← Chapters

မန်နာ

Vol. 18 Ch. 249

မန်နာ

Vol. 18 Ch. 249

ဝေ့ဝူယင်...

ဝေ့ဝူယင်သည် ငရဲ၏ ဒုတိယမြောက် ကပ်‌ဘေးကို ညစဥ်ညတိုင်း အိပ်မက်များထဲ၌ ကြုံတွေ့ ဖြတ်ကျော်နေသူ ဖြစ်သည်။ အလွန် ဆိုးယုတ်လှသည့် နာကျင်မှုများကို ကျင့်သားရနေသူ ဖြစ်သည်။ ထိုနာကျင်မှုလောက်က ဘာမလို့နည်း။ သူ့အတွက်တော့ ဆိတ်ဆွဲသလောက်သာ ရှိသည်။

သူ ‌စောင့်ဆိုင်းနေစဥ်မှာပင် ကြယ်တာရာ အမြုတေများမှာ ရွှေရောင် အလင်းတန်းများကို သန့်စင် စုပ်ယူ ပြီးစီးသွားကြပြီ ဖြစ်သည်။ ရုတ်ချည်းပင် ဝေ့ဝူယင်မှာ လောက၏ မန်နာများကို ထိန်းချုပ်လာနိုင်သလို ခံစား လိုက်ရ၏။ သူ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မန်နာများမှာ အလိုက်တသင့်ပင် ဘေးဘက်နား၌ စုစည်းလာ၏။

ထို့နောက် အတွေးတစ်ချက်ဖြင့်ပင် သူ့ခန္ဓာကိုယ်က လေထဲသို့ မြောက်တက်သွားသည်။ ထိုလုပ်ဆောင်ချက်တွင် မည်သည့် အင်အားမှ မပါဝင်နေပဲ ဆန္ဒတစ်စုံသာလျှင် လိုအပ်ခဲ့ပေသည်။ သူကား ကောင်းကင် အုပ်စိုးသူ တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

“ငါသာ ဆန္ဒရှိရင် ‌ကောင်းကင်ဖိအားကို သုံးပြီး အတွေးတစ်ချက်နဲ့တင် လူသတ်လို့ရပြီ...”

ဝေ့ဝူယင်၏ မျက်လုံးများမှာ တဖိတ်ဖိတ် တောက်ပနေ၏။ ချီပျစ်ခဲခြင်း အဆင့်တွင် ရှိစဥ်က ကောင်းကင် အုပ်စိုးသူများ အတွေးဖြင့် လူသတ်သည်ကို ကြည့်ကာ သူ အားကျခဲ့ရသည်။ ယခုတွင်မူ သူ ကိုယ်တိုင်လည်း ထိုအဆင့်ကို ရောက်ရှိခဲ့ချေပြီ ဖြစ်သည်။ ဝေ့ဝူယင် အသက်ကို ပြင်းပြင်း ရှူလိုက်ရင်း ကြယ်တာရာ အမြုတေများကို စစ်ဆေးကြည့်လိုက်၏။ အဆင့်တစ်နှင့် အဆင့်နှစ် အကြား ကွာခြားချက်က မည်ကဲ့သို့ ရှိမည်ကို သူ စိတ်လှုပ်ရှားနေခဲ့သည်။

“ဟမ်...”

ရုတ်တရက် သူ၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားသည်။ ၎င်းတို့မှာ အရွယ်အစား၊ အရောင်၊ ပုံသဏ္ဌာန်... ဘယ်အရာတွင်မှာမှ ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိသည် မဟုတ်ပါလား...။

“နေဦး... ဒီလောက်တော့ မရိုးရှင်းနိုင်ဘူး...”

သူ ပိုမို အနီးကပ်ကာ ကြည့်လိုက်၏။ ထိုအခါ ၎င်းတို့မှာ တစ်ခုနှင့် တစ်ခု ချိတ်ဆက်ကာ စွမ်းအင်များ ဖလှယ်နေကြသည်ကို သူ မြင်တွေ့လိုက်ရသည်။

“မင်းတို့ကောင်တွေ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ...”

