← Chapters

အခန်း (၇၄၂)

Vol. 53 Ch. 742

အခန်း (၇၄၂)

Vol. 53 Ch. 742

“ဝီ”

ဓားစံအိမ်သည် တုန်ခါသွားပြီး ဓားရှည်များသည် ပျံသန်းထွက်လာ၍ နဂါးများအဖြစ် ပြောင်းလဲသွားကြသည်။

နတ်ဘုရားသားရဲပါ့ရှားသည် ဟိန်းဟောာက်လိုက်ပြီး သွေးချီများကို ကြက်သွေးရောင်ချပ်ဝတ်အဖြစ် ပြောင်းလဲသည်။

အားကောင်းသောရန်သူ၏ရှေ့တွင် အစွမ်းကုန် တိုက်ခိုက်ခြင်းကသာ ရွေးချယ်စရာတစ်ခု ဖြစ်သည်။

“ဂိုဏ်းတူအစ်ကိုဟန်၊ ဒီကိစ္စကို ဖြေရှင်းပေးပါ့မယ်”

ထိုအချိန်တွင် ဟန်မူယဲ့က အသံတစ်သံကို ကြားလိုက်ရသည်။

သူက တစ်ကိုယ်လုံးတုန်ခါသွားပြီး နောက်သို့ လှည့်ကြည့်သည်။

သူ့နောက်တွင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးစက်တင်းမာသော မျက်နှာထားဖြင့် ကောင်းရှောင်ရွှမ်သည် အလွန်ထူးခြားသော အငွေ့အသက်များကို ထုတ်လွှတ်၍ ဓားရှည်ကို ကိုင်ထားသည်။

ပုံရိပ်တစ်ခုသည် သူ့နောက်တွင် ပေါ်လာသည်။

ထိုပုံရိပ်သည် အရာရှိခေါင်းဆောင်းနှင့် ဝတ်ရုံရှည်ကို ဝတ်ဆင်ပြီး ရွှေခါးပတ်ကို ပတ်ထားသည်။ ထိုပုံရိပ်၏မျက်နှာထားက ရှေးကျပြီး မျက်လုံးများသည် နတ်ဘုရားအလင်းကို ထုတ်လွှတ်နေကြသည်။

ထိုပုံရိပ်သည် ကောင်းကင်၏ ကြယ်အလင်းများမှတစ်ဆင့် ဖြစ်ပေါ်လာပုံပေါ်သည်။

အာကာသထဲတွင် ထိတ်လန့်နေသောအသံများကို ကြားနိုင်သည်။

“သူက ရှေးခေတ်နတ်ဘုရားခုံရုံးရဲ့ အရာရှိချုပ် ဝမ်ချူပဲ”

“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဝမ်မော့ရှန်က ဝမ်ချူဖြစ်ရမှာ ....”

လေဟာနယ်ထဲတွင် မရေမတွက်နိုင်သော နတ်အာရုံများသည် ထိတွေ့သွားကြပြီး ဗလာနယ်မြေကို တုန်ခါနေစေသည်။

ရှေးခေတ်၏ မဟာပုဂ္ဂိုလ်များ၊ တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများသည် စိတ်လှုပ်ရှားနေကြသည်။

ဝမ်မော့ရှန်က ဝမ်ချူးမဟုတ်ပေ။

ထိုသို့ဆိုလျှင် ဝမ်မော့ရှန်က မည်သူနည်း။

“ဘုန်း”

အာကာသထဲတွင် မရေမတွက်နိုင်သော ချီစွမ်းအင်အလင်းများသည် ပေါက်ကွဲထွက်လာခဲ့သည်။

မဟာပုဂ္ဂိုလ်ကြီးများသည် ဤလောကအတွင်းသို့ ဆင်းသက်လာချင်ပုံပေါ်သည်။

တာအိုပြိုင်ပွဲနယ်မြေသည် တုန်ခါနေပြီး လေဟာနယ်သည် အက်ကွဲသွားခဲ့သည်။

ကောင်းရှောင်ရွှမ်က ဝမ်ချူဖြစ်နေသည်ဟု သိလိုက်ရသောကြောင့် ရှေးခေတ်၏ မဟာပုဂ္ဂိုလ်ကြီးများသည် ချက်ချင်း လှုပ်ရှားလိုက်ကြသည်။

