← Chapters

မြေကြီး-မိုးသား-ကောင်းကင်

Vol. 60 Ch. 836

မြေကြီး-မိုးသား-ကောင်းကင်

Vol. 60 Ch. 836

“…”

“…”

“ဘာတုန်း...”

အားလုံးမှာ ဝူယု၏ မေးခွန်းကို နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။ ထိုအရာက မြေကြီး ရှန့်ထို အဆင့် တိုက်ပွဲ၏ မတော်တဆ အကျိုးဆက် တစ်ခု ဖြစ်သည်မှာ ရှင်းလင်း လှပေသည်။ ထာဝရ အစည်းအရုံးက သူတို့ပိုင် သက်တံ့ကောင်းကင်ကို အဘယ်ကြောင့် ဖျက်ဆီး ပစ်ရမည်နည်း။ ထိုစွပ်စွဲမှုက အတော်လေး ရယ်စရာ ကောင်းလှသည်။

လိမ္မော်ရောင် မျက်လုံးများနှင့် ထာဝရ သူရဲကောင်းက လေးနက်သည့် အမူအရာဖြင့် ဝူယုကို လှမ်းကြည့် လိုက်လေ၏။

ဝူယုက လှံကို တစ်ချက် ဝှေ့ကာ ကျောနောက်ဘက်သို့ ပို့လိုက်သည်။ ထို့နောက် အဝေး တစ်နေရာကို လှမ်းကြည့်လိုက်၏။

“ကျုပ်က အခုမှ မြေကြီး ရှန့်ထို အဆင့်ကို ရောက်တာ ဆိုပေမဲ့ မတော်တဆမှု မဟုတ်ဘူး ဆိုတာ အခိုင်အမာ ဆိုနိုင်တယ်... မြေကြီး ရှန့်ထို တစ်ယောက်ရဲ့ မျက်လုံးကို လှည့်စားလို့ မရဘူး... လျှို့ဝှက် ဝိညာဥ် အဆင့် တစ်ယောက်တောင် ထူးဆန်းနေတာကို သတိထားမိလိမ့်မယ်... ခင်ဗျားတို့ စဥ်းစားကြည့်ပါ... နှစ်ပေါင်းထောင်ချီ အတွေ့အကြုံ ရှိတဲ့ မြေကြီး ရှန့်ထို တစ်ယောက်က ထိန်းချုပ်မှု ကင်းလွတ်သွားတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား... ခင်ဗျားတို့ ကိုယ်တိုင်လည်း အဲဒီလို မျက်ကန်း ယုံကြည်လိမ့်မယ်လို့ ကျုပ် မထင်ဘူး”

ဝူယုက လှံကို မြှောက်လိုက်၏။ ထက်ရှသော အလင်းတစ်ခုက သူ့ မျက်လုံးများထဲတွင် ပေါက်ဖွားလာသည်။ ထို့နောက် လျှပ်တစ်ပြက် အတွင်းမှာပင် အရပ် မျက်နှာ တစ်ခုကို ဦးတည်ကာ ပစ်လွှတ်လိုက်လေ၏။ ၎င်းက အလွန် လျှင်မြန်သည့် အရှိန်ဖြင့် ပျံသန်း သွားလေရာ မရေမတွက်နိုင်သည့် ကျင့်ကြံသူများမှာ ဆွံ့အ သွားကြလေသည်။

ဝှစ်...

မိုင်ပေါင်း သုံးသောင်းခန့် ပျံသန်းပြီးနောက် လှံက ရုတ်တရက် ရပ်တန့်သွား၏။ လှံ၏ အသွားထိပ် ဆံချည် တစ်မျှင်စာမျှ အကွာတွင်တော့ မျက်နှာ တစ်ခုလုံး ဖြူရော်နေသည့် မိန်းကလေး ကျင့်ကြံသူ တစ်ယောက် ရှိနေခဲ့သည်။ သူမက လျှို့ဝှက် ဝိညာဥ် အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ မရေမတွက်နိုင်သည့် လေ့လာသူများထဲမှ တစ်ယောက်လည်း ဖြစ်သည်။

