မကောင်းဆိုးဝါးမကြီး
Vol. 48 Ch. 707
“ ဟဲဟဲ.. စန်းကွာတယ်လေ….”
လင်းရီ ပြုံးလိုက်၏။
“ ဒါဆို အစ်ကိုကြီးလင်းက ဒီညီလေးကို နည်းနည်းပါးပါး မကူညီပေးချင်ဘူးလား….”
“ ပြောပြီးပြီလေ… မင်း စွမ်းရင် မင်း ရမှာပဲလို့….”
“ ခဲအို… နင်တို့တွေ ဘာပြောနေကြတာ… နင် ငါ့ရဲ့ စီနီယာ အစ်မကို မျက်စိကျနေတာလား… ဒါမှ မဟုတ် မုန့်မုန့်ကိုလား…. နှစ်ယောက်စလုံးက စင်ဂယ်လေးတွေနော်….”
“ ဟုတ်တယ် ဟုတ်တယ် … နှုတ်မရဲ မဖြစ်နဲ့…” လီကျစ်မုန့်မှ လင်းရီကို ရှက်ကိုးရှက်ကန်း ကြည့်ရင်း ပြောလိုက်၏။
လင်းရီ လျန်ကျင်းမင်အား မျက်စိပစ်လိုက်ပြီး ‘ မြင်လား … ငါက ဘာမှတောင် မပြောရသေးဘူး… ငါ့ရင်ခွင်ထဲ ပစ်ဝင်ချင်နေကြပြီ… ခန့်ညားပြီး ချမ်းသာနေတာကိုက ငါ့ရဲ့မဟာအမှားကြီးပဲ….’
“ အစ်ကိုကြီးလင်းကတော့ အစ်ကိုကြီးလင်းပါပဲဗျာ…”
အုပ်စုမှာ လေဆိပ်မှ ရယ်ရယ်မောမောဖြင့် ထွက်လာခဲ့ပြီး အပြင်ရောက်တော့ ချိန်ရန်မှ မေးလိုက်၏။
“ ခဲအို… နင့်ရဲ့ ကားကော…”
“ ဟိုး နားက ကားအမည်းရောင်လေးလေ…”
“ ဟမ်... Bugatti La Voiture Noire " လျန်ကျင်းမင် အံ့အားသင့်သွားခဲ့ပြီး “ ဖက်ခ်... အဲ့တာက အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ကမ္ဘာပေါ်မှာ တစ်စင်းတည်းသော ကားမလား… 129 မီလီယမ်တောင် ပေးရတယ်လေ…”
“ အင်း… အဲ့ကောင်ပဲ….”
“ လခွမ်း…. အစ်ကိုကြီးလင်းက အဲ့ဒီကားတောင် ဝယ်လိုက်တယ်ပေါ့… အဲ့လောက်ထိ အံ့အားသင့်ဖို့ကောင်းစရာလိုလို့လားဗျ…..”
“ တုန်လှုပ်မနေစမ်းနဲ့… တစ်နေ့ မင်းလည်း ငါ့ကို အံ့ဩဖို့ ကောင်းလာလိမ့်မယ်….”
လင်းရီ စီးသည့်ကားကို မြင်တော့ ကူနန်ကျစ်း သူမ နားလည်မှုလွဲသွားခဲ့သည်ဟု ခံစားလိုက်ရ၏။
ထိုသို့သော ကားမျိုးက ပိုက်ဆံရှိရုံမျှနှင့် အလွယ်တကူ ဝယ်နိုင်သည့် အမျိုးအစား မဟုတ်ချေ။
‘ ရန်ရန်က ဒီလောက်ထိ စိတ်ချနေတာ မထူးဆန်းတော့ပါဘူး… သူ့ရဲ့ ချမ်းသာမှုတွေက ငါတို့ စိတ်ကူးထားတာထက်ကို ကျော်လွန်နေတာပဲ…’
“ ဟီးဟီး… ခဲအို… ငါနင့်ကား စီးမယ်နော်….”
“ ရတယ်လေ… ငါ့ကားက ထိုင်ခုံတစ်ခုတည်း ပါတာဆိုတော့ ကျန်တော့ မင်းသူငယ်ချင်းတွေကတော့ မင်းသားလျန်ရဲ့ ကားနဲ့ လိုက်ခဲ့လိုက်….”
