← Chapters

အခန်း (၇၃၅)

Vol. 53 Ch. 735

အခန်း (၇၃၅)

Vol. 53 Ch. 735

“နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ရမှာလား”

ဝမ်မော့ရှန်က ခေါင်းခါသည်။

“မင်းက နတ်ဘုရားခုံရုံးကို ပြန်ပြီးတည်ဆောက်ချင်ရင် ငါက ရှေးခေတ်နတ်ဘုရားခုံရုံးရဲ့ အကြွင်းအကျန်တချို့ကို ပေးလို့ရတယ်။ နတ်ဘုရားခုံရုံးရဲ့ ဂုဏ်ကျက်သရေကို တမ်းတနေသေးတဲ့ အရာရှိတချို့က မင်းနောက်ကို လိုက်ကြလိမ့်မယ်”

အရာရှိဟောင်းများ ရှိနေကြသည်။

သို့သော် နတ်ဘုရားခုံရုံအား ပြန်လည်တည်ဆောက်ခြင်းသည် မတူညီသောအရာ ဖြစ်သည်။

ဤလောကသည် နှစ်ပေါင်းများစွာကြာသည်အထိ ဖိနှိပ်မှုမရှိဘဲ လွတ်လပ်နေခဲ့သည်။ ဤလောက၏တာဝန်ကို မည်သူက ထမ်းဆောင်ချင်မည်နည်း။

“ကျွန်တော်က နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ဖို့ စိတ်ကူးမရှိဘူး”

ဟန်မူယဲ့က ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။

“ကျွန်တော်က ကောင်းကောင်းမွန်မွန်ကျင့်ကြံပြီး မမြင်ရသေးတဲ့အရာတွေကို ကြည့်ချင်ရုံပါပဲ”

သူက အမြင့်သို့ရောက်လေ ပိုမိုကြောက်ရွံ့လေဖြစ်ပြီး အထီးကျန်သော တောင်ထိပ်သို့ ပိုတက်သွားချင်လေ ဖြစ်သည်။

ထိုတွန်းအားကြောင့် မဟာကျင့်ကြံသူများသည် ရည်မှန်းချက်၏နောက်သို့ လိုက်၍ အတားအဆီးများကို ချိုးဖျက်ကြသည်။

ဟန်မူယဲ့က မဟာကျင့်ကြံသူတစ်ယောက်၏ စိတ်ဓာတ်ကို အလိုလျောက် ပိုင်ဆိုင်လာခဲ့သည်။

“အမတ်ချုပ်ကြီးက နတ်ဘုရားခုံရုံးကို ပြန်ပြီး မတည်‌ဆောက်ချင်ဘူးဆိုတော့ ဘာကို လိုချင်တာလဲ”

ဟန်မူယဲ့က ဝမ်မော့ရှန်ကို မေးလိုက်သည်။

‘နတ်ဘုရားခုံရုံးကို ဖျက်ဆီးခဲ့တဲ့ ရှေးခေတ်ပုဂ္ဂိုလ်ကြီးတွေကို လက်စားချေချင်တာလား’

ယခင်က နတ်ဘုရားဧကရာဇ်သည် ထိုသို့ မလုပ်နိုင်ခဲ့ပေ။ ယခုအချိန်တွင်လည်း လုပ်နိုင်မည်မဟုတ်ပေ။

“ငါ့မှာ ကိုယ်ပိုင်ရည်မှန်းချက်တွေ ရှိပါတယ်”

ဝမ်မော့ရှန်က ခေါင်းခါလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ကောင်လေး၊ ငါတို့က ဒီတာအိုပြိုင်ပွဲမှာ တတ်နိုင်သမျှ ကြိုးစားကြမယ်။ ဒါပေမဲ့ တာအိုပြိုင်ပွဲရဲ့ ရလဒ်ကတော့ ကံကြမ္မာအတိုင်းပဲ ဖြစ်သွားလိမ့်မယ်”

“တကယ်လို့ အထက်ဘုံသုံးပါးရဲ့ ရှေးခေတ်ကျင့်ကြံသူကြီးတွေက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို စတေးဖို့ ဆုံးဖြတ်လိုက်ရင် မင်းကာကွယ်ချင်တဲ့လူတွေကို အကောင်းဆုံးကြိုးစားပြီး ကာကွယ်ပေးပါ။ သူတို့ကို ခေါ်ထုတ်သွားလိုက်ပါ”

