တစ်လောကလုံးတွင် နံပါတ်တစ်
Vol. 53 Ch. 711
တိရီယွဲ့က နှာခေါင်းရှုံ့ကာ သရော်သလို ပြောသည်။ “သူ့ရုပ်ကိုလည်း ကြည့်ဦး... ခိုင်ဧကရာဇ်နဲ့ တော်တော်ဆင်တယ်.... ခိုင်ဧကရာဇ်ရဲ့ သွေးသားမဟုတ်ဘဲ နေပါ့မလား.... ရှင့်တပည့်မဟုတ်ဘူး ငြင်းချင်သေးတာလား.... ကောင်းကင်ဆရာသခင်ကြီး၊ ကျွန်မကို မလိမ်နဲ့နော်”
တန်ခိုးရှင်သစ်ခုတ်သမား၏မျက်နှာ နီရဲသွားသည်။ “ဟုတ်တယ်... သူက ကျုပ်ရဲ့ ဒုတိယတပည့်ပါ... ဒါပေမဲ့ နာမည်ခံတပည့်သက်သက်ပါပဲ ကျုပ် သူ့ကို ဘာမှမသင်ပေးခဲ့ဘူး”
ရုတ်တရက် မိုးကြိုးငါးသွယ်အိုး၏ စွမ်းအားက ချင်မူ့ကို တရှိန်ထိုး ထိမှန်သွားသော်လည်း သင်္ကေတအမှတ်အသားများက သူ၏ပတ်ပတ်လည်၌ ဖွဲ့တည်လာပြီး သူ့အား နေရာရွှေ့ပြောင်းပေးလိုက်သည်။ ထို့နောက် ကပ်ဘေးနတ်ဘုရား၏ နောက်ကျော၌ ပြန်ပေါ်လာကာ နောက်စေ့ကို ဆက်ကိုက်နေသည်။ သူသည် လျင်လည်း လျင်သလို၊ ရက်စက်၏။
“နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း... ဒါ ရှင် တီထွင်ခဲ့တဲ့ ကောင်းကင်နတ်သိုင်းလေ” တိရီယွဲ့မှာ ပို၍ပင် မယုံသင်္ကာဖြစ်လာကာ ခနဲ့နေသည်။
တန်ခိုးရှင်သစ်ခုတ်သမား ရှက်သွားပြီး ပြောစရာစကား ရှာမတွေ့တော့ပေ။
ထိုစဉ် မာန်ဟုန်မြစ်ပြင်ထက်ရှိ ကပ်ဘေးနတ်ဘုရားက သူတို့ကို သတိထားမိသွားပြီး မည်သူ့ကိုမျှ ဂရုမစိုက်သော ကပ်ဘေးနတ်ဘုရားမှာ အံ့အားသင့်သွားတော့သည်။ သူ့မှာ ချင်မူ့ကို ခါထုတ်ရန် သတိမရတော့ဘဲ အလျင်အမြန် အရိုအသေပေး၏။ “ဆရာတူအစ်မကြီး”
တိရီယွဲ့ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “နင်က မြောက်နတ်မင်းရဲ့ တပည့်လား... ငါ့ကို နင့်ရဲ့ ဆရာတူအစ်မအဖြစ် သတ်မှတ်တုန်းလား”
ကပ်ဘေးနတ်ဘုရားမှာ တစ်ခေါင်းလုံး သွေးတို့ရဲပလောင်းခတ်လျက် ကူကယ်ရာမဲ့စွာ ရပ်နေ၏။ “ကျွန်တော် အစ်မကြီးကို တစ်ခါတွေခဲ့ဖူးပေမယ့် အစ်မကြီးက အဆင့်အတန်းမြင့်မားလွန်းတော့ ကျွန်တော့်ကို မသိလောက်ပါဘူး.... ကျွန်တော်က အမိန့်အတိုင်း ကပ်ဘေးလွှတ်ဖို့ လာခဲ့ရတာပါ.... အစ်မကြီး ခွင့်လွှတ်ပေးတော်မူပါ...”
