏ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းနှင့် ညာဖက်ခြမ်းက မုခ်ဝတစ်ခုအထဲ ဝင်သွားသည်။ သူတို့က မုခ်ဝများကို ဖြတ်လျှောက်သွားပြီး ကောင်းကင်ယင်သားတော်နှစ်ယောက် ဖြစ်လာ၏။

“နတ်ကောင်းကင်ခန်းမနဲ့ ဧကရာဇ်အဆင့်ရဲ့ ကွာခြားမှုက မင်း စိတ်ကူးကြည့်လို့တောင် မရဘူး”

ကောင်းကင်ယင်သားတော်နှစ်ယောက်က ပြိုင်တူပြောသည်။ “တျန်းရှု၊ မင်းက ကောင်းကင်နတ်မင်းတစ်ပါး မဟုတ်လား.... ဘာလို့ ဒီလောက်ကလေးဆန်နေတာလဲ... ခိုင်ဧကရာဇ်ရဲ့ ဓားမကို ကိုင်ထားတာနဲ့ပဲ ငါ့ကို သတ်နိုင်တယ် ထင်နေလား”

ကောင်းကင်ယင်သားတော်နှစ်ယောက်လုံးသည် အင်အားအကြီးဆုံး ကောင်းကင်ယင်သားတော်နှင့် ညီမျှ၏။ တျန်းရှု သူတို့အား မယှဉ်နိုင်ပေ။

ကောင်းကင်ယင်သားတော်နှစ်ယောက် တိုက်ခိုက်သည့်အခါ တျန်းရှုမှာ အစွမ်းထက်ပါသော်လည်း မခုခံနိုင်ဖြစ်နေသည်။ တော်ဝင်မုခ်ဝနတ်ဓားမကိုသာ အားကိုးနေရ၏။

ထိုအချိန်တွင် အမှောင်ထုထဲမှ ရေလှိုင်းပုတ်သံများ ကြားလိုက်ရသည်။ တျန်းရှု၏ ခြေထောက်အောက်၌ အဆုံးမဲ့သော အနက်ရောင်ပင်လယ်တစ်စင်း ဖွဲ့တည်လာကာ ထိုပင်လယ်မှာ အနက်ရောင်ဝိညာဉ်မှုန်များ စုစည်းနေသော ပင်လယ်ဖြစ်သည်။

မင်တုထဲရှိ အနက်ရောင်ဝိညာဉ်အမှုန်များသည် ကောင်းကင်ယင်ကမ္ဘာအောက် မနည်းသည့်အပြင် ပင်လယ်ပြင်ကြီးတစ်စင်းအဖြစ် ပေါင်းစည်းနေသည်။

ဤအနက်ရောင်ဝိညာဉ်အမှုန်များ မည်သည့်နေရာမှ ရောက်လာသနည်း။

တျန်းရှု ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ ယခင်တုန်းက ကောင်းကင်ယင်သားတော်နှင့် သူ တိုက်ခိုက်ခဲ့ဖူးသော်လည်း မင်တုတွင် မဟုတ်ခဲ့ပေ။ အပြင်လောက၌သာ ထိပ်တိုက်တွေ့ကာ တိုက်ခိုက်ခြင်းဖြစ်သည်။ ထိုစဉ်အခါက ကောင်းကင်ယင်သားတော်သည် သူ့ကိုယ်သူ အထင်ကြီးနေခဲ့၍ တျန်းရှုအား ချက်ချင်း မသတ်ခဲ့သောကြောင့် တျန်းရှု ထွက်ပြေးနိုင်ခဲ့သည်။

ယခုအချိန်တွင်မူ သူ ရောက်သည်နေသည်မှာ မင်တုထဲရှိ အမှောင်ပင်လယ်အပေါ်တွင် ဖြစ်သည်။ ထို့အပြင် ဒဏ်ရာလည်း ရထားဖြင့် ကောင်းကင်ယင်သားတော်ကို အနိုင်ယူရန် ယုံကြည်ချက်မရှိပေ။

ထိုအချိန်မှာပဲ ဘုန်းခနဲ မြည်ဟည်းသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာရာ မင်တုတစ်ခုလုံး လှုပ်ခတ်သွားသည်။ အမှောင်ထုထဲရှိ ကမ္ဘာတစ်ခုက ရုတ်တရက် မင်တုကို ဝင်တိုက်လိုက်သည်။