“မင်းမှာ တာအိုဓားတစ်လက်ရှိတာ ငါသိတယ်။ အဲဒီဓားက သန်းချီနေတဲ့ သက်ရှိတွေကို ခေါ်ဆောင်ပြီး အာကာသထဲမှာ သွားလာနိုင်တယ်”

ဝမ်မော့ရှန်က လက်မြှောက်လိုက်ပြီး အစိမ်းရောင်ချိပ်တံဆိပ်တစ်ခုကို ပစ်ပေးသည်။

“ဒါက ငါ့ဂိုဏ်းရဲ့ ချိပ်တံဆိပ်ပဲ။ မင်းက အင်မော်တယ်ကမ္ဘာကို သွားဖို့ အခွင့်အရေးရှိလာရင် ယူသွားလိုက်ပါ”

ဟန်မူယဲ့က ဖမ်းယူလိုက်ပြီး မူရုံကျန့်ဟူသော စာလုံးများကို မြင်လိုက်ရသည်။

နတ်ဘုရားဧကရာဇ်၏ နာမည်သည် မူရုံကျန့် ဖြစ်သည်။

သူက အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်ဂိုဏ်းတွင် ထိုနာမည်ဖြင့် နေထိုင်ခဲ့သည်။

ယခုအချိန်တွင် သူက ဝမ်မော့ရှန် ဖြစ်သည်။

ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်သောအခါတွင် ဝမ်မော့ရှန်က ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သူက ကျောက်စိမ်းတံဆိပ်ပြားကို ကိုင်ထားပြီး မျက်လုံးများက တောက်ပလာကြသည်။

သူက လှုပ်ရှားလိုက်ပြီး တည်နေရာကို ကျော်ဖြတ်၍ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ နန်းမြို့တော်သို့ ရောက်လာသည်။

နန်းမြို့တော်၏ အဓိကခန်းဆောင်တွင် သောင်းချီသော အရာရှိများသည် ကြယ်မြေပုံ၏ရှေ့တွင် စစ်ပွဲနည်းဗျူဟာနှင့် ပတ်သတ်၍ ကြိုးစားတွက်ချက်နေကြသည်။

သူတို့က ဟန်မူယဲ့ ရောက်လာသောကြောင့် အာရုံပျက်မသွားကြပေ။

“ငါတို့ အနိုင်ရဖို့ အခွင့်အရေး ဘယ်လောက်ရှိလဲ”

ဟန်မူယဲ့က အလင်းလွှာ၏ရှေ့တွင် ရပ်နေပြီး တီးတိုးမေးလိုက်သည်။

“လက်ရှိအခြေအနေအရ ကောင်းကင်အံ့ဖွယ်ကမ္ဘာက သေချာပေါက် နိုင်လိမ့်မယ်”

သူ့နောက်တွင် ရှုဝေက စကားပြောလိုက်သည်။

ရှုဝေက အရာရှိများ၏ ခေါင်းဆောင် ဖြစ်သည်။

ခန်းဆောင်အတွင်း၌ အရာရှိများအားလုံးသည် သူ၏ ဦးဆောင်မှုအောက်တွင် ရှိနေကြသည်။

အရေးကြီးသောအချိန်တွင် သူက လုပ်ဆောင်မှုအဆင့်ဆင့်ကို ကျော်ဖြတ်၍ တိုက်ရိုက် အမိန့်ထုတ်နိုင်သည်။

“လက်ရှိအခြေအနေလား”

ဟန်မူယဲ့က ရှေ့တွင်ရှိနေသော အလင်းလွှာကို ကြည့်လိုက်သည်။

အလင်းလွှာပေါ်တွင် ကောင်းကင်အံ့ဖွယ်စစ်တပ်သည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ အင်အားစုများကို ဝိုင်းရံ၍ လူစုခွဲထားခဲ့သည်။ အင်မော်တယ်ဝိညာဉ်ကြယ်၏ ပတ်ဝန်းကျင်တွင် အတားအဆီးသုံးခုကို ပြုလုပ်ထားသည်။

သာမန်စစ်ပွဲတစ်ခု ဖြစ်နေလျှင် အရာအားလုံးက အနိုင်ပွဲနှင့်အတူ အဆုံးသတ်သွားလိမ့်မည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာက ထိရောက်သော တုံ့ပြန်မှုကို မလုပ်နိုင်ခဲ့ပေ။