တိရီယွဲ့က သူ့စကားကို အဖက်မလုပ်ဘဲ ပြောသည်။ “တစ်ခုခု ချန်ခဲ့ပြီး ပြန်တော့... ငါ ဒီမှာ ရှိနေပြီ နင် ကပ်ဘေးလွှတ်လို့ မရတော့ဘူး... ပြန်ရောက်ရင် ရှင်းပြလို့ရအောင် တစ်ခုခုချန်ခဲ့.... ဆရာ့ကို ပြောလိုက် ငါ ရောက်နေတယ်၊ နင်တို့ကို မသေစေချင်ရင် သူကိုယ်တိုင် ဆင်းလာနိုင်တယ်လို့”
ကပ်ဘေးနတ်ဘုရား၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူက အံတင်းတင်းကြိတ်ကာ ဘယ်လက်မောင်းအား ဖြတ်လိုက်၏။ ထို့နောက် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး တိရီယွဲ့အရှေ့တွင် သူ့လက်မောင်းအား ရိုရိုသေသေ ချလိုက်သည်။ သူ နောက်သို့ ခြေသုံးလှမ်း ဆုတ်ပြီးသည့်အခါ သူ၏မူလဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်။ သူ၏ခန္ဓာကိုယ်မှာလည်း ကျောက်ရုပ်တု ပြန်ဖြစ်သွားချေပြီ။
ချင်မူက ကျောက်ရုပ်တု၏ ခေါင်းကို ဂွပ်ခနဲ ကိုက်ချလိုက်ကာ သွားများ ကျိုးကြေတော့မလို ဖြစ်သွားသည်။ ကိုက်မရတော့သည်နှင့် ကျောက်ရုပ်တုအပေါ်မှ ပြန်ဆင်းလာပြီး သူ့မျက်လုံးများက သားကောင် ရှာနေသော သားရဲတစ်ကောင်သဖွယ် ရက်စက်ခက်ထန်စွာ လင်းလက်တောက်ပနေလျက် ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်ရှုလိုက်သည်။
ကပ်ဘေးနတ်ဘုရား၏ ကျောက်ရုပ်တုသည် တဖြည်းဖြည်း မြေကြီးထဲ နစ်ဝင်ပြီး အစအနမကျန် ပျောက်ကွယ်သွား၏။ မိုးကြိုးငါးသွယ်အိုးလည်း ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များကို ပြန်လည်စုပ်ယူကာ ပျောက်ကွယ်သွားတော့သည်။
“ဒီမမလှလှကြီးက အရသာအရှိဆုံးပဲ”
ချင်မူက တိရီယွဲ့ဆီသို့ စိတ်လှုပ်တရှား ခုန်အုပ်လိုက်သည်။ တန်ခိုးရှင်သစ်ခုတ်သမားမှာ ရှက်လွန်း၍ ခေါင်းမဖော်ရဲတော့ပေ။ သူ့မှာ အခေါင်းတစ်ခေါင်း ရိုက်၍ သူ့ကိုယ်သူ မြေကြီးထဲ၌ မြေမြှုပ်ပစ်ချင်နေ၏။
တိရီယွဲ့သည် ညာလက်ဖြင့် မုဒြာဟန်လုပ်လိုက်ပြီး လက်ချောင်းများအား လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူမ၏လက်မှာ ကြာပန်းလေးသဖွယ် ညင်သာပျော့ပျောင်းစွာဖြင့် ချင်မူ့မျက်ခုံးနှစ်ဖက်ကြားသို့ ဖိလိုက်လေသည်။ ထိုအခါ ချင်မူ့ကိုယ်ထဲရှိ မိစ္ဆာစရိုက် တမုဟုတ်ချင်း ငုပ်လျှိုးသွားပြီး ယိုတုမိစ္ဆာနတ်ဆိုးချီများက သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ချင်စာလုံးမြေပြင်ထဲသို့ တဝေါဝေါ ပြန်ဝင်သွား၏။
