← Chapters

အခန်း (၇၃၁)

Vol. 53 Ch. 731

အခန်း (၇၃၁)

Vol. 53 Ch. 731

ဟန်မူယဲ့က ရွှေဝံပုလွေများ၏ နောက်မှ လိုက်လာပြီး မိုင်သုံးထောင်အထိ ဆက်သွားခဲ့သည်။ သူတို့က ပေသုံးထောင်မြင့်မားသော တောင်တန်းတစ်ခုဆီသို့ ရောက်လာကြသည်။

တောင်တန်းသည် စိမ်းလန်းပြီး ဝိညာဉ်မြက်ပင်များဖြင့် ပြည့်နှက်နေသည်။

ထိုတောင်တန်းမျိုးသည် ရှားပါးသည်။

ဆည်၏ ဖရိုဖရဲဖြစ်နေပြီး တိုက်စားနိုင်သော စွမ်းအားများကြောင့် ဝိညာဉ်မြက်ပင်များ ကြီးထွားရန် ခက်ခဲသည်။ ဤနေရာတွင် မဟာဝင်္ကပါတစ်ခု မရှိလျှင် အားကောင်းသော ကျင့်ကြံသူတစ်ဦး ရှိနေလိမ့်မည်။

ဟန်မူယဲ့က နှစ်ခုလုံး ရှိနေလိမ့်မည်ဟု ထင်သည်။

“သခင်က အပေါ်မှာ စောင့်နေတယ်”

ကျူးချွီအန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ‌တောင်ခြေတွင် ရပ်လိုက်သည်။

ဟန်မူယဲ့က ရှေ့ဆက်သွားသည်။ သူက တောင်ပေါ်သို့ တက်လိုက်သောအခါတွင် မျက်မှောင်ကြုတ်မိသည်။

ထိုအရာသည် တောင်တန်းမဟုတ်ဘဲ သားရဲတစ်ကောင် ဖြစ်သည်။

သားရဲ၏ ခန္ဓာကိုယ်သည် တောင်တန်းအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုသားရဲမျိုးသည် ပါ့ရှားနှင့်ယှဉ်နိုင်သော ရှေးခေတ်သားရဲတစ်ကောင် ဖြစ်လိမ့်မည်။

သူက တောင်ထိပ်သို့ ရောက်လာသောအခါတွင် အပြာဖျော့ရောင်ချပ်ဝတ်နှင့် တင်ပျဉ်ခွေထိုင်နေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူ၏ဘေးတွင် ချပ်ဝတ်၏ခေါင်းဆောင်ကို ချထားသည်။

“ထိုင်”

အိုမင်းနေသောအသံကို ကြားနိုင်သည်။

ဟန်မူယဲ့သည် ကျောက်သားစင်မြင့်၏ဘေးတွင် ထိုင်လိုက်သည်။

လူအိုကြီးက ဟန်မူယဲ့ကို ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။

သူက အနည်းငယ် အံ့အားသင့်သွားသည်။

“မင်းက ငါ့ကို သိတယ်လား”

ရှေးဆန်သောပုံစံနှင့် လူအိုကြီးက ပေါ့ပါးစွာ ပြောလိုက်သည်။

မှူးမတ်ကျန့်ယွမ်၊ တုချွမ် ....

ချောင်မိသားစုနှင့် လက်ထပ်ခဲ့သော မှူးမတ်ကျန့်ယွမ် ဖြစ်သည်။

မြက်ရိတ်တံသည် မိသားစုနှစ်ခု၏ မင်္ဂလာလက်ဖွဲ့ ဖြစ်သည်။

“မှူးမတ်ကျန့်ယွမ်”

ဟန်မူယဲ့က တီးတိုးပြောသည်။

လူအိုကြီးက ခပ်ဟဟရယ်လိုက်ပြီး အတိတ်ကို သတိရသွားပုံပေါ်သည်။

“နတ်ဘုရားခုံရုံးက ပျက်စီးသွားခဲ့ပြီ။ မှူးမတ်ကျန့်ယွမ်ကလည်း မရှိတော့ပါဘူး”

ထိုအရာသည် အမှန်ပင် ဖြစ်သည်။

သို့သော် သူက အတိတ်ကို သတိရနေသောကြောင့် အပြာဖျော့ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့သည်။

“မှူးမတ်က ကျွန်တော့်ကို ဘာဖြစ်လို့ ခေါ်လိုက်တာလဲ”