ကြယ်တာရာ ဝိညာဥ်များမှာ ပြန်မဖြေကြချေ။ သို့သော်လည်း တစ်နာရီခန့် ‌စောင့်ကြည့်ပြီးနောက်တွင်မူ သူ ကိုယ်တိုင် ရှာဖွေ သိရှိလာခဲ့ပေသည်။

မန်နာ...

အဖြေက စကားလုံးတစ်လုံးတည်းသာ ဖြစ်သည်။ ချီပျစ်ခဲခြင်း အဆင့်ကို ရောက်ရှိသည့် ကျင့်ကြံသူများသည် သူတို့၏ လမ်းစဥ်ကို ထိုအပေါ်တွင် လေးပင်စွာ မှီခိုကြရသည်။ မန်နာတွင် အခြား နာမည် များစွာ ရှိသည်။ သို့သော်လည်း ကျင့်ကြံသူများ အကြားတွင် “မန်နာ” ဆိုသည့် စကားလုံးသာလျှင် အမှန်တရား တာအိုကို သယ်ဆောင်ထားပေသည်။

ထိုအရာက ဘာကို ဆိုလိုသနည်း။ မန်နာဆိုသည်က အဘယ်နည်း။

မန်နာသည် ချီပျစ်ခဲခြင်း အဆင့်ခြောက်၊ မှားသော အမှန်ဆင့်၌ စတင် ဖြစ်ပေါ်လာသည်။ ထိုအဆင့်ကို ခြေချရန် အတွက် ကျင့်ကြံသူတစ်ယောက်သည် မန်နာကို အာရုံခံမိရန်၊ မန်နာကို စုပ်ယူရန်နှင့် မန်နာကို အသုံးပြုကာ ယင်နှင့် ယန်စွမ်းအင်များကို ပေါင်းစည်းရန် လိုအပ်သည်။

အချို့တော့ မန်နာကို လောကချီဟု ခေါ်ဆိုကြသည်။ လုံချန်ကတော့ အမတေဟု ခေါ်သည်။ အချို့ကလည်း မန်နာကို ယင်နှင့်ယန် အပါအဝင် စွမ်းအင် အကုန်လုံးကို ပေါင်းစည်းနိုင်သည့် ကော်စွမ်းအင် တစ်ခု အဖြစ်ရည်ညွှန်းကြသည်။

မည်သို့ပင် ဆိုစေ... မန်နာက မန်နာသာ ဖြစ်သည်။

မန်နာသည် အစစ်အမှန် ကျင့်ကြံခြင်း လမ်းစဥ်ကို လျှောက်လှမ်းရာ၌ မရှိမဖြစ် အရေးပါသော အရာတစ်ခု ဖြစ်သည်။ ယင်းကား ချီပျစ်ခဲခြင်း အဆင့်ရှစ် ဝိညာဥ်ဆက်သွယ်ခြင်း အဆင့်ကို ခြေချရန် တံခါးပေါက် ဖြစ်သည်။ ထိုအရာ ရှိမှသာလျှင် ချီနှလုံးသားများမှာ ဝိညာဥ်များ အဖြစ် အသွင်ပြောင်းနိုင်ကြသည်။ ယင်း၏ အကူအညီကို ရမှသာ ဇာတိဝိညာဥ် တစ်ခု ဖြစ်ပေါ်လာနိုင်သည်။

မန်နာသည် ကျင့်ကြံသူများ အတွက် မရှိမဖြစ် အရေးပါ သကဲ့သို့ နေရာတိုင်းတွင်လည်း တည်ရှိနေသည်။ ထို့အပြင် မန်နာသည် အမျိုးအစား တစ်ခုတည်း မဟုတ်ပဲ အမျိုးမျိုး ကွဲပြားနေသည်။ ဆေဘာ ရည်ရွယ်ချက်၊ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်၊ ဓားရည်ရွယ်ချက်၊ အလင်းအမှောင် ရည်ရွယ်ချက်... စသည်ဖြင့် ရည်ရွယ်ချက်များတွင်လည်း ကိုယ်ပိုင် မန်နာများ ရှိကြသည်။

“ဆိုတော့ကာ မင်းတို့က ရွှေရောင် မိုးကြိုးမန်နာကို ဖန်တီးဖို့ ကြိုးစားနေကြတာပေါ့...”