မိန်းကလေးမှာ နဖူးထက်မှ ချွေးစေးများ စီးကျလာခဲ့၏။ အကယ်၍ လှံသာ ရှေ့ကို တစ်လက်မခန့် ဆက်တိုးပါက သူမ၏ ဦးခေါင်းခွံမှာ ဖောက်ခွင်း ခံသွားရတော့မည် ဖြစ်သည်။

“တွေ့လား... ကျုပ်လို မြေကြီး ရှန့်ထို အဆင့်ကို ရောက်ခါစ လူတစ်ယောက်တောင် တိုက်ခိုက်မှုကို ထိန်းချုပ်နိုင်တယ်... အတွေ့အကြုံရင့် မြေကြီး ရှန့်ထို တစ်ယောက်က မထိန်းချုပ်နိုင်ဘူး ဆိုတာ အဓိပ္ပာယ် မရှိတဲ့ ကိစ္စပဲ”

ဝူယုက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လှံမှာ သူ့လက်အတွင်း ပြန်လည် ရောက်ရှိလာခဲ့၏။

“ထာဝရ သူရဲကောင်း တစ်ယောက်က သက်တံ့ကောင်းကင်ကို ဘာအကြောင်းကြောင့် ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးပစ်လိုက်သလဲ ဆိုတာ ခင်ဗျားတို့ ဘာသာ ဆက်ရှာဖွေ ကြပါ... အခုလောလောဆယ်တော့ သခင်လေး ကြေညာချင်နေတဲ့ သတင်းစကားကို ကျုပ် ပါးခဲ့မယ်”

ဝူယုက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ၏ အော်ရာက ပြောင်းလဲသွားကာ အဂ္ဂိရတ် ပညာရှင် တစ်ယောက်၏ အငွေ့အသက်များမှာ လွှမ်းခြုံလာ၏။ သူ၏ မျက်လုံးများကလည်း ပိုမို၍ စူးရဲလာကာ တလက်လက် တောက်ပလာ၏။

“ကျုပ်... သေမျိုး အဂ္ဂိရတ် အာဏာရှင် ဝေ့ဝူယင်က အဂ္ဂိရတ် ညီလာခံ တစ်ခုကို လက်ခံ ကျင်းပမယ်... သတ်မှတ်ချိန်က နောက်ထပ် ဆယ်နှစ်တိတိ ဒီအချိန်ပဲ... အဲဒီနေ့မှာ အဂ္ဂိရတ် တိုက်ပွဲ တစ်ခုကိုလည်း ကျင်းပလိမ့်မယ်... ကျုပ်ကို အနိုင်ယူနိုင်တဲ့ ဘယ်သူမဆို အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းကို ရရှိမယ်... အသေးစိတ် အချက်အလက်တွေကို နောက်မှ ဆက်ပြီး ထုတ်ပြန်မယ်...”

ထိုကဲ့သို့ ပြောပြီးနောက် ဝူယုက လိမ္မော်ရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းကို တစ်ချက် ကြည့်လိုက်၏။ ပြီးသည်နှင့် ချက်ချင်းပင် နောက်သို့ ပြန်လှည့်ကာ ထွက်ခွာ သွားခဲ့တော့သည်။

“...”

ထာဝရ သူရဲကောင်း၏ မျက်လုံးများက အနည်းငယ် မှေးမှိန်နေ၏။ သို့သော်လည်း ဝူယု ထွက်ခွာသွားသည်ကို မြင်သည်နှင့် သူက အံကို တင်းတင်းကြိတ်ကာ ချက်ချင်းပင် လှုပ်ရှားလာသည်။ ထာဝရ နယ်မြေထဲ ဝင်ရောက်၍ သောင်းကျန်းသွားသူ တစ်ယောက်ကို မည်ကဲ့သို့ လွယ်လွယ်နှင့် အလွတ်ပေးရမည်နည်း။ အနည်းဆုံး ထာဝရ နယ်မြေ အစီအရင် အသက်ဝင်လာသည် အထိ သူ အချိန်ဆွဲထား ရလိမ့်မည် ဖြစ်သည်။

ဝှစ်... ဝှစ်...

