← Chapters

ကောင်းကင်လောက မိုးကြိုးကပ်ဘေး

Vol. 18 Ch. 248

ကောင်းကင်လောက မိုးကြိုးကပ်ဘေး

Vol. 18 Ch. 248

ဝေ့ဝူယင်၏ အကြုံပြုချက်က သူမကို အတော်လေး အံ့အားသင့်စေခဲ့၏။ ကောင်းကင် နှလုံးသား ချီကျင့်စဥ်နှင့် ပတ်သက်သည့် အခက်အခဲမျိုးစုံကို သူမ ကြားခဲ့ဖူးပေသည်။ မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာ အတွင်း၌ အထွတ်အမြတ် အယ်ဇန် ဧကရီသာနှင့် လတ်တလော နာမည်ကြီးနေသည့် လုံချန်တို့ နှစ်ယောက်သာလျှင် ထိုကျင့်စဥ်ကို အောင်မြင်ခဲ့သည်။

သို့သော်လည်း ဝေ့ဝူယင်တွင်မူ ခြားနားသော အမြင်ရှိ၏။ သူမ၏ ကျင့်ကြံခြင်း အခြေခံ အားလုံးက ထိုကျင့်စဥ်နှင့် သင့်တော်သလို သူ ခံစားရသည်။ သူမ၏ ယင်နဂါးဝိညာဥ်သည် ထျန်းတျန်နှင့် ချိတ်ဆက်နေကာ ချီနှလုံးသား တစ်ခု ဖြစ်လာပေလိမ့်မည်။ တစ်ချိန်တည်း၌ သူမ၏ အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း ကျင့်စဥ်နှင့် ယန်နဂါးဝိညာဥ်တို့က သူမ၏ နှလုံးသားနှင့် ချိတ်ဆက်နေသည်။ ယင်းမှာ ဒုတိယမြောက် ချီနှလုံးသား ကျိန်းသေဖြစ်လာပေလိမ့်မည်။

ချီနှလုံးသား နှစ်ခု... ထိုနှစ်ခုစလုံးကလည်း နဂါးဝိညာဥ်နှင့် ပတ်သက်နေသည်။ သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးကို ရင်ဆိုင်ရချိန်၌ သူမ အနေဖြင့် ထို ယင်နှင့် ယန်နဂါး ဝိညာဥ်နှစ်ခုကို ပေါင်းစပ်ရန် အခွင့်အရေးကို ရှာဖွေနိုင်ပေလိမ့်မည်။

သူမတွင် ကောင်းကင်ချီ နှလုံးသား ကျင့်စဥ်ကို ကျင့်ကြံရန် လိုအပ်သည့် ပဟေဠိ အပိုင်းအစ အားလုံး ပြည့်စုံနေသလို ဝေ့ဝူယင် ခံစားရသည်။ ထို့အပြင် သူသည် ထာဝရ ခြေချခြင်း ဆေးများကို ထုတ်လုပ်နိုင်စွမ်း ရှိသည်။ ထာဝရ ခြေချခြင်းဆေးမှာ မည်သည့် သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးကို မဆို ကျော်လွှားစေနိုင်သော အစွမ်း ရှိသည်။

အကယ်၍ အောင်မြင်ပါက သူမမှာ နဂါး ကြယ်တာရာ ဝိညာဥ်နှင့် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်သည့် ကျင့်ကြံသူ တစ်ဦး ဖြစ်လာပေလိမ့်မည်။ အကယ်၍ ကျဆုံးခဲ့လျှင်ရော ဘာအရေးနည်း... သူမ၏ ကျင့်ကြံခြင်းကို နောက်တစ်ဖန် ပြန်လည် စတင်စေရန် သူ့တွင် နည်းလမ်းပေါင်း များစွာ ရှိသည်။

ဝေ့ဝူယင်သည် ရွှယ်ရီဖေး၏ ခံယူချက်နှင့် ပန်းတိုင်တို့ကို သေချာ တိကျစွာ သိရှိထားသည်။ သူမ၏ အိပ်မက်က ခေတ်တစ်ခေတ်တွင် နာမည် တစ်ခုကို ချန်ထားခဲ့လိုခြင်း ဖြစ်သည်။ သူမ၏ ထိုအိပ်မက်ကို ဖြည့်ဆည်းပေးရန် လင်ယောက်ျား တစ်ယောက် အနေဖြင့် တာဝန်ရှိသည်ဟု ဝေ့ဝူယင် ခံစားရသည်။ အကယ်၍ အမှားအယွင်း တစ်စုံတစ်ရာ မရှိပါက အနာဂတ်တွင် သူမမှာ ဒုတိယမြောက် အယ်ဗန် ဧကရီ ဖြစ်လာပေလိမ့်မည်။

...