“ဟမ့်၊ သူတို့က ပုန်းကွယ်နေဖို့ စိတ်မဝင်စားတော့ဘူးထင်တယ်”

အာကာသထဲတွင် ခပ်နိမ့်နိမ့်ဟိန်းဟောက်သံကို ကြားနိုင်သည်။

ရွှေရောင်ချပ်ဝတ်နှင့် ရွှေရောင်လှံရှည်ကို ကိုင်ဆောင်ထားသော ဦးရီးတော်ချောင်ရီသည် လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေသည်။

“မင်းတို့ လာရဲရင် ငါက သတ်ရဲတယ်”

“အရင်တုန်းက မင်းတို့သူပုန်တွေကို သတ်ဖြတ်ဖို့ လွဲချော်ခဲ့တယ်။ အခုတော့ သေချာလုပ်ပေးရမှာပေါ့”

ရွှေရောင်လှံသည် ရွှေအလင်းစက်ကွင်းကို ထုတ်လွှတ်နေသည်။ အစိမ်းရောင်သန်းနေသော အင်မော်တယ်စွမ်းအင်သည် နေရာအနှံ့သို့ ဖြာထွက်သွားသည်။

ထိုလှံကို မြင်လိုက်ရသောအခါတွင် လှုပ်ရှားမှုများသည် ရပ်တန့်သွားကြသည်။

ဟန်မူယဲ့က ထိုလှံနှင့် အလွန်ရင်းနှီးနေသည်။

သူက ထိုလှံကို ထိတွေ့ဖူးသည်။

သစ်သားနတ်ဘုရား ....

ထိုလှံသည် သစ်သားနတ်ဘုရား၏ ခန္ဓာကိုယ်ထဲတွင် စိုက်ဝင်နေခဲ့သည်။

သစ်သားနတ်ဘုရားသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ အထက်ဘုံသုံးပါး၏နောက်ကွယ်တွင် ရှိနေသောကြောင့် ဦးရီးတော်ချောင်ရီ၏ ရန်သူ ဖြစ်ရလိမ့်မည်။ ယခုအချိန်တွင် ချောင်ရီက ထိုလှံကို ကိုင်ထားသည်။

‘ချောင်ရီက သစ်သားနတ်ဘုရားကို သတ်လိုက်တာလား’

‘ဒါမှမဟုတ် သစ်သားနတ်ဘုရားက ချောင်ရီနဲ့ ပူးပေါင်းထားတာလား’

ချောင်ရီက လေထုထဲတွင် ရပ်နေပြီး ချဉ်းကပ်လာသော အထက်ဘုံသုံးပါး၏ မဟာပုဂ္ဂိုလ်ကြီးများကို နောက်ဆုတ်သွားစေခဲ့သည်။

“ဂိုဏ်းတူအစ်ကိုဟန်က ကဗျာကို ဓားတစ်လက်အဖြစ် အသုံးချခဲ့ဖူးတယ်။ ဒီနေ့မှာတော့ ကျွန်တော်က ဓားကို ကဗျာအဖြစ် အသုံးချမယ်”

ကောင်းရှောင်ရွှမ်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ ဓားသည် ကွန်ဖြူးရှပ်တာအိုနှင့် တာအိုလမ်းစဉ်၏ အငွေ့အသက်များကို ထုတ်ဖော်ပေးနေသည်။

သမာဓိစွမ်းအားသည် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်သွားပြီး အချိန်မြစ်ကို ဖြတ်ကျော်၍ ရှေးခေတ်မှ ရောက်လာခဲ့သည်။

ရှေးခေတ်နတ်ဘုရားခုံရုံးတွင် တည်ရှိခဲ့သော ခမ်းနားသည့်အရှိန်အဝါ ဖြစ်သည်။ ရှေးခေတ်မှ ကောင်းကင်နှင့်မြေကြီး၏ အငွေ့အသက် ဖြစ်သည်။

“ဝမ်ချူ ....”

