← Chapters

ဟယ်ကျန်း

Vol. 132 Ch. 1836

ဟယ်ကျန်း

Vol. 132 Ch. 1836

ကျန်းရီသည် ဟယ်နုန်ယင်းနှင့် အတန်ကြာ စကားပြီးနောက် အသုံးဝင်သော သတင်းအချက်အလက်များစွာ ရလိုက်၏။ ချမ်ဝမ်ကွမ်း၊ ကျန်ဝူရွှမ်း၊ မိုယောင်အာ၊ ရှောင်ဖေးနှင့် အခြားသူများက အထက်ဘုံသို့ တက်လှမ်းလာနိုင်ပြီး ယခုတွင် မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲတွင် ရှိနေပြီဖြစ်၍ သူ ဝမ်းသာရ၏။

ကျန်းရှောင်နူ၏ မှတ်ဉာဏ်များကိုလည်း ချိပ်ပြန်ဖွင့်ပေးလိုက်ပြီဖြစ်သည်။ သူမနှင့် ချီလင်းဧကရီတို့၏ အမိန့်များကြောင့် ရီချန်တို့က အလွန်လုံခြုံနေကြသည်။ ထို့ကြောင့် ကျန်းရီ သူမတို့အတွက် စိုးရိမ်ရန် မလိုပေ။

ကျန်းရီသည် အလွန်အရေးပါသော သတင်းအချက်အလက်တစ်ခုကိုလည်း ရလိုက်၏။ ဝိညာဉ်ဘုရင်၊ တိရှအရှင်နှင့် ဆောင်းဥတုအရှင်တို့ကလည်း အသက်ရှင်နေလောက်သေးသည်။ သူတို့က မိုးပြာမဟာဧကရာဇ်တောင်ထွတ်တွင် ဖမ်းချုပ်ခံထားရခြင်း ဖြစ်ဖို့များသည်။

ဤတစ်ကြိမ်တွင် ကျန်းရီသည် အလျင်စလို မလုပ်ဆောင်လိုက်ပါ။ သူ လူလုံးထွက်မပြသ၍ ဝိညာဉ်တို့က လုံခြုံလိမ့်မည်ဖြစ်ကြောင်းကို သူ သိသည်။ သူ အလျင်စလို လုပ်ဆောင်လျှင်မူ သူတို့ကို ထိသာထိခိုက်စေပေလိမ့်မည်။

ကျန်းရီသည် မီးနဂါးဓား၏ ကျန်နေသေးသော သုံးပိုင်းကို ရှာရန် ပို၍ ဆုံးဖြတ်ချက် ပြတ်သားလာသည်။ လက်ရှိတွင် ထိုဓားက ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခုကဲ့သို့ စွမ်းအားကြီးနေပြီဖြစ်သည်။ သူသာ အစိတ်အပိုင်းအားလုံးကို ပေါင်းစည်းနိုင်လိုက်လျှင် ၎င်းက မည်မျှစွမ်းအားကြီးလာမည်နည်း။ ကျန်းရီ တွေးပင် တွေးမကြည့်ဝံ့ပေ။

တိုက်ခိုက်စွမ်းအား ကြီးမနေလျှင် ကျန်းရီ ရီဖျောင်ဖျောင်ကို သွားမတွေ့ဝံ့ပါ။ သူ အထက်ဘုံသို့ မပြန်ဝံ့ပါ။ ထို့ပြင် ဝိညာဉ်ဘုရင်၊ တိရှအရှင်နှင့် ဆောင်းဥတုအရှင်တို့က မိုးပြာမဟာဧကရာဇ်တောင်ထွတ်တွင် ဖမ်းချုပ်ခံထားရကြောင်းကို သိသော်လည်း သူ သွားမကယ်နိုင်ပေ။

ထို့ကြောင့် ကျန်းရီသည် သူ၏တိုက်ခိုက်စွမ်းအားကို မြှင့်တင်နိုင်မည့် နည်းလမ်းများကိုသာ တွေးရပေမည်။ ချီဟုန်က မီးနဂါးဓား၏ ကျန်နေသော အစိတ်အပိုင်းများ၏ တည်နေရာများကို ယေဘုယျအာရုံခံနိုင်သည်။ ထိုနည်းနှင့်ဆိုလျှင် ၎င်းတို့ကို ရှာရန် များစွာခက်လိမ့်မည် မဟုတ်ချေ။ သူ အစိတ်အပိုင်းအားလုံးကို ပေါင်းစည်းပြီးသည်နှင့် သူ့ တိုက်ခိုက်စွမ်းအားက အလွန်တိုးတက်လာမည်ဖြစ်သည်။