ဝေ့ဝူယင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ ရွှေရောင် မိုးကြိုးမန်နာမှာ လောက မန်နာထက် ပိုမို အဆင့်မြင့်သည့် မန်နာတစ်မျိုး ဖြစ်သည်။ သို့‌သော်လည်း မန်နာများသည် သီးခြားစီ တည်ရှိကာ ပြောင်းလဲရန် လွယ်ကူသော အမျိုးအစားများ မဟုတ်ကြချေ။ မန်နာအား ပြောင်းလဲရန် အတွက် ကြယ်တာရာ ဝိညာဥ်၏ သေမျိုးအဆင့်ကိုပါ ပြောင်းလိုဖို့ လိုအပ်ပေသည်။

“မင်းတို့....”

ဝေ့ဝူယင် တစ်စုံတစ်ခု မေးရန် ဟန်ပြင်လိုက်စဥ်မှာပင်...

ဘုန်း...

ရုတ်ချည်းပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အဆပေါင်းများစွာ ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ အဆုံးမဲ့‌သော အလင်းများမှာ သူ၏ ခန္ဓာကိုယ်မှ ကွန့်မြူး ကူးလူး ထွက်ပေါ်လာသည်။ သူ မသိလိုက်ခင်မှာပင် အလွန် နှစ်လိုဖွယ်ကောင်းသည့် လွတ်လပ်ခြင်းတစ်ခုကို ခံစားလိုက်ရ၏။

လွတ်လပ်ခြင်း...

အကန့်အသတ်များမှ လွတ်လပ်ခြင်း...

အသက်မှ လွတ်လပ်ခြင်း...

သေခြင်းတရားမှ လွတ်လပ်ခြင်း...

သူ ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။ သူ၏ တည်ရှိမှုက လောက၏ အစိတ်အပိုင်း တစ်ခု မမည်တော့ချေ။ သူသည် သူ့ကိုယ်ပိုင် ကမ္ဘာ၊ လုံးဝ ကမ္ဘာအသစ် တစ်ခုတွင် ရှင်သန်နေသည်။ ကြယ်တာရာ ဝိညာဥ်များမှာ တောက်ပစွာ လင်းလက်နေကြ၏။

ထိုအရာက ဝေ့ဝူယင်၏ ခံစားချက်များ မဟုတ်ချေ။ သူတို့၏ ခံစားချက်များသာ ဖြစ်သည်။ သူ၏ အာရုံ၊ အတွေး၊ အော်ရာ အားလုံးမှာ တဒင်္ဂမျှ လောကမှ ပျောက်ကွယ်သွား၏။ ၎င်းတို့က အသစ်များ အဖြစ် ပြန်လည် ဖွဲ့စည်းနေကြသည်။ ထိုအခိုက်၌ သူသည် မည်သည့် အာရုံ ခံစားမှုမှ မရှိပဲ လောကထဲတွင် အဆုံးမဲ့စွာ လွင့်မြော နေခဲ့ပုံ ပေါ်သည်။

ဘုန်း…

ရုတ်တရက် သူသည် မတူညီသော အချိန်လေးခုနှင့် မတူညီသည့် ကမ္ဘာလေးခုသို့ ကိုယ့်ကိုယ်ကို ခွဲထုတ်လိုက်သလို ခံစား လိုက်ရ၏။

ထိုအထဲမှ  တစ်ခုတွင် သူသည် ဆေဘာဓား တစ်စင်း၏ စစ်မှန်သော ပိုင်ရှင် ဖြစ်နေခဲ့သည်။ သူသည် လွှမ်းမိုးချုပ်ကိုင်မှု ရှိသည်။ ရက်စက်ကြမ်းကြုတ်သည်။ အကန့်အသတ်မဲ့ ထက်မြက်သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍  မူမမှန်မှု တစ်စုံတစ်ရာပင် မရှိခဲ့။