လွန်ခဲ့‌သော တစ်နှစ်တွင် အရာရှိတစ်သောင်းသည် အပြင်းအထန်ကြိုးစားပြီး စစ်ပွဲ၏ ဖြစ်နိုင်ချေနှင့် နည်းဗျူဟာများကို အဆုံးစွန်အထိ တွက်ချက်ပေးခဲ့ကြသည်။

ထိုသို့ဖြင့် လက်ရှိအခြေအနေကို ဖော်ဆောင်နိုင်ခဲ့သည်။

“နောက်ထပ် ဘာဆက်လုပ်မှာလဲ”

ဟန်မူယဲ့က အကြည့်မလွှဲဘဲ မေးလိုက်သည်။

“ဝိုင်းရံပြီး သတ်ဖြတ်မယ်”

ရှုဝေက တိုက်ရိုက် ဖြေလိုက်သည်။

အင်မော်တယ်ဝိညာဉ်ကြယ်ကို ဝိုင်းရံထားပြီး သတ်ဖြတ်မည်။

စစ်တပ်ကို အသုံးပြု၍ အင်မော်တယ်ဝိညာဉ်ကြယ်ကို ဖြည်းဖြည်းချင်း ပျက်စီးသွားစေမည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ အသက်စွမ်းအားကို ပျောက်ကွယ်သွားစေမည်။

ထိုစစ်ပွဲမျိုးသည် စိတ်လှုပ်ရှားဖွယ် မကောင်းပေ။

သို့သော် တာအိုပြိုင်ပွဲတွင် အနိုင်ရရန်အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

တာအိုပြိုင်ပွဲသည် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးလိမ့်မည်။ ယာယီရလဒ်သည် အရေးမကြီးပေ။

ပြိုင်ဘက်က အပြည့်အဝ ပျက်စီးသွားရန် လိုအပ်သည်။

“အင်မော်တယ်ဝိညာဉ်ကမ္ဘာက ဘယ်လိုတုံ့ပြန်မလဲ”

ဟန်မူယဲ့က မေးလိုက်ပြန်သည်။

ရှုဝေက စကားမပြောဘဲ လက်မြှောက်၍ လူတစ်ယောက်ကို လှမ်းခေါ်သည်။

အစိမ်းရောင်ဝတ်စုံနှင့် ကျောင်းတော်သားတစ်ယောက်က မတ်တပ်ရပ်ပြီး ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။

“ကျားပေါက်လေးလား။ မင်းက အခု အရာရှိ ဖြစ်နေတာလား”

ဟန်မူယဲ့က အပြစ်ကင်းပုံရသော လူငယ်လေးကို ကြည့်လိုက်သည်။

‘ဒါက ရှောက်တထျန်းနဲ့ စွေ့စွေ့တို့ရဲ့ ကလေးမဟုတ်လား’

“အမတ်ချုပ်ကြီးဟန်ကို တင်ပြပါတယ်။ ရှောက်ထျန်ဖုန်းက ကိုယ်ပိုင်အသိပညာနဲ့ အရာရှိတစ်ယောက် ဖြစ်လာခဲ့ပါတယ်”

ရှုဝေက ပေါ့ပါးစွာ ရယ်လိုက်ပြီး ပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ရှောက်ထျန်ဖုန်း။ နဂါးနောက်သို့ လိုက်လာသော ကျား၊ ကျားနောက်သို့ လိုက်လာသော လေပြင်း။ ရှောက်တထျန်းက လူအများအပြားနှင့် တိုင်ပင်၍ ထိုနာမည်ကို ပေးခဲ့သည်။

“အမတ်ချုပ်ကြီးဟန်၊ ကျွန်တော်တို့က ၇၈ကြိမ် တွက်ချက်ကြည့်ပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ ဖြစ်နိုင်ချေရှိတဲ့ တုံ့ပြန်မှုသုံးခုကို ရှာဖွေခဲ့ပါတယ်”

ရှောက်ထျန်ဖုန်းက ပြတ်သားသောအသံဖြင့် ကျယ်လောင်စွာပြောလိုက်သည်။

ဟန်မူယဲ့က သူ့ကို ကြည့်သည်။

“ပထမတစ်ခုကတော့ စစ်တပ်ကို စုစည်းပြီး ကျွန်တော်တို့ရဲ့ ကောင်းကင်အံ့ဖွယ်စစ်တပ်ကို ပြန်လည်ဝိုင်းရံလိုက်တာပါပဲ”