တိရီယွဲ့၏မုဒြာက ယိုတုမိစ္ဆာနတ်ဆိုးချီနှင့် မိစ္ဆာသဘာဝနှင့်အတူ ကလေးကြီးချင်ဖုန်းကျင့်၏ကိုယ်ထဲ ဝင်ရောက်သွားသည်။ မင်တုကျောက်စိမ်းကြေးမုံ ခွမ်းခနဲ ကွဲကြေသွားသည်။
ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်မှာ အံ့ဩကြီးစွာဖြင့် ပြိုင်တူ အော်လိုက်မိကြသည်။ “ဒီကလေးမရဲ့ အစွမ်းအစတွေက မဆိုးဘူးပဲဟ... သေသွားတာ နှမြောစရာကောင်းလိုက်တာ”
တိရီယွဲ့ အံ့အားသင့်သွားပြီး ငေးကြောင်သွား၏။ သူမမုဒြာထဲရှိ မှော်စွမ်းအင်မှာ တစ်စုံတစ်ခု၏ စားခြင်း ခံလိုက်ရသကဲ့သို့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားချေသည်။
သူမအနေဖြင့် ချင်စာလုံးမြေပြင်၏အတွင်းထဲ မမြင်ရသောကြောင့် ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်ကို မတွေ့ပေ။
သူမ ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်တော့မည့်အချိန် တန်ခိုးရှင်သစ်ခုတ်သမား၊ ပထမလူသားဧကရာဇ်၊ ဖုရွေ့လော်နှင့် ချိရှီတို့က သူမကို အသည်းအသန် တားလိုက်ကြသည်။ “မဝင်နဲ့ မဝင်နဲ့... သူ့မျက်ခုံးနှစ်ဖက်ကြားထဲ မဝင်လိုက်နဲ့... ငါတို့အားလုံး မရှုမလှ ခံခဲ့ရပြီးပြီ”
တန်ခိုးရှင်သစ်ခုတ်သမားက ပြောသည်။ “ကျုပ်တော့ တစ်ခါမှ မခံဖူးပေမယ့် အဲဒီနေရာက အင်မတန် အန္တရာယ်များတာကိုတော့ သိတယ်... ကောင်းကင်နယ်စားမင်း မဝင်တာ အကောင်းဆုံးပဲ”
တိရီယွဲ့၏အကြည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး သူမက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “တကယ်ပဲ အဲဒီလောက် အန္တရာယ်များတယ်လား... ကျွန်မရဲ့ ဧကရာဇ်ပလ္လင်အဆင့် စွမ်းအားထက်တောင် သန်မာအားကောင်းတယ်ပေါ့... ဟုတ်ပြီလေ၊ ကျွန်မရုပ်ခန္ဓာကလည်း သေနေတုန်းပဲဆိုတော့ မဝင်ကြည့်တာပဲ ကောင်းပါတယ်”
ချင်မူ နိုးလာပြီး မိုးမခသစ်ရွက်အား သူ၏မျက်ခုံးနှစ်ဖက်ကြားနေရာအပေါ် အလျင်အမြန် ဖိကပ်လိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်၏။
“ဆရာ၊ ပထမဘိုးဘေးကြီး အားလုံး အသက်ပြန်ရှင်လာပြီပေါ့”
