မင်းရုပ်နဲ့ ဘာလို့ ဆပ်ကပ်မှာ အလုပ်သွားမလုပ်လဲ
Vol. 48 Ch. 711
“ ပြဿနာ ရှိနေလို့လား.. လိုအပ်ချက်တွေက သိပ်မများဘူး မဟုတ်လား…” လီလင်း သူမ၏ ကိုယ်နေဟန်ထားအား ပြောင်း၍ လင်းရီကို ကြည့်လိုက်သည်။
“ အမှန်ဆို ဒါက စထွင်းမင်း နယ်ပယ်မှာ အနိမ့်ဆုံး ကြာချိန်လို့တောင် ပြောလို့ရတယ်.. ပုံမှန် စထွင်မာ အသစ်တွေဆို နာရီ 150 ကနေ 200 ကြား စထွင်းရတာ…”
“ ငါ စထွင်မာ လုပ်တာက ဒီတိုင်း ဖျော်ဖြေဖို့ပဲ… နေ့တိုင်း ကင်မရာရှေ့ထိုင်ပြီး အလုပ်တစ်ခုလို လုပ်ဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူး…” လင်းရီ ပြောလိုက်ပြီး “ တခြား အခြေအနေတွေကတော့.... အဆင်ပြေပါတယ်… ငါ့ဘက်က ဖျစ်ညစ်ပြီး သဘောတူပေးလိုက်လို့ရတယ်…”
“ အာ….”
ယင်းက လီလင်းအား ဆောင့်အောင့်သွားစေခဲ့၏။
စထွင်များအတွက် အရေးကြီးဆုံးအချက်က စထွင်းသည့် ကြာချိန်ပင်။
သင်က မည်မျှပင် နာမည်ကြီး လူကြိုက်များနေစေကာမူ တစ်လလျှင် အနည်းဆုံး သုံးလေးကြိမ်မှ မစထွင်းပါက ကြည့်ရှုသူများ၏ မေ့လျော့ခြင်းကို ခံရနိုင်လေသည်။
အင်တာနက်တွင်ကား မှတ်ဉာဏ်မရှိချေ။
“ စထွင်းလုပ်မယ့် အချိန်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အခန်းကဏ္ဍ မရှိတော့ဘူးပေါ့…” လီလင်း အစမ်းသဘောဖြင့် မေးကြည့်လိုက်၏။
သူမ လင်းရီအပေါ် အမှန်တကယ် လက်မလျော့ချင်သေးပေ။
“ ကံမကောင်းစွာနဲ့ မရှိဘူးလို့ ပြောရမှာပဲ… ဒါပေမယ့် လွဲခြင်း ချော်ခြင်း မရှိဘူးဆိုရင်တော့ နောက်ထပ် လဝက်လောက်အထိ စထွင်းဖြစ်လိမ့်မယ်… အဲ့တာကလည်း တစ်နေ့ကို သုံးနာရီကနေ လေးနာရီလောက်အထိပေါ့… ဒါပေမယ့် နောက်လည်း အဲ့လိုမျိုး စထွင်းဖြစ်မယ်လို့တော့ အာမ မခံနိုင်ဘူး…”
“ ဒါပေမယ့် စာချုပ်က ငါးမီလီယမ်တောင်လေ… ရှင် သေချာ မစဉ်းစားတော့ဘူးလား…”
လင်းရီ ပခုံးတွန့်လိုက်ပြီး “ ငါက အဲ့လောက် ငွေနည်းနည်းလေးကို မက်မောနေတဲ့သူလို့ ထင်လား….”
“ ဟက်…” ကော်ရှစ်ပေါ် အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ တကယ်လို့ မင်းက အဲ့လောက်ငွေလေးကို မမက်မောဘူးဆိုရင် ဘာလို့ စထွင်မာ လာလုပ်နေလဲ…”
“ ခင်များ ဘာစကားတွေ လာပြောနေတာ… ပိုက်ဆံရှိရင် စထွင်မာ လုပ်လို့မရတော့ဘူးလား…” လင်းရီပြောလိုက်ပြီး “ မစ္စတာဘင်း ရုပ်နဲ့… ဆက်ကပ်မှာ အလုပ်သွားလျှောက်ရင် တော်တော်အောင်မြင်မယ့်ရုပ်…”
“ မင်း…!”
