← Chapters

ဟွာချင်းရေကန်ကို ခေါ်သွားမယ်

Vol. 48 Ch. 706

ဟွာချင်းရေကန်ကို ခေါ်သွားမယ်

Vol. 48 Ch. 706

“ သေစမ်း… စွန်းမိုက်တာပေါ့… ဘာလို့ အစ်ကိုကြီးလင်းက အဲ့လိုမိန်းကလေးမျိုးတွေနဲ့ပဲ ဆုံနေရတာ….”

“ ဘာလို့ဆို ငါက ခန့်ချောကြီးမို့လေ…” လင်းရီ ပြောလိုက်ပြီး “ ငါလည်း အစကတော့ မင်း စိတ်ဓာတ်ကျမှာဆိုးလို့ မပြောဘူး လုပ်နေတာ… ဒါပေမယ့် မင်းက တရစပ် မေးနေတော့ အမှန်အတိုင်း ဝန်ခံရုံရှိတယ်….”

“ အစ်ကိုကြီးလင်းကလည်း … ညီကိုချင်းကို ကြွားနေပြန်ပြီ….”

“ ကောင်းပြီ… လေပေါနေတာတွေ ရပ်ပြီး ထွက်လာခဲ့တော့…” လင်းရီ ပြောလိုက်ပြီး “ သူတို့ ခနနေဆို ရောက်လာတော့မှာ….”

“ ခု ကျွန်တော့် အဖေ အသစ်ဝယ်ထားတဲ့ Phantom မောင်းလာခဲ့တာ...အဲ့တာနဲ့ဆို မျက်နှာမပျက်လောက်ပါဘူးနော…”

“ ပြေပါတယ်… ပြေရုံလေးပေါ့…”

“ အစ်ကိုကြီးလင်း … အဲ့ဒါကြီးကတော့ နည်းနည်းလေး မများဘူးလား …..” လျန်ကျင်းမင် ပြောလိုက်ပြီး “ Phantom က အစ်ကိုကြီးရဲ့ လွိုင်ကန်လောက် မကောင်းဘူးဆိုပေမယ့် လေးခုံပါတဲ့ ကားတွေကြားထဲမှာတော့ မျက်နှာပန်းလှနေတုန်းပါပဲဗျ…”

“ တခြား ဆလွန်းကားတွေနဲ့ ယှဉ်ရင်တော့ မျက်နှာပန်းလှတာပေါ့…ဒါပေမယ့် ငါ့ရဲ့ ဖင်လျှော( နှစ်ယောက်စီးကား ) လောက်တော့ မကောင်းသေးဘူး..” လင်းရီ ပြောရင်းဖြင့် နာရီ တစ်ချက်ကြည့်လိုက်ပြီး “ ဘာပဲဖြစ်ဖြစ်ကွာ… မြန်မြန်သာ လာခဲ့…. အောင်မြင် မအောင်မြင်ကတော့ မင်းအပေါ်မှာ မူတည်သွားပြီ…. “

“ ကျွန်တော်အခု မောင်းရင်း စကားပြောနေတာ… အဲ့ဒီတောင် ရောက်တော့မယ်….” လျန်ကျင်းမင် ပြောလိုက်ပြီး “ ဒါပေမယ့် ကျွန်တော့်အထင် ဒီကိစ္စက နည်းနည်းလေး ရှော့ခ်ရှိသလားလို့…. သူ့အဖေက ဒိတ်ဒိတ်ကျဲကြီးလေ… လျန်မိသားစုက လုံလောက်အောင် မကောင်းမွန်ဘူးလားလို့….”

“ ငကြောက်…” လင်းရီ ဆူငေါက် လိုက်ပြီး “ လျန်မိသားစုက လုံလောက်အောင် မကောင်းရင်တောင် ငါ့ညီကို ဖြစ်တာနဲ့တင် လုံလောက်နေပြီကွ….”

“ ဟီးဟီး… ကျေးဇူးပါ အစ်ကိုကြီးလင်း….” လျန်ကျင်းမင် ပျော်မြူးသွားခဲ့ပြီး “ စကားမစပ် နောက်ပိုင်းကျ တခြား ဘာအစီအစဉ်တွေ လုပ်ဖို့ ရှိသေးလဲ… အစ်ကိုကြီး နောက်ဆုံးတစ်ခေါက်တုန်းက ကောင်းကြီးကို ရေကူးဝတ်စုံ ပါတီ ခေါ်သွားသေးတယ်နော်… ဒီတစ်ခါကျရင်တော့ ကျွန်တော့်ကို ခေါ်ဖို့ မမေ့နဲ့ဗျ…”

“ မြေနူးလေး…. အဲ့တာတွေ နောက်မှပြော… လူသာ အရင်ရောက်အောင်လာခဲ့….”