ခြံထည်တစ်ခုသည် အမှောင်ထုထဲ၌ တလွင့်လွင့် ပျံ့လွင့်နေ၏။ စူးရှသော မျက်ဝန်းအကြည့်များဖြင့် ယမမင်းသည် အမှောင်ခြုံထည်ဖြင့် ဖုန်းတုတစ်ခုလုံးအား လွှားခြုံထား၏။ ဖုန်းတု၏နတ်ဘုရားများလည်း လူသတ်လိုသည့် အရှိန်အဝါများ ထုတ်ဖော်လျက် ခြုံထည်၏အောက် မြို့တံတိုင်းများအပေါ်တွင် ရပ်နေကြသည်။

မင်တုကို ဝင်တိုက်ခဲ့သော ကမ္ဘာက ဖုန်းတုအပြင် တခြားမဟုတ်ပေ။

ကမ္ဘာနှစ်ခုသည် မြေအောက်ဘုံအရှင်သခင်၏ ချိုအစိတ်အပိုင်းများ ဖြစ်ပြီး နောက်ဆုံးတွင်တော့ ပြန်တိုက်သွားချေပြီ။

ယမမင်း၏လက်မှ ဓားအား လွှတ်ပေးလိုက်သည်နှင့် ဓားရောင်သည် အမှောင်ပင်လယ်တစ်လျှောက် ဖြာထွက်သွား၏။ သူက ဖုန်းတု၏စွမ်းအားကို ထိန်းချုပ်ရင်း ဓားကို ဆွဲကိုင်ကာ ရောက်လာသည်။ အလျားလိုက် ဓားရောင်နှင့် ဒေါင်လိုက် ဓားရောင်ကား ဒသမကိန်းတစ်ခုလေးပင် အမှားမခံဘဲ တိုင်းတာထားသကဲ့သို့ ဖြောင့်စင်းနေပြီး ဝိုက်ဖြတ်လိုက်သည့်အချိန်တွင်လည်း အချိုးအစားကျစွာ ကွေးဝိုက်နေသည်။

ဓားသိုင်းကျင့်သော ဓားသမားတို့သည် ထိုမျှစည်းကမ်းကြီးလေ့ မရှိပေ။ ဓားကွက်များတွင် အပြောင်းအလဲများစွာ ထည့်ရန်သာ စိတ်အားသန်ကြသည်။ သို့သော် ယမမင်းက စည်းကမ်းကြီးသည်။ အခြေခံဓားချက်များတွင် များစွာအားစိုက်ထည့်ခဲ့သောကြောင့် သူ၏ဓားချက်များက တိကျသေသပ်၏။ မဟာဆရာသခင်တစ်ယောက်၏ ဟိတ်ဟန်မျိုးရှိပြီး ပြစ်ချက်တစ်စုံတစ်ရာ ရှာမရပေ။

သူ ဖုန်းတုနှင့်အတူ မင်တုဆီ ရောက်ချလာခြင်းက ရုတ်တရက် ဆန်လွန်းသဖြင့် အကုန်ကမောက်ကမ ဖြစ်ကုန်သည်။ အနက်ရောင်ဝိညာဉ်အမှုန်များမှ ဖွဲ့တည်ထားသော အမှောင်ပင်လယ်မှာ ဝင်တိုက်မှု၏အားဒဏ်ကြောင့် လှိုင်းလုံးများ အုံကြွကုန်သည်။ ကောင်းကင်ယင်သားတော် ပင်လယ်၏စွမ်းအားကို မထိန်းချုပ်နိုင်တော့ပေ။

တျန်းရှု၏ ဓားမနှင့် ယမမင်း၏ ဓားက ကောင်းကင်ယင်သားတော်ဆီသို့ ခုတ်ချလိုက်သည်။ မကြာခင် သူ့မှာ သူတို့နှစ်ယောက်ဆီမှ သိုင်းကွက်များကြောင့် ဒဏ်ရာရသွားတော့သည်။

သူ အံ့အားသင့်ပြီး အမျက်တစ်ချောင်းချောင်း ထွက်နေ၏။ အခြေအနေမှာ တိုက်ခိုက်သည်နှင့်မတူဘဲ ကြိုတင်အစီအစဉ်ထားသယောင် ထင်ရသည်။

