အခန်း (၇၄၀)
Vol. 53 Ch. 740
သုံးလအကြာတွင် အင်မော်တယ်ဝိညာဉ်စစ်တပ်နှင့် ကောင်းကင်အံ့ဖွယ်စစ်တပ်၏ ပထမဆုံးအကြိမ် အပြင်းအထန်တိုက်ခိုက်မှုသည် ပြီးဆုံးသွားခဲ့သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် လျင်မြန်စွာလှုပ်ရှားပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာကို တိုက်ခိုက်၍ အင်မော်တယ်ဝိညာဉ်ကြယ်ကို ဖျက်ဆီးနိုင်ခဲ့သည်။
အင်မော်တယ်ဝိညာဉ်စစ်တပ်၏ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို အလစ်တိုက်ခိုက်ခြင်းသည် မအောင်မြင်ခဲ့ပေ။ အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ခေါင်းဆောင်ဖြစ်သော တန့်ဝူယိုက ကျဆုံးသွားခဲ့သည်။
တာအိုပြိုင်ပွဲတွင် စစ်တပ်များ၏ တိုက်ခိုက်မှုဖြစ်စေ ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုဖြစ်စေ ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အနိုင်ရခဲ့သည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် လက်ကျန်စစ်သည်များနှင့်အတူ အထက်ဘုံသုံးပါး၏ ကျွမ်းကျင်သူများကို မှီခို၍ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရုံသာ တတ်နိုင်ခဲ့သည်။ သူတို့က အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ဆယ်ပုံတစ်ပုံကိုသာ ပိုင်ဆိုင်တော့သည်။
တစ်ဖက်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အင်မော်တယ်ရတနာနှစ်ခုကို ဆုံးရှုံးခဲ့ရသော်လည်း တာအိုပြိုင်ပွဲတွင် ဘက်ပေါင်းစုံ၌ အားသာချက်ရှိနေသည်။
ထို့အပြင် ရှေးတိမ်တိုက်စကြဝဠာနှင့် ဆက်သွယ်နေသော အာကာသလမ်းကြောင်းကို ဖွင့်လှစ်ပြီး ရှေးခေတ်နတ်ဘုရားခုံရုံး၏ စစ်တပ်နှင့် တခြားစစ်တပ်များကို ဆင့်ခေါ်ခဲ့သည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ခွန်အားသည် အဆတစ်ရာခန့်အထိ မြင့်တက်သွားခဲ့သည်။
တာအိုပြိုင်ပွဲ၏ ယှဉ်ပြိုင်မှုသည် အဆင့်သစ်တစ်ခုသို့ ရောက်သွားသည်။
ကောင်းကင်အံ့ဖွယ်စစ်တပ်နှင့် အင်မော်တယ်ဝိညာဉ်စစ်တပ်သည် ဆက်လက်တိုက်ခိုက်နေကြသည်။ အရာရှိများက စစ်တပ်လုပ်ဆောင်ချက်များကို အစီအစဉ်ဆွဲနေကြသည်။
ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံနေသည်။
သူ၏ လက်ရှိတာဝန်သည် ကိုယ်ပွားနှင့် ပေါင်းစပ်၍ သူတော်စင်အဆင့်သို့ ဝင်ရောက်ရန် ဖြစ်သည်။