ထိုအခိုက်၌ သူသည် အတွေးတစ်ချက်ဖြင့်ပင် မည်သည့် ကမ္ဘာ၊ မည့်သည့် နေရာကို မဆို ဖြတ်သန်းသွားလာ နိုင်သလို ခံစား နေရသည်။   လက်ထဲတွင် ဆေဘာ ဓားသွား တစ်စင်းကို ကိုင်ရင်း သူ ကမ္ဘာကြီးကို စိုးမိုးထားသည်။

ဘုန်း…

သူက ဆေဘာအား ဝှေ့ယမ်းလိုက်ရာ သွေးရောင်  အတိပြီးသည့် နေတစ်စင်း ထွက်ပေါ်လာ၏။ ယင်းသည် ကောင်းကင်တွင် ထိန်ထိန်လင်းကာ လောကကို သွေးရောင် အလင်းဖြင့် ခြယ်မှုန်းသည်။ နောက်တစ်ကြိမ် သူ ဓားကို ဝှေ့ယမ်းလိုက်ချိန်တွင်မူ ဝိညာဉ်များကို ထိန်းချုပ်နိုင်သည့် မြစ်တစ်စင်း ဖြစ်တည်လာသည်။

ဘုန်း… ဘုန်း… ဘုန်း…

သူသည် ဓားချက်များကို ဆက်လက်  ခုတ်ထစ်ရင်း နတ်ဘုရား တစ်ပါးလို ခံစား နေမိခဲ့၏။ သို့သော်လည်း ထိုစွမ်းအားများမှာ သူ့လက်ထဲရှိ ဆေဘာမှ လာကြောင်းကိုတော့ သူ ရိပ်မိပေသည်။ ထိုဆေဘာသာလျှင် ဤလောက၏ နတ်ဘုရား ဖြစ်သည်။ ထိုဆေဘာသာလျှင် အရာအားလုံးကို ဆန္ဒ ရှိသလို ဖန်တီးနိုင်ပေသည်။ အရာအားလုံးမှာ ဆေဘာဖြစ်ပြီး ဆေဘာမှာ အရာအားလုံး ဖြစ်ပေသည်။

"ဒါက ဆေဘာတာအိုလား… ဒါမှမဟုတ် အခြား တစ်ခုခုလား"

အတွေးတစ်စက သူ၏ စိတ်တွင် စတင်ကာ ပေါ်လာခဲ့၏။ ထို့နောက် ဖြည်းညင်းစွာပင် သူ့ကိုယ်သူ ပြန်လည် မှတ်မိလာသည်။ နေများ၊ လများ၊ ဂြိုဟ်များနှင့် မြစ်တစ်စင်းကို ဖန်တီးခဲ့သည့် လက်ထဲရှိ ဆေဘာဓားကို သူ ငုံ့ကြည့်လိုက်၏။

"ဘုရင်လား…"

"ကလန့်…"

ဓားတေသံတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာကာ ဆေဘာရောင် ခြယ်သည့် ကမ္ဘာမှာ ပျက်ရွင်းသွား၏။ ရုတ်ချည်းပင် ဝေ့ဝူယင်မှာ   အာကာသထဲသို့ ပစ်ပေါက် ခံလိုက်ရသလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်က  အကြွင်းမဲ့ မှောင်မိုက်နေကာ ဘာဆိုဘာမှ ရှိမနေခဲ့။ အားလုံးက ဗလာချည်းသာ ဖြစ်သည်။

ဝေ့ဝူယင် အထီးကျန်စွာ လျှောက်သွားရင်း  လုံးဝန်းသော အဖြူရောင် ပစ္စည်း တစ်ခုကို တွေ့လိုက်ရ၏။  ထိုစက်ဝန်း၏ အလယ်ဗဟိုတည့်တည့်တွင် ဆေဘာဓား တစ်စင်း ရှိနေပေသည်။

"ကြယ်တာရာ အမြုတေလား… လောက ပင်လယ်လား…"