ခမ်းနားထည်ဝါလှသော ကောင်းကင်နန်းတော်၏ အရှေ့၌ ဝေ့ဝူယင်သည် ရပ်နေခဲ့၏။ သူသည် အဖြူရောင် ခပ်ပွပွ ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည်။

“ ... “

ထိုအခိုက်၌ သူသည် ခရာတိုနှင့် အိုရီတို့၏ မထီမဲ့မြင် ရယ်မောသံများကို ကြားနေရသည်။ ဘုရင်နှင့် ဧဒင်မှာ တိတ်ဆိတ်နေကြသည့်တိုင် ၎င်းတို့ တွေးနေသည့် မောက်မာမှုများကို သူ ခံစားနိုင်ပေသည်။ သူ၏ ကြယ်တာရာ ဝိညာဥ်များကား ကောင်းကင်လောက မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်လေသည်။

ကောင်းကင်လောက မိုးကြိုးကပ်ဘေး...

ယင်းကား  ကြယ်တာရာ အမြုတေ အဆင့်နှစ် ကပ်ဘေး ဖြစ်ပြီး ကပ်ဘေး ကိုးခုတွင် အလျှင်မြန်ဆုံး ကပ်ဘေးလည်း ဖြစ်သည်။ ထို့အပြင် ၎င်က တစ်ချက်တည်းသာ ဖြစ်ပြီး ပုံမှန်အားဖြင့် ရှောင်တိမ်းရန် မည်သို့မျှ မဖြစ်နိုင်ချေ။

ကြယ်တာရာ ကပ်ဘေးများမှာ များသောအားဖြင့် ကျင့်ကြံသူကို အကျိုးဖြစ်စေနိုင်ကြောင်း ဝေ့ဝူယင် သိပေသည်။ အဆင့်ခုနစ် လောကကမ္ဘာ၊ အဆင့်ရှစ် လောကီမျက်လုံးနှင့် အဆင့်ကိုး ကြယ်အမြုတေ ကြယ်တာရာ ကပ်ဘေးတို့သာလျှင် ဖျက်ဆီးခြင်း သီးသန့် ကပ်ဘေးများ ဖြစ်သည်။ ထို့ကြောင့်ပင် သုံးလွှာ ကြယ်တာရာ နယ်မြေကြီး၌ လောကသခင် အဆင့် အလွန် နည်းပါးနေရခြင်း ဖြစ်သည်။

သို့သော်လည်း ယခု သူ ရင်ဆိုင်ရမည့် ကပ်ဘေးက ကောင်းကင်လောက မိုးကြိုးကပ်ဘေးမျှသာ ဖြစ်ပေသည်။ ဝေ့ဝူယင် ခေါင်းကို မော့ကာ ကောင်းကင်ကို ကြည့်လိုက်၏။ ထိုအခါ လောက၏ မန်နာများမှာ တိမ်တိုက်တစ်ခု သဖွယ် စုဝေးနေသည်ကို သူ တွေ့လိုက်ရသည်။

“ဂျိန်း... ဒလိန်း...”

ကြောက်မက်ဖွယ် မိုးကြိုးထစ်ချုန်းသံများက အဆက်မပြတ် ထွက်ပေါ်နေကာ ရွှေရောင် လျှပ်စီးလျှပ်နွယ်များမှာ တဖျပ်ဖျပ် လက်နေခဲ့၏။ မည်းမည်းမှောင်သော အရောင်နှင့် အတူ ၎င်းကား ကောင်းကင်အနားသတ် တစ်ခုလုံးကိုပင် ဖြိုဖျက်ချရန် ကြံရွယ်နေပုံ ရသည်။

“အဲဒါက ဘာလို့ ခုထိ ဆက်ကြီးနေသေးတာလဲ...”

ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ သူ ထိုကပ်ဘေးကို ရင်ဆိုင်ရန် စောင့်ဆိုင်းနေခဲ့သည်မှာ အတော်လေး ကြာခဲ့ပြီ ဖြစ်သည်။ ယင်းသည် မြို့ငယ်လေး တစ်ခု အရွယ်အစားမှ စတင်ခဲ့ပြီး တဖြည်းဖြည်းနှင့် ကုန်းမြေတိုက်ကြီး တစ်ခု အရွယ်အစားကိုပင် ရောက်ရှိလာသည်။ သို့တိုင်အောင် ရပ်တန့်ခြင်း မရှိသေးပဲ ဆက်လက် ကြီးထွားနေဆဲ ဖြစ်သည်။ ထိုအရာက သူ့ကို သံသယ ဝင်စေ၏။

“ငါက အဲဒါကို ထိန်းချုပ်နေတာကွ...”

အိုရီ၏ အကြောက်အလန့် ကင်းမဲ့ကာ စွမ်းအင် ပြည့်ဝသော အသံက ထွက်ပေါ်လာသည်။ ဝေ့ဝူယင်က အနည်းငယ် ကြောင်တောင် ဖြစ်သွား၏။ သူက ထိန်းချုပ်နေသည်လား။ မည်သူက ကောင်းကင်ကပ်ဘေးကို ထိန်းချုပ်နိုင်လို့နည်း။

“မင်းက အဲဒါကို ထိန်းချုပ်နေတာလား.. အရွယ်အစားကိုလား... ဘယ်လိုလဲ”

ဝေ့ဝူယင်က မေးခွန်းသုံးခုကို ဆက်တိုက်မေးလိုက်သည်။ သူ၏ စိတ်မှာ သိချင်စိတ်များဖြင့် ပြည့်နှက်နေ၏။ သူ ကောင်းကင်ကို မော့ကြည့်လိုက်ရာ မန်နာတိုက်တိမ်၏ အရွယ်အစားက ကမ္ဘာပြား နှစ်ခုစာ ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

"တိမ်တိုက် ပိုကြီးလေ... အကျိုးအမြတ်က ပိုကြီးလေ...”

အိုရီက ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်၏။

“အကျိုးအမြတ်...”

ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွားသည်။ အဖြေအား သူ မရှာဖွေ နိုင်ခင်မှာပင် တိမ်တိုက်၏ အရွယ်အစားက ကမ္ဘာပြား လေးခုစာ အထိ ရောက်ရှိလာခဲ့လေသည်။ ယင်းသည် မကြာခင်မှာပင် အနန္တဧကရာဇ်ဂြိုဟ် တစ်ခုလုံးကို အုပ်မိုးသွားမည့်ဟန် ရ၏။

ဝေ့ဝူယင် ကောင်းကင်ကို မော့ကို ကြည့်ရင်း ကြောက်ရွံ့သလိုလို ခံစားလိုက်ရ၏။ ကောင်းကင်၏ ခမ်းနားလွန်းလှ‌သော ဖြစ်တည်မှုကို မကြောက်သည့် သေမျိုး အဘယ်မှာ ရှိပါမည်နည်း။ သို့သော်လည်း အိုရီပြောသည့် “အကျိုးအမြတ်” ဆိုသော အရာကို တွေးမိသော အခိုက်၌ သူ၏ သတ္တိများက ပြန်လည် နေရာယူလာသည်။ ထိုတိမ်တိုက်ကြီး အတွင်း၌ သူ့အတွက် အလွန် အသုံးဝင်မည့် အကျိုးအမြတ်များ ခိုအောင်းနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ပိုမို တိကျသော အဖြေအတွက် သူ အိုရီအား မေးရန် ဟန်ပြင်လိုက်စဥ်မှာပင် ကမ္ဘာပြား လေးခုစာ ကြီးမားသည့် တိမ်တိုက်များမှာ လူတစ်ကိုယ်စာ မိုးကြိုးတန်း တစ်ခုအသွင် စုစည်း ပြောင်းလဲသွား၏။ ထို့နောက်...