ချင်မူမှာ အံ့ဩဝမ်းသာနေသည်။ တိရီယွဲ့ကို မြင်လျှင် သူက အဝတ်အစားများကို ကပျာကယာ သပ်သပ်ရပ်ရပ် လုပ်ပြီး မှန်ကြည့်ကာ သူ့ကိုယ်သူ သနေ၏။ ထို့နောက်မှ နှုတ်ဆက်သည်။ “ဆရာ၊ ဒီမမနတ်သမီးလေးက ဘယ်သူလဲ”
“မမနတ်သမီးလေးတဲ့လား”
တိရီယွဲ့ ကျေနပ်သွားပြီး ချင်မူ့အပေါ် အမြင်မကြည်ခဲ့သော ခံစားချက်အားလုံး ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ပျောက်ကွယ်သွားတော့သည်။ “ကောင်းကင်ဆရာသခင်ကြီး၊ ရှင့်ဒုတိယတပည့်က အမြင်မဆိုးဘူးပဲ... ခိုင်ဧကရာဇ်နဲ့ ရှင့်ထက်တောင် သာသေးတယ်... တကယ့် ပါရမီရှင်လေး... ဒီလိုတပည့်လေးကို လက်ခံခဲ့တာ ရှင် မှန်တယ်”
တန်ခိုးရှင်သစ်ခုတ်သမား စိတ်အေးလက်အေး ဖြစ်သွား၏။ သူက ချင်မူ့ကို ခပ်တိုးတိုး ကပ်ပြောလိုက်သည်။ “ပါးစပ်ကို သုတ်ဦး... နှုတ်ခမ်းထောင့်မှာ သွေးတွေ ပေနေတယ်”
“နှုတ်ခမ်းထောင့်မှာ သွေးပေနေတာလား”
ချင်မူ အံ့အားသင့်သွားပြီး မှန်အသေးလေးတစ်ချပ် ကမန်းကတန်း ထုတ်၍ နှုတ်ခမ်းထောင့်ရှိ သွေးများ သုတ်လိုက်သည်။ ထို့နောက် သူက သွားကြားမှ ဆံပင်တစ်မျှင် ဆွဲထုတ်လိုက်ကာ မှင်သက်သွား၏။ “ကျွန်တော် သွေးအန်ခဲ့တာလား... ဘယ်လိုလုပ်ပြီး ဆံပင်တွေ ပါနေတာတုန်း”
တိရီယွဲ့က ပြောသည်။ “အဲဒါ ငါ့ဆရာတူမောင်ရဲ့ သွေးနဲ့ ဆံပင်တွေပါ... သူက မင်း ကုပ်ကပ်ပြီး ကိုက်နေခဲ့တဲ့ ကပ်ဘေးနတ်ဘုရားလေ”
ချင်မူ ရှက်သွေးဖြာသွားသည်။
တိရီယွဲ့က ပြုံးလျက် ဆက်ပြော၏။ “ရိုးသားဖြူစင်လိုက်တဲ့ ကောင်လေး... ရှက်ရကောင်းမှန်း သိတဲ့ လူငယ်တွေ သိပ်ရှိတာမဟုတ်ဘူး... မင်းက တော်တော်ရှက်တတ်တယ်နော်... မိန်းကလေးတွေ မင်းလိုကောင်လေးဆို ကြိုက်ကြလိမ့်မယ်”
သစ်ခုတ်သမား၊ ဖုရွေ့လော်၊ ချိရှီနှင့် ပထမလူသားဧကရာဇ်တို့ မျက်နှာအမူအရာများ ထူးဆန်းကုန်ကြပြီး ချောင်းတဟွတ်ဟွတ် ဆိုးကုန်ကြသည်။ သူတို့ စကားတစ်ခွန်းမပြောကြပေ။
တိရီယွဲ့က ဂရုမစိုက်ဘဲ ပြုံးနေသည်။ “မောင်လေး... အိုင်းရား၊ မင်းကို မောင်လေးလို့ ခေါ်လို့မဖြစ်ဘူး... မင်းက ကောင်းကင်ဆရာသခင်ကြီးရဲ့ တပည့်၊ ခိုင်ဧကရာဇ်ရဲ့ သွေးသားဆိုတော့ ငါ မင်းကို မောင်လေးလို့ ခေါ်လိုက်ရင် ငါ သူတို့ထက် ဝါစဉ်နိမ့်မသွားဘူးလား”