ဟယ်နုန်ယင်းသည် ကျန်းရီကို နေရန် ဆက်ဖျောင်းဖျမနေတော့ပေ။ ကျန်းရီကလည်း သူ မည်သည့်နေရာသို့ သွားမည်ကို မပြောချေ။ အရင်ဆုံး ကမ္ဘာဦးကောင်းကင်ဘုံသို့ သွားမည်ဟုသာ ပြောလိုက်သည်။

ဟယ်နုန်ယင်းက များစွာ မမေးပါ။ အတန်ကြာပြီးလျှင် သူမက စစ်တပ်ကို ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်ဦးဆောင်သွားမည်ဖြစ်ရာ ကျန်းရီကို စစ်တပ်နှင့် တစ်ပါတည်း လိုက်ခဲ့ရန်သာ ပြောလိုက်သည်။ ကမ္ဘာဦးကောင်းကင်ဘုံသို့ ရောက်လျှင် သူမတို့ ကိုယ့်လမ်းကိုယ် သွားကြမည်ဖြစ်သည်။

ကျန်းရီ ဟယ်နုန်ယင်း၏ ဟွင့်သွမ့်နတ်ဘုရားလှေထဲမှ ထွက်သွားလိုက်၏။ သူ အကြာကြီးနေနေလျှင် သံသယအဝင်ခံရနိုင်သည် မဟုတ်ပါလော။ လှေအပြင်ရောက်သည်နှင့် မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများက သူ့အပေါ် ကျရောက်လာသည်ကို သူ ခံစားလိုက်ရ၏။ တပ်သားများစွာက သူ့ကို လေးစားစွာ ကြည့်နေကြ၏။ သူ ဟယ်နုန်ယင်းကို ကယ်တင်လိုက်ပြီဆိုသော သတင်းက ပျံ့နှံ့ပြီးနေပေပြီ။

ကျန်းရီသည် စိတ်ကြီးဝင်နေသော မျက်နှာထားနှင့် သူ့ဟွင့်သွမ့်နတ်ဘုရားလှေဆီ ပျံသန်းသွားလိုက်၏။ ထိုသို့မျက်နှာချီထားမှ မည်သူကမှ သူ့ကို သံသယမဝင်မည်ဖြစ်သည်။

“အရှင်ရှား ပြန်လာပြီ”

ကျန်းရီ ဟွင့်သွမ့်နတ်ဘုရားလှေထဲ မဝင်ရသေးခင်မှာပင် အထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ သူတို့တပ်ဖွဲ့တွင် တပ်သားထောင်ဂဏန်းအနည်းငယ် ရှိခဲ့သည်။ ယခု တစ်ဝက်ကျော်လောက်က သေခဲ့ပြီဖြစ်ရာ လူတစ်ထောင်မပြည့်တပြည့်သာ ကျန်တော့သည်။ တပ်မှူးချုပ်အားလုံးက တိုက်ပွဲတွင် ကျသွားခဲ့သည်။ ကျန်နေသေးသော တပ်မှူးများသည် ကျန်းရီ ဝင်လာသည်ကို မြင်လိုက်သောအခါ ရုတ်ခြည်း မျက်လုံး အရောင်လက်သွားကြပေသည်။

ကျန်းရီက တပ်မှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးခံထားရပြီးဖြစ်သည်။ ယခုတွင် သူ ဟယ်နုန်ယင်းကိုလည်း ကုသပေးခဲ့သည်။ ထို့ကြောင့် သူက တပ်မှူးချုပ်မဆိုထားနှင့် နောင်တွင် စစ်သူကြီးပါ ဖြစ်နိုင်သည် မဟုတ်ပါလား။ သို့ဖြစ်ရာ တပ်မှူးများသည် ကျန်းရီကို မျက်နှာလိုမျက်နှာရ လုပ်လိုကြပေသည်။

‘စစ်သူကြီးတဲ့လား’