“ အိုကေ အိုကေ….”

……….

လေဆိပ် ဂိတ်ပေါက်ဝတွင် ချိန်ရန် suitcase အသေးစားလေးကို လက်မှ ဆွဲလျက် ထွက်လာသည်။ သူမဘေးတွင်တော့ ကျိုးဟိုင်သို့ အလည်လိုက်လာသည့် မိန်းကလေး နှစ်ယောက် ရှိနေကြ၏။

“ စီနီယာ အစ်မ.. မုန့်မုန့်… မြန်မြန်သွားကြစို့… ငါ နင်တို့ကို ငါ့ရဲ့ ခန့်ညားချောမောတဲ့ ခဲအိုနဲ့ မိတ်ဆက်ပေးမယ်…” ချိန်ရန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး “ နင်တို့ ခဲအိုလောက်ချောတဲ့ ယောက်ျားလေးမျိုး ရန်ကျင်းမှာ မမြင်ဖူးသေးဘူးဆိုတာ အာမခံရဲတယ်…”

“ အဲ့ဒါဆို မြန်မြန်လေး… ငါတို့လည်း မစောင့်နိုင်တော့ဘူး….”

ပြောလိုက်သူကတော့ လီကျစ်မုန့်ဟု‌ ခေါ်သည့် မိန်းကလေးပင်။ သူမက ချိန်ရန်၏ အတန်းဖော်သူငယ်ချင်းဖြစ်ပြီး အရပ်က ပုတုတုနှင့် ချိန်ရန်အောက် ခေါင်း တစ်လုံးစာခန့် နိမ့်လေသည်။ သူမတွင် လပြည့်ဝန်းကဲ့သို့ ဝိုင်းဝိုင်းပြည့်ပြည့် မျက်နှာပုံစံရှိပြီး ပန်းပွင့်ရောင် ဂါဝန်လေးအား ဝင်ဆင်ထား၏။ ထိုဝတ်စုံလေးက သူမအား ချစ်စဖွယ်အသွင် ဖြစ်ပေါ်စေသည်။

“ အိုးဟုတ်သားပဲ.. ဒီနေ့ ဟွာချင်းရေကန်ကိုလည်း သွားကြမယ်နော… အဲ့အထဲမှာ ဘာတွေရှိလဲဆိုတာ ငါသိချင်နေတာ ကြာပြီ….”

“ မပူနဲ့…. သေချာပေါက် သွားရမှာ…” ချိန်ရန် ပြောလိုက်ပြီး “ ငါနင့်ကို ပြောပြမယ်… ငါ့ခဲအိုက အဲ့ဒီ နေရာမှာ တော်တော်‌လေး နာမည်ကြီးတာ…. သူ သေချာပေါက် ငါတို့ အတွက် တစ်ဆက်ရှင် စီစဉ်ပေးလောက်တယ်….”

“ ကောင်းတာပေါ့… သွားပြီး ရူးသွပ်လိုက်ကြစို့… အဲ့မှာ ဘယ်သူကမှလည်း ငါတို့ကို မသိကြဘူးလေ….”

“ အွန်း အွန်း…. အဲ့လိုမျိုး လုပ်ကြမယ်….” ထို့နောက် ချိန်ရန် တီးတိုးလေသံဖြင့် “ ငါတို့တွေ ဒီမှာ နှစ်ရက် သုံးရက်လောက် နေပြီး အပြီကဲသွားကြမယ်… မဟုတ်လို့ကတော့ ရန်ကျင်းပြန်ရောက်တာနဲ့ ဘယ်သူကမှ ငါတို့ကို အဲ့လိုနေရာမျိုး ခေါ်သွားပေးမှာ မဟုတ်ဘူး….”

“ ဟဲ့... နင်တို့နှစ်ယောက် နည်းနည်းလေး ပိုပြီး တည်ကြည်နေလို့မရဘူးလား… ငါတို့က ဒီကို အလုပ်သင် အင်တာဗျူး လာဖြေတာနော်…. ငါတို့ရဲ့ ပထမ ဦးစားပေးကို မမေ့ပစ်လိုက်ကြနဲ့….”