သူ့တပည့်သုံးယောက် ကပ်ဘေးစေလွှတ်လိုက်၍ တန်ခိုးရှင်သစ်ခုတ်သမားနှင့် ပထမလူသားဧကရာဇ်တို့ လှည့်စားခံလိုက်ရသည့်အချိန်မှစပြီး ချင်မူ ယိုတုသားတော်အဖြစ် ပြောင်းလဲသွား၍ လော့ယွင်ချွီ မင်တုကောင်းကင်မုခ်ဝအား ဖွင့်ရုံအပြင် ရွေးချယ်စရာမရှိတော့သည့်အချိန်အထိ ... အားလုံး တစ်စုံတစ်ယောက်၏ အစီအစဉ်ထဲ ကျသွားသည့်ပုံပေါ်သည်။

ထိုလူ၏ ပန်းတိုင်က ကပ်ဘေးကြီး ဖြစ်မလာအောင် တားရန်မဟုတ်၊ လော့ယွင်ချွီတို့ကို သတ်ရန်မဟုတ်။ အစကတည်းက သူ ဖြစ်နေခဲ့သည်။

လော့ယွင်ချွီလို ပစ်မှတ်လေးများအား ထည့်တွက်မနေဘဲ သူ့လို ဧကရာဇ်ပလ္လင်အဆင့်ကို မျှားခေါ်နိုင်သည်အထိ အတင့်ရဲလှသော ထိုလူက မည်သူပေနည်း။

ထိုလူသည် အတိတ်တုန်းက ရာထူးအဆင့်အတန်း မြင့်မားခဲ့လိမ့်မည်။ ရာထူးအဆင့်အတန်း မြင့်မားခဲ့မျှသာ အဝေးကို ကြိုမြိုင်ပြီး သူ့လို လူကို ပစ်မှတ်ထားနိုင်လိမ့်မည်။

ချင်မူနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတို့သာ ဆိုလျှင် သူတို့၏ပစ်မှတ်က အလွန်ဆုံး လော့ယွင်ချွီ ကပ်ဘေးမလွှတ်အောင် တားရန်သာ ဖြစ်မည်။

အစီအစဉ်ချခဲ့သော ထိုလူကတော့ သူများနှင့်မတူ။ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံတွင် ရာထူးမြင့်မားခဲ့သူ ဖြစ်မည်။ သို့မှသာ သူ့ကို ပစ်မှတ်ထားဝံ့လိမ့်မည်။

ကောင်းကင်ယင်သားတော် ဒေါသထွက်နေသည်။ “ငါ အငိုက်ဖမ်းခံခဲ့ရတာပဲ... ဒီလူက ကောင်းကင်နတ်ဘုံအတုထဲက ကောင်းကင်ဆရာသခင်လေးယောက်ရဲ့ ခေါင်းဆောင် သစ်ခုတ်သမားပဲ ဖြစ်လောက်တယ်.... ဟုတ်တယ် သူပဲ... ငါသာ သူဆိုရင် သေချာပေါက် ငါ့လို သိုင်းပညာရှင်တစ်ယောက်ကို အလွှတ်ပေးမှာမဟုတ်ဘူး... ယမမင်းနဲ့ တျန်းရှုနဲ့တင် တိုက်ခိုက်မှာမဟုတ်ဘူး... ငါ တိုက်ခိုက်ချင်ရင် ငါနဲ့ ရန်ကြွေးရှိတဲ့ ပညာရှင်အားလုံးကို စုစည်းလိုက်မှာပဲ.... ငါ့ကို အမုန်းဆုံးကတော့ ကောင်းကင်ယင်နတ်ဘုရားမ...”

သူ ဤသို့တွေးနေစဉ် မင်တု၏ မိစ္ဆာနတ်ဘုရားများက ကူညီရန် ပျံသန်းလာသည်။ ကောင်းကင်ယင်သားတော်၏ သွေးများ အေးခဲသွားပြီး သူတို့ကို မောင်းထုတ်လိုက်၏။ “မလာနဲ့”

ထိုစဉ် မင်တုထဲရှိ နေရာဟင်းလင်းပြင် ရုတ်တရက် ကွဲထွက်သွားပြီး အခြားကမ္ဘာတစ်ခုနှင့်အတူ ကောင်းကင်ယင်နတ်ဘုရားမ၏ ပုံရိပ်ပေါ်လာသည်။ သူမက ကောင်းကင်ယင်သားတော်ဆီသို့ ကြည့်ကာ ပြုံးပြလိုက်သည်။

ကောင်းကင်ယင်သားတော် စိတ်ထဲ လေးလံသွားသည်။ “တစ်နှစ်လုံး ဟင်္သာလိုက်ဖမ်းနေခဲ့ပေမယ့် စာကလေးတစ်ကောင်ကြောင့် မျက်လုံးကန်းခဲ့ရပြီ”