ရှင်းလင်းစွာ ကောက်ချက် မချနိုင်ခင်မှာပင် ရုတ်တရက် ပူလောင်ခြင်း၊ လေးလံခြင်း၊ မာကျောခြင်း၊ အေးမြခြင်း၊ ပျော့ပျောင်းခြင်း၊ ပေါ့ပါးခြင်းတို့ကို သူ ကြုံတွေ့လိုက်ရ၏။ သူ ‌ခေါင်းကို လှည့်၍ ကြည့်လိုက်ရာ ထိုလုံးဝန်းသည့် အဖြူရောင် ပစ္စည်းထံ ချဥ်းကပ်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ မတုန့်ပြန်နိုင်ခင်မှာပင် ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှာ ထိုအထဲ ထိုးဖောက် ဝင်ရောက်သွားတော့သည်။

ရောက်ရှိပြီးနောက် ထိုအရာမှာ ဒြပ်စင်ကမ္ဘာတစ်ခု ဖြစ်ကြောင်း သူ တွေ့ရှိ လိုက်ရသည်။ ဒြပ်စင်ကိုးခုမှာ တဟုန်းဟုန်း တောက်လောင်နေကာ ထူးခြားသော ပေါင်းစပ် ဒြပ်စင်များပင် တည်ရှိနေကြသည်။

ဂျိန်း... ဒလိန်း...

အစိမ်းရောင် လျှပ်စီးကြောင်းများမှာ လောကကို အဆက်မပြတ် ရိုက်ခတ်ကာ အဆုံးမဲ့ သစ်ပင်များအား ဖန်တီးနေသည်ကိုပင် သူ တွေ့မြင်နေရ၏။ တစ်ချိန်တည်း၌ အရာအားလုံးကို အေးခဲပစ်နိုင်သည့် မီးမုန်တိုင်း တစ်ခုလည်း ဖြတ်သန်း တိုက်ခတ်နေသည်။ ၎င်း ဖြတ်သန်းသွားတိုင်း လောကကရှိ အပူမှုန်သမျှမှာ ဝါးမျိုခံနေရသည်။

ထိုကဲ့သို့... ထိုကဲ့သို့ ထူးဆန်းသော ဖြစ်တည်မှုများစွာမှာ ထိုကမ္ဘာအတွင်း တည်ရှိနေ၏။ ဝေ့ဝူယင်မှာ ထိုအရာများကို ကြည့်ရင်း ပို၍ သေချာလာသလို ခံစားလိုက်ရ၏။ သူ ကြယ်တာရာ အမြုတေများ၏ လောကအတွင်း ရောက်ရှိနေပေသည်။

ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်လိုက်၏။ ဒြပ်စင်ကိုးခု ပါဝင်သည့် အဖြူရောင် နေတစ်စင်းမှာ ထိုနေရာတွင် အဆုံးမဲ့ ထိန်ထိန်လင်းနေသည်။ ၎င်းသည် လောကို အပေါ်မှ အုပ်မိုးကြည့်နေကာ အရာအားလုံးကို ပိုင်ဆိုးသည့်ပုံ ‌ပေါ်သည်။

“ဒါက ကြယ်တာရာ ဝိညာဥ်တွေ မြင်ရတဲ့ မြင်ကွင်းလား... ဒါက သူတို့ရဲ့ နေထိုင်မှု ပုံစံလား... သူတို့က သူတို့ ကိုယ်ပိုင်ဖန်တီးထားတဲ့ ကမ္ဘာတွေမှာ နတ်ဘုရားတွေလား...”

ဝေ့ဝူယင်သည် ကြယ်တာရာ ဝိညာဥ်များနှင့် အပြည့်အဝ ချိတ်ဆက်နေသည့်တိုင် ၎င်းကို ယခုမှ သတိထားမိခြင်း ဖြစ်ပေသည်။ လောကပင်လယ် ဟူသော စကားလုံး၌ “လောက” ပါဝင်နေသည်မှာ မထူးဆန်းတော့ချေ။

***

All Chapters