ပြောလိုက်သူကတော့ ချိန်ရန်၏ စီနီယာ အစ်မ ကူနန်ကျစ်းပင်။

သူမက ဂျင်းဘောင်းဘီအကျပ် ၊ အနက်ရောင် ဘွတ်ဖိနပ်နှင့် ဖောက်ထွင်းမြင်နေရသည့် အနက်ရောင် ဇာချည်ထည်က သူမ၏ ဖောင်းကြွနေသည့် ရင်ဘက်အား ပို၍ ထင်သာမြင်သား ရှိစေသည်။ သူမနှင့် နှိုင်းယှဉ်လိုက်ချိန်တွင်တော့ ချိန်ရန်၏ စနေနှစ်ခိုင်ပင် မျက်နှာငယ်သွားရလေသည်။

“ ဟွန့်… စီနီယာ အစ်မလည်း ဆက်ပြီး ဟန်ဆောင်နေလိုက်…” ချိန်ရန် ပြောလိုက်ပြီး “ အစ်မ အဲ့ဒီကို မသွားချင်ဘူးဆိုတာ မယုံပါဘူးနော်…အဲ့ဒါက နေ့တိုင်း ချွေးထုတ်နေရတာထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်….”

“ သူ့အကန့်နဲ့သူ… ငါတို့က ဒီကို တာဝန်နဲ့ လာတာ… အရေးကြီးတဲ့ ကိစ္စတွေကို အရင် ဦးစားပေးလုပ်ရမယ်…”

သူမလည်း ထိုနေရာအား တစ်ခေါက်လောက် သွားကြည့်ဖူးသောကြောင့် ကူနန်ကျစ်း ယတိပြတ် မငြင်းဆိုလိုက်ချေ။

“ မပူနဲ့… ငါ့ ခဲအိုရဲ့ ဆေးပညာ စွမ်းရည်တွေက အရမ်းကောင်းတာ… တကယ်လို့ နင်တို့ နားမလည်တာရှိရင် သူ့ကို တိုက်ရိုက်သာ မေးလိုက်… ကိုယ့်ဘာကိုယ် အချိန်ကုန်ခံ စဉ်းစားနေတာထက်တော့ ပိုပြီး ကောင်းတယ်….”

“ ရန်ရန် …. ခုမှ ငါ အရေးကြီးတဲ့ အချက်ကို စဉ်းစားမိတယ်…” လီကျစ်မုန့် မှ ပြောလိုက်ပြီး “ ငါတို့ သုံးယောက်က အဲ့ဒီနေရာကို နင့်ခဲအိုနဲ့ သွားလည်ကြမှာနော်… တကယ်လို့ နင့် အစ်မသာ သိသွားခဲ့မယ်ဆိုရင် မိုးမီးလောင်ကုန်မှာ မဟုတ်ဘူးလား…”

“ အိုက်ယား… နင်ထင်နေသလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး..” ချိန်ရန် ပြောလိုက်ပြီး “ သူက ငါ့အစ်မနဲ့ အရမ်း ရင်းနှီးလို့သာ ငါက ခဲအို ခဲအိုဆိုပြီး ခေါ်နေတာ… တကယ့် ခဲအို အစစ်မဟုတ်ဘူး….”

“ တော်တော်လေးတော့ ကသိကအောက် နိုင်တယ်နော….”

“ နင်စဉ်းစားကြည့်ကြည့်ဟာ… ယောင်းမက ခဲအိုကို ဟွာချင်းရေကန်ဆီ ခေါ်သွားတယ်ဆိုပြီး သတင်းတွေ ထွက်သွားရင် အပြင်လူတွေ သေအောင် အတင်းချကြလောက်တယ်…”

“ အဲ့တာဆို နင်ခေါ်နေတဲ့ နင့် ခဲအိုက ယုံကြည်လို့ ရပါ့မလားနော်…” ကူနန်ကျစ်းမှ ပြောလိုက်ပြီး “ တကယ်လို့များ သူက နင့်ကို တစ်ခုခု လုပ်ဖို့ ကြံစည်နေတယ်ဆိုရင်ကော… နင့်မှာ မိသားစုနောက်ခံလေးကလည်း ရှိတော့ သတိထားသင့်တယ်နော….”