ထိုစာလုံးသုံးလုံးကို တွေးမိသောအခါ တပ်သားများစွာသည် မကြာသေးခင်တုန်းက ထိုလုံရှားမှာ စစ်သူကြီးဖြစ်လိုသည်ဟု ပြောခဲ့ကြောင်းကို ပြန်အမှတ်ရသွားကြ၏။ ထိုစဉ်က သူတို့ သူ့ကို လှောင်ရယ်ခဲ့ကြသည်။ သူ့ကို အရူးတစ်ယောက်ဟု ခေါ်ခဲ့ကြသည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအရူးက စစ်သူကြီးတစ်ယောက် ဖြစ်သွားနိုင်လိမ့်မည်ဟု မည်သူက ထင်ခဲ့ပါမည်နည်း။

ကျန်းရီသည် ထိုလူစုကို အရေးမစိုက်ဘဲ စိတ်ကြီးဝင်နေသော မျက်နှာထား ဆက်ထားထား၏။ သူ အရှေ့လှေဝမ်းထဲသို့ တစ်ယောက်တည်း လျှောက်ဝင်သွားလိုက်ပြီး ကျင့်ကြံရန် မျက်လုံးမှိတ်လိုက်သည်။ ရီဖျောင်ဖျောင်အကြောင်းမှာ သူ့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုပင်။ ယခု သူ့တွင် အခြားအတွေးများ မရှိတော့ပေ။ သူ ကြိုးစားကျင့်ကြံ၍ သူ့အင်အားကိုသာ တိုးမြှင့်လိုနေပေသည်။

ကျန်းရီ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်ကာ ကောင်းကင်စွမ်းအားကို ကျင့်ကြံရင်း လျှပ်စီးအနှစ်သာရကို ဆက်လေ့လာလိုက်၏။ ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ရန် သူ အနှစ်သာရခုနစ်မျိုးကို သိမြင်နားလည်ရန် လိုအပ်သည်။ သူက လျှပ်စီးအနှစ်သာရ၏ ကနဦးအဆင့်ကို ရောက်နေပြီဖြစ်ရာ အရင်ဆုံး ၎င်းအနှစ်သာရကို အထွတ်အထိပ်အဆင့်သို့ ရောက်သွားအောင် လုပ်ရန် ဆုံးဖြတ်ထားသည်။

ကျန်းရီက လေ့လာလေလေ၊ လျှပ်စီးအနှစ်သာရက ပိုရှုပ်ထွေးလာလေလေပင်။ ပြီးခဲ့သော ကောင်းကင်စမ်းရေစည်းချက်အတွက် သူ လမ်းပေါင်းတစ်ရာကို လျှောက်ခဲ့ရလျှင် ဤလျှပ်စီးအနှစ်သာရအတွက်မူ လမ်းပေါင်းတစ်သောင်းကို လျှောက်ရပေလိမ့်မည်။ လမ်းပေါင်းတစ်သောင်းကို လျှောက်ရန်က လမ်းပေါင်းတစ်ရာကို လျှောက်ရန်ထက် အဆတစ်ရာ ပိုခက်ခဲသည်။ ယင်းမှာ ယခု ကျန်းရီခံစားနေရသော ခံစားချက်ပင်။ ထို့ပြင် သူ လမ်းများကို အလွယ်တကူ လျှောက်နိုင်မည် ဆိုလျှင်လည်း ထိုသို့လျှောက်ရန် အချိန်လိုအပ်ဦးမည်ဖြစ်သည်။

ကျင့်ကြံနေလျှင် အချိန်ကုန် မြန်တတ်သည်။

နေ့တစ်ဝက်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဟယ်နုန်ယင်းသည် စစ်တပ်ကို ပြန်ခေါ်သွားနေပြီဖြစ်သည်။ သူမတို့ တောထူဆန်းကြယ်နယ်မြေအပြင်တွင် စခန်းချနေခဲ့သည်မှာ တစ်လကျော် ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူမ ပြန်သွားကာ အနားယဓရပေမည်။