“ ဘာမင်းလဲ…” လင်းရီ လီလင်းကို ကြည့်လိုက်ပြီး “ ဒီသောက်ရူးကို ဝေးဝေးပို့လိုက်စမ်းပါ… သူ့ရုပ်ကြည့်နေရတာနဲ့တင် တော်တော်လေး အနှောင့်ယှက်ဖြစ်ဖို့ ကောင်းလွန်းလို့…”
“ မင်း ဘယ်သူ့ကို သောက်ရူးလို့ ခေါ်နေတာတုန်းကွ….”
“ ခင်များကိုပြောနေတာလေ… စာလုံးပေါင်းပြဖို့ လိုသေးတာလား… ကျွတ်… တကယ်ကြီး ပလပ်ကျွတ်နေတာပဲ…”
“ ငါတို့လည်း မင်းလို လူစားမျိုးနဲ့လည်း စာချုပ်မချုပ်နိုင်ဘူး..” ကော်ရှစ်ပေါ် မတ်တပ်ရပ်လိုက်ပြီး လီလင်းကို ကြည့်ကာ “ သွားစို့… ဒီကိစ္စ ဒီမှာတင် ပြီးပြီ… သူ့အပေါ်မှာ ဆက်ပြီး အချိန်ဖြုန်းနေစရာ အကြောင်း မရှိတော့ဘူး…”
“ အာ ..… ဒီကိစ္စ နောက်မှ ဆက်ပြောကြတာပေါ့…” လီလင်း ကိုးရို့ကားယား ဖြစ်စွာဖြင့် ပြောလိုက်၏။
လင်းရီနှင့် နှိုင်းယှဉ်ပါက လီလင်းမှာ ကော်ရှစ်ပေါ်နှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေး ရှိလေသည်။ သို့တိုင်အောင် သူမ လင်းရီအပေါ် လွယ်လွယ်နှင့် လက်မလျော့ချင်သေးပေ။ လင်းရီသာ ကောင်းကောင်းမွန်မွန် ဆက်လက် စထွင်းနေသရွေ့ အနာဂတ်တွင် A အဆင့် စာရင်းဝင် စထွင်မာ တစ်ယောက် ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း လီလင်းတထစ်ချ ယုံကြည်ထားလေသည်။ ထို့ကြောင့် သူမ လင်းရီနှင့် စာချုပ်ချုပ်ချင်နေရခြင်းဖြစ်၏။
“ သူနဲ့ ဘာပြောစရာ ကျန်သေးလို့..” ကော်ရှစ်ပေါ် နှာခေါင်းရှုံ့လိုက်ပြီး “ ငါတို့ဘက်က ရင်းနှီးမြုပ်နှံတဲ့ ကိစ္စလည်း အောင်မြင်ခဲ့ပြီးပြီး… ဒီကောင်က ဒီတိုင်း အရန် မစ်ရှင် တစ်ခု သပ်သပ်ပဲ… ငါတို့အပေါ် မလေးမစားပြုမှတော့ ဘာလို့ စိတ်ရှုပ်ခံနေမှာ….”
