အားနည်းဟန်ဆောင်ခြင်း(ကျားသားစားချင်၍ ၀က်ယောင်ဆောင်ခြင်း)
Vol. 48 Ch. 708
“ ဟ… ငါတို့နဲ့ ဘာဆိုင်လို့တုန်းဟ… မိသွားတာက မင်းလေ… ” တက်တူးနှင့် အမျိုးသားမှ ပြောလိုက်ပြီး “ မင်းမိန်းမက ခယ်မကို ဒီခေါ်လာခဲ့လို့ဆိုပြီး ငါတို့ကို အပြစ်တင်မှာမို့လို့လား…”
“ မီးလောင်ရင် အနီးတစ်ဝိုက်က ပစ္စည်းတွေပါ မီးစွဲတတ်တယ်တဲ့…” လင်းရီ ပြောလိုက်ပြီး “ ခုနေ မထွက်သွားဘူးဆိုရင် တအား နောက်ကျသွားတော့မှာ…”
“ ဒီကောင် ရူးနေတာလား…” တက်တူးနှင့် အမျိုးသားမှ ပြောလိုက်ပြီး “ ငါတို့က ဟွာချင်းရေကန် ရောက်နေတာကို ဘယ်သူက ထိန်းချုပ်နိုင်မှာ…”
“ ဒါဆိုလည်း စောင့်ကြည့်တာပေါ့…ဘိုင့်ဘိုင် ….”
လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး “ သွားစို့… ဒီနား တစ်ဝိုက်တွေ လိုက် သဝေထိုးရအောင်… မင်းအစ်မက ထွက်ခဲ့ဖို့ပဲ ပြောတာ … အိမ်ပြန်လာဖို့ မပြောဘူး….”
သို့နှင့် အဝတ်အစား အမြန်လဲလိုက်ကြပြီး ကိုးနာရီမတိုင်ခင် ဟွာချင်း ရေကန်ထဲမှ ထွက်ကာ မက်ထရိုပိုလစ်သို့ သွားရန် ဟန်ပြင်လိုက်ကြ၏။ သို့သော် သူတို့ အပြင်ရောက်လို့ ကားထဲ မဝင်နိုင်သေးခင် ဟွာချင်းရေကန် အပေါက်ဝသို့ ရဲကားဆယ်စီးခန့် ရောက်လာခဲ့ကြောင်း မြင်တွေ့လိုက်ရ၏။
ဒါဇင်ချီသော ယူနီဖောင်းဝတ် ရဲအရာရှိများမှာ အထဲသို့ ပြေးဝင်သွားကြလေသည်။
“ ဒါက….” လီကျစ်မုန့် ရှောခ့် ရသွားခဲ့ပြီး “ ရန်ရန် .. ဒါက တိုက်ဆိုင်တာပဲလား… ဒါမှမဟုတ် နင့်ရဲ့ အစ်မကပဲ ဒီလူတွေကို လွှတ်လိုက်တာလား….”
“ အမ်… တိုက်ဆိုင်တာတော့ မဟုတ်လောက်ဘူးထင်တယ်….”
“ မဖြစ်နိုင်တာ… ဒါဆို နင့်ရဲ့ အစ်မက ရဲအုပ်ပေါ့…”
“ ရဲအုပ်မဟုတ်ဘူး…. သူ့အစ်မက မြို့တော်ဝန်..”
လျန်ကျင်းမင်မှ ပြောလိုက်၏။
“ မြို့တော်ဝန်… ကျိုးဟိုင်ရဲ့ မြို့တော်ဝန်လား….
လျန်ကျင်းမင် ခေါင်းညိမ့်ပြလိုက်၏။
ကူနန်ကျစ်းနှင့် လီကျစ်မုန့်တို့ ချိန်ရန်အား အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။
သူ့ အစ်မက ကျိုးဟိုင်မြို့တော်ဝန်ဆိုတော့ ရန်ရန်ရဲ့ မိသားစုက……………..