တစ်ခဏ အတွင်းမှာပင် ဝူယုနှင့် ထာဝရ သူရဲကောင်းတို့ ပြေးသူ လိုက်သူ နှစ်ယောက်မှာ မြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့ကြတော့၏။

မြေကြီးရှန့်ထိုများ အပါအဝင် မရေမတွက်နိုင်သော လူများကတော့ မူလ နေရာများတွင်ပင် ငေးကြောင်ကာ ရပ်၍ ကြည့်နေခဲ့သည်။ မရေရာမှုနှင့် သံသယ အငွေ့အသက်များက သူတို့၏ မျက်လုံးများ အတွင်း လွှမ်းခြုံ နေလေ၏။

ထာဝရ အစည်းအရုံးက အမှန်တကယ် သူတို့ ကိုယ်ပိုင်ဂြိုဟ်ကို ဖျက်ဆီးခဲ့သလော။ လူပေါင်း ဘီလျံချီကို သတ်ဖြတ်ခဲ့သလော။ ဘာအတွက်နည်း။

ဟင်းလင်းပြင် သင်္ဘောထက်၌ စန်းလော့ယန်မှာ ငြိမ်သက်စွာပင် ရပ်နေခဲ့၏။ သူ၏ မျက်လုံးများက ရီဝေ နေကာ မရေရာသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း... သူ၏ စိတ်တစ်ခုလုံးကတော့ တစ်ယောက်တည်းသော ပုဂ္ဂိုလ်၏ ပုံရိပ်များနှင့်သာ ထင်ရှားစွာ ပြည့်နှက် နေခဲ့လေသည်။

ဝူယု....

အားလုံးက သေဆုံးသွားခဲ့ပြီဟု ထင်မှတ်ထားခဲ့သည့် ဝူယုမှာ ထာဝရ နယ်မြေထဲတွင် ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။ မြေကြီး ခြေချင်းကို ဆင့်ခေါ်ခဲ့သည်။ လျှို့ဝှက် အာဏာရှင် အဆင့်လေးကို တက်လှမ်းခဲ့ပြီး ထာဝရ သူရဲကောင်း နှစ်ယောက်နှင့် ရင်ဆိုင်ခဲ့သည်။ တစ်ယောက်ကို သတ်လုနီးပါး အထိ ဖြစ်ခဲ့သည်။ ထို့နောက်... အားလုံး၏ မျက်လုံးများ အောက်တွင်ပင် သူက ဝံ့ကြွားစွာ ပြန်လည် ထွက်ခွာ သွားခဲ့သည်။

ဝူယု...

ထိုအရာက ဝူယုပင် ဖြစ်သည်။ ဝူယု တည်ရှိနေခြင်း၏ အဓိပ္ပာယ် ဖြစ်သည်။ ဟိုတုန်းကရော၊ ယခုရော ဝူယုက ထိုကဲ့သို့သာ ဖြစ်သည်။

ရှောင်ကျင်းက ဟင်းလင်းပြင် သင်္ဘော အပြင်ဘက်ရှိ မြေကြီးရှန့်ထို လေးယောက်ကို လှမ်းကြည့်လိုက်၏။ သူတို့၏ မျက်လုံးများက အမျိုးမျိုးသော ဝိညာဥ် အလင်းများနှင့် ပြည့်နှက်နေသည်။ သူတို့က ရှင်းလင်းစွာပင် ဝူယုနှင့် လိမ္မော်ရောင် ထာဝရ သူရဲကောင်းတို့၏ ပြေးပွဲလိုက်ပွဲကို ကြည့်နေကြခြင်း ဖြစ်သည်။ သူတို့၏ အမူအရာများက သိသာ ထင်ရှားစွာပင် ပြောင်းလဲ နေ၏။

