တရှန်း
Vol. 18 Ch. 251
အချိန်များက တရွေ့ရွေ့ ဖြတ်ကျော်သွားသည်။ ရာသီဆိုသော စက်ဝန်းသည် တစ်ခုသို့ တစ်ခုသို့ လျှင်မြန်စွာ ခုန်ကူးနေ၏။ အချိန်ကာလကား ဆယ့်ငါးလ တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းသည် မကြာခင် အနန္တဝိညာဥ် စမ်းသပ်ပွဲ တစ်ခုကို ကျင်းပလိမ့်မည် ဖြစ်သည်။ နောက်ဆုံး အနိုင်ရရှိသူသည် ဝေ့ဝူယင် ဖန်တီးခဲ့သည့် အကာသ ဝိညာဥ်ဆေးပြားကို ဆုလာဘ် အဖြစ် ရရှိလိမ့်ည် ဖြစ်သည်။ ထိုသတင်းသည် လူငယ် ပါရမီရှင်များ အကြားတွင် မုန်တိုင်းတစ်ခု သဖွယ် ဖြတ်သန်းတိုက်ခတ်နေ၏။
အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်...
အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ထုတ်လုပ်ရန်မှာ လုံးဝ မလွယ်ကူသည့် ကိစ္စတစ်ရပ် ဖြစ်သည်။ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် အဂ္ဂိရတ် အင်ပါယာ အဆင့်မှာ အလွန် နည်းပါးလှ၏။ နှစ်ဆယ်ပင်လျှင် မကျော်ချေ။ မဟာဂိုဏ်းကြီး ဖြစ်သည့် အနန္တဧကရာဇ်ဂိုဏ်းတွင်ပင် ဖန်တီးခြင်း တောင်ထွတ်၏ မဟာ အင်ပါယာ သူတော်စင် ထို့ပိဟန် တစ်ယောက်သာ ရှိပေသည်။ သူသည် ကြယ်တာရာ အမြုတေ အဆင့်ခုနစ်၌ အစွမ်းအထက်ဆုံး လူသား ကျင့်ကြံသူလည်း ဖြစ်သည်။
သို့ဖြစ်လေရာ အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်တစ်ခုကို ရရှိရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲလွန်းသည်။ ထို့ကြောင့်ပင် အနန္တဝိညာဥ် စမ်းသပ်ပွဲမှာ တစ်သက်မှာ တစ်ခါသာ ရမည့် အခွင့်အရေးမျိုးဟု ဆိုနိုင်ပေသည်။
ယနေ့...
ယနေ့ကား စမ်းသပ်ပွဲ ကျင်းပမည့်နေ့ ဖြစ်၏။ မဟာ အင်ပါယာ သူတ်ေစင်များသည် ထိုစမ်းသပ်ပွဲကို ကျွင်းနာဂြိုဟ်ပေါ်တွင် ဆုံးဖြတ်ထားသည်။
ကျွင်းနာဂြိုဟ်...
ကျွင်းနာဂြိုဟ်သည် အနန္တဧကရာဇ် ဂြိုဟ်နယ်မြေ အတွင်းတွင် အနန္တဧကရာဇ်ဂြိုဟ်နှင့် အပြိုင် တည်ရှိသည့် ဂြိုဟ်နှစ်လုံး အနက်မှ တစ်လုံး ဖြစ်သည်။ အနန္တဧကရာဇ်ဂိုဏ်းအား စတင် တည်ထောင်ခဲ့သူ ဝူယု၏ ဇနီး ကျွင်းနာကို အစွဲပြုကာ ထိုနာမည်ကို မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ကျန်ဂြိုဟ်တစ်လုံး၏ အမည်မှာမူ “ဝူယု” ဟူ၍ ဖြစ်သည်။
များစွာသော ကောင်းကင်နိုဘယ်များ၊ ကောင်းကင်ဧကရာဇ်များ၊ ကမ္ဘာ ရွေးချယ်ခံများ ပြိုင်ပွဲဝင်ကြရန် အပြိုင်အဆိုင် ပြင်ဆင်နေကြချိန်တွင် ဝေ့ဝူယင်ကမူ တစ်နေရာ၌ အေးဆေး သက်သာစွာ ရှိနေခဲ့သည်။ သူ၏ အတွေး၊ ဆန္ဒနှင့် စိတ်ခံစားမှု အားလုံးမှာ အနန္တဝိညာဥ် စမ်းသပ်ပွဲကို လုံးလုံး စိတ်ဝင်စားခြင်း မရှိပါချေ။ ဤသို့ဆိုလျှင် ထိုအရာများမှာ မည်သည့်နေရာသို့ ရောက်ရှိနေသနည်း။
“အီး... အား... အင့်...”