အစီအစဉ် ချမှတ်ပြီးနောက် အုပ်စုမှာ ဟွာချင်း ရေကန်သို့ ရောက်လာကြလေသည်။
“ အိုး… မစ္စတာလင်း… ဒီတစ်ခါလည်း မိန်းကလေးတွေ ခေါ်လာပြန်ပြီလားဗျ…” ခန်းမ မန်နေဂျာမှ လင်းရီကို မြင်တော့ ပြောလိုက်၏။
“ အင်း မာဆတ် ယဉ်ကျေးမှုကို ကျားမ မခွဲခြားပဲ ခံစားလို့ရအောင် ဦးဆောင်ပေးနေတာ… သဘောပေါက်တယ်မလား… “
“ ဒါပေါ့ဗျာ… ဒါပေါ့.. ဒီလောက်ကောင်းတဲ့ ဝန်ဆောင်မှုကို လူတိုင်းက ခံစားကြည့်သင့်တယ်လေ…. မစ္စတာလင်းကတော့ တကယ့်ကို ရှေ့ဆောင်လမ်းပြပါပဲ… ဒါနဲ့ ဒီနေ့လည်း ဝန်ဆောင်မှု အပြည့်ယူမှာလားဗျ….”
“ သေချာပေါက်ပေါ့…”
“ ကောင်းပါပြီ…” ခန်းမ မန်နေဂျာမှ ဦးညွတ်လိုက်ပြီး “ လူကြီးမင်းတို့ကို ဟွာချင်းရေကန်ကနေ ကြိုဆိုပါတယ်…ကျေးဇူးပြု၍ ညှပ်ဖိနပ်လဲပြီး အထဲကို ကြွခဲ့ပေးပါခင်ဗျ… “
အုပ်စုမှာ အထဲဝင်လိုက်ကြပြီး ရေကူးဝတ်စုံများ လဲပြုလိုက်ကြ၏။ ထို့နောက် အိမ်နှင့်မခြား ရင်းနှီးနေသည့် လင်းရီမှ ဦးဆောင်၍ ပထမထပ်ရှိ ရေပူစမ်းသို့ ထွက်လာခဲ့ကြပြီး စက်ဝိုင်း ပုံသဏ္ဍာန် ရေပူစမ်းထဲတွင် စိမ်ရင်း အလွန်အမင်း သက်တောင့်သက်သာ ဖြစ်နေကြတော့သည်။
“ အစ်ကိုကြီးလင်း.. သန်ဘက်ခါဆို တနင်္လာနေ့ရောက်ပြီ.. ဟိုကို ဘယ်အချိန်လဲ သွားမှာ…” လျန်ကျင်းမင်မှ မေးလိုက်၏။
“ မင်းပြောနေတာ ရာဝမ်းကျွန်းက ရွက်လှေစုဝေးပွဲလား…”
လျန်ကျင်းမင် ခေါင်းညိမ့်လိုက်ပြီး “ အစ်ကိုကြီးရဲ့ ၀မ်ကျန်းဆိပ်ကမ်းလည်း သွားမှာမလား... ဒါမှမဟုတ် ကြိုပြီး သွားကြမလား..…”
“ ဆိပ်ကမ်းရဲ့ ကိစ္စ ငါဂရုမစိုက်ဘူး… အဲ့ဘက်ကို တာဝန်ယူမယ့်သူ တစ်ယောက် သပ်သပ်ရှိပြီးသား…” လင်းရီ ပြောလိုက်ပြီး “ ငါဒီဘက်လည်း တခြားလုပ်စရာတွေရှိတော့ မင်းတို့နဲ့ အတူ မသွားနိုင်တော့ဘူး…”
“ အဲ့လိုမလုပ်ပါနဲ့… လူတိုင်းက အုပ်စုကိုယ်စီနဲ့သွားကြမှာကို ကျွန်တော်တို့လေးယောက်က သီးခြားဖြစ်နေရင် မကောင်းဘူးလေ….”
“ ဘာလို့… မင်းတို့ကောင်တွေက အုပ်စုဖွဲ့ပြီး ဓားပြတိုက်မလို့လား.. လူလေးယောက်ကြီး အတူစုဝေးနေဖို့ လိုလို့လားဟ….”
“ လေသံ နားထောင်ကြည့်ရသလောက်တော့ အစ်ကိုကြီးလင်း အရင်တုန်းက ဟိုင်ထျန်ပွဲကို မသွားဖူးသေးဘူးထင်တယ်….”
