← Chapters

အခန်း (၇၃၃)

Vol. 53 Ch. 733

အခန်း (၇၃၃)

Vol. 53 Ch. 733

တစ်လအကြာတွင် လေဟာနယ်သည် တုန်ခါသွားခဲ့သည်။ ရှေးခေတ်ဆေးပင်ဥယျာဉ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ အထဲတွင်ရှိသော အင်မော်တယ်ချီများကို တိုက်ရိုက် စုပ်ယူလိုက်သည်။

သို့သော် မြက်ရိတ်တံမရှိသောကြောင့် အင်မော်တယ်ချီကို ဖြည်းဖြည်းချင်း စုစည်းနေရသည်။

အင်မော်တယ်ချီကို စုစည်းပြီးသောအခါတွင် လေဟာနယ်သည် တုန်ခါသွားသည်။ ရှေးခေတ်ဆေးပင်ဥယျာဉ်သည် အာကာသထဲတွင် ပေါ်လာခဲ့သည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများက ပျံသန်းလာပြီး ဥယျာဉ်ထဲတွင်ရှိသော ဆေးပင်များကို လုယက်နေကြသည်။ ဆေးပင်များသည် အလွန်များနေသောကြောင့် သူတို့က အားလုံးကို မယူနိုင်ခဲ့ကြပေ။

အမျိုးမျိုးသော အင်အားစုများသည် ဆေးပင်ကို ဝယ်ယူရန် သို့မဟုတ် လုယူရန် ကျွမ်းကျင်သူများကို စေလွှတ်လိုက်ကြသည်။

သို့သော် သူတို့က ဆေးပင်များအားလုံးကို မစုစည်းနိုင်ခင် နောက်ထပ် ဆေးပင်ဥယျာဉ်တစ်ခု၏ သတင်းကို ကြားလိုက်ရသည်။

အမျိုးမျိုးသော အင်အားစုများသည် ပူးပေါင်းလိုက်ကြပြီး ဆေးပင်ဥယျာဉ်ကို စောင့်ကြပ်နေသော နတ်ဘုရားဘုရင်ချီယန်နှင့် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲတွင် ဟန်မူယဲ့နှင့် ပူးပေါင်းဖူးသော ဘိုးဘေးမိစ္ဆာနတ်ဘုရားဘုရင်က ရောက်လာပြီး နတ်ဘုရားဘုရင် ချီယန်ကို ကူညီပေးခဲ့သည်။

ဤတစ်ကြိမ်တွင် အကျိုးအမြတ်သည် သိပ်မများပေ။ လူတစ်ယောက်ကို အင်မော်တယ်ဆေးပင် ဆယ်ပင်စီသာ ရလိုက်ကြသည်။

ဟန်မူယဲ့က အင်မော်တယ်ချီကိုပင် ခွဲမပေးခဲ့ပေ။

ဆယ်ရက်အကြာတွင် အင်မော်တယ်ချီများအားလုံးကို စုပ်ယူခဲ့ပြီး ဆေးပင်ဥယျာဉ်သည် အာကာသထြတွင် ပေါ်လာခဲ့သည်။ ကျင့်ကြံသူများက ချီတက်လာကြပြန်သည်။

ထိုအချိန်တွင် ဟန်မူယဲ့က နတ်ဘုရားဘုရင် ချီယန်၊ ဘိုးဘေးမိစ္ဆာ နတ်ဘုရားဘုရင်တို့နှင့်အတူ တိတ်ဆိတ်စွာ ထွက်သွားခဲ့သည်။

ဟန်မူယဲ့က တစ်နှစ်ကြာသည်အထိ ပြန်ပေါ်မလာခဲ့ပေ။

သူက ပြန်ပေါ်လာသောအခါတွင် နောက်ထပ် ဆေးပင်ဥယျာဉ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ရှေးတိမ်တိုက်စကြဝဠာ၏ ကျင့်ကြံသူများသည် ရူးသွပ်သွားကြသည်။

ဆေးပင်ဥယျာဉ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသောကြောင့် မရေမတွက်နိုင်သော ဝိညာဉ်ဆေးပင်များကို ရရှိခဲ့သည်။ အမျိုးမျိုးသော ဆေးလုံးများသည် အဆုံးမရှိဘဲ ပေါ်ထွက်လာကြသည်။

ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သော ဆေးလုံးများကြောင့် အာခီမီလမ်းစဉ်သည် ရှေးတိမ်တိုက်စကြဝဠာတွင် ရွေးချယ်မှုအများဆုံး ဖြစ်လာခဲ့သည်။

ဆေးတစ်လုံးကိုပင် မသန့်စင်နိုင်လျှင် ကျင့်ကြံသူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ခေါ်ဆိုရန် ရှက်ရွံ့နေကြလိမ့်မည်။

၂နှစ်အကြာတွင် ချီယန်ဓားဂိုဏ်း၏ လက်ရွေးစင်တပည့်တပ်ဖွဲ့သည် ဆည်ကို ကျော်ဖြတ်၍ တာအိုပြိုင်ပွဲနယ်မြေသို့ ရောက်လာကြသည်။

သူတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ရပ်တန့်လိုက်ကြသည်။

“ချီယန်ဓားဂိုဏ်းရဲ့ ကျန်းချောင်နဲ့ ရှုကျင်းက အမတ်ချုပ်ကြီးဟန်ကို နှုတ်ဆက်လိုက်ပါတယ်”

ဓားလွယ်ထားသော သိုင်းဝတ်စုံနှင့် လူငယ်နှစ်ယောက်သည် ဟန်မူယဲ့၏ရှေ့တွင် ရပ်နေကြသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကျောတွင်လွယ်ထားသော ကျောက်စိမ်းသေတ္တာကို ဖြုတ်ယူသည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ပေးလိုက်ကြသည်။

ကျန်းချောင်က ဦးညွတ်လိုက်ပြီး ပြောသည်။

“အမတ်ချုပ်ကြီးဟန်ကို စိတ်မပျက်စေခဲ့ပါဘူး။ စံချိန်မီဓား သန်းငါးဆယ်ကို ယူလာခဲ့ပါတယ်”

ရှုကျင်းက စိတ်လှုပ်ရှားစွာ ပြောသည်။

“ဆေးလုံး သန်းတစ်ထောင့်ရှစ်ရာကို လုံလုံခြုံခြုံ ယူလာခဲ့ပါတယ်”

သူတို့နှစ်ယောက်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

သူတို့က ထိုရတနာများကို သယ်ဆောင်၍ ဆည်နှင့် တာအိုပြိုင်ပွဲနယ်မြေကို ဖြတ်သန်းခဲ့ရသည်။ သူတို့နှစ်ယောက်၏ တာဝန်နှင့် ရင်ဆိုင်ခဲ့ရ‌သော အန္တရာယ်များကို စိတ်ကူးကြည့်နိုင်သည်။

ဟွမ်ကျစ်ဟူက ဘေးတွင် ပါးစပ်အဟောင်းသား ဖြစ်နေသည်။

ဟွမ်ခြောက်၏ နှုတ်ခမ်းထောင့်များကလည်း တွန့်သွားခဲ့သည်။

‘ငါ့ညီလေးက တကယ်ချမ်းသာတာပဲ’

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ကျောက်စိမ်းသေတ္တာများကို ယူသည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါပဲ”

သူက ကျောက်စိမ်းသေတ္တာပေါ်တွင် လက်တင်လိုက်ပြီး မျက်လုံးများက တောက်ပလာကြသည်။ သူက ကောင်းကင်ကို လှမ်းကြည့်သည်။

“ငါက ထပ်ပြီး မစောင့်နိုင်တော့ဘူး”

“တာအိုပြိုင်ပွဲကို စတင်လိုက်ရအောင်”

တာအိုပြိုင်ပွဲ၏ အဆုံးအဖြတ်တိုက်ပွဲသည် စတင်ခဲ့သည်။

ဟန်မူယဲ့၏စကားကြောင့် ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက တုန်ခါသွားကြသည်။

သူတို့က ထိုသို့ ဖြစ်လာလိမ့်မည်ဟု သိထားသော်လည်း အမှန်တကယ် ဖြစ်လာသောအခါ နှလုံးသားထဲတွင် ထိတ်လန့်သွားကြသည်။

