← Chapters

အခန်း (၇၂၉)

Vol. 53 Ch. 729

အခန်း (၇၂၉)

Vol. 53 Ch. 729

ရွှေဝံပုလွေများက ကျူးချွီအန်းအတွက် လမ်းဖယ်ပေးလိုက်ကြသည်။

ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားက ကျယ်လောင်စွာအူလိုက်ပြီး ပတ်ဝန်းကျင်တွင်ရှိသော ရွှေဝံပုလွေများကို တွန်းဖယ်၍ ကျူးချွီအန်းဆီသို့ ပြေးဝင်သွားသည်။

ကျူးချွီအန်းက ခေါင်းခါလိုက်သည်။ အေးစက်သောအလင်းသည် သူ့လက်ထဲမှ ပေါ်ထွက်လာပြီး ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားကို လွှမ်းခြုံသွားခဲ့သည်။

“ရေခဲလက်စွပ်”

ကျောက်လှေကားရှေ့တွင် ရပ်နေသော နန်းတော်သခင်မက ထိတ်လန့်စွာအော်ဟစ်လိုက်သည်။

ကျူးချွီအန်းက အေးခဲသွားသော ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားကို ကြည့်လိုက်ပြီး ပြုံးသည်။ ထို့နောက် လက်ချောင်းတွင် ဝတ်ထားသော ကျောက်စိမ်းလက်စွပ်ကို ပြန်ကြည့်သည်။

“ဒါက အင်မော်တယ်တွေရဲ့ အစစ်အမှန်ရတနာတစ်ပါးပဲ။ နတ်ဘုရားဘုရင်နဲ့ ယှဉ်နိုင်တဲ့ မိစ္ဆာနတ်ဘုရားကိုတောင် အေးခဲသွားစေနိုင်တယ်”

“သခင်က ငါ့ကို မလှည့်စားခဲ့ဘူးပဲ”

သူက လက်မြှောက်လိုက်ပြီး ကျောက်လှေကား၏ရှေ့တွင် ရပ်နေသော နန်းတော်သခင်မကို လက်ညှိုးညွှန်သည်။

“မူရွှယ်၊ မင်းက မဟာခေါင်းဆောင်ကြီးရဲ့ လက်အောက်မှာရှိတဲ့ အကြင်နာတတ်ဆုံး ပျိုးထောင်သူတစ်ယောက်ပဲ”

“ဒါပေမဲ့ ကြင်နာမှုက ကျင့်ကြံခြင်းနဲ့ ဘာမှမဆိုင်ဘူးလေ”

အစိမ်းရောင်အလင်းတန်းတစ်ခုသည် ရှေ့သို့ ပြေးထွက်လာခဲ့သည်။

မူရွှယ်က မျှော်လင့်ချက်ကင်းမဲ့သွားပြီး ရှေ့တစ်လှမ်းတိုး၍ ရေခဲအလင်းတန်းဆီသို့ ပြေးဝင်သွားသည်။

နတ်အာရုံတစ်ခုသည် အာကာသထဲတွင် ရုတ်တရက် လှုပ်ရှားလာခဲ့သည်။

“ကောင်လေး၊ လှုပ်ရှားလိုက်တော့”

ထိုအသံကို လူတိုင်းက ကြားလိုက်ရသည်။

သို့သော် ဟန်မူယဲ့က သူ့ကို ပြောနေကြောင်း နားလည်လိုက်သည်။

စကားသံပျောက်မသွားခင် ဟန်မူယဲ့က မူရွှယ်၏ရှေ့သို့ ရောက်လာပြီး လက်သီးဖြင့် ထိုးချသည်။

“ဘုန်း”

လက်သီးချက်ကြောင့် ရေခဲအလင်းတန်းသည် ပြိုကွဲသွားခဲ့သည်။

ပြန်ကျဲသွားသော ရေခဲသလင်းကျောက်များသည် ပတ်ဝန်းကျင်တွင် ရှိနေကြသော ဝံပုလွေများနှင့် ထိတွေ့သွားပြီး သူတို့ကို အေးခဲသွားစေသည်။

ကျူးချွီအန်း၏ ရတနာသည် အလွန်အားကောင်းသည်။

ပြိုကွဲသွားသော ရေခဲအလင်းတန်းကို မြင်လိုက်ရသောအခါတွင် ကျူချွီအန်းက ကြောင်အသွားပြီး စိတ်လွတ်နေသည်။

“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ရေခဲလက်စွပ်ရဲ့စွမ်းအားကို ဘယ်လိုလုပ်ပြီး တားဆီးနိုင်မှာလဲ ....”