ကျန်းရီသည် စစ်တပ်နှင့်အတူ လိုက်သွား၏။ သို့သော် ကျင့်ကြံခြင်းတော့ မပျက်ပေ။ ဟွင့်သွမ့်နတ်ဘုရားလှေများကို အခြားတစ်ယောက်က တာဝန်ယူရသည်။ ယခု သူက ယာယီတပ်မှူးချုပ်ဖြစ်နေပြီဖြစ်ရာ ဟွင့်သွမ့်နတ်ဘုရားလှေများကို စစ်တပ်နောက်သို့ လိုက်ရန်သာ အမိန့်ပေးရပေသည်။

ကျန်းရီ ကျင့်ကြံနေစဉ် ဟွင့်သွမ့်နတ်ဘုရားလှေအုပ်စုက အရှေ့သို့ ပျံသန်းနေကြ၏။ လမ်းတစ်လျှောက်တွင် သူတို့ ကင်းလှည့်တပ်များစွာနှင့် တွေ့ရသည်။ သို့သော် သူတို့က ချီလင်းဧကရီစစ်တပ်မှဖြစ်ကြောင်း တွေ့သောအခါ မည်သူကမှ သူတို့ကို မတားဝံ့ချေ။ ထိုကင်းလှည့်တပ်များသည် ဘေးသို့ရှဲ၍ သူတို့အတွက် လမ်းဖယ်ပေးကြပေသည်။ ထို့ကြောင့် လမ်းခရီးမှာ အဟန့်အတားမရှိ၊ ချောမွေ့နေခဲ့သည်။ တစ်ရက်ကြာပြီးနောက်တွင် သူတို့ ကြားမှတ်တစ်ခုသို့ ရောက်သွားကြလေသည်။

ထိုကြားမှတ်ကို အုပ်ချုပ်သူအဆင့် သိုင်သမားအချို့က စောင့်ကြပ်နေကြသည်။ ထိုမှ အကာအရံများကလည်း အလွန်ခိုင်မာသည်။ ထိုကြာမှတ်၌ ချီလင်းဒေသသို့ တည်နေရာပြောင်းရွှေ့ပေးနိုင်သည့် တည်နေရာပြောင်းရွှေ့အစီအရင် အနည်းငယ်လည်း ရှိပေသည်။

စစ်တပ်သည် စတင် တည်နေရာပြောင်းရွှေ့လိုက်၏။ ဟယ်နုန်ယင်းသည် ကျန်းရီကို လာမရှာခဲ့ပေ။ သို့သော် သူမ ကျန်းရီထံသို့ လျှို့ဝှက်အသံပို့လွှတ်၍ ချီလင်းမြို့သို့ အရင်သွားရန် ပြောလိုက်သည်။ သူ သင့်တော်သော ကိုယ်‌ရေးအချက်အလက်တစ်ခု ရနိုင်ရန် သူမက ကူညီပေးမည်ဖြစ်သည်။

ကျန်းရီသည် တွေးတောလိုက်ပြီးနောက် ဟယ်နုန်ယင်း ပြောသည်က အဓိပ္ပာယ်ရှိကြောင်း ခံစားလိုက်ရ၏။ သူ့တွင် သင့်တော်သော ကိုယ်ရေးအချက်အလက် ရှိထားလျှင် မည်သည့်နေရာသို့ သွားသွား သံသယအဝင်ခံရမည် မဟုတ်ချေ။ ဥပမာအားဖြင့် သူ့တွင် သင့်တော်သော ကိုယ်ရေးအချက်အလက် မရှိဘဲ ဓာတုဘုံတစ်ဘုံသို့ သွားမည်ဆိုလျှင် ပြဿနာများစွာ တက်နိုင်ပေသည်။

အဖြူရောင်အလင်း လင်းလက်သွားပြီး ကျန်းရီသည် လူများနှင့် မြင်းများကို ဦး‌ဆောင်လျက် ချီလင်းမြို့ထဲ ရောက်လာ၏။ ကျန်းရီ သူ့တပ်ဖွဲ့နှင့် ထွက်မသွားနိုင်သေးခင်တွင် ဆက်သားတစ်ယောက်က ကျန်းရီကို ချီလင်းတောင်သို့ သွားရန် သတင်းလာပို့၏။

တပ်သားများနှင့် စစ်သူကြီးများ၏ အားကျသော အကြည့်များ‌အောက်တွင် ကျန်းရီ ချီလင်းမြို့ကို ‌နောက်တွင်ချန်ကာ ချီလင်းတောင်ဆီသို့ လျှောက်သွားလိုက်လေသည်။ ချီလင်းတောင်မှာ ဟယ်မျိုးနွယ် နေထိုင်သောနေရာ ဖြစ်သည်။ ချီလင်းတောင်၏ အနောက်ဘက်တွင် ချီလင်းဧကရီနေထိုင်သော ဥယျာဉ်တစ်ခု ရှိပေသည်။

