ဝူယု
Vol. 60 Ch. 834
“မင်းက ဘယ်သူလဲ...”
လိမ္မော်ရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းက ဝူယုကို မယုံကြည်နိုင်စွာ ကြည့်ရင်း မေးလိုက်၏။ မြေကြီး ရှန့်ထို အဆင့် အသစ်တစ်ယောက် အနေဖြင့် ထိုပုဂ္ဂိုလ်မှာ အလွန် သန်မာလွန်းလှသည်။ ထိုအရာက မယုံကြည်နိုင်စရာ ကောင်းလှ၏။
“...”
ဝူယုက ချက်ချင်း အဖြေမပေးချေ။ ထို့အစား သူက ပတ်လည်ရှိ အမှောင် ဟင်းလင်းပြင်ကိုသာ ကြည့်လိုက်၏။ ဘယ်ဆီဘယ်ဝယ်မှန်း မသိသည့် လောကနယ်မြေ တစ်ခုထဲကို သူ့ သဘောထား မပါပဲ ဆွဲသွင်းခံရလိမ့်မည်ဟု တစ်သက်နှင့် တစ်ကိုယ် သူ ထင်မှတ်မထားခဲ့ချေ။ အမှန်အတိုင်း ဝန်ခံရပါက ရင်းနှီး ကျွမ်းဝင်ခြင်း မရှိသည့် နေရာ၌ အသာစီး ယူခံရမှာ သူ ကြောက်လန့်ခဲ့သည်။ ထို့ကြောင့်ပင် လောကနယ်မြေ၏အမြုတေကို အလျှင်အမြန် ရှာဖွေကာ လွတ်မြောက်ရေး အတွက် ထိုးခွဲ ပစ်ခဲ့သည်။
သူ့အတွေးက မှန်ကန်ခဲ့ပေသည်။ ထာဝရ နယ်မြေမှာ ကြယ်ကိုးပွင့် ရှန့်ထို ကြယ်တာရာ နယ်မြေထက်ပင် ပိုမို တင်းကြပ်သည့် နေရာ တစ်ခု ဖြစ်သည်။ သူတို့ထံ၌ မဟာ လျှို့ဝှက် နယ်မြေ အစီအရင် တစ်ခုပင် ရှိသည်။ ထာဝရ နယ်မြေထဲ၌ သူတို့ကို ဆန့်ကျင်ရန် ကြိုးပမ်းခြင်းက ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်း တစ်မျိုးပင် ဖြစ်သည်။
ကံကောင်းထောက်မတာ တစ်ခုက ထာဝရ ဆေးနတ်ဘုရားမှာ ဝူယုကို အရှင်ဖမ်းရန် အမိန့်ပေးထားခြင်း ဖြစ်သည်။ မဟုတ်ပါက... တဒင်္ဂ အတွင်းမှာပင် သူ ဖျက်ဆီးခံရကာ အမှုန်အမွှားများ အဖြစ် ပြောင်းလဲ သွားခဲ့လောက်ပြီ ဖြစ်သည်။
ဝူယုမှာ ပတ်ဝန်းကျင်ကို အကဲခတ်ရင်း တင်းကြပ်သည့် ခံစားချက် တစ်ခုကို ခံစားလိုက်ရ၏။ သူ၏ အင်ပါယာ ကောင်းကင် အော်ရာက တုန်ခါနေကာ အန္တရာယ် တစ်စုံတစ်ရာ လာနေပြီ ဖြစ်ကြောင်း သတိပေးနေသည်။ သူ ထွက်ခွာရမည် ဖြစ်သည်။ သူ ယခု ထွက်ခွာရန် လိုအပ်နေလေပြီ။
ဝူယုက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။
“ငါ့နာမည်ကို တစ်ခါ ပြောပြီးပြီ... နောက်တစ်ခါ ထပ်ပြောဖို့ လိုလို့လား... လိုတယ် ဆိုလည်း ထပ်ပြောရတာပေါ့... ငါ့နာမည်က ဝူယု... အာရုဏ်ဦး စစ်သည် ဝူယု... ကောင်းကောင်း မှတ်ထားပါ”
“ရှင်နဲ့ အင်ပါယာ ကလန်ကြားမှာ ဘာဆက်စပ်မှု ရှိလဲ...”
ရုတ်တရက် အဝေးဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံက အနည်းငယ် ပျော့ပျောင်းလေရာ မိန်းကလေးသံ ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
ဝူယုမှာ အနည်းငယ် အံ့အားသင့် သွားခဲ့၏။
“အင်ပါယာ ကလန်...”