“ အထင်မလွဲကြနဲ့… ငါတို့က ငယ်ကတည်းက ညီအစ်မလို ရင်းနှီးလာလို့ မမဆိုပြီး ခေါ်နေတာ…သွေးရင်းတွေ မဟုတ်ဘူး…” ချိန်ရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါ့မိသားစုက အဲ့လောက်ထိ လွှမ်းမိုးမှု မကောင်းပါဘူးဟယ်….”
ကူနန်ကျစ်း နဖူးပေါ်ရှိ ချွေးအေးများအား သုတ်ချပစ်လိုက်၏။
ခုက ဘယ်သူပို ဩဇာကြီးလဲ ပြောနေရမယ့် အချိန်မဟုတ်ဘူးလေ….
‘ ဒီရဲ့ လင်းရီလို့ ခေါ်တဲ့သူက နင့်အစ်မနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်ဆိုတော့ သူလည်း သေချာပေါက် အံ့အားသင့်ဖို့ ကောင်းတဲ့သူပဲ ဖြစ်ရမယ်…’
‘ ပိုအရေးကြီးတာက အဲ့သူက နင့်အစ်မ ဘယ်လိုလူစားမျိုးလဲဆိုတာကို သိနေတာတောင်မှ ရာဝမ်းကျွန်းက ပွဲကို တက်ချင်နေသေးတယ်ဆိုတော့…..
မကောင်းတဲ့ကောင်လို့ သတ်မှတ်လို့ရတယ်မလား….’
မကြာမီ ဟွာချင်းရေကန်ရှိ ဝန်ထမ်းနှင့် ကတ်စတန်မာများ လက်ကောက်ကိုယ်စီနှင့် ထွက်လာခဲ့ကြ၏။ ထိုအထဲတွင် တက်တူးနှင့် လူလည်း အပါအဝင်ပင်။
“ ရို.. ညီကို… မြန်မြန်ထွက်ပါလို့ ပြောသားပဲကို နားမှ မထောင်တာ….”
“ ငိုးပဲ… မင်းငါ့ကို လှည့်စားသွားတယ်… ငိုးမသား…”
“ ဟေ့ ဟေ့ အပြစ်လာမတင်မနေနဲ့… ပြောသင့်ပြောထိုက်တာတွေ ပြောပြီးသားကို လက်မှမခံတာ… ထောင်ထဲကို တစ်ရက် အလည်အပတ်ပေါ့… ဟားဟား ပျော်ခဲ့ဦးနော….”
ချိန်ရန်နှင့် ကျန်သည့် မိန်းကလေးနှစ်ယောက်လုံး ခိုးခိုးခစ်ခစ် ရယ်မောလိုက်ကြ၏။ ထို့နောက် ကားကိုယ်စီထဲသို့ ဝင်၍ မက်ထရိုပိုလစ်သို့ ဦးတည်လိုက်ကြလေသည်။
ထိုညတွင် လင်းရီ ချိန်ရန်နှင့် သူငယ်ချင်းများအား ညသန်းခေါင်အထိ ကလပ်တွင် အဖော်ပြုပေးပြီးမှ ဟိုတယ်သို့ ပြန်လိုက်ပို့လိုက်သည်။
“ ခဲအို… နင်မနက်ဖြန်ကျ ဖဲကြိုးဖြတ်ပွဲကို လာဦးမှာလား….”
“ Nope… ပျင်းဖို့ကောင်းတယ်…” လင်းရီ ပြောလိုက်ပြီး “ အများရှေ့ မျက်နှာထွက်ပြတာက ငါ့ ထုံးစံမဟုတ်ဘူး….”