ဟန်မူယဲ့က မှူးမတ်ကျန့်ယွမ်၏အကြောင်းကို ဆက်ပြောမနေဘဲ တီးတိုးမေးလိုက်သည်။

“ချုံးချီက ငါ့ကို လာရှာခဲ့တယ်”

မှူးမတ်ကျန့်ယွမ်က ပြုံးလိုက်သည်။

သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အသာအယာ ပြောသည်။

“သစ်သားနတ်ဘုရားက မင်းကို တစ်ခုခု လုပ်ခိုင်းသေးလား”

ဟန်မူယဲ့က ခေါင်းခါသည်။

သူက ချုံးချီကို အသိစိတ်ဝင်လာစေခဲ့သည်။ ထိုအချိန်တွင် ချုံးချီက ဆည်အတွင်းရှိ တခြားလူများကို အသိဝင်စေရန် ကြိုးစားမည်ဟု ပြောခဲ့သည်။

သစ်သားနတ်ဘုရားအတွက် ဟန်မူယဲ့က အနာဂတ်တွင် ဝေးဝေးနေလျှင် ပိုကောင်းလိမ့်မည်ဟု ခံစားရသည်။

“ဟုတ်ပါတယ်လေ။ သူတို့ရဲ့အစီအစဉ်က အနည်းနဲ့အများဆိုသလို ပြီးပြည့်စုံနေပြီပဲ။ ထပ်လုပ်စရာ မလိုတော့ပါဘူး”

မှူးမတ်ကျန့်ယွမ်က အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး ဆက်ပြောသည်။

“အင်မော်တယ်တက်လှမ်းစင်မြင့်က ပြန်ပွင့်တော့မှာမဟုတ်လား”

ထိုဖြစ်ရပ်သည် မဟာပုဂ္ဂိုလ်ကြီးများကြားတွင် လျှို့ဝှက်ချက်တစ်ခု ဖြစ်ပုံမရပေ။

အစပိုင်းတွင် လျှို့ဝှက်ချက်ဖြစ်သော အရာတစ်ခုကို ယခုအချိန်တွင် လူတိုင်းက သိနေပုံပေါ်သည်။ ဟန်မူယဲ့က နားမလည်နိုင်ပေ။

မှူးမတ်ကျန့်ယွမ်က သစ်သားနတ်ဘုရား၏ အကြောင်းကိုပင် သိနေသည်။

“ဟားဟား၊ ငါတို့ရဲ့ ကျင့်ကြံဆင့်မှာ ငါတို့အားလုံးက ဒီလောကရဲ့ ကံကြမ္မာကို ဖိနှိပ်ထားနိုင်ကြတယ်”

“ဒီလောကမှာ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာရင် ငါတို့အားလုံးက အာရုံခံမိကြတယ်”

မှူးမတ်ကျန့်ယွမ်က ခေါင်းခါလိုက်ပြီး ခပ်ဟဟရယ်သည်။

‘အာရုံခံနိုင်တာလား’

‘အဲဒီတော့ အင်မော်တယ်တက်လှမ်းစင်မြင့် ပြန်ပွင့်လာတာကို မတားနိုင်တော့ဘူးလား’

ဟန်မူယဲ့က မှူးမတ်ကျန့်ယွမ်ကို ကြည့်သည်။

“မင်းက တာအိုပြိုင်ပွဲမှာ ပါဝင်နေပြီး ဒီကိစ္စကြောင့် အလုပ်များနေတယ်ဆိုတာကို ငါသိတယ်”

မှူးမတ်ကျန့်ယွမ်က ပြုံးလိုက်ပြီး ပြောသည်။

“ငါက မင်းကို လမ်းညွှန်ပေးမယ်”

သူ့အပြုံးက ပျောက်ကွယ်သွားပြီး မျက်နှာထားက လေးနက်လာသည်။

“မင်းက တာအိုပြိုင်ပွဲမှာ ရှင်သန်ချင်ရင် နတ်ဘုရားခုံရုံးကို ပြန်လည်တည်‌ဆောက်ရမယ်”

“အဲဒီလူအိုကြီးတွေက နတ်ဘုရားခုံရုံးကို ဖျက်ဆီးပြီး အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်ခဲ့တဲ့အတွက် ဒီလောကရဲ့ ကံကြမ္မာကို ဖရိုဖရဲ ဖြစ်သွားစေတယ်။ နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ပြီး လောကကို ငြိမ်သက်စေရင် မျှော်လင့်ချက်ကို မြင်ရလိမ့်မယ်”