တာအိုပြိုင်ပွဲ၏ အဆုံးအဖြတ်တိုက်ပွဲသည် သေခြင်းရှင်ခြင်းကို ကိုယ်စားပြုသည်။

‘ဒီတိုက်ပွဲပြီးသွားရင် ငါတို့ထဲက ဘယ်လောက်များ အသက်ရှင်နေအုံးမလဲ’

“ဘုန်း”

ချီစွမ်းအင်သည် ပေါက်ကွဲထွက်လာသည်။ မရေမတွက်နိုင်သော သွေးချီများသည် မီးခိုးတန်းများအဖြစ် ပြောင်းလဲသွားကြပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ နန်းမြို့တော်ထက်တွင် နဂါးတစ်ကောင်အဖြစ် စုစည်းသွားခဲ့သည်။

“အမတ်ချုပ်ကြီးရဲ့ အမိန့်အရ ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာရှိတဲ့ ကောင်းကင်အဆင့် ကျင့်ကြံသူတွေအားလုံးကို စုစည်းပြီး လေ့ကျင့်ပေးရမယ်။ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ရမယ်”

“တော်ဝင်အမိန့်စာကို ထုတ်ပြန်လိုက်ပြီ။ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ကမ္ဘာမြေအဆင့် ကျင့်ကြံသူတွေအားလုံးကို စုစည်းပြီး လေ့ကျင့်‌ပေးရမယ်။ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ရမယ်”

“တော်ဝင်အမိန့်စာကို ထုတ်ပြန်လိုက်ပြီ။ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ကျင့်ကြံသူတွေအားလုံးက နယ်မြေကို ဖိနှိပ်ဖို့အတွက် လေ့ကျင့်ရမယ်”

“တော်ဝင်အမိန့်စာကို ထုတ်ပြန်လိုက်ပြီ။ တော်ဝင်ကျောင်းတော်က ဆရာသုံးထောင်နဲ့ ‌ကျောင်းသားသုံးသောင်းကို ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် တာဝန်ထမ်းဆောင်စေရမယ်”

....

“တော်ဝင်အမိန့်စာကို ထုတ်ပြန်လိုက်ပြီ။ အလယ်ပိုင်းကုန်းမြေ ထျန်းမင်တာအိုဂိုဏ်းရဲ့ တပည့် တစ်သိန်းသုံးသောင်းကို ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် စုစည်းရမယ်”

....

“တော်ဝင်အမိန့်စာကို ထုတ်ပြန်လိုက်ပြီ။ တောင်ပိုင်းကုန်းမြေရဲ့ မိစ္ဆာရှစ်သန်းကို ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် စုစည်းလိုက်ပြီ”

....

အမိန့်စာသည် သန်းထောင်ချီသော သက်ရှိများကို လှုပ်ရှားစေခဲ့သည်။

ယခုအချိန်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာတစ်ခုလုံးက အသက်ဝင်လာပုံပေါ်သည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စုစည်းလာကြသည်။ ကောင်းကင်လှေကားများသည် တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။

အလယ်ပိုင်းကုန်းမြေတွင် ကောင်းကင်လှေကား သုံးရာရှိသည်။ အရှေ့ပင်လယ်တွင် သုံးဆယ်ရှိပြီး တောင်ပိုင်းကုန်းမြေတွင် ငါးဆယ်ရှိသည်။ အနောက်ဘက်နယ်စပ်ကုန်းမြေတွင် နှစ်ဆယ်ရှိပြီး မြောက်ပိုင်းကုန်းမြေတွင် တစ်ဆယ် ရှိသည်။

ဟန်မူယဲ့၏ အမိန့်ကြောင့် ကောင်းကင်အံ့ဖွယ်စစ်တပ်သည် ညတွင်းချင်း စုစည်းလိုက်သည်။ သုံးရက်အတွင်း၌ သန်းသုံးရာရှစ်ဆယ်ရှိသော စစ်သည်များသည် ‌ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်သွားပြီး အာကာသထဲတွင်ရှိသော စစ်စခန်းသုံးဆယ်ထဲသို့ ဝင်ရောက်လိုက်ကြသည်။

မရေမတွက်နိုင်သော စစ်တပ်များသည် စုစည်းနေပြီး သူတို့၏ သွေးချီသည် အာကာသတစ်ခုလုံးကို အနီရောင်သန်းသွားစေသည်။