“ မသွားဖူးဘူး.. ဒါပေမယ့် ကြားဖူးတယ်လေ….”
လျန်ကျင်းမင် ပြုံးလိုက်ပြီး “ ကျွန်တော် ပြောပြမယ်.. ဒီရဲ့ ရာဝမ်းကျွန်းမှာ ရွက်လှေစုဝေးပွဲဆိုတာက လူချမ်းသာတွေအတွက် အဆက်အသွယ်ကွန်ရက် တည်ဆောက်တဲ့ပွဲပဲ… အချိန်ကျရင် ဟွာရှက ချမ်းသာတဲ့ သူတွေ အကုန် ရောက်လာကြမယ်… ကျိုးဟိုင်ရဲ့ ကိုယ်စားပြုအနေနဲ့ ကျွန်တော်တို့တွေက စည်းစည်းလုံးလုံးနဲ့ ရှိနေသင့်တယ်မဟုတ်ဘူးလား….”
“ လိုအပ်လို့လား….”
“ သေချာပေါက် လိုအပ်တာပေါ့… ဘယ်သူမှ မျက်နှာမပျက်ချင်ကြဘူးလေ…” လျန်ကျင်းမင် ပြောလိုက်ပြီး “ မနှစ်တုန်းက အစ်ကိုကြီးချင်း မသွားတော့ ကျွန်တော်နဲ့ ကောင်းကြီးပဲ သွားလိုက်တယ်… အဲ့ဒါနဲ့ ပွဲရဲ့ အာရုံကို ရန်ကျင်းက ဟိုခွေးသူတောင်းစားတွေ ခိုးသွားကြတယ်…. သူတို့ထဲက တစ်ယောက်က လုရွှမ်… အစ်ကိုကြီး အဲ့ကောင်ကို သိပါတယ်….”
“ ကျောက်မိုနဲ့ တွဲသွားတွဲလာ လုပ်နေတဲ့ ကောင်လား…”
“ ဟုတ်တယ် ဟုတ်တယ် … အဲ့ကောင်ပဲ…” လျန်ကျင်းမင် ဖရဲသီးတစ်စိတ်ကို ယူစားလိုက်ရင်း “ ဒါပေမယ့် ဒီနှစ်တော့ အဲ့ကောင်တွေ မျက်နှာမပြရဲလောက်တော့ဘူး… ဘာလို့ဆို အစ်ကိုကြီးက အဲ့ကောင်တွေကို ရှယ်သမထားတာလေ….”
“ မလာတာပဲကောင်းတယ်… မဟုတ်လည်း ငါ့ရှေ့မှာ လာပြီး ရှိုးပြနေတာကို ကြည့်လို့ရမှာ မဟုတ်ဘူး….”
“ ထောက်ခံတယ်…”
“ ခဲအို… ခနလေး…” ချိန်ရန် ပြောလိုက်ပြီး “ နင်တို့ ခု ပြောနေတဲ့ ရွက်လှေစုဝေးပွဲဆိုတာ တော်တော်လေးရှုပ်ထွေးတဲ့ နေရာမလား….”
“ ရှုထောင့်တစ်ခုကနေ ကြည့်မယ်ဆိုရင်တော့ ပြောလို့ရတယ်…”
“ အဲ့တာဆို ငါလည်းသွားကြည့်ချင်တယ်… ငါ့ကို ခေါ်သွားပေး….” ချိန်ရန် ပြောလိုက်၏။
“ ဒါဆို တို့လည်း လိုက်မယ်လေ…” လီကျစ်မုန့်မှ တိုးတိုးလေး ပြောလိုက်၏။
“ တော်စမ်းပါ... ငါသာမင်းကို အဲ့နေရာ ခေါ်သွားလို့ကတော့ မင်းအဖေနဲ့မင်းအစ်မက ငါ့ကို ကလော်တုတ်လိုက်မယ့် ဖြစ်ခြင်း…. လိမ်လိမ်မာမာလေးနဲ့ ကျောင်းပဲတက်နေ… မိမိုက်သလို လုပ်တာက လူကြီးတွေရဲ့အလုပ်… ကလေးတွေ ဝင်မပါရဘူး…”
“ သူများက မငယ်တော့ပါဘူးနော်…” ချိန်ရန် သူမ ရင်ဘက်ကို ကော့ရင်း ပြောလိုက်၏။
“ ဟုတ်တယ်.. ငါကောပဲ…” လီကျစ်မုန့်လည်း သူမ၏ ပိုင်ဆိုင်မှုလေးအား ဝင့်ကြွားစွာ ဖော်ပြလိုက်၏။
လင်းရီနှင့် လျန်ကျင်းမင်တို့ ကော်နန်ကျစ်အား တစ်ချက်ကြည့်လိုက်ပြီး အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။
“ ဟဲ့… ဘာလာကြည့်နေတာလဲ….”
