မြေကြီး ရှန့်ထို အဆင့် တိုက်ပွဲ
Vol. 60 Ch. 831
ဘုန်း...
ဟင်းလင်းပြင် သင်္ဘော အထက်၌ ရပ်နေသည့် ကျင့်ကြံသူမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များနှင့် အတူ ဝူယုထံ ပြေးဝင် သွားခဲ့၏။
“...”
ဝူယု၏ အတွေးများက အလွန်အမင်း မြန်ဆန်ပေသည်။ သူ၏ တုန့်ပြန်မှုက ပိုမို၍ပင် မြန်ဆန်လှသေး၏။ ကြမ်းတမ်း ခက်ထန်သည့် အော်ရာနှင့် အတူ ပြေးဝင်လာသည့် ထာဝရ သူရဲကောင်းကို သူ ရှင်းလင်းစွာပင် မြင်တွေ့ နေရသည်။ ထောင်ပေါင်းများစွာသော သင်္ကေတများမှာ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေကာ အရှိန်ကို အဆပေါင်းများစွာ တိုးမြှင့်ပေး နေခဲ့၏။
အခြေအနေက အလွန် ထူးဆန်းနေသလို ဝူယု ခံစားလိုက်ရသည်။ ထာဝရ သူရဲကောင်း နှစ်ယောက်တွင် အဝေးရှိ တစ်ယောက်မှာ သူ့ထံ ရန်လိုစွာ ပြေးဝင်လာနေကာ အနားရှိ တစ်ယောက်ကတော့ ထူးမခြားပင် တည်ငြိမ်စွာ ရှိနေခဲ့ပေသည်။
သူ တုန့်ပြန်ရန် နည်းလမ်းများကို တွေးတောလိုက်၏။ လက်ရှိ၌ သူက မြေကြီး ရှန့်ထို အသစ် တစ်ယောက် ဖြစ်သည်။ နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက်မှ တစ်ပါး သူ ကျင့်ကြံခြင်း အခြေခံကို ခိုင်မာအောင် မလုပ်ရသေးချေ။ မြေကြီးရှန့်ထို အဆင့်နှင့် သူ၏ ရင်းနှီးမှုက အလွန်ပင် အလှမ်းကွာ သေးသည်။ လက်ရှိ သူ့ခန္ဓာကိုယ် အတွင်း ရှိနေသည့် အရာ မှန်သမျှမှာ သူ့အတွက်တော့ အသစ်တွေချည်းသာ ဖြစ်သည်။
ရုတ်တရက်... ဝူယုမှာ ခန္ဓာကိုယ်တွင်း၊ ကိုယ်ပရှိ သင်္ကေတ အားလုံးကို ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုအနေဖြင့် ထိန်းချုပ်နိုင်ကြောင်း ခံစားလိုက်ရ၏။ အတွေးတစ်ချက်ဖြင့်ပင် သောင်းနှင့်ချီသည့် သင်္ကေတအားလုံးမှာ လှုပ်ရှားလာကာ တစ်ခုနှင့် တစ်ခု ကွန်ယက် တစ်ခု သဖွယ် ဖွဲ့စည်းလိုက်သည်။
ဝူယုမှာ စိတ်လှုပ်ရှား သွားခဲ့သည်။ တစ်ချိန်တည်း၌... သူ့ ထျန်းတျန် အတွင်းရှိ လျှို့ဝှက် ဝိညာဥ်မှာ တုန်ခါ သွားကာ ယခင်ကနှင့် ကွာခြားသွားသလို ခံစားလိုက်ရသည်။ ထိုအရာက မည်ကဲ့သို့သော ပြောင်းလဲမှု ဖြစ်ကြောင်း သူ ဆန်းစစ်နေစဥ်မှာပင် ခန္ဓာကိုယ် တစ်ခုလုံးထံ ပျံ့နှံ့လာသည့် ပျော်ရွှင်မှု လှိုင်းများကို ခံစားလိုက်ရလေ၏။
ဘုန်း... ဘုန်း...
အညိုရောင် မျက်လုံးများနှင့် ထာဝရ သူရဲကောင်းမှာ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် မိုင်ထောင်ပေါင်းများစွာကို ဖြတ်ကျော်လာ၏။
ဝှစ်... ဝှစ်...