ဓားနှင့်ကဗျာ၏ ပေါင်းစပ်မှုသည် အချိန်မြစ်ကို ထိုး‌ဖောက်ခဲ့သည်။ ထိုအရာသည် ရှေးခေတ်နတ်ဘုရားခုံရုံးမှ အရာရှိချုပ်ဝမ်ချူ၏ စွမ်းအား ဖြစ်သည်။

ကောင်းရှောင်ရွှမ်၏ စွမ်းအားသည် မြင့်မြတ်သော ရွှေအလင်းကို ထုတ်လွှတ်၍ ရှေ့သို့ ထိုးသွင်းလိုက်သည်။

“ဂိုဏ်းတူအစ်ကိုဟန်၊ ကျွန်တော်တို့က ဒီနေ့မှာ မြောက်ပိုင်းတိုင်းပြည်ရဲ့ရှုခင်း က‌ဗျာကို အပြီးသတ်ကြမလား”

ကောင်းရှောင်ရွှမ်က ကျယ်လောင်စွာပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။

“ကောင်းပြီ”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ကောင်းရှောင်ရွှမ်က ကျယ်လောင်စွာရယ်သည်။ သူ့နောက်တွင်ရှိသော အရာရှိပုံရိပ်သည် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့သည်။ ဓားသည် သမာဓိစွမ်းအားကို ထုတ်လွှတ်ပြီး ကောင်းကင်ကို ထောက်ပံ့ပေးနိုင်သော စုတ်တံအဖြစ် ပြောင်းလဲသွားခဲ့သည်။

“မြောက်ပိုင်းတိုင်းပြည်ရဲ့ရှုခင်းဟာ”

“မိုင်ထောင်ချီရေခဲတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်”

“မိုင်သောင်းချီပတ်ဝန်းကျင်မှာ နှင်းပွင့်တွေက ကျဆင်းနေခဲ့တယ်”

....

မရေမတွက်နိုင်သော ရေခဲနှင့်နှင်းပွင့်များသည် လေဟာနယ်ကို အေးခဲသွားစေသည်။ ကောင်းကင်တွင် ရှိနေသော လျှပ်စီးကြောင်းများကပင် အေးခဲသွားကြသည်။

လမ်းပိတ်ထားသော နတ်ဘုရားဘုရင်များသည် အင်မော်တယ်အလင်းကို ထုတ်လွှတ်၍ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ကြိုးစားလိုက်ကြသည်။

ထိုအချိန်တွင် လောကတစ်ခုလုံးသည် အဆုံးမရှိသော သမာဓိစွမ်းအားဖြင့် ပြည့်နှက်နေခဲ့သည်။

“ကုန်းမြေက အလွန်လှပပြီး မရေမတွက်နိုင်တဲ့ သူရဲကောင်းတွေကို ဦးညွတ်ဖို့ ဆွဲဆောင်ခဲ့တယ်” ဟူသော စာသားအဆုံးတွင် နတ်ဘုရားဘုရင်များ၏ လက်ထဲတွင်ရှိသော အင်မော်တယ်အလင်းများသည် ပျက်စီးသွားကြသည်။

ကောင်းရှောင်ရွှမ်၏ သမာဓိစွမ်းအားသည် ပေတစ်သိန်းမြင့်မားသော ရွှေရောင်ပုံရိပ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ဟန်မူယဲ့၏မျက်နှာထားက လေးနက်နေပြီး ရွှေရောင်ပုံရိပ်ကို ကြည့်သည်။