ဟန်မူယဲ့က သူ့ကို ကြည့်သည်။

မှူးမတ်ကျန့်ယွမ်၏ မျက်နှာထားက လေးနက်နေသည်။

“ငါက မင်းကို လိမ်မယ်လို့ ထင်လား”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“မှူးမတ်က ကျွန်တော့်လို လူငယ်တစ်ယောက်ကို လိမ်မှာမဟုတ်ပါဘူး”

“ကျွန်တော်က သိချင်ရုံပါ။ အဲဒီမဟာပုဂ္ဂိုလ်ကြီးတွေကို အကွက်ချဖို့အတွက် ဘယ်လိုအစီအစဉ်ကို လိုအပ်မလဲ”

“နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်လိုက်ရင်တောင် ပြိုလဲသွားမှာပဲ”

သူတို့က ရှေးခေတ်၏ နတ်ဘုရားခုံရုံးကို ဖျက်ဆီးခဲ့သည်။ ပြန်လည်တည်ဆောက်ထားသော နတ်ဘုရားခုံရုံးက သူတို့ကို မည်သို့ ခုခံနိုင်မည်နည်း။

သူ့စကားကို ကြားလိုက်ရသောအခါတွင် မှူးမတ်ကျန့်ယွမ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး တီးတိုးပြောသည်။

“သူတို့က အင်မော်တယ်ကမ္ဘာကို တက်သွားကြရင်ရော”

ဟန်မူယဲ့၏ မျက်ခမ်းစပ်များက တွန့်သွားကြသည်။

လောက၏ ကံကြမ္မာကို ဖိနှိပ်နိုင်သော မဟာပုဂ္ဂိုလ်ကြီးများက အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားကြမည်ဆိုလျှင် နတ်ဘုရားဘုရင်နှင့် တာအိုဘိုးဘေးများသာ ကျန်ခဲ့လိမ့်မည်။

ထိုအချိန်တွင် ဟန်မူယဲ့က စစ်တပ်တစ်ခုနှင့်အတူ အရာအားလုံးကို ဖိနှိပ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

သူက မှူးမတ်ကျန့်ယွမ်ကို ကြည့်လိုက်သည်။

မှူးမတ်ကျန့်ယွမ်ကလည်း လောက၏ ကံကြမ္မာကို ဖိနှိပ်နိုင်သည်။

“ဟားဟား၊ ငါက ဘာအကြောင်းပြချက်မှမရှိဘဲ ဒါကိုပြောပြလို့ သံသယဝင်နေတာလား”

မှူးမတ်ကျန့်ယွမ်က ခပ်ဟဟရယ်လိုက်ပြီး ရှုပ်ထွေးနေသော မျက်နှာထားဖြင့်‌ အောက်တွင်ရှိသော တောင်တန်းကို ကြည့်သည်။

“နတ်ဘုရားဧကရာဇ်က အသတ်ခံရပြီး နတ်ဘုရားခုံးရုံးက ဘာဖြစ်လို့ ပျက်စီးသွားတာလဲ မင်းသိလား”

“ဘာဖြစ်လို့လဲဆိုတော့ နတ်ဘုရားဧကရာဇ်က အင်မော်တယ်ကမ္ဘာကို မပြန်‌တော့ဘဲ ဒီလောကမှာ နေဖို့ ရည်ရွယ်ထားလို့ပဲ”

“အဲဒါကြောင့် အင်မော်တယ်ကမ္ဘာမှာရှိတဲ့ သူ့ရဲ့ ဂိုဏ်းတူညီအစ်ကိုတစ်ယောက်က အဲဒီလူအိုကြီးတွေကို လှုပ်ရှားလာအောင် လှုံ့ဆော်ပေးလိုက်တယ်”

“ဒါပေမဲ့ နတ်ဘုရားဧကရာဇ်မှာ အရံအစီအစဉ် ရှိနေမယ်လို့ သူတို့က ထင်မထားခဲ့ဘူး။ သူက ဆည်ကို တည်ဆောက်ပြီး မရေမတွက်နိုင်တဲ့ သက်ရှိတွေနဲ့ ရှေးတိမ်တိုက်စကြဝဠာကို ကာကွယ်ပေးခဲ့တယ်”