သူ့ကို ဝန်းရံနေသည့် လျှို့ဝှက် သင်္ကေတများက စုစည်းသွားကာ အလွန်အမင်း အစွမ်းထက်သည့် လျှို့ဝှက် စွမ်းအင် အဖြစ် အသွင်ပြောင်း သွားသည်။ ပူပြင်း နက်မှောင်သည့် အော်ရာများမှာ သူ့ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ ၎င်းတို့က ပတ်ပတ်လည်ရှိ လျှို့ဝှက် စွမ်းအင်များနှင့် ပေါင်းစပ်သွားကာ ကိုယ်ပိုင် အသွင် သဏ္ဌာန်ကို ရရှိလာသည်။
ဟူး... ဟူး...
ပျံသန်းနေသည့် အတောအတွင်းမှာပင် အညိုရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းမှဦ အင်ဖာနို မီးတောင် အသေးစား တစ်ခု သဖွယ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ၎င်းက အလွန် ပူးပြင်း လေးလံသော မြေကြီး စွမ်းအင်များဖြင့် ဖွဲ့စည်းထားကာ မဟူရာရောင် တလက်လက် တောက်ပနေ၏။ ထိုအာနှင့် ထိတွေ့ခြင်း ခံရသည့် အမှောင် ဟင်းလင်းပြင်တိုင်းမှာ ပြင်းထန်စွာ လောင်ကြွမ်းသွားကာ အရှိန်အငြီးငြီး မီးတောက်များမှာ တစ်လောကလုံးကို တုန့်ဆိုင်းခြင်း မရှိပဲ ပျံ့နှံ့သွားသည်။
အင်ဖာနို ချော်ရည် ရည်ရွယ်ချက်...
ဝူယု၏ မျက်လုံးများက တလက်လက် တောက်ပနေ၏။ ယခုမှ မြေကြီးရှန့်ထိုအဆင့်ကို တက်လှမ်းခဲ့ခြင်း ဖြစ်စေကာမူ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းနှင့် ၎င်း၏ အမျိုးမျိုးသော အစီအရင်များ အပေါ် သူယုံကြည်ချက် အပြည့်အဝ ရှိနေပေသည်။ ထို့အပြင်... မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရှိခြင်းနှင့် အတူ တတိယမြောက် မဟာ ဧကရာဇ် အသွင်ပြောင်းခြင်းကို အချိန် အကြာကြီး ထိန်းသိမ် ထားနိုင်လိမ့်မည်ဟု သူ ခံစားရသည်။
အချိန်နှင့် အမျှ ဝူယု၏ မျက်လုံးများက ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပိုမို၍ ပြည့်နှက်လာ၏။ ဤသည်က မြေကြီး ရှန့်ထို အဆင့်နှင့် ရင်းနှီးရန် သူ့အတွက် အခွင့်အရေး ဖြစ်သည်။ လိုက်လျော ညီထွေ ပြောင်းလဲနိုင်လျှင် ပြောင်းလဲ... မပြောင်းလဲနိုင်လျှင် သေရပေလိမ့်မည်။ ယနေ့ အသေခံရန် သူ့တွင် ရည်ရွယ်ချက် မရှိချေ။
သူ ထျန်းတျန် အတွင်းရှိ လျှို့ဝှက် ဝိညာဥ်နှင့် ဆက်သွယ်လိုက်၏။ ခန္ဓာကိုယ် တစ်လျှောက် စီးဆင်းနေသည့် လျှို့ဝှက် စွမ်းအင်များနှင့် သူ့ကို ဝန်းရံနေသည့် သောင်းပေါင်းများစွာသော လျှို့ဝှက် သင်္ကေတများက စတင်ကာ လှုပ်ရှားလာ၏။
ဘုန်း...
ခပ်အုပ်အုပ် ပေါက်ကွဲသံ တစ်နှင့် အတူ ကြောက်မက်ဖွယ် စွမ်းအားများမှာ ရပ်တန့် မရနိုင်သည့် နှုန်းထားဖြင့် သူ့ခန္ဓာကိုယ် အတွင်း နိုးထလာသည်။ အတွေးတစ်ချက်တည်းဖြင့်ပင် ဝူယုမှာ သူ တစ်ခါမှ မပိုင်ဆိုင်ဖူးသည့် စွမ်းအင်များကို ခံစားနေရပြီ ဖြစ်လေသည်။
ခရက်... ခရက်...