ကောင်းကင်ယင်နတ်ဘုရားမက သဲနာရီတစ်လုံး ကိုင်ထားပြီး သဲနာရီမှာ ကောင်းကင်ယင်သားတော် ဖန်တီးခဲ့သော ကောင်းကင်ခုနစ်စဉ်ကြယ်အပြင် တခြားမဟုတ်ပေ။ သူမ မှော်အစီအရင် ရွတ်ဖတ်လိုက်သည့်အခါ အမှောင်ပင်လယ်သည် ရုတ်တရက် လှိုင်းထန်လာကာ သူတို့ကို အပေါ်မှ အုပ်မိုးလိုက်သည်။ ပင်လယ်က အပေါ်၊ လူများက အောက်၌ ရှိနေသည့်အတွက် အကုန်လုံး လွှမ်းမိုးခံလိုက်ရ၏။

ကောင်းကင်ယင်သားတော်အနေဖြင့် ပင်လယ်ကို မကြောက်သော်လည်း မင်တု၏နတ်ဘုရားများမှာတော့ မခုခံနိုင်ပေ။

ကောင်းကင်ယင်သားတော်၏မျက်နှာ မည်းမှောင်သွားသည်။ ကောင်းကင်ခုနစ်စဉ်ကြယ်သည် ကောင်းကင်ယင်ကမ္ဘာထဲရှိ အနက်ရောင်ဝိညာဉ်အမှုန်များနှင့် ဆာလောင်နေသော သရဲများကို ထိန်းချုပ်ရန် သူ သွန်းလုပ်ခဲ့‌သော ရတနာတစ်ပါး ဖြစ်၏။ ယခုလို ကိုယ့်အတတ်ကိုယ် ပြန်စူးရမည်ဟု သူ မထင်ထားခဲ့ပေ။

“ကောင်းကင်ယင်သားတော်၊ ကလဲ့စားက ချိုရဲ့လား”

ကောင်းကင်ယင်နတ်ဘုရားမ၏ ရယ်သံ ထွက်လာသည်။ မင်တု၏အမှောင်ပင်လယ်က အောက်သို့ ရိုက်ချပြီး မင်တု၏ မိစ္ဆာနတ်ဘုရားများအား ပင်လယ်အောက်၌ ဖိပစ်လိုက်သည်။ အနက်ရောင်ဝိညာဉ်အမှုန်များ၏ ဝင်တိုက်မှုကြောင့် နတ်ဘုရားတို့၏ မူလဝိညာဉ်များ ပြိုကွဲကုန်ကြသည်။

အရိုးစုများသည် အစွမ်းအစအမျိုးမျိုး ရှိကြ၏။ အရိုးစုမိစ္ဆာနတ်ဘုရားတချို့က သန်မာအားကောင်းသည့်အတွက် ဝင်တိုက်မှုကြောင့် မသေနိုင်ပေ။ သို့သော် မူလဝိညာဉ်များမှာတော့ ဒဏ်ရာအပြင်းအထန် ရသွားကြသည်။

ကောင်းကင်ယင်နတ်ဘုရားမက ပြုံးနေပြီး ကစားစရာအား ‌ဆော့နေသကဲ့သို့ ကောင်းကင်ခုနစ်စဉ်ကြယ် သဲနာရီအား တစ်ကြိမ်ပြီးတစ်ကြိမ် လှန်လိုက်၊ မှောက်လိုက် လှည့်နေသည်။ မရေမတွက်နိုင်သော အရိုးစုမိစ္ဆာနတ်ဘုရားများမှာ ပင်လယ်အောက်တွင် ပြားပြားကပ်သည်အထိ ရိုက်ချ‌ခံနေရကာ သူတို့၏မူလဝိညာဉ်များမှာ သဲမှုန်အဖြစ် ကြေမွကုန်တော့သည်။

ကောင်းကင်ယင်သားတော် အမှန်တကယ် ဒေါသထွက်သွားသည်။ ယခင်က ဤမျှဒေါသမထွက်ခဲ့ဖူးပေ။ ငယ်ရွယ်စဉ်ကတည်းက သူ့ဘဝသည် ပူပန်ကြောင့်ကြစရာမလိုဘဲ လွယ်ကူချောမွေ့ခဲ့၏။ ဤကဲ့သို့ အရှက်ကွဲမှုမျိုး၊ ဤကဲ့သို့ဆုံးရှုံးမှုမျိုး သူ တစ်ခါမှ မခံစားခဲ့ရပေ။