ထိုရွှေရောင်ပုံရိပ်က အပြည့်အဝ စုစည်းသွားခဲ့လျှင် ရှေးခေတ်၏ မဟာကျင့်ကြံသူကြီးဖြစ်သော ဝမ်ချူက အပြည့်အဝ ပြန်‌ရောက်လာလိမ့်မည်။

ထိုအချိန်တွင် ကောင်းရှောင်ရွှမ်က ပျောက်ကွယ်သွားလိမ့်မည်။

ကောင်းရှောင်ရွှမ်က ဝမ်ချူဖြစ်သော်လည်း ဝမ်ချူက ကောင်းရှောင်ရွှမ် မဟုတ်ခဲ့ပေ။

ဟန်မူယဲ့က ကောင်းရှောင်ရွှမ်ကို ကြည့်လိုက်ပြီး တိတ်ဆိတ်သွားသည်။

“ဟားဟား၊ ဂိုဏ်းတူအစ်ကိုဟန်။ လောကကြီးက အရမ်းလှပလွန်းတယ်လေ။ ကျွန်တော်လည်း သွားကြည့်ချင်မိတယ်”

“ဒီဘဝက အရမ်းကောင်းမွန်ခဲ့တယ်။ ကျွန်တော့်နှလုံးသားထဲမှာ စိုးရိမ်စိတ်တွေ သိပ်မရှိဘူး။ ဝူဟန်နဲ့ပတ်သတ်ပြီး နောင်တရတာပဲ ရှိတယ်။ တကယ်လို့ ကျွန်တော်တို့က တာအိုပြိုင်ပွဲမှာ အနိုင်ရခဲ့ရင် သူမကို လောကမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုလိုက်ပါ ....”

ကောင်းရှောင်ရွှမ်က ဓားရှည်ဖြင့် ထိုးသွင်းလိုက်သောအခါတွင် မရေမတွက်နိုင်သော စာလုံးများက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

ရွှေရောင်စာလုံးများသည် ကောင်းကင်တွင် ပြည့်နှက်နေပြီး သမာဓိစွမ်းအားသည် နတ်ဘုရားဘုရင်နှစ်ပါးကို လွှမ်းခြုံထားခဲ့သည်။

“နတ်ဘုရားဘုရင်ရှင်းတိ၊ ဘာဖြစ်လို့ မတိုက်ခိုက်တာလဲ ....”

သမာဓိစွမ်းအားဖြင့် လွှမ်းခြုံခံထားရသော နတ်ဘုရားဘုရင်မူရန်က အော်ဟစ်လိုက်သည်။ သူက ချီစွမ်းအင်ကို ထုတ်လွှတ်၍ အစွမ်းကုန်သုံးပြီး ဝိုင်းရံလာသော သမာဓိစွမ်းအားများကို ခုခံနေသည်။

ယွီလင်တာအိုဂိုဏ်း၏ မဟာအကြီးအကဲဖြစ်သော နတ်ဘုရားဘုရင်ရှင်းတိ၏ မျက်နှာထားသည် ‌ပြောင်းလဲသွားခဲ့သည်။ သူက လက်ထဲတွင်ရှိသော ဘုံကိုးဆင့်တိမ်တိုက်ရတနာကို မြှောက်လိုက်ပြီး သမာဓိစွမ်းအားကြောင့် ဖြစ်ပေါ်လာသော ရွှေရောင်စာလုံးများကို တားဆီးသည်။

“ဘုန်း”

သမာဓိစွမ်းအားသည် တုန်ခါသွားပြီး အင်မော်တယ်ရတနာ၏ စွမ်းအားကြောင့် စာလုံးများသည် ပျက်စီးသွားမည့်ပုံ‌ပေါ်သည်။

ကောင်းရှောင်ရွှမ်က ဓားကိုင်ထားပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။

ကဗျာကို ဆက်လက်ရွတ်ဆိုရန် လိုအပ်သည်။ သမာဓိစွမ်းအားသည် နတ်ဘုရားဘုရင်နှစ်ပါးကို ဖိနှိပ်ရန် မလုံလောက်ပေ။

ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တီးတိုးပြောသည်။

“ငယ်ရွယ်ခဲ့တဲ့ နေ့ရက်တွေဟာ ကုန်ဆုံးသွားခဲ့ပြီ။ လက်ရှိအချိန်ကိုပဲ အာရုံစိုက်ထားရအောင်”

လက်ရှိအချိန်ကိုသာ အာရုံစိုက်ထားမည်။

ကောင်းရှောင်ရွှမ်၏ မျက်လုံးများက တောက်ပလာကြသည်။ သူ့ခန္ဓာကိုယ်သည် အဆုံးမရှိသော အလင်းကို ထုတ်လွှတ်ပေးနေသည်။ သမာဓိစွမ်းအားသည် ကောင်းကင်အထိ ထိုးတက်သွားပြီး စာလုံးများကို ဖန်တီးလိုက်ပြန်သည်။

ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသည် တုန်ခါသွားသည်။

“ဘုန်း”

သမာဓိစွမ်းအားဖြင့် ဝိုင်းရံခံထားရသော နတ်ဘုရားဘုရင်မူရန်သည် စာလုံးများကြောင့် အပြည့်အဝ ဖိနှိပ်ခံလိုက်ရသည်။ သူ့ပတ်ဝန်းကျင်တွင် ရှိနေ‌သော အင်မော်တယ်အလင်းသည် ပျက်စီးသွားခဲ့သည်။

စာလုံးတိုင်းသည် အားကောင်းပြီး လေးလံသည်။

စာလုံးတစ်လုံး၏ စွမ်းအားသည် လောကကို ဖိနှိပ်နိုင်သည်။

နတ်ဘုရားခုံရုံးမှ ဆင်းသက်လာသော ရှေးခေတ်၏ ခမ်းနားသည့် စွမ်းအားများသည် ယနေ့တွင် လောကတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

ရွှေရောင်စာလုံးများကို တိုက်ခိုက်နေသော နတ်ဘုရားဘုရင်ရှင်းတိ၏ မျက်နှာထားသည် ပြောင်းလဲသွားခဲ့သည်။ သူက အင်မော်တယ်ရတနာကို ပြန်သိမ်းလိုက်ပြီး တစ်ကိုယ်လုံး တောင့်တင်းနေသည်။

သူ့ရှေ့တွင်ရှိနေသော ရွှေရောင်စာလုံးများသည် မကျော်ဖြတ်နိုင်သော အတားအဆီးတစ်ခုနှင့် တူသည်။ ထိုအတားအဆီး၏ရှေ့တွင် သူက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်လှသည်။

“ဘုန်း”

ကောင်းရှောင်ရွှမ်၏ ရွှေရောင်ပုံရိပ်သည် အက်ကွဲသွားခဲ့သည်။

မှုန်ဝါးနေသော ရွှေရောင်ပုံရိပ်တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။

“လက်ရှိအချိန်ကို အာရုံစိုက်ရမယ်လို့ ပြောတာ မှန်တယ်”

အရာရှိခေါင်းဆောင်းနှင့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ပုံရိပ်သည် အတိတ်ကို လွမ်းဆွတ်နေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“ငါက နတ်ဘုရားဧကရာဇ်ကို ကာကွယ်ပြီး ကောင်းကင်နဲ့မြေကြီးကြားမှာ သမာဓိစွမ်းအားတွေ လွှမ်းခြုံထားတဲ့ နတ်ဘုရားခုံရုံးကို ပြန်ပြီးတည်ဆောက်နိုင်မယ်လို့ ထင်ခဲ့တယ်”

“အခု ကြည့်ရတာ ငါက မှားသွားတဲ့ပုံပဲ”

ထိုပုံရိပ်က ကောင်းရှောင်ရွှမ်ကို ကြည့်လိုက်ပြီး ပြုံးသည်။

“မင်းပြောတာ မှန်တယ်။ လောကကြီးက လှပလွန်းတယ်။ ငါတို့က သွားကြည့်သင့်တယ်”