“ အဲ့တာဆိုလည်း ပြီးတာပဲလေ…ခဲအို တာ့တာ….” လင်းရီ ခေါင်းညိမ့်လိုက်ပြီး လျန်ကျင်းမင်နှင့် ထွက်လာခဲ့လိုက်၏။
သူ ကျိုကျုံးဗီလာကို ပြန်ရောက်တော့ မနက်တစ်နာရီ ရှိနေချေပြီ။ ကျီချင်းရန်ကတော့ ထူးဆန်းသည့် ကိုယ်နေဟန်ထားဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့၏။
နောက်တစ်နေ့နံနက် ကျီချင်းရန် အိပ်ရာက နိုးတော့ နံနက်စာ အသင့်ဖြစ်နေတာကို မြင်တွေ့သွားခဲ့ပြီး “ မစ္စတာလင်းက မဆိုးဘူးပဲ… ကျွန်မဖို့ မနက်စာ ပြင်ထားပေးတယ်ပေါ့….” ကျီချင်းရန် ဒုတိယထပ်တွင် မတ်တပ်ရပ်ရင်း ချစ်ဖို့ကောင်းသည့် မျက်ဝန်းများဖြင့် ပြောလိုက်၏။
“ ဘယ်တတ်နိုင်မှာ … ငါက အမြဲတမ်း တော်နေကြပဲလေ….”
ကျီချင်းရန် လင်းရီကို အစုံအဆန် စစ်ဆေးလိုက်ပြီး “ နင်နော်... မနေ့ညက မဟုတ်တာတွေ လုပ်ခဲ့လို့ ဒီလိုတွေ လုပ်ပေးနေတာလား…”
“ ငါ့ နှလုံးသားလေးက အမြဲတမ်း မင်းဆီမှာပဲလေ…. ဘာလို့ မကောင်းတာတွေ လုပ်ရမှာလဲ….”
“ ခစ်ခစ်…”
ကျီချင်းရန် သဘောတွေ့စွာ ရယ်မောလိုက်၏။
စောစောစီးစီး တစ်တီတူးနေတာ အရမ်း ရှက်စရာ ကောင်းတာပဲ…
“ စောင့်ဦးနော်… ငါမျက်နှာသစ်ပြီးမှ ထမင်းလာစားတော့မယ်…”
“ အိုကေ… သွား သွား…”
ဆယ်မိနစ် ကြာပြီးနောက် ကျီချင်းရန် အောက်ထပ်သို့ ဆင်းလာခဲ့၏။သူမ၏ ဆံပင်ကိုတော့ ခေါင်းစည်းကြိုးဖြင့် သေချာစည်းနှောင်ထားသည်။
“ နင် ဒီနေ့ live stream လုပ်ဖို့ အစီအစဉ် မရှိဘူးလား…”
“ မရှိသေးဘူး… ငါ ဒီရက်ပိုင်း အလုပ်များတော့မှာ…” လင်းရီ သက်ပြင်းချလိုက်ပြီး
“ မနက်ဖြန် အမေရိကားမှာ semiconductor နယ်ပယ်က ညီလာခံကို တက်ရောက်ပေးဖို့ ဖ်တ်ထားကြတယ်... ညီလာခံက လေးရက်တောင်ကြာမှာ…. ငါတကယ် မသွားချင်ဘူးကွာ… ဒါပေမယ့် ဖိတ်တာကြီးကို ငြင်းလိုက်လို့ကလည်း မကောင်းပြန်ဘူး… အတော်လေး စိတ်ရှုပ်ဖို့ ကောင်းတယ်….”
“ အဲ့တာက အရေးကြီးတဲ့ ကိစ္စမလား… ဒါဆို တုံ့ဆိုင်းနေလို့ ဘယ်ဖြစ်မှာ… နင်သွားမှ ရမှာပေါ့ဟဲ့…..”