ချင်မူက သွက်သွက်လက်လက် ပြောလိုက်၏။ “မမကြီး၊ ဒါဆို ကျွန်တော်တို့ဘာသာ သူငယ်ချင်းလုပ်ကြမယ်လေ... အဲဒါ အဆင်မပြေဘူးလား”
တိရီယွဲ့မှာ သဘောကျသွားပြီး ချီးကျူးလိုက်သည်။ “ကောင်းလိုက်တဲ့ အကြံပဲ... ဒီနေ့ကစပြီး မမတို့နှစ်ယောက် မောင်လေးနဲ့ မမ လုပ်ကြတာပေါ့.. ဒါမဲ့ တခြားလူတွေကိုတော့ မမတို့ပတ်သက်မှုထဲ ထည့်လို့မရဘူးနော်”
ချင်မူ တိရီယွဲ့၏နဖူးဆီသို့ ကြည့်လိုက်သည့်အခါ ဖောက်ထွင်းမြင်နေရသော အပေါက်တစ်ပေါက်ကို တွေ့လိုက်ရသည်။ သူမ၏ ဦးနှောက်တစ်သျှူးများကိုပင် မြင်နေရချေသည်။
ထို့အပြင် တိရီယွဲ၏နှလုံးက မခုန်တော့၍ သွေးလည်ပတ်မှုလည်း မရှိတော့ပေ။ သူမသည် အလောင်းသာ ဖြစ်ကြောင်း သိသာ၏။ မူလဝိညာဉ်က သန်မာအားကောင်းလွန်း၍သာ ရုပ်ခန္ဓာကို ထိန်းချုပ်ထားပြီး အသက်ရှင်နေသေးသယောင် ထင်ရခြင်းဖြစ်သည်။
“မမကြီးရဲ့ ဒဏ်ရာက တော်တော် ပြင်းထန်တာပဲ”
ချင်မူ ပြောလိုက်မိသည်။ “ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာမျိုး ဘယ်လိုလုပ်ပြီး ရခဲ့တာလဲ”
တိရီယွဲ့က ဝမ်းနည်းကြေကွဲစွာ ပြန်ဖြေသည်။ “မကောင်းတဲ့လူနဲ့ တွေ့ခဲ့လို့ပေါ့ကွယ်... မမက အသည်းနှလုံး မရှိတဲ့ ကြွက်သူခိုးနဲ့ လက်ထပ်ခဲ့မိတယ်လေ... ဒီဒဏ်ရာ သူ ပေးခဲ့တဲ့ ဒဏ်ရာပဲ”
ချင်မူက သူမ၏ဒဏ်ရာကို အသေးစိတ် ကြည့်ရှုနေပြီး အနားကပ်သွားသည့်အခါ တိရီယွဲ့၏အသက်ရှူသံ မကြားရပေ။ တိရီယွဲ့၏ ဒဏ်ရာ၌ ကောင်းကင်နတ်သိုင်းအကြွင်းအကျန် ကိန်းဝပ်နေသေး၏။ အကြွင်းအကျန်၏စွမ်းအားက အားကောင်းပြင်းထန်လှသည့်အတွက် သူ မထိရဲပေ။
“ဒါက ဒဏ်ရာလေးပါပဲ မမကြီးရဲ့.... ကုလို့ ရသေးတယ်... ပြင်းထန်ပေမယ့် ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ပါဘူး”
ချင်မူက တိရီယွဲ့၏ ဦးခေါင်းနောက်သို့ သွားကာ လေ့လာနေသည်။ “ဒဏ်ရာမှာ ကျန်နေတဲ့ ကောင်းကင်နတ်သိုင်းအကြွင်းအကျန်ကိုတော့ ကျွန်တော် မဖယ်တတ်ဘူး... မမကြီး ဒဏ်ရာကို ရှင်းပေးလို့ရလား”