“ ဒါက…”
လီလင်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့ပြီး ဘေးကျပ်နံကျပ် ဖြစ်နေတော့၏။
“ ရင်းနှီးမြုပ်နှံမှုအကြောင်းလား…. မေ့လိုက်တော့…ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဘူး…” လင်းရီ သူ့ဖုန်းကို ပွတ်ဆွဲနေရင်း ပြောလိုက်၏။
“ မဖြစ်နိုင်တော့ဘူးလား…” ကော်ရှစ်ပေါ် လင်းရီအား အေးတိအေးစက်ကြည့်၍ မေးမြန်းလိုက်ပြီး
“ မင်းက ဘာတွေများ နားလည်နေလို့… ငါတို့တွေ ညှိနှိုင်းဆွေးနွေးပြီးလို့ တစ်ဖက်က ရင်းနှီးမြုပ်နှံဖို့ သဘောတူပြီးသွားပြီ… မင်းကိုယ်မင်း ဘာကောင်ထင်ပြီး ဒီလို စကားမျိုးပြောနေတာ…”
“ ညှိနှိုင်းပြီးတာတော့ ဟုတ်တယ်… ဒါပေမယ့် ပိုက်ဆံက မင်းတို့ အကောင့်ထဲ ရောက်ပြီ မို့လို့လား.. ဘဝဆိုတာက အချိုးအကွေ့တွေနဲ့ ပြည့်နှက်နေတာလေ…”
“ မင်းထင်တာ ဒါ ကလေးကစား နေတယ်များ ထင်နေတာလား….” ကော်ရှစ်ပေါ် နှာခေါင်းရှုံ့လိုက်ပြီး “ လင်းယွမ်အုပ်စုလို ကုမ္ပဏီကြီးက သူတို့ စကားသူတို့ လွယ်လွယ်နဲ့ ပြန်ရုတ်သိမ်းမယ်လို့ ထင်နေတာလား….” ကော်ရှစ်ပေါ် အထင်သေးစွာဖြင့် ဆက်လက် ခေါင်းခါရမ်းလိုက်ကာ “ မင်းတို့လို အဆင့်နိမ့်တဲ့ အောက်တန်းစားတွေက အထက်တန်းစားတွေရဲ့ အလုပ်သဘောကို မသိပဲ မဝေဖန်နဲ့…. ဒါက မင်းတို့ ဝင်ပါနိုင်တဲ့ ကိစ္စ မဟုတ်ဘူး…”
လင်းရီ ခေါင်းကို ကူကယ်ရာမဲ့စွာဖြင့် ခါရမ်းလိုက်ပြီး “ ခင်များကို သောက်ရူးလို့ ပြောတာတောင် လွန်ရာမကျသေးဘူး… ခင်များ ထင်နေတာ လူ့အသိုင်းအဝိုင်းကြီးက အရမ်းတွေ စည်းလုံးညီညွှတ်တယ်လို့ ထင်နေတာလား… ကတိပေးထားတာနဲ့ပဲ တည်ရမှာတဲ့လား….”
ကလင် ကလင် ကလင်…
ကော်ရှစ်ပေါ်မှ ပြန်လည်ချေပခါနီးတွင် လီလင်း၏ ဖုန်းသံ မြည်လာလေသည်။
“ အသံတိတ်…ဒါ ဒါရိုက်တာထျန် ဖုန်းဆက်လာတယ်…”
“ ဒါဆိုလည်း မြန်မြန်ကိုင်လိုက်လေ…” ကော်ရှစ်ပေါ် သူ၏ ခံစားချက်များအား ချုပ်ထိန်းလိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။
“ သူမက ဘာလို့ ဖုန်းခေါ်လာခဲ့တာ… ငါတို့ အကုန်လုံး ဆွေးနွေးပြီးသွားပြီ မဟုတ်ဘူးလား…”
“ ဟဲလို မစ်ထျန်….”
“ ရှင်… တစ်ခုခု မှားနေလို့လား.. ကျွန်မတို့ အနီးအနားလေးမှာပဲ ရှိသေးတယ်… ဒါရိုက်တာရဲ့ မေးခွန်းတွေ အကုန်လုံးကို ဖြေပေးလို့ရပါတယ်….”
“ ဒါဆို… ကျွန်မတို့ နောက်တစ်ခေါက်လောက် ထပ်ပြီး ဆွေးနွေးကြမလားရှင့်.. ကျွန်မကတော့ ဒီကိစ္စ နားလည်မှုလွဲနေတယ်လို့ ထင်တာပဲ…”
“ အိုး…. ဟုတ်ကဲ့ပါရှင်…”
လီလင်း လေလျော့သွားသည့် ပူဖောင်းကဲ့သို့ ထိုင်ခုံပေါ် ထိုင်ချလိုက်၏။
သူမတကယ်ကို နားမလည်နိုင်တော့ချေ။
အကုန်လုံးက ချောချောမွေ့မွေ့နဲ့ အဆင်ပြေနေတာပဲလေ….