“သူတို့က ရူးသွားပြီလား။ ကောင်းကင်အံ့ဖွယ်ကမ္ဘာက အဆုံးအဖြတ်စစ်ပွဲကို စတင်လိုက်တယ်ပေါ့”

အာကာသထဲတွင် တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများက ထိတ်လန့်စွာ ပြောလိုက်ကြသည်။

သူတို့က နှစ်တစ်ရာပြည့်သည်အထိ မစောင့်ဘဲ တိုက်ခိုက်ရန် စီစဉ်ခဲ့ကြသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်က တကယ်ပြတ်သားတာပဲ”

လူတစ်ယောက်က ရေရွတ်လိုက်ပြီး ကောင်းကင်အား အလင်းပေးနေသော ‌သွေးနဂါးကို လှမ်းကြည့်သည်။

ကမ္ဘာနှစ်ခု၏ စစ်ပွဲသည် စတင်ခဲ့ပြီဖြစ်သည်။ စစ်တပ်ခေါင်းဆောင်များ၏ ခွန်အားသည် တာအိုဘိုးဘေးများထက်ပင် မြင့်မားနေသည်။

“နှစ်တစ်ရာအပြီး ဒီနေ့မှာတော့ အမှန်တကယ် စတင်ခဲ့ပြီ”

အာကာသထဲတွင် တီးတိုးစကားသံကို ကြားနိုင်သည်။

ယနေ့သည် အစဖြစ်သည်။

တာအိုပြိုင်ပွဲကို စောင့်ကြည့်နေကြသော ကျင့်ကြံသူများသည် အတွေးများကို ပစ်ချလိုက်ပြီး အာကာသထဲတွင်ရှိသော စစ်တပ်ကို ကြည့်လိုက်သည်။

ဟန်မူယဲ့က အမိန့်ထုတ်လိုက်သောအခါတွင် ဟွမ်ကျစ်ဟူက ရှေ့တန်းသို့ ချက်ချင်းပြန်သွားပြီး သန်းချီသော ဓားကျင့်ကြံသူများကို ဦးဆောင်လိုက်သည်။

ဓားကျင့်ကြံသူများသည် မရပ်တန့်ဘဲ အင်မော်တယ်ဝိညာဉ်ကမ္ဘာသို့ ချက်ချင်း ပြေးဝင်လာကြသည်။

ဓားကျင့်ကြံသူသုံးသန်းသည် ဓားဝင်္ကပါသုံးခုကို ဖန်တီးထားသည်။ မရေမတွက်နိုင်သော ဓားအလင်းများသည် ဓားရှည်တစ်လက်အဖြစ် စုစည်းသွားခဲ့သည်။ ဓားတစ်ချက်သည် ကြယ်တစ်စင်းကို ဖျက်ဆီးပစ်နိုင်သည်။

အာကာသထဲတွင် သောင်းကျန်းနေသော ဓားကျင့်ကြံသူများ၏ ဝင်္ကပါကို မည်သူမှ မတားဆီးနိုင်ကြပေ။

သန်းချီသော ဓားကျင့်ကြံသူများသည် ဆယ့်သုံးရက်အတွင်း၌ မိုင်ပေါင်းရှစ်သန်းကို ဖြတ်ကျော်ပြီး ကြယ်တစ်ထောင့်သုံးဆယ်ကို ဖျက်ဆီးခဲ့သည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ခံစစ်သည် ပျက်စီးသွားခဲ့သည်။ စစ်တပ်ဝင်္ကပါသည် နောက်ဆုတ်ပေးလိုက်ရသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် နှစ်တစ်ရာပြည့်ရန် နှစ်ပေါင်းနှစ်ဆယ်အလိုတွင် အဆုံးအဖြတ်တိုက်ပွဲကို ဆင်နွှဲလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

အင်မော်တယ်ဝိညာဉ်ကမ္ဘာဖြစ်စေ၊ နောက်ကွယ်တွင်ရှိနေသော အင်အားစုဖြစ်စေ၊ အာကာသထဲတွင်ရှိသော တစ်ကိုယ်တော်ကျင့်ကြံသူနှင့် ကြားနေကျင့်ကြံသူများဖြစ်စေ လမ်းပျောက်သွားကြသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဓားကျင့်ကြံသူသုံးသန်းသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာကို နှစ်ပိုင်းဖြတ်လုနီးပါး သောင်းကျန်းလာခဲ့ပြီး စစ်တပ်၏တားဆီးခြင်းကို ခံလိုက်ရသည်။