သူတော်စင်အဆင့်သည် ကိုယ်ပိုင်မဟာတာအိုကို စုစည်းရန် စတင်ခြင်း ဖြစ်သည်။
ကိုယ်ပိုင်မဟာတာအိုသည် ကောင်းကင်နှင့်မြေကြီးကြားတွင် တည်မြဲနေလျှင် တာအိုဘိုးဘေးအဆင့်သို့ ရောက်သွားလိမ့်မည်။
ဟန်မူယဲ့က အချိန်နှင့်တည်နေရာစွမ်းအားကို နားလည်ထားသော်လည်း ကိုယ်ပိုင်မဟာတာအိုနှင့် မပေါင်းစပ်ရသေးပေ။ သူ၏ မူလခန္ဓာနှင့် ကိုယ်ပွားသည် တစ်ကွဲတစ်ပြားစီ ဖြစ်နေသောကြောင့် သူတော်စင်အဆင့်သို့ မဝင်ရောက်နိုင်ခဲ့ပေ။
ဆက်ဖြစ်လာမည့် တိုက်ပွဲသည် စစ်တပ်များ၏ တိုက်ခိုက်မှုမဟုတ်ဘဲ ကျွမ်းကျင်သူများ၏ တိုက်ပွဲ ဖြစ်လိမ့်မည်။
သူက သူတော်စင်အဆင့်သို့ မရောက်သေးလျှင် ထိုတိုက်ပွဲတွင် ဝင်ပါနိုင်မည်မဟုတ်ပေ။
ချောင်ရီက ဝမ်မော့ရှန်နှင့် သွားတွေ့ခဲ့သည်။ ဟန်မူယဲ့က သူတို့ပြောခဲ့သော အကြောင်းအရာများကို မသိသော်လည်း ချောင်ရီက နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ရန်အတွက် အစွဲအလမ်းကြီးနေပုံ မပေါ်တော့ပေ။
တာအိုပြိုင်ပွဲနယ်မြေ၏ အပြင်ဘက်တွင် ဟန်မူယဲ့၏ ကိုယ်ပွားက လူတစ်ယောက်နှင့် တိုက်ခိုက်နေသည်။
ဓားဘုရင်ယွမ်ထျန်း ဖြစ်သည်။
ထိုအချိန်တွင် ဓားဘုရင်ယွမ်ထျန်း၏ မျက်နှာထားက ရှုပ်ထွေးနေခဲ့သည်။
“သူတို့ကို ခြောက်လှန့်လိုက်တဲ့ ဓားဘုရင်ယွမ်ထျန်းက ဒီလိုပုံစံမျိုး ဖြစ်နေတယ်ဆိုတာကို သိသွားရင် အရယ်လွန်ပြီး သေသွားကြမှာလား”
ဓားဘုရင်ယွမ်ထျန်းက ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။
“ငါလုပ်နိုင်တာအားလုံးက မင်းကို ကူညီပေးဖို့ပဲ”
“အရင်တုန်းက ချန်ရစ်ခဲ့တဲ့ ဓားချက်ကို ကြည့်ပြီး သုံးသပ်နေရတယ်”
“အခုအချိန်မှာ ငါက အဲဒီဓားချက်ရဲ့ တစ်သောင်းပုံတစ်ပုံကိုတောင် ထုတ်မသုံးနိုင်ဘူး”
ဓားဘုရင်ယွမ်ထျန်း၊ ဓားနတ်ဘုရား ....
သူက ကောင်းကင်ကို ထိုးခွဲပြီး အင်မော်တယ်ကမ္ဘာသို့ တက်သွားခဲ့သည်။ သို့သော် ကျဆုံးသွားပြီး ဤလောကတွင် ဓားတစ်ချက်နှင့် အကြွင်းအကျန်ဝိညာဉ်တစ်ခုကိုသာ ချန်ထားခဲ့သည်။
ဟန်မူယဲ့က ဓားအလင်းကို ဆက်တိုက်လှုံ့ဆော်၍ ဓားဘုရင်ယွမ်ထျန်းကို ခံစားကြည့်စေပြီး ယခင်ဘဝ၏ မှတ်ဉာဏ်များကို ရရှိလာအောင် ကူညီပေးနေသည်။
သို့သော် သူ့စွမ်းအားများက မတည်ရှိတော့ပေ။
ယခုအချိန်တွင် ဤလောက၌ ဓားဘုရင်ယွမ်ထျန်းသာ ရှိနေသည်။ အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဓားနတ်ဘုရားယွမ်ထျန်းသည် မရှိတော့ပေ။