ထိုအခိုက်အန့်တွင်ပင် သူ့ခန္ဓာကိုယ် ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် ပြောင်းလဲ သွားသလို ဝူယဒ ခံစားလိုက်ရ၏။ ထာဝရ သူရဲကောင်းကို ဝန်းရံနေသည့် လျှို့ဝှက် သင်္ကေတများမှာ မူလ နေရာမှ ပျောက်ကွယ်သွားကာ သူ့ပတ်လည်တွင် ပြန်လည် ပေါ်လာခဲ့သည်။ ထို့နောက် ၎င်းတို့က စက်ဝိုင်း သဏ္ဌာန် လှောင်အိမ် တစ်ခု ဖြစ်သွားခဲ့၏။
ရုတ်ချည်းပင်... ဝူယုမှာ ဟင်းလင်းပြင် လက်စွပ် တစ်ခုထဲ ဆွဲခေါ် ခံလိုက်ရသလို ခံစားလိုက်ရသည်။ သို့သော်လည်း... ၎င်းက အာကာသ အကျဥ်းထောင်၏ အဆင့်မြင့် ပုံစံ “လောက အကျဥ်းထောင်” ပင်ဖြစ်ကြောင်း သူ့အတွက် ရှင်းလင်းပေသည်။
ဝူယုက ခပ်မြန်မြန်ပင် ဝိညာဥ်အာရုံနှင့် ထိုအကျဥ်းထောင်ကို လေ့လာလိုက်၏။ အာကာသ အကျဥ်းထောင်နှင့် သဘော သဘာဝချင်း တူညီသော်လည်း ထိုလောက အကျဥ်းထောင်မှာ ကြောက်စရာ ကောင်းလွန်း လှသည်။ အကယ်၍ သူသာ လျှို့ဝှက် ဝိညာဥ် အဆင့်တွင် ဆိုပါက... ပုလင်းထဲမှ ယင်ကောင် တစ်ကောင်လို အကူအညီ ကင်းမဲ့နေမှာ သေချာပေသည်။
အဆင့် နှစ်ဆင့်သာ ဖြစ်သည့်တိုင် ခြားနားချက်က ကြောက်စရာ ကောင်းလွန်းလှ၏။ ကံကောင်းထောက်မတာ တစ်ခုက... သူ၏ ကျင့်ကြံခြင်း အခြေခံက လျှို့ဝှက် ဝိညာဥ် အဆင့် မဟုတ်တော့ခြင်းပင်။
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဝူယုမှာ လောကအကျဥ်းထောင် တစ်ခုလုံးကို ဝိညာဥ်အာရုံဖြင့် အကုန်အစင် လေ့လာပြီးသွားခဲ့ပြီ ဖြစ်လေသည်။
“ဒီနေရာပဲ...”
သူက တည်ငြိမ်စွာပင် ပြုံးလိုက်ကာ ဘယ်ဘက်ကို ခြေတစ်လှမ်း တိုးလိုက်၏။ ထို့နောက် တုန့်ဆိုင်းခြင်း မရှိပဲ လက်သီးကို ဆုပ်ကာ ထိုနေရာကို ထိုးချလိုက်လေတော့သည်။
ဘုန်း...
အမှောင် ဟင်းလင်းပြင် တစ်ခုလုံးကို တုန်ခါစေသည့် မိုးခြိမ်းသံနှင့် အတူ လောက အကျဥ်းထောင်တွင် အပေါက် တစ်ခု ဖြစ်ပေါ်လာ၏။
“ဘာလဲ...”
ထာဝရ သူရဲကောင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားခဲ့၏။ တဒင်္ဂ အတွင်းမှာပင် ဝူယုမှာ လောက အကျဥ်းထောင်၏ အားနည်းချက်ကို တိုက်ခိုက်ကာ အပေါက်တစ်ခု ဖန်တီးနိုင်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့် မထားခဲ့ချေ။ သူ့ မျက်လုံးများ အတွင်းရှိ သတ်ဖြတ်လိုစိတ်က ပိုမို၍ပင် ပြင်းထန်လာ၏။
ဟူး... ဟူး...