ဘာလို့ ဒီအချိန်ကြီးကျမှ သူတို့ဘက်က အမှားရှာတွေ့တယ် ဖြစ်သွားရတာ….
“ ဘာဖြစ်တာလဲတဲ့..” လီလင်း၏ အမူအရာကို မြင်တော့ ကော်ရှစ်ပေါ်မှ မေးမြန်းလိုက်၏။
“ ဒါရိုက်တာထျန် ခုလေးတင် ဖုန်းဆက်လာပြီး ရင်းနှီးမြုပ်နှံမှု ပြန်ရုတ်သိမ်းမယ် ပြောတယ်… သူမတို့ဘက်က လက်မတွဲနိုင်တော့ဘူးတဲ့…”
“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ…. ညှိနှိုင်းဆွေးနွေးတုန်းက အကုန်လုံး အဆင်ပြေချောမွေ့နေတာ မဟုတ်ဘူးလား… ဘာကြောင့်မို့လဲတဲ့….”
“ အကြောင်းပြချက် မပေးဘူး… ဒီတိုင်း ရင်းနှီးမြုပ်နှံမှု မပေးတော့ဘူးလို့ပဲ အသိပေးလာတာ….”
ကော်ရှစ်ပေါ်၏ အမူအရာမှာလည်း လဲပြိုသွားခဲ့တော့သည်။
ကုမ္ပဏီမှ ယခုကိစ္စကို သိရှိပြီး ဖြစ်၏။ အကယ်၍ ယခုနေ သူသာ လင်းယွမ်အုပ်စုမှ ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှုကို ပြန်လည်ရုတ်သိမ်းသွားကြောင်း တင်ပြလိုက်မည်ဆိုပါက သေချာပေါက် သူ၏ အမှားကြောင့်ဟု သံသယဝင်ကြပေမည်။ သို့သော်လည်း သူက ဥက္ကဌချိန်အား မည်သို့ ဖြေရှင်းချက်ပေးရမည်နည်း။
“ ကျုပ်ပြောသွားတာကို မကြားလိုက်တာလား.. တကယ်လို့ ပိုက်ဆံမလွှဲရသေးဘူးဆိုရင် ကျရှုံးနိုင်ချေ ရှိသေးတယ်ဆိုတာလေ… အမှန်ဆို ကျုပ်စကားကို အေးဆေး နားထောင်လိုက်သင့်တာ…” လင်းရီ တည်ငြိမ်စွာ ပြောလိုက်၏။
“ မင်း သောက်ပါးစပ်ကို ပိတ်ထားစမ်း… အဲ့တာ မင်း နှုတ်စီးလို့ဖြစ်တာ….”
“ ကိုယ့်ဘာကိုယ် ပိန်းတယ်ဆို ပိန်းတယ်ပေါ့… ခင်များကြောင့်သာ မဟုတ်ရင် ဒီပရောဂျက်က အဆင်ပြေပြေနဲ့ ပြီးဆုံးသင့်နေပြီ…”
“ အဲ့ကိစ္စ ငါနဲ့ ဘာဆိုင်လို့…”
“ တကယ်လို့ ခင်များသာ ကျုပ်မျက်စိရှေ့က ထွက်သွားခဲ့ရင် ရင်းနှီးမြုပ်နှံမှုလည်း အောင်မြင်နိုင်တယ်လို့ ပြောနေတာ…”
လီလင်း လင်းရီအား ဇဝေဇဝါ ဖြစ်စွာဖြင့် ကြည့်လိုက်၏။
သူမ ဒီကိစ္စက အရမ်းတိုက်ဆိုင်သည်ဟု ခံစားနေရလေသည်။ ( သူမက လင်းရီ နှုတ်စီးပြီး ပြောနေတာ ထင်တာပါ )
ဖြစ်နိုင်တာ ဒီကိစ္စက သူမရှေ့က လူနဲ့များ ပတ်သက်နေမလား…
အဲ့တာလည်း မဖြစ်နိုင်လောက်ဘူး…
သူ့လိုမျိုး စထွင်မာ တစ်ယောက်က ဘယ်လိုလုပ်ပြီး 678 မီလီယမ်တန် ပရောဂျက်ကို ရုတ်သိမ်းဖို့ ဆုံးဖြတ်ပိုင်ခွင့်ရှိမှာလဲတဲ့..