အဆက်မပြတ် ညည်းညူသံများမှာ နတ်ဆိုး တောင်ထွတ် သတ္တမအလွှာရှိ ကောင်းကင်နန်းတော် တစ်ခုဆီမှ ထွက်ပေါ်နေ၏။ အခန်းအတွင်းရှိ ခုတင်တစ်လုံးပေါ်တွင်မူ ချွေးသံတရွှဲရွှဲနှင့် ကိုယ်လုံးထီး ပုံရိပ်နှစ်ခု ရှိနေသည်။
ဝေ့ဝူယင်သည် သူ့ကိုယ်ပေါ်တွင် ထိုင်ကာ ညင်သာစွာ လှုပ်ရှားနေသော လှပသည့် နတ်ဆိုးမိန်းကလေးကို ကြည့်လိုက်၏။ ခပ်စို့စို့ ထွက်နေသော ချွေးများကြောင့် သူမ၏ ခရမ်းရောင် အသားအရောင်က ခပ်ဖျော့ဖျော့ တောက်ပနေ၏။ သူမ၏ ခရမ်းရောင် ဆံပင်ရှည်ကမူ ကျောထက်တွင် အနည်းငယ် လူးလွင့်နေသည်။ သူမ၏ လှပ ဖြောင့်စင်းသော ခြေထံများက အလွန် ရှည်လျားလှကာ ဝေ့ဝူယင်ကိုပင် ကျော်ကြနေသည်။ သူမ၏ အရပ်မှာ ရှစ်ပေနီးနီးထိပင် ရှည်လျားလှ၏။
“တရှန်း... မင်း အနန္တဝိညာဥ် ပြိုင်ပွဲကို ဝင်မပြိုင်တော့ဘူးလား...”
ဝေ့ဝူယင်က မေးလိုက်၏။ တရှန်းမှာ နတ်ဆိုးတောင်ထွတ်၏ ကောင်းကင်နိုဘယ် တစ်ယောက် ဖြစ်ပြီး တိုက်တန် တစ်ယောက် ဖြစ်ပြီး ခရမ်းရောင် တောင်တန်းနတ်ဆိုး မျိုးဆက်မှ ဆင်းသက်လာသူ ဖြစ်သည်။ ခရမ်းရောင် တောင်တန်း နတ်ဆိုးမှာ ဧဒင်သစ်ပင်ကဲ့သို့ပင် ဝိညာဥ်ရရှိခဲ့သည့် တောင်တန်းငယ် တစ်ခု ဖြစ်ကာ နောင်တွင် လူသား အသွင် ဖြစ်အောင် ကျင့်ကြံနိုင်ခဲ့သည်။
တရှန်းမှာ မွေးရာပါ အစွမ်းထက်သူ တစ်ယောက် ဖြစ်ပြီး မည်သည့် အရာကို မဆို ခပ်ကြမ်းကြမ်း ကိုင်တွယ်တတ်သူ ဖြစ်သည်။ ထို့ကြောင့်ပင် များစွာသော လူများမှာ သူမကို ကြောက်ရွံ့ကြသည်။ သို့သော် ဝေဝူယင် အတွက်မူ သူမက ခေါင်းမာကာ ပြိုင်ဘက်ကင်းသော အလှတရားကို ပိုင်ဆိုင်ထားသည့် မိန်းမလှလေး ဖြစ်သည်။
သူတို့နှစ်ယောက်သည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က စတင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်၏။ ထိုစဥ်က ဝေ့ဝူယင်သည် ဧဒင်၏ တောင်းဆိုမှုကြောင့် နတ်ဆိုးတောင်ထွတ်သို့ သွားခဲ့သည်။ ထိုနေရာသို့ ရောက်ရှိချိန်၌ ဧဒင်သည် နတ်ဆိုးစွမ်းအင်များကို စုပ်ယူနိုင်ရုံသာ မက အသုံးပြုကာ ကျင့်ကြံနိုင်ကြောင်းပါ တွေ့ရှိခဲ့ရသည်။ သို့သော်လည်း အကျိုးအမြတ်ကမူ အရမ်း များပြားခြင်း မရှိချေ။
တရှန်းသည် ဝေ့ဝူယင်အား တွေ့ရှိကာ စူးစမ်းခဲ့သည်။ လူသား တစ်ယောက် နတ်ဆိုးတောင်ထွတ်သို့ ရောက်ရှိလာကာ အေးအေးဆေးဆေး ပြုမူနေနိုင်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။ ထိုစဥ်က ဝေ့ဝူယင်မှာ အနည်းငယ် ကျော်ကြားနေပြီ ဖြစ်သည့်တိုင် တရှန်းမှာ နာမည်နှင့် လူကို မတွဲမိသေးချေ။ သူမက သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အံ့သြရာ ခန္ဓာကိုယ်ချင်း တိုက်ခိုက်ရန် စိန်ခေါ်ခဲ့သည်။