တိရီယွဲ့ အံ့အားသင့်သွားပြီး ကျင့်စဉ်လှည့်ပတ်ကာ ကောင်းကင်ယင်သားတော်၏ ကောင်းကင်နတ်သိုင်းအကြွင်းအကျန်ကို ဖယ်ရှားလိုက်သည်။ သူမက စပ်စုကြည့်၏။ “မမက ဧကရာဇ်ပလ္လင်အဆင့်နော်.... မောင်လေးက ကောင်းကင်နတ်အသွင်အဆင့်ပဲ ရှိသေးတယ်... ဘယ်လိုနည်းလမ်းတွေနဲ့ ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားတစ်ယောက်ရဲ့ ဒဏ်ရာတွေကို ကုသပေးမှာလဲ”
ချင်မူက ခန္ဓာကိုယ်ကို လှုပ်ခါကာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ပြောင်းလိုက်သည်။ သူက လက်တစ်ဖက်ကို မြှောက်၍ ဓားရောင်တစ်ချက်ဖြင့် ဘယ်ဘက်ခေါင်းအား ဖြတ်တောက်လိုက်သည်။
တိရီယွဲ့ အံ့ဩတုန်လှုပ်သွားသော်လည်း ချင်မူက ပြုံးနေသည်။ “မမကြီး ကြည့်ထားနော်”
သူ့လည်ပင်းသည် လှုပ်ခါလိုက်ပြီး နောက်ခေါင်းတစ်လုံး ပြန်ပေါက်လာလေသည်။
တိရီယွဲ့ မျက်လုံးအဝိုင်းသားဖြင့် ကြည့်ရင်း အော်လိုက်မိသည်။ “ဒီလိုကျင့်စဉ်မျိုး ရှိတယ်လား”
ချင်မူ ဖြတ်တောက်ခဲ့သည်မှာ ရုပ်ခန္ဓာ၏ ခေါင်းသာမဟုတ်ဘဲ မူလဝိညာဉ်၏ ခေါင်းလည်း ပါကြောင်း သူမ မြင်ခဲ့ရသည်။ ကျင့်စဉ်ကို ထုတ်လွှတ်လိုက်သည့်အခါတွင်မူ ရုပ်ခန္ဓာခေါင်းသာမက မူလဝိညာဉ်ခေါင်းလည်း ပြန်ပေါ်လာ၏။
ဤကဲ့သို့ကျင့်စဉ်မျိုးအား သူမ မကြားဖူး၊ မမြင်ဖူးခဲ့ပေ။
နတ်ဘုရားချိရှီက နှာခေါင်းရှုံ့လိုက်ပြီး အတော်လေး အမြင်ကပ်နေသည်။
ချင်မူသည် မင်ဧကရာဇ်၏ အန္တရဝဖန်ဆင်းကျမ်းစာနှင့် ချိဧကရာဇ်၏ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ထုတ်လွှတ်လိုက်ခြင်းဖြစ်၏။ ဤကျင့်စဉ်နှစ်ခုကို ဟာကွက်မရှိ ပေါင်းစည်းလိုက်သည့်အချိန်တွင် မသေနိုင်သော ရုပ်ခန္ဓာနှင့် မသေနိုင်သော မူလဝိညာဉ်စွမ်းအားကို သူ ရရှိသွားလေသည်။
မသေနိုင်သော ထာဝရရုပ်ခန္ဓာမှာ ချိမင်နတ်ဘုရားသားတော် တောင့်တခဲ့သောအရာ ဖြစ်သော်လည်း ချိမင်နတ်ဘုရားသားတော် မရခင် ချင်မူက ရသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
မှန်သည်၊ ထိုအဆင့်ရောက်သွားသည့်အတွက် ချင်မူ့အား မနာလို၍မဖြစ်ပေ။
ချိမင်နတ်ဘုရားသားတော်က ချင်မူ့ကို မင်ဧကရာဇ်၏ အန္တရဝဖန်ဆင်းကျမ်းစာ သင်ပေးခဲ့သည့်အပြင် ချိဧကရာဇ်၏ အသိစိတ်အလျဉ်ကလည်း မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို သင်ပေးခဲ့သေးသည်။ ထို့ကြောင့် ချင်မူသည် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကျင့်စဉ်တွင် ချိဧကရာဇ်နှင့် တန်းတူနားလည်ထား၏။