ရုတ်တရက်... အရပ်ရှည်ရှည်၊ ကြွက်သားပြိုင်းပြိုင်းနှင့် ချောမော ခန့်ညားသော မြေကြီး ရှန့်ထို တစ်ယောက်က စန်းလော့ယန်ဘက်သို့ လှည့်ကာ အကြံပြုလိုက်သည်။

“အထွေထွေ အတွင်းရေးမှူးစန်း.. ခင်ဗျားရဲ့ ထာဝရ သူရဲကောင်းကို ပြန်ခေါ်လိုက်သင့်ပြီ”

စန်းလော့ယန်၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွား၏။ သူက မျက်မှောင်ကြုတ်လိုက်ကာ အမြင်အာရုံ ကျင့်စဥ်ကို အကန့်အသတ်ထိ ‌ရောက်အောင် မြှင့်တင်လိုက်သည်။ သို့သော်လည်း မြေကြီး ရှန့်ထို နှစ်ယောက်မှာ သူ မြင်နိုင်သည့် ဧရိယာ အပြင်ဘက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုများက အလွန်အမင်း မြန်ဆန်လွန်းလှ၏။ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း မသိလေရာ စန်းလော့ယန်မှာ ဘယ်လိုမျိုး တုန့်ပြန်ရမှန်း မသိပါချေ။

“အိုး...”

သမုဒ္ဒရာရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အသက်လတ် လူကြီး တစ်ယောက်က အံ့အားသင့်စွာ ရေရွတ်လိုက်၏။ သူ၏ လေသံက ရေစီးဆင်းနေသကဲ့သို့ ချောမွေ့နေကာ တစ်ချိန်တည်း၌... ရေတံခွန် ကဲ့သို့ နှိုင်းတုမရနိုင်သည့် ခွန်အားနှင့် ပြည့်နှက်နေသည်။

သူက ငွေရောင် ခါးပတ် တစ်ခုကို ပတ်ထားကာ “ဟယ်” ဆိုသည့် စကားလုံးကို ရင်ဘတ်တည့်တည့်တွင် အဇူရာချည်ဖြင့် ရေးထိုးထားသည်။ ထိုပုဂ္ဂိုလ်မှာ ဟယ်မျိုးနွယ်၏ မြေကြီး ရှန့်ထိုမှ တစ်ပါး မည်သူ ဖြစ်နိုင်ပါမည်နည်း။

သူ၏ အာမေဋိတ်သံက မူယုယနှင့် ရှောင်ကျင်းတို့၏ အာရုံကို ဆွဲဆောင် သွား၏။ သူတို့သည်လည်းပဲ စန်းလော့ယန် ကဲ့သို့ပင် မြေကြီး ရှန့်ထိုများ၏ အခြေအနေကို ဖမ်းဆုပ်နိုင်စွမ်း မရှိပါချေ။

“ဘာဖြစ်လို့လဲ...”

မူယုယက မေးလိုက်၏။ မြေကြီးရှန့်ထိုများ ဝန်းရံနေသည့်တိုင် သူမ၏ မျက်လုံးများက ဂုဏ်ယူ ဝံ့ကြွားမှုကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင်၌ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်၏ အဆင့်အတန်းမှာ မြေကြီးရှန့်ထို တစ်ယောက်ထက် လျော့ကျခြင်း မရှိပါချေ။

“သူ မရှိတော့ဘူး...”

ဟယ်ကလန်၏ မြေကြီး ရှန့်ထို ဟယ်ပို့ကျွင်းက ပြောလိုက်၏။ စန်းလော့ယန် အပါအဝင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏မျက်လုံးများက သူ့အပေါ် ရောက်ရှိလာ၏။

“ထာဝရ သူရဲကောင်းလား...”