“သစ်သားနတ်ဘုရား၊ ရေသခင်နဲ့ မှူးမတ်ကျန့်ယွမ်တို့က ရှေးခေတ်နတ်ဘုရားခုံရုံးမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လူတွေပဲ။ မင်းက သူတို့ရဲ့ တောင်းဆိုမှုကို ငြင်းဆိုဖို့ ခက်ခဲလိမ့်မယ်”
ဓားဘုရင်ယွမ်ထျန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
ဓားဘုရင်ယွမ်ထျန်းက ထိုလူများနှင် တစ်ခေတ်တည်းတွင် တည်ရှိခဲ့သောကြောင့် သူတို့၏အကြောင်းကို သိနေသည်။
မည်သို့ပင်ဖြစ်စေ သူတို့က အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဖွင့်လှစ်ရန် ဆုံးဖြတ်ထားသောကြောင့် စိတ်ပြောင်းလိမ့်မည်မဟုတ်ပေ။
ထိုသို့မဟုတ်လျှင် ကျင့်ကြံရန်အတွက် စိတ်ဆန္ဒကို ဆုံးရှုံးသွားပြီး အဆုံးတွင် ကျဆုံးသွားကြလိမ့်မည်။
မဟာပုဂ္ဂိုလ်ကြီးများသည် အဆင့်မတက်နိုင်သောအချိန်သို့ ရောက်လာသောအခါတွင် စွမ်းအားများကို ဆုံးရှုံးသွားကြလိမ့်မည်။ သူတို့က ပြန်လည်မွေးဖွားပြီး အရာအားလုံးကို ပြန်လည်စတင်ရသည်။
“ကျွန်တော်သိတယ်”
ဟန်မူယဲ့က ပြတ်သားသောအကြည့်များဖြင့် ခေါင်းညိတ်သည်။
သူက ဓားဘုရင်ယွမ်ထျန်း၏စကားကို နားလည်သည်။
သူက အစမှအဆုံးအထိ အင်မော်တယ်တက်လှမ်းစင်မြင့်အား ဖွင့်လှစ်မည့်ကိစ္စကို တားဆီးနေခြင်းမဟုတ်ပေ။
အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားပြီး အင်မော်တယ်အသွင်ပြောင်းရေကန်တွင် လူဆယ်ယောက်လျှင် တစ်ယောက်သာ ရှင်သန်နိုင်သော်လည်း ထွက်ပေါက်တစ်ခု ဖြစ်နေသည်။
လမ်းပိတ်နေခြင်းထက် ပိုကောင်းသည်။
ဤလောကတွင်ရှိသော ထိပ်တန်းအဆင့် ကျင့်ကြံသူကြီးများအတွက် အင်မော်တယ်တက်လှမ်းစင်မြင့်သည် အခွင့်ကောင်းတစ်ခု ဖြစ်သည်။
“အကြီးအကဲ၊ တာအိုပြိုင်ပွဲမှာ အင်မော်တယ်တက်လှမ်းစင်မြင့် ပွင့်လာခဲ့ရင် အင်မော်တယ်ကမ္ဘာကို သွားမှာလား”
ဟန်မူယဲ့က ဓားဘုရင်ယွမ်ထျန်းကို ကြည့်လိုက်ပြီး မေးသည်။
ဓားဘုရင်ယွမ်ထျန်းက အနည်းငယ်အံ့အားသင့်သွားပြီး ဖြေလိုက်သည်။
“သွားမှာပေါ့”
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်သည်။
ထိုအရာသည် သူ့အဖြေ ဖြစ်သည်။
ယခုအချိန်တွင် ဝမ်မော့ရှန်ဖြစ်နေသော နတ်ဘုရားဧကရာဇ်ဟောင်းသည် အမှားတစ်ခုကို ပြုလုပ်ခဲ့သည်။
သူက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်ပြီး ကမ္ဘာနှစ်ခု၏ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