ထိုကဲ့သို့ အသိအမြင်ဖြင့် ချင်မူ့အတွက် အန္တရဝဖန်ဆင်းကျမ်းစာကို သဘောပေါက်နားလည်ရန် မခက်တော့ပေ။ ဤသို့ဖြင့် ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်နှစ်ခုတွင် ချင်မူ၏ ပေါက်မြောက်အောင်မြင်မှုက ချိမင်နတ်ဘုရားသားတော်ထက် ကျော်တက်သွားခဲ့သည်။ သူက အခြားသူများ မယှဉ်နိုင်သော ချိဧကရာဇ်၏ အသိစိတ်အလျဉ်ကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။
ချိမင်နတ်ဘုရားသားတော်အနေဖြင့် ချင်မူ့ဆီမှ ချိဧကရာဇ်၏ကျင့်စဉ် သင်ယူခဲ့ရသော်လည်း ချိဧကရာဇ်နည်းတူ သဘောမပေါက်နိုင်ပေ။ ထို့ကြောင့် ချိမင်သားတော်တွင် ထာဝရရုပ်ခန္ဓာနှင့် ထာဝရမူလဝိညာဉ် မရှိသေးပေ။ ဆန့်ကျင်ဘက်၌ အပြင်လူချင်မူက ဦးစွာ အောင်မြင်သွားခဲ့သည်။
တန်ခိုးရှင်သစ်ခုတ်သမား ပြုံးလိုက်မိ၏။ ချင်မူ၏အခြေခံကို သိထားသဖြင့် ချင်မူ့ဖန်ဆင်းပညာက မည်မျှကြောက်ဖက်ဖွယ်ရာကောင်းမှန်း သူ သိလေသည်။
ချင်မူကိုယ်တိုင်မှာ သူမည်မျှ သန်မာအားကောင်းမှန်း မသိသော်လည်း တန်ခိုးရှင်သစ်ခုတ်သမားကတော့ သိ၏။
ချိဧကရာဇ်နှင့် မင်ဧကရာဇ်၏ ဧကရာဇ်ပလ္လင်ကျင့်စဉ်အမွေနှစ်ခုလုံး ရရှိထားသော သူ့အား ဖန်ဆင်းပညာအရာတွင် အစွမ်းထက်ဆုံး သိုင်းပညာရှင်အဖြစ် သတ်မှတ်နိုင်ပေသည်။
ထို့အပြင် ချင်မူက ချိမင်ရွှမ်ခုံးကမ္ဘာဆီမှ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်နှစ်ခုလုံးကို ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ တက္ကသိုလ်ကောလိပ်အသီးသီးသို့ ဖြန့်ဝေပေးခဲ့သေးသည်။
ထာတရငြိမ်းချမ်းရေးအင်ပါယာ၏ ကျောင်းသားထောင်ပေါင်းများစွာသည် ကျင့်စဉ်တို့၏ ဆန်းကြယ်နက်နဲသော သဘောတရားများကို ကြိုးစားပမ်းစား လေ့လာခဲ့ကြ၏။ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်များမှ အံ့အားသင့်ဖွယ် နိယာမများကို ထုတ်ဖော်နိုင်ခဲ့သော ပါရမီရှင်များလည်း မရှားကြပေ။
သို့သော် ချင်မူက တောင်ထိပ်သို့ ရောက်နေပြီဖြစ်ကြောင်း သစ်ခုတ်သမားမှလွဲ၍ မည်သူမျှမသိကြပေ။