ကျန်းရီသည် ချီလင်းတောင်တွင် တစ်ခဏမျှ နေခဲ့ဖူးပြီး ချီလင်းဧကရီနှင့်လည်း တစ်ကြိမ် တွေ့ခဲ့ဖူးသည်။ သို့သော် အပေါ်ယံတွင် သူသည် ကြောက်ရွံ့နေသယောင် ဟန်ဆောင်ရပေသည်။ သူသည် ဟယ်မျိုးနွယ်၏ အိမ်တော်ထိန်းတစ်ယောက်နောက်မှ လိုက်ကာ ရဲတိုက်တစ်လုံးထဲတွင် စောင့်ဆိုင်းနေရလေသည်။

ရဲတိုက်ထဲတွင် လေးနာရီကြာ စောင့်နေပြီးနောက် ကောင်းကင်စိတ်အာရုံ ခုနစ်ခု၊ ရှစ်ခုလောက် ရောက်လာကြောင်း ကျန်းရီ ခံစားလိုက်ရ၏။ ဟယ်နုန်ယင်းက သူ့အကြောင်းကို မဖော်ထားလောက်ပေ။ ထိုကောင်းကင်စိတ်အာရုံများထဲတွင် အားကောင်းသော ကောင်းကင်စိတ်အာရုံတစ်ခုမှ မပါကြောင်း ကျန်းရီ ခံစားရသည်။ သူသည် တစ်ချိန်လုံး မီးနဂါးပုလဲကို ကိုင်ထားခဲ့သည်။ ချီဟုန်သည်လည်း ချီလင်းဧကရီက သူတို့ကို လျှို့ဝှက်အာရုံခံနေသည်ဟု မခံစားရပေ။

လေးနာရီကြာပြီးနောက်တွင် အိမ်တော်ထိန်းတစ်ယောက်က သိုလှောင်လက်စွပ်တစ်ကွင်းနှင့်အတူ ရောက်လာ၏။ သူသည် ထိုလက်စွပ်က ဟယ်နုန်ယင်းထံမှ လက်ဆောင်ဟုသာ ပြော၍ အခြားမည်သို့မှ မပြောဘဲ လက်စွပ်ကို ကျန်းရီအား ပေးလိုက်သည်။

ကျန်းရီသည် အိမ်တော်ထိန်း ပြန်ထွက်သွားပြီးသည်အထိ ‌စောင့်ပြီးမှ လက်စွပ်ကို သန့်စင်လိုက်၏။ လက်စွပ်ထဲတွင် လူတစ်ယောက်၏ ကိုယ်ရေးအချက်အလက်များ၊ ပုံတူပန်းချီကားတစ်ချပ်၊ စာတစ်စောင်နှင့် အမိန့်ပြားတစ်ပြားတို့ ပါပေသည်။

ဟယ်နုန်ယင်းသည် ကျန်းရီကို ဟယ်မျိုးနွယ်ခွဲတစ်ခုမှ သခင်လေးတစ်ယောက်၏ ကိုယ်ရေးအချက်အလက်များ ပေးလိုက်ခြင်းပင်။ သူ့အမည်မှာ ဟယ်ကျန်းဖြစ်သည်။

ထိုသခင်လေးက တိုက်ပွဲတွင် ကျသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ဟယ်မျိုးနွယ်က ထိုသတင်းကို ဖုံးအုပ်ထားသဖြင့် အပြင်လူများသည် ထိုအကြောင်းကို မသိလောက်သေးပေ။ ထိုသခင်လေး၏ ကျင့်ကြံခြင်းအဆင့်ကလည်း အုပ်ချုပ်သူအဆင့်သို့ ရောက်နေပြီးဖြစ်ရာ ကျန်းရီ၏ လုပ်ငန်းအတွက် သင့်လျော်ပေသည်။ ဟယ်နုန်ယင်းသည် ကျန်းရီကို ထိုသခင်လေး၏ ကိုယ်ရေးအချက်အလက်များအပြင် ဟယ်မျိုးနွယ်၏ အမိန့်ပြားကိုလည်း ပေးလိုက်သည်။ ထိုအမိန့်ပြားနှင့်ဆိုလျှင် ကျန်းရီသည် ဟယ်ကျန်းအဖြစ် ရုပ်ဖျက်ကာ ဟယ်မျိုးနွယ်၏ တရားဝင်သခင်လေး ဖြစ်လာနိုင်ပေသည်။