ထိုအရာသည် ဤလောက၏ သက်ရှိများကို ကာကွယ်ပေးထားသော်လည်း မဟာပုဂ္ဂိုလ်ကြီးများ၏ လမ်းစဉ်ကို ပိတ်ဆို့လိုက်သည်။
လောကတိုင်းတွင် အဆုံးမရှိသော သက်ရှိများကို အသန်မာဆုံးလူက အုပ်ချုပ်သည်။
ထိုအသန်မာဆုံးလူက အားကောင်းသောသက်ရှိများနှင့် ဟန်ချက်ညီနေလျှင် အရာအားလုံးကို ဖိနှိပ်နိုင်လိမ့်မည်။
ထိုဟန်ချက်ညီမှုသည် ပျက်စီးသွားသောကြောင့် နှစ်ပေါင်းများစွာကြာအောင် အုပ်စိုးခဲ့သော နတ်ဘုရားခုံရုံးနှင့် နတ်ဘုရားဧကရာဇ်သည် ကျဆင်းသွားရသည်။
ယခင်က မဟာပုဂ္ဂိုလ်ကြီးများသည် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်ခဲ့သော်လည်း ယခုအချိန်တွင် ပြန်ဖွင့်ကြလိမ့်မည်။
ဟန်မူယဲ့က အချိန်ဆွဲမနေတော့ပေ။ သူက တာအိုပြိုင်ပွဲနယ်မြေအတွင်းသို့ ဝင်သွားခဲ့သည်။
ဓားဘုရင်ယွမ်ထျန်းက ပျောက်ကွယ်သွားသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ဗလာဖြစ်နေသော ကောင်းကင်ကို မော့ကြည့်သည်။
“ခေတ်တိုင်းမှာ ကောင်းကင်နဲ့မြေကြီးရဲ့ ရွေးချယ်ခံတွေ ရှိကြတယ်။ ငါက ရွေးချယ်ခံတစ်ယောက် ဖြစ်ခဲ့တယ်။ အခုတော့ မင်းပဲ ....”
သူက တီးတိုးရေရွတ်လိုက်ပြီး ပျောက်ကွယ်သွားသည်။
သူက ယခင်ဘဝ၏ခွန်အားကို မပိုင်ဆိုင်သောကြောင့် တာအိုပြိုင်ပွဲတွင် ဆက်ရှိနေလျှင်လည်း အသုံးမဝင်ပေ။ ထို့အပြင် မျှော်လင့်မထားသော ကပ်ဘေးများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
သူက ဓားဘုရင်ယွမ်ထန်းအဖြစ် ဆက်ရှိနေရုံသာ တတ်နိုင်လိမ့်မည်။
အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ ဓားနတ်ဘုရားယွမ်ထျန်း၏ ဂုဏ်သတင်းကတော့ ဆက်ရှိနေလိမ့်မည်။
....
မိုးကြိုးတစ်စင်းသည် တာအိုပြိုင်ပွဲနယ်မြေ၏ ကောင်းကင်ထက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ရွှေရောင်လျှပ်စီးကြောင်းသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေကြီး၏ ကြားတွင် ပျံသန်းနေသည်။
အာကာသသည် ရွှေရောင်လျှပ်စီးကြောင်းများနှင့် ပြည့်နှက်သွားခဲ့သည်။
“သူတော်စင်တစ်ပါး ပေါ်ထွက်လာရင် ကောင်းကင်နဲ့မြေကြီးက တုန်ခါသွားရတယ်”
အာကာသထဲတွင် လူတစ်ယောက်က ထိတ်လန့်စွာ အသံပြုလိုက်သည်။
“အဲဒါက ကမ္ဘာမြေကောင်းချီးမဟုတ်ဘဲ အာကာသကောင်းချီးပဲ။ နတ်ဘုရားခုံရုံး ပျက်စီးသွားတဲ့နောက်မှာ အာကာသကောင်းချီးကို ရရှိနိုင်တဲ့လူတွေ ရှိနေသေးတာလား”
တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးတစ်ယောက်က နားမလည်နိုင်ဘဲ ရေရွတ်လိုက်သည်။
နတ်ဘုရားခုံရုံး၏ ဖိနှိပ်မှုကြောင့် အာကာသသည် တည်ငြိမ်ခဲ့သည်။ လူတစ်ယောက်က သူတော်စင်အဆင့်သို့ တက်လှမ်းချင်လျှင် နတ်ဘုရားခုံရုံး၏ မိုးကြိုးကပ်ဘေးကို ဆွဲဆောင်ပြီး တာအိုခန္ဓာကို သိပ်သည်းစေရမည်။
သို့သော် ယခုအချိန်တွင် မိုးကြိုးကပ်ဘေးကို စုစည်းပေးမည့် နတ်ဘုရားခုံရုံးက ပျက်စီးသွားသောကြောင့် ရုပ်ခန္ဓာကို အသန်မာဆုံးအဆင့်အထိ မသန့်စင်နိုင်တော့ပေ။
အာကာသထဲတွင် သူတော်စင်ဖြစ်လာရန် ကြိုးစားကြသော ကျင့်ကြံသူများက ကျဆုံးသွားကြသည်။
ထို့ကြောင့် ကျင့်ကြံသူအများစုသည် လောကတစ်ခုကို ရှာဖွေ၍ ကိုယ်ပိုင်မဟာတာအိုဖြင့် ပေါင်းစပ်ပြီး ထိုလောကတွင် သူတော်စင်တစ်ပါး ဖြစ်လာကြသည်။
နတ်ဘုရားခုံရုံး ပျက်စီးသွားသောအခါတွင် သူတော်စင်များ၏ ၉၀%သည် ထိုနည်းလမ်းဖြင့် အဆင့်တက်လာကြသည်။
ကျန်ရှိနေသော ၁၀%သည် ကိုယ်ပိုင်မဟာတာအိုကို ကျင့်ကြံခြင်းနည်းလမ်းဖြင့် ပေါင်းစပ်ခဲ့ကြသည်။ ဥပမာအနေဖြင့် ဟွမ်ခြောက်သည် မိစ္ဆာကျင့်ကြံခြင်းနည်းစနစ်နှင့် ပေါင်းစပ်ပြီး တာအိုကို ရရှိခဲ့သည်။ သူက ကောင်းကင်နင်းခြေ မိစ္ဆာဘုရင် ဖြစ်လာသည်။
ထိုသူတော်စင်များသည် အားကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။ သို့သော် သူတို့၏ အခြေခံအုတ်မြစ်က လုံလောက်မှုမရှိသောကြောင့် စွမ်းအင်စုစည်းရန် လိုအပ်သည်။
“အာကာသထဲမှာ အဆင့်တက်ဖို့ ကြိုးစားတဲ့လူက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဟန်မူယဲ့ပဲ ဖြစ်လိမ့်မယ်”
လူတစ်ယောက်က နဂါးပုံရိပ်ကို ကြည့်နေပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။
“ဘုန်း”
ပေတစ်သန်းကြီးမားသော နတ်ဘုရားသားရဲတစ်ကောင်သည် လျှပ်စီးများကြားတွင် ပေါ်လာခဲ့သည်။
နတ်ဘုရားသားရဲကိုယ်ပွား ဖြစ်သည်။
ပါ့ရှားသည် အဆုံးမရှိသော အသက်စွမ်းအားများကို ထုတ်လွှတ်၍ ကောင်းကင်နှင့်မြေကြီး၏ မိုးကြိုးစွမ်းအင်ကို လှုံ့ဆော်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ဦးတည်၍ ပျံသန်းလာခဲ့သည်။
ပါ့ရှား၏စွမ်းအားသည် အလွန်သန်မာပြီး လေဟာနယ်ကိုပင် အက်ကွဲသွားစေခဲ့သည်။
မရေမတွက်နိုင်သော ကြယ်များသည် ပျက်စီးသွားကြသည်။