“ကျွန်‌တော်တို့က စစ်တပ်အင်အားမှာ အားသာချက် မရှိပါဘူး။ အင်မော်တယ်ဝိညာဉ်စစ်တပ်က ဆုံးဖြတ်ချက်ချထားမယ်ဆိုရင် ကောင်းကင်အံ့ဖွယ်စစ်တပ်ရဲ့ ဝိုင်းရံမှုကို ချိုးဖျက်နိုင်ပါလိမ့်မယ်”

“အဲဒီအခြေအနေနဲ့ ရင်ဆိုင်ဖို့အတွက် ကျွန်တော်တို့ စစ်တပ်တွေက သုံးဆပိုပြီး လျင်မြန်အောင် လှုပ်ရှားရပါမယ်။ အရေးအကြီးဆုံးအနေနဲ့ ဓားကျင့်ကြံသူဝင်္ကပါက ရန်သူတွေရဲ့ ရှေ့ပြေးတပ်တွေကို အချိန်မရွေး ဖိနှိပ်ထားရပါမယ်”

ရှောက်ထျန်ဖုန်းက တုံ့ဆိုင်းမနေဘဲ စစ်ပွဲ၏အခြေအနေနှင့် ပြန်လည်တုံ့ပြန်ရမည့်နည်းလမ်းကို ပြောပြလိုက်သည်။

ဟန်မူယဲ့က တိတ်ဆိတ်နေသောအခါတွင် သူက ဆက်ပြောသည်။

“ဒုတိယဖြစ်နိုင်ချေကတော့ အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ နောက်ကွယ်မှာရှိနေတဲ့ အင်အားစုတွေက လှုပ်ရှားလာတာပါပဲ။ သူတို့က ကောင်းကင်အံ့ဖွယ်စစ်တပ်ရဲ့ ‌‌ခေါင်းဆောင်တွေကို ပစ်မှတ်ထားပါလိမ့်မယ်။ အထူးသဖြင့် ဓားကျင့်ကြံသူတွေရဲ့ခေါင်း‌ဆောင် ဟွမ်ကျစ်ဟူကိုပါပဲ”

သန်းချီနေသော ဓားကျင့်ကြံသူများကို ဦးဆောင်ထားသည့် ဟွမ်ကျစ်ဟူသည် ကောင်းကင်အံ့ဖွယ်စစ်တပ်၏ ဦးဆောင်တိုက်ခိုက်သူ ဖြစ်သည်။

အကယ်၍ ဟွမ်ကျစ်ဟူက လုပ်ကြံခံရလျှင် ကောင်းကင်အံ့ဖွယ်စစ်တပ်၏ တိုက်ခိုက်နိုင်စွမ်းသည် တစ်ဝက်ခန့် လျော့ကျသွားလိမ့်မည်။

“တတိယဖြစ်နိုင်ချေက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တိုက်ရိုက်တိုက်ခိုက်တာလား”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“အမတ်ချုပ်ကြီးဟန်ပြောတာ မှန်ပါတယ်”

ရှောက်ထျန်ဖုန်းက ခေါင်းညိတ်သည်။

“အမတ်ချုပ်ကြီးဟန်၊ စစ်တပ်ကို ကောင်းကင်အံ့ဖွယ်ကမ္ဘာဆီ ပြန်ခေါ်လိုက်ရမလား”

ရှုဝေက ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

“အရမ်းနောက်ကျသွားပြီ”

‘နောက်ကျသွားပြီ’

ထိုစကားကြောင့် ခန်းဆောင်ထဲတွင်ရှိနေသော လူတိုင်းသည် ထိတ်လန့်သွားကြသည်။

“ဘုန်း”

အာကာသထဲတွင် ကျယ်လောင်သောပေါက်ကွဲသံကို ကြားနိုင်သည်။

နန်းမြို့တော်၏ မဟာဝင်္ကပါသည် ချက်ချင်း အသက်ဝင်လာခဲ့သည်။

“သတင်းပို့ပါတယ်။ အင်မော်တယ်ဝိညာဉ်စစ်တပ်က အရပ်ရှစ်မျက်နှာမှာ စုစည်းနေပြီး တိုက်ခိုက်လာပါတယ်။ ရှေ့တန်းစစ်တပ်က ဝိုင်းရံခံရလို့ မဖြစ်ပါဘူး”