“ဂျိန်း...”

ကြိုတင် အရိပ်အယောင်မရှိပါပဲ၊ မည်သည့် သတိပေးချက်မျိုးမှ မရှိပါပဲ ၎င်းက ကီလိုမီတာပေါင်း သိန်းချီကို မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းကာ ဝေ့ဝူယင်ဆီ ‌ရောက်ရှိလာခဲ့တော့သည်။ သူ မည်သို့မျှ မလှုပ်ရှားနိုင်ခင်မှာပင် ယင်းမှာ သူ့ကို ပစ်ချလိုက်လေတော့၏။

သို့သော်လည်း ဝေ့ဝူယင်သည် မည်သည့် နာကျင်မှု၊ စူးရှမှုကိုမှ မိုးကြိုးထံမှ မခံစားရချေ။ အဘယ်ကြောင့်နည်း... ထိုမိုးကြိုးမှာ သူအား မထိမှန်ခင် နဖူးနား၌ ရပ်တန့်သွားသောကြောင့်ပင်။ ၎င်းက ရွှေရောင် ဆေးလုံးတစ်ခုနှင့် တူကာ အနားသတ်တွင် အဂ္ဂိရတ် စွမ်းအင်များပင် ဝန်းရံထား၏။ ဝေ့ဝူယင် မည်သို့မှ မလှုပ်ရှားရသေးခင်မှာပင် ၎င်းမှာ ရွှေရောင် အမှုန်အမွှားများ အသွင် ပြောင်းလဲကာ လှစ်ခနဲ ပျောက်ကွယ်သွား၏။

“ဟမ်...”

ဝေ့ဝူယင်မှာ ထူးဆန်းသော အခြေအနေကြောင့် အံ့အားသင့်သွား၏။

“ဘာဖြစ်သွားတာလဲ...”

သူက မေးလိုက်သည်။ သို့သော်လည်း အိုရီထံမှ ဘာတုန့်ပြန်မှုမှ မရချေ။ သူ နောက်တစ်ကြိမ် ထပ်မေးရန် ဟန်ပြင်လိုက်စဥ်မှာပင် ထျန်းတျန်ထဲမှ တုန့်ပြန်မှု တစ်ခု ထွက်ပေါ်လာ၏။ သို့သော်လည်း ၎င်းက အိုရီထံမှ မဟုတ်ပဲ ဘုရင်ထံမှ ဖြစ်သည်။

ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်လိုက်ရာ အနက်ရောင် တိမ်စိုင်များမှာ နောက်တစ်ကြိမ် ပြန်လည် စုစည်း လာနေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ၎င်းတို့က ပထမတစ်ကြိမ်ကလောက် ကြီးမားခြင်း မရှိပဲ ကမ္ဘာပြား သုံးခုစာမျှသာ ရှိပေသည်။

“အိုရီက အောင်မြင်သွားတာလား... ခုက မင်းအလှည့်လား...”

သူက မျက်မှောင်ကြုတ်ကာ ဘုရင်ကို မေးလိုက်သည်။ သို့သော်လည်း...

“ကလန့်...”

သူ၏ အဖြေက ထိုမျှသာ...။

နောက်ဆုံး၌ ဝေ့ဝူယင်မှာ သူတို့ လုပ်ချင်ရာသာ လုပ်ကြရန် ခွင့်ပြုထားလိုက်တော့သည်။ ထိုကြယ်တာရာ ဝိညာဥ်များမှာ ကိုယ်ပိုင်အတွေးများကို ပိုင်ဆိုင်ထားကြသည်။ ထို့အပြင် သူတို့သည် ကျင့်ကြံခြင်းကို ကိုယ်တိုင် ကိုင်တွယ်နိုင်စွမ်းလည်း ရှိကြသည်။

“ဂျိန်း...”