စစ်သည်သန်းရှစ်ဆယ်ရှိသော အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်ကို ကောင်းကင်အဆင့် ကျင့်ကြံသူ တစ်သိန်းရှစ်သောင်းက ဦးဆောင်ထားခဲ့သည်။ ထို့အပြင် နတ်ဘုရားခုံရုံး၏ ရတနာတိုက်မှ ရလာသော အင်မော်တယ်ရတနာနှင့် ထိပ်တန်းအဆင့် မှော်ရတနာ သုံးထောင်ကိုလည်း အသုံးပြုထားသည်။ သူတို့က ခံစစ်ကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။

သို့သော် သုံးရက်အကြာတွင် မိစ္ဆာနဂါးကို စီးနင်းလာသော ဟွမ်ခြောက်ကြောင့် ပျက်စီးသွားခဲ့သည်။

အထွတ်အထိပ်အဆင့် ရတနာဖြစ်သော လောကတည်ငြိမ်ခြင်းမြေပုံကို ပိုင်ဆိုင်ထားသည့် ဟွမ်ခြောက်သည် မိစ္ဆာနဂါး၏စွမ်းအားကို လှုံ့ဆော်၍ အင်မော်တယ်ရတနာဖြစ်သော ထောင်ချီသွားစွယ်ဓားကို တစ်ချက်တည်း ဖျက်ဆီးပစ်ခဲ့သည်။ ထို့အပြင် စစ်တပ်ဝင်္ကပါသုံးခုကိုလည်း ဝါးမြိုပြီး တာအိုစစ်ပွဲကို အဆုံးစွန်အထိ တွန်းပို့လိုက်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စစ်တပ်သည် မိုင်ဆယ်သန်းအထိ ချီတက်လာနိုင်ခဲ့သည်။

စစ်တပ်တစ်ခုလုံးသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရှေ့တက်လာကြသည်။

ထိုအချိန်တွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာက အဆုံးအဖြတ်စစ်ပွဲအား စတင်လိုက်သော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ လုပ်ရပ်ကို နားလည်သွားသည်။

သို့သော် သူတို့က စစ်တပ်ကို မစုစည်းနိုင်ခင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စစ်သည်သန်းသုံးရာသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကြယ်များကို ဝိုင်းရံတိုက်ခိုက်နေကြပြီ ဖြစ်သည်။

သတ် ....

အညံ့မခံလျှင် ပျက်စီးသွားရမည်။

ကောင်းကင်အံ့ဖွယ်စစ်တပ်၏ သံမဏိစိတ်ဓာတ်သည် လူတစ်ယောက်ကို အရိုးထဲအထိ အေးစက်သွားစေနိုင်သည်။

သူတို့က ကြယ်တစ်စင်းကို ဖျက်ဆီးလိုက်သောအခါတွင် ခုခံမှုများအားလုံးသည် ပျောက်ကွယ်သွားခဲ့သည်။

စစ်တပ်သည် ကြယ်တစ်ရာကို သိမ်းပိုက်ပြီး သက်ရှိသန်းသုံးထောင်ကို ဖိနှိပ်၍ ဆက်လက် ချီတက်လာသည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်သည် အဆုံးမရှိသော အားကောင်းသည့် စစ်သည်များ၏ရှေ့တွင် နောက်ဆုတ်ပေးရုံသာ တတ်နိုင်သည်။

ဟန်မူယဲ့က အမိန့်ထုတ်လိုက်သော အချိန်မှစ၍ အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ပိုင်နက်တစ်ဝက်ခန့်ကို သိမ်းပိုက်ထားနိုင်သည်အထိ တစ်နှစ်သာ ကြာမြင့်ခဲ့သည်။

ထိုအမြန်နှုန်းကြောင့် တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော မဟာကျင့်ကြံသူကြီးများက ဆွံ့အသွားကြသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် သန်းထောင်ချီနေသော စစ်တပ်ကို မည်သို့ အမိန့်ပေးနိုင်သနည်း။