ဟယ်နုန်ယင်းသည် စာထဲတွင်လည်း ကျန်းရီကို နေရန် မတားထားပါ။ သူ့ကို လိုက်မပို့နိုင်တော့ဟုသာ ရေးထားသည်။ သူမ လိုက်ပို့လျှင် ကျန်းရီက မည်သူဖြစ်ကြောင်း ပေါ်သွားနိုင်သည်။ ထို့ကြောင့် သူမသည် ကျန်းရီကို ဂရုစိုက်ရန်သာ မှာ၍ ကံမကုန်လျှင် ပြန်ဆုံကြမည်ဟုသာ ရေးသားထားသည်။ သူမက စာကို ကိုယ်တိုင်ရေးထားခြင်းဖြစ်ပြီး စာပေါ်တွင် သူမ၏ ကိုယ်သင်းရနံ့လေးများပင် အနည်းငယ် စွဲကျန်နေပေသေးသည်။

‘သူက တကယ်ကို ထူးခြားတဲ့ မိန်းကလေးတစ်ယောက်ပဲ’

ကျန်းရီ၏ လက်ထဲတွင် မီးတောက်များ ထွက်ပေါ်လာ၏။ သူ စာကို မီးရှို့ပစ်လိုက်သည်။ ထို့နောက် ပြတင်းပေါက်မှနေ၍ ချီလင်းတောင်အနောက်ဘက်ဆီ ကြည့်လိုက်သည်။ ဟယ်နုန်ယင်းက နန်းတော်အလွှာလွှာကို ဖြတ်၍ သူ့အား လက်ဝှေ့ယမ်း နှုတ်ဆက်နေသလို သူ ခံစားရပေသည်။

“ကြည့်မနေနဲ့တော့။ သွားကြစို့။ ချီလင်းဧကရီက အရမ်းစွမ်းအားကြီးတယ်.. သူက မိုးပြာမဟာဧကရာဇ်ထက် အများကြီးပိုပြီး အားနည်းမှာ မဟုတ်ဘူး”

ကျန်းရီ၏ စိတ်ထဲတွင် အသံပို့လွှတ်မှုတစ်ခု ထွက်ပေါ်လာ၏။ ချီဟုန်က ကျန်းရီထံ ဆက်၍ အသံပို့လွှတ်သည်။

“ယန်ကိုးပါးမြို့ကိုသွားပြီး လေဘုံဆီ တည်နေရာပြောင်းရွှေ့လိုက်။ အဲ့မှာ အစိတ်အပိုင်းတစ်ခုရဲ့ အရှိန်အဝါကို ငါ အာရုံခံမိနေတယ်”

“လေဘုံလား”

ကျန်းရီ၏ မျက်လုံးများ အရောင်လက်လာ၏။ သူသည် သူ အထက်ဘုံဟု သိထားသော မြေဘုံသို့ မသွားနိုင်ပေ။ သို့သော် တောက်မျိုးနွယ်က သူလျှိုများမှာ လေဘုံတွင်တော့ မရှိလောက်သည် မဟုတ်လော။ ထို့ပြင် ယခု သူက ကျန်းရီမဟုတ်တော့၊ ဟယ်ကျန်းဖြစ်နေပေပြီ။ သူလျှိုများ ရှိလျှင်ပင် သူ ကြောက်စရာမလိုပေ။

ကျန်းရီ အပြင်သို့ လျှောက်သွားလိုက်သည်။ သူ မြို့ထဲသို့ ပြန်မသွားဘဲ အိမ်တော်ထိန်းကို သွားရှာ၍ သူ့ကို ယန်ကိုးပါးမြို့သို့ တိုက်ရိုက် တည်နေရာပြောင်းရွှေ့နိုင်မည့် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုဆီ ခေါ်သွားပေးရန် ပြောလိုက်လေသည်။

***

All Chapters