မိုးကြိုးမှာ နောက်တစ်ကြိမ် ပစ်ချလာကာ ဘုရင်မှာ ယင်းကို စုပ်ယူသွား၏။ မကြာခင်မှာပင် သူသည်လည်း တိတ်ဆိတ်သွားသည်။

ထို့နောက် ခရာတို၏ အလှည့် ဖြစ်သည်။ ခရာတိုသည် ကုန်းမြေတိုက်ကြီးထက် ပျမ်းမျှ နှစ်ဆမျှ ကြီးမားသော တိမ်တိုက်ကြီးကို ဖန်တီးကာ နောင်တော်များ၏ လမ်းစဥ်နောက်ကို လိုက်ခဲ့သည်။

ဝေ့ဝူယင်မှာ လက်မှိုင်ချကာသာ နေရ၏။ ထိုမိုးကြိုးများကို သန့်စင်ပြီးစီးပါက သူတို့မှာ ကြယ်တာရာ အမြုတေ အဆင့်နှစ်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုအခါ သူသည်လည်း ကောင်းကင်အုပ်စိုးသူ တစ်ယောက် ဖြစ်လာပေလိမ့်မည်။

ကပ်ဘေးအား နောက်ဆုံးဖြတ်ကျော်မည့်သူက ဧဒင်ပင် ဖြစ်သည်။ သူ ဖိတ်ခေါ်လိုက်သော တိမ်တိုက်က သာမန် အရွယ်အစားလောက်သာ ရှိသည့်တိုင် လျှပ်စီးတန်းမှာတော့ ပထမ အတိုင်း လျှင်မြန်လွန်းသည်။ ခါတိုင်းကဲ့သို့ပင် ဝေ့ဝူယင်၏ နဖူးနှင့် မထိတွေ့ခင် လျှပ်စီးတန်းမှာ ရွှေ‌ရောင် အလင်းလုံးလေး အသွင် ပြောင်းလဲသွား၏။

ဧဒင်မှာ အခြား ကြယ်တာရာ ဝိညာဥ်များ ကဲ့သို့ တဇွတ်ထိုး မဆန်ချေ။ သူက ရွှေရောင် အလင်းလုံးလေးကို မစုပ်ယူခင် ဝေ့ဝူယင်ကို သတိပေးလိုက်၏။

“နည်းနည်းတော့ နာလိမ့်မယ်”

“အင်း...”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။

“ဘုန်း...”

ခပ်အုပ်အုပ် အသံနှင့် အတူ အလင်းတန်းက ဝေ့ဝူယင်၏ နဖူးကို ဖောက်ကာ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွား၏။ တစ်ခဏအတွင်းမှာပင် ယင်းက သူ၏ သွေးကြောများ၊ အရိုးများနှင့် အသားများထဲအထိ စိမ့်ဝင်သွားသည်။  ချက်ချင်းပင် သူ၏ အတွင်း အင်္ဂါအားလုံးနှင့် အသိစိတ် ပင်လယ်မှာ ရွှေရောင်အလင်း၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။ ထိုအခိုက် ဝေ့ဝူယင် ခံစားနေရသော အရာက တစ်ခုသာ ရှိပေ၏။

နာကျင်မှု... အလွန် ပြင်းထန်လှသော နာကျင်မှု...

အလွန် သတ္တိရှိလှပါသည် ဆိုသော စစ်သူရဲကြီးများ ပင်လျှင် ထိုကဲ့သို့သော နာကျင်မှုမျိုးကို ခံရပါက ချက်ချင်းပင် လက်နက်ချကာ ငြိမ်းချမ်းစွာ သေခွင့်ပေးရန် တောင်းပန်ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင် အတွက်တော့...

သူသည် တည်ငြိမ်စွာပင် ရပ်ကာ တစ်ကိုယ်လုံးကို ပျံ့နှံ့နေသည့် နာကျင်မှု လှိုင်းများကို ခံစားနေခဲ့သည်။ သူ၏ မျက်လုံးများကမူ နက်ရှိုင်းသော ရေကန်တစ်ခုလို တည်ငြိမ်နေ၏။ သူ သက်တောင့်သက်သာဖြင့် မျက်ခုံးနှစ်ဖက်ကို အနည်းငယ် ပင့်တင်လိုက်၏။

“ထင်သလောက်လည်း မနာပါဘူးကွာ...”

***

All Chapters