သန်မာသောစိတ်စွမ်းအင်နှင့် တည်ငြိမ်သောဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် မဟာကျင့်ကြံသူကြီးတစ်ယောက် ဖြစ်နေလျှင်ပင် ထိုသို့ ကြီးမားလှသော စစ်တပ်ကို ကွပ်ကဲရန်အတွက် ခက်ခဲလိမ့်မည်။

“ကောင်းကင်အံ့ဖွယ်စစ်တပ်က အင်မော်တယ်ဝိညာဉ်ကြယ်ကို မကြာခင်မှာ ဝိုင်းရံသွားလိမ့်မယ်လို့ ထင်လား”

တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးတစ်ယောက်က မေးလိုက်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ လှုပ်ရှားမှုအရ အင်မော်တယ်ဝိညာဉ်ကြယ်ကို ဝါးမြိုရန် ရည်ရွယ်ထားပုံပေါ်သည်။

“ဒါပေမဲ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ နောက်ကွယ်မှာ အထက်ဘုံသုံးပါးရဲ့ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်း ရှိနေတယ်။ အင်မော်တယ်ဝိညာဉ်ကြယ်ကို တိုက်ခိုက်ဖို့ မလွယ်လောက်ဘူး”

စစ်တပ်ကိုကြည့်နေသော တာအိုဘိုးဘေးတစ်ယောက်က တီးတိုးပြောလိုက်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ဓားကျင့်ကြံသူများကို စုစည်းထားပြီး သောင်းကျန်းနေသည်။

သို့သော် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ နောက်ကွယ်တွင်ရှိနေသော တာအိုဂိုဏ်းများသည် ပိုမိုသန်မာကြသည်။

အထက်ဘုံသုံးပါး၏ ယွီလင်တာအိုဂိုဏ်းအပြင် တခြားဂိုဏ်းတချို့သည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ နောက်ကွယ်တွင် ရှိနေကြသည်။

အင်မော်တယ်ဝိညာဉ်ကြယ်ကို လွယ်ကူစွာ သိမ်းပိုက်နိုင်လျှင် တာအိုဂိုဏ်းများ၏ ဂုဏ်သတင်းသည် ဓားတာအိုကြောင့် ပျက်စီးသွားရလိမ့်မည်။

အစစ်အမှန်တိုက်ပွဲသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ရွေးချယ်မှုအပေါ်တွင် မူတည်နေလိမ့်မည်ဟု အင်အားစုအမျိုးမျိုးက ကောက်ချက်ချထားကြသည်။

တစ်နည်းပြောရလျှင် အမတ်ချုပ်ကြီးဟန်၏ ရွေးချယ်မှု ဖြစ်သည်။

တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများထဲတွင် အများစုသည် အင်မော်တယ်တက်လှမ်းစင်မြင့်နှင့် ပတ်သတ်၍ မသိကြပေ။

သူတို့က တာအိုပြိုင်ပွဲ၏ရလဒ်ကို သိချင်နေကြသည်။

ထိုအချိန်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ နန်းမြို့တော်တွင်ရှိသော တော်ဝင်ခန်းဆောင်တွင် တောက်ပနေသော အလင်းလွှာတစ်ခုသည် လေထုထဲတွင် မျောလွင့်နေသည်။

မရေမတွက်နိုင်သော အကာအကွယ်ဝင်္ကပါများသည် ခန်းဆောင်၏ အပြင်ဘက်တွင် ရှိနေကြသည်။ တာအိုဘိုးဘေးများ၏ နတ်အာရုံကပင် ထိုဝင်္ကပါများကို ထိုးဖောက်နိုင်မည်မဟုတ်ပေ။

ခန်းဆောင်၏အလယ်တွင် ရှိနေသော အလင်းလွှာကို မြင်လိုက်လျှင် လူတိုင်းက စိတ်လှုပ်ရှားပြီး အံ့အားသင့်သွားကြလိမ့်မည်။

ထိုအလင်းလွှာသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ပတ်ဝန်းကျင်အာကာသ၏ မြေပုံပင် ဖြစ်သည်။

ထိုမြေပုံကို ရှင်းလင်းစွာမြင်နေရပြီး တစ်ဖက်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အရာရှိတစ်သောင်းက စားပွဲရှည်တွင်ထိုင်လျက် တွက်ချက်မှုများကို ပြုလုပ်နေကြသည်။

All Chapters