ပါ့ရှားသည် လျှပ်စီးကြောင်းများ ခြံရံလျက် တည့်မတ်စွာ ပျံသန်းလာသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် အဖြူရောင်ဝတ်စုံနှင့် ဟန်မူယဲ့က ကောင်းကင်ထက်သို့ ပျံတက်သွားသည်။
ဓားအလင်းသည် မျဉ်းတစ်ကြောင်းအဖြစ် စုစည်းသွားသည်။
ထိုဓားအလင်းသည် လောကကို နှစ်ပိုင်းခွဲပစ်နိုင်ပုံ ပေါ်သည်။
တာအိုဘိုးဘေးများက စွမ်းအားများကို အသက်သွင်း၍ တာအိုပြိုင်ပွဲနယ်မြေကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ကြသည်။
“ကိုယ်ပွား”
“နတ်ဘုရားသားရဲပါ့ရှားရဲ့ ကိုယ်ပွား။ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဟန်မူယဲ့က ပျက်စီးခြင်းတောရိုင်းရဲ့ ထောက်ပံ့မှုကိုရခဲ့တာ မထူးဆန်းတော့ပါဘူး”
“သူက ပျက်စီးခြင်းတောရိုင်းရဲ့ အစိတ်အပိုင်းကို ကောင်းကင်အံ့ဖွယ်ကမ္ဘာဆီ သယ်သွားခဲ့တာလေ။ ငါသိခဲ့သင့်တယ်”
ဟန်မူယဲ့က နတ်ဘုရားသားရဲ၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် နတ်ဘုရားသားရဲချီလင်၏ အကူအညီကို ရခဲ့သည်။
ဟန်မူယဲ့က နတ်ဘုရားသားရဲကိုယ်ပွားကို ပိုင်ဆိုင်ထားသောကြောင့် တာအိုပြိုင်ပွဲနယ်မြေတွင် နေနိုင်သလို အပြင်ဘက်တွင်လည်း မရေမတွက်နိုင်သော မဟာမိတ်များကို စုစည်းနိုင်ခဲ့သည်။
ပြန့်ကျဲကြယ်ကျွန်း၏ အင်အားစုများနှင့် အဆုံးမဲ့နတ်ဘုရားဘုရင်၊ စိမ်းလန်းခြင်းနယ်မြေ၏ ဓားကျင့်ကြံသူများ၊ ရှေးတိမ်တိုက်စကြဝဠာ၏ ကျွမ်းကျင်သူနှင့် စစ်တပ်များ ....
ဟန်မူယဲ့က ဆယ်စုနှစ်များစွာ ကြာသည်အထိ တံခါးပိတ်ကျင့်ကြံနေသည့်အတွက် အံ့အားသင့်ရန် မလိုတော့ပေ။ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကိစ္စရပ်များကိုလည်း အရာရှိတစ်သောင်းက ကိုင်တွယ်ခဲ့ရသည်။
ဟန်မူယဲ့က ပိုမိုအရေးကြီးသော ကိစ္စရပ်များကို ဆောင်ရွက်နေခဲ့သည်။
ရှေးတိမ်တိုက်စကြဝဠာ၏ စစ်တပ်နှင့် ဦးရီးတော်ချောင်ရီကြောင့်သာ မဟုတ်လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် တာအိုပြိုင်ပွဲတွင် အပြင်းအထန် ထိခိုက်သွားလိမ့်မည်။ အောင်ပွဲရနိုင်မည် မဟုတ်ပေ။
“ဝီ”
အာကာသထဲတွင် မရေမတွက်နိုင်သော နတ်အာရုံများသည် သွယ်ယှက်သွားကြသည်။
တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။
သူတို့က တာအိုပြိုင်ပွဲသို့ ကိုယ်တိုင်ဝင်ရောက်ရန် မလိုအပ်ပေ။ သူတို့က အမိန့်ထုတ်လိုက်လျှင် လူအများအပြားက ဆောင်ရွက်ပေးကြလိမ့်မည်။