ထိုစဥ်က တရှန်းမှာ ကမ္ဘာရွေးချယ်ခံ တပည့်အဆင့်မျှသာ ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း ကြယ်တာရာ အမြုတေ အဆင့်တွင်သာ ရှိသည်။ ဝေ့ဝူယင်မှာ မတိုက်ခိုက်ချင်သော်လည်း တဇွတ်ထိုး ဆန်လွန်းလှသည်။
ဤသို့ဖြင့် သူတို့ တိုက်ခိုက်ခဲ့ကြသည်။ သူမ၏ သန့်စင်သည့် နတ်ဆိုး ခန္ဓာကိုယ်မှာ အလွန် သန်မာလှပြီး အဆုံးသတ်၌ ဝေ့ဝူယင်ပင်လျှင် နဂါးအသွင် ပြောင်းလဲခဲ့ရသည်။ တိုက်ပွဲတွင် ကျဥ်းမြောင်းသော ရလဒ်ဖြင့် ဝေ့ဝူယင် အနိုင်ရရှိခဲ့သော်လည်း သူမက လက်ခံရန် ဆန္ဒမရှိခဲ့ချေ။ သို့သော်လည်း သူမက ကောင်ကင်ဖိအား၊ နတ်ဆိုးအင်အားတို့ကို အသုံးပြု၍ ဖိအားပေးခြင်း မပြုချေ။ ခန္ဓာကိုယ်ချင်း သီးသန့် တိုက်ခိုက်ရန်သာ နောက်တစ်ကြိမ် စိန်ခေါ်ခဲ့သည်။
တစ်ပတ်အတွင်းမှာပင် သူတို့ နောက်တစ်ယောက် တိုက်ခိုက်ခဲ့သည်။ ဝေ့ဝူယင်မှာ ပထမ တစ်ကြိမ်ကထက်ပင် ပိုမို လွယ်ကူစွာ အနိုင်ရရှိခဲ့သည်။ တရှန်းမှာ အလွန် အံ့သြခဲ့ရသော်လည်း အမှန်တကယ်တွင်မူ ဝေ့ဝူယင်မှာ အဆင့် ခုနစ် ခန္ဓာမြှင့်တင်ခြင်းဆေးများကို ကြိုတင်စားသုံးကာ ခွန်အားကို နှစ်ဆတိုးမြှင့် ထားခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင် မည်သူ ဖြစ်ကြောင်း သိရှိပြီးနောက် သူတို့ နှစ်ယောက်၏ ဆက်ဆံရေးက တဖြည်းဖြည်း ပိုမို ရင်းနှီးလာခဲ့သည်။ နောက်ပိုင်းတွင် ဝေ့ဝူယင်သည် သူမအား ဝိညာဥ်ဆင်းတု ကွင်းခုနစ်ကွင်း ဖွဲ့စည်းနိုင်အောင် ကူညီပေးခဲ့ပြီး ကောင်းကင်နိုဘယ် တစ်ယောက် ဖြစ်လာစေခဲ့သည်။ ထို့အပြင် သူမသည် မကြာခင် ကောင်းကင် ဧကရာဇ် စမ်းသပ်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်တော့မည် ဖြစ်သည်။
တရှန်းက ရွှေရောင် မျက်လုံးရွဲကြီးများဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။
“ကျွန်မ ဝင်ပြိုင်ဖို့ လိုလို့လား... ရှင် ကျွန်မအတွက် အာကာသ ဝိညာဥ်ဆေးပြား ဖော်စပ် မပေးတော့ဘူးလား”
ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်ရင်း သူမ၏ လှပသော မျက်နှာလေးကို လက်များဖြင့် ထိတွေ့လိုက်သည်။