“သတင်းပို့ပါတယ်။ အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ ကျွမ်းကျင်သူတွေက ဓားကျင့်ကြံသူတွေရဲ့ ဝင်္ကပါကို တိုက်ခိုက်နေကြပါတယ်။ ဧရာမဝင်္ကပါကြီးတစ်ခုက သူတို့ကို ဖိနှိပ်ထားပါတယ်။ ခေါင်းဆောင်ဟွမ်ကျစ်ဟူကို ဝိုင်းရံထားကြပါတယ်”

“အမတ်ချုပ်ကြီးဟန်၊ အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ သင်္ဘောပျံသုံးဆယ်က ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ မိုင်တစ်သိန်းအကွာကို ရောက်လာပါပြီ။ ရှေ့ပြေးတပ်တွေက ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ နီးကပ်နေပါပြီ”

အရေးပေါ်သတင်းပို့ချက်များသည် ခန်းဆောင်၏အပြင်ဘက်တွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။

ခန်းဆောင်ထဲတွင် တွက်ချက်နေကြသော အရာရှိများအားလုံးက ခေါင်းမော့ကြည့်လိုက်ကြသည်။

“ဘယ်လိုလဲ။ အနိုင်ရဖို့ အခွင့်အရေး ရှိသေးလား”

ဟန်မူယဲ့က ရှုဝေကိုကြည့်လိုက်ပြီး တီးတိုးမေးသည်။

ရှုဝေ၏ မျက်နှာထားက တည်ငြိမ်နေပြီး ခေါင်းခါသည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် အဆပေါင်းများစွာ ပိုမိုသန်မာသည်။

ဟန်မူယဲ့၏ ကြိုတင်တိုက်ခိုက်မှုကြောင့်သာ မဟုတ်လျှင် တာအိုပြိုင်ပွဲ၏ နှစ်တစ်ရာအချိန်၌ ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ခုခံနိုင်မည် မဟုတ်ပေ။

ယခုအချိန်တွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာက တုံ့ပြန်ခဲ့သည်။ ပြန်လည်တိုက်ခိုက်မှု သုံးခုသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထိုးနှက်လိုက်သည်။

ရှေ့တန်းစစ်တပ်သည် အင်အားမလုံလောက်ပေ။ ဓားဝင်္ကပါသည် အားကောင်းသော်လည်း ဦးဆောင်မည့်လူကို လိုအပ်သည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ဗလာဖြစ်နေသည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ပြန်လည်တိုက်ခိုက်မှု သုံးခုသည် အလွန်ပြောင်မြောက်သည်။

ချက်ချင်းဆိုသလိုပင် စစ်ပွဲအခြေအနေသည် ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အသာစီးရမှုသည် ရှုံးနိမ့်မှုအဖြစ် ပြောင်းလဲနေသည်။

“ဟုတ်တယ်။ ဘယ်လိုပဲ အစီအစဉ်ချနေပါစေ နောက်ဆုံးမှာတော့ ကိုယ်ပိုင်ခွန်အားအပေါ်မှာ မူတည်နေတာပဲ”

“ဘယ်သူက ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်ချင်မှာလဲ”

ဟန်မူယဲ့က တိုက်ခိုက်လိုစိတ်များနှင့် ပြည့်နှက်နေသော မျက်လုံးတစ်စုံဖြင့် ရှေ့သို့ ကြည့်လိုက်သည်။

“ဒါပေမဲ့ ကျောက်တုံးကို ကြက်ဥနဲ့ မပေါက်ခဲ့ရင် သူတို့က မင်းမှာရှိနေတဲ့ ကြက်ဥတွေအားလုံးကို ခွဲပစ်ကြလိမ့်မယ်”

“ဘုန်း”

အာကာသထဲတွင် နောက်ထပ် ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။

အက်ကွဲကြောင်းတစ်ခုသည် ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။

ဗလာဖြစ်နေသော ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွင်းသို့ အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကျွမ်းကျင်သူများသည် တိုးဝင်လာကြသည်။

ကောင်းကင်သည် အက်ကွဲသွားပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် တုန်ခါနေသည်။