တျန်းရှုနှင့် ယမမင်းက သူ့ကို နားချိန်မပေးဘဲ တိုက်ခိုက်နေသည်။ ကောင်းကင်ယင်သားတော်မှာ စိတ်နှင့်ကိုယ် မကပ်တော့၍ သူ့ကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ဖြစ်ပေါ်လာ၏။ ထိုအခိုက်အတန့်တွင် အမှောင်ပင်လယ်ထဲမှ မုခ်ဝတစ်ခု ထွက်လာပြီး ပင်လယ်ပြင်ထက်၌ ရပ်တည်လိုက်သည်။

မင်တုကောင်းကင်မုခ်ဝ

ဤမုခ်ဝက ကောင်းကင်နတ်သိုင်းမဟုတ်ပေ။ မင်တုကောင်းကင်မုခ်ဝအစစ် ဖြစ်သည်။

မင်တုတပည့်များအနက် မင်တုကောင်းကင်မုခ်ဝ ကောင်းကင်နတ်သိုင်းကို ကျင့်ကြံထားသူများစွာ ရှိကြသည်။ ဤမင်တုကောင်းကင်မုခ်ဝသည် ယိုတု၏ ကောင်းကင်အလိုတော်မုခ်ဝအား မှီငြမ်းထားခြင်း ဖြစ်၏။ သို့သော် ကောင်းကင်အလိုတော်မုခ်ဝမှာ မင်တုကောင်းကင်မုခ်ဝအောက် နိမ့်ကျချေသည်။ ဥပမာ ဘဝပြန်ဝင်စားခြင်းစွမ်းအားက ကောင်းကင်အလိုတော်မုခ်ဝ ဘယ်သောအခါမှ လက်လှမ်းမမှီနိုင်သည့်အရာ ဖြစ်ချေသည်။

ထို့ကြောင့် ဤကောင်းကင်မုခ်ဝသည် မဟာကောင်းကင်မုခ်ဝကြီးလေးခုအနက် ပါဝင်ပြီး မြောက်ကောင်းကင်မုခ်ဝဟုလည်း ခေါ်ဆိုကြ၏။

“ကောင်းကင်ယင်၊ ငါက မင်းတို့ကို ကြောက်မယ် ထင်နေတာလား”

ကောင်းကင်ယင်သားတော်က ဒေါသများဖြင့် ပြုံးနေသည်။ သူ မင်တုကောင်းကင်မုခ်ဝကို ဖိနှိပ်လိုက်သည့်အခါ လှိုင်းလုံးများ တမုဟုတ်ချင်း ငြိမ်သက်သွားပြီး ကောင်းကင်ယင်နတ်ဘုရား မသဲနာရီကို လှည့်ပတ်သည့်တိုင်အောင် ပင်လယ်အား နည်းနည်းလေးမှ မရွှေ့နိုင်တော့ပေ။ “ဧကရာဇ်အဆင့်စွမ်းအားကို မင်းတို့ဆီ ပြပေးရသေးတာပေါ့”

ချင်စာလုံးမြေပြင်ထဲတွင် ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်သည် ချင်မူ၏တတိယမျက်လုံးမှတစ်ဆင့် အပြင်လောကရှိ အခြေအနေ၊ အပြောင်းအလဲများကို ကြည့်နေကြ၏။ တျန်းရှု ရောက်လာပြီး ယမမင်းက ဖုန်းတုနှင့်အတူ မင်တုအား ဝင်တိုက်လိုက်သည့်အချိန်၊ ယမမင်း၏ ဓား ကောင်းကင်ယင်သားတော်အား ခုတ်ပိုင်းလိုက်သော တခဏ၊ ကောင်းကင်ယင်နတ်ဘုရားမ သဲနာရီဖြင့် မိစ္ဆာနတ်ဘုရားများအား ချေမှုန်းလိုက်သောအချိန် စသည့်မြင်ကွင်းများက ချိဧကရာဇ်နှင့် ကောင်းကင်နယ်စားမင်း၏ မျက်နှာအမူအရာများကို တစ်ခုပြီးတစ်ခု ပြောင်းလဲနေစေသည်။ သူတို့မှာ စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်ထားမိကြ၏။