အင်ပါယာ ကလန်နှင့် သူ့အကြားတွင် ဘာဆက်စပ်မှု ရှိရမည်နည်း။ သူက အသံလာရာသို့ လှမ်းကြည့်လိုက်ရာ မျက်နှာကို ဖုံးကွယ်ထားသည့် မိန်းကလေး ပုံရိပ် တစ်ခုကို တွေ့လိုက်ရလေသည်။ သူမသည်လည်း မြေကြီး ရှ့်ထို တစ်ယောက်ပင်။
မိန်းကလေးမှာ ထာဝရ နယ်မြေ၏ အပြင်ဘက် မိုင်အနည်းငယ်ခန့်ဘ အကွာတွင် လွင့်မြော နေခဲ့ခြင်း ဖြစ်၏။ သို့တိုင်အောင် သူမမှာ အသံကို ပို့လွှတ်နိုင်နေဆဲ ဖြစ်သည်။ ထာဝရ သူရဲကောင်း နှစ်ယောက်က ထိုအရပ် မျက်နှာကို လှမ်းကြည့်လိုက်ကြ၏။
ဟင်းလင်းပြင် သင်္ဘောထက်၌... ထျန်းမူချူး၏ မျက်လုံးများက တောက်ပသွားသည်။ ထိုအရာက သူ တစ်ချိန်လုံး မေးချင်နေသည့် မေးခွန်း ဖြစ်သည်။ သို့သော်လည်း သူ့ကျင့်ကြံခြင်း အခြေခံက မြေကြီး ရှန့်ထိုများ၏ စကားဝိုင်းတွင် ပါဝင်ရန် အလွန် နိမ့်ပါသေးလေရာ ရေငုံနှုတ်ပိတ်သာ နေခဲ့ရသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ယခုတွင်တော့ အင်ပါယာ ကလန်ဆိုသည့် စကားလုံး ပါလာပြီ ဖြစ်လေရာ သူ ဝင်ရောက် ပြောဆိုရန် ပြင်လိုက်၏။
သို့သော်လည်း... ထျန်းမူချူး စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် လက်တစ်ဖက်မှာ သူ့လည်ပင်းကို လာရောက် ဆုပ်ကိုင်လိုက်၏။ ထိုလက်၏ ပိုင်ရှင်ကတော့ စန်းလော့ယန်ပင် ဖြစ်လေသည်။ သူ၏ အမူအရာက အလွန်အမင်း နက်မှောင်နေကာ ဟင်းလင်းပြင် သင်္ဘောမှာ မြေကြီးရှန့်ထိုများထံမှ ဝေးနိုင်သမျှ ဝေးအောင် နောက်ဆုတ် နေခဲ့၏။ ထျန်းမူချူးမှာ ပြူးကျယ်သော မျက်လုံးများနှင့် အတူ စန်းလော့ယန်ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
စန်းလော့ယန်၏ လက်များက စိုးရိမ် ပူပန်မှုဖြင့် အနည်းငယ် တုန်ရီနေသည်။ အကယ်၍ ထာဝရ သူရဲကောင်းများသာ အောင်ပွဲခံနိုင်ခဲ့ပါက ထိုအရာက ပြဿနာ မရှိချေ။ သို့သော်လည်း... ထာဝရ သူရဲကောင်းများမှာ ဝူယု၏ ပြိုင်ဘက် အဆင့်၌ ရှိမနေခဲ့ချေ။ မြေကြီး ရှန့်ထို အဆင့်သို့ တက်လှမ်းခါစ အခြေအနေတွင် နှစ်ယောက် တစ်ယောက် တိုက်ခိုက်ရသည့်တိုင် ဝူယုက သူတို့ကို အပြတ်အသတ်ပင် အသာရခဲ့သည်။
ဝူယု၏ ဒဏ္ဍာရီများကို ပြန်လည် တွေးတောရင်း စန်းလော့ယန်မှာ ခါးသီးမှုကို ခံစားလိုက်ရ၏။ တစ်ချိန် တစ်ခါတုန်းက မဟာ ဧကရာဇ် ဝူယုမှာ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့နှင့် အသူရာ နတ်ဆိုး ဘုရင်တို့ အပါအဝင် ထာဝရ ဧကရာဇ် ပျိုးထောင်ပေးထားသည့် လျှို့ဝှက် အာဏာရှင် အဆင့် အားလုံးကို ဖိနှိပ်နိုင်ခဲ့သူ ဖြစ်သည်။ ကောလဟလများ အရဆိုလျှင်... သူက တိုက်ခိုက်မှု တစ်ခု ဖြင့်ပင် အသူရာ နတ်ဆိုးသခင်ကို သူ့ အရှေ့၌ ဒူးထောက်စေခဲ့သည် ဟု ဆိုကြသည်။ ဝူယု၏ ပါရမီနှင့် ခွန်အားတို့မှာ ထိုခေတ် ထိုအခါက အမြင့်ဆုံး အဖြစ် ကျော်ကြားခဲ့သည်။