ဝူယုက အင်ပါယာ ကောင်းကင် လျှို့ဝှက် ဝိညာဥ်နှင် ဆက်သွယ်ကာ လျှို့ဝှက် စွမ်းအင်များကို ထပ်မံ ဆင့်ခေါ်လိုက်၏။ တဖျပ်ဖျပ် တောက်ပနေသည့် ရောင်စုံ ကြယ်များက သူ့ခန္ဓာကိုယ် ပတ်လည်တွင် ဖြစ်ပေါ်လာကာ ဆယ်မိုင် ဧရိယာကို ဖုံးလွှမ်း သွားခဲ့သည်။
ထို့နောက် သူက အပေါက်မှ တစ်ဆင့် ထွက်ခွာလာကာ အပြင်လောကသို့ ပြန်လည် ရောက်ရှိလာ၏။ သူ၏ နောက်ရှိ လောက အကျဥ်းထောင်ကတော့ ဖြည်းညင်းစွာပင် ပြိုကျ သွားခဲ့ပြီ ဖြစ်လေသည်။
ဟူး... ဟူး...
ထောင်ပေါင်းများစွာသော ငွေရောင် သင်္ကေတများမှာ ဖြည်းညင်းစွာပင် ထာဝရ သူရဲကောင်းထံ ပြန်လည် ပျံသန်း သွားခဲ့၏။
ဝူယုက မျက်မှောင်ကြုတ်ကာ အင်ဖာနို ချော်ရည်ပူများ ဝန်းရံနေသည့် ထာဝရ သူရဲကောင်းကို ကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်၏ သတ်ဖြတ်လိုစိတ်များက အဘယ်ကြောင့် ထိုမျှ ပြင်းထန်နေရသနည်း။ သူ ထာဝရ အစည်းအရုံးကို တစ်ခါမှ အပြစ် မလုပ်ဖူးချေ။ သူ ကျူးလွန်ခဲ့သည့် အကြီးမားဆုံး အပြစ် ဟူ၍ ထာဝရ နယ်မြေထဲသို့ ဝင်ကာ မြေကြီး ခြေချခြင်းကို ဆင့်ခေါ်မိတာသာ ရှိသည်။ ထိုအရာက သတ်ဖြတ်လောက်သည့် ပြစ်ဒဏ်မျိုး မဟုတ်ပါချေ။ သူ့ကို အာဏာ ပါဝါ ပြချင်နေသည့် စန်းလော့ယန်ပင်လျှင် ထိုမျှလောက် ရန်လိုခြင်း မရှိပါချေ။
အခြေအနေ တစ်ရပ်လုံးက ထူးဆန်းနေသလို ဝူယု ခံစားလိုက်ရ၏။ တစ်ခုခုက မူမမှန်ချေ။ တစ်ခုခုက မူ မမှန်နေချေ။
ဝူယု၏ အတွေး မဆုံးခင်မှာပင် ထာဝရ သူရဲကောင်းမှာ နောက်တစ်ဖန် လှုပ်ရှားလာ၏။ သူက လက်သီးကို ဆုပ်ကာ အလွန် ပြင်းထန်သည့် အရှိန်ဖြင့် ထိုးချလိုက်လေသည်။
ချော်ရည်ပူ လောင်ကြွမ်းခြင်း ကျင့်စဥ်... အင်ဖာနို လက်သီး...
ဘုန်း...
အမှောင် ဟင်းလင်းပြင်ထဲ၌ လတစ်စင်း အရွယ် အလွန် ကြီးမားသော ချော်ရည်ပူ လက်သီးကြီး ဖွဲ့စည်း လာ၏။ ၎င်းက မျက်တောင် တစ်ခပ်စာ အချိန် အတွင်းမှာပင် ဝူယုထံသို့ ကျဆင်း သွားခဲ့လေသည်။
“ဘာလဲ...”