ကော်နန်ကျစ်း ရှက်ရှက်နှင့် ရေအောက်သို့ တိုလျှိုးလိုက်၏။ သူမ၏ ပေါင်မုန့်လုံးကြီးများကတော့ ရေထဲတွင် ပေါလောပေါ်နေသည်။
“ ခဲအို… နင်က ငါနဲ့ မုန့်မုန့်ကို ခွဲခြား ခွဲခြား လုပ်နေတာလား….”
ချိန်ရန် မကျေမနပ်ဖြစ်စွာ ဆန္ဒပြလိုက်၏။
“ မင်းတို့ကို ခွဲခြားနေတာ မဟုတ်ဘူး…. တကယ်လို့ မင်းတို့သာ အဲ့ဒီကို သွားရင် သူများတွေက ခွဲခြားတာကို ခံရမှာစိုးရိမ်လို့ ပြောနေတာ…”
“ သူများတွေက ခွဲခြားမယ်…”
“ ဘစ်ကနီတောင် မပြည့်တဲ့သူက လှောင်ပြောင်ခံရတဲ့ ပစ်မှတ်ဖြစ်ဖို့ လွယ်လွယ်လေးပဲလေ….”
လီကျစ်မုန့် “…. “
ရွှတ်... ငါ့အသည်းလေးတော့ ကွဲကြေပါပြီ…
လီကျစ်မုန့် သူမရင်ဘက်ကို ငုံ့ကြည့်လိုက်၏။ ထို့နောက် ချိန်ရန်၏ ရင်ဘက်ကို ကြည့်လိုက်ပြီး
“ pad ခံထားလိုက်ရင်ကော…”
လင်းရီ “….. “
လျန်ကျင်းမင် “…..”
ထို့နောက် ထွေရာလေးပါး ပြောဆိုရင်းဖြင့် ရေထဲ ဆက်စိမ်နေကြလေသည်။
“ အစ်ကိုကြီးလင်း… ကျွန်တော်တို့ ရေစိမ်နေတာလည်း ကြာပြီဆိုတော့ အနှိပ်သွားခံကြတော့မလား…” လျန်ကျင်းမင်မှ ပြောလိုက်၏။
“ ကောင်းသားပဲ.. သွားစို့…”
ငါးယောက်သား ရေပူစမ်းထဲမှ ထလိုက်ကြပြီး ၎င်းတို့၏ ဖုန်းများအား ယူကာ ကိုယ်ကို တံပတ်ရှည်ဖြင့် ပတ်၍ ဒုတိယထပ်သို့ ထွက်လာကြလေသည်။
“ နံပါတ် ၁၈ က ပြန်မလာတော့ဘူးလား မသိဘူး… ငါဒီကို ခနခနရောက်ဖြစ်တယ်… ဒါပေမယ့် ခုထိ ပြန်မဆုံသေးဘူး…”
ထိုစဥ် ချိန်ရန် လင်းရီကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ပြီး “ ခဲအို … ငါနင့်ကို နှိပ်ပေးမယ်ဆိုရင်ကော… ပြီးရင် စုပ်ခွက်ကုထုံးလည်း လုပ်ပေးမယ်လေ…”
“ ဟမ်… မင်းက အဲ့တာလည်း လုပ်တတ်တယ်လား….” လင်းရီ မေးလိုက်၏။
“ ဒါပေါ့… ငါတို့ ကျောင်းမှာ အဲ့တာတွေအတွက် သီးသန့်တောင် သင်ရသေး…. ငါ့ရဲ့ စကေးတွေက လုံးဝ ထိပ်တန်းပဲ…”
“ ဒါဆိုလည်း လုပ်ကွာ… ခုတလော နည်းနည်းလေး ပင်ပန်းနေတာနဲ့ အတော်ပဲ…”
ချိန်ရန်မှ OK လက်ဟန်ပြုလိုက်ပြီး “ ပြဿနာမရှိဘူး…”
၎င်းတို့၏ စကားဝိုင်းကို ကြားတော့ ဖြတ်သွားဖြတ်လာတစ်ဦးမှ ထူးဆန်းစွာ ကြည့်လိုက်၏။
ခဲအိုက ယောင်းမကို ဒီခေါ်လာပြီး အပန်းလာဖြေနေတယ်… တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားဖို့ ကောင်းသား….