“အင်မော်တယ်ရင်းမြစ်ကမ္ဘာ တစ်ခုတည်းဆိုရင် ဘုံကိုးပါးအဖြစ် ပြောင်းသွားရင်တောင် ဟာသတစ်ခုထက် မပိုဘူး”

မှူးမတ်ကျန့်ယွမ်က အထင်သေးသောမျက်နှာထားဖြင့် ပြောလိုက်သည်။

“ရှေးတိမ်တိုက်စကြဝဠာက အင်မော်တယ်ရင်းမြစ်ကမ္ဘာနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးတဲ့အချိန်မှာ ဆုံးရှုံးမှုကို ခံစားခဲ့ရတယ်”

သူက အမှန်အတိုင်း ပြောနေသည်။

သို့သော် မဟာပုဂ္ဂိုလ်ကြီးများက ကျန်ရှိနေသောကြောင့် ရှေးနတ်ဘုရားကျဆုံးနယ်မြေသည် ဆုံးရှုံးမှုများကို တောင့်ခံနိုင်ခဲ့သည်။

“နတ်ဘုရားဧကရာဇ်က ချောင်ရဲ့သမီးကို ဇနီးအဖြစ်ယူပြီး ချောင်ရီကို ဦးလေးအဖြစ် သတ်မှတ်ခဲ့တယ်။ သူက စစ်တပ်ကို ဦးဆောင်ပြီး အရပ်လေးမျက်နှာကို ဖိနှိပ်ခဲ့တယ်။ သူက လွတ်လပ်တဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်ချင်တယ်”

“အဲဒါက သူတို့ဂိုဏ်းရဲ့ စည်းကမ်းကို ချိုးဖောက်နေပြီး သေစေနိုင်လောက်တဲ့ ကပ်ဘေးတစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်”

“အရေးကြီးတဲ့အချိန်မှာ နတ်ဘုရားဧကရာဇ်က ကိုယ့်ကိုယ်ကိုယ် စတေးပြီး ဒီလောကရဲ့ သက်ရှိတွေကို ကာကွယ်ခဲ့တယ်။ အရေးအကြီးဆုံးအနေနဲ့ သူက ချောင်ကွေ့ဖေးနဲ့ နတ်ဘုရားခုံရုံးရဲ့ မင်းသားကို ကာကွယ်ချင်ခဲ့တယ်”

ဟန်မူယဲ့က မှူးမတ်ချန့်ယွမ်ပြောနေသော လျှို့ဝှက်ချက်များကို မသိပေ။

အင်မော်တယ်ကမ္ဘာနှင့် ဤကမ္ဘာကို ခွဲခြားချင်သည်ဟူသော စကားသည်လည်း အတုအယောင်သာ ဖြစ်လိမ့်မည်။

မျိုးဆက်သစ်များ၏ သံသယကို ချေဖျက်ရန်အတွက် လုပ်ဇာတ်ခင်းခြင်း ဖြစ်နိုင်သည်။

အင်မော်တယ်အသွင်ပြောင်းရေကန်သည် လောကနှစ်ခု၏ ဆက်သွယ်ချက်အများစုကို ဖြတ်တောက်ထားသည်။ ထို့အပြင် အတုအယောင်အချက်အလက်များနှင့် ပေါင်းစပ်လိုက်သောအခါတွင် လူများကို စိတ်ရှုပ်ထွေးသွားအောင် လုပ်နိုင်သည်။

“ဟန်မူယဲ့၊ ဝမ်ချူက ကျင့်ကြံဖို့အတွက် ပြန်လည်မွေးဖွားလာပြီ။ သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ ရှိနေတယ်”

“မင်းက ငါ့အတွက် တစ်ခုခု လုပ်ပေးရမယ်”

မှူးမတ်ကျန့်ယွမ်၏ မျက်လုံးများက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တောက်ပလာကြသည်။

“ရှေးတိမ်တိုက်စကြဝဠာမှာ ရှိနေတဲ့ အိမ်ရှေ့စံကို ရှာပါ။ ဆည်ကို ဖိနှိပ်ထားတဲ့ နတ်ဘုရားဧကရာဇ်ရဲ့ဓားကို ယူသွားပါ။ ပြီးတော့ ဝမ်ချူဆီ ပို့ပေးလိုက်ပါ”

နတ်ဘုရားခုံရုံး၏ အိမ်ရှေ့စံ ....

နတ်ဘုရားဧကရာဇ်၏ ဓား ....

ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး ခြေတစ်လှမ်းနောက်ဆုတ်သည်။

“အကြီးအကဲ၊ ဒီတာဝန်နဲ့ပတ်သတ်ပြီး ဘာမှလုပ်မပေးနိုင်ပါဘူး”

သူက ထိုကိစ္စကို အဘယ်ကြောင့် လုပ်ပေးရမည်နည်း။

မှူးမတ်ကျန့်ယွမ်က သူ့ကို ကြည့်လိုက်သည်။ သူ၏ အငွေ့အသက်များက ဖြည်းဖြည်းချင်း စုစည်းလာကြသည်။

သွေးဆာနေသော အရှိန်အဝါတစ်ခုသည် ဖြာထွက်လာခဲ့သည်။

မှိန်ဖျော့သော ဓားဆန္ဒသည် ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင် ပေါ်လာခဲ့သည်။

ဤနေရာသည် ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားကို ကောင်းမွန်စွာမသုံးနိုင်သော ဆည်ဖြစ်သည်။ ဟန်မူယဲ့က ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် တိုက်ခိုက်ရမည်ဆိုလျှင်ပင် ကြောက်ရွံ့နေမည်မဟုတ်ပေ။

သူက နတ်ဘုရားသားရဲပါ့ရှား၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဓားပညာရပ်တွင် ကျွမ်းကျင်သည်။ သူက အားကောင်းသော ရန်သူတစ်ဦးနှင့် တိုက်ခိုက်နိုင်သည်။

ရုတ်တရက်ဆိုသလိုပင် လေထုသည် တင်းမာလာသည်။

ကြမ်းတမ်းသော အငွေ့အသက်တစ်ခုသည် သွယ်ယှက်နေပြီး ဆည်၏ ဖရိုဖရဲဖြစ်နေသော စွမ်းအားများကို တုန်ခါသွားစေသည်။

မီးပွားတစ်ခု ပေါ်ထွက်လာလျှင် လောကတစ်ခုလုံးက လောင်ကျွမ်းသွားလိမ့်မည်။

ခဏအကြာတွင် ....

မှူးမတ်ချုံးဝူ၏ မျက်နှာထားက ဖြည်းဖြည်းချင်း နူးညံ့သွားသည်။ သူ့အရှိန်အဝါကလည်း ပျောက်ကွယ်သွားသည်။

“မဆိုးဘူး။ မင်းက သတိကြီးတယ်”

သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

ဟန်မူယဲ့က အငွေ့အသက်များကို ထိန်းသိမ်းထားပြီး စကားမပြောခဲ့ပေ။

ရှေးခေတ်နတ်ဘုရားခုံရုံးမှ မှူးမတ်တစ်ယောက်၏ ရှေ့တွင် အမြဲ သတိထားရမည်။

“မင်းက နတ်ဘုရားဧကရာဇ်ရဲ့ဓားကို မြင်ပြီးပြီးဆိုတော့ ဂရုမစိုက်ဘူးပေါ့။ ဟုတ်တယ်မလား”

“အဲဒါဆိုရင် ငါက မင်းကို ပြောလိုက်မယ်။ မင်းက နတ်ဘုရားဧကရာဇ်ရဲ့ဓားနဲ့ အိမ်ရှေ့စံမင်းသားကို ဝမ်ချူဆီ ယူသွားရင် မင်းရဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာက မရှုံးနိုင်တော့ဘူး”

မှူးမတ်ကျန့်ယွမ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တောက်ပနေသောမျက်လုံးများကို မှေးကျဉ်းလိုက်သည်။

“ရှေးတိမ်တိုက်စကြဝဠာရဲ့ နောက်ကွယ်မှာ ချောင်ရီရဲ့ဦးလေး ထိန်းချုပ်ခဲ့တဲ့ မဟာစစ်တပ်ကြီးတစ်ခု ရှိနေတယ်”

“ချောင်ရီက ရှေးတိမ်တိုက်စကြဝဠာမှာပဲ”

ချောင်ရီက အိမ်ရှေ့စံမင်းသား၏ဦးလေး ဖြစ်သည်။

အကယ်၍ အိမ်ရှေ့စံမင်းသားက ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ရှိနေခဲ့လျှင် ချောင်ရီ၏ စစ်တပ်က အိမ်ရှေ့စံမင်းသား၏ လုံခြုံရေးကို ကာကွယ်ပေးလိမ့်မည်။