“ဖော်စပ်ပေးမှာပေါ့ အချစ်လေးရဲ့... ဒါပေမဲ့ အနန္တဝိညာဥ် စမ်းသပ်ပွဲက ကိုယ့်ကိုယ်ကို စမ်းသပ်ဖို့ အကောင်းဆုံး နေရာတစ်ခုပဲလေ... မင်း စိတ်မဝင်စားဘူးလား”
တရှန်းက နှုတ်ခမ်းကို စူကာ ဝေ့ဝူယင်၏ ရင်ဘတ်ပေါ် ညင်သာစွာ လှဲလျောင်းလိုက်သည်။ ထို့နောက် သူမက ခေါင်းကို ခါလိုက်၏။
“ဝင်ပြိုင်လို့ ကျွန်မပဲ နိုင်ရင် အခြားလူတွေရဲ့ အခွင့်အရေးကို လုယူသလို ဖြစ်သွားမှာပေါ့ ဟုတ်တယ်မလား”
ဝေ့ဝူယင်မှာ တစ်ခဏမျှ ဆွံ့အသွားသည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်နှစ် အတွင်း သူ သူမကို ပေးအပ်ခဲ့သည့် ဆေးအရေအတွက်ကို ပြန်လည် စဥ်းစားမိသော အခိုက်၌ ထိုယုံကြည်မှုက ဖြစ်သင့်သလို သူ ခံစားလိုက်ရသည်။ သူသည် မွေးရာပါ စွမ်းအား၊ ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်း အခြေခံတို့တွင် အခြားလူများထက် ခေါင်းတစ်လုံး သာနေပေသည်။ သူမသည် ဂိုဏ်းအတွင်း၌ ကွင်းခုနစ်ကွင်း ဝိညာဥ်ဆင်းတုကို ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ကာ ထို့ပိဟန်ထက်ပင် သာလွန်ပေသည်။
သို့သော်လည်း ဝေ့ဝူယင်သည် ထိုမိန်းကလေး အပေါ် အပြည့်အဝ မယုံကြည်ချေ။ စမ်းသပ်ပွဲ မဝင်ခြင်း အတွက် သူမတွင် အခြား အကြောင်းပြချက် တစ်ခု ရှိကောင်းရှိနိုင်ပေသည်။ သို့သော်လည်း သူ ထိုအရာကို စုံစမ်းလိမ့်မည် မဟုတ်ချေ။ သူ လိုချင်သည်ကား...
ဝေ့ဝူယင် တရှန်းအား ပိုမို နီးကပ်အောင် ဆွဲကပ်လိုက်ရင်း နှုတ်ခမ်းကို အနမ်းပေးလိုက်၏။
“နောက်တစ်ခေါက် ထပ်စကြမလား...”
တရှန်း၏ ရွှေရောင် မျက်လုံးများက စိတ်အား ထက်သန်မှုများဖြင့် တလက်လက် တောက်ပသွား၏။ သို့သော်လည်း သူတို့ နောက်တစ်ကြိမ် ပြန်စလု ဆဲဆဲမှာပင် ဝေ့ဝူယင်၏ သုံးလွှာ လက်စွပ်မှာ တောက်ပလာ၏။ ဆက်သွယ်ရေး သလင်းကျောက်ထဲသို့ စာဝင်လာခြင်းပင် ဖြစ်၏။ ဝေ့ဝူယင် သလင်းကျောက်ကို ထုတ်ယူကာ ဖတ်လိုက်သည်။
စာအား ဖတ်ပြီးသည်နှင့် သူ မျက်မှောင်ကြုတ်လိုက်သည်။ ဒေါသအရိပ်အယောင် အချို့က သူ၏ ငွေရောင် မျက်လုံးများတွင် ဖြတ်ပြေးသွား၏။ အမျိုးမျိုးသော အတွေးများက သူ့စိတ်အတွင်း နေရာယူနေဟန် ရသည်။ တရှန်းမှာ ဝေ့ဝူယင်ကို အကဲခတ်မိရာ ညင်သာစွာ မေးလိုက်၏။
“ဘာဖြစ်လို့လဲဟင်...”
သူမ၏ အသံကြောင့် ဝေ့ဝူယင်မှာ ပြန်လည် သတိရလာ၏။ သို့သော်လည်း စိတ်ရှုပ်ထွေးမှု အချို့ကတော့ သူ့ မျက်လုံးထဲ ကျန်ရှိနေဆဲ ဖြစ်သည်။ သူ အနည်းငယ် ပြုံးရင်း ခေါင်းခါလိုက်၏။
“ငါ သွားရတော့မယ်...”