မိန်းကလေး သုံးယောက်မှာ အခန်းဖော်ညီအစ်မ များ ဖြစ်ကြပြီး ကူနန်ကျစ်းမှ ချိန်ရန်၏ မိသားစု နောက်ခံမှာ အတော်လေး ကောင်းမွန်ကြောင်း သိလေသည်။ သို့သော်လည်း မမေးမြန်းထားသောကြောင့် များများစားစားတော့ မသိထားချေ။

ယင်းက လီကျစ်မုန့်အတွက်လည်း ထို့အတူပင်။ သူမ ချိန်ရန်၏ အဖေ ဘယ်သူလဲဆိုတာကို မသိသော်ငြား စားဝတ်နေရေးအတွက် ပူပင်ရန် မလိုအပ်သည့် သူဌေးသမီးလေး တစ်ယောက်ဖြစ်ကြောင်းတော့ နားလည်ထားသည်။

သို့သော်လည်း နှစ်ယောက်လုံးမှာ ၎င်းတို့၏ နေထိုင်မှု ပုံစံမှတစ်ဆင့် သူမ၏ အဆင့်အတန်းအား အကြမ်းဖျင်းခန့်မှန်း၍ ရလေသည်။

သူမ၏ လေသံအရတော့ နိုင်ငံရေး အသိုက်အဝန်းဘက်မှ ဖြစ်ဖို့များ၏။ သို့သော်လည်း ချိန်ရန်၏ မိသားစုမှာ မည်မျှ ဩဇာကြီးမားလဲဆိုတာတော့ သူမတို့ မသိကြချေ။

“ အဲ့အကြောင်း စိတ်ပူစရာ မလိုပါဘူး…” ချိန်ရန် ထီမထင်စွာ ပြောလိုက်ပြီး “ ငါ့ ခဲအိုက ငါထင်ထားတာထက်တောင် ပိုပြီးတော့ ချမ်းသာသေးတယ်… အဲ့လိုမျိုး အလုပ်တွေ လုပ်မှာ မဟုတ်ဘူး….”

“ နင့်မိသားစုထက်ကို ပိုပြီးတော့ ပိုက်ဆံရှိတာလား…”

“ ဒါက….”

ချိန်ရန် အနည်းငယ် မရေရာ ဖြစ်သွားခဲ့၏။ “ သူ ပိုက်ဆံ ဘယ်လောက်ရှိလဲ အတိအကျတော့ သေချာမသိဘူး… ဒါပေမယ့် ငမွဲမဟုတ်တာတော့ သေချာတယ်… တကယ်လို့ နင်က ဟွာချင်းရေကန်မှာ အင်ပါယာကတ် လုပ်ထားနိုင်တယ်ဆိုရင် သေချာပေါက် ဆင်းရဲတဲ့ အထဲမှာ မပါဘူးလေ….”

“ နင့်ဘက်က သေချာနေရင်တောင်မှ သတိထားတာတော့ မမှားဘူး… တခြား ရည်ရွယ်ချက်တွေ ရှိမနေဘူးလို့မှ ပြောမရတာ….”

“ ဟီးဟီး… အဲ့လို စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါ စီနီယာ အစ်မ… ဒါပေမယ့် ဖြစ်လာမှာ မဟုတ်လို့ စိတ်ပူမနေနဲ့…”

ကော်နန်ကျစ်း ခေါင်းခါရမ်းလိုက်၏။ သူမ သေချာလေး မျက်စိဒေါက်ထောက် စောင့်ကြည့်နေရတော့မည့် ပုံပင်။

“ ခဲအို… ခဲအို….! “

သူမ ဂိတ်ပေါက်ဝမှထွက်လာပြီးချင်း ဆယ်မီတာ အကွာရှိ လင်းရိအား မြင်တွေ့လိုက်သည်နှင့် ချိန်ရန် ခြေဖျားထောက်လျက် ချက်ချင်း လက်ပြ အော်ခေါ်တော့၏။

တစ်ချိန်တည်းတွင် လင်းရီနှင့် လျန်ကျင်းမင်တို့မှ မိန်းကလေး သုံးယောက်ထံ ရောက်လာလေသည်။

လီကျစ်မုန့် မျက်လုံး အရောင်လက်သွားခဲ့၏။

ရန်ရန်ရဲ့ ခဲအိုက အရမ်းကြီး ချောလွန်းမနေဘူးလား…

တစ်သန်းမှာ တစ်ယောက်လောက်သာ ရှိမယ့် ယောက်ျားမျိုးပဲ…

“ ခဲအို.. ဒါက နင့်သူငယ်ချင်းလား…” ချိန်ရန် လျန်ကျင်းမင်အား သာမန်ကာလျှံကာမျှ ကြည့်ပြီး မေးလိုက်၏။

“ မင်းက သူငယ်ချင်းတွေ ပါလာမှာကို ကြိုမှ မပြောတာ… ငါ့ကားက အကုန်လုံးကို တင်ဖို့ မလောက်ဘူးလေ…. ဒါကြောင့်မို သူ့ကို‌ ခေါ်လိုက်တာ…”