ဟန်မူယဲ့က ‌ရှေးတိမ်တိုက်စကြဝဠာ၏ ခွန်အားကို အပေါ်ယံသာ မြင်ခဲ့သော်လည်း ခွန်အားကောင်းသည်ဟု ဝန်ခံရမည်။

အကယ်၍ ရှေးတိမ်တိုက်စကြဝဠာက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထောက်ပံ့ပေးနေလျှင် တာအိုပြိုင်ပွဲ၏ အခြေအနေကို ပြောင်းလဲနိုင်လိမ့်မည်။

မှူးမတ်ကျန့်ယွမ်က ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

ဟန်မူယဲ့၏ မျက်နှာထားက လေးနက်နေပြီး အချိန်အတော်ကြာအောင် စဉ်းစားခဲ့သည်။ ထို့နောက် ညင်သာစွာ ပြောလိုက်သည်။

“မှူးမတ်ကျန့်ယွမ်ပြောတာက အမှန်ပဲလား”

‘ရှေးတိမ်တိုက်စကြဝဠာရဲ့ စွမ်းအားကို သုံးရမှာလား’

သူက ထိုအကြောင်းကို တွေးဖူးသည်။

ဟန်မူယဲ့၏ နတ်အာရုံက လှုပ်ရှားသွားပြီး ပြောလိုက်သည်။

“မှူးမတ်၊ အိမ်ရှေ့စံမင်းသားက ရှေးတိမ်တိုက်စကြဝဠာမှာ ရှိနေတဲ့ဆိုရင် ချောင်ရီက ဘာဖြစ်လို့ ကိုယ်တိုင်မရှာတာလဲ”

“သူ့ရဲ့ စွမ်းအားနဲ့ဆိုရင် အိမ်ရှေ့စံမင်းသားကို ထောက်ပံ့ပေးဖို့ မခက်ဘူးမဟုတ်လား”

ရှေးတိမ်တိုက်စကြဝဠာသည် သန်မာသော်လည်း ဖြောင့်မတ်မှု မရှိပေ။

သူတို့က မကြာခဏဆိုသလိုပင် ဆည်ကိုဖြတ်သန်းပြီး နတ်ဘုရားခုံးရုံး၏ ဂုဏ်ကျက်သရေကို ဖော်ဆောင်ရန်အတွက် ရှေးနတ်ဘုရားကျဆုံးနယ်မြေကို တိုက်ခိုက်ကြသည်။

အကယ်၍ အိမ်ရှေ့စံမင်းသာ ရှိနေလျှင် သူတို့က တိုက်ခိုက်ရန်မလိုဘဲ အိမ်ရှေ့စံမင်းသားကို ထောက်ပံ့ပေးလိုက်ရုံသာ ဖြစ်သည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် မှူးမတ်ကျန့်ယွမ်က ရယ်သည်။

“တကယ်လို့ အိမ်ရှေ့စံမင်းသားကို ရှာရလွယ်ရင် အထက်ဘုံသုံးပါးရဲ့လူတွေက သူ့ကို သတ်လိုက်ကြမှာပေါ့”

မှူးမတ်ကျန့်ယွမ်က လက်မြှောက်လိုက်ပြီး အနက်ရောင်ဓားရှည်တစ်လက်ကို ထုတ်ယူသည်။

သူက ဟန်မူယဲ့ကို ဓားပေးလိုက်သည်။

“ဒီဓားနဲ့ဆိုရင် မင်းက အိမ်ရှေ့စံမင်းသားနဲ့ တွေ့တဲ့အချိန်မှာ အာရုံခံနိုင်လိမ့်မယ်”

ဟန်မူယဲ့၏အကြည့်ကို မြင်ရသောအခါတွင် မှူးမတ်ကျန့်ယွမ်က ညင်သာစွာပြောသည်။

“ဒီလောကရဲ့ ကံကြမ္မာက ရှာရခက်ပေမဲ့ မင်းက သူ့ကို ရှာနိုင်မယ်လို့ ငါထင်တယ်”

အဆုံးတွင် လောက၏ အရာအားလုံးသည် အခွင့်အရေးပေါ်တွင် မူတည်နေသည်။

ဟန်မူယဲ့က ကံကောင်းသော လူတစ်ယောက် ဖြစ်သည်။

သူက အနက်ရောင်ဓားကို ကြည့်လိုက်သည်။

အံ့ဖွယ်နေမင်းဓား ဖြစ်သည်။

All Chapters