ချင်မူ ခေါင်းသုံးလုံး လက်ခြောက်ဖက်အသွင်ကို ဖယ်ရှား၍ ပြုံးလိုက်သည်။ “မမကြီးရဲ့ ဒဏ်ရာက တခြားလူတွေအတွက် ကုသပေးဖို့ ခက်လောက်ပေမယ့် ကျွန်တော့်အတွက်တော့ မခက်ဘူး... မမကြီး ဖန်ဆင်းပညာကို လေ့လာခဲ့ဖူးလား”
တိရီယွဲ့က ခေါင်းယမ်းပြသည်။ “အကြမ်းဖျင်းလောက်ပဲ လေ့လာဖူးတယ်... ထဲထဲဝင်ဝင် မသိဘူး... မမက ကောင်းကင်ဆရာသခင်ကြီးအောက် နိမ့်ကျတယ်”
သူမ ပြောသည့် ကောင်းကင်ဆရာသခင်ကြီးဆိုသည်မှာ တန်ခိုးရှင်သစ်ခုတ်သမား ဖြစ်သည်။
ချင်မူ ဟိုလျှောက်သည်လျှောက် လျှောက်ရင်း ပြောလိုက်သည်။ “မမကြီးရဲ့ ရုပ်ခန္ဓာက သေသွားပြီ... သေနေတာလည်း ကြာလောက်ပြီ... ဒါပေမဲ့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတော့ အခုလေးတင်မှ သေသွားတဲ့အတိုင်း ထင်ရတယ်... ဒါပေမဲ့ ဒီကမ္ဘာမှာ ကြာကြာနေလေ၊ မမကြီးရဲ့ခန္ဓာကိုယ် မြန်မြန်ပုပ်လာလိမ့်မယ်... တကယ် ပုပ်သွားရင် တကယ် သေရမှာ... အဲဒါဆိုရင်...”
သူက ခေါင်းမော့ကာ အပြုံးပန်းများ ဝေဆာစွာဖြင့် ပြောလေ၏။ “ဖန်ဆင်းပညာနဲ့ မမကြီးကို ကုပေးမယ်... မမကြီး အသက်ပြန်ရှင်လာမှ ဖန်ဆင်းပညာကို ဖြည်းဖြည်းချင်း လေ့လာပေါ့”
တိရီယွဲ့ အံ့ဩတကြီး ပြောလိုက်မိသည်။ “ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားတစ်ယောက်ရဲ့ ရုပ်ခန္ဓာကို မောင်လေး တကယ် ကုပေးနိုင်တာလား... မမက ဧကရာဇ်ပလ္လင်အဆင့်နော်”
ချင်မူက ယုံကြည်ချက်အပြည့် ရှိနေသည်။ “သမားတော်ဆိုတာ လူနာကို ကိုယ့်ရင်သွေးလို ကုသပေးရပါတယ်...”
“ဟွန့် မမကို အသားယူချင်နေတာများ” တိရီယွဲ့က စိတ်ပျက်သွားသလို မျက်လုံးလှန်လိုက်သော်လည်း ဒေါသထွက်နေသောပုံစံမပေါ်ပေ။
သစ်ခုတ်သမား၊ ဖုရွေ့လော်နှင့် ကျန်ရှိသူများ တစ်ယောက်ကိုတစ်ယောက် တအံ့တဩ ကြည့်မိကြသည်။
ပထမလူသားဧကရာဇ်က ခပ်တိုးတိုး မေးလိုက်၏။ “ကောင်းကင်ဆရာသခင်၊ သူ မိန်းကလေးတွေကို ချော့တတ်အောင် ဆရာ့ဆီက သင်ထားတာလား”
သစ်ခုတ်သမားမှာ ကြောင်ကြောင်ငေးငေး ဖြစ်နေသည်။ “ငါက ဘယ်လိုလုပ် သိမှာတုန်းကွ... သိသာ သိရင် အခုထိ လူပျိုကြီးဖြစ်နေပါ့မလား.. ပြောရမှာတော့ ရှက်ပေမယ့် ငါ သူ့ကို ကောင်းကင်နတ်သိုင်းလေးတစ်ခုတောင် မသင်ပေးဖူးဘူး... သူ့မှာ တခြားဆရာတွေ ရှိတယ်...”
နက္ခတ်ကြည့်မျှော်စင်ထက်တွင် ဆေးဆရာ၏အလောင်းကား တောင့်နေချေပြီ။
၎
င
၎
၎