သူက လက်စွပ်ဝတ်ထားသော လက်ကို ပြန်ငုံ့ကြည့်သည်။

ဟန်မူယဲ့က သူ့ကို လျစ်လျူရှုထားပြီး လက်သီးဖြင့် ဆက်ထိုးသည်။

လက်သီးချက်၏ ရွှေအလင်းသည် ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားနှင့် ထိတွေ့သွားသည်။

“ဘုန်း”

ရေခဲများက ပျောက်ကွယ်သွားပြီး မိုးကြိုးအလင်းကို မြင်ရသည်။

ရွှေဝံပုလွေမိစ္ဆာနတ်ဘုရား၏ ကိုယ်ပေါ်တွင် ရှိနေသော ရေခဲလွှာက ပျက်စီးသွားသည်။ မိုးကြိုးလျှပ်စီးစွမ်းအားကြောင့် သူ့ဝိညာဉ်က ပိုမိုကြည်လင်လာပြီး နီရဲနေသောမျက်လုံးက မှိန်ဖျော့သွားသည်။

“တည်နေရာစွမ်းအားကို ကောင်းကောင်းထိန်းချုပ်နိုင်တာပဲ”

ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားက ပြောလိုက်သည်။

သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ဆက်ပြောသည်။

“ဆယ်စုနှစ်အနည်းငယ်ပဲ ကြာသေးပေမဲ့ မင်းက တည်နေရာစွမ်းအားကို ဒီလိုမျိုး ထိန်းချုပ်ထားနိုင်တဲ့အထိ သန်မာလာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်တွင် ဟန်မူယဲ့က သတိထားနေပြီး သစ်သားနတ်ဘုရားနန်းတော်မှ ထွက်လာခဲ့သည်။

ယခုအချိန်တွင် သူက ကြောက်ရွံ့စိတ်ကင်းမဲ့စွာ ပြန်ရောက်လာသည်။

ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားနှင့် သူ့နောက်တွင်ရှိနေသော သစ်သားနတ်ဘုရားမ မူရွှယ်တို့သည် သူ့ကို မခြိမ်းခြောက်နိုင်ကြတော့ပေ။

ထိုအရာသည် ခွန်အားတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော ယုံကြည်ချက် ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်အတွက် ခွန်အားသည် အရေးအကြီးဆုံး ဖြစ်သည်။

“တည်နေရာစွမ်းအားလား။ မထူးဆန်းတော့ပါဘူး ....”

နောက်ဆုံးတွင် ကျူးချွီအန်းက သတိဝင်လာပြီး လေးနက်နေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။

တည်နေရာစွမ်းအားကို ထိန်းချုပ်ထားသော လူများသည် သန်မာကြသည်။

သူက ထိုစွမ်းအားကို မပိုင်ဆိုင်သေးပေ။

“ကောင်လေး၊ ငါ့နဲ့အတူ ပူးပေါင်းပါ။ ငါတို့က သခင်ရဲ့နောက်ကို လိုက်ကြမယ်”

“သူက ဆည်ကို လွှမ်းမိုးပြီး ဒီလောကရဲ့ အတားအဆီးကို ချိုးဖျက်လိမ့်မယ်။ နတ်ဘုရားခုံရုံးရဲ့ ဂုဏ်ကျက်သရေက မကြာခင်မှာ ကောင်းကင်နဲ့မြေကြီးကို အလင်းပေးလိမ့်မယ်”

ကျူးချွီအန်း၏စကားသည် တစ်ယူသန်စိတ်များဖြင့် ပြည့်နှက်နေပြီး မျက်နှာထားကလည်း အလွန်တက်ကြွနေသည်။

ပတ်ဝန်းကျင်တွင်ရှိသော ရွှေဝံပုလွေများကလည်း စိတ်အားထက်သန်လာပုံပေါ်ပြီး အရိုင်းဆန်စွာ ဟိန်းဟောက်လိုက်ကြသည်။

ဟန်မူယဲ့က ခေါင်းခါသည်။

သစ်သားနတ်ဘုရားမက အမိန့်မပေးလျှင်ပင် သူက တိုက်ခိုက်လိမ့်မည်။

မြက်ရိတ်တံက သူ့အတွက် အကူအညီ ဖြစ်ခဲ့သည်။

ထို့အပြင် သူက သစ်သားနတ်ဘုရားမနှင့် ဆုံတွေ့ရန်အတွက် ရောက်လာခဲ့သည်။

သို့မဟုတ် စောင့်ရှောက်သူနတ်ဘုရားမ ဖြစ်သည်။

“ထွက်သွားစမ်း ....”

ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားက အနက်ရောင်ချပ်ဝတ်နှင့် စစ်သည်တော်တစ်ယောက်အဖြစ် ပြန်လည်ပြောင်းလဲလိုက်ပြီး လက်သီးဖြင့် ထိုးချသည်။

ကျူးချွီအန်းက လက်မြှောက်၍ တားဆီးလိုက်သော်လည်း နောက်သို့ လွင့်ထွက်သွားသည်။

“ဟမ့်၊ သခင်က ရောက်လာတော့မယ်။ မင်းတို့ လွတ်မှာမဟုတ်ဘူး”

ကျူးချွီအန်းက နောက်လှည့်မကြည့်ဘဲ လက်သီးချက်၏တွန်းကန်အားကို အသုံးပြု၍ လှည့်ထွက်သွားသည်။

သစ်သားနတ်ဘုရားနန်းတော်သည် ရှုပ်ပွနေသည်။

ရုပ်သေးရုပ်အစောင့်များက ပျက်စီးသွားကြပြီး တခြားစောင့်ရှောက်သူများကလည်း ကျဆုံးသွားကြသည်။

မူရွှယ်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ဝမ်းနည်းနေသည်။

သူမ၏ဘေးတွင်ရှိသော ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားက ခေါင်းမော့ကြည့်လိုက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး နန်းတော်ထဲသို့ လျင်မြန်စွာဝင်သွားသည်။

နန်းတော်သည် ယိုယွင်းပြီး ပျက်စီးနေသည်။

“သူက သစ်သားနတ်ဘုရားမ စောင့်နေတဲ့လူလား”

ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားက ဟန်မူယဲ့၏ကျောပြင်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

မူရွှယ်က ခေါင်းခါလိုက်ပြီး အထီးကျန်နေသောမျက်နှာထားဖြင့် ကျောက်လှေကားထစ်ပေါ်တွင် ထိုင်လိုက်သည်။

သူမက မသိပေ။

“ငါတို့ ဘယ်လောက်ကြာသည်အထိ စောင့်ရအုံးမလဲ မသိဘူး”

....

ခန်းဆောင်သည် အလင်းမဲ့နေသည်။

ပတ်ဝန်းကျင်တွင်ရှိသော သစ်သားပစ္စည်းများသည် ဆွေးမြေ့နေပြီး ကျောက်သားစိုင်ကိုသာ ချန်ရစ်ခဲ့သည်။

အဝေးသို့ရောက်လေ ဆွေးမြေ့နေသော သစ်ကိုင်းများကို ပိုမြင်နိုင်လေ ဖြစ်သည်။

ရှေ့တွင်ရှိနေ‌‌သော စင်မြင့်ထက်တွင် ယိုယွင်းနေသောပင်စည်နှင့် သစ်ပင်တစ်ပင်ကို မြင်နိုင်သည်။ ရွှေရောင်လှံတစ်ချောင်းသည် ပင်စည်တွင် စိုက်နေသည်။

ဟန်မူယဲ့က သစ်ပင်နှင့် ပေတစ်ထောင်အကွာတွင် ရပ်လိုက်သည်။

“ကောင်လေး၊ ဝမ်ချူက အခု ဘယ်လိုနေလဲ”

ပုံရိပ်တစ်ခုသည် သစ်ပင်၏ရှေ့တွင် ပေါ်လာခဲ့သည်။

အဖြူ‌ရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် လက်နှစ်ဖက်ကို အင်္ကျီလက်များထဲတွင် ထည့်ထားသည်။

ထိုအရာသည် ပုံရိပ်တစ်ခုသာ ဖြစ်သော်လည်း လူများကို ဒူးထောက်လာအောင် ပြုလုပ်နိုင်သည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် စုစည်းထားသော ခမ်းနားသည့်အငွေ့အသက်ပင် ဖြစ်သည်။