ထို့နောက် လင်းရီ မိတ်ဆက်ပေးလိုက်၏။ “ မင်းတို့ကို မိတ်ဆက်ပေးရဦးမယ်… ဒါက ငါ့ရဲ့ ညီကို … လျန်ကျင်းမင်တဲ့…ဒူဘိုင်းက ရေနံ ရှစ်ဆယ် ရာခိုင်နှုန်းလောက်ကို သူ့မိသားစုက ပိုင်တာလေ…”

“ လခွမ်း..” လျန်ကျင်းမင် ရင်ထဲတွင် ကျိန်ဆဲ လိုက်ပြီး ‘ အစ်ကိုကြီး သာမန်လူလိုပဲ ပြုမူလေဗျာ…. ကျုပ်မိသားစုက ဒူဘိုင်းမှာ တရားဝင်ပိုင်ဆိုင်ထားတာမျိုး ဘာမှမရှိဘူး….’

“ ဒါဆို သူ့ကို မင်းသားလို့ ခေါ်သင့်တယ် မဟုတ်ဘူးလား….” ချိန်ရန် ရွှတ်နောက်နောက် ပြောလိုက်၏။

“ မင်းသားလို့ ခေါ်လည်း အဆင်ပြေတယ်… သူ့နာမည် အပြည့်အစုံက မာ့ခ်တွန်ဘင် မိုဟာမတ်ဘင် ရာရှစ်မာ့တွန်ဘင်လျန်ကျင်းမင်…” လင်းရီ ပြောလိုက်ပြီး “ ဒီတိုင်း လျန်ကျင်းမင်လို့ပဲ ခေါ်လို့လည်း ရတယ်…”

“ ဟယ်လို မင်းသား…” ချိန်ရန် ပြုံးပြီး သူမ လက်အား ဆန့်ထုတ်လိုက်၏။

လျန်ကျင်းမင် လုံးဝ စိတ်ရှုပ်ထွေးသွားခဲ့၏။ သူ ယခုလို အခြေအနေမျိုးနှင့် ဘယ်တုန်းကမှ မကြုံခဲ့ဖူးသေးချေ။

“ အိုး… ဟယ်လို ဟယ်လို…”

ကြောင်အမ်းအမ်းဖြင့် ပြန်လည် နှုတ်ဆက်လိုက်သည်။

ရိုးရှင်းစွာ မိတ်ဆက်ပြီးနောက် အချင်းချင်း နာမည်များ သိရှိသွားကြလေသည်။

“ ခဲအို… ခုဘာလဲလုပ်မှာ… တိုက်ရိုက် သွားကြမှာလား….”

“ အင်း… တစ်ခါတည်း တန်းသွားကြမယ်… ဘာပဲဆိုဆို အဲ့မှာလည်း အစားအသောက်တွေ ရောင်းနေတာပဲလေ…” လင်းရီ သူ့လက်ကို ဟန်ပါပါ ရမ်းရင်း ပြောလိုက်၏။

“ ဟီးဟီး… သွားစို့ သွားစို့…”

မိန်းကလေးများ ခပ်လှမ်းလှမ်းကို ရောက်တော့ လျန်ကျင်းမင် လင်းရီအား ကြည့်ပြီး “

“ အက်…. အစ်ကိုကြီးလင်း… ခနလေး နေပါဦး… ကျွန်တော်တို့က အခု ဘယ်လည်း သွားကြမှာ….”

“ ဟွာချင်း ရေကန်ကိုလေ… မဟုတ်ရင် ငါက သူတို့ကို မာကျောက်ကစားဖို့ ခေါ်သွားပေးရမှာလား….”

“ ဝှက်သယ်ဖက်… အစ်ကိုကြီးက ဒီမိန်းကလေးတွေကို ဟွာချင်းရေကန် ခေါ်သွားမယ်…”

“ မရလို့လား….”

“ သူများတွေက ကောင်မလေး ရဖို့ ကြိုးပမ်းနေချိန် အစ်ကိုကြီးက မိန်းကလေးတွေကို အဲ့ဒီနေရာ ခေါ်သွားနေတယ်….. ကျွန်တော်တော့ လေးစားလို့ မဆုံးတော့ဘူး…. မိန်းမ ပိုးပန်းတဲ့နေရာမှာ အစ်ကိုကြီးလင်းနဲ့ ယှဉ်မယ်ဆိုရင် အစ်ကိုကြီးချင်းက လုံးဝကို အမှိုက်ပဲ….”

All Chapters