“အင်မော်တယ်ဝိညာဉ်စစ်တပ်က မကောင်းဆိုးဝါးဟန်မူယဲ့ကို သတ်ဖြတ်ဖို့ ရောက်လာခဲ့တယ်။ တခြားလူတွေနဲ့ ဘာမှမဆိုင်ဘူး”

အသံတစ်သံကို ကြားနိုင်သည်။

ဟန်မူယဲ့ကိုသာ သတ်ဖြတ်ကြမည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ ကျွမ်းကျင်သူများ၏ အမြင်တွင် ဟန်မူယဲ့သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် ပိုမိုအဖိုးတန်သည်။

ဟန်မူယဲ့ကို သတ်နိုင်လျှင် ရှေ့တန်းတွင်ရှိနေသော ကောင်းကင်အံ့ဖွယ်စစ်တပ်သည် သေချာပေါက် ပြိုလဲသွားလိမ့်မည်။

ဟွမ်ကျစ်ဟူကို ဝိုင်းရံပြီး ဓားဝင်္ကပါကို ဖိနှိပ်ထားသကဲ့သို့ ဖြစ်သည်။

“တော်ဝင်အမိန့်စာ၊ နန်းမြို့တော်အစောင့်တပ်တွေက ငါနဲ့အတူ တိုက်ပွဲကို ရင်ဆိုင်ရမယ်။ ငါတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာထဲကို ဝင်ရောက်လာတဲ့ အပြင်လူတွေကို ဖိနှိပ်ပြီး သက်ရှိတွေကို ကာကွယ်ရမယ် ....”

ဧကရာဇ်ယွင်သွမ့်၏အသံကို ကြားနိုင်သည်။

သင်္ဘောပျံများသည် နန်းမြို့တော်၏အထက်တွင် စုစည်းလာကြသည်။

နန်းမြို့တော်၏ အပြင်ဘက်တွင်ရှိသော တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောသည် နှစ်တစ်ရာခန့် ကျောက်ချထားသောနေရာမှ ထွက်ခွာလာပြီး နန်းမြို့တော်သို့ ပျံသန်းသွားခဲ့သည်။

ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော မင်းသမီးယွင်ကျင်းက ဓားရှည်တစ်လက်ကို ကိုင်ထားသော ဧကရာဇ်ယွင်သွမ့်နှင့်အတူ ရပ်နေသည်။

ယွင်ကျင်းက အောက်တွင်ရှိနေသော နန်းတော်ကို ကြည့်လိုက်သည်။

“ကျွန်မ အသက်ရှင်လျက် ပြန်လာနိုင်ရင် ရှင့်အတွက် ကပြနိုင်အုံးမလား သိချင်မိတယ် ....”

သူမက တီးတိုးပြောလိုက်ပြီး တစ်ဖက်သို့ လှည့်သည်။

သူမ၏ဘေးတွင် ယွင်သွမ့်၏နှုတ်ခမ်းများက လှုပ်ရှားသွားကြသော်လည်း အဆုံးတွင် မည်သည့်အရာကိုမှ မပြောခဲ့ပေ။

“ဝူ ....”

ခရာသံကို ကြားနိုင်သည်။ သင်္ဘောပျံများသည် ကောင်းကင်ထက်သို့ ပျံသန်းသွားကြသည်။

အင်္ကျီလက်ဝကျယ်သော ဝတ်ရုံရှည်နှင့် ကျောင်းတော်သားများသည် ပျံသန်းလာကြသည်။

အဝေးတစ်နေရာတွင် တာအိုဂိုဏ်း၏ ကျွမ်းကျင်သူများက တိမ်တိုက်များကို စီးနင်းလာကြသည်။

အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများနှင့် တောင်ပိုင်းကုန်းမြေ၏ မိစ္ဆာများကလည်း လှုပ်ရှားလာကြသည်။ အနောက်ဘက်နယ်စပ်ကုန်းမြေတွင် လရောင်ဖြူဝတ်စုံနှင့် အစိမ်းရောင်ဓားတစ်လက်ကို ကိုင်ထားသော ပိုင်စုကျန်းသည် မိစ္ဆာချီများကိုထုတ်လွှတ်၍ ပျံတက်သွားသည်။

ယခုအချိန်တွင် ကောင်းကင်သည် အက်ကွဲနေသည်။ မရေမတွက်နိုင်သော ပုံရိပ်များသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် တိုက်ခိုက်ရန် ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။

All Chapters