မဟာပုဂ္ဂိုလ်ကြီးတစ်ယောက်၏ ထူးခြားသော အရှိန်အဝါ ဖြစ်သည်။

သို့မဟုတ် ကံကောင်းခြင်းဟု ခေါ်ဆိုနိုင်သည်။

ထိုပုဂ္ဂိုလ်များ၏ စကားနှင့် အပြုအမူသည် လောကနှင့် ဆက်သွယ်နေကြသည်။

သူတို့၏ အတွေးနှင့် လုပ်‌ဆောင်ချက်များသည် လောကတစ်ခု၏ ကံကြမ္မာပင် ဖြစ်သည်။

သူတို့၏ အတွေးတစ်ခုက သက်ရှိများအားလုံးကို သက်ရောက်သွားစေနိုင်သည်။

ထိုသက်ရောက်မှုထဲတွင် လူတချို့က ကံကောင်းစွာ မွေးဖွားလာပြီး တချို့က ကျဆုံးသွားကြသည်။

ဟန်မူယဲ့က နှလုံးသားထဲတွင် နားလည်မှုတချို့ကို ခံစားလိုက်ရသည်။

လောကကို ထိန်းချုပ်ထားသော လူများ၏အမြင်တွင် သူက ခုန်ပေါက်နေသော ပုန်ကန်လိုသည့် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။

သူက ရှင်သန်ရန်နှင့် ကိုယ်ပိုင်ကံကြမ္မာကို ပြောင်းလဲရန် ရုန်းကန်နေရသည်။

“အကြီးအကဲ၊ ကျွန်တော်က ဝမ်ချူကို မသိပါဘူး ....”

သူက ရုတ်တရက် ဆက်ပြောလိုက်သည်။

“အကြီးအကဲက အမတ်ချုပ်ကြီးဝမ်၊ ဝမ်မော့ရှန်ရဲ့အကြောင်းကို ပြောနေတာလား”

“ဟားဟား၊ ဝမ်မော့ရှန်တဲ့လား”

အကြီးအကဲက ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြုံးသည်။

“သူပဲ”

‘ဝမ်မော့ရှန်က ဝမ်ချူလား’

‘လောကကို ထိန်းချုပ်ထားတဲ့ နတ်ဘုရားခုံရုံးမှာ နတ်ဘုရားဘုရင်ကို ကူညီပြီး ထောင်ချီနေတဲ့ အရာရှိတွေကို စီမံပေးတဲ့လူလား’

‘ဝမ်မော့ရှန်က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို လွယ်လွယ်လေးထိန်းချုပ်နိုင်တာ မထူးဆန်းတော့ပါဘူး။ သူက အတွေ့အကြုံရှိနေတာပဲ’

‘ပြီးတော့ ကောင်းကင်အံ့ဖွယ်ကမ္ဘာကိုလည်း နှစ်တစ်သောင်းကြာသည်အထိ ထိန်းချုပ်ထားနိုင်ခဲ့တယ်’

“ငါက ဒဏ်ရာရသွားတဲ့အချိန်မှာ သီးသန့်ကျင့်ကြံနေခဲ့တယ်။ ပြင်ပလောကကို သိပ်မသိတော့ဘူး။ မင်းက ပြောပြနိုင်မလား”

သစ်သားနတ်ဘုရားက ကြင်နာတတ်သောမျက်နှာထားဖြင့် တီးတိုးပြောလိုက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဆည်ပြင်ပတွင် ဖြစ်ပျက်နေသောအရာကို ပြောပြလိုက်သည်။

သစ်သားနတ်ဘုရားက တံခါးပိတ်ကျင့်ကြံနေခဲ့သောကြောင့် ပြင်ပလောက၏ အဖြစ်အပျက်များကို အမှန်တကယ်မသိဟု ဟန်မူယဲ့က မယုံပေ။

ဆည်ကို ဖြတ်သန်းသွားသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများက သတင်းများကို သယ်ဆောင်လာကြလိမ့်မည်။

‘သစ်သားနတ်ဘုရားက ကိုယ်ပိုင်အနေအထားကို နားလည်ချင်လို့ ပြင်ပလောကအကြောင်းကို မေးတာလား’