ကလင် ကလင် ကလင်…
ထိုစဉ် လင်းရီ ဖုန်းသံမြည်လာခဲ့၏။ ဖွင့်ကြည့်လိုက်တော့ လျန်ရူရွှယ်ဖြစ်နေလေသည်။
“ ဟဲ လို…”
“ ကိုးနာရီတောင် ထိုးတော့မယ်…. မြန်မြန်ပြန်လာခဲ့တော့… အပြင်မှာလျှောက်ပြီး မူးရူးမနေနဲ့….”
“ မူးရူးမနေပါဘူးဟ… ခုမှ အလုပ်စမလို့… ဒီလာဖို့လည်း ခဲယဉ်းတယ်ဆိုတော့ တစ်ခေါက်တစ်လေလေး အပြည့်အဝခံစားလိုက်ဦးမယ်…”
“ ခု ရှစ်နာရီ ငါးဆယ်ရှိနေပြီ… အေး .. တကယ်လို့ နင်ကိုးနာရီ ထိုးလို့မှ ထွက်မလာခဲ့ရင်တော့ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ ပြင်ထားလိုက်….”
" မဟုတ်သေးပါဘူးဟ... ငါတို့က ... တီ တီ တီ ...."
“ ရှီးပဲ… သူ မလာရတိုင်း သူများတကာကို လိုက်ပိတ်ပင်နေတဲ့ မကောင်းဆိုးဝါးမကြီး…”
လင်းရီ ကျန်သူများကို ကြည့်လိုက်ပြီး
“ ငါတို့ မြန်မြန် ထွက်သွားမှ ဖြစ်တော့မယ်…. ဒီနေရာက မလုံခြုံတော့ဘူး…”
“ အမ်.. ဘာလဲဖြစ်လို့.. မမက ငါတို့ ဒီရောက်နေတယ်ဆိုတာ သိသွားလို့လား….”
“ အင်း… သူသိသွားပြီ… ပြီးတော့ ငါတို့ကို ခုချက်ချင်း ထွက်ခဲ့တဲ့… မနက်ဖြန်မှ ပြန်လာကြတာပေါ့…”
“ ခဲအို… နင်က အစ်မ ဖုန်းဆက်လိုက်တာနဲ့ပဲ ကြောက်နေပြီပေါ့… ငါ နင့်ကို နှိပ်ပေးတာ မခံချင်တော့ဘူးလား… ပြီးတော့ အထူးဝန်ဆောင်မှုကကော….”
“ အဲ့ဟာတွေ မေ့လိုက်တော့… ဒီက မြန်မြန် ထွက်သွားကြမယ်… မဟုတ်လို့ကတော့ အခြေအနေတွေက ရှုပ်ထွေးကုန်တော့မှာ…”
“ ညီကို.. မင်းက တကယ်ကြီး မီးနဲ့ ကစားနေတာပဲကွ… မင်းရဲ့ ခယ်မလေးကို ဒီခေါ်လာဝံ့နေတယ်…. မင်းတော့ အိမ်ပြန်ရောက်ရင် မြေမြုပ်ခံရပြီပဲ…”
ပြောလိုက်သူကတော့ မနီးမဝေးတွင် အနှိပ်ခံနေသည့် လူကောင်ကြီးကြီးနှင့် တက်တူးများထိုးထားသည့် အမျိုးသား တစ်ယောက်ပင်။ သူ၏ အမူအရာမှာ လင်းရီ၏ ဒုက္ခအား ကျေနပ်နေသည့်ပုံ ပေါက်နေလေသည်။
“ ငါကတော့ မြေမြုပ်ခံရမှာ မဟုတ်ဘူး… ဒါပေမယ့် မင်းတို့ကောင်တွေကို အကြံဉာဏ်တစ်ခုတော့ပေးလိုက်မယ်… မင်းတို့အားလုံး ခုထွက်သွားလိုက်ကြတော့.. အခါနှောင်းသွားရင် ဘယ်သူမှ ပြန်ထွက်မရ ဖြစ်သွားလိမ့်မယ်….”