“ သိတယ်..ဒါပေမယ့် လေးရက်ကြီးများတောင်လေ… ငါမင်းနဲ့ မခွဲနိုင်ဘူး… ဒါကြောင့်မို့ မသွားတော့ဘူး….” လင်းရီ စားရင်းဖြင့် ပြောလိုက်ပြီး “ ခုဆို မင်းနဲ့ ဆယ်မီတာလောက် ဝေးရင်တောင် အိပ်မပျော်တော့ဘူး…”
“ နင်နော်… စောစောစီးစီး…” ကျီချင်းရန် ရှက်သွေးဖြန်းသွားခဲ့၏။
“ နင်မခွဲနိုင်ဘူးဆိုရင်တောင် နင်သွားရမယ်လေ… ဒါက အလုပ်ကိစ္စကိုပဲ… အမြဲတမ်း ခေါင်းရှောင်နေတဲ့ သူဌေး လုပ်လို့မှ မရတာ… မဟုတ်ရင် နင့်ရဲ့ အောက်လက်ငယ်သားတွေအတွက် ဘယ်လိုလုပ်ပြီး စံပြကောင်း ဖြစ်လာနိုင်တော့မှာ…”
“ မင်းပြောတာ အဓိပ္ပာယ်ရှိတယ်….” လင်းရီ ပြောလိုက်ပြီး “ ဒါဆို ငါနဲ့ အတူ လိုက်ခဲ့ပါလား…”
“ ဒါက…” ကျီချင်းရန် ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီး တောင်းပန်သည့် မျက်နှာထားဖြင့် “ မဖြစ်နိုင်ဘူးထင်တယ်…. ဝမ်ကျန်းဆိပ်ကမ်းရဲ့ ဒုတိယ အသုတ်က ဒီရက်ပိုင်းမှ စတာ…. ပြီးတော့ မြို့ဆင်ခြေဖုံးက စီမံကိန်းလည်း စနေပြီ… နင်နဲ့ တကယ်ကြီး လိုက်လို့ရမရလို့…”
“ ဟင်း….”
လင်းရီ သက်ပြင်းချလိုက်ပြီး ရင်ထဲတွင်တော့ ' သိတယ်လေ… အဲ့လိုဖြစ်အောင် ငါပဲ စီစဉ်ထားတာ…’
“ အဲ့တာဆိုလည်း တစ်ယောက်တည်းပဲ သွားလိုက်ပါမယ်လေ….”
ကျီချင်းရန် လင်းရီမျက်နှာကို စိတ်မကောင်းစွာဖြင့် ကိုင်တွယ်လိုက်ပြီး “ လေးရက်တည်းပါဟယ် … နင်ပြီးရင် ပြန်လာမှာမလား… ငါနင့်ကို အိမ်မှာ စောင့်နေမယ်လေ… ပြီးတော့ ငါလည်း နင့်ကို သတိရနေမှာပဲကို… ဒါကြောင့်မို့ လိမ္မာလိုက်နော်….”
“ ဒါပေမယ်… ငါကမှ မင်းနဲ့ မခွဲနိုင်တာကို … ဘယ်လိုလုပ်ရမှာ….”
“ အိုက်ယား… လူကဖြင့် ကြီးလှပြီ….” ကျီချင်းရန် မျက်နှာ ပို၍ နီရဲလာခဲ့၏။ လင်းရီက သူမအပေါ် မူကြိုမသွားချင်သည့် ကလေးမှ ဆိုးနွဲ့နေသည့် ပုံစံ ဖြစ်နေလေသည်။
တကယ်လည်း အမျိုးသားတိုင်းက သူတို့ရင်ထဲမှာ ဝှက်ထားတဲ့ ကလေးဆန်တဲ့စိတ်လေးတွေ ရှိကြတယ်လေ…
သူတို့လည်း ဂရုစိုက်ခံပေးရဖို့ သင့်တယ်…
Mua !
ကျီချင်းရန် လင်းရီ ပါးပေါ် နမ်းလိုက်၏။ “ အလိမ္မာတုံးလေး… အလုပ်ပဲလုပ်နော်…”
“ ဒါလေးပဲပေါ့…” လင်းရီ ပြောလိုက်ပြီး “ တစ်ကြိမ်တည်းလား… နောက်ထပ် အများကြီး လိုချင်တယ်.. မဟုတ်ရင် ငါ မသွားတော့ဘူး…”
သူမ ရှက်ရွံ့သည့်စိတ်ဖြင့် ခြေဆောင့်လိုက်ပြီး “ နင်က လူကို အနိုင်ကျင့်နေတာပဲ….”