ဟန်မူယဲ့က ဆည်ပြင်ပတွင်ရှိသော အဖြစ်အပျက်များနှင့် တာအိုပြိုင်ပွဲ၏အကြောင်းကို ပြောပြလိုက်သည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ အထက်ဘုံသုံးပါး၏ ရန်ပွဲနှင့် အင်မော်တယ်တက်လှမ်းစင်မြင့်အား ပြန်လည်ဖွင့်လှစ်မည့်အကြောင်းကိုလည်း ပြောပြခဲ့သည်။

သစ်သားနတ်ဘုရား၏မျက်နှာက ရှုပ်ထွေးသွားပြီး ခေါင်းခါလျက် ညင်သာစွာ သက်ပြင်းချသည်။

“အမှန်အတိုင်းပြောရရင် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိတ်ပိတ်လိုက်တဲ့အချိန်မှာ တစ်ချိန်ကျရင် ပြန်ဖွင့်ခံရမယ်ဆိုတာကို ငါတို့က သိခဲ့တယ်”

သစ်သားနတ်ဘုရားက ဟန်မူယဲ့၏အကြည့်ကို မြင်လိုက်သောအခါတွင် နှလုံးသားကို ညွှန်ပြ၍ ပြောသည်။

“လူသားတစ်ယောက်ရဲ့ နှလုံးသား”

“လောကမှာ အရှုပ်ထွေးဆုံးအရာက လူသားတစ်ယောက်ရဲ့ နှလုံးသားပဲ”

လူသားတစ်ယောက်၏ နှလုံးသားသည် အရှုပ်ထွေဆုံးအရာ ဖြစ်သည်။ ဟန်မူယဲ့က ထိုအကြောင်းကို သိထားခဲ့သည်။

မဟာပုဂ္ဂိုလ်ကြီးများကပင် နှလုံးသားထဲတွင်ရှိသော ရည်မှန်းချက်ကို မခုခံနိုင်ပေ။

ယခင်က သူတို့သည် အတူတူပူးပေါင်း၍ အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်ခဲ့သည်။ ယခုအချိန်တွင် အတူတူပူးပေါင်း၍ အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်နေကြသည်။

သူတို့က ပြောင်းလဲမသွားသော်လည်း သူတို၏ နှလုံးသားများက ပြောင်းလဲသွားကြသည်။

“ကောင်လေး၊ မင်းရဲ့ကျင့်ကြံဆင့်နဲ့ ဝင်မပါနိုင်တဲ့ကိစ္စတွေ ရှိနေသေးတယ်”

သစ်သားနတ်ဘုရားက သူ့ကိုကြည့်လိုက်ပြီး ပြုံးသည်။

“အရင်တုန်းက ငါဝင်ပါခဲ့ပေမဲ့ အခုတော့ စွမ်းအားမဲ့နေပြီ”

သစ်သားနတ်ဘုရားက လှံစိုက်နေသော သစ်ပင်ကို ကြည့်လိုက်ပြီး ခေါင်းခါသည်။

“အင်မော်တယ်ရတနာလှံကြောင့် ငါ့ခန္ဓာကိုယ်က အမြစ်အထိ ထိခိုက်သွားခဲ့တယ်။ ငါက ဖြည်းဖြည်းချင်း ပြန်လည်ကုသဖို့ပဲ တတ်နိုင်တယ်”

“ငါက ဒီဆည်ထဲမှာ ပုန်းမနေခဲ့ရင် တစ်ယောက်ယောက်က ငါ့ကို တူးထုတ်သွားလောက်ပြီ”

အလင်းတစ်ခုသည် သစ်သားနတ်ဘုရား၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားခဲ့သည်။

“အခု ငါက ကောင်းကောင်းမအိပ်နိုင်တော့မှာ စိုးရိမ်မိတယ်”

သစ်သားနတ်ဘုရားနန်းတော်ကို တိုက်ခိုက်လာသော ရွှေဝံပုလွေများ၏ နောက်ကွယ်တွင် အင်အားစုကြီးတစ်ခု ရှိနေလိမ့်မည်။