အမှန်အတိုင်း ဝန်ခံရပါက စစတွေ့ချင်း... ဟိုတုန်းက ဝူယုက ယခု ဝူယု မဟုတ်တော့ ဟု စန်းလော့ယန် တွေးခဲ့မိသေးသည်။ ထို့နောက်တွင်မှ ထိုအတွေးက မည်မျှ မှားယွင်းကြောင်းသူ သိလာရသည်။ မည်သည့် အခြေအနေ၊ ကျင့်ကြံခြင်း အဆင့်၌ ဖြစ်စေကာမူ... ဝူယုမှာ ကြောက်စရာ အကောင်းဆုံး တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်နေဆဲပင်။
ဝူယု မြေကြီးရှန့်ထိုများနှင့် စကားပြောနေစဥ် မြန်နိုင်သမျှ မြန်အောင် ထွက်ပြေးခြင်းက သူ့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။ ထိုကဲ့သို့သော အခြေအနေတွင် အင်ပါယာ ကလန်မှ သကောင့်သားက အလိုက်ကန်းဆိုး မသိ ပါးစပ်ဖွာ ချင်သေးသည်။ အကယ်၍ သူသာ လက်မမြန်ပါက ဝူယုမှာ သူတို့ကို သတိထားမိကာ နောက်က လိုက်လာနေမလား မပြောတတ်ပါချေ။
စန်းလော့ယု အတွက် ကံမကောင်းစွာပင်... ဝူယု မျက်လုံးများက တရိပ်ရိပ် ထွက်ပြေးနေသည့် ဟင်းလင်ပြင် သင်္ဘောပေါ်သို့ ကျရောက်လာခဲ့ပြီ ဖြစ်သည်။ ဝူယုမှာ စန်းလော့ယု တစ်ယောက် ထျန်းမူချူး၏ လည်ပင်းအား ဆုပ်ကိုင်ထားသည်ကို မြင်ရ၏။ ထျန်းမူချူးက မည်သူမှန်း မသိသည့်တိုင် သူ့စိတ်ထဲတွင် အလိုလို အတွေးတစ်ခု ပေါ်လာခဲ့သည်။
“ကျုပ်က ကျုပ်ရဲ့ သခင်လေး ဖြစ်တဲ့ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် တစ်ယောက်တည်းနဲ့ပဲ အဆက်အစပ် ရှိတယ်... ကျုပ် ဒီနေ့ သခင်လေးဆီက သတင်းစကားကို ဒီနေရာမှာ ကြေညာမယ်”
ဝူယုက တည်ငြိမ်စွာပင် ကြေညာလိုက်၏။
အညိုရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းက အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ ဝေ့ဝူယင်မှာ သက်တံ့ကောင်းကင်ထက်တွင် သေသွားခဲ့သင့်သည် မဟုတ်ပါလော။ လူသေတစ်ယောက်ထံမှ ဘာသတင်းစကား ရှိမည်နည်း။
တစ်ချိန်တည်း၌... သူက အခြေစိုက် စခန်းရှိ လူများကို ထာဝရ နယ်မြေ လျှို့ဝှက် အစီအရင်အား အသက်သွင်းထားဖို့ အကြောင်းကြားလိုက်သည်။ ဝူယုမှာ သင်္ကေတ ရှစ်ခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။ သူ့ကို ဖမ်းဆီးဖို့က အလွန် ခက်ခဲလှသည်။
ထိုအရာက ထာဝရ ဆေးနတ်ဘုရား၏ အမိန့်နှစ်ခု အနက် ဒုတိယမြောက် အမိန့်ပင် ဖြစ်သည်။ ပထမ အမိန့်ကိုတော့ သူ အောင်မြင်ခဲ့ပြီး ဖြစ်သည်။ မတော်တဆ သဘောမျိုးဖြင့် သူ အင်ဖာနို ချော်ရည်ပူ လက်သီးကို သုံးကာ သက်တံ့ကောင်းကင်ကို ဖျက်ဆီး ပစ်ခဲ့သည်။ သို့သော်လည်း... ဝူယုက ထိုမျှ အစွမ်းထက်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။