ရှောင်ကျင်းက စိုးရိမ်စွာဖြင့် မေးလိုက်သည်။ မရှိတော့ဘူး ဆိုသည်က အစွန်းနှစ်ဖက် မလွတ်သည့် စကားလုံး တစ်ခု ဖြစ်သည်။ လိမ္မော်‌ရောင် မျက်လုံးနှင့် ထာဝရ သူရဲကောင်းသည်လည်း သူ့အပေါင်းအဖော်လို ကံကြမ္မာမျိုးနှင့် ကြုံတွေ့သွားရပြီလား သူ စိုးရိမ်နေမိသည်။

“မဟုတ်ဘူး... အာရုဏ်ဦး စစ်သည်ကို ပြောတာ... သူက သူ့ကိုယ်သူ အစီအရင် တစ်ခုနဲ့ ဖုံးကွယ်ပြီး ပျောက်သွားပြီ... ထာဝရ သူရဲကောင်းကတော့ လောက အကျဥ်းထောင် တစ်ခုထဲမှာ ပိတ်မိပြီး ကျန်ခဲ့တယ်... သူ မကြာခင် ပြန်လာလိမ့်မယ်”

မိန်းကလေး မြေကြီး ရှန့်ထို တစ်ယောက်က ပြောလိုက်၏။ သူမက အရပ်ရှည်ကာ ရွှေဝါ‌ရောင် ဆံနွယ်၊ အစိမ်းရောင် မျက်လုံးများနှင့် အလွန် လှပသူ တစ်ယောက် ဖြစ်သည်။

သူမကတော့ အခြားသူ မဟုတ်...။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ တော်ဝင် ယုမျိုးနွယ်မှ ‌မြေကြီးရှန့်ထို ယုရှီရှီပင် ဖြစ်လေသည်။ သူမက ယုကလန် အထူးပြုသည့် အဆောင် ဖန်တီးခြင်း နယ်ပယ်တွင် ပြိုင်စံရှား အဖြစ် ကျော်ကြားသူ တစ်ယောက်လည်း ဖြစ်သည်.

“လွတ်သွားတယ်ပေါ့...”

မူယုယက အံ့သြဟန်ဖြင့် ရေရွတ်လိုက်သည်။ သူတို့ ပျောက်ကွယ်သွားသည်မှာ ငါးစက္ကန့်မျှသာ ရှိပေသေးသည်။ ထာဝရ သူရဲကောင်းက ထိုအချိန်လေက်ကိုပင် ထိန်းမထားနိုင်သည်လား။

သို့သော်လည်း... စန်းလော့ယန်ကတော့ စိတ်ထဲမှ သက်ပြင်းတစ်ချက်သာ ချလိုက်မိ၏။ ထာဝရ အစည်းအရုံး အတွင်း၌ ဝူယု၏ ဒဏ္ဍာရီများကို သူ ကိုယ်တိုင်မှ တစ်ပါး အခြား မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပါချေ။

ဝမ်... ဝမ်... ဝမ်...

ရုတ်တရက် သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ အလင်း အကာအရံ တစ်ခုမှာ ထာဝရ နယ်မြေ တစ်ခုလုံးကို ဖုံးအုပ်သွား၏။ ၎င်းက သလင်းကျောက် ကဲ့သို့ ကြည်လင်နေကာ အနက်၊ မီးခိုး၊ ရွှေရောင် အဆင်း သုံးခုဖြင့် ယှက်သမ်းနေ၏။

ထိုအရာကတော့ ထာဝရ အစည်းအရုံး၏ မြေကြီး၊ မိုးသား၊ ကောင်းကင် လျှို့ဝှက် အစီအရင်ပင် ဖြစ်လေတော့သည်။

မြေကြီး၊ မိုးသား၊ ကောင်းကင် လျှို့ဝှက် အစီအရင်ကို မတူကွဲပြားသည့် ဝင်္ကပါ သုံးခုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားကာ ၎င်းတို့က မြေကြီး အမြုတေ ဝင်္ကပါ၊ မိုးသား အခွံ ဝင်္ကပါနှင့် ကောင်းကင် သုတ်သင်ခြင်း ဝင်္ကပါတို့ပင်။ ထိုအလင်း အကာအရံကတော့ ကောင်းကင်အခွံ ဝင်္ကပါပင် ဖြစ်လေတော့၏။

***

All Chapters