ထိုအင်အားစုကို သစ်သားနတ်ဘုရားကလည်း ရှင်းရှင်းလင်းလင်း မသိပေ။

ဟန်မူယဲ့နှင့် သစ်သားနတ်ဘုရားက ရှေးတိမ်တိုက်စကြဝဠာနှင့် ရှေးနတ်ဘုရားကျဆုံးနယ်မြေ၏ အကြောင်းကို ပြောခဲ့ကြသည်။ ထို့အပြင် ယခင်က နတ်ဘုရားခုံရုံးနှင့် ပတ်သတ်သော အကြောင်းအရာများကိုလည်း ပြောခဲ့သည်။

ဟန်မူယဲ့က လျှို့ဝှက်ချက်များကို သိလိုက်ရသည်။

ယခင်က နတ်ဘုရားခုံရုံးတွင်ရှိသော လူတိုင်းသည် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။ နတ်ဘုရားဧကရာဇ်၏ ဖိနှိပ်မှုသည် အဆုံးတွင် ပုန်ကန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

“လူသားနှလုံးသား”

“လူသားတွေရဲ့ နှလုံးသားက ဖရိုဖရဲဖြစ်လာရင် ဦးဆောင်နိုင်ဖို့ ခက်သွားတယ်”

“နတ်ဘုရားဧကရာဇ်က ဒီလောကကို အမြဲတမ်း ဖိနှိပ်နိုင်တယ်လို့ တွေးခဲ့တယ်”

“ကျင့်ကြံသူတွေရဲ့ နှလုံးသားထဲမှာ အတွေးတစ်ခုရှိလာရင် သူက မတားဆီးနိုင်တော့ဘူးဆိုတာကို မသိခဲ့ဘူး”

သစ်သားနတ်ဘုရား၏ စကားသံက ပြတ်သားနေသည်။

ထိုအချိန်တွင် သစ်သားနတ်ဘုရားကလည်း မဖိနှိပ်နိုင်သောလူ ဖြစ်ခဲ့သည်။

ပုန်ကန်ခြင်းသည် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိတ်လန့်ခြင်း၊ နတ်ဘုရားခုံရုံးကို စိတ်ပျက်ခြင်းနှင့် နတ်ဘုရားဧကရာဇ်ကို ကြောက်ရွံ့ခြင်းတို့ကြောင့် ဖြစ်ပေါ်လာခဲ့သည်။

ထိုအချက်များအားလုံးသည် ပေါင်းစပ်သွားကြပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် လောကကို အုပ်စိုးခဲ့သော နတ်ဘုရားခုံရုံးအား ဆန့်ကျင်နိုင်သည့် သစ်ပင်ကြီးတစ်ပင် ဖြစ်လာခဲ့သည်။ ထို့အပြင် အင်မော်တယ်တက်လှမ်းစင်မြင့်ကိုလည်း ချိပ်ပိတ်နိုင်ခဲ့သည်။

“တကယ်လို့ ကျင့်ကြံသူတွေက လောကနဲ့ပတ်သတ်တဲ့အတွေးတွေ မရှိတော့ဘူးဆိုရင်ရော”

ဟန်မူယဲ့က ရုတ်တရက် ပြောလိုက်သည်။

အင်မော်တယ်အသွင်ပြောင်းရေကန် ....

အင်မော်တယ်ကမ္ဘာသို့ တက်သွားသော ကျင့်ကြံသူများအားလုံးသည် အင်မော်တယ်အသွင်ပြောင်းရေကန်သို့ ရောက်သွားကြသည်။

‘အင်မော်တယ်အသွင်ပြောင်းရေကန်က ချီစွမ်းအင်ကို စုပ်ယူနေတာလား။ ဒါမှမဟုတ် အသိစိတ်ကို စုပ်ယူနေတာလား’

သူ့စကားကို ကြားလိုက်ရသောအခါတွင် သစ်သားနတ်ဘုရားက စဉ်းစားနေပြီး ပြောလိုက်သည်။

“ငါလည်း မသိဘူး”

“နတ်ဘုရားဧကရာဇ်က အင်မော်တယ်ကမ္ဘာကို ရောက်သွားရင် ဒီကမ္ဘာကို သတိရတော့မှာမဟုတ်ဘူးလို့ မတော်တဆ ပြောဖူးတယ်”

“အဲဒါကြောင့်ပဲ ငါတို့က နတ်ဘုရားခုံရုံးကို ဆန့်ကျင့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်”

All Chapters