ဝူယုထံမှ နောက်ထပ် ထွက်ပေါ်လာမည့် စကားလုံးများကို အားလုံး မျှော်လင့်နေကြချိန်တွင်ပင်... ရုတ်တရက် ဝူယုက အညိုရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းကို ကြည့်လိုက်၏။ ထို့နောက်... ထက်ရှသော အလင်းတန်းများက သူ့ မျက်လုံး အတွင်း စီးဆင်းလာကာ မတုန့်မဆိုင်းပင် လှုပ်ရှားလာသည်။
ထိုအခိုက်၌ သူက လှုပ်ရှားမှု ကျင့်စဥ်ကို အကန့်အသတ်ထိ ရောက်အောင် ဖော်ထုတ်ထားလေရာ အလွန်အမင်း မြန်ဆန်လွန်းလှ၏။
အညိုရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းမှာ ထိတ်လန့် သွားသည်။ သူ၏ နှလုံးသားက တဒိတ်ဒိတ် တုန်ခါသွားကာ လက်များကို အလျှင်အမြန် ဖိချလိုက်၏။ ချက်ချင်းပင်... သူ့ခန္ဓာကိုယ် ပတ်လည်ရှိ လျှို့ဝှက် သင်္ကေတများက အလျှင်အမြန်ပင် လှုပ်ရှားလာကာ အနီရင့်ရောင် အကာအကွယ် တစ်ခု အသွင် ပြောင်းလဲသွားသည်။ သူက အင်ဖာနို ချော်ရည်ပူ ရည်ရည်ရွယ်ချက်ကို သင်္ကေတများ အတွင်း ဆက်သွယ်ကာ အကာအကွယ်လွှာ၏ စွမ်းအားကို မြှင့်တင်လိုက်၏။
ဘေးနားရှိ ထာဝရ သူရဲကောင်းကလည်း နှေးကွေးခြင်း မရှိပဲ လှုပ်ရှားလာသည်။ သူက လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ထုတ်ကာ အလျှင်အမြန် နောက်ဆုတ်သွား၏။ တစ်ချိန်တည်း၌ သူ၏ လိမ္မော်ရောင် သင်္ကေတများက စီးဆင်းလာကာ အနီရင့်ရောင် သင်္ကေတများကို ဝန်းရံသွားသည်။ မျက်တောင် တစ်ခပ်စာမျှ အချိန်အတွင်းမှာပင် အကာအရံက နှစ်ထပ်သဖွယ် ဖြစ်သွားခဲ့၏။
ရှင်းလင်းစွာပင်... သူတို့မှာ ဝူယု၏ ပစ်မှတ်ကို သိရှိပေသည်။ ဝူယုမှာ လောကပုလဲ အခွံ အတွင်းမှာတည်းက အညိုရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။ အကယ်၍ ပူးပေါင်း ခုခံမှုများကြောင့်သာ မဟုတ်ပါက အခြေအနေက တစ်မျိုး တစ်ဖုံ ပြောင်းလဲ သွားလောက်ပြီ ဖြစ်သည်။
ထာဝရ သူရဲကောင်း နှစ်ယောက်၏ အကာအကွယ်လွှာကို ကြည့်ရင်း ဝူယုက အေးစက်စက် ပြုံးလိုက်၏။
မဟာ အသွင်ပြောင်းခြင်း ဒုတိယ အဆင့်...
ဝူယုက ထိုအသွင်ကို နောက်တစ်ကြိမ် ဖော်ထုတ် လိုက်ပြန်၏။ သူ၏ အရေပြားက ရောင်စုံ ကြယ်တရာ အလင်းများဖြင့် စီးဆင်းလာကာ မျက်စိကျိန်းလောက်အောင် တလက်လက် တောက်ပလာသည်။ သူက ထင်မှတ် မထားသည့် ပုံစံဖြင့် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်၏။ ထို့နောက် စွမ်းအားကို အကန့်အသတ်ထိ မြှင့်တင်လိုက်ကာ စန်းလော့ယု၏ ဟင်းလင်းပြင် သင်္ဘောထံ ဥက္ကာပျံ တစ်ခုလို တိုးဝင်သွားခဲ့တော့သည်။
***