“ မသိဘူးကွာ… မင်း နောက်ထပ် အကြင်နာတွေ အများကြီး မပေးရင် မသွားဘူး….”
သို့နှင့် ကျီချင်းရန် လင်းရီကို နောက်ထပ် လေးငါးကြိမ်ခန့် အကြင်နာပေးလိုက်၏။
“ ကဲ… ခုကျေနပ်ပြီလား…”
“ အင်း အင်း.. “ လင်းရီ ကျေနပ်နေသည့် လေသံဖြင့် ပြောလိုက်ပြီး “ အိမ်မှာစောင့်နေ… ငါမြန်မြန်ပြန်လာခဲ့မယ်….”
“ အွန်း…” ကျီချင်းရန် အပြုံးလေးဖြင့် ခေါင်းညိမ့်လိုက်ပြီး သူမမျက်ဝန်းများထဲတွင်တော့ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
“ နင် ဒီနေ မစထွင်းဘူးဆိုတော့ တခြား အစီအစဉ်တွေ ရှိနေလို့လား…”
“ အင်း.. ဒီနေ့ ကုမ္ပဏီကို တစ်ချက်သွားစစ်ဆေးကြည့်မလို့… ဖုန်းစစ်စတမ်ကလည်း အရေးကြီးနေပြီဆိုတာ့ ကြန့်ကြာနေလို့လည်း မဖြစ်တော့ဘူးလေ…”
“ နင်ပြောတာလည်း ဟုတ်သားပဲ… နင်ဟာလေ.. သူဌေးဖြစ်ပြီးတော့ မျက်နှာလေးကို မပြဘူး…” ကျီချင်းရန် ပြုံးလိုက်ပြီး “ နင့်ရဲ့ လက်အောက်ငယ်သား တစ်ချို့ ဝန်ထမ်းတွေဆို သူတို့ သူဌေး ဘယ်လိုပုံစံရှိလဲဆိုတာတောင် သိကြမှာ မဟုတ်ဘူးဆိုတာ လောင်းရဲတယ်…”
“ အစွမ်းအစရှိတဲ့ လူတွေက အမြဲတမ်း သိုသိုသိပ်သိပ်ပဲလေ… ရုပ်ဖျက်ပြီး သွားလည်း အဆင်ပြေနေတာကိုပဲ…”
“ ငါမြင်တာတော့ နင်က ကျားသားစားချင်လို့ ဝက်ယောင်ဆောင်နေတာပဲ….”
“ မှန်တယ်… ငါ့စကားနဲ့ဆိုရင်တော့ မိမိုက်သလို လုပ်တယ်ပေါ့….”
“ ပေါ်တတ်ကရတွေ လျှောက်လုပ်မနေနဲ့… နင်က ရင်ကျက်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်… နိမ့်ချ.. ယဉ်ကျေးပြီး အပြုအမူကောင်းတွေ ရှိရမယ်…”
“ အဲ့တာတွေက လင်းကတော် လုပ်ရမယ့် ကိစ္စတွေ မဟုတ်ဘူးလား… ငါသိတာက သူများတွေကို ဝင့်ဝင့်ကြွားကြွားနဲ့ ဒါ ငါ့ဇနီးကွ ဆိုပြီးတော့ လက်မထောင် ကြွားဖို့ပဲ….”
“ လက်ထပ်မှတ်ပုံတင်တောင် မလုပ်ရသေးတာကို ဘယ်သူက နင့်ဇနီးလဲ…”
ကျီချင်းရန်၏ မျက်နှာမှာ လောင်ကျွမ်းနေသည့် မီးတောက်ကဲ့သို့ ရဲရဲနီလေသည်။
စောစောစီးစီး လူကို ကလူပြီးတော့ အလုပ်လုပ်မရအောင် လုပ်နေတယ်ပေါ့လေ…
ဟွန့်… အရမ်းလွန်သွားပြီ…