“ချင်မူက တန်ခိုးရှင်သစ်ခုတ်သမားနဲ့ ကျန်တဲ့လူတွေကို ဆက်သွယ်ပြီး တမင်ဟန်ဆောင်နေတာလား”

ချိဧကရာဇ် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “မတိုက်ဆိုင်လွန်းဘူးလား... အရက်မူးနေရင် ကျားရိုင်းတစ်ကောင်လို ကြမ်းတဲ့ တျန်းရှု၊ ဖုန်းတုရဲ့ ယမမင်းနဲ့ တလောက အသက်ဝင်လာတဲ့ ကောင်းကင်ယင်နတ်ဘုရားမ... ဒီအင်အားအားလုံး ပေါင်းလိုက်ရင် ကြိုတင်အစီအစဉ်ချထားတာက အသိသာကြီးပဲ... ဒီယိုတုသားတော် ချင်မူကိုတော့ ငါးစာအဖြစ် ချထားတာ... ယိုတုသားတော်ကို ဘယ်သူက မျက်စိမကျဘဲ နေပါ့မလဲ”

ကောင်းကင်နယ်စားမင်း ပြုံးလိုက်သည်။ “ဟုတ်တယ် အစောကြီးထဲက ကြိုတင်အစီအစဉ် ချထားတာပဲ... ဒီတိုက်ပွဲက တော်တော်ကြည့်ကောင်းတယ်... ချင်မူ ဟန်ဆောင်တာ ပီပြင်လွန်းတော့ အမှား‌လေးတောင် မတွေ့ရဘူး”

ချိဧကရာဇ်က ပြုံးလျက် ပြောသည်။ “ငါလည်း အမှားလေးတစ်ချက်တောင် မတွေ့ခဲ့ဘူး... မိစ္ဆာစရိုက် သူ့ကို ထိန်းချုပ်ပြီး အရိုးစုနတ်ဘုရားတွေရဲ့ မူလဝိညာဉ်တွေကို စားချင်နေတာလို့ပဲ ထင်ခဲ့မိတာ... သူ့တတိယမျက်လုံးကို သုံးပြီး ကောင်းကင်ယင်သားတော်ရဲ့ မူလဝိညာဉ်ကို တိုက်ခိုက်လိုက်တဲ့အချိန် တျန်းရှု ဘွားခနဲ ပေါ်လာမယ်ဆိုတာ ဘယ်သူ ထင်မှာလဲ ... ဒီကောင်လေး မိစ္ဆာစရိုက်ဝင်နေသလို ဟန်ဆောင်နေတာတောင် တော်‌တော်တော့ ကြောက်စရာကောင်းတယ်”

ကောင်းကင်နယ်စားမင်း သက်ပြင်းချကာ ပြုံးလိုက်သည်။ “သူ မိစ္ဆာစရိုက်ကို ထိန်းချုပ်နိုင်သွားမှတော့ ငါ စိတ်အေးပါပြီ... သူ အခု ဘာလုပ်နေလဲ”

နှစ်ယောက်သား ချင်မူ့တတိယမျက်လုံးထဲမှ ချောင်းကြည့်လိုက်ရာ ခေါင်းတစ်လုံး၏ နောက်စေ့ကိုသာ မြင်လိုက်ရသည်။ “ဒါက...”

ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ် အနည်းငယ် မှင်သက်သွားပြီးနောက် သဘောပေါက်သွားကြ၏။ “ဒီကောင်စုတ်လေး ကပ်ဘေးနတ်ဘုရားရဲ့ ခေါင်းကို ကိုက်နေတာပဲဟ"

ထိုအခိုက်အတန့်တွင် ချင်မူသည် ကပ်ဘေးနတ်ဘုရား၏ နောက်ကျောကို တက်ခွ၍ စိတ်လှုပ်ရှားစွာ ပါးစပ်ဟလိုက်ပြီး ကပ်ဘေးနတ်ဘုရား၏ ခေါင်းအား ကိုက်လိုက်သည်။ ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်သံများ ထွက်လာ၏။

ကပ်ဘေးနတ်ဘုရား၏ ခေါင်းမှာ ကိုက်ရာများကြောင့် သွေးရဲပလောင်းခတ်နေသည်။

ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြိုင်တူပြောလိုက်မိကြ၏။ “ဒီကောင်စုတ်လေး မိစ္ဆာစရိုက်ဝင်နေပြီ... ဟန်ဆောင်နေတာမဟုတ်ဘူး”

၎

င

၎

၎

All Chapters