ဝူယုမှာ အံ့သြသွားခဲ့၏။ ထိုအရာက ရှောင်တိမ်းဖို့ မလွယ်ကူအောင် အလွန် ကြီးမားသော ဧရိယာကြီး တစ်ခုလုံးကို ခြုံငုံ၍ တိုက်ခိုက်လိုက်ခြင်းမျိုး ဖြစ်သည်။
သူက ချက်ချင်းပင် နဝမ ဧကရာဇ် ပထမ ခြေလှမ်း ကျင့်စဥ်ကို ထုတ်ဖော်လိုက်၏။ သူ့ခန္ဓာကိုယ် အတွင်း အပြင်ရှိ လျှို့ဝှက် သင်္ကေတများက အသက်ဝင်လာကာ ထိုလှုပ်ရှားမှု ကျင့်စဥ်ကို ဘေးမှ ပံ့ပိုး လိုက်ကြသည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဝူယုမှာ မူလနေရာမှ ပျောက်ကွယ်သွားကာ မိုင်တစ်သောင်း အကွာအဝေးသို့ ရောက်ရှိသွား၏။
သို့သော်လည်း... သူ့ နှလုံးသားက အလွန်အမင်း တင်းကြပ်နေသည်။ အဘယ်ကြောင့်မှန်း မသိသည့်တိုင် သက်တောင့်သက်သာ မရှိသည့် ခံစားချက်မျိုး သူ ခံစားနေရ၏။ သူက လှမ်းကြည့်လိုက်ရာ ထာဝရ သူရဲကောင်းနှင့် ချော်ရည် လက်သီးတို့ကို ချိတ်ဆက်ထားသည့် လျှို့ဝှက် စွမ်းအင်မျှင် တစ်ခုကို တွေးလိုက်ရ၏။ ထာဝရ သူရဲကောင်းမှာ ဝူယု၏ ရှောင်တိမ်း သွားမှု အပေါ် အံ့အားသင့်သွားဟန် ရသော်လည်း ထိုအရာက တဒင်္ဂမျှသာ ဖြစ်ပေသည်။
တိုက်ခိုက်မှုကို ပြန်လည် ဦးတည်တော့မည့် ဟန်ဖြင့် သူ၏ ခန္ဓာကိုယ်က ငွေရောင် လျှို့ဝှက် စွမ်းအင်လှိုင်းများနှင့် နောက်တစ်ကြိမ် တောက်ပလာ၏။ ထိုအရာကို ကြည့်ရင်း ဝူယု၏ မျက်လုံးများက ကျဥ်းမြောင်း သွားသည်။ ထိုထာဝရ သူရဲကောင်း၏ လျှို့ဝှက် စွမ်းအင် ထိန်းချုပ်မှုမှာ အံ့မခန်း အထင်ကြီးစရာ ကောင်းလွန်းလှသည်။
ဝှစ်...
ဝူယု ကြည့်နေသည့် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ထာဝရ သူရဲကောင်းမှာ သူ့အရှေ့သို့ ရောက်လာခဲ့၏။ သူ၏ လက်သီးချက်က ဝူယု၏ မျက်နှာကို တည့်တည့်ပင် ထိုးနှက်တော့မည့်ပုံ ရသည်။
ဘုန်း... ဘုန်း...
ဝူယုက ချက်ချင်းပင် သူ့ လက်ကောက်ဝတ်ကို ရိုက်ထုတ်လိုက်ရာ ထောင်သောင်းချီသည့် မိုးခြိမ်းသံများ ပေါ်လာခဲ့၏။ ဆက်တိုက် ဆိုသလိုပင်... ထာဝရ သူရဲကောင်း၏ ဝမ်းဗိုက်၌ ဟာကွက် တစ်ခု ဖြစ်ပေါ်လာသည်ကို သူ တွေ့လိုက်ရ၏။ ဝူယု စိတ်ထဲမှ မသင်္ကာသလို ခံစားလိုက်ရသည်။ တစ်ချိန်တည်း၌... သူ့ စိတ်ထဲရှိ သက်တောင့်သက်သာ မရှိမှုကလည်း ပိုမို၍ တိုးပွားလာ၏။
သို့သော်လည်း တိုက်ခိုက်ရေး သမား တစ်ယောက်၏ ဆဋ္ဌမ အာရုံက ထိုအခြေအနေကို အသာစီးယူရန် တိုက်တွန်းနေသည်။ သူ ညာဘက် ခြေထောက်ထံ လျှို့ဝှက် စွမ်းအင်များ ပို့လွှတ်ကာ ထာဝရ သူရဲကောင်း၏ ဝမ်းဗိုက် တည့်တည့်ကို ဦးတည်၍ ရှိသမျှ ခွန်အားနှင့် ကန်ထုတ် ပစ်လိုက်တော့၏။
ဟူး... ဟူး...