တရှန်းက သူမ၏ ခန္ဓာကိုယ်ကို ဝေ့ဝူယင် ကိုယ်ပေါ်မှ ခွာလိုက်ရင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်မှ ချွေးများကို ဆေးကြောရန် ရေချိုးခန်း အတွင်း ဝင်ရောက်သွားတော့၏။
သူမ၏ လုံးဝန်းသည့် နိမ့်ချည်မြင့်ချည် တင်ပါးအစုံကို ကြည့်ရင်း ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်လိုက်သည်။ ထို့နောက် သူက လျှာကို ကိုက်ကာ မျက်လုံးများကို မှိတ်လိုက်၏။ စောစောက စာမှာ ထို့ပိဟန်ထံမှ ဖြစ်သည်။ သူ၏ အဆိုအရဆိုလျှင် ဒြပ်စင် ကောင်းကင် နန်းတော်သည် ရောက်ရှိလာသည်။ သူတို့နှင့် အတူ အဂ္ဂိရတ် အစည်းအရုံးလည်း ပါလာသည်။
ဝေ့ဝူယင် အိပ်ယာပေါ်မှ လူးလဲထလိုက်၏။ ထို့နောက် ခန္ဓာကိုယ်အား ရေစွမ်းအင်ဖြင့် ဆေးကြောလိုက်ကာ ကောင်းကင်ဧကရာဇ် အနက်ရောင် ဝတ်စုံကို ဆင်မြန်းလိုက်၏။ ထို့နောက်တွင် တရှန်း၏ ကောင်းကင်နန်းတော်မှ ပျံသန်းကာ ထွက်ခွာလာခဲ့တော့သည်။
ဧကရာဇ် တောင်ထွတ် ပထမ အလွှာကို ရောက်ရှိချိန်၌ သေမျိုးခေါင်းဆောင် အဆင့်အကြီးအကဲ လီလင်းမှာ အနန္တ ဟင်းလင်းပြင် ဂိတ်တံခါးကို အသက်သွင်းကာ သူ့အား အဆင့်သင့် စောင့်ဆိုင်းနေသည်။ သူမသည်လည်း ထို့ပိဟန်ထံမှ ညွှန်ကြားချက်ကို ရရှိခဲ့ပြီး ဖြစ်သည်။
ဝေ့ဝူယင်အား တွေ့သည်နှင့် သူမက ကပြာကယာ ရှေ့သို့ တက်လာ၏။
“ကောင်းကင်ဧကရာဇ်ဝေ့... သူတို့က”
သို့သော်လည်း သူမ စကားမဆုံးခင်မှာပင် ဝေ့ဝူယင်က လက်ကာကာ တားဆီးလိုက်သည်။
“ကျွင်းနာကို သွားမယ့် တံခါးကို ဖွင့်လိုက်တော့...”
ဒြပ်စင်ကောင်းကင် နန်းတော်မှ လူများ ကျွင်းနာဂြိုဟ်ပေါ်သို့ ရောက်ရှိနေကြောင်း သူ ထို့ပိဟန်ထံမှ တစ်ဆင့် သိရှိပြီး ဖြစ်သည်။ သူတို့သည် ဂိတ်တံခါး ပြဿနာ အပါအဝင် ကိစ္စနှစ်ခုဖြင့် အလည်အပတ် ရောက်လာခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သူမ၏ ရှင်းပြမှုကို သူ မလိုအပ်ချေ။
လီလင်းက ခေါင်းညိတ်လိုက်၏။ သူမက အလျှင်အမြန်ပင် အကာသ ဓာတ်ပြားကို ထည့်သွင်းကာ ဝေ့ဝူယင်အား ဝင်ရောက်ရန် အချက်ပြလိုက်သည်။
ဝမ်... ဝမ်...
မကြာခင်မှာပင် ဝင်္ကပါ အသက်ဝင်လာသည့် အသံများကို ကြားလိုက်ရကာ သူ၏ အရှေ့တွင် အနက်ရောင် ဟင်းလင်းပြင် တစ်ခု ပေါ်လာခဲ့သည်။ ဝေ့ဝူယင် တစ်ချက်ပင် မတုန့်ဆိုင်းပဲ ဂိတ်တံခါး အတွင်း လှမ်းကာ ဝင်ရောက်လိုက်လေတော့၏။
***