“ မင်းကိုယ်မင်း ဘာကောင်ထင်နေတာ…. ကိုယ့်ကိုယ်ကို လင်းယွမ်အုပ်စုရဲ့ သူဌေးများ ထင်နေတာလား…”
“ အဲ့တာ ခင်များ စိတ်ပူသင့်တဲ့ ကိစ္စ မဟုတ်ဘူး…” လင်းရီ ပြုံးလိုက်ပြီး “ တကယ်လို့ ကျုပ်ပြောတဲ့ အတိုင်း လုပ်မယ်ဆိုရင် ရင်းနှီးမြုပ်နှံမှုက အောင်မြင်နိုင်ချေ ရှိသေးတယ်နော… မဟုတ်လို့ကတော့ ပိုက်ဆံရဖို့ မေ့လိုက်တော့….”
ကော်ရှစ်ပေါ် ရှူးရှူးရဲရဲ ဖြစ်သွားခဲ့ပြီး မျက်နှာကြီး နီရဲနေကာ ” ကောင်းပြီလေ.. မင်းက သောက်ရမ်းတွေ အံ့ဩဖို့ကောင်းနေတယ်ဆိုရင်လည်း ငါအခု ထွက်သွားမယ်.. တကယ်လို့ မရှိဘူးဆိုရင်လည်း ဒီကနေ ထွက်သွားလိုက်တော့… သေချာလေး နားထောင်..ဒီက ထွက်သွားလိုက်တော့….! “
“ လောင်ကော်… ရှင်ဘာတွေ ပြောနေတာ… ရှင့်အသံကို လျှော့ဦးလေ.. ရှင့်ကိုယ်ရှင် ဘယ်နေရာရောက်နေတယ် ထင်နေလဲ…”
လီလင်း လှည့်ကြည့်လိုက်တော့ စားသောက်ဆိုင်ထဲရှိ လူတိုင်းက သူမတို့အား ကြည့်နေကြကြောင်း မြင်တွေ့လိုက်ရ၏။ သူမ ရုတ်ချည်း မျက်နှာအား ရှက်ရှက်နှင် အုပ်လိုက်မိသည်။
သူမ ဤနေရာ၌ ဆက်လက်စားသောက်ရန် အာရုံမရှိတော့ချေ။
“ မစ္စတာလင်း .. သွားစို့.. ကျွန်မတို့ ဒီမှာ မစားတော့ဘူး… တစ်ခြားတစ်နေရာမှာ ထပ်ဆွေးနွေးကြတာပေါ့…”
“ ဒီရောက်နေပြီးတော့မှတော့ ဘာလို့ နေရာထပ်ပြောင်းဦးမှာ… “
“ ဒါပေမယ့် လူတွေ အများကြီးက ကျွန်မတို့ဘက်ကို အာရုံစိုက်နေကြတာလေ… ဒီနေရာက စကားပြောဖို့ မသင့်တော်တော့ဘူး…”
“ အဆင်ပြေပါတယ်… သူက ခနနေဆို ထွက်သွားတော့မှာ…”
“ ထွက်သွားတော့မှာလား…”
ကလင် ကလင် ကလင်
လီလင်းမှ ရှုပ်ထွေးနေစဉ် သူမ ဘေးရှိ ဖုန်းက တစ်ဖန် မြည်လာခဲ့ပြန်သည်။
သူမကိုပို၍ အံ့အားသင့်သွားစေခဲ့သည်ကတော့ခေါ်ဆိုလာခဲ့သူမှာ ထျန်းရန်ဖြစ်နေခြင်းပင်။
“ ဟယ်လို မစ်ထျန်…”
“ ရှင်… ရှင်က ရင်းနှီးမြုပ်နှံမှုကို ဆက်ပြီးတော့ လုပ်ဆောင်မယ်….”