သူ၏ ခြေထောက် ကျလုကျဆဲ အခြေအနေတွင်ပင် ထာဝရ သူရဲကောင်း၏ မြရောင် သံချပ်ကာမှာ လျှို့ဝှက် သင်္ကေတများဖြင့် တောက်ပလာခဲ့၏။ ၎င်းက မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အစွမ်း အထက်ဆုံး အကာအကွယ် ရတနာ တစ်ခု ဖြစ်ကာ ၎င်း၏ မျက်နှာပြင်ထက်ရှိ လျှို့ဝှက် သင်္ကေတ လေးခုက လျှို့ဝှက် မြေကြီး အဆင့်မြင့် အဆင့်၌ ရှိကြောင်း ညွှန်ပြနေပေသည်။
သို့သော်လည်း ထိုအရာက မလုံလောက်ခဲ့ပါချေ။ ဝူယုမှာ သက်တောင့်သက်သာ မရှိသည့် ခံစားချက်ကြောင့် အစောကတည်းကပင် ပထမ မဟာ အသွင်ပြောင်းခြင်းနှင့် ဒုတိယ မဟာ အသွင်ပြောင်းခြင်းတို့ကို ဖော်ထုတ်ထားပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ ကန်ချက်က ပုံမှန် တိုက်ခိုက်မှုများထက် အဆများစွာ ပိုမို ပြင်းထန်လှ၏။
ဘုန်း...
ထာဝရ သူရဲကောင်း၏ ခန္ဓာကိုယ်က ပြင်းစွာသော အဟုန်ဖြင့် နောက်သို့ လွင့်စဥ် သွား၏။ အနီရင့်ရောင် သွေးများက အမှောင် ဟင်းလင်းပြင် အတွင်း လွင့်စဥ်သွားကာ နာကျင်မှု၊ မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေသည့် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာခဲ့လေ၏။
ဝူယုက သူ့နောက်ကို လိုက်ကာ ထပ်မံ တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်တွင်ပင် သူ့ဝိညာဥ်အာရုံက တစ်စုံတစ်ရာကို သတိထားမိလိုက်လေသည်။
“မကောင်းတော့ဘူး...”
အရေးပေါ် သတိပေးချက် တစ်ခုမှာ သူ့စိတ်အတွင်း ကျယ်လောင်စွာ မြည်ဟီးလာ၏။ သို့သော်လည်း နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။
ဟူး... ဟူး...
ထာဝရ သူရဲကောင်း၏ ထိန်းချုပ်မှုမှ လွတ်ထွက်သွားသည့် ချော်ရည်ပူ လက်သီးကြီးမှာ အနီးဆုံးတွင် ရှိနေသည့် သက်တံ့ကောင်းကင်ဂြိုဟ်ဆီ တိုးတင်သွားခဲ့လေပြီ။
“...”
ဝူယု၊ စန်းလော့ယန်၊ ထျန်းမူချူးတို့ အပါအဝင် ထိုမြင်ကွင်းကို ကြည့်နေကြသူတိုင်းမှာ ဆွံ့အသွားကြ၏။
ဟူး... ဟူး...
သူတို့၏ အကြည့်များ အောက်တွင်ပင်... ချော်ရည်ပူ လက်သီးကြီးမှာ သက်တံ့ကောင်းကင်၏ လေထု အလွှာ အတွင်း ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ မြေကြီးရှန့်ထို တစ်ယောက်၏ အဆုံးစွန်သော တိုက်ခိုက်မှု အောက်၌ ဂြိုဟ်အကာအကွယ် ဝင်္ကပါ အားလုံးမှာ ပင့်ကူမျှင်များလို ကျိုးပျက် သွားခဲ့၏။
ထို့နောက်တွင်ကား...
***