“ငါ့အတွက် သွားကြည့်ပေးပါ”

ထိုစကားအဆုံးတွင် ပုံရိပ်သည် အပြည့်အဝ ပျောက်ကွယ်သွားခဲ့သည်။

အချိန်မြစ်ကို ဖြတ်ကျော်၍ ရှေးခေတ်မှရောက်လာသော သမာဓိစွမ်းအားသည် ဖိနှိပ်ခံထားရသော နတ်ဘုရားဘုရင်မူရန်ကို ဆွဲ‌‌ခေါ်သွားခဲ့သည်။

သမာဓိစွမ်းအားသည် အချိန်မြစ်ကို ကျော်ဖြတ်၍ အသက်ရှူကြိမ် နှစ်ရာအတွင်း၌ ပြန်သွားခဲ့သည်။

သို့သော် လူတိုင်းက နှစ်တစ်ရာခန့် ကြာမြင့်သွားသည်ဟု ထင်နေခဲ့သည်။

အသက်ရှူကြိမ် နှစ်ရာအတွင်း၌ နတ်ဘုရားဘုရင်တစ်ပါးသည် ဖိနှိပ်ခံလိုက်ရသည်။

အသက်ရှူကြိမ်နှစ်ရာအတွင်း၌ ရှေးခေတ်နတ်ဘုရားခုံရုံးမှ မဟာကျင့်ကြံသူကြီးတစ်ဦးသည် ပျောက်ကွယ်သွားခဲ့သည်။

သမာဓိစွမ်းအားများ ပျောက်ကွယ်သွားသောအခါတွင် အာကာသသည် တိတ်ဆိတ်နေခဲ့သည်။

ရှေးခေတ်နတ်ဘုရားခုံရုံး၏ အရာရှိချုပ် ဝမ်ချူသည် မတူညီသောနည်းလမ်းဖြင့် ထွက်ခွာသွားခဲ့သည်။

ယခုအချိန်တွင် ကောင်းရှောင်ရွှမ်သည် ကောင်းရှောင်ရွှမ်သာ ဖြစ်သည်။

အာကာသထဲတွင် နတ်ဘုရားသားရဲကိုယ်ပွားနှင့် ဟန်မူယဲ့သည် မိုင်တစ်ရာသာ ကွာဝေးတော့သည်။

ဘုံကိုးဆင့်တိမ်တိုက်ရတနာကို ကိုင်ဆောင်ထားသော နတ်ဘုရားဘုရင် ရှင်းတိသည် ချီစွမ်းအင်အလင်းနှင့် အင်မော်တယ်အလင်းကို ထုတ်လွှတ်၍ ဟန်မူယဲ့ကို ကြည့်သည်။

ယခုအချိန်တွင် ကောင်းကင်နှင့် မြေကြီး၏ လျှပ်စီးကြောင်းများသည် ရွှေရောင်ပြောင်းသွားခဲ့သည်။ သူတို့၏အလင်းကြောင့် အာကာသထဲတွင်ရှိသော ကြယ်များအားလုံးသည် တောက်ပလာပုံပေါ်သည်။

နတ်ဘုရားဘုရင်ရှင်းတိသည် ဘုံကိုးဆင့်တိမ်တိုက်ရတနာဖြင့် ဟန်မူယဲ့ကို ရိုက်ချသည်။

နတ်ဘုရားဘုရင်တစ်ပါးသည် လှုပ်ရှားခဲ့သည်။

လေဟာနယ်သည် တိုက်ရိုက် ပိတ်ဆို့ခံလိုက်ရသည်။

အဆုံးမဲ့နတ်ဘုရားဘုရင်၏ တိုက်ခိုက်မှုကဲ့သို့ တာအိုပြိုင်ပွဲနယ်မြေ၏ မိုင်တစ်ရာပတ်ဝန်းကျင်သည် သီးသန့်ကမ္ဘာတစ်ခု ဖြစ်သွားသည်။

All Chapters